Saturday, October 27, 2012
ကျောင်းကြီးဆရာကန်တော.ပွဲ နှိုးဆော် ပန်ကြားလွှာ
ကျောင်းတက်ခဲ့ကြရသူ များအဖို. ပထမဆုံးမမေ.နိုင်သည်က မူလတန်းဘ၀ သူငယ်ချင်းများနှင်. ဆရာ..ဆရာမများ.....လောကတွင် ပထမဆုံးကြုံတွေ.ရသည်. သူစိမ်းများ ဖြစ်သော်လည်း အချို.မိသားစု ၀င်တို.ထက်ပင် စူးစူး နစ်နစ် သံယောဇဉ် ရှိ
တတ်ကြသည်....ထို.နောက်တော. ကာရံ မမှန်သော ရင်ခုန်သံအချို. စတင်ခဲ့ကြရာ....လွတ်လပ်မှုနှင်. စောင်.ထိန်နိုင်စွမ်းတို.ကို အချိုးတကျ မသုံးတတ်ကြသေးသော အထက်တန်းကျောင်းသား ဘ၀များနှင်. ထို ဟိုမရောက် ဒီမရောက် အခြေအနေ ရှိ အရေအတွက် အတော်များများကို ထိန်းကျောင်းသွန်သင် ပေးခဲ့ကြသော အလယ်တန်း..အထက်တန်း ကျောင်းသားဘ၀ ဆရာ..ဆရာမများ....တစ်နည်းအားဖြင်. စေတနာအပြည်.နှင်. မိသားစုဝင်တစ်ယောက်လို သဘောထားပြီးအမုန်းခံဆုံးမ ကြသော ကျောင်းသားဘ၀ နောက်ဆုံး ဆရာ..ဆရာမများ....ခုတော. သူတို.တွေက တစ်ချို. မရှိကြတော. ...တစ်ချို.က အိုမင်းမစွမ်း ...တစ်ချို.က....
ထို.ကြောင်.လည်း ဆရာကန်တော.ပွဲ ဆိုသော အခြားနိုင်ငံများတွင် သိပ်ရှိလေ. မရှိသည်. အလေ.အထ တစ်ခုက ဘာသာရေး..ယဉ်ကျေးမှု..ဓလေ.ထုံးစံ ဆိုသော အရာအားလုံးနှင်. စံနှုံး ကိုက်ညီစွာ ပြုလုပ်ကြမြဲ...ကျင်းပကြမြဲ...
ကျောင်းကြီးဆရာကန်တော.ပွဲက အတော်လေးတော. အရှိန်ရနေပြီဖြစ်သည်..Secluded Serene Avenue of WKA အနေဖြင်. ယခင်သူတို. လုပ်နေကျ အတိုင်းပင် Collector များမှ တစ်ဆင်. စုဆောင်းကာ အဖွဲ..အမည်နှင်.ပင် လှုဒါန်းဖို.ကြိုးစားနေသည်...  ပြည်တွင်း..ပြည်ပ မှ လှုဒါန်းလိုသူများအဖို. ရန်ကုန်ရှိ ဆရာကန်တော.ပွဲဖြစ်မြောက်ရေးကော်မတီ အလှုငွေ တာဝန်ခံ ဒေါက်တာ ဒေါ်အေးအေးမြင်. ဖုန်း 226718 /226946/226926 တို.သို.တိုက်ရိုက် လှုဒါန်းနိုင်ပါသည်...သို.မဟုတ် နယ်မြို.များမှ ရန်ကုန်ကို ဘဏ်အသုံးပြု ငွေလွှဲပို.လိုလျှင် လည်းကောင်း (၅၀၀၀ ခန်.မှစ၍ အဆင်ပြေစွာလွှဲနိုင်ပါသည်)...အခြားပြည်ပရောက်နေသူများ အနေဖြင်. လှုဒါန်းလိုလျှင်လည်းကောင်း SS Avenue of WKA မှ ကူညီပါမည်..ပေးပို.သူတို.၏ နာမည်နှင်. ကော်မတီထံ သွားရောက်လှုဒါန်းပေးပါမည်....SS Avenue of WKA ၏ Collector များ၏ Facebook Account ဖြစ်သော Ye Aung (၀ါးခယ်မ) https://www.facebook.com/ye.aung.75248?fref=ts .. MgKyisoe Tun (၀ါးခယ်မ )https://www.facebook.com/mgkyisoe.tun?fref=ts .. Hnin Wutyi Kyaing (စင်္ကာပူ) https://www.facebook.com/hnin.kyaing?fref=ts Brani Ko Ko (စင်္ကာပူ) https://www.facebook.com/branikoko?fref=ts Nway Wathan Lwin Naung (ရန်ကုန်)https://www.facebook.com/nway.lwinnaung?fref=ts Yamin Ko Lay (၇န်ကုန်) https://www.facebook.com/yamin.kolay?fref=ts   တို.ထံသို.လည်း ဆက်သွယ် နိုင်ပါသည်...ထိုက်ထိုက်တန်တန်လေး ဖြစ်စေချင်ကြသော အားလုံး၏ ဆန္ဒကို အားလုံးကူညီမှသာ အလိုအတိုင်းပြီးမြောက်အောင်မြင်နိုင်မည် ဖြစ်ပါသည်..၁၁ လပိုင်းလကုန်အပြီး အလှုငွေ ကောက်ခံမည်ဟု ကော်မတီမှ သိရပါသည်...တစ်ဆင်.စကား တစ်ဆင်.နားဆိုသလို ကျောင်းကြီးထွက် အပေါင်းအသင်းများအား ဆက်လက်ဖြန်.ဝေ ပေးပါရန်.........
ဆရာကန်တော.ပွဲ ဒုတိယအကြိမ် ညှိုနှိုင်းမှု (ရန်ကုန်)
၁၄-၁၀-၂၀၁၂ရက်နေ. နေ.လည်က ဆရာကန်တော.ပွဲအတွက် ဒုတိယအကြိမ် စုပေါင်း တိုင်ပင်ကြခြင်းကို ၂နာရီခွဲ လောက်မှာ AK pharmacy ဆေးဆိုင် မြေညီထပ်မှာ ပြုလုပ်ခဲ့ပါတယ်...တက်ရောက်လာကြသူတွေကိုတော. မုန်.
အချိုရည် စတာတွေနဲ. ဧည်.ခံခဲ့ပါတယ်...( စပွန်ဆာ ကတော. ဦးကျော်ဝင်းပါ )..အခမ်း အနား စစချင်း 
ဒေါက်တာအောင်နိုင်က (ဒီပွဲကျမှ စတက်တဲ့ သူတွေလည်း ပါတာမို.) ပြီးခဲ့တဲ့ တွေ.ဆုံပွဲလေးမှာ သဘောတူဆုံးဖြတ်ခဲ့ကြတာလေးတွေကို ပြန်ပြောပြပါတယ်....၁၉၇၃ ကနေ ၁၉၈၈ ကြား သင်ကြားခဲ့တဲ့ ပင်စင်စားဆရာကြီး ဆရာမကြီးတွေကို ကန်တော.မှာဖြစ်ကြောင်း ....ဒီလိုကန်တော.ရာမှာ ကျောင်းသားတွေကိုတော. နှစ်ပိုင်းခြား ကန်.သတ်ထားတာမျိုး မရှိပဲ ကျောင်းကြီးထွက် မည်သည်.နှစ် မည်သည်.ကျောင်းသားမဆို ပူးပေါင်းပါဝင် ကန်တော.နိုင်ကြောင်း ...စသည်ဖြင်.ပါ.....
ဒီနေ. ဆွေးနွေးပွဲလေးကိုတော. အကြမ်းအားဖြင်. ဆရာကြီး/ဆရာမကြီးများအတွက် Adress Book လိုမျိုး၇ိုက်ဖို. ...T - Shirt ရိုက်ဖို. ...မြို.မှာ ကြော်ငြာ ကပ်ဖို.ကိစ္စ ...အလှုငွေ ကောက်ခံဖို. ကိစ္စ...အထွေထွေ စသည်ဖြင်. ခေါင်းစဉ်လေးတွေ ချပေးပါတယ်...အဲ့ဒီနောက် ပထမဆုံး တစ်ဦးစီ ထမိတ်ဆက်ကြပါတယ်..Generation Gap ရှိနေတာမို. မိဘ နာမည်တွေပါ ထည်.မိတ်ဆက်ဖို. Request လုပ်ပါတယ်....ပထမ ထူးခြားမှု အနေနဲ.တော. ဒီနေ.ပွဲကို ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးစောမြသိန်း တက်ရောက်ခြင်းပါ....ဒုတိယ အနေနဲ.ကတော. တက်ရောက်လာသူ ၄၀ ခန်.မှာ သုံးပုံ တစ်ပုံလောက်က ဈေးရပ်ကွက်က ဖြစ်နေပါတယ်....စဆွေးနွေးကြတော. ဦးစောမြသိန်းက 
စကားအနည်းငယ်ပြောအပြီး ခေါင်းစဉ်အတိုင်း ဆက်ဆွေးနွေးကြပါတယ်
ဆွေးနွေး ကြတဲ. နေရာမှာတော. တကယ် စိတ်ပါအ လက်ပါနဲ. ဆွေးနွေး ကြတာမို. အချို.ခေါင်းစဉ်တွေမှာတော. အချိန်ယူပြီး အခြေအတင် ဆွေးနွေး ရတာတွေ ပါပါတယ်....နောက်တော. ဆုံးဖြတ်ချက်ချရမယ်. ကိစ္စမျိုးတွေမှာ တစ်သက်လုံးသုံးလာကြတဲ့ Manual System စစ်စစ်ဖြစ်တဲ. လက်ထောင်ဆန္ဒပြုခြင်း စနစ်ပဲ အသုံးပြုပြီး လူများစု သဘောထားကိုပဲ ရယူဆုံးဖြတ်ခဲ့ပါတယ်....
ပထမခေါင်းစဉ် နဲ.ပတ်သက်ပြီး အဲ.ဒီ မှာလုပ်မယ်.လိပ်စာ စာအုပ်ကို ကျောင်းသားတွေပါပေး..မပေး...ရောင်း..မရောင်း...မရောင်းဘူးဆိုရင် ဒိုင်ယာရီ လိုမျိုးနဲ.မတွဲပဲ AB သီးသန်. လုပ်ဖို. ..အပေါ်ဖုံးကို ကြွေစက္ကူ ဖုံး အတွင်းစာရွက်ကို ရိုးရိုးအသားနဲ. လုပ်ဖို.စတာတွေဆွေးနွေးပါတယ်.ဒေါက်တာအောင်နိုင်က ဓလေ.အရ ဒိုင်ယာရီရေးမှု အားနည်းတာကြောင်. ဒိုင်ယာရီနဲ. မတွဲဖို.ပြောပါတယ်..အဲ.ဒီမှာတစ်ယောက်က ပင်စင်စား တွေသာမကပဲ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဆရာ..ဆရာမတွေပါ ထည်.ဖို.ကိစ္စနဲ.ပတ်သက်လို.တော.  
ဒေါက်တာအောင်နိုင်က လောလောဆယ် အစီစဉ်
မရှိသေးကြောင်းပြောပါတယ်....ကိုမင်းထွဋ်အောင်ကတော. ဒိ Data တွေ နဲ.ပတ်သက်လို. နောင်အစဉ်အဆက် လုပ်နိုင်အောင် (သို.) လုပ်မယ်.သူတွေလွှဲနိုင်အောင် Data Recorder ထားဖို.ဆွေးနွေးပါတယ်...အဲ့ဒိဆွေးနွေးမှုတွေမှာ အဓိက ဒေါက်တာအောင်နိုင်..ကိုကြည်စင်..ကိုနေ၀င်း..ကိုအောင်ကြီး..ကိုဇော်လင်း တို.အဓိက ဆွေးနွေးကြပါတယ်..ကိုဇော်လင်းက အလှုရှင်စာရင်း...စာရင်းရှင်းတမ်း...ဆရာ..ဆရာမလိပ်စာ...စတာတွေတွဲပြီး တက်လာမယ်.ကျောင်းသားတွေ ဝေဖို.ပြောပေမယ်. .ဆရာ..ဆရာမလိပ်စာ...ဝေဖို.လောက်ပဲ စီစဉ်ဖြစ်ပါတယ်..ကိုအောင်ကြီးက ဝေမယ်.စာရွက် ကောင်းကောင်းလုပ်ဖို. သာမာန်စာရွက်ဆို ဂရုမထားမှာ ဆိုတော.ကိစ္စနဲ.တော. ကျန်သူတွေက ကိုယ်တိုင်ရဲ. တန်ဖိုးထားမှုပေါ်မှာပဲ 
မူတည်ကြောင်းပြောဖြစ်ကြပါတယ်...နောက်ဆုံးတော. ဒီအတွက် သီးခြား ကော်မတီ တစ်ရပ်ဖွဲ.ပြီး အဲဒီကော်မတီကသာ ဆက်လက်ဆောင်ရွက်ဖိုနဲ. အဲ့ဒီအတွက် ၇န်ပုံငွေ ၂သိန်းချထားပေးမှာဖြစ်ကြောင်း ဆုံးဖြတ်ပါတယ်...အဲဒီကော်မတီမှာ ကိုကြည်စင်....ကိုမင်းထွဋ်အောင်...ကိုနေ၀င်း..ကိုမိုးဇော်..ကိုအောင်ကြိး..ကိုဇော်လင်း စတာတို.ပါမှာဖြစ်ပြီ့း န်တော.မယ်. ဆရာ ထက်ဝက်လောက် (ခန်.မှန်း ၃၉ ယောက်) ကရန်ကုန်မှာ ရှိနေပြီး ကန်အတော်များများကတော. နယ်မှာရှိနေတာပါ..ဒိဆရာ...ဆရာမတွေရဲ. လိပ်စအမှန် ရဖို.ကအစ တာဝန်ယူရမှာပါ.....
T-Shirt ကိစ္စကတော. ဒေါက်တာ အောင်နိုင်က ၂၀၀၀ ၀န်းကျင်လောက်နဲ.၇မယ်. အထည် ၃၀၀ လောက်အမှတ်တရ ရိုက်ဖို.စဆွေးနွေးပါတယ်...အဲဒီမှာ ဆရာ..ဆရာမတွေကိုအမှတ်တရပေး ကျန်ကျောင်းသားတွေက ၀ယ်ဝတ်ဖို. ညှိုကြတော. ကိုနေ၀င်းက အကုန်အလကားပေးဖို.ထိဝင်ဆွေးနွေးပေမယ်. ငွေကြေးအရ မဖြစ်နိုင်တာကြောင်. လက်မခံခဲ့ပါဘူး....ကိုဇော်လင်းက ဆရာကန်တော.ပွဲ ညမှာ လုပ်မယ်. Dinner အမှီသာ ရမယ်ဆို ရောင်းဖို.လုပ်မယ် အမှတ်တရ အဲဒီညမှာ 
တူညီဝယ်ဝတ်ကြမယ်ဆိုတာမျိုးဆွေးနွေးပါတယ်..ကိုအောင်ကြီးက T-Shirt က အသက်ကြီး ဆရာ..ဆရာမတွေနဲ. အဆင်မပြေကြောင်းပြောကြရင်နဲ. ထုံးစံအတိုင်း လက်ထောင်သဘောထား ရယူရာမှာ အားလုံးနီးပါးက Sport-Shirt သာလုပ်ဖို.သဘောတူကြပါတယ်...ကိုဇော်လင်းကတော. ပိုက်ဆံ၆၀၀၀ လောက်သုံးမယ်ဆိုရင်တော.အသားကောင်းကောင်း ချည်ထိုးနဲ. လူရာသူရာဝင်မယ်. အကျီင်္မျိုးလေးရနိုင်ကြောင်းဆွေးနွေးပါတယ်...ဒေါက်တာအောင်နိုင် က တန်ဖိုးတစ်ချက်စဉ်းစားဖို. အားလုံးဝယ်နိုင်မယ်.အခြေအနေမျိုးဖြစ်ဖို.ပြောပါတယ်...ဒါလည်းပဲ နောက်ဆုံးတော. ကော်မတီ တစ်ရပ်ဖွဲ.ပြီး အဲ့ဒီကော်မတီ လက်ထဲ အပ်လိုက်ပါတယ်....အဲဒီမှာတော. ကိုဇော်လေး..ကိုစိုးအောင်...ကိုမြင်.လွင်နဲ. ဒေါ်အေးအေးမြင်.တို. က တာဝန်ယူရမှာပါ
အလှုငွေ ကောက်ခံဖို. ကိစ္စမှာတော. အစီစဉ် တစ်ခုလုံးအတွက် ခန်.မှန်း ကုန်ကျစရိတ်ကို သိန်း ၄၀၀ ခန်.မှန်းထားပြီး လက်ရှိ ကောက်ခံရရှိငွေ သိန်း ၂၅၀ ခန်.သာရသေးတာကြောင်. သိန်း၁၅၀ ခန်. လိုအပ်နေသေးကြောင်း ဒေါက်တာအောင်နိုင်က ရှင်းပြပါတယ်...အလှုငွေ နောက်ဆုံး လက်ခ့မယ်.ရက်ကို ယာယီအားဖြင်. ၁၁လပိုင်း လကုန်လို.သတ်မှတ်ပါတယ်....အလှုငွေကို ကောက်ခံနေသူတွေဆီမှာထည်.လို.ရနေပြီး အဆက်အသွယ်မရရင်တော. ဒေါက်တာဒေါ်အေးအေးမြင်. ဆီကို ဆက်သွယ်လှုဒါန်းလို.ရပါတယ်... တိုက်ရိုက်ဆက်သွယ် လှုဒါန်းမယ်ဆိုရင် ဒေါက်တာ ဒေါ်အေးအေးမြင်. AK Pharmacy 414 ကမ်းနားလမ်း၊လသာ ဖုန်း 226718 /226946/226926 ကို ဆက်သွယ်လို.ရပါတယ်...သိကြမှာပါ ဦးအာဝါးရဲ. သမီးပါ
အဆုံးသတ်မှာတော. နောက်တစ်ကြိမ် အစည်းအဝေးမှာ ဆွေးနွေးမယ်.ခေါင်းစဉ်တွေအနေနဲ. ကြိုဆိုဧည်.ခံနေရာချထားေ၇း..သယ်ယူပို.ဆောင်ရေး အပါအ၀င်လိုအပ်တာတွေ ဆွေးနွေးဖို.သဘောတူခဲ့ကြပါတယ်
ခုအောက်မှာဖော်ပြထားတဲ. စာရင်းကတော. ကန်တော.ပွဲမှာ ထည်.သွင်းကန်တော.မည်. ဆရာကြီး..ဆရာမကြီးများနှင်. စုံစမ်းရရှိသမျှ သူတို.၏ လိပ်စာများပဲဖြစ်ပါတယ်
ဆရာကန်တော.ပွဲ ပထမအကြိမ်တွေ.ဆုံ ညှိုနှိုင်းခြင်း  ( ရန်ကုန်)
  ကျေးဇူးတရား၏ တန်ဖိုးကို နက်ရှိုင်းစွာ နားလည်တတ်သူတို.သည် ထိုကျေးဇူးတို.အပေါ် မဖြစ်မနေ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသည်ဟု ခံယူကြမြဲဖြစ်သည်....
ဝါးခယ်မ အ-ထ-က (၁) ကျောင်းကြီး ဆရာကန်တော.ပွဲ အတွက် တွေ.ဆုံညှိနှိုင်းပွဲကို စက်တင်ဘာ ၂ ရက်နေ. မနက် က ကန်တော်ကြီး ရှိ White Rice ဆိုင်လေးတွင် ကျင်းပခဲ့ပါသည်.....တက်ရောက်သူ ၅၀ 
ခန်. ရှိခဲ့ပြီး မူလက စီစဉ်ခဲ့သည်. ၁၉၇၃ မှ ၁၉၈၈ ထိ တက္ကသိုလ် ၀င်တန်း တက်ရောက်ခဲ့သူများအပြင် ၁၉၉၁ မှကျောင်းသားအချို.ပါ တက်ရောက်ခဲ.သည်...အစည်းအဝေးဆိုသည်ထက် Tea Party Style လွတ်လွတ်လပ်လပ် ပြောဆို ညှိုနှိုင်း တိုင်ပင်ကြသည်.ပုံစံမျိုးဖြစ်သည်...
အခမ်းအနား ဦးဆောင်သူအဖြစ် ဒေါက်တာ အောင်နိုင်မှ ဆောင်ရွက်ခဲ့ပါ သည်...ပထမဆုံးအနေဖြင်. တက်ရောက်သူ တစ်ဦးချင်း ၁၀ တန်း တက်ရောက်သောနှစ် နဲ.တွဲပြီး ကိုယ်တိုင်မိတ်ဆက်ကြသည်.....ထို.နောက် ဒေါက်တာအောင်နိုင်မှဆရာကန်တော.ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်..... ကိုမြင်.လွင်က ဆရာကန်တော.ပွဲအတွက် သိန်း ၅၀၀ ခန်. ရရှိနိုင်ရန်မျှော်မှန်းထားကြောင်း..ကန်တော.ခံ ဆရာ/ဆရာမများ အား ၅သိန်းခန်.အထိ ကန်တော.နိုင်ရန် ရည်မှန်းထားကြောင်း...ကန်တော.ပွဲမှ ပိုငွေများကို ကျောင်းပြုပြင်ထိမ်းသိမ်း ရေးသုံးစွဲရန် စီစဉ်နေကြောင်း...ကျောင်းရေအိမ် ကြွေကမုတ်များ (ယခုစာသင်နှစ်အမှီ )လဲလှယ်ခဲ့ရာတွင် မေတ္တာမွန်မှ 
ကိုနေလင်းက အဓိက တာဝန်ယူခဲ့ကြောင်း...ရတနာဆောင် ခန်းမဘေး ရေချိုးခန်း..အိမ်သာ..ကျောင်းပင်မဆောင်မြှင်.ခြင်း..ပြင်ဆင်ခြင်းတို.ကို ၀န်ကြီးဌာန ပံ.ပိုးငွေ...ဦးကိုကိုလေး လှုဒါန်းမှု...ကျောင်းအရေးအရာဆောင်ရွက်နေသော သူငယ်ချင်းများစုပေါင်းတာဝန်ယူပြင်ဆင်ခဲ့ရခြင်းများအကြောင်း...စာကြည်.တိုက်ဆိုလျှင်လည်း မိုးမလုံသောကြောင်.ပြင်ဆင်ရန် လိုအပ်နေခြင်းများရှိကြောင်း...စသည်ဖြင်. ရှင်းလင်းပြောကြားသွားပါသည်... ထို.နောက် ကိုစိုးလင်း((၁၉၈၂-၈၃) မှလုပ်ငန်းလက်ရှိ ဆောင်ရွက်နေသော data ပိုင်းဆိုင်ရာ အသေးစိပ်သိလိုသည်များ နှင်.ပတ်သက် ပြီး မေးမြန်း ရာ ဒေါက်တာအောင်နိုင် မှ ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပါသည်..
ကိုသိန်းဌေး အပါအ၀င် တက်ရောက်လာသူများမှမေးမြန်း...သက်ဆိုင်သူများက ပြန်လည်ပြောကြား နှင်.တော. တကယ်.ဆွေးနွေးပွဲကြီး တစ်ခုသဖွယ်ဖြစ်ခဲ့ပါသည်.. .... ထို.အပြင် ကျောင်းသားကြီး များနှင်. ကျောင်းသားအငယ်များ အဓိက ဆွေးနွေးဖြစ်သည်မှာ....ဆရာကန်တော.ပွဲ ကြော်ငြာတွင် ၁၉၈၈ နောက်ပိုင်း ကျောင်းသားများနှင်.မဆိုင်သလိုဖြစ်နေ သောကိစ္စ ဖြစ်သည်...အကြီးပိုင်းကတော. နှစ်များလျှင် အရပ်ရပ်ဆိုင်ရာ လိုအပ်မှုများပေါ်လာနိုင်ကြောင်း...ထို.အပြင် သူငယ်ချင်းအချင်းချင်း ပြန်ကန်တော.ရမည်.ကိစ္စမျိုးမှအစ(ဆိုလိုသည်က သူတို.သူငယ်ချင်းများသည် ၁၉၈၈နောက်ပိုင်း ဆရာဖြစ်နေသူများရှိရာ ထိုသူတို.ကိစ္စ)သူတို.ဘက်အခြေအနေများကို ပွင်.ပွင်.လင်းလင်း ဆွေးနွေးသကဲ့သို. ကျောင်းသားအငယ်များ ဘက်ကလည်း သီးခြားထပ်တိုး 
ကန်တော.ချင်တဲ.ဆရာမျိုးထပ်ထည်.ပေးဖို.ပြောခြင်းမျိုးမဟုတ်ပဲ ယခုပြုစုထားသော.ဆရာစာရင်းအတိုင်းပါဝင်ကန်တော.လိုချင်းသာဖြစ်ကြောင်း.... ကျောင်းသား အငယ်များနှင်.ကိုမြင်.လွင် အပါအ၀င် ကျောင်းသားကြီးများ ညှိုနှိုင်းတိုင်ပင်ပြီး နောက်... နောက်တစ်ကြိမ်ကြော်ငြာထည်.လျှင် အထက ၁ မှ မည်သည်.ကျောင်းသားမဆို ပါဝင်ကန်တော.နိုင်ကြောင်း ထည်.ဖို.သဘောတူခဲ့ကြသည်.....ထို.အပြင် ပြောဆိုရှင်းလင်းမှုအချို.ကို အကျဉ်းပြောရလျှင် သက်ဆိုင်ရာ ကိုယ်.နှစ်အလိုက် နှစ်တာဝန်ခံများကလူ...လိပ်စာ..ဖုန်းနံပါတ် ကိုယ်.ဘာသာရှာရန် ...လောလောဆယ် ယခုနှစ် ကန်တော.ပွဲအခြေအနေကိုကြည်.ပြီးမှသာ နောင်ကို နှစ်စဉ် (သို.) ၂နှစ်ခြား(သို.)၃နှစ်ခြား(သို.)၅နှစ်ခြား လုပ်မည် ကို ဆုံးဖြတ်မှာဖြစ်ကြောင်း... စသည်တို.ဖြစ်သည်..
ထို.နောက် တက်ရောက်လာသူများဆီမှ လှုဒါန်းနိုင် မည်. ငွေ ...အဆိုပြု ရန်တောင်းခံပါသည်..... ...ငွေကြေးတတ်နိုင်ကြသူများ၏ .စေတနာကြောင်. ထိုနေ. အဆိုပြု ပမာဏ ငွေ သိန်း ၁၁၀ နှင်. ၁၅၀ ကြား ရရှိခဲ့ပါသည်... ထို.နောက်ရန်ကုန်ဘက်မှာ လိုအပ်သည်များ လုပ်ကိုင်နိုင်ရန် ကော်မတီ တစ်ခုဖွဲ.ရန်ကိစ္စကို ကိုနေ၀င်းနဲ. ဒေါက်တာအောင်နိုင်တို.မှဆွေးနွေးကြပြီး နှစ်အလိုက် ခန်.မှန်းလူဦးရေ ၃၀ ခန်ဖြင်..ဖွဲ.စည်းခဲ့ သည်...... အချင်းချင်း အလွတ်သဘောပြောဆိုမှုများတွင်တော. 
သတင်းဖြန်.ဝေမှုပိုင်းနှင်. အချင်းချင်းချိတ်ဆက် ဆောင်ရွက်မှုပိုင်း ယခုထက်ပို၍ပီပြင်ရန်လိုအပ်ကြောင်းကတော. အဓိက ဖြစ်ခဲ့ပါသည်.... ထို.နောက်နှစ်အလိုက် တာဝန်ခံများကို အလှုခံဖြတ်ပိုင်းများ ပေးအပ်ပြီး၁၁နာရီ ခန်.တွင်. တွေ.ဆိုညှိုနှိင်းမှုများ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါ သည်..... ယခုအခမ်းအနားကုန်ကျစရိတ်များကို တက်ရောက်လာသူများ၏ ထည်.၀င်ငွေအချို.နှင်. ပွဲစီစဉ်သူတို.က ကျခံခဲ့ကြပါသည်.......
.ဆရာကန်တော.ပွဲ ရက်ကိုမူယခုချိန်ထိဆုံးဖြတ်ထားချက်အရ ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက် တနင်္ဂနွေ ဟုလျာထား ကြောင်းသိရပါသည်.........
ကျောင်းကြိး ... အ-ထ-က ( ၁ ) ၀ါးခယ်မ
ဆရာကန်တော.ပွဲ ကြေငြာခြင်း
ဝါးခယ်မမှာအရင်ကတော.အနောက်ပိုင်း ကျောင်းကြီးဆိုပြီး အထက်တန်းကျောင်းတစ်ကျောင်းပဲရှိပါတယ်  တကယ်.တရားဝင်အခေါ်ကတော.  အ-ထ-က ၁ .၀ါးခယ်မ... လို.ပဲခေါ်ကြပါတယ်...တကယ်တော. ဒီကျောင်းဟာ ဟာ ဧရာဝတီတိုင်းထဲမှာ ရှိတဲ.အကြီးဆုံးကျောင်းစာရင်းဝင် .....သက်တမ်းအရှည်ဆုံး (နှစ်၁၁၀ ခန်.ရှိပါပြီ) ကျောင်း ....အထက်တန်းကျောင်းစာကြည်.တိုက်ထဲမှ
ာ စာအုပ်အပြည်.စုံဆုံး .... ကျောင်းသားဦးရေ အများဆုံးကျောင်းတစ်ကျောင်း အဆောက်အဦးပိုင်းမှာလည်း သိပ်မနည်းတဲ.ကျောင်း ( ၂ထပ်အဆောက်အဦး ၄ တစ်ထပ်အဆောက်ဦး ခန်းမကျယ်အပါအ၀င် ၁၃ ခန်.) ခန်.ထည်ကျယ်ဝန်းပြည်.စုံသောဆိုတဲ့အထဲမှာပါတဲ့ကျောင်းတစ်ကျောင်းပါ..ကျောင်းရဲ.ဆရာကန်တော.ပွဲကို အားလုံးစုလုပ်လေ.ရှိသလိုနှစ်အလိုက်လဲခွဲခြားလုပ်လေ.ရှိပါတယ် ..ခုတော. ၁၉၇၀ ကနေ ၁၉၈၈ အတွင်း တက္ကသိုလ်ဝင်တန်း (၁၀တန်း) တက်ေ၇ာက်သင်ယူခဲ့ကြတဲ့ ကျောင်းသားကျောင်းသူ ဟောင်းတွေစုပြီး အငြိမ်းစား ဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော.ပွဲနှင်. သူငယ်ချင်းဟောင်းများ ပြန်လည်ဆုံတွေ.ပွဲ လုပ်ပါမယ်တဲ့ လောလောဆယ် ရည်မှန်းထားတဲ့ရက်ကတော. ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်ပါ ကျောင်းသား ကျောင်းသူ ဟောင်းများအနေနဲ.တော.အလှုငွေများကို အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်လှုဒါန်းနိုင်ပါတယ်တဲ့ခင်ဗျာ ဒါကတော. နှစ်အလိုက်တာဝန်ယူပေးနေကြသူတွေပါ ဘယ်သူ.ကိုမဆို ဆက်သွယ်လှုဒါန်းလို.ရပါတယ်...နီးစပ်ရာသူငယ်ချင်းများကိုလည်း တစ်ဆင်. လက်တို.လိုက်ကြပါခင်ဗျာ..အသေးစိပ်သိချင်ရင်လည်း အဲဒီပုဂ္ဂိုလ်များထံဆက်သွယ်စုံစမ်းနိုင်ပါတယ်
ကိုသောင်းညွန်. ၀၉ ၈၅၃၇၅၆၉ ကိုမျိုးအောင် ၀၉ ၅၀၁၄၇၁၁ ဒေါက်တာသက်ရှည်
၀၉ ၈၆၀၀၃၇၂ ဒေါ်ခင်မိမိ ၀၉ ၈၅၃၇၄၃၅ ကိုစိုးနိုင်ဦး ၀၉ ၈၅၃၇၅၉၆ ဒေါက်တာအေးအေးမြင်.၀၉ ၅၀၀၆၈၅၂ မအေးအေးခိုင် ၀၁ ၂၂၁၈၂၃ ကိုဝင်းဌေး
၀၉ ၈၅၃၇၄၁၆ ကိုမြင်.ဆွေ ၀၉ ၅၀၀၉၇၃၇ ကိုတင်ဦး ၀၉ ၈၅၃၇၃၁၈ ကိုမင်းထွဋ်အောင် ၀၉ ၅၁၃၄၈၉၂ ကိုဇော်ထွန်းဝင်း ၀၄၂ ၆၀၂၀၆ ကိုခင်မောင်ဦး
၀၉ ၅၁၈၉၄၅၄ မချိုချိုလှိုင် ၀၄၂ ၆၀၄၁၃ ကိုမင်းဇော်(ဇော်လေး) ၀၉ ၅၀၀၅၀၉၅
မခိုင်ခိုင် ၀၉ ၈၅၃၇၆၀၀ ကိုစိုးအောင် ၀၉ ၈၅၃၇၃၅၅ မအေးမြင်.သန်း
၀၉ ၈၅၃၇၂၉၇ ကိုညိုလွင်ဦး ၀၉ ၈၅၃၇၂၃၄ ကိုစိုးလင်းထွန်း ၀၉ ၅၁၃၃၄၃၅
မမိုးမိုးအောင် ၀၉ ၈၅၃၇၄၈၅ ကိုသန်.ဇင် ၀၉ ၈၅၃၇၅၈၈ ကိုဇော်လင်း
၀၉ ၅၁၃၁၉၆၄
Friday, October 19, 2012
ရွှေတိဂုံ ဘုရားပေါ်က ၀ါးခယ်မ အငွေ.အသက် တစ်ချို.
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို.၏ ဂုဏ်ယူဖွယ်ရာ အမြတ်တနိုး တန်ဖိုးထားဖွယ်ရာဖြစ်သော ရွှေတိဂုံ စေတီတော် မြတ်ကြီးတွင်လည်း မြို.လေး၏ အငွေ.အသက် တစ်ချို. တွေ.မြင်နိုင်ပါသည်....
ယခုကဲ့သို. ၀ါတွင်းကာလ မျာ...
းတွင် မြန်မာနိုင်ငံ ရှိ မြို.ကြီးများ၏ နာမည်ကြီး ဘုရားစေတီကြီးများတွင် ဥပုသ်နေ.တိုင်း တရားပွဲများကို ကျင်းပကြပါသည်..ပဲခူးကဲ့သို.မြို.မျိုးရှိ ရွှေမော်ဠော စေတီတွင်ပင် ဥပုသ်နေ.တိုင်း တရားပွဲ ၂ပွဲ ၃ ပွဲခန်. ရှိနေတတ်ပြီး ရွှေတိဂုံ စေတီကြီးတွင်မူ တရားပွဲ ၂၀ ခန်.ထိ ရှိနေတတ်ပါသည်....ထိုအထဲတွင်မှ ၀ါးခယ်မဖွား ဆရာတော် တစ်ပါးဖြစ်သည်. မိမိဘွဲ.တော်နောက်တွင် မိမိဇာတိကို အမြတ်တနိုးတွဲယူဘွဲ.ခံထားသော ကြာနီကန်ဆရာတော်ဘုရား ၏ဟောပုံဟောနည်း လေယူလေသိမ်း နှင်.တူအောင်ဟောလေ.ရှိပြီး 
ကြာနီကန်ဆရာတော ၏ အခွေ များမှတစ်ဆင်. ကြားဆရာအဖြစ်ထားပြီး သင်ယူခဲ့ပါ သည်ဆိုသည်.ဲ့ ကြာနီကန် ဆရာတော် ဦးရေ၀တ (၀ါးခယ်မ)...(ယခင်ကြာညိုကန် ဆရာတော်) ၏ တရားပွဲများကို ၀ါတွင်းကာလ ဥပုသ်နေ.တိုင်း ရန်ကုန်ဆန်လှုအသင်းတန်ဆောင်း (ရခိုင်တန်ဆောင်းနှင်. အနောက်ဘက်စောင်းတန်းကြား) မှာ ပြုလုပ်ကျင်းပနေပါ သည်...ကိုယ်.မြို.သား ဘုန်းကြီးမှ နာရတာ ပိုပီတိဖြစ်တယ် ဆိုသူများအတွက်တော. ရေကန်အသင်. ကြာအသင်. အခြေအနေများပင်..
      ထို.အပြင် ဂုဏ်ယူဖွယ်ရာ တစ်ခုက အနောက်ဖက်စောင်းတန်း (စက်လှေကားမုခ်) ၏ 
 ထိပ်ဆုံးတွင်တွေ.ရပါသေးသည်...ထိုစောင်းတန်းထိပ် ဘယ်ညာ အခန်းကျယ်၏ အလှုရှင်မှာ 
  ယူဆရပါသည်..အလှုရှင်သည် မိမိရွာ မိမိမြို. နာမည်ကို ဂုဏ်ယူစွာ ဖော်ပြထားရုံမက 
ကဗ္ဗည်းကျောက်ပြားကိုပင် ၀ါးခယ်မသား ပညာရှင် လက်ရာဖြင်. ထွင်းထု ထားခြင်းက မိမိမြို.ကို အဘယ်မျှ 
တန်ဖိုးထားကြောင်းပေါ်လွင်နေသည်
ကမ္ဘာ့ အသန်မာဆုံး တိရစ္ဆာန် (မသေတတ်သော သတ္တဝါ)
 ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်ကတော့ ရေဝက်ဝံ (Water Bear) အမည်ရ ပိုးကောင် ဖြစ်ပါတယ်။ သူ့ကို Tardigrade လို့လည်း ခေါ်ပါတယ်။
အရွယ်အစားကတော့ မီလီမီတာ အတိုင်းအတာသာရှိပြီး အလွန်သေး ငယ်ပါတယ်။ ထူးခြားချက်ကတော့ သေပြီးရင် ပြန် ရှင်နိုင်ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်းပါတယ် ဆိုတဲ့ နေရာဒေသတွေမှာတောင် အသက်ရှင် နေထိုင်နိုင်ပါတယ်။
အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ ၁ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။ ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ Pressure တောင် ခံနိုင်ရည် ရှိပါတယ်။ အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။
ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။ water bear ဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။
water bear ကို နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်။ ပင်လယ်၊ ရေခဲပြင်အောက်၊ ကန္တာရ၊ ဟိမဝန္တာ- ရာသီစုံ၊ အပူချိန်စုံ ခံနိုင်ရည်ရှိပြီး နေရာအနှံ့မှာ နေထိုင်ပါတယ်။ ရေညှိမှာလည်း စုဖွဲ့ပြီး နေတတ်ပါတယ်။
ဒါတောင် ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန် လည် ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်တို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။
----
Ref:wikipeida
@ International News for Myanmar bs
ကလေးအဖေဘယ်သူလဲ
 ၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဟာ သားသမီးလိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေလို့ ကလေးမရနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကလေးလိုချင်၊ ဇနီးဖြစ်သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။
ယင်းအလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။သားသမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလိုလုပ်တာကို မကြိုက်ပေမယ့် “ငါဒီအလုပ်တွေ မလုပ်ချင်ပါဘူးမိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ်သက်တမ်း ၆ လ အတွင်း တပတ်သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ်နဲ့ ၆ လသာ ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှမယ်လေး ကိုယ်ဝန်မရခဲ့ပါ။
ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျားက စိတ်ဆိုးပြီး တရားစွဲခဲ့ပါတယ်။ Frank Maus ကလည်း သူ "စွမ်းသလောက် ကြိုးစားမယ်လို့ပဲပြောခဲ့တာ... ကလေးရစေ့ရမယ်လို့ အာမ မခံခဲ့ဘူး" ဆိုပြီး အေးအေးဆေးဆေး တရား ရင်ဆိုင်ခဲ့ပါတယ်။
ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။
သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက ဘယ်သူပါလဲ။ 
Ref:islandmix.com  
@International news for Myanmar