Saturday, September 9, 2017

ဝါးခယ်မ ဆိပ်ကမ်း စုစည်းမှု ( ၁ )








ဆိပ်ကမ်း ( ၁ )

ပုလဲ နားကဆိပ်ကမ်းမှာဗုံးပေါက်သလို
ကျွန်တော့်ရင်တွေခုန်ခဲ့တုန်းဆီက
အုန်းအုန်း ကျွက်ကျွက်ဖြစ်ဖူးတယ်
ခုတော့
ဆိပ်ကမ်းနားကပုလဲလည်းမရှိတော့။
ရင်ခုန်သံတွေလည်းပြာတွေလိုလွင့်ခဲ့
ကြာပြီဆိုတော့လေ။
အသက်ကြီးရင်နည်းနည်းတော့ ဝ လာကြသူများပါတယ်။

ဆိပ်ကမ်း ( ၂ )



ဝါးခယ်မဆိပ်ကမ်းပေါ်မှာကုတို့ဆိပ်
တော်တော်များများရှိတယ်။
အနောက်မှအရှေ့ ရေတွက်ရင်
နံပါတ်တစ်ကုတို့ဆိပ်က
မြသဒ္ဓိကုတို့ဆိပ်လို့ထင်တယ်။
နံပါတ်နှစ် ကတော့သံကြိုးတိုင်ကုတို့ဆိပ်ဖြစ်တယ်။
အဲဒီကနေတစ်ဖက်ကမ်းကူးရင်
သော်ကရပ်ကွက်ပေါ့။
သော်ကရပ်ကွက်ကနေ
သော်ကစေတီဆီဖူးမြော်ရန်သွားရောက်ရာ
ကွန်ကရစ်လမ်းလေးရဲ့တစ်ဖက်တစ်ချက်မှာ
သော်ကပင်တွေ တန်းပြီးစိုက်ချင်လိုက်တာ။
နောင်ကာလကျရင်ခုတ်ပစ်မယ့်
သူတွေမပေါ်ပါစေနဲ့လို့ဆုတောင်းရင်းနဲ့ပေါ့။

ဆိပ်ကမ်း ( ၃ )


သော်က စေတီဟာ
ကွင်းပြင်စိမ်းစိမ်းရဲ့စပါးပင်ယိမ်းနွဲ့နွဲ့ အလယ်မှာ
ကြည်ညို ဖွယ်ကောင်းစွာသပ္ပါယ်နေတယ်။
ချစ်သူနှစ်ဦးအတူမဖူးရဆိုတာဖူးခဲ့မိလို့လားမသိ။
ပေါင်းဖက်ပြီး တစ်ဆယ့်ရှစ်နှစ်အကြာ
သေကွဲကွဲခဲ့ရတယ်။
ဒါနဲ့
ဝါးခယ်မဆိပ်ကမ်းနဖူးမှာထိုင်ပြီး
ဗေဒါတွေစုန်ဆန်မျောတာကြည့်နေမိတော့တယ်။

ဆိပ်ကမ်း ( ၄ )


ဝါးခယ်မဆိပ်ကမ်းမှာ
ကျောက်ဖောင်ဆိပ်ဆိုတာရှိတယ်။
ဈေးကြီးကို မေးတင်ထားတဲ့ ဆိပ်ကမ်းပေါ့ ။
မကြာသေးခင်ကမှ
ပြန်လည်တူးဖော်ခဲ့သော
ဈေးချောင်းလေးရဲ့အဝင်ဝနဲ့နီးတယ်။
မနက်လင်းရင်
လက်လှော်လှေကလေးတွေ
ပြုံ ခဲနေအောင်ဆိုက်ကပ်နေတယ်။ အတိတ်တုန်းဆီက
ကြက်တညင်မုန့်ဟင်းခါးတစ်ဆယ်သားစားပြီး
အဲဒီ့ကျောက်ဖောင်ဆိပ်မှာ
ဈေးကွဲချိန်လှေတွေပြန်ထွက်သွားချိန်အထိ
ထိုင်ကြည့်နေခဲ့ဖူးတယ်။
ဒါဟာလည်း
ဝါးခယ်မဆိပ်ကမ်းရဲ့ ကဗျာတစ်ပုဒ်ပါဘဲ။

ဆိပ်ကမ်း ( ၅ )



ဝါးခယ်မမြို့သား
မြန်မာပြည်ရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သော
ဦးနု ဆယ်တန်းအောင်စဉ်အခါက
သူ့ဖခင်က
ကြက်သားကလျာဏီဟင်းချက်ပြီး
အခြားလူတော်တော်များများဖိတ်ခေါ်ပြီး
ဂုဏ်ပြု ထမင်းစားပွဲဖြင့်ဧည့်ခံကျွေးမွေးခဲ့ဖူးတယ်။
ကြက်သားကလျာဏီဟင်း
တစ်ခါမျှ မစားဖူးသေးဘူး။
ဦးနုရဲ့တာတေစနေသားထဲမှာတော့
ချက်နည်းရေးထားတာဖတ်ဖူးတယ်။
သားလေးဆယ်တန်းအောင်တဲ့နေ့ကျရင်
ဝါးခယ်မဆိပ်ကမ်းမှာ
ရွာတွေကလာရောင်းတဲ့ကြက်တွေသွားစောင့်ဝယ်ပြီး
ကြက်သားကလျာဏီဟင်းချက်လို့
ရွယ်တူသူငယ်ချင်းမိသားစုတွေ
ထမင်းဖိတ်ကျွေးမယ်။

ဆိပ်ကမ်း ( ၆ )


ရုပ်မြင်သံကြားစကြည့်ဖူးတာ
အဲဒီနေရာပဲ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က
ပါတီယူနစ်ရုံးဖွင့်ခဲ့တယ်။
ရုံးရှေ့မှာညဆို
တယ်လီဗီးရှင်းကိုခုံပေါ်တင်ပြီးပြပေးတာ။
တစ်မြို့လုံးဒီတစ်လုံးပဲစတွေ့ဖူးခဲ့တာ
၁၉၈၁-၈၂ ကာလဝန်းကျင်ခန့်ကဖြစ်မယ်ထင်တယ်။
ပါတီယူနစ်ရုံးဟာခုတော့
စိုက်ပျိုးရေးဘဏ်ဖြစ်နေပြီ။
ရုံးရှေ့က ဝါးခယ်မဆိပ်ကမ်းမှာ
ညောင်ဝိုင်းဘက်ကမ်းကူးတဲ့
ကုတို့ဆိပ်ရှိတယ်။
သရွတ်သွတ်ချောင်းဝ ကိုလှမ်းမြင်ရတယ်။
ခုတော့
ကဗျာဆရာငွေယံဦးရေးခဲ့ဖူးတဲ့
မွှေးတို့ရဲ့မြို့ကဗျာထဲကလို
ညောင်ဝိုင်းဟာ ပါးတစ်ခြမ်းမမဲလေတော့။
လျှပ်စစ်မီးတွေနဲ့ 
ဟို ဘက်ကမ်းမှာမီးတွေ ထိန်နေပြီ။

မင်းသန်.ကောင်း

Friday, September 8, 2017

Facebook နဲ. Twitter ချိတ်ဆက်အသုံးပြုနည်း

Facebook ကနေ Twitter ကို အော်တိုပို့စ်တင်မယ်..


 
ဆိုတော့ ဒီမှာက Facebook ပဲ သုံးကြတာ.. ခုတော့ အခြေအနေတွေက Twitter လိုလာပြီဆိုတော့ ဟိုခုန်ဒီခုန်နဲ့ မကူးရအောင် Facebook မှာ တစ်ခုတင်လိုက်တာနဲ့ Twitter ကို တစ်ခါတည်း လှမ်းတင်လို့ ရမယ့်နည်း မရှိဘူးလား..


ရှိပါတယ်.. နည်းတွေအများကြီးရှိတယ်.. အဲဒီထဲက အဆင်ပြေဆုံးဖြစ်မယ့် နည်းကတော့ IFTTT ဆိုတဲ့ Service ကို သုံးတဲ့နည်းပါ။ ဘာလို့ဆို ကိုယ်ဘာတင်ချင်သလဲဆိုတာကို ထိန်းချုပ်လို့ရလို့ပါ။

ကဲ.. စရအောင်..

လိုအပ်ချက်တွေက
(၁) Facebook Account တစ်ခု
(၂) Twitter Account တစ်ခု
(၃) IFTTT Account တစ်ခု

အရင်ဆုံး IFTTT.com ကို သွားလိုက်ပါ။ (IFTTT ဆိုတဲ့နာမည်ရဲ့ အရှည်ကောက်က IF This Then That ဖြစ်ပါတယ် - ဤကားစကားချပ်)

Login with Facebook နဲ့ ဝင်လို့ရပါတယ်။ ဝင်လိုက်ပါ။

ညာဘက်ဒေါင့်နားမှာရှိတဲ့ Proifle ဘေးက အောက်မြှားလေးကိုနှိပ်ပြီး New Applet ကို ရွေးပါ။

if this then that ဆိုတဲ့ စာကြီး ပေါ်လာရင် အပြာရောင်လေးဖြစ်နေတဲ့ +this ဆိုတာကိုနှိပ်ပါ။

Search Box ပေါ်လာရင် Facebook ကို ရှာလိုက်ပါ။ (၂) ခု ပေါ်လာလိမ့်မယ် Facebook ရယ် Facebook Pages ရယ်ပါ။ Facebook ကို ရွေးလိုက်ပါ။

Trigger ရွေးရပါမယ်။ အဲဒီနေရာက အနှစ်ပါပဲ။ ရွေးစရာ Trigger တွေ အများကြီးရှိပါတယ်။ Facebook မှာ ကိုယ်တင်သမျှ အကုန် Twitter ကို ပြန်တင်ချင်တယ်ဆိုရင် New Status Message by You တို့ New link post by You တို့ New photo post by You တို့ကို ရွေးရမှာပါ။ ကျွန်တော်ကတော့ အားလုံးမတင်ချင်တဲ့အတွက် New Link Post By You with Hashtag (or) New Photo Post by You with Hashtag ကို ရွေးပါတယ်။

သဘောကတော့ ကျနော် link တွေ ဒီတိုင်းရှယ်၊ ပုံတွေဒီတိုင်း တင်ရင် ဘာမှမဖြစ်ဘဲ ကျွန်တော် ကြိုရွေးပေးထားတဲ့ #hashtag သုံးပြီး တင်မှ Twitter ကို သွားရှဲမယ့် သဘောပါ။

နောက်တစ်ဆင့်မှာ #Hashtag ထည့်ရပါမယ်။ ကိုယ်သုံးမယ့် Hash တစ်ခုခုထည့်လိုက်ပါ။ ကျွန်တော်က #SaveRakhine လို့ ထည့်လိုက်ပါတယ်။

ဒီအဆင့်ပြီးရင်တော့ If this ပြီးသွားပါပြီ။ Then That ကျန်ပါသေးတယ်။

စောစောကအတိုင်းပဲ +that ကို နှိပ်လိုက်ပါမယ်။

ဒီတစ်ခါတော့ Twitter ကို ရွေးလိုက်ပါမယ်။ Connect မလုပ်ရသေးရင် Connect ကိုနှိပ်ပြီး Twitter ကို Authorize လုပ်ပေးလိုက်ပါ။

စောစောက Facebook မှာလိုပဲ ကိုယ်လုပ်ချင်တဲ့ Action ကို ရွေးရပါတယ်။ Post a tweet (or) Post a tweet with image ကို ရွေးပေးလိုက်ပါ။ ဒါက အရှေ့မှာရွေးခဲ့တာနဲ့ ဆိုင်ပါတယ်။ ရှေ့မှာတုန်းက Link Post ကို ရွေးခဲ့ရင် Post a tweet ပေါ့။ New Photo Post ကိုရွေးခဲ့ရင်တော့ Post a tweet with image ပေါ့။

နောက်တစ်ဆင့်ကိုတော့ ဒီတိုင်းထားလိုက်ရင် ရပါတယ်။

ပြီးရင်တော့ ကိုယ်လုပ်ထားခဲ့တဲ့ Applet ကို Confirm ပြန်လုပ်ပါလိမ့်မယ်။ ကြည့်ပြီးမှန်တယ်ဆိုရင်တော့ Finish ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အားလုံးပြီးပါပြီ။ Facebook ကနေ #SaveRakhine ဆိုတဲ့ Hashtag နဲ့ တင်လိုက်တာနဲ့ Twitter ကို အော်တို တင်သွားတာ တွေ့ရမှာဖြစ်ပါတယ်။

အကယ်၍ ကိုယ်က Link ကိုရော Photo ရော လုပ်ချင်တယ်ဆိုရင်တော့ အစအဆုံး ပြန်လုပ်ပြီး Facebook နဲ့ Twitter Action တွေမှာ ပြန်ရွေးပေးရင် ရပြီ။ Applet (2) ခုတော့ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ရပါတယ်။

ဖုန်းနဲ့လုပ်မယ်ဆိုလဲ ဒီအဆင့်အတိုင်းပဲ သွားရင် ရပါတယ်။ IFTTT App ကို ဒေါင်းလိုက်ရင်ရပါပြီ။


နောက်ထပ် နည်းတစ်ခု



 https://support.twitter.com/articles/31113

link ဝင်
  -  twitter sign in ဝင်ပေး
fb sign in ဝင်ပေး 

fb post >> tw ရွေး မရွေး 
tw > > fb ရွေးမရွေး 
save လိုက်တာနဲ့ပီးပီ

Zaw Moe Thein
Pyii Phyoe Mg 

ဆက်စပ်ဖတ်ရှုရန်
Twitter သုံးကြဖို.လိုပြီ - ဘယ်လိုစသုံးကြမလဲ

 

Twitter သုံးကြဖို.လိုပြီ - ဘယ်လိုစသုံးကြမလဲ


အင်တာနက်အသုံးများလာချိန်မှာ Twitter ဆိုတာကို လူမှုကွန်ရက်တစ်ခုအဖြစ် လူအများစု က ကြားဖူးကြမှာဖြစ်ပေမယ့် ဘယ်လိုသုံးရလဲဆို တာကိုတော့ နည်းပညာနဲ့ နီးစပ်တဲ့ လူငယ်ပိုင်း ကသာ သေသေချာချာသိနိုင်ပြီး အများစုကတော့ ကိုယ်တိုင်မသုံးဖူးကြသလို သိကြမှာလည်း မဟုတ် ပါဘူး။ ဒါကြောင့် Twitter ဆိုတာ ဘာလဲဆိုတာနဲ့ Twitter ကို စတင်သုံးစွဲမယ်ဆိုရင် ဘယ်လို စလုပ်ရမလဲ၊ ဘယ်လိုတွေ သုံးရမလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။

Twitter ဆိုတာ ဘာလဲ

Twitter ဆိုတာ အခမဲ့အသုံးပြုနိုင်တဲ့ အင်တာနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး သုံးနေကြတဲ့Facebookလို၊ အရင်က အသုံး များခဲ့တဲ့Friendster နဲ့ Tagged တို့လို လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတကာမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်နေ၊ လူသုံးများနေတဲ့ လူမှုကွန်ရက်တစ်ခုပဲဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် အိုင်တီကုမ္ပဏီကြီးဖြစ်တဲ့Twitter Inc က twitter.com ကို ၂ဝဝ၆ ခုနှစ် က ဖန်တီးခဲ့ပြီး အခုဆိုရင် အသုံးပြုသူပေါင်း ၃၂၈ သန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာမှာFacebook၊Twitter နဲ့ Instagram တို့ဟာ လူသုံးများတဲ့ လူမှုကွန်ရက်တွေဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ င်္Facebook တစ်ခုတည်းကိုသာ လူသုံးများပြီး ကျန်တဲ့ဆိုရှယ်နက်ဝပ်တွေကိုတော့ အသုံးနည်းပါ တယ်။ ဒါပေမယ့်LinkedInလို နည်းပညာပိုင်း ဆိုင်ရာ လူမှုကွန်ရက်မျိုးကလွဲရင် ကျန်တဲ့လူမှု ကွန်ရက်တွေရဲ့ အသုံးပြုပုံ သဘောသဘာဝက ခပ်ဆင်ဆင်တွေပဲမို့ Facebook အသုံးပြုနေကျ လူတစ်ယောက်အနေနဲ Twitterမှာ ကွာခြား ချက် အနည်းငယ်ရှိတာကလွဲရင် စတင်သုံးစွဲချိန် မှာ သိပ်အခက်အခဲရှိမှာမဟုတ်ပါဘူး။

Twitter ကို ဘယ်လိုစသုံးမလဲ

Twitter ကို စသုံးမယ်ဆိုရင်Facebookလို ပဲAccountတစ်ခုရှိဖို့ လိုပါတယ်။ Account ဖွင့်တာကလည်း Facebook Account ဖွင့် သလိုပဲ ဘာမှအခက်အခဲမရှိဘဲ လွယ်လွယ်ကူကူ ဖွင့်နိုင်ပါတယ်။ အီးမေးလ်ရှိရင် အီးမေးလ်လိပ်စာ နဲ့ဖြစ်စေ၊ ဖုန်းရှိရင် ဖုန်းနံပါတ်နဲ့ဖြစ်စေ ဖွင့်နိုင်ပါ တယ်။
Account ဖွင့်ဖို့အတွက် ကွန်ပျူတာ သို့ မဟုတ် ဖုန်းရဲBrowser မှာ twitter.com လို့ ရိုက်ပြီး တက်လာတဲ့ စာမျက်နှာကSign Up နေရာမှာ သုံးချင်တဲ့ witter Account နာမည်၊ အီးမေးလ်နဲ့ Password တို့ကို ဖြည့်ပေးရုံပါပဲ။ အီးမေးလ်ဟာ Twitter အကောင့် ဖွင့်ထားပြီး သားမရှိရင် အကောင့်သစ်အနေနဲ့ လက်ခံလိုက် မှာဖြစ်ပြီး အဲဒီနောက်မှာ အကောင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အကောင့်ဖွင့်တဲ့ အီးမေးလ်ထဲကို Confirmation Linkတစ်ခု ရောက်လာမှာဖြစ်ပြီး အဲဒီLink ကို ကလစ်နှိပ် ပြီး ကိုယ့်ရဲ့ Accountမှန်ကန်ကြောင်း အတည် ပြုပေးလိုက်ပြီးရင် Twitter ကို စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

အထက်မှာပြောခဲ့တာဟာTwitterကို ကွန်ပျူတာ သို့မဟုတ် ဖုန်းရဲ့Browserကနေ အကောင့်ဖွင့်တာကို ပြောခဲ့တာဖြစ်ပြီး မိုဘိုင်း အပလီကေးရှင်းကို သုံးရင်လည်း အပလီကေးရှင်း ကနေ အကောင့်ဖွင့်နိုင်ပါတယ်။Twitterအပလီ ကေးရှင်းကို Google Playstore အပါအဝင် အဆင်ပြေတဲ့နေရာကနေ ရယူနိုင်ပြီး အပလီကေး ရှင်းကနေဆိုရင်တော့ ဖုန်းနံပါတ်နဲ့ပါ အကောင့် ဖွင့်နိုင်ပါတယ်။ ဖုန်းမှာအင်စတောလ်လုပ်ထားတဲ့ အပလီကေးရှင်းကိုဖွင့်ပြီး အကောင့်မရှိသေးရင် ဖုန်းနံပါတ်ကတစ်ဆင့်ပဲ အလွယ်တကူ အကောင့် တစ်ခု ဖွင့်နိုင်ပါတယ်။ အန်းဒရွိုက်အတွက် နောက်ဆုံးထွက်ထားတဲ့ Twitter မိုဘိုင်းအပလီ ကေးရှင်းက 7.11.0ဖြစ်ပေမယ့် အသုံးပြုတာ တော့ ကိုယ့်ဖုန်းနဲ့ အဆင်ပြေတဲ့ဗားရှင်းကို အသုံး ပြုနိုင်ပါတယ်။

Twitterကို ဘယ်လိုသုံးရမလဲ


လူမှုကွန်ရက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Twitter မှာ Facebook အပါအဝင် အခြားလူမှု ကွန်ရက်တွေလိုပဲ သတင်းအချက်အလက်၊ စိတ် ခံစားမှု၊ ဆွေးနွေးချက်စတာတွေကို မျှဝေရေး သားလို့ ရပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တင်ပြီး တော့ လည်း မျှဝေလို့ ရပါတယ်။ Twitter မှာ သတင်းတွေ၊ စိတ်ခံစားမှုတွေကို ရေးသားတာကွှိုTweet လို့ ခေါ်ပြီး Facebook မှာPost တင် တာနဲ့ တူပါတယ်။ Twitter ရဲ့ အဓိက အစိတ် အပိုင်းကလည်း အသုံးပြုသူတွေက တင်လိုက်တဲ့ Tweet လို့ ခေါ်တဲ့Postတွေပဲဖြစ်ပါတယ်။Twitter အသုံးပြုသူတွေ တင်လိုက်တဲ့ပို့စ်တွေကို Tweet လို့ခေါ်ပြီး ကိုယ်တိုင်ပို့စ်တင်တဲ့အကြိမ် အပေါ် 1 Tweet, 2 Tweets စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်ပါတယ်။

Facebook နဲ့ မတူတဲ့ အဓိကအချက်ကTw- eet တစ်ခုစီမှာ စာလုံးရေ ၁၄ဝ အထိပဲ ရေးနိုင်ပါ တယ်။ ဒါကြောင့် Twitter မှာ ရေးတဲ့အခါ Facebook လို ရှည်ရှည်ဝေးဝေး ရေးလို့မရဘဲ ဘာပဲရေးရေး လိုတိုရှင်း ရေးရမှာဖြစ်ပါတယ်။ အဲဒီ Tweetတစ်ခုချင်းစီကို တစ်ခုနဲ့တစ်ခု ချိတ် ဆက်ထားခြင်းအားဖြင့် ဆက်စပ်နေတဲ့ အကြောင်း အရာတွေ၊ အပိုဆောင်းသတင်းတွေကို ထပ်တိုးရ နိုင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးနဲ့ ကိုယ်ရေးကိုယ်တာကို အဓိကထားပြီး သုံးမယ် ဆိုရင်Facebookက ပိုမိုသင့်တော်ပြီး စီးပွား ရေး၊ ပညာရေး၊ နိုင်ငံရေး စသည်ဖြင့် အကြောင်း အရာတစ်ခုခုမှာ ဦးစားပေးသုံးချင်ရင် Twitter က ပိုထိရောက်မှာဖြစ်ပါတယ်။

Twitter ကို စသုံးချိန်မှာ ကိုယ့်အကောင့်မှာ ဘယ်သူမှရှိမှာမဟုတ်လို့ Friend လိုပါတယ်။Facebook မှာဆိုရင်Friend Request တွေ လိုက်ပို့ရပေမယ့် Twitter မှာတော့Follow လုပ်ထားရုံနဲ့ Tweet တွေကို မြင်ရပါတယ်။ အကောင့်စဖွင့်ချိန်မှာ မြင်သမျှ တွေ့သမျှ tweetတွေ၊ သတင်းစာမျက်နှာတွေနဲ့ လူတွေကို Follow လုပ်ထားလိုက်ဖို့လိုပါတယ်။

ဒါမှ နောက်ပိုင်း မှာ သူတို့တင်တာတွေကို ဆက်မြင်ရမှာဖြစ်ပြီး သူတို့က ကိုယ့်ကို ပြန် င်္Foll ow လုပ်ရင် ကိုယ်တင် တဲ့ tweet တွေကိုလည်း သူတို့က မြင်ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် ကိုယ်ကြည့်ချင်တဲ့ စာမျက်နှာ တွေကိုလည်း လိုက်ရှာပြီး င်္Follow လုပ်ထားသင့် ပါတယ်။

ဥပမာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းတွေရချင်ရင် Twitter ထဲကSearch ထဲမှာ သူ.ရဲ. အတိုကောက်စာလုံး  cincds လို့ ရိုက်ရှာ လိုက်ရင်Office of the Commander-in-Chief of Defence Services ကို ရောက်ရှိသွားမှာဖြစ်ပြီး      နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးရဲ့ သတင်းတွေကို ရနေချင်ရင် Twitter ထဲကSearch ထဲမှာ Myanmar SC လို့ ရိုက်ရှာ လိုက်ရင်Myanmar State Counselor စာမျက်နှာကို ရောက်သွားမှာဖြစ်ပြီး အဲဒီက သတင်းတွေကို ရရှိနေမှာဖြစ်ပါတယ်။



Twitter မှာ တခြားလူတွေတင်ထားတဲ့ သတင်းတွေ၊ စာမျက်နှာတွေက တင်ထားတဲ့ သတင်းတွေကို မျှဝေတာကိုတောRetweet လို့ ခေါ်ပြီးFacebook မှာ Share နဲ့ သဘောချင်း ဆင်တူပါတယ်။
ဘယ်လိုအကြောင်းအရာကိုမဆို Retweetလုပ်နိုင်ပြီး ကိုယ်က ထပ်မံရေးချင် တဲ့အချက်တွေကိုလည်း ဖြည့်စွက်ရေးနိုင်ပါတယ်။ Hash Tag သင်္ကေတ(#)ကိုခံပြီး ကိုယ်ရေးချင်တဲ့ အကြောင်းအရာကို ရေးခြင်းဖြင့် အခြားသူတွေ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။
ဥပမာ အကြမ်း ဖက်မှုတွေကို မလိုလားတဲ့အကြောင်းကိုRe-tweet လုပ်တာဆိုရင်#Stop #Terrorism စတာတွေ ဖြည့်ရေးပြီးRetweet လုပ်သင့်ပါ တယ်။

Twitterမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေလည်း အလွယ်တကူ တင်နိုင်ပါတယ်။ Facebook မှာ လိုပဲ ကိုယ့်ဖုန်းထဲမှာရှိတဲ့ ပုံတွေ ဗီဒီယိုတွေကို လွယ်လွယ်ကူကူ တင်လိုက်နိုင်ပြီး တင်တဲ့အခါ မှာလည်း ပုံချည်းပဲ သက်သက်တင်တဲ့အစားHash Tag နဲ့ အကြောင်းအရာကိုပါရေးပြီး တွဲတင်တာက ရှာဖွေရတာ ပိုပြီးလွယ်ကူစေမှာဖြစ် ပါတယ်။
Twitter မှာ ပို့စ်တွေ၊ ဗီဒီယိုတွေကို ကိုယ်တိုင် တင်သလို အခြားသူများရဲ့ Tweet တွေကိုRetweet လုပ်ပြီးပြီဆိုရင် ကိုယ်တင်တဲ့အကြောင်း အရာတွေကို ကိုယ့်ကိုFollow လုပ်ထားသူတွေ နဲ့ အကြောင်းအရာကို ရှာကြည့်သူတွေက မြင်ရ မှာဖြစ်ပါတယ်။ ဒီထက်ပိုပြီး ကိုယ်တင်တဲ့ အကြောင်းအရာကို မြင်စေချင်တာမျိုးရှိရင်တော့ ကိုယ်မြင်စေချင်သူဆီကို တိုက်ရိုက်သွားပြီး Tweet လုပ်ပေးဖို့ လိုအပ်ပါတယ်။

လူတစ်ယောက်ဆီကို အကြောင်းအရာတစ်ခု ပို့ချင်တာဖြစ်ဖြစ်၊ သတင်းဌာနတစ်ခုဆီကို သတင်းတစ်ခု ပို့ချင်တာဖြစ်ဖြစ် သူတို့ရဲ့ Acc-ount သို့မဟုတ် Page ကိုသွားပြီး Tweet to(….)ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး ကိုယ်တင်ထားတဲ့ Tweet ကို မူရင်းစာအတိုင်းဖြစ်စေ၊Tweet ရဲ့Link ကို ကော်ပီကူးပြီးဖြစ်စေ၊ အခြားသူတွေတင် ထားတဲ့ Tweet ရဲ့ Link ကို ကော်ပီကူးပြီးဖြစ်စေ ပေးပို့နိုင်ပါတယ်။Link ကို ကော်ပီကူးဖို့အတွက် ကူးချင်တဲ့ Tweetရဲ့ ညာဘက်အပေါ်ထောင့်လေး မှာပါတဲ့ အောက်စိုက်နေတဲ့မြားပုံကိုနှိပ်ပြီးCopy Link To Tweet ကိုနှိပ်ရင်Copy ယူပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။

Twitter ကို ဘာကြောင့်သုံးမလဲ

၂ဝဝ၆ ခုနှစ် စတင်ချိန်ကတည်းကနေTwitter အသုံးပြုသူ အရေအတွက်ဟာ အလျင်အမြန် ဆုံးနှုန်းနဲ့ တိုးတက်ခဲ့တာကြောင့် အခုအချိန်မှာ ဆိုရင် Twitter အသုံးပြုနေသူပေါင်းဟာ ၃၂၈ သန်းကျော် ရှိနေပါတယ်။Twitter ရဲ့Search မှာ ရှာဖွေမှုပေါင်းဟာလည်း တစ်ရက်ကို သန်း ပေါင်း ၇၅ဝ လောက် ရှိနေတယ်လို့ နိုင်ငံတကာ သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် Twitter ပေါ်မှာ သတင်းတစ်ခုတင်လိုက်ပြီး ပျံ့နှံ့အောင်လုပ် နိုင်ရင် က္ဘာမှာ လူအများကြီးက အဲဒီသတင်းကို သိသွားပါတယ်။ အဲဒီအချက်ကို အသုံးချပြီး မဟုတ်မမှန်တဲ့ သတင်းတွေကိုလည်း ကမ္ဘာပေါ် က လူအများကြီးထံရောက်အောင် ဖြန့်နိုင်သလို တကယ်လည်း မဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေနေသူတွေ ရှိပါတယ်။

ဒါကြောင့် သတင်းအမှားတွေ ဖြန့်ဝေပြီး တိုက် ခိုက်တာကို ခံနေရတဲ့အခါမျိုးမှာ သတင်းအမှန် တွေ ပြန်ဖြန့်ပြီး အမှန်တရားကို ပျံ့အောင်လုပ်ဖို့ လိုအပ်သလို သတင်းအမှန်ကို ဖြန့်ဝေပေးနိုင်ဖို့ အတွက် သတင်းအမှန် ဖြန့်ဝေမယ့်ဘက်ကလည်း လူအင်အားအရေအတွက်နဲ့ သတင်းမှန်တွေ လိုက်ဖြန့်ဝေပေးနိုင်ဖို့ လိုပါတယ်။

နိုင်ငံတကာက သိစေဖို့အတွက် စာရေးတဲ့အခါ အင်္ဂလိပ်လိုရေးရ မှာဖြစ်ပေမယ့် ကိုယ်တိုင်မရေးနိုင်ရင်လည်း ရေး နိုင်တဲ့လူတွေ ရေးတင်ထားတဲ့ သတင်းမှန်တွေကိုRetweet တွေလုပ်ပေးပြီး သတင်းမှန်တွေ ဖြန့်ပေးနိုင်ပါတယ်။
နိုင်ငံတကာမှာFacebook ကို အသုံးပြုတာဟာ အဓိကအားဖြင့် ကိုယ်ရေး ကိုယ်တာအနေနဲ့ အသုံးပြုကြတာကြောင့် ကိုယ်ရေးကိုယ်တာမဟုတ်တဲ့ တခြားအကြောင်း အရာကို နိုင်ငံတကာကလူတွေသိအောင်ဆိုရင်Twitter ကနေ မျှဝေတာကမှ ပိုထိရောက်စေမှာ ဖြစ်ပါတယ်။

Twitter မှာ သတင်းအမှန်တွေကို ဖြန့်ဝေဖို့ အတွက်Facebook မှာလို အငြင်းအခုံ လုပ်နေ တာထက် ကိုယ့်ရဲ့ Account မှာ သတင်းတွေကိုRetweet တွေလုပ်သလို သိသင့်တဲ့ သတင်း အချက်အလက်တွေကို သိစေချင်တဲ့နေရာတွေမှာ လိုက် Tweet ပေးတာက ပိုထိရောက်ပါတယ်။ အဓိကအားဖြင့် သတင်းဌာနတွေ၊ အဖွဲ့အစည်း တွေရဲ့ Pageတွေကိုရှာပြီး Tweet aတွေ လုပ်ပေး တာက ပိုထိရောက်ပါတယ်။
ဒါ့အပြင် လူသိများတဲ့Account တွေကို ရှာဖွေမှတ်သားထားပြီးတော့ လည်း သိစေချင်တဲ့ သင့်လျော်တဲ့ အကြောင်း အရာတွေကို လိုက် Tweet ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ င်္Facebookကို အလွန်တွင် တွင် ကျယ်ကျယ်ပဲ သုံးနေကြပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကိုလည်း မြန်မာ နိုင်ငံ Facebook User တွေက အင်နဲ့အားနဲ့ ချေဖျက်နိုင်ကြပါတယ်။
ဒါပေမယ့် နိုင်ငံတကာမှာ အသုံးများတဲ့ Twitter ကိုတော့ မြန်မာနိုင်ငံကလူ တွေ အသုံးပြုနှုန်း အလွန်နည်းနေတာကြောင့် နိုင်ငံတကာကလူတွေအနေနဲ့ Twitter ပေါ်က မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ မမှန်သတင်းတွေကို အမှန် ထင်နေကြတာတွေ အများအပြားရှိနေပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကမ္ဘာမှာ ပျံ့နေတဲ့ မမှန်သတင်းတွေကို ချေဖျက်ပြီး သတင်း အမှန်တွေ အစားထိုးနိုင်ဖို့ Twitter ကိုလည်း သုံးနိုင်သူတွေအနေနဲ့ သုံးကြဖို့ လိုအပ်လျက်ရှိပါ တယ်။ ။

သူရဖြိုး
Myanmaalinn
.Credit .... via Than Tun

Bengali ၀င်အစီးခံရသော ရဲကင်းစခန်းမှ တပ်ဖွဲ.၀င်တစ်ဦး၏ အတွေ.အကြုံ ဖြစ်ရပ်မှန်


 ကျနော်က ယာဉ်မောင်း တပ်ဖွဲ့ဝင် တစ်ယောက် ပါ။ ညနက်ပိုင်းမှာ အဘလေးက အရေးကြီးနေပြီ။ အကုန် သေနတ် ထုတ်ထား။ ကင်းတွေကို တစ်ယောက်စီ ထပ်တိုးဝင် စောင့်ပေး။ သေနတ်တွေ အကုန် ကျည်ထိုးထားကြ။ အရေးကြုံရင် ပစ်မိန့်မစောင့်နဲ့။ ရန်ပြုလာသူ ဟူသမျှကို တစ်ခါတည်း ပစ်။ ကျည်ကို ချင့်ချိန်ပြီး ထိရောက်အောင်သာ ပစ်။

ကျော်ဇင်ထက် မင်းက ယာဉ်မောင်းဆိုတော့ ယာဉ်ပေါ်မှာ အသင့်နေ။ လောလောဆယ်တော့ မင်း သေနတ် မထုတ်ထားနဲ့အုံး။ အခြေအနေက ဘာမှန်းမသိဘူး။ အရေးကြုံရင် သေနတ် ထုတ်မယ်။ ကဲ ဘာမရှင်းတာရှိလဲ။ မရှိရင် နေရာ ယူကြတော့။

ကျနော်က ရဲမှူး ဟိန်းထက်ကျော်ရဲ့ အမိန့် အတိုင်း မော်တော်ယာဉ်ပေါ်မှာ ကားသော့လေး ကိုင်ပြီး အသင့်စောင့်နေခဲ့တယ်။ ကျန်တဲ့သူတွေ ကတော့ ကတုတ်ကျင်းတွေထဲ ကျည်ထိုးသံ၊ ကျည်ဖြည့်သံတွေ ကြားနေရတာပေါ့။

သိပ်မကြာလိုက်ခင်မှာဘဲ အကြမ်းဖက် အင်အား ထောင်သောင်းချီပြီး ညာသံပေး တက်လာသံတွေ ကြားလိုက်ရတော့ ကျနော်လည်း ကားသော့ကို သော့ပေါက်ထဲ ထိုးထည့်လိုက် တယ်။ ငါ ဘာလုပ်ရမလဲ။ ငါ့ကို အဘလေးက ကားပေါ်နေဖို့ မှာလိုက်တာလား၊ သေနတ်ထုတ်ဖို့ မှာလိုက်တာလား စဉ်းစားလို့ မရဘူးဖြစ်နေတယ်။

အုံး....ဂျိမ်း..... ဒိုင်း..... ဒိုင်း....... ။

ဗုံးကွဲသံလား၊ သေနတ်ပစ်သံလား၊ ဘာမှန်း မသိတော့။ ပတ်ဝန်းကျင်က အမှောင်အတိ။ ဘာမှ မမြင်ရ။ အဲဒီအချိန် ကင်းက ဓာတ်မီး ဝှေ့ယမ်းပြီး ထိုးလိုက်တော့ အလားလား....။ သဂေါင့်သားတွေ ပုရွက်ဆိတ်အုံကြီး ပြိုလာတဲ့အတိုင်းဘဲ။ ခြံစည်းရိုးကို ဖျက်သူက ဖျက်၊ သေနတ်နဲ့ ပစ်သူက ပစ်၊ ဂျင်ကလိတွေနဲ့ ပစ်သူကပစ်။ မနေသာ တော့ပြီ။

ကင်းအဖွဲ့က ဓာတ်မီး ဝှေ့ယမ်းပြီး အလင်းရောင် ရတာနဲ့ ကင်းသမားတွေရဲ့ သေနတ်သံတွေက မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွက် လာတော့ ကျနော်လည်း အလင်းရောင်နဲ့အတူ ကားပေါ်က ပြေးဆင်းပြီး နီးစပ်ရာ ကင်းကို သွားပေါင်းလိုက်ရတော့တာပေါ့။ ကင်းကို ရောက်တော့ ထွန်းထွန်းမင်းရယ်၊ ထက်လင်းဆန်းရယ်၊ သင်တန်းဆင်းခါစ, ညီငယ်လေး တစ်ယောက်ရယ်၊ သဲသဲမဲမဲ ပစ်ခတ် နေကြတာပေါ့။
ကျနော်က သေနတ်မရှိ။ သင်တန်းဆင်းစ ညီငယ်လေးကို မင်းသေနတ် ငါ့ပေး။ မင်းက ကျည်ဖြည့်ပေးနေဆိုပြီး သုံးယောက်သား ပစ်ခတ်ကြတာပေါ့။ အကြမ်းဖက် တွေကလည်း တဖြည်းဖြည်း လက်တစ်ကမ်း ရောက်လာပြီ။ ကျည်ဆံသာ ပစ်လို့ကုန်မယ်။ လူတွေက မကုန်နိုင်ဘူး။ သူတို့က ဖြန့်ထားတာဆိုတော့ ကျနော်တို့လည်း ဖြန့်မှ ရတော့မယ်။ ဒါနဲ့ ကျနော်ရယ်၊ ထက်နေဆန်းရယ် နှစ်ယောက်က ကင်းရုံအဆောင်ဘေးကနေ နေရာပြောင်း ပစ်ခတ်ကြတယ်။

လဝက ၅ ယောက်က ကျနော်တို့ နှစ်ယောက် ဆီကို လာပေါင်းကြတယ်။ လဝကတွေမှာ အမ်.၂၂ နှစ်လက်ပါလာတော့ ကျနော်တို့ ပစ်အား ကောင်း လာတယ်။ လဝကတွေကလည်း သေသေချာချာ ချိန်ပစ်ကြတော့ ထိကုန်ကြတယ်။ ကျနော်တို့ ပစ်တာလည်း ထိကုန်တာ မနည်းဘူး။ လဝကရဲ့ ပစ်အားကလည်း မသေးဘူးဗျ။

ဘယ်အချိန်က ရောက်လာမှန်း မသိတဲ့ ကုလား ၃ ကောင်က ဓားရှည်နဲ့ ဝင်ပိုင်းတော့ ကျနော်ရှောင်လိုက်ပေမယ့် မျက်နှာကို ဖြတ်ခုတ်ခံ ထိတယ်။ ခုတ်တဲ့ကောင်ကို သေနတ်နဲ့ အနီးကပ် တေ့ပစ်တော့ ဗိုက်ကိုမှန်ပြီး လန်ကျသွားတယ်။ ကျန်တဲ့နှစ်ကောင် ထွက်ပြေးတော့ လှမ်းပစ်တယ်။ ထိပေမယ့် အဲနှစ်ကောင် မလဲကျသွားဘူး။ ထွက်ပြေးတော့ အမှောင်ထဲမှာ ပျောက်သွားတယ်။
လက်နဲ့စမ်းကြည့်လိုက်တော့ ပါးမှာ ဓားခုတ်ရာကြီးက ဟက်တက်ကြီး။ သွေးတွေလည်း ဒလဟော စီးကျနေတယ်။ ဒဏ်ရာကို ဂရုမစိုက်အားဘူး။ နေရာပြောင်းပြီး ထပ်ပစ်ကြတယ်။ စွပ်ကျယ်အင်္ကျီကိုချွတ်။ ခေါင်းကိုပတ်ပြီး ဒဏ်ရာကို စည်းလိုက်တယ်။

ပစ်နေရင်းနဲ့ အလင်းရောင်လေး ရလာပြီ။ ကုလား ၁၀၀ ကျော်လောက် ကျနော်တို့ ဘက်မှာ။ ကျနော်တို့ အဖွဲ့ဝိုင်းပစ်ကြတယ်။ ကျနော်ပစ်တာ ကုလား ၄ ကောင် လဲကျသွားတယ်။ ၆ ကောင်က ထိပေမယ့် မသေဘူး။ ထွက်ပြေးသွားတယ်။ ကျန်တဲ့ဘက်တွေ ဂရုမစိုက်နိုင်ဘူး။

ကျနော်တို့ဘက်က ပစ်လိုက်တော့ ကျနော်တို့ဘက်က ကုလားတွေ နောက်ဆုတ် သွားပြီးတော့ ခြံစည်းရိုး အပြင်ဘက်ကနေ အင်အား ထပ်စုနေကြတယ်။ ကျနော်တို့လည်း အလင်းရောင် ရပြီဆိုတော့ နောက်တစ်ချီအတွက် သေနတ်ပြန်စစ်တယ်။ ကျန်တဲ့ ဘက်တွေကလည်း သေနတ်သံတွေ ငြိမ်သွားတယ်။
အဲဒီအချိန်မှာဘဲ သေနတ်သံတွေ မိုးရွာချ လိုက်သလို ကြားလိုက်ရတယ်။ ကုလားတွေလည်း ခွေးပြေးဝက်ပြေး ပြေးကြတယ်။

အော်..... နောင်တော်တွေ ရောက်လာကြပြီ။ ကျနော့ ပါးပြင်ပေါ်ကို မျက်ရည်လေး စီးကျလာ မိတယ်။
ကိုယ့်ရဲ့ ဘီအေ ၆၃ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရင်ထဲက အသံမထွက်ဘဲ အကျယ်ကြီး အော်လိုက်မိတယ်။

ငါ့မှာသေနတ်ရှိတယ်
ကုလားတိုက်လို့ငါတို့စခန်းမကျဘူးကွ


မင်းလွတ်စခန်းမှ ရဲတပ်သား ကျော်ဇင်ထက်၊ ရတဖ(၈)အား ဂုဏ်ပြုပါသည်။




မူရင်းရေးသားသူ
ရဲချစ်သူလေး

Wednesday, September 6, 2017

ဘဂါင်္လီ တို. ၀င်အစီးခံရစဉ် ကိုယ်တိုင်ကြုံတွေ.ခဲ့ရသူ တစ်ဦး၏ အတွေ.အကြုံ

စစ်တွေဆေးရုံကြီး ခွဲစိတ်ခန်းသို့ မဝင်မှီ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်






 အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရဲတပ်ကြပ် ဝေဖြိုးအောင် ဒဏ်ရာအပြင်းအထန်ရလို့ စစ်တွေဆေးရုံကြီးထိ ပို့ဆောင်ကုသရတယ်။ အရေးပေါ် ခွဲစိပ်ခန်း ဝင်ခါနီးလေး သူပြောပြတဲ့ အကြောင်းလေး ပြန်ပြောပြမယ်။


မနက် ၃နာရီကျော်လောက်မှာ ကုလားတွေ အင်အား ၃၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ရှိမယ်။ ညာသံပေးပြီး ကျနော်တို့ မြင်းလွတ်စခန်းကို တက်လာကြပါတယ်။ စပီကာတွေနဲ့လည်း ကုလားလို အော်ကြပါတယ်။ ကျနော်လည်း ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း ကိုယ့်နေရာ ဖြစ်တဲ့ မီးဖိုဆောင်ဘေးက ကတုတ်ကျင်းထဲ ခုန်ချ လိုက်ပါတယ်။

အဲဒီမှာ ကုလားတွေက အဖွဲ့တွေ ခွဲလိုက်ပြီးတော့ လေးဘက်လေးတန်းက ဗုံးတွေ၊ သေနတ်တွေ၊ ဂျင်ကလိတွေနဲ့ ပစ်ပါတယ်။ ကျနော်က ကတုတ်ကျင်းထဲမှာဆိုတော့ မထိပါဘူး။ အဲအချိန် အဘလေး ရဲမှူး ဟိန်းထက်ကျော်က အမိန့်တွေ ပေးနေပါတယ်။ ဘယ်သူက ဘယ်ဘက်ကို ပစ်၊ ဘယ်သူ့ကို ဘယ်သူက ကူပစ်ပေးဆိုပြီးတော့ တောက်ရှောက် အော်ဟစ် အမိန့်ပေးနေပါတယ်။

နောက်ပိုင်း ကုလားတွေ အော်သံရော သေနတ်သံတွေရော အရမ်းများလာတော့ အဘလေး အသံလည်း မကြားရတော့ပါဘူး။

ကျနော်က လေ့ကျင့်ထားတဲ့အတိုင်း ၄၀မမ ရာဘာကျည်နဲ့ ၁၅ ချက်လောက်ပစ်ပါတယ်။ ဒါပေမယ့် မထိရောက်ပါဘူး။ ထိလည်း ဒဏ်ရာလောက်ဘဲ ရတာဆိုတော့ ကုလားတွေ ပိုဆိုးလာပြီး အတင်းတက်လာပါတယ်။ ကျနော်ပစ်တာ ၂၀ ကျော်လောက် ထိတယ်၊ ဒဏ်ရာရတယ်။ ဒါပေမယ့် ရာဘာကျည်ဆိုတော့ မသေဘူး။ ဒဏ်ရာဘဲရတာ။ ကုလား တစ်ထောင်လောက်ရှိတယ် ကျနော့ဘက်က။ အဲတော့ ကျနော် ဘီအေ ၉၄ သေနတ်ကိုဆွဲပြီး အတွဲလိုက် ပစ်တယ်။ အဲ့မှာ ထိတာတွေ များတယ်။ သူတို့ဘက်က နည်းနည်း တန့်သွားတယ်။ ကျနော့ကိုလည်း သေနတ်နဲ့ရော လေးဂွ၊ ဂျင်ကလိတွေနဲ့ရော တောက်ရှောက် ပစ်ကြတယ်။ ကျနော်လည်း အဆက်မပြတ် ပြန်ပစ်တယ်။

အဲလိုနဲ့ မနက် ၅နာရီလောက် ဖြစ်လာတော့ အလင်းရောင်လေး မြင်ရပြီဆိုတော့ ကျနော် ကတုတ်ကျင်းက ထွက်လိုက်တယ်။ အဲအချိန် ကျန်တဲ့ သူတွေရော ကတုတ်ကျင်းက ထွက်လာကြတယ်။ ကျနော်ရယ်၊ သိုက်ထွန်းလင်းရယ်၊ ဝင်းထိုက်ရယ်၊ မင်းမောင်မောင်ထူးရယ်၊ ဇွဲဖြိုးအောင်ရယ် စခန်းထဲကို ဝင်လိုက်တော့ အဘလေးက မှောက်ရက် လဲကျနေပြီးတော့ သူ့ကို ကုလား အယောက် ၂၀ ကျော်လောက် ဝိုင်းထားတာ တွေ့ရတယ်။ ကျနော်တို့ ၅ ယောက် အဘလေးကို ဝိုင်းထားတဲ့ကုလားတွေကို ဝိုင်းပစ်ကြတယ်။
ဘယ်က ပစ်လိုက်တဲ့ ကျည်ဆံလဲတော့မသိဘူး။ ကျနော့ပေါင်ကိုလာမှန်ပြီး ကျနော် ပစ်လဲ သွားတယ်။ အဲအချိန် ကျနော့ကို ကုလားတွေ ဝိုင်းခုတ်ကြတယ်။ ကျနော်လည်း သေနတ်နဲ့ ပြန်ပစ်တယ်။ ကျည်မထွက်လို့ ကြည့်လိုက်မှ ကျနော့မှာ လက်ချောင်းတွေ မရှိတော့ဘူး။ ပြတ်ကုန်ပြီ။ 

ဒါနဲ့ ဘေးမှာ ကျနေတဲ့ လေးပေလောက်ရှည်တဲ့ ဓားကြီးကို လက်နှစ်ဘက်နဲ့ ကောက်ယူပြီး ခုတ်၊ ထိုးနဲ့ ကုလား ၁၅ ယောက်လောက်ကို ရင်ဆိုင် ရတယ်။ ကျနော်ခုတ်တာ ထိတာတွေ အများကြီးဘဲ။ ကျနော့ကို ဘယ်နေရာတွေ ထိလဲတော့မသိဘူး။ တစ်ကိုယ်လုံးတော့ ပူထူနေတာဘဲ။ ကျနော် ခုတ်နေတုန်း သိုက်ထွန်းလင်းက ကျနော့ဘက်ကို သေနတ်နဲ့ လှမ်းပစ်တယ်။ ကျနော်လည်း သူလှမ်းပစ်တော့ ကိုယ့်ကို မထိအောင် မြေကြီးပေါ် မှောက်ချလိုက်တယ်။

အဲ့အချိန်မှာဘဲ ဝင်းထိုက်ကို ကုလားတွေ ဝိုင်းခုတ်နေကြတော့ ဝင်းထိုက် လဲကျသွားတယ်။ ကုလားတွေလည်း သိုက်ထွန်းလင်း၊ ဇွဲဖြိုးအောင်၊ မင်းမောင်မောင်ထူးတို့ သေနတ်နဲ့ ပစ်တော့ ထိသူထိ၊ ပြေးသူပြေး ပြေးကြတယ်။ ကျနော်လည်း မထ,နိုင်တော့ဘူးလေ။ သိုက်ထွန်းလင်းက ကျနော့ကို ထမ်းခေါ်ပြီး စခန်းနောက်က ဘန်ကာနားမှာ ချထားတယ်။

သူတို့က နေရာပြန်ယူကြတယ်။ ကျနော်က ငါ့ကို ဓားတစ်ချောင်း ပေးထားအုံး။ ငါ့လက်တွေ ပြတ်ကုန်လို့ သေနတ် ပစ်မရတော့ဘူး။ ငါ့သေနတ်ကို မင်းတို့ယူထားလို့ ကျနော် အော်ပြောပေမယ့် သူတို့ မကြားကြပါ။ ကျနော်ဘဲ အသံမထွက်တော့တာလား၊ သူတို့ဘဲ နားတွေ အူနေကြတာလားမသိပါ။
အဲအချိန် တပ်က စစ်ကူရောက်လာတာကို သိလိုက်ပြီး ကျန်တာ ဘာဖြစ်လဲ ကျနော်မသိတော့ပါ။
ဆေးရုံမှာ သတိရတော့မှ ကျနော့ လက်ချောင်းတွေ မရှိတော့ဘူး။ ခေါင်း၊ မျက်နှာ၊ ကိုယ်၊ လက်၊ ခြေထောက်၊ အို တစ်ကိုယ်လုံးမှာ ဒဏ်ရာအပြည့်ဆိုတာ သိလိုက်ရပါတယ်။

မူရင်းတင်ပြသူ

Kyaw Thein Win

ရခိုင် အရေးဗန်းပြပြီး မြန်မာနိုင်ငံ ကို ဖျက်ဆီးနေကြသူများ

 ရခိုင်အရေးဗန်းပြပြီး မြန်မာနိုင်ငံကို ဖျက်ဆီးနေသူများ အကြောင်းကို ဆက်တိုက်ရေးသားနေသူ စာရေးသူ Kyaw Aye Thein ၏ Post များအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ။

မက်သူး စမစ် (Mattew Smith)




ဖော်တီဖိုင်း ရိုက်စ် (Fortify Rights) ဆိုတဲ့ အဖွဲ့ကိုထောင်ပြီး၊ ရခိုင်ပြည်နယ်က ဘင်္ဂလီတွေ လူမျိုးတုံးသတ်ဖြတ်ခံနေရပါတယ်ဆိုပြီး လုပ်ကြံသတင်းတွေ ကမ္ဘာကို အဓိကဖြန့်ချိနေသူပါ။ တခြားကမ္ဘာ့နိုင်ငံတွေက ရုပ်ပုံတွေကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ သတ်ဖြတ်ခံနေရတဲ့ ပုံတွေပါဆိုပြီး ဝါဒဖြန့်ချီ ဝင်ငွေရှာနေသူလည်း ဖြစ်ပါတယ်။ သူဟာ ဆိုရှယ်မီဒီယာမှာ အလျင်မြန်ဆုံးဖြစ်တဲ့ နောက်ဆုံးပေါ် တွတ်တာ (Twitter) ကို သုံးပြီး မြန်မာနိုင်ငံကို ကမ္ဘာမှာ ရုပ်ဆိုးအကျည်းတန်အောင်၊ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ပြီး၊ အစ္စလာမ်ကုလားနိုင်ငံတစ်ခုဖြစ်လာအောင် ဘင်္ဂလီအားပေး အဓိကလုပ်နေတဲ့ နိုင်ငံခြားသားဖြစ်ပါတယ်။ ရခိုင်တွေ၊ မြိုတိုင်းရင်းသားတွေ၊ ဟင်ဒူတွေ သတ်ဖြတ်ခံရမှုတွေကို လုံးဝမသိချင်ယောင်ဆောင်ပြီး၊ မြန်မာစစ်တပ်က ဘင်္ဂလီတွေကို တစ်ယောက်မကျန်လိုက်လံသတ်ဖြတ်နေပါတယ်၊ ဘင်္ဂလီရွာမှန်သမျှ လိုက်လံမီးရွှိ့နေပါတယ်ဆိုပြီး တွတ်တာကနေ နာရီမလပ် ကမ္ဘာကို လုပ်ကြံဖြန့်ဝေနေပါတယ်။ ဒီအတွက် သူ့ရဲ့ ဖော်တီဖိုင်း ရိုက်စ် (Fortify Rights) ကို အိုအိုင်စီ (OIC) ကုလားနိုင်ငံတွေက ဒေါ်လာသန်းပေါင်းများစွာ ငွေကြေးပံ့ပိုးပေးထားပါတယ်။ မြန်မာတွေ တွတ်တာသုံးတက်အောင် အမြန်ဆုံးလုပ်ပြီး၊ သူ့ရဲ့ မဟုတ်မမှန်ဝါဒဖြန့်ချိမှုတွေကို ကမ္ဘာက ပြန်သိအောင် တန်ပြန်ဝိုင်းလုပ်ကြဖို့ လိုအပ်နေပါပြီ။ သူ့ရဲ့ တွတ်တာအကောင့်ကတော့ @matthewfsmith ဖြစ်ပါတယ်။

မာ့ခ် ဖာမနာ (Mark Farmaner)


ဘားမား ကန်ပိန်း ယူကေ (Burma Campaign UK) ဆိုတဲ့ အဖွဲ့ကို တည်ဆောက်ပြီး ဘင်္ဂလီတွေကို ရိုဟင်ဂျာဖြစ်အောင် လုပ်နေတဲ့ ဗြိတိသျှလူမျိုးဖြစ်ပါတယ်။ ဒီအဖွဲ့ဟာအရင်က မြန်မာနိုင်ငံဒီမိုကရေစီအရေး ဗန်းပြလုပ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဘင်္ဂလီအရေးကိုပဲ ဇောက်ချလုပ်လာခဲ့တာပါ။ အစိုးရတွေဆီက ငွေမယူဘူးလို့ ဗြောင်ကြေညာထားပါတယ်။ အဓိကဝင်ငွေကတော့ မွတ်ဆလင်နိုင်ငံတွေက အလှူရှင်တွေနဲ့ မွတ်ဆလင်အဖွဲ့အစည်းတွေထံက ရရှိနေတာပါ။ ကွယ်လွန်သူ အေအန်ယူကရင်ခေါင်းဆောင် ဖဒိုမန်းရှာသမီး၊ ၈၈ မြအေးသမီးတို့လည်း အဲဒီအဖွဲ့မှာ အားတက်သရောအလုပ်လုပ်နေတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဘင်္ဂလီတွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုပြီး မြန်မာနိုင်ငံကို ကုလသမဂ္ဂက အရေးယူနိုင်အောင်၊ ဘင်္ဂလီတွေအတွက် သီးသန့်နယ်မြေရရှိအောင် တောင်းဆိုလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ မာ့ခ် ဖာမနာနဲ့ တွတ်တာအကောင့်ကတော့ @MarkFarmaner ဖြစ်ပါတယ်။  

ဖီးလ်ရောဘတ်ဆန် (Phil Robertson) 



HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးဆိုသူ ဖြစ်ပါတယ်။ ဘင်္ဂလီတွေကို ရွာတွေ မီးရှို့ခိုင်း၊ ထွက်ပြေးခိုင်း ပြီးတော့ ဂြိုလ်တုကနေ အချိန်ကိုက် ဖမ်းယူ၊ ကမ္ဘာကို လုပ်ကြံဝါဒဖြန့်၊ ကြေညာချက်တွေ နေ့တိုင်းထုတ်နေသူ ဖြစ်ပါတယ်။ နောက်ကွယ်မှာ OIC ကုလားအဖွဲ့အစည်းတွေထံကရတဲ့ ဒေါ်လာငွေ သန်းပေါင်းများစွာကို အသုံးပြုပြီး မြန်မာနိုင်ငံကို ရိုဟင်ဂျာမွတ်ဆလင်နိုင်ငံတော် ထူထောင်နိုင်အောင် အဓိက လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။

HRW အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ရခိုင်တပြည်လုံး ဘင်္ဂလီတွေရဲ့ သတ်ဖြတ်ခံရမှာကို စိတ်မဝင်စားပါဘူး၊ ဘင်္ဂလီကုလားတစ်ယောက် အသတ်မခံရဖို့အတွက်ကိုပဲ လူ့အခွင့်အရေး ဗန်းပြပြီး အလုပ်လုပ်ပေးနေတာပါ။ ရှာရီယာ ဥပဒေကျင့်သုံးနေတဲ့ ဆော်ဒီအာရေးဘီးယား၊ဘရူနိုင်း၊ မလေးရှားနိုင်ငံတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်တုန်းကမှ မဝေဖန်ပဲ မသိကျူးကျွံပြုထားပြီး၊ မြန်မာဗုဒ္ဓဘာသာကို မှေးမှိန်ပျောက်ကွယ်အောင် လုပ်ဆောင်ပေးနေတဲ့ အမေရိကန်အခြေစိုက်အဖွဲ့လည်း ဖြစ်ပါတယ်။ ကမ္ဘာကို မဟုတ်မမှန်လုပ်ကြံသတင်းတွေ ဖြန့်ချီနေတဲ့ HRW ဖီးလ်ရောဘတ်ဆန် ရဲ့ တွတ်တာအကောင့်ကတော့ @Reaproy ဖြစ်ပါတယ်။

မူရင်းရေးသားသူ

Kyaw Aye Thein