Saturday, January 25, 2014
ကောင်းမြတ်ဟိန်း (သို. ) ရေနစ်ခဲ့ရရှာသော ငါး
ကောင်းမြတ်ဟိန်း
နန်းခင်ဇေယျာ မှ အစပြုသော Miss ရေစီးကြောင်း အရှိန်အဟုန်မြင်. စီးဆင်းလာရာမှ အစပြု၍ နိုင်ငံတကာ ပွဲ များ သို. စတင်ခြေလှမ်းရင်း ပြည်တွင်းပွဲများပါ စိတ်ဝင်တစားကျင်းပလာကြခိုက် ဤ သတင်းကား  စိတ်မကောင်း နှမြောတသစွာ  စိတ်ဝင်စားစရာ သတင်း တစ်ပုဒ်ဖြစ်လာခဲ့သည် ။
သရဖူ ရရှိမည်. သူတို.အား ခရမ်းစွဲစိန် ၊ ရွှေတို.ဖြင်.ပြုလုပ်ထားသော ကျပ်သိန်း ၁၁၀ မှ ၁၅၀ ကြားတန်ဖိုးရှိ သရဖူပေးအပ်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ နာမည်ကြီး Magazine များတွင် မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခွင်. ၊ ဆုငွေ သိန်း ၃၀ နှင်. အတူ နိုင်ငံတကာ ပြိုင်ပွဲများသို. ၀င်ရောက်ယှဉ်ပြိုင်ခွင်.များ ရရှိမည်ဖြစ်သော Mister နှင်. Miss University Myanmar 2014 ပြိုင်ပွဲအတွက် နောက်ဆုံးဆန်ခါတင် လေ.ကျင်.စခန်းသွင်း ယှဉ်ပြိုင်လျှက်ရှိသည်. ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ ကျောင်းသား ခါးနံပါတ် ၅ ကောင်းမြတ်ဟိန်း ( ခေါ် ) ကျော်ဇောဟိန်း ( ခေါ် ) အသဲလေး ( ဒုတိယ နှစ် - အင်္ဂလိပ်စာ ) သည် နောက်ဆုံးပြိုင်ပွဲ ကျင်းပရန် ၃ ရက်အလို တွင် City Hall Resort ရှိ အနက် ၁၀ ပေခန်.ရှိ ရေကူးကန် တွင် ဇန်န၀ါရီ ၂၁ ရက်ည ၁၂နာရီခန်.က သေဆုံးနေကြောင်း ဇန်န၀ါရီ ၂၂ ရက် က Mister နှင်. Miss University Myanmar မှ တရားဝင်ထုတ်ပြန်ခဲ့သည်ဟု သိရပါသည် ။
From Thon Su Eaindra Wall
န်န၀ါရီ ၁၇ ရက်မှ ၂၀ရက်ထိ နောက်ဆုံးဆန်ခါတင် အယောက်၂၀  စခန်းသွင်းထားသည်. အနက် ထိုကိစ္စရပ် ဖြစ်ပွားခြင်းနှင်. ပတ်သက်၍ ယင်း အဖွဲံ.ချုပ်၏ အမှုဆောင်အရာရှိချုပ်က စံတော်ချိန်သို.ပြောကြားရာတွင်
ရဲအမှုဖြစ်တာကြောင်. အတိအကျမပြောနိုင်သေးပါဘူး ။ ပြိုင်ပွဲရက်ကို ရက်ရွှေ.ထားပါတယ် ။အဖွဲ.အစည်းရော ပြိုင်ပွဲဝင်တွေပါ စိတ်မကောင်းဖြစ်ရပါတယ် ..  ဟုဖော်ပြခဲ့သည် ။
ယင်းအဖွဲ.အစည်း၏ တရားဝင် စာမျက်နှာတွင် ယခုသေဆုံးခဲ့သူ၏ အမဆိုသူက ထိုကျောင်းသား၏ Facebook Account မှတစ်ဆင်. ၄င်း၏မောင်သေဆုံးခြင်းကို အဖွဲ.အစည်းက အချိန်မှီအကြောင်းမကြားရခြင်း၏ အကြောင်းရင်းကို ပြောမပြကြောင်း ၊ထို Page တွင် ဖော်ပြရာတွင်လည်းနောက်ကျကြောင်း ၊စခန်းသွင်းလေ.ကျင်.စဉ်ဖြစ်ပွားရခြင်းကြောင်. အဖွဲ.အစည်းမှ တာဝန်ရှိသူများ၏ ပေါ.ဆမှုကြောင်.ဖြစ်ကြောင်း ရေးသားထားခဲ့သည်ဟုဆိုသည် ။
ထိုကိစ္စကို ကိုရဲမြန်မာအောင် က ရေကူးကန်ထဲမှာ ည ၁၂နာရီကျော်မှတွေ.တာ မနက်၂နာရီ လောက်အပေါ်ကို ဆယ်ပြီးတော.မှ သေဆုံးနေမှန်းသိရတာ ။ ဒါကြောင်. ဖြစ်ဖြစ်ချင်း အကြောင်းမကြားနိုင်ခဲ့တာ ။စခန်းသွင်း လေ.ကျင်.ပြီင်္ဆိုတာနဲ. စည်းမျဉ်းစည်းကမ်းနဲ.ထားတာ ၊ကျွန်တော်တို.ရဲ. လုံခြုံရေးရော Hotel ရဲ. လုံခြုံရေးစနစ်တွေရော  ရှိပါတယ် ။ ဒီကြားထဲက လစ်ဟာမှု အနည်းငယ် ရှိသွားတာလို.ထင်ပါတယ် ။ မိသားစုနဲ.ထပ်တူ ၀မ်းနည်း ရပါတယ်ဟု ပြောကြားခဲ့သည် ။
From Mon Lay Facebook
ယခုဖြစ်စဉ်နှင်. ပတ်သက်၍ ကောင်းမြတ်ဟိန်း ၏ အကိုအရင်းဖြစ်သူ ကိုအောင်ကိုကို က ဇန်န၀ါရီ ၂၃ ရက်နေ. မွန်းလွဲ ၁နာရီက ရွှေဂုံတိုင် ရွှေရသာ စားသောက်ဆိုင်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင်
၁၂နာရီ ၀န်းကျင်တွင်သေဆုံးသည်ဆိုသော်လည်း သက်ဆိုင်ရာ မိဘ နှင်. မိသားစုများကို မနက်၎နာရီခန်.မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ.က အကြောင်းကြား  ပြီး Mister နှင်. Miss University Myanmar အဖွဲ.အစည်းက ဆက်သွယ်ခြင်း မရှိကြောင်း ၊ဆေးစစ်ဆရာဝန် ၏မှတ်ချက်ကိုစောင်.ဆိုင်းပြီး မည်သူ.ကိုမှမနစ်နာစေလိုပဲ အမှုမှန်ရအောင်ဖော်ထုတ်မည်ဖြစ်ကြောင်း ၊ အစစ်ဆေးခံသူတွေ အနေနဲ.ကွဲလွဲမှုတွေ ရှိနေပြီး စစ်ချက်ပေါ် မူတည်ကာ တရားစွဲ / မစွဲ ဆုံးဖြတ်မည်ဖြစ်ကြောင်း ထိုနေ.ညနေ၆နာရီ အစည်းအဝေးအပြီး အပြင်တွင် ညစာသွားစားကြဖို.ရှိကြကြောင်း ၊ ညနေ၆ နာရီလောက်တည်းက ပျောက်နေတယ်ပြောကြောင်း ၊ထိုအချိန်တည်းက အကြောင်းကြား၇မည်ဖြစ်ကြောင်း ၊စည်းမျဉ်းအရ လူစစ်ရမည်ဖြစ်ပြီး အဖွဲ.အစည်း ၏တာဝန်ပေါ.လျော.မှုထင်ကြောင်း ရေကူးကန်မှာ ပေ ၃/၄၀ အနက်သာရှိပြီး ရေကန်ပတ်လည် ဟိုတယ် အခန်းများ ရှိကြောင်း ၊ တာဝန်ရှိ ရဲများ၏ စစ်ဆေးချက်အရ ရေကူးကန်နားမှာ CCTV တပ်မထားကြောင်း ၊ကျောင်းကိစ္စလည်းဖြစ်နေတော. ဂရုတစိုက်စစ်ဆေးနေတာ တွေ.ရပြီး ရဲအင်အား ၂၀လောက်ရှိကြောင်း
ပြောကြားခဲ့သည် ။
Mister နှင်. Miss University Myanmar အဖွဲ.အစည်းမှ ကိုရဲမြန်မာအောင် က
ဒီအမှုနဲ.ပတ်သက်ပြီး ကောင်းမြတ်ဟိန်း မိသားစုတွေ စိတ်ကြိုက် လုပ်ခွင်.ပေးထားကြောင်း ၊ဆေးစစ်ချက် ပေါ်လာရင် အဖြေရှင်းသွားမှာဖြစ်ကြောင်း ၊ သေဆုံးမှုဟာ နားလည်ရခက်တယ်ဆိုတာ လက်ခံကြောင်း ၊  သာမာန်ဖြစ်ရိုးဖြစ်စဉ်  မဟုတ်တာလည်း ဖြစ်နိုင်သလို ၊ အခြားအကြောင်းရင်းများလည်း ရှိနိုင်ကြောင်း ၊ ပြောရရင် ကျောင်းသားနဲ. မသက်ဆိုင်တဲ့ အပြင်ဘက်က မမြင်နိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ် ။အကြောင်းကြားမှုနောက်ကျတယ်ဆိုတာ ရေကန်ထဲက ဆယ်ယူနေချိန် ဘယ်သူ ဘယ်ဝါမှန်းမသိရသေးခင်ရမ်းပြီးအကြောင်းကြားဖို. အဆင်မပြေခဲ့ကြောင်း ၊ အဖွဲ.အစည်း အနေနဲ. အကြောင်းမကြားခဲ့ဖူးဆိုတာတော.မဟုတ်ပါဘူး ၊ ဆက်သွယ်ရမယ်.ဖုန်းကို ကျွန်တော်တို.ပဲ ရဲတပ်ဖွဲံ.ကိုပေးခဲ့တာ ။ ကျွန်တော်တို.က လူကိုယ်တိုင်အကြောင်းကြားဖို.သွားနေခိုက် ရဲတပ်ဖွဲ.ရဲ. အကြောင်းကြားမှုထက်နောက်ကျသွားတာပါ ။မကြာခင်စစ်ချက်တွေ ထွက်လာတော.မှာပါ ။ ကာယကံရှင် မိသားစုတွေ စိတ်ကျေနပ်အောင် လုပ်ပေးမှာပါ  လို. စံတော်ချိန် ကို ပြောသွားခဲ့တယ် လို.ဆိုပါတယ် ။
ကောင်းမြတ်ဟိန်းသည် အနုပညာ လုပ်ငန်းများ လုပ်ကိုင်နေပြီး ရုပ်ရှင်အစည်းအရုံးတွင် သင်တန်း တက်နေသလို လက်ရှိ အဖွဲ.တွင်လည်း အဆင်. ၅ ချိတ်နေသည် ဟု ဆိုပါသည် ။သူ၏ မိသားစုမှာလည်း အနုပညာလုပ်ငန်းကို အစွမ်းကုန် ပံ.ပိုးပေးနေသလို စခန်းသွင်းထားရာသို.နေ.စဉ်လာရောက်အားပေးကြောင်း ၊ယခုပြိုင်ပွဲတွင် သူအနေဖြင်. သရဖူ ရနိုင်မည်ဖြစ်ကြောင်း မိခင်အား ပြောလေ.ရှိသည်  ဟုဆိုပြီး ထိုအမှုကို တိုင်းရဲတပ်ဖွဲ. ၊မှုခင်းရဲတပ်ဖွဲ. နှင်. အင်းစိန် ခရိုင် ၊ မြို.နယ်ရဲများ ၊ အင်းစိန် CID တို.က စစ်ဆေးလျှက် ရှိနေသည်ဟု အဆိုပါ သတင်းစာတွင်ရေးသားဖော်ပြခဲ့ပါသည် ။
From Lovelorn Lay Facebook
Facebook တွင်လည်း သူ.သူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များ၏ ကြေကွဲမှုများ ၊ စိတ်မကောင်း နှမြော တသမှုများ တွေ.ရသကဲ့သို.အမှုမှန် ပေါ်အောင်ဖော်ထုတ်မည်ဟူသော သူငယ်ချင်းအချို.၏ ရေးသားမှုများလည်း တွေ.ရသည် ။ ကောင်းမြတ်ဟိန်းသည် ဦးစိုးမြင်. + ဒေါ် ယုယုမေတို.၏ သားထွေးဖြစ်ပြီး ကိုအောင်ကိုကို + ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း တို.၏ ညီ/မောင်လည်း ဖြစ်သည် ။
From Lovelorn Lay Facebook
ထိုအထဲတွင်မှ သူ၏ ချစ်သူဟု ယူဆရသော မိန်းကလေးငယ်တစ်ဦး၏ စာတစ်စောင်ဖော်ပြမှုကို လက်ခံသူ / လက်မခံသူများ ပေါ်ပေါက်ခဲ့ကြသည် ။ ထို မိန်းကလေးငယ်၏ မိတ်ဆွေအပေါင်းအသင်းများက ၀ိုင်းဝန်း နှစ်သိမ်. အားပေးခဲ့ကြသော်လည်း  ကွယ်လွန်သူ၏ Wall ပေါ် သို. Tag ခဲ့မှု နှင်. ပတ်သက်ပြီးမူ ယခုလို အချိန် တွင် ထိုသို.သော အပြု အမူမျိုးသည် နာမည်ကြီးချင်၍ ခုတုံးလုပ်သည် ဆိုသည်မျိုး ရေးသားလာခဲ့ကြသူများလည်း ရှိခဲ့သည် ။
From Miss University Myanmar Page
Miss University Myanmar Page  တွင်ရေးသားထားသော 
Mister University Myanmar Finalist ကျော်ဇောဟိန်း ဖြစ်စဉ် အကျဉ်း
ဇန်န၀ါရီလ ၂၁ရက်နေ့ ည သန်းခေါင်ကျော် အချိန်တွင် စခန်းသွင်း လေ့ကျင့်နေသည့် ဟိုတယ်ရေကူးကန်တွင် သေဆုံးသွားသော ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း၏ ဖြစ်စဉ် အကျဉ်းအား ဖော်ပြအပ်ပါသည်။
မနက်ပိုင်း ခရီးစဉ်များ
=====================
၂၁ရက်နေ့မနက်ပိုင်း မှ ညနေ ၅နာရီ အထိ
မနက် ၇နာရီခွဲတွင် ဟိုတယ်မှထွက်ခွာကာ မှော်ဘီမြို့ရှိ အရှင်ဆေကိန္ဒတောရ ကျောင်းအား သွားရောက်လည်ပါတ်ခြင်း၊ ဘုန်းဘုန်း၏ တရားနာယူကာ ဆွေးနွေးမေးမြန်း ကြခြင်း၊ အဆိုပါ ကျောင်းတွင် နေ့လည်စာ စားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် မေတ္တာဖြည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသားကျောင်းသူ ၄၀၀ကျော်အား နေ့လည်စာ ကျွေးမွေးခြင်း၊ စာရေးကိရိယာများ ပေးဝေခြင်း၊ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများ ဆော့ကစားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
ညနေ ၂နာရီတွင် နည်းပညာတက္ကသိုလ် မှော်ဘီတွင် အဆိုပါကျောင်းမှ ကျာင်းသားကျောင်းသူများနှင့် ပူးပေါင်းကာ အရိပ်ရနှင့် အလှပင် ၈၀ကျော်ကို စိုက်ပျိုးခဲ့ကြပါသည်။
ညနေ ၃နာရီတွင် အောင်ဇမ္မူတောရ ကျောင်းရှိ ရှေးဟောင်း ရုပ်ပွားတော်များကို သွားရောက် ဖူးမျှော်ခဲ့ကြပြီး၊ ညနေ ၅နာရီ ပါတ်ဝန်းကျင်တွင် ဟိုတယ်သို့ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
====================================
အဆိုပါ ခရီးစဉ်တစ်လျှောက်တွင် ကျော်ဇောဟိန်း ပါဝင်ခဲ့ပါသည်။
အားလပ်ချိန်
---------
ညနေ ၆နာရီ အဆိုပါ ဟိုတယ်တွင် သင်တန်းတက်ရောက်ရမည် ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်များအား ရေချိုးအနားယူရန် အားလပ်ချိန် ပေးခဲ့ပါသည်။ အဆိုပါ အချိန်တွင် Organizer အဖွဲ့နှစ်ဖွဲ့ တာဝန်လွှဲပြောင်းခဲ့ကြပါသည်။
*****၅နာရီခွဲ ပါတ်ဝန်းကျင် အချိန်တွင် သေဆုံးသူ၏ မိဘနှစ်ပါးမှ သေဆုံးသူအား လာရောက် တွေ့ဆုံခဲ့ပါသည်။
အဆိုပါ အားလပ်ချိန်တွင် ဟိုတယ်မှ ရေကူးကန်အား ဆေးအသစ် ခပ်ထားသည့်အတွက် မကူးရန် တားမြစ်ထားသော်လည်း ကျောင်းသားကျောင်းသူများမှ Camp နောက်ဆုံးနေ့ဖြစ်သည့်အတွက် စိတ်အားထက်သန်စွာ ရေကူးလိုကြသဖြင့် ၀ိုင်းဝန်း တောင်းဆိုကာ ရေဆင်းကူးကြခြင်း ဖြစ်ပါသည်။
ကျောင်းသားကျောင်းသူ ၂၀ကျော် ရေကူးရာတွင် ပါဝင်ခဲ့ပြီး၊ ရေကူးနေစဉ်တွင် သေဆုံးသူလည်း ပါဝင်ရေကူးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရှိရပါသည်။ သို့သော် သူသည် ရေကူးခြင်းအား စတင်သင်ကြားနေဆဲဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ မကူးတက်သေးကြောင်း မိဘနှစ်ပါးနှင့် သူငယ်ချင်းမှ ပြောဆိုကြပါသည်။
သင်တန်းကျင်းပခြင်း
--------------
၆နာရီ သင်တန်း စမည့်အချိန်တွင် ကျောင်းသားကျောင်းသူများအား ရေကူးကန်မှ အားလုံးထွက်ခွာသွားကြကြောင်း၊ ကန်အတွင်း မည်သူမှ ကျန်ခဲ့ခြင်းမရှိစေရန် စစ်ဆေးခဲ့ကြပါသည်။
၆နာရီခွဲဝင်းကျင်းတွင် စခန်းသွင်းလျက်ရှိသည့် ဟိုတယ်၏ Meeting ခန်းမတွင် သင်တန်းစတင်သင်ကြားခဲ့ပြီး ကျောင်းသားကျောင်းသူများ သည်လည်း နောက်ကြသောသူ၊ အ၀င်အထွက် လုပ်သူများရှိသဖြင့် လူဦးရေ စစ်ဆေးခြင်းကို ကောင်းစွာ မလုပ်နိုင်ခဲ့ဘဲ အဆိုပါ သင်တန်းပြီးချိန်ထိ သေဆုံးသူ ရောက်လာခဲ့ခြင်း မရှိဟု သိရှိရပါသည်။ ညစာစားပွဲအား ည၈နာရီတွင် Yangon International Hotel ၀င်းရှိ SportBar2 တွင် စီစဉ်ထား သော်လည်း၊ သင်တန်းသည် ၈နာရီကျော်တွင်သာပြီးသဖြင့် နောက်ကြနေပြီ ဖြစ်သဖြင့် Organizer အဖွဲ့မှ အလောတလျှင် ထွက်ခွာရန် ပြင်ဆင်ခဲ့ကြပါသည်။ အဆိုပါ အချိန်တွင် သေဆုံးသူအား ၀ိုင်းဝန်း ဖုန်းဆက်သွယ် အကြောင်းကြားသော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါ။
================================
မိဘတွေ လာရောက်တွေဆုံခဲ့တယ်
ငါပင်ပန်းနေပြီ ညဘက် ဆက်မလိုက်တော့ဘူး၊
ကောင်မလေးနဲ့ စကားများထားတယ် သွားတွေ့ရမယ်၊
နေသိပ်မကောင်းဘူး စသည့်
သေဆုံးသူ၏ ပြောဆိုချက် စကားများကြောင့် သူငယ်ချင်းများမှ Organizer များကို အကြောင်းမကြားဘဲ အခန်းတွင်လည်းမရှိဘဲ တနေရာရာတွင် ရှိနေလိမ့်မည်ဟု ယူဆမိခဲ့ကြပါသည်။ Organizer များတွင် ရှိနေသည့် ဖုန်း၂လုံးအား ဆက်သော်လည်း ပြန်လည်ကိုင်ခဲ့ခြင်း မရှိခဲ့ပေ။ (ယခင်အဆင့်များတွင် ပြိုင်ပွဲဝင်များမှ ဘာမှ ပြောဆိုခြင်းမပြုဘဲ ဖုန်းဆက်သွယ်မှုကို မကိုင်ဘဲ ပြိုင်ပွဲမှ ထွက်ခွာသွားမှုများ ရှိခဲ့ဖူးပါသည်။)
================================
ညစာစားပွဲ ကျင်းပခြင်း
===========
*****၈နာရီ ၀န်းကျင်တွင် စာသင်ခန်းမှ တိုက်ရိုက် ကားပေါ်တက်ကာ ထွက်ခွာခဲ့ကြသည့် အချိန်တွင် Organizer များထံတွင်လည်း သေဆုံးသူ၏ ဖုန်းနံပါတ် ၂ခုသာ ရှိနေခဲ့ပါသည်။
ည ၉ နာရီ ၀န်းကျင်တွင် Sport Bar 2 တွင် ညနေစာ စားနေစဉ်လည်း သေဆုံးသူ၏ မိတ်ဆွေများ၊ မိန်းကလေး သူငယ်ချင်းများကို ပြိုင်ပွဲဝင်များမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ကြပါသည်။ Organizer အဖွဲ့မှလည်း ဟိုတယ်မှ တာဝန်ရှိသူများထံ အခန်းများနှင့် ဟိုတယ်ပါတ်ဝန်းကျင်တွင် ရှိမရှိ ရှာဖွေပေးရန် အကြောင်းကြားခဲ့ပြီး ရှာဖွေသော်လည်း မတွေ့ရှိခဲ့ပါ။
Private Party ကျင်းပခြင်း
=============
ည ၁၀နာရီခွဲဝန်းကျင်တွင် ပြိုင်ပွဲဝင်များအတွက် Private Party အား Pioneer တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ Party အတွက် Pioneer မှ ပိုင်ရှင်၊ Sport Bar2 မှ ပိုင်ရှင်၊ Organizer အဖွဲ့မှ CEO နှင့်တကွ Organizer အဖွဲ့မှ တာဝန်ရှိသူများ အားလုံး လုံခြုံရေးအား အထူးဂရုစိုက်ကာ ပို့ဆောင်ပေးခဲ့ပါသည်။ Party ရှိ လုံခြုံရေး အထူးအဖွဲ့မှလည်း ပြိုင်ပွဲဝင်များအား ၀န်းရံထားကာ အထပ်ထပ် သီးသန့် ကာကွယ်ပေးခဲ့ကြ ပါသည်။ Mister များမှလည်း Miss များအား တစ်ဦးစီ တာဝန်ယူ ထိန်းသိမ်းကြသည့် အပြင်၊ အခြားသူများနှင့် ရောနှောမသွားစေရန် ထပ်မံကာကွယ်ကာ Fairway Party အား စနစ်တကျ ကျင်းပခဲ့ကြပါသည်။ Mister and Miss များဖြစ်သည့်အတွက် အရက်နှင့် အရက်ပါဝင်သော မည်သည့် အသောက်အစားမှ သောက်သုံးခြင်း မရှိခဲ့ကြသလို မည်သည့် ဆိုးရွားသည့် အပြုအမူမျိုးမျှလည်း ပြိုင်ပွဲဝင်များမှ လုပ်ဆောင်ခဲ့ခြင်းမရှိပါ။
From Khunnie Kelvin Love Wall
ဟိုတယ်တွင် ထပ်မံ ရှာဖွေခြင်း
===============
အဆိုပါ Party သည် ဖုန်းမပြောဆိုနိုင်သည့်အတွက် ၁၁နာရီ ခွဲအထိ ဆက်သွယ်နိုင်ခဲ့ခြင်းမရှိဘဲ ဟိုတယ်အား ပြန်ရောက်သည့် ၁၂နာရီ ကျော်မှသာ ထပ်မံ ရှာဖွေသည့် အချိန်တွင် ရေကန်အတွင်း ၁၀ပေ အောက်ခြေတွင် သေဆုံးနေသူ တစ်ဦး တွေ့ရှိကြောင်း ဟိုတယ် လုံခြုံရေးမှ အကြောင်းကြားလာသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်တကွ ဟိုတယ်မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပါသည်။ Organizer အဖွဲ့မှ CEO ဖြစ်သူလည်း ၁နာရီ ကျော်တွင် ဟိုတယ်သို့ ရောက်ရှိခဲ့ပါသည်။
ညဘက် ရေအောက်တွင် ဖြစ်သည့်အတွက် မည်သူုဖြစ်သည်ကို တက်အပ်ပြောဆိုရန် မဖြစ်နိုင်သေးသဖြင့် ရေပေါ်သို့ ဆယ်တင်ကာ ကန်ဘောင်ပေါ် ရောက်ရှိသည့် ၃နာရီကျော်သည့် အချိန်အထိ မည်သူ့ကိုမျှ အကြောင်းကြားနိုင်ခဲ့ခြင်းမရှိပါ။ ရဲအဖွဲ့အား ခေါ်ဆိုရခြင်း၊ ၁၀ပေအနက်သို့ ရေငုတ်ဆယ်တင်ပေးရန် လူရှာဖွေရခြင်း၊ ပို့ဆောင်ရန် ကားများစီစဉ်ရခြင်း စသည့်အချက်များကြောင့် ၃နာရီကျော်မှသာ မည်သူဖြစ်သည်ကို တက်အပ် သိရှိနိုင်ခဲ့ပါသည်။
ဆက်သွယ်အကြောင်းကြားခြင်း
================
Organizer များမှလည်း ပြိုင်ပွဲဝင်များ၏ Application Form တွင် အရေးပေါ်ဆက်သွယ်ရန် လိပ်စာထည့်သွင်းထားသည့်အတွက် အဆိုပါ Application Form ကို ရယူကာ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် လိပ်စာကို ရယူပြီး ရဲအဖွဲ့သို့ ပေးအပ်ပြီး သွားရောက်အကြောင်းကြား ပေးနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ လိပ်စာသည် နှစ်ခု ဖြစ်သည့်အတွက် Organizer များ၊ ဟိုတယ်မှ တာဝန်ရှိသူများ၊ ရဲအဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့ ၂ဖွဲ့ခွဲဟာ အိမ်တိုင်ရာရောက် အကြောင်းကြားရန် ဟိုတယ်မှ ၃နာရီ ခွဲတွင် ထွက်ခွာလာကာ ၄နာရီ ၀န်းကျင်တွင် ပထမလိပ်စာဖြစ်သည့် တောင်ဥက္ကလာနေအိပ်သို့ ရှာဖွေကာ ရောက်ရှိခါနီး အချိန်တွင် ရဲအဖွဲ့မှ ဦးစွာ ဆက်သွယ်ရရှိသဖြင့် မိဘများအား အကြောင်းမကြားရန် တားမြစ်လာသည့်အတွက် အိမ်သို့ မ၀င်ခဲ့ဘဲ ယာဉ်တွင်ပါဝင်လာသည့် CEO ဖြစ်သူမှ အစ်မဖြစ်သူအား ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားကာ ဟိုတယ်သို့ ပြန်လည် ထွက်ခွာခဲ့ကြပါသည်။
အခင်းဖြစ်ရာ ရေကူးကန်
အချုပ်ဆိုရလျှင်
၁။ သေဆုံးသူ၏ အလောင်းအား တွေ့ရှိချိန်တွင် ရေကူးရန် အကျီဝတ်ဆင်ထားခြင်း မရှိဘဲ၊ ဘောင်းဘီ အတိုနှင့် ဖြစ်ပြီး ဖိနပ်လည်း ကန်ဘောင်တွင် မရှိပါ။
၂။ ရေကူးဘောင်းဘီသည်လည်း ပထမ အဖွဲ့လိုက် ရေဆင်းကူးသည့်အချိန်တွင် ၀တ်ဆင်ထားသည့် ဘောင်းဘီ မဟုတ်ဘဲ ကွဲလွဲနေသည်ဟု သိရပါသည်။
၃။ ရေကန်ပါတ်ခြာလည်တွင် ဟိုတယ်အခန်းများ ရှိပါသည်။
၎။ ရေကန် အနီး ၀င်ပေါက်တွင် Bell Boy Counter တစ်ခုရှိပါသည်။ အဆိုပါနေရာတွင် CCTV တပ်ဆင်ထားပါသည်။
၅။ ရေကူးကန်သို့ CCTV တိုက်ရိုက် ရိုက်ကူးထားခြင်း မရှိပါ။
၆။ ရေကူးကန်သည် ၅ပေမှ ၁၀ပေ အထိနက်သော ရေကန်ဖြစ်ပါသည်။
၇။ ညနေ သင်တန်းတွင် ညDinner နှင့် Party တွင်လည်း မပါဝင်ပါ။
၈။ ရေပေါ်သို့ ဆယ်တင်၍ မရောက်သေးခင် မည်သူဖြစ်သည်ဟု တပ်အပ် မပြောနိုင်ပါ။
၈။ ဆယ်တင်စဉ် သေဆုံးသူ၏ ကိုယ် ဦးခေါင်းနှင့် ပြင်ပတွင်လည်း ထိခိုက်ထားမှု မတွေ့ရှိရပါ။
၉။ ဟိုတယ်တွင် ၃ယောက် တစ်ခန်း နေထိုင်ကြရပါသည်။
၁၀။ ပုံမှန်နေ့များ ည၁၀နာရီ ၀န်းကျင် အခန်းများသို့ လိုက်လံ စစ်ဆေးပါသည်။
၁၁။ ည ၁၀နာရီကျော်တွင် အခန်းအပြင်သို့ ထွက်ခွင့်မပြုပါ။
၁၂။ Organizer အဖွဲ့ တစ်ဖွဲ့မှလည်း ရေမကူးရန် တားမြစ်ထားပြီး၊ ဟိုတယ်မှလည်း မကူးသေးရန် တားမြစ်ထားသည်။
၁၃။ ပြိုင်ပွဲဝင်များ ရေကူးခြင်းသည် အားလပ်ချိန်တွင် ကူးခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဟိုတယ် လုံခြုံရေးနှင့် Organizer များမှ တစ်ဦး ကြီးကြပ်စောင့်လျှောက်ခဲ့ ပါသည်။
၁၄။ သေဆုံးသူသည် ၁၀ပေနက်သည့် ရေကူးကန်၏ ကန်အောက်ခြေတွင် ဆယ်တင်သည့် အချိန်အထိ ပက်လက် အနေအထားဖြင့် နစ်မြှုပ်လျှက်ရှိသည်ကို တွေ့ရှိခဲ့ရပါသည်။
အသေးစိတ်အချက်အလက်များနှင့် ဆေးစစ်ချက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း ထပ်မံ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
၂၁ရက်နေ့ ညသန်းခေါင်အချိန်မှ စတင်ကာ ရဲတပ်ဖွဲ့ များ CID များမှ မေးမြန်းသည်များကို ပြိုင်ပွဲဝင်များ အုပ်ချုပ်သူများ၊ ဟိုတယ်မှ တာဝန်ရှိသူများမှ ၂၂ရက်နေ့ ည၁၁နာရီကျော်သည်အထိ ၂၄နာရီကျော် ထွက်ဆို ဖြေကြားခဲ့ကြပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ပါသည်။
ကောင်းမြတ်ဟိန်း၏ Facebook Account Kaung Myathein
Ref ; Facebook & မေစနိုး @ စံတော်ချိန်
စတုတ္ထအောင်ပွဲ (သို.) ၀ါးခယ်မမြို.နယ်အသင်း ၏ ၄ကြိမ်မြောက် အခမဲ့ဆေးကုသမှု ခရီးစဉ်
ရန်ကုန်မြို.တွင် ရောက်ကြ /နေကြ /ရှိကြသော ၀ါးခယ်မသားတို.အနေဖြင်. မိမိတို. အချင်းချင်း၏ သာရေး ၊ နာရေး ၊လူမှုရေး ၊ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များတွင် စုစည်း ညီညွတ်စွာ ကူညီဆောင်ရွက်နိုင်ရန် ၁၉၄၇ ခုနှစ်က ရန်ကုန်ရောက်ဝါးခယ်မ အသင်း အမည်ဖြင်. စတင်ဖွဲ.စည်းခဲ့ပြီး ၁၉၇၄ မေလ ၁၂ ရက် တွင် ၀ါးခယ်မမြို.နယ်အသင်းဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့ကြသော ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ စတုတ္ထအကြိမ်မြောက် မြို.နယ်လုံး အခမဲ့ ခွဲစိပ်ကုသ မှု အစီအစဉ်အဖြစ်၂၀၁၄ ၏ နှစ်ဦးဖြစ်သော  ဇန်န၀ါရီ ၁၀ ၊၁၁ ရက် ၊၁၂ ရက် တို.တွင်ကွယ်ကဘော နယ်လှည်.ကုသရေးအဖွဲ.၏ ရွှေ.လျှားခွဲစိပ်ယာဉ် ၊ ၀ါးခယ်မမြို.နယ်အသင်း (၀ါးခယ်မရုံးခွဲ ) ၊ ၀ါးခယ်မ မြို. နယ်အသင်း၏ စက္ခုပါလ မျက်စိဆေးခန်း ၊ ၀ါးခယ်မမြို. ရွှေခယ်သီ၇ိ ခန်းမတို.တွင် စစ်ဆေး ၊ ကုသ ၊ ခွဲစိပ် မှုများ ပြုလုပ်ခဲ့ပါသည် ။
မူလအစီအစဉ် အရ ဇန်န၀ါရီ ၁၁ ရက်မှ စတင်ရန်ဖြစ်သော်လည်း ၁၀ ရက်နေ.ကပင် အချို. ကုသရေး အဖွဲ.၀င်များနှင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) နာယကကြီး နှင်. နာယက အဖွဲ.၀င် ဦးအောင်သန်း ဦးဆောင်သော ရှေ.ပြေးအဖွဲ.တို.က သွားရောက် စတင် စစ်ဆေး ကုသပေးခဲ့သည် ။ ၁၁ ရက်နေ.တွင် ပါမောက္ခ စောဆိုင်မွန်သာ ဦးဆောင်သော ကွယ်ကဘော နယ်လှည်.ဆေးကုသရေးအဖွဲ. နှင်.   ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးဆောင်သော အမှုဆောင်အဖွဲ.၀င်များ ရောက်ရှိပြီး ဆေးကုသရေးဆိုင်ရာ အဖွဲ.များက ၀ါးခယ်မ အကျိုးဆောင် အဖွဲ.များ ၊ အထောက်အကူပြုအဖွဲ.များ ၊ လုပ်အားပေးများ အကူအညီဖြင်. စစ်ဆေး ၊ ခွဲစိပ် ၊ ကုသ ကိစ္စများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည် ။ထိုသို. ခွဲစိပ်ကုသရာတွင် တောနယ်များမှ လာရောက်ကုသကြသော သူများအတွက် ရွှေခယ်သီ၇ိ ခန်းမအတွင်း အနားယူအိပ်စက်နိုင်စေ၇န် ခွင်.ပြုပေးခဲ့ပြီး ထမင်းမှအစ စေတနာရှင်များ အကူအညီဖြင်. စီစဉ်ပေးခဲ့ပါသည် ။
ထိုနေ. မွန်းလွဲ ၁နာရီတွင် ၀ါးခယ်မမြို.နယ် နာရေး ကူညီမှု ကော်မတီ ၀င်များနှင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) အမှုဆောင်အဖွဲ.၀င်များ၏ တွေ.ဆုံညှိုနှိုင်းပွဲ ပြုလုပ်ခဲ့ပါသည် ။ထိုသို.ဆွေးနွေးကြရာတွင် လက်ရှိ နာ/ကူ ကော်မတီ မှာ ၃နှစ်တစ်ကြိမ် ပြောင်းလဲဖွဲ.စည်းမှု စဉ်းမျဉ်းအရ ဖွဲ.စည်းထားသော အဖွဲ.သစ်ဖြစ်သည် ။ထိုကော်မတီ အနေဖြင်. ပြီးခဲ့သော ၃ နှစ်အတွင်း ၈၇၃ ဦး၏ နာရေးအား ကူညီနိုင်ခဲ့ပြီး တစ်ဦးကုန်ကျစရိတ် ၁၀၅၀၀ ခန်.ကုန်ကျခဲ့သည်ဟု သိရပါသည် ။ပုံမှန် ၀န်ထမ်း၂ယောက် ကို လစာဖြင်.ခန်.ထားပြီး ထိုနာရေးကိစ္စရပ်များအပြင် အောက်ဆီဂျင် အိုး ၄ လုံး အခမဲ့ ငှား၇မ်းခြင်း ပါ လုပ်ဆောင်လျှက်ရှိသည်ဟု သိရပါသည် ။ထို.သို.ဆွေးနွေးရာတွင် လူနာတင်ယာဉ် ကိစ္စ ၊ သွေးလှုဒါန်းမှုတွင်တွေ.ကြုရသော သွေးစစ်ဆေးမှုအခက်အခဲ ၊ရပ်ကွက် နှင်. မြို.နယ် အသင်းကြား ကိစ္စရပ်များ အားဆွေးနွေးခဲ့ကြပါသည်။
ထိုအစည်းအဝေးတွင် က၀ိသိပ္ပံ ဆရာတော် က Body တစ်ခုသဂြိုဟ် ရာတွင် တွေ.ကြုံရသော အပိုကုန်ကျစ၇ိတ်အချို. ၊ရပ်ကွက် နှင်.မြို.နယ် အသင်းကြား ဆိုင်ရာ ကိစ္စရပ်များ ၊၀ါးခယ်မ - ရွှေလောင်း ကားလမ်းကိစ္စ ၊ ကျုံမငေးတွင် အောက်ဆီ၈ျင် ၂၄ နာရီ ရနေသော်လည်း ၀ါးခယ်မတွင် လိုသလောက်မရနိုင်သေးသော အခြေအနေ ၊ အရပ်သား ကျန်းမာရေးစောင်.ရှောက်မှုအတွက် ပြုလုပ်နေကြပြီဖြစ်သော် ဂီလာန သံဃာတော် များစောင်.ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ အားဆွေးနွေးအကြံပြုပါသည် ။
ထို.နောက် ၀ါးခယ်မမြို.နယ် အသင်း အမှုဆောင်များ နှင်. မြို.နယ် အုပ်ချုပ်ရေး ၊ စည်ပင်သာယာရေး ဆိုင်ရာ တာဝန် ရှိသူများ အစည်းအဝေးကို ဆက်လက်ကျင်းပပါသည် ။ အမှုဆောင်များ ဘက်မှ နာယက ၊ ဥက္ကဋ္ဌ နှင်. အကျိုးဆောင်အဖွဲ.၀င်များက ရွှေခယ်ဧရာ ယာဉ် ရပ်နားစခန်း ကိစ္စ ၊  ကွန်ပြူတာ သင်တန်းဆိုင်ရာကိစ္စ ၊ ခောတ်မှီ အားကစားရုံကိစ္စ  အပါအ၀င် မြို.ရွာဖွံ.ဖြိုးရေး ကိစ္စရပ်များ ကိုဆွေးနွေး တင်ပြကြပြီး မြို.နယ် အုပ်ချုပ်ရေးမှုးက မြို.နယ် ဖွံ.ဖြိုးရေးအတွက် ရရှိသော သိန်း၁၀၀၀ ကို ခွဲဝေလုပ်ကိုင်မည်. လမ်း ၊ တံတား ၊ကျောင်း ဆိုင်ရာလုပ်ငန်း ၁၈ ခု နှင်. သုံးစွဲမည်. ပမာဏ တို.ကို ရှင်းလင်းပြောကြားပြီး မြို.နယ် စည်ပင်သာယာကော်မတီ က လုပ်ငန်းဆိုင်ရာများ ဆက်လက်ဆွေးနွေးပါသည် ။အမှုဆောင် တစ်ဦးစီ၏ ဆွေးနွေးမှု ၊ အကြံပြုချက်များ တွင် ဆည်မြောင်းဆိုင်ရာကိစ္စ ၊ ဘိုးမင်းခေါင်ကန်ပတ်လမ်း မွမ်းမံမှုဆိုင်ရာကိစ္စ ၊ မြို.တွင်း ဆီဆိုင်များကိစ္စ ၊မီးသတ်ကား ၊ မီးသတ်စက်နှင်. အရံမီးသတ်ဆိုင်ရာ ကိစ္စ ၊ မီးသတ်ကန်များကိစ္စ တို.ကို ဆွေးနွေးကြပြီး ညနေပိုင်းတွင်ပြီးဆုံးခဲ့ပါသည် ။
၁၂ ရက်နေ. မနက်ပိုင်းတွင် ရန်ကုန်အမှုဆောင်များ ၊ ၀ါးခယ်မ အမှုဆောင် နှင်. ပညာရေး ဆိုင်ရာ အကျိုးဆောင်များနှင်. မြို.နယ်အသင်း၏ ပညာသင်ထောက်ပံ.ကြေး ခံစားနေသော ကျောင်းသား /သူ အချို. တို.တွေ.ဆုံပြီး လိုအပ်သည်များမေးမြန်း ၊ ညှိုနျိုင်း ၊ ရှင်းလင်းပြောကြားကြ့ပီး ကျောင်းသား/သူ များက နာယကကြီး နှင်. အကြီးအကဲများအား ဂါရ၀ပြုကန်တော.ကြပါသည် ။ ထို.နောက် ၂၀၁၄ ပညာသင်နှစ် ထူးချွန် / ချို.တဲ့ ကျောင်းသားများအတွက် ပညာသင်ထောက်ပံ.ကြေးဆိုင်ရာ လျှောက်ထားမှုများအား ပမာဏ စိစစ်ရွေးချယ်မှု ပြုလုပ်ကြပါသည် ။
မွန်းလွဲပိုင်းတွင် မူ ဖွင်.လှစ်ပေးခဲ့ပြီးသော စက္ခုပါလ မျက်စိဆေးခန်းအတွက် ထာဝရ ငွေပဒေသာပင် စိုက်ထူရေး အလှုငွေ အိမ်တိုင်ယာရောက် အလှုခံခြင်းကို အသင်း နာယက ၊ ဥက္ကဋ္ဌ ၊အမှုဆောင်များနှင်. ၀ါးခယ်မ အကျိုးဆောင်များ လိုက်ပါ ဆောင်ရွက်ကြရာတွင် သံကြိုးတိုင်အဖျားမှစ ၍ လုပ်ဆောင်ခဲ့ကြပြီး ပဒေသာပင်တည်ထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းခြင်း ၊ အလှုငွေ လက်ခံခြင်း ၊သာဓုအနုမောဒနာပြုခြင်း စသည်တို.ဖြင်. ညနေပိုင်းအထိလုပ်ဆောင်ခဲ့ကြပါသည် ။
၁၃ ရက်နေ. မနက်ပိုင်းတွင် နာယကကြီးမှ ဦးနုစာကြည်.တိုက်သို. စာအုပ်စာစောင်များ လှုဒါန်းခြင်း ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ နှင်. အမှုဆောင်များ က ကြယ်စင်မေတ္တာ မူကြိုကျောင်းသို. သွားရောက်လေ.လာခဲ့ပါသည် ။ ကလေးငယ်များက အမှုဆောင်အဖွဲ.၀င်များအား မေတ္တာနဲ.ကြယ်စင် သိချင်းဖြင်. သရုပ်ဆောင် ဖျော်ဖြေခဲ့ကြသည် ။ အမှုဆောင်များမှ စုပေါင်း၍ ကလေးငယ်တို.အတွက် အဟာရဒါနအဖြစ် အလှုငွေ ၁၅၀ ၀၀၀ ကို လှုဒါန်းခဲ့ကြပါသည် ။
မွန်းလွဲပိုင်းတွင် ရန်ကုန်မြို.သို. ပြန်လည်ထွက်ခွာခဲ့ကြပြီး ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ၏ စတုတ္ထအကြိမ် အခမဲ့ဆေးကုသခြင်း ခရီးနှင်. မြို.နယ် ဖွံ.ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ ညှိုနှိုင်းတိုင်ပင်ဆွေးနွေးမှုများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြပါသည် ။
၂၀၁၄ နှစ်ဦး တွင်ပြုလုပ်ခဲ့သောဝါးခယ်မမြို.နယ် အသင်း ၏  စတုတ္ထအကြိမ်မြောက် အခမဲ့ဆေးကုသမှု အစီအစဉ်တွင်
 မျက်စေ့ ခွဲစိတ်ကု-                                             ၁၉၃ ဦး         အထွေထွေ ခွဲစိတ်ကု-                      ၅၂ ဦး
သွားနှင့် ခံတွင်း ကုသ-                                            ၃၉ ဦး      အထွေထွေ စမ်းသပ်/ ရောဂါကု-       ၁၆၂ ဦး
ဖြင်. လူနာပေါင်း  ၄၄၆ ဦးအား အခမဲ့ကုသပေးနိုင်ခဲ့ပြီး  ဆေးကုသမှု ကုန်ကျစရိတ် စုစုပေါင်း ၁၂ ,၉၇၅ ,၉၁၅ ကျပ် ကုန်ကျခဲ့ပါသည် ။
ဆေးကုသမှုအပိုင်းတွင်လည်း ကွယ်ကဘော နယ်လှည်.ကုသရေးအဖွဲ.မှ သမားတော် ၅ ဦး ဆရာဝန် ၅ ဦး သူနာပြုနှင်. အကူ ၁၇ ဦး အင်အားဖြင်. စမ်းသပ် ၊ ခွဲစိပ် ၊ကုသပေးခဲ့ပြီး ဇာတိဖွား ဆရာဝန် ၄ ဦးကလည်း ပူးပေါင်း ကူညီပေးခဲ့ပါသည် ။ ထို.အပြင် စနစ်တကျ ဖြစ်စေရန် အမည်စာရင်းသွင်းခြင်းမှအစ အထွေထွေ ကိစ္စရပ်များအတွက်  မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ၊ U- 45 လူမှုကူညီရေးအဖွဲ့ ၊ မြို့နယ် အုပ်ချုပ်ရေး၊ စည်ပင်သာယာ၊ ကျန်းမာရေးရုံးများ ၊မေတ္တာ ကရုဏာ နာမှုကူညီရေးအသင်း ၊  မြို့နယ်အသင်းဧ။် အကျိုးဆောင်အဖွဲ့ များ ၊ဒေါ်ပိုက်မိဘိုးဘွားရိပ်သာ၊ မေတ္တာကြယ်စင် မူကြိုကျောင်း၊ ဘုရားလမ်း မူကြိုကျောင်း၊ ရေယာဉ်အသင်း ၊ ဦးစန်းတင်ဘုရားဂေါပကအဖွဲ့၊ ချက်ပြုတ်ကျွေးမွေးသော အငြိမ်းစားဆရာမကြီးများနှင့်အဖွဲ့ များနှင်. အခြားသော အဖွဲ.အစည်းများ ၊ တစ်ယောက်ချင်းစီ ကူညီပေးကြသူများ ကြောင်. အဆင်ပြေချောမွေ.စွာ ဆောင်ရွက်နိုင်ခဲ့ကြပါသည် ။
ထို ဆေးကုသမှု အတွက် ဦးထွန်းကြည် ( မြ၀တီ ဘဏ် - ဦးဆောင်ညွှန်ကြားရေးမှုး - ငြိမ်း ) မိသားစုနှင်. အသင်း၏ ဂုဏ်ထူးဆောင် နာယကကြီး ဦးအံ.ကျော်တို.က မတည်လှုဒါန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရောက် ၀ါးခယ်မ နွယ်ဖွား အလှုရှင် ၇၉ ဦး ၊ တပ်မတော် ဆေးတက္ကသိုလ် မိသားစု များမှ လှုဒါန်းငွေ သိန်း ၂၃၀ ကျော် ၊ ၀ါးခယ်မမြို.မှ အလှုရှင်များ လှုဒါန်းငွေ ၉သိန်းကျော် ၊ ၁၂ ရက်နေ. အမှုဆောင်အဖွဲ.၀င်များ အိမ်တိုင်ယာရောက် အလှုခံခြင်း အစီအစဉ်တွငှ် ကြာနီကန်ဆရာတော် အပါအ၀င် ၃၃ ဦးထံမှ ၇၃သိန်းကျော် ၊ နာယကကြီး ဦးအံ.ကျော် သီးခြား အလှုခံပေးငွေ ၈၆ သိန်း စုစုပေါင်း စေတနာအပြည်. လှုဒါန်းငွေပေါင်း ၃၉, ၈၆၅ , ၄၀၀ကျပ်ရရှိခဲ့သည် ။
ဝါးခယ်မမြို.နယ် အသင်း၏ တည်ထောင်လုပ်ဆောင်ခဲ့သမျှ လုပ်ငန်းတိုင်းလိုလို ထာဝရ အရှိန်အဟုန်မပျက် လုပ်ဆောင်နိုင်ရန် စီမံလေ.ရှိသည်.အတိုင်း ယခု ကုသမှုအစီအစဉ် အတွက်လည်း ပိုငွေ များမှ ငွေကျပ် သိန်း ၂၀၀ ကို ၀ါးခယ်မ ဘဏ်တွင် ပဒေသာပင်အဖြစ် အပ်နှံပေးထား ခဲ့ပြီး ကျန်ငွေ ၆၉ သိန်းခန်.ကို စာရင်းဇယားနှင်. ထပ်မံ လွှဲပြောင်း အပ်နှံပေးမည်ဖြစ်ပြီး ထိုမှ အတိုးအညွန်.ရရှိငွေ ကို သုံးစွဲ၍ ၄ လလျှင် တစ်ကြိမ် ခန်. အဆက်မပြတ် ကုသပေးနိုင်ရန် စီမံထားခဲ့ပါသည် ။
တောနယ်များမှ လာရောက်ကုသကြသူများ နှင်. လူနာစောင်.တို.အတွက် နေ./ည ထမင်းအတွက်ကို ဦးကိုကိုလေး + ၃  တို.က နေ.စဉ်ကုသိုလ်ပြု လှုဒါန်းခဲ့ကြပြီး ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အမှုဆောင်များ နှင်. ကုသရေးဆိုင်ရာ ပညာရှင်များ ၊ ဧည်.သည်တော်များအတွက် မိခင်နှင်. ကလေးစောင်.ရှောက်ရေး အသင်း ၊ မြို.ပေါ်ရှိဆရာဝန်ကြီးများ ၊ အချိုပွဲအတွက် သီလရှင်ကျောင်းတို.က တာဝန်ယူ ပေးခဲ့ကြပါသည် ။
ဝါးခယ်မသားစိတ်ဓါတ်ဖြင်. စေတနာအပြည်. တက်ကြွစွာအားလုံး ၀ိုင်းဝန်း ဆောင်ရွက်ကြသော ကြောင်. ယခုစတုတ္ထအကြိမ် အခမဲ့ ဆေးကုသရေး ခရီးစဉ် တစ်ခုလုံးအောင်မြင်ခဲ့ကြရခြင်းဖြစ်ပါသည် ။
 { အချက်အလက်များ ပံ.ပိုးကူညီပါသော ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး အား ကျေးဇူးတင်ရှိပါသည် }
ထို ခရီးစဉ်နှင်. ကုသမှုဆိုင်ရာ ဓါတ်ပုံမှတ်တမ်းများကို အောက်ပါ Link များမှ သွားရောက်ကြည်.ရှုနိုင်ပါသည် ။
Friday, January 24, 2014
သူရိယအလင်း မှ သူရိယနေ၀န်း သို.
  ဂျာနယ် စထုတ်ထုတ်ချင်း ၃/၄ ပတ် ထိ အောင်မြင်မှု မရသေးတော. ဂျာနယ် သက်တမ်း ရှည်ပါ.မလားဆိုပြီး ပူပန်ကြတယ် ။ဂျာနယ် သက်တမ်း ရှည်ပါ.မလားဆိုပြီး ပူပန်ကြတယ် ။……………………….. ဂျာနယ် အောင်မြင်မှု ရောင်ခြည် က တစ်ဖြေးဖြး ပေါ်လာတော. ၀န်ထမ်းတွေ ၀မ်းသာလိုက်ကြတာ ။……….. ၀န်ထမ်းတွေ ၀မ်းသာလို. ဂျာနယ်အတွက် ဂုဏ်ယူမယ်ကြံတုန်း ရှိသေးတယ် ။ ပြဿနာကို မီးခွက်ထွန်းပြီး ရှာလာတာ ခင်ဗျားပဲ ။ ခင်ဗျား အလိုမကျတဲ့ ၀န်ထမ်းတွေကို အလုပ်ထုတ်ပစ်တယ် ။ ( ၀န်ထမ်း ၃ယောက် အလုပ်ထုတ်ပစ်လိုက်တာ ခင်ဗျား မှတ်မိမှာပါ ၊ အပြစ်မရှိ  အပြစ်ရှာပြီး ခင်ဗျား ထုတ်ပစ်လိုက်တာ )အဲ့ဒီနောက်ပိုင်း မှာ ခင်ဗျား လုပ်ချင်သလို စလုပ်တယ် ၊ တွေးချင်သလို တွေးပြီး ရေးချင်သလို ရေးတယ် ။…….. အယ်ဒိတာ အဖွဲ.ဆိုတာ စာမူတည်းဖြတ်တဲ့ အဖွဲ.ဆိုတာ ခင်ဗျား နားမလည်ဘူး ။……
အဲ့ဒီစာတွေရေးလို. ပြဿနာ တစ်ခုခုဖြစ်ပြီး သူရိယအလင်း ရပ်စဲခံ ရရင် သူရိယ နေ၀န်းအမည်နဲ. ဆက်ထွက်နိုင်ဖို. ခင်ဗျား အကွက်ကျကျ ကြိုတင်စီစဉ်ထားတယ် ။ သူရိယ အလင်းဂျာနယ် က ရှယ်ယာရှင်တွေနဲ. ထုတ်တာ ၊ ခင်ဗျား သူရိယနေ၀န်း က ခင်ဗျား ကိုယ်တိုင်ထုတ်မှာဆိုတော. သူရိယအလင်း ဂျာနယ် ရပ်စဲခံရရင် ခင်ဗျားအတွက် ပိုကောင်းတယ်လို. ခင်ဗျားက တွက်ထားပြီးသား ၊ ဒီတော. သူရိယ အလင်း ရပ်စဲသွားဖို. ခင်ဗျား ပြဿနာ အမျိုးမျိုး ရှာတယ် ။
ခင်ဗျား လုပ်ချင်သလို လုပ်လိုက်ရလို. ခင်ဗျားဖြစ်ချင်သလို ဖြစ်သွားခဲ့လို. ခင်ဗျားကြိတ်ပြီး အောင်ပွဲခံ ၀မ်းသာနေတဲ့အချိန်မှာ ၀န်ထမ်းတွေနဲ. ၀န်ထမ်းမိသားစုတွေရဲ. ကြေကွဲသံ ၊ ငိုရှိုက်သံ ဘယ်လောက်ပြင်းထန်နေလဲဆိုတာ ခင်ဗျား ကိုယ်ချင်းစာပြီးတွေးမိရဲ.လား ။…………ခင်ဗျား လျော်ကြေးပေးတယ် ဆိုတာကလည်း ခင်ဗျား အိတ်ထဲက စိုက်ပေး၇တာ တစ်ပြားမှ မရှိဘူး ။
…………. ခင်ဗျား ၀န်ထမ်းတွေကို လျော်ကြေးပေးတုန်းက ခင်ဗျား ကိုယ်တိုင်လာပေးတာ မဟုတ်ဘူး ။ ခင်ဗျားအကို ၊ခင်ဗျားအမ ၊ ခင်ဗျားတူမ တွေကို ကိုယ်စားလှယ်လွှဲပြီး လေဘာရုံးကတစ်ဆင်.ပို.ခိုင်းတာ ။ ခင်ဗျားက မျက်နှာလွှဲ ခဲပစ် ပြီးပြီးရော လုပ်လိုက်တာ ၊ ၀န်ထမ်းတွေကို ပိုက်ဆံပေးပြီး မောင်းမထုတ်ရုံ တမယ် ဥပေက္ခာ ပြုလိုက်တာ ။
……မကြာမီမှာ ခင်ဗျားဟာ လောဘနဲ.အတ္တက ခင်ဗျားလည်ပင်းကို ကြိုးကွင်း လာစွပ်လိမ်.မယ် ။ ၀န်ထမ်းတွေ မျက်ရည်တစ်ပေါက်ကျတိုင်း ခင်ဗျား ရင်တစ်ခုလုံး မီးတစ်ဟုန်းဟုန်းတောက်နေလိမ်.မယ် ၊ ပြည်သူတွေက ခင်ဗျားကို လူယုတ်မာအဖြစ် အသိအမှတ်ပြုပြီး သံဗုံးတီးပြီး တောထုတ်ကြလိမ်.မယ် .။……..
တစ်ခုတော. သတိထားပေါ.ဗျာ ၊ လေပြည်နော.ပြီးရင် မုန်တိုင်းအလှည်.ဆိုတာ မမေ.နဲ.။
သူရိယ အလင်း အယ်ဒီတာ ချစ်နွေမိုး စီစဉ်သော လေပြည်နော.ပြီးရင် မုန်တိုင်းအလှည်.ပဲ သို.မဟုတ် သူရိယအလင်းဂျာနယ် အတွင်းရေး အပိုင်း ( ၁ ) စာအုပ် အခန်း၂ မှ မူရင်းအတိုင်း တိုက်ရိုက်ကောက်နှုတ် ဖော်ပြသည် ။
ဆက်စပ်ဖတ်ရှုရန် များ ..