Saturday, January 5, 2013

ထာဝရ ဥယျာဉ်တော် တမ်းချင်းများ


( ၃ )
သခင်မ......
ကျွံခဲ့သည်. ကြမ်းများ ပြန်စေ.ခွင်. ပြုတော်မူပါ
လွန်ခဲ့သည်.ခြေ လှမ်းအား
နှုတ်သိမ်းခွင်. ပြုတော်မူပါ
အိမ်မက် ဘုံ၏ အစေအပါးသာ
ဖြစ်လိုပါတော.သည် သခင်မ
မိုးမလင်းသော ညပေါင်းများစွာကိုသာ
ပိုင်ဆိုင်လိုပါတော.သည်.......။
တကယ်တမ်းတော. သခင်မ
ဖွင်.ဟခြင်း နွယ်ပင်မှ
ကြီးထွားလာတတ်သော
ငြင်းပယ်ခြင်း သစ်သီးတို.ထက်
ဆိတ်ငြိမ်ခြင်း ဥယျာဉ်မှ
နောင်တ ပန်းပွင်.တို.၏ ရနံ.ကိုသာ
နမ်းရှိုက် ခံယူနေပါတော.မည်
မချောမွေ.ခဲ့သော
ဘ၀ သင်္ကေတ များဖြစ်သည်.
ဦးခေါင်းတွင် လည်းကောင်း
ကျောထက်တွင်လည်းကောင်း
နေရာယူထားသည်. ဒါဏ်ရာ အနာရွတ် တို.က
တစ်ချို. စို တစ်ချို.ခြောက်
တစ်ချို.လဲ အစိမ်းသက်သက် သာရှိပါသေးသည်....
ပကတိ မွေးရာပါရင်ခွင်အတွက်
ပထမဆုံးသော ထိချက်ကို
မနှစ်သက်သော်လည်း
မြတ်နိုးစွာ ဖြင်.
ဘ၀ဆုံးတိုင် ပျိုးထောင်သွားပါတော.မည်....

သခင်မ......
သိမ်ငယ်သူတို.၏ တိုးတိတ်ဆုတောင်းကား
ကြေကွဲ နိဂုံးဖြင်.သာ ကြုံရတတ်ပါသည်........
စိတ်ကူးယဉ် နွယ်ပင်တို.ကြား
ဘ၀အား မြုပ်နှံထားခြင်းသည်
လက်တွေ.မဆန်လှသော်လည်း
အားငယ်သူတို.အတွက်မူ
အလွယ် ကုဆုံး ဆေးမြီးတိုသာဖြစ်ပါသည်
သခင်မ......။




ဖြစ်နိုင်ချေ နည်းလွန်းသော
မျှော်လင်.ခြင်းတို.၏ အမြင်.ဆုံးပိုင်ဆိုင်ခွင်.မှာ
ဖွင်.ဟ ၀န်ခံခြင်းသာ ဖြစ်ပါသည်...
မငြိုငြင် စေလိုပါ သခင်မ
ဆန္ဒ၏ မှားယွင်းမှုနောက်
ပဲ.နင်းပျောက်နေသော သင်္ဘော တစ်စင်း၏
ကမ်းပါးဝင်တိုက်မှု အဖြစ်သာ
မှတ်ယူတော်မူပါ....
ဥယျာဉ်မှုး အစစ်အဖြစ် စိတ်ကြီး ၀င်ခဲ့မိပါသည်.....
အိမ်ရှင်အဖြစ်ကို
မသိနားမလည်စွာ မက်မောခဲ့မိသော
ဧည်.သည် တစ်ဦး၏ အဆုံးသတ် သည်
ဧည်.ခန်းဆောင်ထက် ပိုခွင်.မရှိမှန်းတော.
သိထားခဲ့ပါသည် သခင်မ.....

သခင်မအတွက်
ညှိုး နွမ်းမှု... နွမ်းယဲ့ခြင်း
ညစ်ညူးဖွယ်တို.ကို ရှင်သန်သီးပွင်.စေသော
မြေဆီမြေနှစ်တော.
အဖြစ်မခံလိုပါ သခင်မ..။

သခင်မ၏
စိတ်တိုင်းမကျခြင်း မကျေနပ်မှု
အလိုမပြည်.ခြင်း စသော ရွက်ခြောက်နွမ်းတို.ကိုလည်း
အပိုဆောင်း ဆုလာဘ်တော်အဖြစ်
ရင်နှင်. အပြည်. ထွေးပွေ.ထားပါမည်....

သိပါ၏..
မလှမ်းခဲ့သင်.သော
ခြေလှမ်းများစွာ တို. ကြားဝယ်
ဆန္ဒ တို.၏ သားကောင်ဘဝ
ကျရောက်ခဲ့ရခြင်းအတွက်
မိမိ ကိုယ် မိမိ
အပြစ်တင်ခြင်း အလင်္ကာ တို.ကို
စက္ကန်.မလပ် ရွတ်ဆိုရင်းဖြင်.
မမြင်ကွယ်ရာမှ ရုတ်ချည်း ပေါ်လာတတ်သော
ဥပေက္ခာ အဖူးအငုံတို.ကို
ကြုံရသည်. အခိုက်
ကံကြမ္မာ ကို သာ
ဆူးနစ်စွာ ကျိန်ဆဲမိပါ၏........

သို.သော်....

သခင်မ.....

သခင်မ အတွက်
နှစ်လိုဖွယ် ထိုက်တန်သော
ဥယျာဉ် မှုးကောင်း မရောက်မချင်း
ဧည်. ဥယျာဉ် မှုး တို.၏ တာဝန်ကို
ကျေပြွန် လေးနက်စွာ ထမ်းဆောင်ခွင်. ပြုတော်မူပါ

အမှတ်မထင် တိုက်ခိုက်တတ်သော
ကောက်ကျစ်သည်. လေပြင်းတို.ကြောင်.
ဒါဏ်ရာ အနာတရ ဖြစ် လာနိုင်သည်.
သစ်ရွက်ငယ် တစ်ချို.ကို
ဖဲ့ခြွေ ခွင်.ပြုတော်မူပါ.....


ပါးနပ်ကျင်လည်သော
လှည်.ဖြားတတ်သည်.
လေပြည်ငယ် တစ်ချို.ကြောင်.
တွန်.လိပ်သွား နိုင်သော
ပွင်.ဖတ်ငယ် တို.ကိုလည်း
ဖြည်ယူ ဖြန်.ချခွင်. ပြုတော်မူပါ

လေ ပြေ လေ ပြင်း တို.အပေါ်
အရွဲ. တိုက်လိုသော
လက်စားချေလိုသော
သခင်မ၏ ပူလောင်ခြင်းတို.ကိုလည်း
အေးမြ ကြည်လင် ငြိမ်းချမ်းသွားအောင်
ချော.ြှမှု ထိမ်းယူခွင်. ပြုတော်မူပါ........။


သခင်မ ...
ကျင်.စည်းသိက္ခာ မပြည်.၀သော
မလျှော်ကန်သည်. တစ်ပါးသူတို.၏
ဖြားယောင်းမှုအောက်
အမှတ်မထင် ကျရောက်ခဲ့ပါကလည်း
သခင်မ၏ အမည်းတစ်စက်အား
ကျွနုပ်၏ ဘ၀ တစ်ခုလုံးနှင်.
ရင်းနှီး ထောက်မ နိုင်ရန်
ရှိနေပါလိမ်.မည် သခင်မ.......

ကြောင်.ကြ မိပါသည်
စောင်.ရှောက်မှု အခင်းအကျင်းများကိုသာ
ကြည်ဖြူစွာ ခွင်.ပြုပေးတော်မူပါ
ပူပန်စွာ ၀န်းရံပေးထားခြင်းကို
စာနာပေးတော်မူပါ...


မ၀ံ.ပါ အရှင်
သခင်မ၏ ဆန္ဒ တို.ကို
မတားမြစ် မထိန်းချုပ်ရက်ပါ
သို.သော်.....
ထိန်းကျောင်းခွင်. ပြုတော် မူပါသခင်


မည်သူ၏ လက်တွင်းတွင်
တင်.တည် ကျေနပ်နေမည် ဖြစ်ပါစေ
အဆုံးသတ် ပြုစု သူ၏ လက်ဝယ်
သိမ်ငယ်ဖွယ် ဒါဏ်ချက် ကင်းသော
ဥယျဉ်တော် အဖြစ်သာ မြင်တွေ.လိုပါသည်
သခင်မ..........။






No comments:

Post a Comment