Saturday, August 19, 2017

အမိန့်ပြန်တမ်း.မရလို့..မကျွတ်လွတ်နိုင်တဲ့..ရုံးစောင့်




 




တစ်နေ့သောညနေပိုင်း၌.. ကိုလှမျိုး တစ်ယောက် ရာထူးတိုးဖြင့်.အပြောင်းအရွှေ့ ကျသဖြင့် မိတ်ဆွေ အပေါင်း အသင်းများအားနှုတ်ဆက် ပွဲလုပ်ပြီး..ဧည့်ခန်း၌ ထိုင်နေသည်။

ထိုအချိန်.အိမ်ရှေ့မှ……. “တီ..တီ..တီ” ကားဟွန်းသံကြားသဖြင့်

” သမီးရေ..ခြံရှေ့မှာ. ဧည့်သည် လာတယ်.. သွားကြိုလိုက်ပါအုံးကွယ်”ဟု သမီးအငယ်မ ကို သွားကြိုခိုင်း လိုက် သည်။

“ဟေ့ကောင် လှမျိုးး မင်းရာထူးတိုးပြီ ဆိုကွ”ဟုပြောရင်း လာနေသူက..ကိုလှမျိုးအကြီးတန်းစာ ရေး တာဝန်ထမ်းဆောင်စဉ်က..ဆရာဖြစ်သူ ဦးကျော်သူပင်ဖြစ်သည်။

“ဆရာ လာဗျာ ထိုင်အုံးးး ကျွန်တော်လည်း ခဏကမှ မိတ်ဆွေ အပေါင်းအသင်းတွေပြန်သွားလို့ နားနေတာဗျ…သမီးရေ. ဆရာ့အတွက်.. စားစရာလေး ဘာလေး တည်ခင်းပါအုံးကွယ်”

“လှမျိုးရေ..မင်းက ဘယ်နေ့ပြောင်းမှာလဲကွ”

“ဒီလလယ်ပိုင်းလောက်ပြောင်းဖြစ်မယ် ဆရာ”

“ဘယ်ဘက် လဲကွ”

“မွန်ပြည်နယ်ထဲပါ ဆရာ”

“ကောင်းပါတယ်ကွာ..ဝန်းထမ်း ဆိုတော့..ကျရာနေရာ တာဝန်ထမ်းဆောင်ရသကိုးး”

“ဟုတ်ပ..ဆရာရေ့”

ဆရာ တပည့်နှစ်ယောက် စပ်မိစပ်ရာစကားပြော ကြရင်းးဦးကျော်သူ က

“ဒါနဲ့မင်းကိုပြောရအုံးမယ်ဟေ့..ငါ..မြတုံမြို့ လေးမှာ…တာဝန်ကျတုံးကပေါ့ကွာ..အခု ငါက ပင်စင်တောင်ယူပြီးပြီ ဆိုတော့နှစ်တွေကကြာပါပြီ” ဟုအစပြုရင်းးး……. ကိုကျော်သူ တစ်ယောက်..အပြောင်း အရွှေ့ဖြင့် တာဝန်ကျရာ မြတုံမြို့လေးသို့ ..မီးရထားဖြင့် လိုက်ပါ လာခဲ့သည်။ လူပျို လူလွတ်တစ်ယောက် ဖြစ်သဖြင့် တာဝန်ကျရာမြို့လေးသို့ပေါ့ပေါ့ပါး ပြောင်းရွှေ့နေလို့ ရ သည်။ အခက်အခဲမရှိ။

တစ်ချို့သော ပစ္စည်းတွေက တန်ဆာ ရိုက်ပြီး ပို့ ထားပြီးပြီ။ အခုတော့လွတ်လွတ် လပ်လပ် အိတ် ကလေးတစ်လုံးဖြင့်သာ လာခဲ့သည်။ ရထားကြီးကလည်း တစ်ဘူတာဝင် တစ်ဘူတာထွက် အရှိန်နှင့်ခုတ်မောင်းလာခဲ့သည်။ ကိုကျော်သူလည်း ရှုခင်းတွေကြည့်ရင်းလိုက်ပါ လာခဲ့ရာညနေစောင်းလာလေပြီ။

မြတုံမြို့လေးသို့နောက် အချိန်ကြာကြာ စီးရအုံးမည်။ ည ၈နာရီခန့်မှသာ ရောက်မည်။

“ပူးးးးးးးပေါ်”ဆိုသော ရထားဥသြဆွဲသံနှင့် အတူ မြတုံမြို့ဘူတာသို့ ဆိုက်ရောက်ခဲ့လေပြီ။ လူသူ အဆင်း နည်းသောမြတုံ ဘူတာလေးမှာ မီး လေးကလည်း ခပ်မှိန်မှိန်သာ ရှိသည်။ တောမြို့လေး ဆိုတော့လည်း ဟုတ်ပေ မပေါ့။

ကိုကျော်သူ ခရီးဆောင်အိတ်ကလေးဆွဲကာ ဘူတာက ထွက်လာတော့..ဘူတာရှေ့မှာ ဆိုက်ထား တဲ့ ဆိုက်ကားလေး သုံးလေးစီးသာရှိသည်။

“ဆိုက်ကားငှားမယ်ဟေ့” ဆိုတော့အလှည့်ကျ ဆိုက်ကားသမားလေး က”ဘယ်သွားမှာလဲ..ဆရာ”

“စီးပွားဘဏ်ကို ပို့ပေးပါကွာ ” “ဟုတ်ကဲ့ဗျ”ဟုပြောရင်း ဆိုက်ကားသမားလေး က သူ့လက်ထဲက ခရီးဆောင်အိတ်ကို ယူပြီး ဆိုက်ကား
ပေါ်တင်ကာ.. “တက်..ဆရာ” ဟုပြောရင်း ဆိုက်ကားလေး နင်းထွက်ခဲ့လေသည်။

ဆိုက်ကားသမားလေးနဲ့ စကားတပြောပြောဖြင့် ခဏကြာတော့ ဆိုက်ကားသမားလေး က “ရောက်ပြီ ဆရာရေ့”

“အေးအေး..ဘယ်လောက်လဲကွ

“ဆယ့်ငါးကျပ်ပါ..ဆရာ” ကိုကျော်သူ တစ်ယောက် ၁၅ကျပ်တန် တစ်ရွက် ထုတ်ပေးရင်း နာရီ တစ်ချက်ငုံ့ကြည့်မိသည် ။

ကိုးနာရီတောင် ထိုးသွားပြီ။ ဆိုက်ကား သမားလေး က နှုတ်ဆက်ရင်း ထွက်သွားလေပြီ။ ကိုကျော်သူ တစ်ယောက် အထုတ်လေး မပြီးရုံး ဝင်းတံခါးပေါက်ရှေ့ရပ်နေမိသည်။

ရုံးကလေးမှာ တစ်ထပ်တိုက် ကလေးသာဖြစ်ပြီး။ တာဝန်ကျရာ ဝန်ထမ်း အိမ်ကလေး က အိမ်ခြေပုလေး သရက်ပင်တွေကြားထဲမှာ.. “ဆရာ..က ဒီကို တာဝန်ကျတဲ့ ဆရာ အသစ်ထင်တယ်” ဟုယောက်ျားသံ သြသြကြီးကြားမှ သူ့ရှေ့တွင်ခြံ တံခါးဖွင့်ပေးနေသော ရုံးစောင့်ဟု ထင်ရသော အသက်၄၀ကျော် အရွယ်လူကြီး တစ်ယောက်။ အဲ့ဒီတော့ မှ သူလည်းခြံထဲ ဝင်ဖို့သတိရသည်။

ထိုလူကြီးက. သူ့လက်မှ အိတ်ကို ကူသယ်ပေးရင်း “လာ.လာ ဆရာ.”ဟုခေါ်ပြီး ဝန်ထမ်းအိမ်လေး ဆီသို့ ခေါ်လာခဲ့သည်။

ထိုစဉ်.. “အူ….ဝူးးးးးးးး” ဟုချွဲချွဲ ပြစ်ပြစ် အူလိုက်သောခွေးသံ ကြီးကြောင့် ကြက်သည်း ထသွားရသည်။ အိမ်ထဲတွင်လဲ မီးက ခပ်မှိန်မှိန်လေးသာ ထွန်းထားသည်။

“ဆရာ..ဘာစားခဲ့ပြီလဲ..ဘာပြင်ဆင်ပေးရအုံး မလဲ” ဟုမေးနေကာ.အိပ်ယာခင်းတွေပြင်ပေးနေသည်။ ကိုကျော်သူလည်း “တော်ပါပီ.ဗျာ. မစားတော့ဘူး”ဟုပြောရင်း ရေနွေးကြမ်းငှဲ့သောက်နေမိသည်။

နောက်တော့..ထိုလူကြီးက မီးမှိန်မှိန်အောက်တွင် သူရှေ့ လာထိုင်းပြီး ရေနွေး တစ်ခွက်ငှဲ့ကာ “ဆရာရေ့.. ကျုပ်တို့မြို့ ကတောမြို့လေး ဆိုတော့ သိပ် မပြည့်စုံဘူးပေါ့ဗျာ…ဟိုဘက်က ဝင်းက ဘောလုံးကွင်း..” ဟု ရှင်းပြနေလေသည်။

“စကားပြောကောင်းနေလိုက်တာ..ဆရာ. ကျွန်တော်က ဒီရုံးက..ရုံးစောင့်. ဦးအောင်ဘ ပါ. ဒီမြို့ခံပါဘဲ.. ကျွန်တော်က ညစောင့်ပေါ့..

မနက်ဆို အိမ်ပြန်တယ်..ကျန်တဲ့ ရုံးဝန်ထမ်းတွေမြို့ ခံလူတွေ ဆိုတော့မနက်မှဘဲ လာ..ကြတယ်”ဟု ပြောရင်းရေနွေး တစ်ခွက် ငှဲ့လိုက်ပြန်သည်။

“ဆရာက လူလွတ် ဆိုတော့..ကျွန်တော်က..ဒီမှာ အိပ်ရုံပေါ့.. မိသားစု ပါရင်..”ဟို အနောက်က တဲလေး မှာ အိပ်တယ်..မနက်ဆိုပြန်တော့ ကိစ္စမရှိဘူးပေါ့”

“စကားပြောကောင်းနေလိုက်တာ..ဆရာ ခရီးပန်း လာတော့ အိပ်တော့လေ” ဟုပြောရင်းရေနွေး အိုးတွေ သိမ်းနေလေသည်။

ကိုကျော်သူလည်း ညည်းစီစီနေသဖြင့်.. “ကျွန်နော် ကိုယ်လက်ဆေးခြင်တာဗျာ”

“ဆရာလေးး..ဟိုနားမှာရေတွင်း နဲ့.ကန်..”

“အေးအေး” ဟုပြောပြီးရေတွင်း ရှိရာသို့ လာခဲ့သည်။ ရေတွင်းနားရောက်တော့လေအေးတစ်ချက် က မျက်နှာကို ရိုက်သွားသည်။ နောက် ပုပ်အဲ့အဲ့ အနံ့တစ်ခု ဝင်လာသည်။

အကောင်ဘလောင် ပုပ်ပြီးသေထားတာနေမှာပါ ဟုတွေးရင်း ကိုယ်လက် သန့်စင်ပြီး သွားမည် အပြု လှည့် လိုက်ရာ..သူ့ အနောက်တွင် ဘယ်အချိန်ကရောက်နေသည် မသိတဲ့. ရုံးစောင့် ကြီး..သူ့ကိုကြည့်နေ သည်။

နောက်မှ.. “ဆရာလေး အတွက်..တဘက် လာပေးတာပါ” ဟုပြောရင်း သူ့ကို ကမ်းပေးနေသည်။ ကိုကျော်သူလည်း ကမ်းပေးသော တဘက်ကို ယူပြီး အိမ်ရှိရာသို့.လာခဲ့သည်။

ထို့နောက် ရုံးစောင့်ကြီးပြင်ပေးထားသော.. အိပ်ယာတွင်.. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့လေသည်။ ရုံးစောင့်ကြီး ကတော့.သူ့နားဘေးနား ကပ်ရက် ခြင်ထောင် တစ်လုံးထောင်၍နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့ကြလေသည်။

“ဆရာ..ဆရာ ” ဟု အော်နိုးနေသော အသံတစ်ခုကြောင့် ကိုကျော်သူ အိပ်ယာမှ နိုးခဲ့ရသည်။ ညက သူ့ဘေးနားမှာ အိပ်နေသော ရုံးစောင့် ကြီးမှာ မရှိတော့.. အိပ်ယာခင်းတွေရော ဒီရုံးစောင့် ငါ့လည်း မနိုးသွားပါလား ပြန်သွားပြီထင်ပ ဟုတွေးရင်း အိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အိမ်လေး က ခါးလောက်သာမြင့်သည်။

ညက ရုံးစောင့်ကြီးရဲ့ စက်ဘီးလို့ ထင်ရတဲ့ ယောက်ျားစီး စက်ဘီးကြီးလည်း မရှိတော့ .. ဟုတ်ပြီပြန်သွားပြီနေမှာ..ငါ့ကို ပင်ပန်းလို့ မနိုးသွားတာထင်ပ ဟုတွေးလိုက်သည်။

ရုံးဝန်ထမ်းဟု ထင်ရသောလူက………………… “ဆရာည.က အဆင်ပြေလားဗျ..ကျွန်တော်တို့.. စောင့်နေသေးတယ်ဆရာရေ.. မိုးချုပ် လာတော့ ပြန်သွား ကြတာ.. ညက ဘာမှမဖြစ်ပါဘူးနော်”..ရုံးဝန် ထမ်းလေးက ဘာအတွေးနဲ့မေးသည် မသိ.

“အဆင်ပြေပါတယ်ကွာ.. ငါမျက်နှာသစ် ဘုရားရှိခိုး ပြီးမှ ရုံးထဲ လာခဲ့မယ်”ပြောရင်း သူ ဆပ်ပြာခွက် ကလေး ကိုင်ကာရေတွင်းဆီသို့ သွားခဲ့သည်။

တစ်နေ့လုံး ဝန်ထမ်းတွေနဲ့. .ရောက်ရောက်ခြင်း နေ့ဖြစ်သဖြင့်.အလုပ်တွေ ရှုပ်နေပြီး ရုံးစောင့်ကြီး အကြောင်းမေ့နေ ခဲ့သည်။ ရုံးဆင်းချိန်ရောက်တော့ ဝန်ထမ်းတွေ အားလုံးပြန်သွားကြပြီ။ ရုံးစောင့်ကြီး ကတော့ ရောက်မလာသေး.. ဒီလိုနဲ့ည နေ နေဝင်သွားပြီ..သူလည်းး အရောင်က ခပ်မှိန်မှိန် ..မီးသီးလေး ထွန်းရင်းး ..အိမ်ရှေ့. ကပြင်လေးတွင်ရေနွေးကြမ်း သောက်ရင်းစောင့်နေမိသည်။

ထိုအချိန်”အူ….ဝူးးးးး..အူ..ဝူးးးး” ဆိုသောခွေးတစ်ကောင်ရဲ့ ချွဲချွဲပြစ်ပြစ်ကြီး အူသံကြားရပြီးနောက် ရုံးရှေ့ သံတခါးဖွင့်သံကြားရပြီးး စက်ဘီးလေး တွန်းပြီး လူတစ်ဦး ဝင်လာနေ သည်။ တဖြည်းဖြည်း အနားနားရောက်မှ ရုံး စောင့်ကြီးဖြစ်မှန်းသိရသည်။

“ဒီနေ့နောက်ကျတယ်နော်”

” ဟုတ်တယ် ဆရာလေးရေ့.. အိမ်မှာ မအားလို့”လေ ဟုပြောရင်း စက်ဘီးလေး ရပ်ကာ အိမ်ပေါ်တက်လာသည်။

နောက်တော့ စကားတပြောပြောနှင့် အိပ်ချင်လာသဖြင့်နှစ်ယောက်သား အိပ်ရာ ဝင်လိုက်ကြသည် ။
မနက်ရောက်တော့..ရုံးစောင့်ကြီးက မရှိတော့. .ဒီလိုနက်စောစောပြန်သွားတာနေမှာပါဟု တွေးရင်း အတွေး ပဟေဠိတွေဖြင့်. .တစ်ပတ် ကြာလာခဲ့လေပြီ။

အလုပ်က ပင်ပန်း တာကြောင့် ကိုကျော်သူ တစ်ယောက် ဒီနေ့စောစော အိပ်မယ် ဟုတွေးပြီး ၂၄ ပစ္စည်း .မေတ္တာသုတ်ရွက် .ပုတီးစိပ် စောစောအိပ်ယာဝင်ခဲ့သည်။

ရုံးစောင့်ကြီး လာရင် လွယ်ကူရန် တံခါးမကြီးစေ့ရုံမျှ စေ့ထားလိုက်သည်။

“””အီးးး..ဟီးး…ဟီးး….အီးးး” ဆိုသော ချွဲချွပျစ်ပျစ် ငိုသံကြီးကြောင့် ကိုကျော်သူမှာလန့်နိုးခဲ့ရသည်။ ခြင်ထောင်လှန်၍ကြည့်လိုက်ရာ ကျောပေးထိုင်နေသော ရုံးစောင့်ကြီး

” ဘာလို့..ငိုနေတာလဲဗျ.. ဘာများ စိတ်ညစ်စရာ ရှိလို့လဲ” ဒီတော့မှ ရုံးစောင့်ကြီးက သူ့ဘက် လှည့်လာပြီး

“ဆရာ. .ကျွန်တော် ရုံးကနေ..ထွက်လို့ မရတာ.လွန်ခဲ့တဲ့ (၅)နှစ် ထဲကပါ..ကျွန်တော် အရင် အလုပ်လုပ်တဲ့.. ဆရာက…ကျွန်တော်သေတော့. .အမိန့်ပြန် တမ်းစာ မထုတ်ခဲ့ဘူးးး.. .ဒါကြောင့်ကျွန်တော် ဘဝကူးလို့ မရဘူး…အရင် အဆက်ဆက်က ဆရာတွေကိုပြောပေမဲ့ပြောင်းပြေးကျတာချည်းပါ ဆရာ…. ဆရာကနေပြီး.. ကျွန်တော့်ကိုပြန်တမ်းစာ ရွတ်ပေးပါ…ပြီးတော့ အမျှဝေပေးပါ ဆရာ”ဟုပြောရင်း အိမ်ပေါ်မှဆင်းသွားလေသည်။

ကိုကျော်သူလည်း အိပ်မက်မှ လန့်နိုးလာပြီး ထကြည့်လိုက်ရာ အိမ်တံခါး တစ်ချပ် ပိတ်သွားသည်ကိုတွေ့ ရလေသည်။ တစ်ညလုံး အိပ်မပျော်ဘဲ အတွေးများဖြင့်မနက်မိုး လင်းခဲ့ရလေသည်။

မနက် မိုးလင်းတော့.. အတွေးများစွာဖြင့် ရှုပ်ထွေးနေမိသည်။ ရုံးဝန်ထမ်းလေး တစ်ယောက်ရောက်မှ

“ဟေ့.. လာစမ်းပါအုံးးကွ..မေးစရာရှိလို့ ” “ဘာလဲ ဆရာ…”

ကိုကျော်သူလည်း သူရောက်ခဲ့တဲ့ ညက စ၍ တစ်ပတ်တိတိ ရုံးစောင့်ကြီးနဲ့တွေ့ခဲ့တဲ့ အဖြစ်အပျက်တွေပြောပြတယ် ဒါနဲ့ ဒီညမှာ ထူးဆန်းတဲ့ အိပ်မက် မက်ကြောင်း ဒါကြောင့် ရုံးစောင့်ကြီး ဘာဖြစ်သလဲဆိုတာ သိချင်ကြောင်းပြောပြတော့မှ ရုံးဝန်ထမ်းလေးက

“ဆရာ..ရုံးစောင့်ကြီးဦးအောင်ဘ က လွန်ခဲ့တဲ့ (၅)နှစ် က.. ဦးနှောက်သွေးကြောပြတ်ပြီးသေ သွားတာဆရာရဲ့. .ပြီးတော့သူက ရုံးမှာ မကျွတ်မ လွတ်ဘဲ ရှိနေခဲ့တာ. .ဆရာ့ထက် အရင် အရာရှိတွေ ကတော့ပြောင်းပြေးကြတယ်

ကျွန်တော်တို့က ဆရာ့ ကို အံ့သြနေကြတာ ရုံးစောင့်ကြီးနဲ့ မတွေ့ဘူး ဆိုပြီး” ” ဒါနဲ့ ဦးအောင်ဘ သေတော့ အမိန့်ုပြန်တမ်း မပေး ခဲ့ဘူးလား..သူ့လက်ထက်က ဆရာက ”

“ဆရာရဲ့ .. ရုံးစောင့်ကြီး ဆုံးတော့သင်္ကြန်တွင်း ရုံးပိတ်ရက်ကြီးလေ.. ဒီတော့ ကျွန်တော်တို့ အရာရှိ က မိသားစုရှိရာပြန်သွားတာ မရှိဘူးလေ..ပြန် ရောက်လာတော့လည်း ..မပေးဖြစ်ဘူး.. ဒီလိုနဲ့… ဆရာကပြောင်း သွားရတာ..နောက်လာတဲ့အရာ ရှိတွေကလည်း သရဲခြောက်တယ် ဆိုပြီးပြောင်း သွားကြတာနဲ့ ဆရာ့ လက်ထက်ထိ မပေးရသေးဘူး ဖြစ်နေတာ”

“ဟုတ်ပြီ..ဦးအောင်ဘက အမှန်တော့ခြောက်လှန့် နေတာမဟုတ်ဘူးး.ဘဝ ကူးချင်လို့ အမိန့်ပြန်တမ်း တောင်းနေတာ ..ခဏနေ လက် နှိပ်စက် စာရေးလာရင်..ပြန်တမ်း တစ်စောင်လောက် နှိပ်ခိုင်းပါ” ဟုပြောခိုင်း လိုက် သည်

နေ့လယ်ပိုင်းရောက်တော့ ဦးအောင်ဘ ကိုခေါ်ဆို အမိန့်ပြန်တမ်း ရွတ်ပေး … .အမျှပေးဝေပြီး နေ့လည်နေ့ခင်း အိပ်ချင်လာသဖြင့် အိမ်လေးရဲ့ ကွက်ပျစ်ပေါ် အိပ်နေလိုက်သည်။

မည်မျှ အိပ်ပျော်သွားသည်မသိ.. “ဆရာ.ဆရာ “ဟု နိုးလာသော အသံကြားမှ ထကြည့်လိုက်ရာ သစ်လွင်တောက်ပ သောအဝတ်အစား များဖြင့်ကြည်လင်ပြုံးပြ နေသောရုံးစောင့်ကြီး….

“ရုံးစောင့်ကြီးကိုး”

” ဆရာ.. ကျွန်တော် သွားတော့မယ်..လွတ်လပ်သွား ပြီအနှောင်အဖွဲ့တွေ မရှိတော့ဘူးး ဆရာ့ကို လာနှုတ် ဆက်တာ ဟုပြောရင်း စက်ဘီးလေး စီးကာ ထွက်သွားလေသည်။

“ဆရာ ဒါဆိုလာနှုတ်ဆက်သွားတာပေါ့” “အေးကွ.. အဲ့ဒီနေ့ည ကစပြီးး ငါ တခြားမြို့ကလေးပြောင်းလာတဲ့အချိန်ထိ အရိပ် အယောင်ကို မမြင်ရတော့တာ လှမျိုးရေ”

“မင်းလည်း အရာရှိ တစ်ယောက်ဖြစ်တော့မှာ ဆိုတော့မမေ့သင့်တဲ့ အရာဘဲကွ..မင်း မဖတ်ပေးလိုက် တဲ့ စက္ကန့်ပိုင်းသာ ကြာတဲ့ အမိန့်ပြန်တမ်းစာလေး တစ်ခုကြောင့်..သနားစရာ ပရလောကသားတွေကိုး..ဘဝမကုး မကျွတ်မလွတ်ဖြစ်စေနိုင်တယ်…

ကဲကဲ….. စကားပြောလို့လည်းကောင်းလိုက်တာ မိုးချုပ်တော့မယ်..အိမ်က မဟေသီကြီးမျှော်နေလောက်ပြီ” ဟုပြောရင်းး ဦးကျော်သူ တစ်ယောက်.. ကားကြီးမောင်းပြီး အိမ်ဝင်းထဲက ထွက်သွားခဲ့လေပြီ။

toetoelay
ဖိုးသူတော် (www.phothutaw.com)
Credit: apannpyay

Monday, August 14, 2017

Facebook News feed ကို ဘယ်လိုကာကွယ်လဲ ၊ Tag ဘယ်လို ဟန်.တားမလဲ



မလိုလားပဲ ၀င်နှောင့်ယှက်လို.မရအောင်



Facebook မှာ တစ်စုံတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ပြီဆိုတဲ့အကြောင်းက သူများတွေရဲ့ News Feed မှာပါ ပေါ်တတ်ပါတယ်။ အဲ့ဒီအခါ သင့်ဘော်ဒါတွေများ ဖြစ်နေရင် Comment တွေဝင်ပေး Mentioned တွေခေါ် ဝင်နှောက်ယှက်ကြပြီပေါ့။
သင်ဘယ်သူနဲ့ သူငယ်ချင်းဖြစ်နေလဲဆိုတာ မသိစေချင်ရင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေစနောက်တာ မလိုလားလို့ပဲ ဖြစ်ဖြစ် Friendship မပေါ်အောင် လုပ်လို့ရနေပါပြီ။ လွယ်လွယ်လေးပါ။ လုပ်ကြည့်လိုက်ရအောင်။
Go to your Profile > Activity Log > Friends > Who can see your Friend List
ဒါလေးကတော့ အတိုဆုံးလေးပါ။ နည်းပညာပိုင်းနဲ့ မစိမ်းတဲ့သူတွေအတွက်က ဒီအတိုင်းဝင်သွားရင် ရပါပြီ။ ပိုပြီး သေချာသွားအောင် တစ်ပုံချင်း ကြည့်ကြည့်မယ်။
ပထမဆုံး သင့် Profile ကို အရင်ဆုံးသွားပါ။ အဲ့ဒီမှာ Activity Log ရှိပါမယ်။ အဲ့ဒါကို နှိပ်လိုက်ပါ။
အထဲမှာ Friends ဆိုတာရှိပါမယ်။ အဲ့ဒါကို နှိပ်လိုက်ပါ။



Who can see your friend List ဘေးက Button လေးကို နှိပ်လိုက်ပါ။ Friend Activity can show up in ဆိုတဲ့ Box လေးကျလာပါမယ်။



 Box ထဲမှာ Highlights and other Stories, Recent Activity, New Friends Report, Friend List ဆိုတဲ့ အကွက်လေးခု ရှိပါတယ်။ လေးခုလုံးကို Unmarked အမှန်ခြစ်လေးတွေ ဖြုတ်ပေးပါ။ ပြီးလျှင် Okay နှိပ်ပေးပါ။
ဒါတွေအကုန်လုပ်ပြီးသွားရင်တော့ သင်ဘယ်သူနဲ့ပဲ Friend ဖြစ်ဖြစ် ဘယ်သူမှမသိတော့ပါဘူး။

မလိုလားတာတွေ မTag ခံရအောင်



ကိုယ့် Facebook Timeline ပေါ်ကို ကိုယ်မကြိုက်တဲ့ ရှက်စရာကောင်းတဲ့ လိင်ဖျော်ဖြေရေး ဗီဒီယိုတွေ ဓာတ်ပုံတွေ Tag လုပ်ခံရတာများလာပါတယ်။
ကိုယ်ကလည်း Timeline ကို သေချာ ထိန်းချုပ်မထားဘူးဆိုရင် ကိုယ့် Timeline မှာ ဒီလို ရှက်စရာကောင်းတဲ့ ဓာတ်ပုံ၊ဗီဒီယိုတွေ ပေါ်လာပြီး ကိုယ့်သူငယ်ချင်းတွေကိုပါ စိတ်ဒုက္ခရောက်စေပါတယ်။
ကိုယ် အပြင်မှာ သူငယ်ချင်းတွေနဲ့ အရက်သောက်နေတဲ့ပုံကို ကိုယ့်သူငယ်ချင်းတွေက အလိုက်မသိဘဲ ကိုယ့်အကောင့်ကို tag လုပ်လိုက်ရင်တော့ ကိုယ့်အမျိုးအဆွေတွေက အိမ်ပြန်ပြောတာနဲ့ အိမ်မရောက်ခင် အထောင်းခံရမယ့် ကိန်းပါ။
ဒီလိုတွေ မဖြစ်စေဖို့ ကိုယ့် Timeline ပေါ်ကို ကိုယ့်ခွင့်ပြုချက်မပါဘဲ ဘယ် Post မှ တင်လို့မရတဲ့ နည်းလမ်းကို ပြောပြချင်ပါတယ်။
Facebook မှာ မျဉ်းကြောင်းလေး ၃ ကြောင်းထပ်ထားတဲ့ နေရာကို နှိပ်လိုက်ရင် ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့ Setting တွေကျလာပါလိမ့်မယ်။





 အဲ့ဒီအထဲကမှ “Account Setting” ကို သွားပါ။
“Timeline and Tagging” ဆိုတာကို နှိပ်ပါ။





“Review Posts Friends…….. on your timeline ?” (ကိုယ့် Facebook အကောင့်ကိုလာ Tag လုပ်တဲ့ Post တွေကို အရင်စစ်ဆေးမလား)
အဲ့ဒီ ခလုတ်ကိုနှိပ်လိုက်ပြီး Tap Review ဘေးနားက ခလုတ်လေးကို နှိပ်ပြီး “Enable” လုပ်လိုက်ပါ။
Timeline and Tagging စာမျက်နှာမှာဘဲ “Who can see posts you’ve been tagged in on your Timeline?” (ကိုယ့်ကို လာ Tagged ထားတဲ့ Posts တွေကို ဘယ်သူတွေဘဲ မြင်နိုင်သလဲ) ကိုနှိပ်ပြီး ၀င်ကား “Friends” အဖြစ်ပြောင်းပါ။
Timeline and Tagging စာမျက်နှာမှာဘဲ “Who can see what others post on your Timeline” (ကိုယ့် Timeline ပေါ်က Posts တွေကို ဘယ်သူမြင်နိုင်သလဲ) ကိုနှိပ်ပြီး ၀င်ကား “Friends” အဖြစ်ပြောင်းပါ။




ဒါတွေလုပ်ပြီးရင်တော့ ကိုယ့်ခွင့်ပြုချက်မရဘဲ ကိုယ့် Timeline မှာ ဘယ်သူမှ Posts လာတင်လို့မရပါဘူး။ ဒါ့အပြင် ကိုယ်တင်တဲ့ Posts တွေ ကိုယ့်ကိုလာ tag တဲ့ posts တွေကို ကိုယ့် သူငယ်ချင်းကလွဲပြီး ကြည့်လို့မရတာကြောင့် အွန်လိုင်းမှာ အန္တရာယ်ရှိနိုင်ချေလည်း နည်းသွားပါတယ်။




Pending Posts
ကိုယ့်ကို တစ်ယောက်ယောက်က လာ Tag ရင် Notification ပေါ်ပါတယ်။ အဲ့ဒီ Notification ပေါ်ကိုနှိပ်လိုက်ရင် Timeline Review ပေါ်လာပါလိမ့်မယ်။
“Add to Timeline (Timeline ထဲကို ထည့်မယ်) နဲ့ “Hide” (ဖွက်ထားမယ်၊ Timeline ထဲကို မထည့်ဘူး) ဆိုတဲ့ ခလုတ် ၂ခုထဲမှာ ကြိုက်နှစ်သက်ရာကို ရွေးချယ်လို့ရပါတယ်။

 Ref ; MyTech Myanmar

လူသားစားတဲ့ ဦးလာဘ



( တစ်ချိန်က နာမည်ကျော် တစ်ဦးမို. ရှာဖွေရရှိသော အချက်အလက်များအား ဖော်ပြအပ်ပါသည်ကြိုတင်မေတ္တာရပ်ခံလိုသည်မှာ နှလုံးအားနည်းသူများ ၊ ရွံရှာတတ်သူများ အနေဖြင့် ပူးတွဲဖော်ပြထားသော ပုံများ မကြည့်ပါရန် )



ကျနော်တို့ ငယ်ငယ်က အရမ်းငိုနေရင် အဘွား​​တွေ အဒေါ်တွေကလူသားစားတဲ့ ဦးလာဘကြီး ကိုက်လိမ့်မယ်ဆိုပြီး ခြောက်ပါတယ်။အဲ့တုန်းက သရဲ လား …ဘီလူးလား …လူလား … မသိပေမဲ့ အငိုတိတ်ခဲ့ရပါတယ်။ ဦးလာဘ က ဘယ်သူလဲ ?မေးတော့လဲ …ရေရေရာရာ ပြန်ဖြေနိုင်ကြပါ။ဦးလာဘ နဲ့ ပက်သတ်ပြီး အကွဲအလွဲတွေက အများကြီးပါ။အဲ့ဒီအကွဲအလွဲတွေပါ …အောက်က postမှာ ထည်ရေးပေးထားပါတယ်​​ဗျာ။

၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့၌နံမည်ကျော်ဦးလာဘဆိုသည်တကယ်ရှိခဲ့ပါသည်။သင်္ကန်းဝတ်ထားပေမဲ့ ဘုန်းကြီးဟု ပြောဖို့ခက်ခဲပါ သည်။သူ၏ကျောင်း၏တည်နေရာမှာ ယခု တောင်ဥက္ကလာပမြို့နယ် ပါရမီ လမ်းမဘေးက ၂၀ိုင်း တို့ ၃၀ိုင်းတို့ဆိုပြီး အခုခေါ်နေကြတဲ့ ဘုန်းကြီးကျောင်းတွေ အများကြီး ရှိတဲ့နေရာ။
အဲ့ဒီ့ ကာလတုန်းကတော့ အခုလို လူနေအိမ်ခြေ မရှိသေးဘဲ မြို့အစွန်အဖျားလို ဖြစ်နေခဲ့သည်။ ဘုန်းကြီးကျောင်းငယ် လေးတွေကတော့ ဟိုတစ်ကျောင်း ဒီတစ်ကျောင်း ရှိနေခဲ့ပါတယ်။
အဲဒီ့ထဲမှာ …ဦးလာဘ၏ ကျောင်းလဲ တစ်ကျောင်း အပါအ၀င်ပေါ့။ဦးလာဘ ရဲ့ကျောင်းမှာ သူ့ရဲ့မိန်းမနဲ့ သားဖြစ်သူတို့ပါ အတူနေတယ်လို့ပြောပါတယ်။သားဖြစ်သူက ဦးလာဘအတွက် ဒိုင်ခံလူသတ်ပေးပြီး မိန်းမဖြစ်သူက ဦးလာဘအတွက် ပြင်ဆင်ချက်ပြုတ်ပေးကြပါတယ်။
ဦးလာဘရဲ့ လူသားစား ဇာတ်လမ်းကြီး ပေါ်ပေါက်လာရတာကတော့ ဘုန်းကြီးကျောင်း ရဲ့ ဘေးဘက် တနေရာမှာ မြေကွက်လေး ရှိတယ်။အဲ့နားဝန်းကျင်က ဘုန်းကြီး ကျောင်းသား လေးတွေ ညနေဆို ခြင်းခတ် ကြတယ်။တနေ့ ညနေခြင်းခတ်နေရင်း ကျောင်းသား တယောက် ခြင်းခတ်လိုက်တာ ခြင်းလုံးက ဦးလာဘရဲ့ ဘုန်းကြီးကျောင်းထဲ ၀င်သွားတယ်။ သွားကောက်တဲ့ကျောင်းသားလေးလည်း အချိန် အတော်ကြာတဲ့ထိ ပြန်ထွက်မလာတော့ဘူးတဲ့ …။
တနေ့ထက်တနေ့ အဲဒီ့ ပတ်ဝန်းကျင် မှာ လူပျောက်မှုတွေများလာတယ်။ စုံစမ်း လိုက်တဲ့အခါမှာ အများစုက အဲဒီ့ဘုန်းကြီးကျောင်းတွေနား တ၀ိုက်မှာ နောက်ဆုံး မြင်လိုက်ရတာကြီးပဲ ဖြစ်ဖြစ်နေတယ်။
သဲလွန်စလဲမရ သတင်းအစအနလည်း မရဖြစ်နေပေမယ့် ဒီနားက ဘုန်းကြီးကျောင်း တွေနဲ့ ပတ်သတ်မှု တခုခု ရှိမယ်ဆိုပြီး အဲ့နားတ၀ိုက်ကို အမြဲတမ်းစောင့်ကြည့်နေခဲ့ပါတယ်။
ဒီလိုနဲ့ အမှုပေါ်မဲ့နေ့ မှာ လူငယ်တယောက်ဟာ ဦးလာဘကြီးရဲ့ကျောင်းကို ညနေစောင်းလောက်အချိန်မှာရောက်လာခဲ့ပါတယ်။ သူပြန်မယ့် အချိန်ကျတော့ ဦးလာဘရဲ့ ကျောင်းထဲကအထွက်မှာ ဦးလာဘရဲ့သားဖြစ်သူက အနောက်ကဓားနဲ့ခုတ်ပါတယ်။ကံကောင်းစွာနဲ့ လူငယ်ကို ချက်ကောင်းမခုတ်မိတာကြောင့် အဲ့ဒီ့လူငယ် သွေးသံရဲရဲနဲ့ ဘုန်းကြီးကျောင်း ၀န်းထဲက ပြေးထွက်ခဲ့ပါတယ်။
အဲဒီ့မှာပဲ …အဆင်သင့်စောင့်ကြည့်နေတဲ့ သက်ဆိုင်ရာတွေရော ပတ်ဝန်းကျင်ကပါ ရောက်ရှိလာပြီး အကျိုးအကြောင်းမေးတော့ဘာရန်စမှမရှိဘဲဦးလာဘရဲ့သားဖြစ်သူကဓားနဲ့ခုတ်တဲ့အကြောင်းသိရတာမို့ ဦးလာဘရဲ့ကျောင်းကို ၀င်ရောက်စစ်ဆေးကြပါတယ်။ ။
ကျောင်းထဲကို ၀င်စစ်ကျတဲ့အခါမှာ ရာဝင်အိုးကြီးထဲမှာ ခုတ်ဖြတ် ဆားစိမ်(သို့)အချဉ်စိမ်ထားတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိကာဦးလာဘရဲ့ကြောက်မတ်ဖွယ်ဇာတ်လမ်းကိုဖော်ထုတ်ကာ ဇာတ်သိမ်းလိုက်နိုင်ပါတယ်။
ရက်သတ္တပတ်များစွာစစ်ဆေးပြီးတဲ့နောက်မှာ ဦးလာဘကြီးကိုသေဒဏ်ချမှတ်ခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ ဦးလာဘကြိီးဟာ လူသားစားပြီးကျင့်ကြံရတဲ့ ကျင့်စဉ်တခုကို ကျင့်နေကြောင်း၊
ထိုကျင့်စဉ်ကို လူတချို့က ပေါရိသာဒကျင့်စဉ်ဟုခေါ်ကြောင်း သူကရှင်အဇ္ဇဂေါန တို့လို ၀ိဇ္ဇာ တစ်ဦး ဖြစ်ချင်တာပါ။ သူဟာယတြာ ၊ ဓာတ်ခန်း ၊ ဓာတ်ရိုက်ဓာတ်ဆင်လည်း နှံ့စပ်တဲ့ ဘုန်းကြီးတစ်ဦးပါ။
လူသားစားတဲ့ နေရာ မှာလည်း ပြီးစလွယ် အလွယ် စားတာ မဟုတ်ပါဘူး။ ဂါတာ မန္တာယ် သူ့နေနံနဲ့ သူစားတာပါ …။အောင်မြင် သွားရင် တော့ သူ့အတွက် အရမ်းကို အကျိုးများစေမှာပါ။တချို့ကလည်း မြေမနင်းစားတယ်လို့ ဆိုပါတယ်
ယောက် တစ်ရာ ပြည့်ရင် မြေလျှိုး မိုးပျံ နိုင်တယ်လို့ ဆိုပါတယ်
နောက်ထပ်လူသား အနည်းငယ် စားပြီးတဲ့အခါမှာ သူရဲ့ကျင့်စဉ်က ပြီးမြောက်တော့မှာ ဖြစ်တဲ့အကြောင်း၊လူသားစားတဲ့ အခါ မှာလည်း နေ့သင့် နံသင့် သားတွေကို ရက်အလိုက်စားရတာဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ရက်က နေ့သင့်နံသင်
လူသားစားရန် လက်ကျန်မရှိတော့တဲ့အချိန်မှာ ကျောင်းကို လာနေကြ လူငယ်ဟာနေ့သင့် နံသင့် တာမို့ သတ်ရန်အကြံအစည် မရှိဘဲ သတ်ခိုင်းခဲ့တာဖြစ်ကြောင်းဖြောင့်ချက်ပေး ပြောဆိုသည်။


မူကွဲတခု

အခြားဒေသမှ လူသားစား သုံးခြင်းဆိုင်ရာ ဓါတ်ပုံအချို. - From Online

ဒီနေရာမှာ နောက်ထပ် မူကွဲ တခုကို တင်ပြပေးပါ့မယ် ဘုန်းကြီး ဦးလာဘရဲ့ အစီအစဉ်ဖြစ်တဲ့ စားဖို့အတွက် လူသေအသားတွေကိုသူ့ရဲ့ တပည့်က(မောင်ငယ်)က သင်္ချိုင်းမှာ လူသားရှာဖွေပေးရပါတယ်။ အစပိုင်းကတော့ သင်္ချိုင်းမှာ တူးယူ ရရှိပါတယ်နောက်ပိုင်း သင်္ချိုင်းမှာ တူးယူရတာအဆင်ပြေ တော့ ဘုန်းကြီး ကျောင်းဝင်းထဲကို လာတဲ့ သူကို ခုတ်ပြီးအသားကို ယူပြီး အချဉ်စိမ်ပြီး စားပါတယ်။ကျန် အရိုးတွေ ကိုတော့ မြေကြီးနက်နက်တူးပြီး ခြေရာ လက်ရာ ဖြောက်ကာမြုပ်နှံပစ်ပါတယ်
ပတ်ဝန်းကျင်ကလည်း တဖြေးဖြေး ရိပ်မိလာတော့ ကင်းဝပ်​​တွေ ချထားပါတယ်။ဤအကြောင်းကိုလည်းဦးလာဘ သိလေတော့ လူသားဘယ်မှာမှ မရတဲ့အဆုံး တပည်မောင်ငယ်ကို သတ်ဖို့ ကြံစည်ပါတော့တယ်မောင်ငယ်က လည်း အထာနပ် သူ ဖြစ်​​နေလေတော့ ကိုယ်​​တော့ အသေမခံနိုင်ဆိုပြီးရဲစခန်းကို သွားပြီး ဦးလာဘရဲ့ အကြောင်းကို ဖွင့်ချ တိုင်တန်းပါတယ်နောက်​​နေု့မှာပဲ ဦးလာဘကို ရဲတွေ ၀င်ဖမ်းပါတယ်။ လူသားစားပြီး သန်မာ လှတဲ့အတွက် မနဲ ရုန်းကန် နေတဲ့ကြားက ခက်ခက်ခဲခဲဖမ်းယူ ရပါတယ်

နောက်မူကွဲ

အခြားဒေသမှ လူသားစား သုံးခြင်းဆိုင်ရာ ဓါတ်ပုံအချို. - From Online


နောက်​​တော့ …အစိုးရ ထောက်လှမ်​​ရေးတွေက ရိပ်မိပြီး ကင်းဝပ် တွေ ချထားတာ ရိပ်မိလို့ ဦးလာဘက သူ့တပည့်ကို ပြန်သတ်စားဖို့ ကြံစည်ပါတယ်။ သူ့တပည့်က သူ့ကို မသတ်ခင် ရဲစခန်း မှာ ထွက်ချက်​​ပေးလို့ ၀င်ဖမ်တယ်လို့ ဆိုကြပါတယ်
နောက်​​တော့ မောင်ငယ်လည်ထောင်ကျ ။ ဦးလာဘ ကိုလည်သေဒဏ်ပေးတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေး အရှုပ်အရှင်းထဲမှာ လွတ်သွားတယ်လဲဆိုပါတယ်။လူဝတ်လဲစေကာ ထောင်အကျဉ်းချစေပြီးကြိုးမိန့် ( သို့ ) ကျားစာကျွေးတယ်လို့လည်းကြားဖူးပါတယ်
အပျင်းပြေဖတ်ရအောင် …လူသားစားဘုန်းကြီး ဦးလာဘအကြောင်းတင်ပေးလိုက်ပါတယ်။
ဦးလာဘ ကို ကြိုးမိန့်မချခင်မှာသူနောက်ဆုံးအနေနဲ့စကားတစ်ခွန်းပြောခဲ့ပါတယ်။
အဲဒါကတော့ လူသားက အရမ်ချိုပါတယ်တဲ့။အရပ်
ပြောစကားမူကွဲတွေ အများကြီးထဲကမှမှားခဲ့သည်ပါ ကလည်း မဆဲစေလိုပါ။
ကိုးကား – wikipedia
Thet_Tant_Tar_Yar


ဖြစ်ရပ်မှန်အတည်ပြုချက်( ၁ )

Chinese fetus soup

အဲ့ဒီအချိန်တုန်းကဦးနေဝင်းရဲ့အညိုအငြင်ကိုခံယူပြီးဦးလာဘကိုနှိမ်နင်းခဲ့သူကမြင်းခြံသားဗုဒ္ဓဘာသာစစ်
စစ်တောင်ဥက္ကလာပရဲစခန်းဒုလုံခြုံရေးမှူးကျနော့်အဒေါ်ယောက်ျားUAungKyaingပါ။ဦးလေးရဲ့
တွဲဖက်သူ့သူငယ်
ချင်းဒုလုံခြုံရေးမှူးဦးကျော်ခင်ကတော့မြို့နယ်မှူးဘဝနဲ့ကွယ်လွန်ခဲ့တာကြာပြီကြားပါတယ်။
ပထမဆုံးနေ့သတင်းစာတွေရဲ့မျက်နှာဖုံးမှာဦးအောင်ကြိုင်ကဦးလာဘကြီးကိုလက်ထိပ်ခတ်လျက်နဲ့ငမိုး
ရိပ်ချောင်းဘေး ကျောင်းဝန်းထဲမှာမိုးကျော်ရဲ့အလောင်းကိုပြန်ဖော်နေတဲ့ပုံကြီးပါလာ။
ဗုဒ္ဓဘာသာသိက္ခာကျတယ်မင်းတို့မရှက်ကြဘူးလားဆိုပြီးဦးနေဝင်းကြီးဆဲလို့နောက်နေ့ကျ သတင်းထည့်ခွင့်အပိတ်ခံလိုက်ရတယ်။ဘုန်းကြီးကျောင်း ချိတ်ပိတ်လိုက်တော့နေစရာမရှိတဲ့ ပလောင်ကိုရင်လေးနှစ်ပါးကိုကျနော့ဦးလေးနဲ့ အဒေါ်ခမျာခေတ္တစောင့်ရှောက်ထားလို့ကျနော့ညီ သူ့သား KoLay နဲ့ကစားဖက်တွေဖြစ်ခဲ့ကြသေးတယ်။
ဦးလာဘရဲ့ရှေ့နေကယခင်၅၅ဘားလမ်းကဓနုဖြူဦးစိုးမြင့်ပါ။သက်ရှိထင်ရှားတောင်ရှိသေးရဲ့လားမသိ
ပါဘူး။အဲ့ဒါလည်းသူ့ဖာသာ ဗေဒင်တွက်ပြီး နေ့နံသင့်ရွေးငှါးတာ။ဦးစိုးမြင့်ကိုငါဘယ်တော့မှ သေဒါဏ်မကျဘူး၊ခဏထောင်ကျပြီးလွတ်မှာမင်းရဲရဲတင်းတင်းသာလိုက်….တဲ့။တကယ်လဲ ထောင် ၅ နှစ်လောက်ကျပြီးလွတ်ငြိမ်းချမ်းသာနဲ့လွတ်သွားတာပါပဲ။မကြာပါဘူးဦးနေဝင်းလည်း ဦးအောင်ကြိုင်မွှေလို့သာသနာသန့်ရှင်းတည်တံ့လုပ်ရတော့တာပါပဲ။
Myo_Tint_Than

ဖြစ်ရပ်မှန်အတည်ပြုချက် (၂ )

ကျန်းမာရေးနှင့် လိင်ကိစ္စ အလို.ငှာစားသုံးကြသော ထို fetus soup တစ်ပွဲမှာ
$ 4000 ခန်.တန်သည်ဟုဆိုကြသည်

လူငယ်အရာရှိဘဝက မီလိုက်ပါတယ်။ဘုန်းကြီးကျောင်းနားက ချောင်းရိုးလေးထဲမှာခလေး လက်ချောင်းလေးတွေ …ခြေချောင်းနဲ့ခြေကျင်းဝတ်တွေမျောပါလာတာတွေ့ရလို့ နယ်မြေထလရအစီရင်ခံစာတွေတင်ပြဘူးပါတယ်။အဲ့နောက်သက်ဆိုင်ရာကရှောင်တခင်စီးနင်းရှာဖွေတော့
လူသားဟင်းတွေ၊အချဉ်သိပ်ထားတဲ့ခလေးအသားအိုးကြီးတွေတွေ့ရကြောင်း၊ခလေးတွေကိုဖမ်းဆီး
သတ်ဖြတ်စဉ်အသံဖျောက်တဲ့အနေနဲ့ရေဒီယိုကြီးကိုအသံကုန်ဖွင့်ထားလေ့ရှိကြောင်း၊သူ့ဇနီးကိုယ်တိုင်လဲ လူသားစားကြောင်းသိရပါတယ်။
ဗုဒ္ဓလမ်းလွဲပြီးလောကီလမ်းကိုအစွန်းရောက်သွားတာပါ။အင်းစိန်မှာDTSသင်တန်းတက်လို့ထောင်
ထဲလေ့လာရေးသွားတုန်းကသူကိုရုံးထုတ်တာတွေ့ဘူးပါတယ်။သူတို့နှစ်ယောက်လုံးအရပ်မြင့်မြင့်
ထွားထွားကြီးတွေပါ။ထောင်ဝင်စာလာတွေ့သူတွေဝိုင်းကြည့်တော့ဦးလာဘရဲ့ဇနီးက.
လက်ထိပ်နှစ်ဖက်ကိုပွတ်ရိုက်ပြီးဘာကြည့်နေကြတာလဲလို့အသံဟိန်းဟိန်းကြီးနဲအော်သလိုမျက်လုံးတွေက
လဲ အရောင်တလက်လက်နဲ့ပါ။ကိုယ်တိုင်သိတာလေး ဆက်စပ်မျှဝေပေးတာပါ။

Soe_Naing_Moe

Thadin Co