ဝါးခယ်မမြို.လေး၏ အဖြစ်အပျက် ၊အကြောင်းအရာ ၊သမိုင်းများကို လေ.လာသိရှိနိုင်စေရန် ၊ ဂုဏ်ယူနိုင်စေရန် ရှာဖွေစုဆောင်း တင်ပြထားခြင်းဖြစ်ပြီး အခြား စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ရာများ ကိုဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း ၊ဤ ဘလော.မှတစ်ဆင်. အခြားဘလော.များ သတင်းဋ္ဌာနများကို အလွယ်တကူသွားရောက်လေ.လာနိုင်ရန်အတွက်လည်းကောင်း တရားဝင် မြူနီစပယ် မြို.အဖြစ်ရပ်တည်ခွင်.ရသည်.မြို.လေး၏ ၁၀၆ နှစ်ပြည်.မွေးနေ. ဖြစ်သော၁-၁၀-၂၀၁၂ တွင်ဝါးခယ်မ ဘလော.ကို စတင်ဖွဲ.တည်ပြိး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပြီးသတ်လွှင်.တင်သည်
Friday, February 28, 2014
ဖောင်ဖြည်.ပေးရင် ဖုန်းကဒ် အလကားပေးမယ်တဲ့
အော်ရီဒူးမှ ၄င်း၏ဆာဗေးဖောင်များဖြည့်သွင်းရုံဖြင့် လာမည့် မိုးရာသီကာလအတွင်း
3G စနစ်သုံးဆင်းကတ်များအခမဲ့ ပေးအပ်သွားမည် ဖစ်ကြောင်း
တာမွေမြို့နယ် Bestone မိုဘိုင်းဖုန်းဆိုင်မှသိရသည်။
အဆိုပါဆာဗေးဖောင်များကို ရန်ကုန်မြို့တွင်းရှိ Bestone မိုဘိုင်းဆိုင်ခွဲများတိုင်းတွင်
သွားရောက်ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး လျှောက်လွှာဖြည့်သွင်းခြင်း မှာလည်း အခမဲ့ပင်ဖြစ်ကြောင်း ၄င်းမိုဘိုင်းဖုန်းဆိုင် တာဝန်ခံမှပြောကြားသည်။
၎င်းလျှောက်လွှာဖြည့်သွင်းခြင်းကို ဖေဖေါ်ဝါရီ ၂၇ တွင်စတင်ပြီဖြစ်ပြီး လျှောက်လွှာဖြည့်သွင်းချိန် တစ်လခွဲနီးပါးပေးထားမည်ဟုလည်းသိရသည်။
လျှောက်လွှာဖြည့်သွင်းရန် လူဦးရေကန့်သတ်မထားသော်လည်း ဆိုင်ခွဲများသို့ပေးထားသည့် လျှောက်လွှာများမှာ
အစောင်ရေ (၂၀၀)နီးပါး ခန့်သာရှိသည်ဟုသိရသည်။
အော်ရီဒူး၏ဆာဗေးဖောင်အတွင်း အဓိကအနေဖြင့် လက်ရှိတွင်
ကိုင်တွယ်နေသည့် လက်ကိုင်မိုဘိုင်းဖုန်းရှိ၊မရှိ မေးခွန်းပါဝင်သည်ဟုသိရသည်။
အော်ရီဒူးအနေဖြင့်
၎င်းအစီအစဉ်ကို ပြည်တွင်းရှိမိုဘိုင်းအရောင်းဆိုင်များနှင့် ပူးပေါင်းမည်ဖြစ်ကာ လက်ရှိတွင်
တာမွေ၊ဇ၀န၊လသာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ရေကျော်၊မြေနီကုန်း၊လှည်းတန်းနှင့် ထောက်ကြန့်ရှိ
Bestone မိုဘိုင်းဖုန်းဆိုင်များတွင်သွားရောက် ဖြည့်သွင်းနိုင်မည်ဖြစ်သည်။
@ Popular Myanmar News Journal
နိုင်ငံတကာ ဆု ထပ်မံ ချီးမြှင်.ခံရသော ဇာတိဖွားတစ်ဦး - ၀ါးခယ်မ စိုးမြင်.အောင်
ဝါးခယ်မ ဇာတိသား စာရေးဆရာ သမားတော် စိုးမြင်.အောင် ( ၀ါးခယ် စိုးမြင်.အောင် ) ၏ ဖျံ ၅ ကောင် တိုင်းရင်းဆေးခန်း နှင်. တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မှ ကုသထုတ်လုပ်သော ဖျံ ၅ ကောင် သွေးချို ၊ ဆီးချို ကျဆေး နှင်. ဖျံ ၅ ကောင် သွေးတိုးကျဆေး အပါအ၀င် ဖျံ ၅ ကောင် မြန်မာ. တိုင်းရင်းဆေးများကို ကမ္ဘာအဆင်.မှီ အရည်အသွေး ပြည်.၀မှု နှင်. ပတ်သက်၍ နိုင်ငံတကာ အမြင်.ဆုံး ဆုနှင်. ကမ္ဘာ.တိုင်းရင်းဆေး အရည်အသွေး ဆုဖြစ်သော International Diamond Star For Quality ( Paris 2013 ) အရည်အသွေးပြည်. ကမ္ဘာ.စိန်ပွင်. ဆု ( ပါရီ ၂၀၁၃ ) ချီးမြှင်.ခြင်း ခံခဲ့ရကြောင်း သိရသည် ။
၎င်းဆုသည် ၂၀၀၃ ခုနှစ်အောက်တိုဘာလ ၂၇ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို. Hyatt Regency Etoile and The Paris Palais Des Congers Convention Centre တွင်ကျင်းပသော တစ်ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးပြည်. ထိပ်သီး ဆုညီလာခံ ( ပါရီ ၂၀၁၃ တွင် ) နိုင်ငံတကာလုပ်ငန်းဆိုင်ရာ မြှင်.တင်မှု ညွှန်ကြားရေး အဖွဲ.ကြီးမှ နိုင်ငံပေါင်း ၁၇၈ နိုင်ငံ အနက်မှ ရွေးချယ်ချီးမြှင်.ခြင်းဖြစ်သည် ။ယခင်ကလည်းနိုင်ငံတကာတိုင်းရင်းဆေးအရည်အသွေး ဆု' နိုင်ငံတကာရွှေကြယ်ပွင့်ဆု(ဂျီနီဖာ-၂၀၁၀) ရွှေတံဆိပ်ဒိုင်းဆု ကိုရရှိထားခဲ့ပြီး ၀ါးခယ်မ စိုးမြင့်အောင် အနေဖြင်.ဖြင်. ၂၀၁၁ ခုနှစ်၂၀၁၁ခုနှစ် စက်တင်ဘာလ ၆ရက်နေ.တွင် ပြင်သစ်ပါရီ မှ ချီးမြှင်.သောInternational Star for Leadership In Quality Award ( France 2011 ) ကိုလည်း ရရှိထား သည် ။ ထိုဆုကိုမူ Bussiness Initiative Directions အဖွဲ့ကြီးမှ၂၀၁၁ခုနှစ်
ဧပြီလ ၁၀ရက်နေ့မှ ၁၁ရက်နေ့ထိ ပြင်သစ် နိုင်ငံ ပဲရစ်မြို့တွင့် ကျင်းပပြုလုပ်ခဲ့သော International Quality Convention အခမ်း အနား တွင် တက်ရောက်ရယူခဲ့ကြောင်းသိရသည် ။
![]() |
| Photo from The Standard Time Daily |
အဆိုပါ ဖျံ၅ကောင်တိုင်းရင်းဆေးမှ သွေး ချိုဆီးချိုကျဆေး၊ သွေးတိုးကျဆေး ယောင်္ကျားအားနည်းရောဂါသောက် ဆေးနှင့် အခြားဆေးများထုတ်လုပ်လျှက်ရှိကြောင်း သိရသည် ။
( မိမိတို.ဇာတိဖွား တစ်ဦး၏ အောင်မြင်မှုကို ဂုဏ်ယူဖော်ပြခြင်း သက်သက်သာ ဖြစ်ပါသည် )
Ref ; The Standard Time Daily & Online Media
Thursday, February 27, 2014
တပ်မတော် ကြည်း /လေ အမြှောက်နှင်. သံချပ်ကာ တပ်တို.၏ ပူးပေါင်းစစ်ရေးလေ.ကျင်.မှု ( အနော်ရထာ - ၂၀၁၄ )
ယခင်ထက် ပို၍ သိသိသာသာ ပွင်းလင်းမြင်သာ လာနေချိန်တွင် ၂၀၁၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ.က တပ်မတော်(ကြည်.း) တပ်မတော် ( လေ ) ၊ အမြောက်နှင်. သံချပ်ကာ တပ်ဖွဲ. တို. ပူးပေါင်းပြုလုပ်သော စစ်ရေး လေ.ကျင်. မှု တစ်ရပ်ကို မိတ္ထီလာ လွင်ပြင်ဒေသတွင် ကျင်းပခဲ့ပြီး Media များမှလည်း တရားဝင် ဖော်ပြခဲ့ကြပါသည် ။
ထိုစစ်ရေးလေ.ကျင်.မှုကို အနော်ရထာ ဟုအမည်ပေးခဲ့ပြီး တပ်မတော်(ကြည်း)မှ တပ်မ(၈၈)နှင့် လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များ၊ အမှတ်(၈)စစ်မြေပြင် စစ်လက်နက်ပစ္စည်းတပ်တို့ပါဝင်ခဲ့ပါပြီး တပ်မမှူးမှ Joint Force Commander အဖြစ် ဆောင်ရွက်ပါသည်။ ။
![]() |
| MiG-29SE တိုက်လေယာဉ်များ |
တပ်မတော်(လေ) အနေဖြင်. လေတပ်စခန်းဌာနချုပ် (၆)ခုမှ စတုတ္တမျိုးဆက် ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များ၊ ကြားဖြတ်တိုက်လေယာဉ်များ၊ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်များ စသည်ဖြင့် လေယာဉ်အမျိုးအစား(၈)မျိုး ပါဝင်ခဲ့သည်။ လေ့ကျင့်ခန်းတွင် လေကြောင်းလုပ်ငန်းတာဝန်များအနေဖြင့် တိုက်ပွဲဝင်ကင်းထောက်ပျံသန်းခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ လေကြောင်းချီသယ်ယူပို့ဆောင်ခြင်းနှင့် အမြောက်ချိတ်ဆွဲခြင်း၊ အထူးတပ်ဖွဲ့ဝင်များ တင်ဆောင်လေ့ကျင့်ပျံသန်းခြင်း စသဖြင့် လှုပ်ရှားဆောင်ရွက်မူ(၁၄)မျိုး လေ့ကျင့်နိုင်ခဲ့ကြောင်း သိရသည်။
သံချပ်ကာယန္တယားအနေဖြင့် သံချပ်ကာနည်းဗျုဟာ(၁)ခု၊ တင့်တပ်ရင်း(၁)ရင်း၊ သံချပ်ကာတိုက်ခိုက်ရေး တပ်ရင်း(၂)ရင်း ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။အမြောက်တပ်ဖွဲ.များ အနေဖြင်.စက်အမြောက်များ ၂၅မမ၊၅၇မမ လေယာဉ်ပစ်အမြောက်များနှင့် ဒုံးလက်နက်အဖြစ် တပ်မတော်ထုတ် Igla မျိုးကွဲ ပုခုံးထမ်းဒုံးများ ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရပါသည်..။
![]() |
| စစ်ရေးလေ့ကျင့်မှုအတွင်း တာတိုပစ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံးများဖြင့် (အနိမ့်ပျံ၍ မြန်နှုန်းနည်းသော ရန်သူ့လေယာဉ်၊ရဟတ်ယာဉ်)များအား ပစ်ခတ်တားဆီးခြင်း စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွှက်နေကြစဉ် |
လေ့ကျင့်ခန်းတွင် သမားရိုးကျစစ်ဆင်ရေး၏ ချီစစ်၊တိုက်စစ်စသည့် အဓိကစစ်ကဏ္ဍကြီးနှစ်ရပ်ကို တိုက်ပွဲလုပ်ငန်းစဉ် Battle Procedure များအတိုင်း ရည်မှန်းချက်(၄)နေရာ ခွဲခြားသတ်မှတ်ပြီး ရန်သူ့ပစ်မှတ်များကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကြိုတင်ချေမှုန်းခြင်း၊ အမြောက်ကြီးများ / အတွဲလိုက်ဒုံးများ / ခြေလျင်အကူလက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကြိုတင်ချေမှုန်းခြင်း၊ ရန်သူ့လက်နက်ကြီးများကို အကြမ်းဖက်တပ်ဖွဲ့များဖြင့် စီးနင်းတိုက်ခိုက်ခြင်း၊ တိုက်ပွဲပုံစံ အဆင့်ဆင့်အတိုင်း ခြေလျင်/တင့်/သံချပ်ကာများဖြင့် ရည်မှန်းချက်အသီးသီးကို ဖောက်ဝင် ချေမှုန်းတိုက်ခိုက်ခြင်းများအား အောင်မြင်စွာ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ သတင်းဋ္ဌာနတို.က ဤစစ်ရေးလေ.ကျင်.မှု ကို ပြည်ပက ကျူးကျော်လာတာကို တိုက်ထုတ်ဖို့ လေ့ကျင့်တာဖြစ်ဖွယ်ရှိပါတယ် လို.ရေးသားကြပါသည် ။ မြန်မာ.တပ်မတော် က ဒါဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းရည် မြင့်မားစေ ဖို.ဟု.ဆိုသည် ။ ကာ/ချုပ် ၏အမှာ စကားတွင် ယခုလေ.ကျင်.မှု နှင်. ပတ်သက်၍ စစ်မြေပြင်လို အတွေ့အကြုံများရရှိရေးအတွက် တပ်ဆင်ထားသော စစ်လက်နက်ပစ္စည်းယန္တယားများဖြင့် လေ့ကျင့်ခန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
- စစ်ဆင်ရေးအောင်မြင်နိုင်ရန်အတွက် တပ်များမှာ တိုက်ပွဲစွမ်းအားရှိရန် အရေးကြီးကြောင်း ထည်.သွင်းပြောကြားခဲ့သည် ။
ယခုစစ်ရေးလေ.ကျင်.မှု ကဲ့သို. Joint Training တစ်ခုတွင် ပါဝင်ခဲ့ဖူးသူတစ်ဦးကလည်း သတင်းဖော်ပြထားသော Post တစ်ခု၏ Comment တွင် ဤသို.ရေးသားခဲ့ပါသည် ။
- Thein Htay
စက်ထဲက...''အိမ်း...သိန်းဌေး...ကောင်းတယ်ကွ...''ဆိုတဲ့...ဆရာ.အသံကြားမှ...စိတ်ဒုံးဒုံး..ချပြီးအားလျော့လိုက်တာ...
![]() |
| စစ်ရေးလေ့ကျင့်မှုအတွင်း ၁၂၂မမ အတွဲလိုက်ပစ် ဒုံးများဖြင့် လေ့ကျင့်နေကြစဉ် |
ဘယ်ကအလစ်ချောင်းနေမှန်းမသိတဲ့ငှက်ဖျားဒဏ်ကိုခံလိုက်ရတာ...၁၀၆..အထိ
အဖျားတက်ပြီးပူလွန်းလို့..drip
တွေဖြုတ်ပြီးရှောက်ပြေးတဲ့အထိဖြစ်ခဲ့ပါတယ်..ကျနော့်တပ်ခွဲကစစ်သည်တဦးကတော့.အဲဒီမှာတင်ပဲငှက်ဖျားနဲ့ကျဆုံးခဲ့ပါတယ်..စစခြင်း
လုပ်တဲ့လေ့ကျင့်ခန်းဖြစ်တာရယ်..မုန်တိုင်းမိခဲ့တာတွေကြောင့်..စစ်သည်တွေ..အတော်ပင်ပမ်းခဲ့ကြတာပါ...
ဒါက..ကြိုတင်စီစဉ်သော...လေ..ကြည်း..ပါ..ခေတ်သစ်စစ်ပွဲအတွက်..တကယ်ကိုလိုအပ်ပါတယ်..စောစောကတင်ပြခဲ့သလိုပဲ..ဒီလိုလေ့ကျင့်ခန်းဖြစ်ဖို့...ဘယ်သူမှ..မနေရတဲ့အပြင်..ပင်ပမ်းခြင်း..ပစ္စည်း..လူ...ငွေ...ဆုံးရှူံးကုန်ကျခြင်းတွေဒုနဲ့..ဒေး..ပါ..ခင်ဗျာ...။
ဒါကြောင့်...ဆုံး..ရှူံး..ကုန်ကျတာခြင်းတူတူ...ကျနော်တို့ရှေ့တန်းစစ်မြေပြင်နဲ့...တကယ်အကိုက်ညီဆုံးဖြစ်မဲ့ရုတ်ချည်းလေ...ကြည်း..လေ့ကျင့်ခန်း..တနည်းအားဖြင့်...ကြိုတင်စီစဉ်မထားသော..အမြန်..လေ..ကြည်း..တိုက်ပွဲကိုလုပ်တတ်အောင်..လေ့ကျင့်ပေးလျှင်ပိုမိုကောင်းမွန်ပြည့်စုံမယ်လို့,ထင်ပါတယ်ခင်ဗျာ...
ဒါကြောင့်...ဆုံး..ရှူံး..ကုန်ကျတာခြင်းတူတူ...ကျနော်တို့ရှေ့တန်းစစ်မြေပြင်နဲ့...တကယ်အကိုက်ညီဆုံးဖြစ်မဲ့ရုတ်ချည်းလေ...ကြည်း..လေ့ကျင့်ခန်း..တနည်းအားဖြင့်...ကြိုတင်စီစဉ်မထားသော..အမြန်..လေ..ကြည်း..တိုက်ပွဲကိုလုပ်တတ်အောင်..လေ့ကျင့်ပေးလျှင်ပိုမိုကောင်းမွန်ပြည့်စုံမယ်လို့,ထင်ပါတယ်ခင်ဗျာ...
အနော်ရထာ စစ်ရေးလေ.ကျင်.မှု ၂၀၁၄ အင်တာဗျုးနှင်. လှုပ်ရှားမှု Video File ( ညီညာလက်များ ဖြန်.ကျက်ထား - အပိုင်း ၁ )
Ref & Photos ; မြ၀တီ ,ကာချုပ် Page , မာင်ရေခဲ ( Myanmar Navy ) , Irrawaddy Blog & Myanmar Defence Weapon .
Ref & Photos ; မြ၀တီ ,ကာချုပ် Page , မာင်ရေခဲ ( Myanmar Navy ) , Irrawaddy Blog & Myanmar Defence Weapon .
Wednesday, February 26, 2014
မင်းခိုက်စိုးစံ ရဲ. ကဗျာ တစ်ပုဒ်
ဆယ့်နှစ်ကြိုးကဝေအတတ်တွေနဲ့
(ငါ့ရင်ထဲက) မီးခတ်တဲ့စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်းပြုစားတတ်တဲ့ရွာသူရေ
ရင်ခုန်သံတွေကိုပဲ ခေါစာပစ်လိုက်တယ်
သခင်မ
ပျော်ပါ၊ ပါးပါ၊ စားပါ၊ သောက်ပါ
မရိုမသေတမ်းတမိတဲ့
ဟောဒီကအမိုက်အမဲကိုလည်း
အပြစ်ကလွှတ်တော်မူပါ
မီးတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ
တရားဝင်စစ်ကြေငြာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူးဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့်ပြုတော်မူပါ
မင်းခိုက်စိုးစံ
Tuesday, February 25, 2014
သေးနဲ. အပန်းခံလိုက်ရတဲ့ သရဲ
ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွ
ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ ပျော်လို့ရွှင်လို့ပေါ့ဗျာ…။
ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ - ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/
တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ ရွာထဲလမ်းလျှောက်ထွက်လာရင်း
ကျွန်တော် အိမ်ကို ချွေးတလုံးလုံးနဲ့ကမူးကတိုး
အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမေ
ကျ
Written by :မောင်မိုးတိမ် @ သရဲ အကြောင်းပြောက်ြမယ်
မြို.လေးတွင်
တစ်ခုဖြစ်သည် ။
ဆေးရုံရှေ.
။
မြို.လေးတွင် အရှင်နှစ်ပါး ပူဇော်ပသပွဲဆိုသည်က ဇာတိဖွားများ ၊ ဇာတိသားများ သတိတရ ရှိတတ်သော ပွဲတော် တစ်ခုဖြစ်သည် ။
ဆေးရုံရှေ. တွင်ကျင်းပသော ဥိးရှင်ကြီးပွဲ ၊ လှေကျင်းတွင် ကျင်းပသော ဦးရှင်ကြီးပွဲနှင်. တရုပ်တန်းတွင် ကျင်းပသော ဦးရှင်ကြီးပွဲဟူ၍ နှစ်စဉ် ၃ ပွဲ ကျင်းပလေ.ရှိသည် ။ မူလ ပတ္တမြား ရပ်ကွက်တွင် ကျင်းပလေ.ရှိသော ဦးရှင်ကြီး ပွဲမှနေ၍ နောက်ပိုင်း ဆေးရုံရှေ.တွင် ဆက်လက်ကပြသော ဦးရှင်ကြီးပွဲက မြို.လေးတွင် အဦးဆုံးသောပွဲဖြစ်သည် ။ပြီးခဲ့သည်. ပွဲကဆိုလျှင် ၁၃၁ ကြိမ်မြောက် ကျင်းပသော ပွဲဖြစ်သည် ။နောက်ဆုံးမှ ကျင်းပသော ပွဲကား တရုတ်တန်း ဦးရှင်ကြီးပွဲဖြစ်ပြီး နှစ် ၅၀ ကျော်နောက်ကျသည်ဟု သိရသည် ။ လှေကျင်း ဦးရှင်ကြီးပွဲကား ယခုနှစ်တွင် ၁၂၁ ကြိမ်တိုင်ခဲ့ပြီဖြစ်သည် ။
မြို.လေးတွင် အရှင်နှစ်ပါး ပူဇော်ပသပွဲဆိုသည်က ဇာတိဖွားများ ၊ ဇာတိသားများ သတိတရ ရှိတတ်သော ပွဲတော် တစ်ခုဖြစ်သည် ။
ဆေးရုံရှေ. တွင်ကျင်းပသော ဥိးရှင်ကြီးပွဲ ၊ လှေကျင်းတွင် ကျင်းပသော ဦးရှင်ကြီးပွဲနှင်. တရုပ်တန်းတွင် ကျင်းပသော ဦးရှင်ကြီးပွဲဟူ၍ နှစ်စဉ် ၃ ပွဲ ကျင်းပလေ.ရှိသည် ။ မူလ ပတ္တမြား ရပ်ကွက်တွင် ကျင်းပလေ.ရှိသော ဦးရှင်ကြီး ပွဲမှနေ၍ နောက်ပိုင်း ဆေးရုံရှေ.တွင် ဆက်လက်ကပြသော ဦးရှင်ကြီးပွဲက မြို.လေးတွင် အဦးဆုံးသောပွဲဖြစ်သည် ။ပြီးခဲ့သည်. ပွဲကဆိုလျှင် ၁၃၁ ကြိမ်မြောက် ကျင်းပသော ပွဲဖြစ်သည် ။နောက်ဆုံးမှ ကျင်းပသော ပွဲကား တရုတ်တန်း ဦးရှင်ကြီးပွဲဖြစ်ပြီး နှစ် ၅၀ ကျော်နောက်ကျသည်ဟု သိရသည် ။ လှေကျင်း ဦးရှင်ကြီးပွဲကား ယခုနှစ်တွင် ၁၂၁ ကြိမ်တိုင်ခဲ့ပြီဖြစ်သည် ။
ယခင္က
ပူဇော်ပသခဲ့ကြသည် ။
ပူဇော်ပသရာတွင်
ယခင်က လှေကျင်းဦးရှင်ကြီးပွဲ ကျင်းပရန် အတွက် ကွင်းပိုင်မရှိခဲ့ပဲ ယခု GTI ကျောင်းဝင်းနေရာ ၊ ပရဟိတ ကျောင်းဝင်းနောက်ဖက် ၊ လှေကျင်း ကွက်သစ်ဘက်လယ်ကွင်း များစသည်ဖြင်. အဆင်ပြေရာ နေရာ ရွေးချယ် ကျင်းပခဲ့ကြရသည် ။ သို.သော် လွန်ခဲ့သော ၇နှစ်ခန်. လှေကျင်းရပ်ကွက် ရယက အဖြစ် ဦးမြင်.သန်း ၊ဦးမြင်.စိုး တာဝန်ယူစဉ် ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင်. ယခု ပွဲကျင်းပရာနေရာကို သတ်သတ်မှတ်မှတ် ရရှိခဲ့ကြသည် ။ထိုမှနေ၍ ပြီးခဲ့သော ၃ နှစ်ခန်.တွင်မူ အရှင် နှစ်ပါး နတ်နန်း ၂ခုကိုအခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြသည် ။
လှေကျင်းဦးရှင်ကြီးပွဲ၏ ထူးခြားချက်မှာ အခြားအရှင်နှစ်ပါး ပွဲများထက် ပူးဝင်ပျော်ပါးကြသည်. နတ်အရေအတွက် ပိုမိုများပြားခြင်းဖြစ်သည် ။ ဖျော်ဖြေမည်. ဇာတ်ပွဲ မတိုင်မှီ အရှင်နှစ်ပါးနှင်. နတ်များ ပူဇော်ခြင်းကို ည ၇နာရီ ခန်.တွင် စတင်လေ.ရှိပြီး ၉း၃၀ - ၁၀း၀၀ နာရီခန်.အထိ ပြုလုပ်လေ.ရှိသည် ။ အရှင်နှစ်ပါးကိုသာ အစဉ်လိုက် ပူဇော်ပသပြီး ကျန်အတွင်း ၃၇ မင်း အပြင် ၃၇ မင်းကိုမူ နှစ်သက်ရာ ဝင်ရောက်ပူးကပ်ပျော်မြူးခွင်. ပြုထားခြင်းဖြစ်သည် ။ အခြေအနေအရ ပွဲမပါပဲ ပသမှု သက်သက်ပြုလုပ်ခဲ့ရသော နှစ်အချို.ရှိခဲ့ပြီး ထိုကဲ့သို.နှစ်မျိုးဆိုလျှင်တော. နတ်အတော်စုံစုံ ဝင်ရောက်ခဲ့ကြောင်း သိရသည် ။နိုင်ငံရေး ၊ စီးပွားရေး အရ ပသပွဲပါ မလုပ်နိုင်သည်.နှစ်မျိုးဆိုလျှင် အနည်းဆုံးလေးတိုင်စင်နှင်.တော. ပူဇော်ပသခဲ့ကြသည် ။
ပူဇော်ပသရာတွင် အရှင်နှစ်ပါး ပူဇော်ပသပွဲဟု သုံးနှုံးကြခြင်းမှာ ထိုနတ်လောကတွင် ပင်းယဘိုးဘိုးကြီး မှာ အခေါင်အချုပ်ဖြစ်ကြောင်း ၊ ထိုဘိုးဘိုးကြီး လက်အောက်တွင် မြို.တော်ရှင် ၊ နယ်တော်ရှင်တို.ရှိကြောင်း ၊ လက်ရှိပူဇော်ပသသည်မှာ မြို.တော်ရှင် ဖြစ်သော ကိုးမြို.ရှင် နှင်. နယ်တော်ရှင် ဦးရှင်ကြီးတို.အား အမှုးထား ပူဇော်ပသခြင်းကြောင်. ဖြစ်ကြောင်းလည်း သိရသည်။
ယခင်က လှေကျင်းဦးရှင်ကြီးပွဲ ကျင်းပရန် အတွက် ကွင်းပိုင်မရှိခဲ့ပဲ ယခု GTI ကျောင်းဝင်းနေရာ ၊ ပရဟိတ ကျောင်းဝင်းနောက်ဖက် ၊ လှေကျင်း ကွက်သစ်ဘက်လယ်ကွင်း များစသည်ဖြင်. အဆင်ပြေရာ နေရာ ရွေးချယ် ကျင်းပခဲ့ကြရသည် ။ သို.သော် လွန်ခဲ့သော ၇နှစ်ခန်. လှေကျင်းရပ်ကွက် ရယက အဖြစ် ဦးမြင်.သန်း ၊ဦးမြင်.စိုး တာဝန်ယူစဉ် ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင်. ယခု ပွဲကျင်းပရာနေရာကို သတ်သတ်မှတ်မှတ် ရရှိခဲ့ကြသည် ။ထိုမှနေ၍ ပြီးခဲ့သော ၃ နှစ်ခန်.တွင်မူ အရှင် နှစ်ပါး နတ်နန်း ၂ခုကိုအခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြသည် ။
လှေကျင်းဦးရှင်ကြီးပွဲ၏ ထူးခြားချက်မှာ အခြားအရှင်နှစ်ပါး ပွဲများထက် ပူးဝင်ပျော်ပါးကြသည်. နတ်အရေအတွက် ပိုမိုများပြားခြင်းဖြစ်သည် ။ ဖျော်ဖြေမည်. ဇာတ်ပွဲ မတိုင်မှီ အရှင်နှစ်ပါးနှင်. နတ်များ ပူဇော်ခြင်းကို ည ၇နာရီ ခန်.တွင် စတင်လေ.ရှိပြီး ၉း၃၀ - ၁၀း၀၀ နာရီခန်.အထိ ပြုလုပ်လေ.ရှိသည် ။ အရှင်နှစ်ပါးကိုသာ အစဉ်လိုက် ပူဇော်ပသပြီး ကျန်အတွင်း ၃၇ မင်း အပြင် ၃၇ မင်းကိုမူ နှစ်သက်ရာ ဝင်ရောက်ပူးကပ်ပျော်မြူးခွင်. ပြုထားခြင်းဖြစ်သည် ။ အခြေအနေအရ ပွဲမပါပဲ ပသမှု သက်သက်ပြုလုပ်ခဲ့ရသော နှစ်အချို.ရှိခဲ့ပြီး ထိုကဲ့သို.နှစ်မျိုးဆိုလျှင်တော. နတ်အတော်စုံစုံ ဝင်ရောက်ခဲ့ကြောင်း သိရသည် ။နိုင်ငံရေး ၊ စီးပွားရေး အရ ပသပွဲပါ မလုပ်နိုင်သည်.နှစ်မျိုးဆိုလျှင် အနည်းဆုံးလေးတိုင်စင်နှင်.တော. ပူဇော်ပသခဲ့ကြသည် ။
ပူဇော်ပသရာတွင် အရှင်နှစ်ပါး ပူဇော်ပသပွဲဟု သုံးနှုံးကြခြင်းမှာ ထိုနတ်လောကတွင် ပင်းယဘိုးဘိုးကြီး မှာ အခေါင်အချုပ်ဖြစ်ကြောင်း ၊ ထိုဘိုးဘိုးကြီး လက်အောက်တွင် မြို.တော်ရှင် ၊ နယ်တော်ရှင်တို.ရှိကြောင်း ၊ လက်ရှိပူဇော်ပသသည်မှာ မြို.တော်ရှင် ဖြစ်သော ကိုးမြို.ရှင် နှင်. နယ်တော်ရှင် ဦးရှင်ကြီးတို.အား အမှုးထား ပူဇော်ပသခြင်းကြောင်. ဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ်တွင်
ဆေးရုံရှေ. ဥိး၇ှင်ကြီးပွဲ ၊ပြီး တရုတ်တန်း ဦးရှင်ကြီးပွဲ တို.ကျင်းပအပြီး လှေကျင်းဦးရှင်ကြီးပွဲကို
(
အဓိကထား ဖော်ပြပါသည် )
လိုအပ်သော
ယခုနှစ်တွင် ဆေးရုံရှေ. ဥိးရှင်ကြီးပွဲ ၊ပြီး တရုတ်တန်း ဦးရှင်ကြီးပွဲ တို.ကျင်းပအပြီး လှေကျင်းဦးရှင်ကြီးပွဲကို ၂၀၁၄ ဖေဖော်ဝါရီလ ၂၀ ရက်နေ.မှ စတင်ကျင်းပခဲ့သည်ဟု သိရပါသည် ။ ယခုနှစ် ပူဇော်ပသပွဲ ဝတ်စုံနှင်. အခြား လိုအပ်သည်များကို ကို ချစ်ဦး- မမီးမီးနှင်. မမေရီမိသားစု တို.က တာဝန်ယူလှုဒါန်းခဲ့သည်ဟုသိရပါသည် ။
( ဤ စာစုလေးကို ဘာသာရေးဆိုင်ရာ ယုံကြည်မှုထက် မြို.လေး၏ ဓလေ.ရိုးရာ ကျင်းပပုံ တစ်ခုအနေဖြင်. အဓိကထား ဖော်ပြပါသည် )
လိုအပ်သော အချက်အလက်များ ရရှိရန် ချိတ်ဆက် ဆောင်ရွက်ပေးသော ကိုအောင်မြင်. ၊သိရှိလိုသော အချက်အလက်များကို စိတ်ပါလက်ပါ ပြည်.စုံစွာဖြေကြားပေးသော ဦးပု @ ဦးမြင်.သန်း တို.အား ဝါးခယ်မ Page မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။
Monday, February 24, 2014
မြန်မာ့တပ်မတော် ထုတ် ခေတ်မှီ သံချပ်ကာယာဉ် များအကြောင်း
ပိုစ့်မတင်ဖြစ်တာလည်း နည်းနည်းကြာနေလို့ စောင့်နေကြတဲ့ ညီ၊အစ်ကိုတွေကို ဒီနေ့တော့ တပ်မတော်ထုတ် သံချပ်ကာယာဉ်(အပေါ့စား)၊ကင်းလှည့်ယာဉ်တွေနှင့် မိတ်ဆက်ပေးချင်ပါတယ်...။ မြန်မာ့တပ်မတော်မှာ ဟိုးအရင်ခုနှစ်များဆီကနေစတင်ပြီး BAAC စီးရီး ကင်းလှည့်သံချပ်ကာယာဉ်တွေကို ပြည်တွင်းမှာဘဲတပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်...။ အမှန်တိုင်းဝန်ခံရမယ်ဆိုရင် အဆိုပါ၈၀ခုနှစ်များက ထုတ်လုပ်ခဲ့တယ် သံချပ်ကာကင်းလှည့်ယာဉ်များဟာ အသင့်ရှိပြီး စစ်သုံးယာဉ်များကို သံချပ်ကာအုပ်ထားတဲ့ ကင်းလှည့်ယာဉ်များသာ ဖြစ်ခဲ့ကြပါတယ်...။ သို့သော် တပ်မတော်သံချပ်ကာတပ်ရဲ့ လိုအပ်နေတဲ့ တိုက်စစ်စွမ်းရည်ကိုတော့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ်...။
မြန်မာ့တပ်မတော်ဟာ ရှိရင်းစွဲလက်နက်စနစ်များကို သုတေသနပြုလေ့လာရင်း ပို၍ပို၍ ကောင်းမွန်တဲ့စနစ်များအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်...။ သိသာတဲ့အချက်ကတော့ ယခင် BAAC သံချပ်ကာကင်းလှည့်ယာဉ်များကို အခြေပြုတီထွင်ထုတ်လုပ်ခဲ့တဲ့ MAV စီးရီး သံချပ်ကာကင်းလှည့်ယာဉ်များဘဲဖြစ်ပါတယ်...။ MAVလို့အတိုကောက်ခေါ်ဝေါ်တဲ့ Myanmar Armoured Vehicle (MAV) သံချပ်ကာကင်းလှည့်ယာဉ်များကို ရရှိထားသည့် ပုံများအရဆိုရင် မျိုးကွဲ(၄)မျိုးတွေ့ရနိုင်ပါတယ်...။ အဆိုပါ(၄)မျိုးစလုံးကို ပုံများနှင့်တကွဖော်ပြပေးလိုက်ပါတယ်...။
MAV-1 Scout Car (ကင်းထောက်ယာဉ်)
MAV-1 SCဟာဆိုရင် အရင် BAAC စီးရီးသံချပ်ကာကင်းလှည့်ယာဉ်တွေအပေါ်အခြေခံထားတယ်ဆိုတာ သိသာပါတယ်...။ ထူးခြားချက်အနေဖြင့် အဆိုပါသံချပ်ကာကင်းလှည့်ယာဉ်ဟာ အရင် BAAC စီးရီးများကဲ့သို့ ရှိရင်းစွဲစစ်ယာဉ်များကို သံချပ်ကာအုပ်ထားခြင်းမဟုတ်တော့ဘဲ စနစ်တစ်ခုလုံးကို သံချပ်ကာယာဉ်အဖြစ် ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ခြင်းဘဲဖြစ်ပါတယ်...။ ဒါဟာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မှီသံချပ်ကာယာဉ်များ တည်ဆောက်မှု အစလို့လည်း သတ်မှတ်နိုင်ပါတယ်...။ တပ်ဆင်ထားတဲ့လက်နက်စနစ်ကို ပုံအရပြောရမယ်ဆိုရင် ၁၂.၇မမ စက်ကြီးတပ်ဆင်ထားပါတယ်...။ ပစ်ခတ်ထိန်းချုပ်မှုစနစ်ကိုတော့ မသိရပါဘူး...။ သံချပ်ကာယာဉ်အနေဖြင့် တန်ချိန် (၃.၇၅)တန်ရှိပါတယ်...။
MAV-2 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)
MAV စီးရီးရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ကတော့ BAACစီးရီးများကနေ အတော်လေးခွဲထွက်လာခဲ့ပါပြီ။ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ဆိုတဲ့အတိုင်း စစ်သည်များအနေဖြင့်လည်း လိုက်ပါတိုက်ပွဲဝင်နိုင်စွမ်းရှိလာပြီးတော့ လက်နက်စနစ်ကိုလည်း ၂၀မမ စက်အမြောက်အပြင် ၇.၆၂မမ စက်ကလေးနှင့် အားဖြည့်ထားပါတယ်...။ တန်ချိန်(၉)တန်ရှိပါတယ်...။ ပိုပြီးတိကျတဲ့ အချက်လက်တွေတော့ မရရှိသေးပါဘူး...။
MAV-3 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)
MAV-3 သံချပ်ကာယာဉ်ကတော့ MAV-2 နှင့်အနည်းငယ်သာ ကွဲပြားတဲ့တိုက်ယာဉ်ပါ...။ ထူးခြားချက်ကတော့ အင်ဂျင်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာပြီးတော့ ပစ်အားကိုမြှင့်ထားတယ်လို့ သိရပါတယ်...။ကျန်တဲ့ထူးခြားချက်တော့ ကျွှန်တော်မတွေ့မိပါဘူး...။ (ညီ၊အစ်ကိုတွေအနေနှင့် ဝင်ထောက်ပြပေးနိုင်ပါတယ်...။)
MAV-4 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)
တိုက်ယာဉ်အဖွဲ့သား (၄)ယောက်နှင့် ၀.၅စက်သေနတ်နှစ်လက်တွဲ တပ်ဆင်ထားတဲ့ MAV-4 ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ဟာဆိုရင် တန်ချိန်(၆.၇၇)တန်ရှိပြီး ထုတ်လုပ်မှုအစီးရေ ပမာဏမများဘူးလို့ သိရပါတယ်...။
မြန်မာ့တပ်မတော်ရဲ့ သံချပ်ကာထုတ်လုပ်ရေး စီမံကိန်းများအနက် MAV စီးရီးတွေအနေနှင့် သိရသလောက်ကိုဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်...။ နောက်ထပ်ဖော်ပြပေးမယ့် မျိုးဆက်သစ်ခေတ်မှီ သံချပ်ကာကင်းလှည့်ယာဉ်တစ်မျိုးကတော့ အပေါ့စားသံချပ်ကာကင်းထောက်ယာဉ်များလို့ သတ်မှတ်နိုင်တဲ့ ULARV စီးရီးများဘဲဖြစ်ပါတယ်...။ တကယ်တော့ ဒီစီးရီးသံချပ်ကာယာဉ်တွေဟာ အရင်ထုတ်လုပ်ခဲ့ဘူးသမျှသော သံချပ်ကာယာဉ်များနှင့်စာရင် လုံးဝကိုကွဲပြားသွားတဲ့ ဒီဇိုင်းနှင့်စနစ်များဘဲဖြစ်ပါတယ်...။ အနည်းငယ်အကျယ်ချဲ့လေ့လာကြည့်ရအောင်-
ULARV-1
ULARV-1 သံချပ်ကာကင်းထောက်ယာဉ်ကို မြန်မာ့တပ်မတော်ကဘဲ ဒီဇိုင်းဆွဲတီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ ၁၄.၅မမ စက်ကြီးကိုတပ်ဆင်ထားပါတယ်...။ ယာဉ်ရဲ့ ကြံခိုင်မှုဟာ အားရစရာကောင်းလှပြီး ရုရှားတပ်မတော်သုံး Tigr သံချပ်ကာကင်းထောက်ယာဉ်များကဲ့သို့ပင် စွမ်းဆောင်ရည်ရှိပါတယ်...။ အပေါ့စားကင်းထောက်ယာဉ်လို့ သတ်မှတ်ထားပင်မယ့် ၁၄.၅မမ စက်သေနတ်ရဲ့ ထိရောက်မှုအားဟာ တဖက်ရန်သူကို အကောင်းဆုံးချေမှုန်းနိုင်စွမ်းရှိနေပါတယ်...။ ဂုဏ်ယူဖွယ်ရာနောက်တစ်ချက်ကတော့ တပ်ဆင်ထားတဲ့ စက်သေနတ်များကို ယာဉ်အတွင်းကနေ ထိန်းချုပ်ပစ်ခတ်နိုင်စွမ်းရှိပြီးတော့ ထိရောက်တဲ့စနစ်ဖြစ်ကြောင်း စမ်းသပ်မှုများအရ သိရှိရပါတယ်...။ လျင်မြန်စွာစစ်ကစားလှုပ်ရှားမယ့် တိုက်ယာဉ်အမျိုးစားတစ်စင်းဘဲ ဖြစ်ပါတယ်...။
လေကြောင်းရန်အတွက်လည်း Igla ကဲ့သို့သော တာတိုထိရောက်မှုအားကောင်းသည့် လေကာစနစ် တပ်ဆင်ထားနိုင်မှုကိုကြည့်မယ်ဆိုရင် ULARV-1 တိုက်ယာဉ်များရဲ့ စွမ်းဆောင်မှုကို ခန့်မှန်းနိုင်ကြမယ်ထင်ပါတယ်...။ တပ်မတော်ရဲ့ အနာဂတ် စီမံကိန်းများအနက်တစ်ခုဖြစ်တဲ့ စစ်ယာဉ်တန်းများ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းပေးနိုင်မယ့် တိုက်ယာဉ်များလည်းဖြစ်ပါတယ်...။
လေကြောင်းရန် ကာကွယ်ရေးသုံး Igla တာတိုပစ်ဒုံးလက်နက်တပ် ULARV-1
ULARV-2
ULARV-2 ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ကိုတော့ ၁၄.၅မမ စက်ကြီးအပြင် Igla ကဲ့သို့သော တာတိုပစ် လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်များကိုလည်း ပူးတွဲ တပ်ဆင်ထားနိုင်ပါတယ်...။ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းများအတွက်လည်း လိုအပ်ချက်အရ Igla တာတိုပစ် ဒုံးများတပ်ဆင်ပေးနိုင်ပါတယ်...။ အတည်ပြုလို့မရသေးတဲ့ သတင်းများအရဆိုရင် ကွန်ပြူတာ ထိန်းချုပ်ရေးစနစ်များပါ တပ်ဆင်ထားပြီး သံချပ်ကာတပ်ရင်းများရဲ့ အားထားရတဲ့ တိုက်ယာဉ်များအဖြစ် နေရာယူလာမယ့် အမျိုးစားလို့ သိရပါတယ်...။
ULARV-3
ဒီကနေ့တင်ပြပေးမယ့်အထဲမှာတော့ ညီ၊အစ်ကိုတို့အတွက် ထူးထူးခြားခြားအဖြစ် ULARV-3 သံချပ်ကာအကြောင်းကိုလည်း အနည်းငယ်ဖော်ပြပေးပါ့မယ်...။ အရင်ထုတ်လုပ်ခဲ့တဲ့ တိုက်ယာဉ်များနှင့် ကွဲပြားစွာထုတ်လုပ်ထားတဲ့ ULARV-3 သံချပ်ကာယဉ်များကို မြန်မာ့တပ်မတော်မှ ဒီဇိုင်းဆွဲထုတ်လုပ်ထားတာဖြစ်ပြီးတော့ ထူးခြားချက်အနေနှင့် ပြည်ပနည်းပညာတစ်ချို့ကို ပူးပေါင်းတပ်ဆင်ထားခြင်းဖြစ်ပါတယ်...။ ၃၆၀ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်တဲ့ ၃၀မမလက်နက်စနစ်ကိုတော့ ပြည်ပနိုင်ငံတစ်ခုဆီကနေ နည်းပညာဝယ်ယူကာ ပြည်တွင်းမှာဘဲ တပ်ဆင်ထုတ်လုပ်ခဲ့ပြီး ခေတ်မှီနည်းပညာများ ထည့်သွင်းထားပါတယ်...။ ယာဉ်ရဲ့အတွင်းပိုင်းစနစ်ကို အထူးပြုလုပ်ထားပြီးတော့ တစ်ချိန်ချိန်မှာ ပြည်ပနိုင်ငံများကိုပင်
ရောင်းချပေးနိုင်တဲ့စနစ်တွေပါဝင်ပါတယ်...။ ယခုပုံမှာတွေ့ရတဲ့ သံချပ်ကာယာဉ်ဟာဆိုရင် စမ်းသပ်ဆဲအဆင့်သာရှိပြီးတော့ အပြီးသတ်ထုတ်လုပ်မှုပြုလုပ်ပြီး ဖြစ်ပါတယ်..။ သံချပ်ကာယာဉ်များရဲ့ တိုက်စစ်စွမ်းရည်ကိုလည်း မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့
ခြေလျင်၊တင့်နှင့်သံချပ်ကာ လေ့ကျင့်မှုတစ်ခုအတွင်းမှာ စမ်းသပ်ခဲ့ပြီး အားရဖွယ်တွေ့ရှိခဲ့ရပါတယ်...။
ကျွှန်တော်အနေနှင့် အမှတ်မမှားဘူးဆိုရင် ပထမဆုံးသော တပ်မတော်ထုတ် ၆×၆ ဘီးတပ် သံချပ်ကာယာဉ်အမျိုးစားဘဲဖြစ်ပါတယ်...။ မျိုးကွဲများရှိသည့်အနက် အချို့တိုက်ယာဉ်များကိုတော့ အမိန့်ပေးယာဉ်အဖြစ်အသုံးပြုတာကိုလည်း တွေ့ရပါတယ်...။
အထက်မှာဖော်ပြပေးခဲ့တဲ့ သံချပ်ကာတိုက်ယာဉ်များဟာ ပြည်တွင်းတွင်ပင် ဒီိဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ သံချပ်ကာယာဉ်များဖြစ်ပြီးတော့ ယူကရိန်း၏ ကမ္ဘာကျော် BTR-3U နှင့် MT-LBMsh ကဲ့သို့သော သံချပ်ကာနှင့်အပေါ့စားတင့်များကိုပင် တပ်မတော်အနေဖြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်...။
နောက်ဆုံးတစ်ခုကတော့ အလွန်ထူးခြားတဲ့ သတင်းတစ်ခုပါဘဲ...။ မြန်မာ့တပ်မတော် အကြီးစားစက်ရုံတွေကို အရင်က ကျွှန်တော်တို့ ဒီလိုမြင်တွေ့ရမယ်လို့ မျှော်လင့်မထားခဲ့မိတာ အမှန်ဘဲဖြစ်ပါတယ်...။ မြဝတီသတင်းကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းတစ်ခုဖြစ်ပါတယ်...။ မြန်မာ့တပ်မတော်အတွက် အရေးကြီးလှတဲ့ စစ်ယာဉ်များထုတ်လုပ်မှုပါ...။ ပြည်တွင်းထုတ် ၁၂၂မမအတွဲလိုက်ပစ် ဒုံးပစ်စင်များအဖြစ် သော်လည်းကောင်း၊ အမြောက်ဆွဲယာဉ်များအဖြစ် သော်လည်းကောင်း အသုံးပြုနိုင်မည့် Heavy Duty Military Truckများ ထုတ်လုပ်မှုအား မြင်တွေ့ရစဉ်ဖြစ်ပါသည်...။
(အထက်ပါ ဖော်ပြထားသော သံချပ်ကာယာဉ်များ၏ အချက်လက်မှားများရှိပါက ကျွှန်တော့်၏ အမှားသာလျင်ဖြစ်ပြီးတော့ မိတ်ဆွေတို့အနေဖြင့် ကော်မန့်မှတစ်ဆင့်သော်လည်းကောင်း ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ...။)
သတင်းဓါတ်ပုံ- မြဝတီ သတင်းဌါန Posted by MM @ http://mmmilitary.blogspot.com
MDW ၏ ပန်ကြားချက် ... Myanmar Defence Weapons Page သည် စစ်လက်နက်ရေးရာများ ဆွေးနွေးရန်၊ စစ်လက်နက်ရေးရာဗဟုသုတများ ဝေမျှရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် ပုဂ္ဂလိကတိုက်ခိုက်ခြင်းများလုံးဝ မပါဝင်စေရန် အစဉ်တစိုက် အားထုတ်ခဲ့သော Page တစ်ခုဖြစ်ပါသည်။ နိုင်ငံတော်၏ လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ အရေးကြီးလျှို့ဝှက်ချက်များကိုလည်း မည်သည့်အခါမှထိခိုက်အောင် ဖေါ်ပြခဲ့ခြင်းမရှိပါ။ စစ်လက်နက်ဝါသနာရှင်များလေ့လာနိုင်ရန်နှင့် မိမိနိုင်ငံ တပ်မတော်အပေါ်ပိုမိုနားလည် ယုံကြည်မှုရှိလာရန်သာ ရည်ရွယ်ပါသည်။
ယခုအခါ ပြင်ပ စာစောင်၊ ဂျာနယ်လောကတွင် အမှန်တစ်ကယ် ရိုက်နှိက်ထုတ်လုပ်ဖြန့်ချိသူများမှ ဤ Page မှ ``ရေစာ´´ပါဝင်နေသော ဓာတ်ပုံများ၊ သတင်းအချက်အလက်များကို ကိုးကားကူးယူ၍ မိမိဆန္ဒစွဲအတိုင်း ရေးသား၊ ပြင်ဆင်တည်းဖြတ်ကာ ထုတ်ဝေနေသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့ရေးသားထုတ်ဝေနေသော သတင်းဆောင်းပါးများ၏ ရပ်တည်ချက်များနှင့် အာဘော်များသည် မူရင်း ဓါတ်ပုံနှင့် သတင်းအချက်အလက်အချို့ကို ပိုင်ဆိုင်သော ဤ Page ၏ဦးတည်ချက်များနှင့် သွေဖယ်သော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဟု ယူဆပါသည်။ သို့ပါ၍ ၎င်းတို့ရေးသားထုတ်ဝေရာမှ ဖြစ်ပေါ်လာသော အကျိုးဆက်များကို ၎င်းတို့သာ တာဝန်ယူရမည်ဖြစ်ပါသည်။
ဓါတ်ပုံ၊ စာသား အစရှိသော ပို့စ်တစ်ခုကို ကူးယူခြင်း၊ ပြန်လည်တင်ခြင်း တို့တွင် လျင်မြန်လွန်းပြီး ကျယ်ပြန့်မြန်ဆန်၍ Trace လိုက်ရန်ခက်ခဲသော Online Media နှင့် Social Network များ၌ပင် ဓါတ်ပုံများ၊ အချက်အလက်များကို ကူးယူဝေငှပါက၊ သို့မဟုတ် မှီငြမ်းပါက Profile အစစ်အမှန်ဖြင့် အသုံးမပြုသူများပင်လျှင် ခွင့်တောင်းကြသည်ကို Ethics (ကျင့်ဝတ်စည်းကမ်း)အဖြစ် လိုက်နာကြသော အလေ့အကျင့်အဖြစ် ကျယ်ပြန့်လာလျှက်ရှိသည်ကို တွေ့ရပါသည်။ ယခုကဲ့သို့ ပြင်ပ Printed Media တွင် အမှန်တစ်ကယ်ရိုက်နှိပ်ဖော်ပြသော တစ်နိုင်ငံလုံးသို့ ဖြန့်ချိသော စာစောင်ဂျာနယ်များအတွက်မူ ဤစည်းကမ်းကို လိုက်နာလေးစားသင့်သည်မှာ အငြင်းပွားဖွယ်မရှိပါ။ Online Media များမှ ခွင့်မတောင်းပဲ မိမိလုံ့လ၀ီရိယ စိုက်ထုတ်မှုမပါပဲ ကူးယူဖေါ်ပြခြင်းမျိုးကို မပြုလုပ်ကြပါရန် Printed Media အားလုံးသို့ အသိပေး ပန်ကြားပါသည်။
Subscribe to:
Posts (Atom)
.jpg)
.jpg)