Wednesday, January 28, 2015

ရုပ်/စည်း ရွေးကောက်ပွဲ ဂယက် ( ၂ )

သရုပ်ဆောင် လူမင်း ဥက္ကဋ္ဌ ပထမ သက်တမ်းအတွင်းကြုံခဲ့ရသော ဆန္ဒပြပွဲ တစ်ခု


တစ်ခု သေချာသည်က လူစိတ်ဝင်စားမှုနည်းခဲ့သော ရွေးကောက်ပွဲ တစ်ခုဖြစ်ခဲ့သည် ။ အလွှာဆယ်လွှာမှ ကိုယ်စားပြုသူများကို မဲပေးရွေးချယ်ရာ မဲပေးခွင့်ရှိသူ ၁,၅၀၀ ကျော်ရှိသော်လည်း လာရောက်မဲပေးသူ ၆၄၀ သာရှိခဲ.ခြင်းက သက်သေပြနေသည် ။

စက်မှုလက်မှုအခြေခံအ လွှာတွင် မဲပေးခွင့်ရှိသူ ၄၅၀ ရှိ သော်လည်း ၇၆ ဦးသာ မဲပေးခဲ့ သည်။ ဗီဒီယိုအခြေခံအလွှာတွင် မဲပေးခွင့်ရှိသူ ၆၀ ကျော်ရှိသော် လည်း ရှစ်ဦးသာမဲပေးခဲ့သည်။ ပြဇာတ်၊ ရုပ်ရှင်နောက်ခံတေးဂီ တအခြေခံအလွှာတွင် မဲပေးခွင့်ရှိ သူ ၂၄ ဦးရှိသော်လည်း ၁၉ ဦးသာ မဲပေးခဲ့သည်။
ဒါရိုက်တာ အခြေခံအလွှာ တွင် မဲပေးခွင့်ရှိသူ ၁၂၈ ဦးရှိသော်လည်း ၆၀ ဦးသာ မဲပေးခဲ့သည်။ ဇာတ်ပို့ ဇာတ်ရံအခြေခံအလွှာ တွင် မဲပေးခွင့်ရှိသူ ၃၈၇ ဦးရှိသော်လည်း ၁၅၄ ဦးသာမဲပေးခဲ့သည်။ ဇာတ်လမ်း ဇာတ်ညွှန်းအခြေခံအ လွှာတွင် မဲပေးခွင့်ရှိသူ ၈၉ ဦးရှိ သော်လည်း ၆၁ ဦးသာ မဲပေးခဲ့ သည်။
အဓိကဇာတ်ဆောင်အခြေ ခံအလွှာတွင် မဲပေးခွင့်ရှိသူ ၁၃၅ ဦးရှိသော်လည်း ၄၃ ဦးသာ မဲပေး ခဲ့သည်။ တည်းဖြတ်မှတ်တမ်းအ ခြေခံအလွှာတွင် မဲပေးခွင့်ရှိသူ ၁၁၉ ဦးရှိသော်လည်း ၇၃ ဦးသာ မဲပေးခဲ့သည်။ အုပ်ချုပ်ဖြန့်ချိပြသ အခြေခံအလွှာတွင် မဲပေးခွင့်ရှိသူ ၂၁၃ ဦးရှိသော်လည်း ၁၄၆ ဦးသာ မဲပေးခဲ့သည်။ ထုတ်လုပ်သူ အခြေခံအလွှာတွင်မူ အဆိုပြုလွှာတင် သူ တစ်ဦးသာရှိသောကြောင့် မဲ ပေးရွေးချယ်ခြင်း မပြုခဲ့ပေ။



ရွေးချယ်ခဲ့ကြရာတွင် အမှုဆောင်ဟောင်းများ ဖြစ်သော ဦးအေးကြူလေး ( ဒု- ဥက္ကဋ္ဌ ) ၊ ဦးမျိုးဇော်အောင် ( တွဲဘက် အတွင်းရေးမှုး ) ၊ ဒေါ်တင်တင်မိ ( မတူး ) ၊ ဦးအောင်ခိုင် (စည်းရုံးရေးမှုး ) တို.ပြန်လည်အရွေးချယ်ခံခဲ့ကြရသည် ။

ဇာတ်ပို./ဇာတ်ရံ လွှာတွင် ဦးဝင်းမြိုင် ၊ ဒေါ်နီနီ ( ရဲနီမ ) ၊ ဦးအောင်ဇော် ၊ ဦးဘကြည် ၊ ဦးအောင်ခိုင် ၊ ဒေါ်တင်တင်မိ ( မတူး ) ၊ ဦးအရိုင်းမင်း ၊ ဦးစောလွင် ၊ ဒေါ်ဂွမ်းပုံကြီး ၊ ဒေါ်ဝင်းပပ ( အိမ်.ကြာဖြူ )တို. ၀င်ရောက်အရွေးချယ်ခံ ခဲ့ပြီး ၊ ဦးအောင်ခိုင် - ၆၄ မဲ နှင်.ဒေါ်တင်တင်မိ ( မတူး ) - ၆၃ မဲ တို. ရွေးချယ်ခံခဲ့ရသည် ။

ဒါရိုက်တာအလွှာတွင် ဦးသိန်းအောင်ဇော် ( မျိုးဇော်အောင် ) ၊ ဦးအေ၀မ်းသိန်းထွဋ် ( စပ်စု ) ၊ ဦးကျော်လင်း ( အဏ်ထော်နီ ) ၊ ဒေါ်ကြည်ဖြူသျှင် ၊ ဦးညီညီထွန်းလွင် ၊ ဦးထွန်းဇော်ဝင်း ( ၀ိုင်း ) တို. ၀င်ရောက်အရွေးချယ်ခံ ခဲ့ပြီး ဦးသိန်းအောင်ဇော် ( မျိုးဇော်အောင် ) - ၃၉ မဲ နှင်.ဦးအေ၀မ်းသိန်းထွဋ် ( စပ်စု )- ၂၅ မဲ တို. ရွေးချယ်ခံခဲ့ရသည် ။
 
ဇာတ်ညွှန်းအလွှာတွင် ဦးအေးကြူလေး ၊ ဒေါ်ယဉ်ယဉ် ၊ ဦးတင်ထွန်း ၊ ဦးဆုသြချယ် ၊ ဦးနေနော် ၊ ဦးညွန်.တင် ( ကျော်မင်းနိုင် ) ၊ ဒေါ်ခင်လေးသိမ်. တို. ၀င်ရောက်အရွေးချယ်ခံ ခဲ့ပြီး ဦးအေးကြူလေး - ၅၄ မဲ နှင်. ဒေါ်ယဉ်ယဉ်လဲ့ လဲ့ - ၂၅ မဲတို. ရွေးချယ်ခံခဲ့ရသည် ။

ပြဇာတ်နှင်. နောက်ခံတေးဂိတအလွှာတွင် ဦးခင်မောင်ချင်း -၃၃ မဲ၊ ဦးညီဂျော်- ၇ မဲံ ၊ ဗွီဒီယို အခြေခံအလွှာတွင် ဦးကိုကိုတင်- ၇ မဲ ၊ ဦးမျိုးဇော်- ၇ မဲ ၊ စက်မှု လက်မှု အခြေခံအလွှာတွင် ဦးကျော်ညွန်.- ၅၆ မဲ ၊ ဦးမောင်လုံး - ၃၇ မဲ ၊ တည်း ဖြတ်/ မှတ်တမ်းတွင် ဦးဇော်မင်း ( ဟံသာမြေ )- ၅၅မဲ ၊ဦးတင်ငြိမ်း ( ရှုမ၀ )- ၂၁ မဲ ၊ အုပ်ချုပ် / ဖြန်.ချီ / ပြ သတွင် ဦးဇော်မင်း ( မင်္ဂလာ )-၈၆ မဲ ၊ ဦးဌေးအောင် - ၄၄ မဲ ၊အဓိက ဇာတ်ဆောင်တွင် ဦးလူမင်း- ၃၆ မဲ ၊ ဦးဝေဋ္ဌုကျော် - ၁၃ မဲ၊ ထုတ်လုပ်သူတွင်မူ အရွေးခံသူ ၂ဦးသာရှိသဖြင်. ထို ဦးဘုန်းမောင် နှင်. ဦးကျော်ဝဏ တို.ရွေးချယ်ခံရသည် ။
 
ထိုကိစ္စရပ်နှင်. ပတ်သက်၍ ရွေးကောက်ပွဲ ဥက္ကဋ္ဌ ဖြစ်သူ ဦးနှင်းမိုးက ‘‘အရင်တစ်ခါကတော့ ကူးအပြောင်းကာလဆိုတော့ အနု ပညာရှင်တွေက တက်တက်ကြွ ကြွပါဝင်ခဲ့ကြတယ်။ ခုတစ်ခါက နည်းနည်းအားနည်းတယ်လို့ ပြော လို့ရတယ်။ ပထမတစ်ခါမှာ တက်တက်ကြွကြွပါတဲ့သူတွေကလည်း လုပ်ရင်းကိုင်ရင်း အတိုက်အခိုက် တွေများတော့ တော်ရုံတန်ရုံလူက စိတ်ဓာတ်ကျတာတွေ ဖြစ်၊ မလုပ်ချင်သူတွေများပြီး အားလျော့သွား တာလို့ ထင်ပါတယ မဲလာပေးတဲ့အပေါ်မှာ မူ တည်ပြီး ရွေးချယ်သွားမှာပါ။ မဲ ပေးတဲ့လူက ငါးယောက်ပဲရှိရှိ၊ခြောက်ယောက်ပဲရှိရှိ မဲများတဲ့လူ က တက်သွားမှာပဲ။ ဒီရွေးကောက် ပွဲက ရတဲ့ ရလဒ်အပေါ်မှာပဲ ဆက်သွားမှာပဟု ပြောခဲ့သည် ။



သရုပ်ဆောင် အေးမြတ်သူ ကပြောကြားရာတွင်မူ “  အရင်တုန်းက အစည်းအရုံး အမှုဆောင် ဟောင်းတွေထဲမှာ ကောင်းတဲ့သူတွေရှိသလို ၊ နည်းနည်းဆိုးတဲ့သူတွေလည်း ရှိတယ် ။ ဘယ်နေရာမဆို အဆိုးနဲ.အကောင်း ဒွန်တွဲနေတာပဲလေ ။ဒီတစ်ခါပြန်ဖွဲ.တဲ့ ရွေးကောက်ပွဲမှာ ဒီ.ထက်ကောင်းတဲ့ ၊ ဒီ.ထက် တောင်.တင်းတဲ့ အစည်းအရုံးကိုလိချင်တယ် ။ တကယ်လိုအပ်နေတဲ့ စက်မှုဘက်ခြမ်းတွေ ၊ အားနည်းနေတဲ့ လောကသားတွေကို ပံ.ပိုးပေးနိုင်မယ်. အစည်းအရုံးမျိုး လိုလားပါတယ် ။ အမှန်အတိုင်းပြောရရင် လောလောလတ်လတ် ဖြစ်သွားတဲ့ အကယ်ဒမီပေးပွဲ ရိုက်ခတ်မှုတွေကြောင်. အစည်းအရုံးက လုပ်တဲ့ ရွေးကောက်ပွဲကို လောကသားတွေ စိတ်ဝင်စားမှု မရှိတာလို.မြင်ပါတယ် ။ အကယ်ဒမီပေးပွဲနဲ. ပတ်သက်လို. လောကသားတွေ ၁၀၀% မျှော်လင်.ထားကြပေမယ်.လို. မျှော်လင်.ထားသလောက်မရခဲ့ပါဘူး ။ ဒါကလည်း ခံယူသူအပေါ် မူတည်ပါတယ် ။ သေချာတာက အားလုံးမျှော်လင်.ထားသလောက်မရခဲ့ကြတာကြောင်. ရွေးကောက်ပွဲမှာ လောကသားတွေရဲ. တက်ကြွမှုတွေ ဆုံးရှုံးသွားရတယ်လို.မြင်ပါတယ် လို.အင်တာဗျုး တစ်ခုတွင် ဖြေကြား သွားခဲ့သည် ။

ရုပ်/စည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးနှင်းမိုး က ရွေးကောက်ပွဲပထမနေ.အပြီး ပထမနေ. ရွေးချယ်ပွဲ မဲထည်.သူ နည်းပါးမှု နှင်.ပတ်သက်သောမေးခွန်းကို  အင်တာဗျုး   ဖြေဆိုရာတွင် “  အဲ့ဒါကတော. သူတို.စိတ်ဝင်စားမှုအပေါ် မူတည်တယ် ။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ. တစ်ခုပဲပြောချင်တာက မဲအရေအတွက်လိမ်တယ် ၊ အစည်းအရုံးက လုပ်ပြန်ပြီဆိုတဲ့ စကားတွေ ပွဲပြီးမှ မပြောစေချင်ဘူး ။ အစည်းအရုံးကို မယုံဘူးဆိုရင် ကိုယ်တိုင်လာကြည်. ၊ ပြီးတော.မှဝေဖန်ပါလို.ပြောချင်တယ် ” ဟု ပြောခဲ့သလို  တက်လာမယ်. အမှုဆောင်သစ်တွေကို နာယက တစ်ယောက်အနေနဲ. ဘာပြောချင်သလဲ ဆိုသော မေးခွန်းကို    အခုတက်လာမယ်. အမှုဆောင်သစ်တွေ ထဲမှာ အစည်းအရုံးပေါ် တကယ်စေတနာထားပြီးတော. အချိန်ပေးနိုင်တဲ့ သံယောဇဉ်ရှိတဲ့သူတွေပဲ ဖြစ်ရင်တော.ကောင်းတာပေါ. ။ အချိန်မပေးနိုင်ပဲနဲ. တာဝန်တစ်ခုယူမယ်ဆိုရင်တော. အစည်းအရုံးအတွက်မကောင်းပါဘူး ” ဟုဖြေကြားသွားခဲ့သည် ။

ဒါရိုက်တာ တစ်ဦးဖြစ်သော သီဟတင်သန်း က ပြောကြားရာတွင်   အစည်းအရုံးက လုပ်တဲ့ ရွေးကောက်ပွဲက ပွင်.လင်းလွတ်လပ်မှုတော. အရမ်းကြီး မရှိသေးဘူးလို.တော.ထင်တယ် ။ အရင်တုန်းက လုပ်ထုံးလုပ်နည်းအတိုင်း ရှိနေသေးတယ်လို.မြင်တယ် ။ ဒါက မှန်ရင်လည်း မှန်မယ် ၊ မှားရင်လည်းမှားမယ် ဘယ်သူ.ကိုမှတိုက်ခိုက်ပြီးပြောတာမဟုတ်ဘူး ။ ကျွန်တော်.အမြင်ကိုပြောတာ
 

ဟုပြောကြားခဲ့သည် ။

 Ref ; Eleven Media Group , Democracy Today , 7Day Daily

ဆက်စပ်ဖတ်ရှုရန် 

ရုပ်/စည်း ရွေးကောက်ပွဲ ဂယက် ( ၁ )

ရုပ်/စည်း ရွေးကောက်ပွဲကမစသေး အသံကထွက်လာပါပြီ

No comments:

Post a Comment