Thursday, July 11, 2013

မြန်မာ့ရုပ်ရှင်မင်းသား သုဘရာဇာ - ဦးကျော်သူ



 
Creared by Win Than
  မြန်မာတွေဟာ အရေးပေါ်ဖြစ်လာပြီဆိုရင် ၉၁၁ ကို ဖုန်းမခေါ်ကြ၊ အခြားအရေးပေါ်ဝန်ဆောင်မှုတွေကိုလည်း မဆက်သွယ်ကြပါ။

သူတို့ဟာ
တိုင်းပြည်ရဲ့ မာလွန်ဘရန်ဒို သူရဲကောင်းကိုသာ ဆက်သွယ်ကြပါတယ်။ နာမည်ကျော် မင်းသားကြီး မာလွန်ဘရန်ဒိုဟာ ကမ္ဘာ့ရုပ်ရှင်လောကကို စွန့်ခွာခဲ့ပြီး ၁၉၈၀-၁၉၉၀ အတွင်းမှာ အရေးပေါ်လူနာတင်ယာဉ်တွေ၊ အသုဘသင်္ဂြိုလ်ခြင်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။

မြန်မာအမည်
ကျော်သူလို့ခေါ်တဲ့မင်းသားဟာ ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့ပြီး အကယ်ဒမီရွှေစင်ဆုကို ၁၉၉၄ ခုနှစ်မှာ တစ်ပြည်သူမရွှေထားရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။
၂၀၀၃
ခုနှစ်မှာ အမေ့နို့ဖိုး ဇတ်ကားနဲ့ ရုပ်ရှင်ဒါရိုက်တာဆုကို ထပ်မံရရှိခဲ့ပေမယ့် ဆေးရုံမှာ အဖော်မဲ့ သေဆုံးခဲ့ရတဲ့ အဘွားအိုတစ်ယောက်ရဲ့ အဖြစ်က သူ့ရဲ့ လမ်းကြောင်းကို ဆွဲလှည့်သွားခဲ့ပါတယ်။

ဆရာဝန်တွေက
မိသားစုဝင်တွေကို လူနာဟာ ကွယ်လွန်ခါနီးပြီလို့ ရှင်းပြခဲ့ကြပါတယ်။ ဒီနောက်မှာ မိသားစုတွေ ပျောက်သွားပါတော့တယ်။ နောက်ရက်အနည်းငယ်မှာ လူနာသေဆုံးခဲ့ပါတယ်။ ရုပ်အလောင်းကို ပိုင်ရှင်မရှိပဲဖြစ်နေပါတယ်လို့ ကျော်သူက သူ့ရဲ့ ရန်ကုန်ရုံးခန်းအတွင်းမှာ CNN ရုပ်သံကို ရှင်းပြခဲ့ပါတယ်။

လူနာရဲ့မိသားစုဟာ
သင်္ဂြိုလ်စားရိတ် မတတ်နိုင်တာကြောင့် ဒီလိုဖြစ်ခဲ့တာလို့ သိလာခဲ့ပါတယ်။ ဒီလိုအဖြစ်တွေ အများကြီးပေါ်ပေါက်နေပြီး ဆင်းရဲတဲ့မိသားစုတွေဟာ လူနာကွယ်လွန်တဲ့ညမှာ ဆေးရုံက ထွက်ပြေးကြတယ်လို့ သူကပြောပြပါတယ်။

ဒါနဲ့ပဲ
အခမဲ့နာရေးကူညီမှုအသင်းပေါ်ပေါက်လာပါတော့တယ်လို့ အကယ်ဒမီဆုများရှင် ကျော်သူကပြောပြပါတယ်။ သူဟာ အခမဲ့စာကြည့်တိုက်၊ ပညာသင်ကျောင်း၊ သွားဆေးကုခန်း၊ အခမဲ့ဆေးခန်းနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။

ရုပ်ရှင်များမှ
နာရေးများဆီသို့

ရုပ်ရှင်လောကကို စွန့်ခွာဖို့ဆိုတာ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တော့မဟုတ်ခဲ့ပါဘူး။ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံရပြီး ရုပ်ရှင်ရိုက်ခွင့်ကို အပိတ်ခံခဲ့ရပါတယ်။

၂၀၀၇
နှစ်မှာ မြန်မာစစ်အစိုးရဟာ ၁၉၈၈ နောက်ပိုင်း အကြီးဆုံး အစိုးရဆန့်ကျင်ဆန္ဒပြပွဲကို ရက်ရက်စက်စက်နှိမ်နင်းခဲ့ပါတယ်။ ဘုန်းကြီးတွေဦးဆောင်ပြီး လူထောင်ပေါင်းများစွာဟာ အစိုးရရဲ့ ဓါတ်ဆီထောက်ပံ့မှုလျော့ချရေးအစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ကျော်သူက
ဒီဆန့်ကျင်ဆန္ဒပြပွဲကို ကူညီခဲ့တယ်ဆိုတာကို မငြင်းပါဘူး။ သူက လူတွေကို ကူညီတယ်ဆိုတာ အဆင့်အတန်း၊ လူမျိုး၊ ဘာသာမရွေး ကူညီတာမို့ ဘယ်သူ့ကိုမှ မျက်နှာမလွှဲနိုင်ပါဘူးလို့ ဆိုပါတယ်။

ဦးကျော်သူက
နှစ် ၅၀ စစ်အုပ်ချုပ်ရေးအပြီး ၂၀၁၁ မှာ အာဏာရလာတဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ရကိုင်ရတာ ပိုကောင်းလာတယ်လို့ ရှင်းပြပါတယ်။

 ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ ကွက်တိကွက်ကြား လူမှုရေးလုပ်ငန်းတွေနဲ့ ဆင်းရဲမွဲတေမှုကို ကာကွယ်ဖို့ အစီအမံတွေက မလုံလောက်သေးဘူးလို့ ဆိုပါတယ်။ ကျွန်တော်တို့က ဘာတွေလုပ်ပေးဖို့ လိုနေသေးတယ်ဆိုတာကို အစိုးရကို ပြနေကြတာပါလို့ ပြောပြပါတယ်။

သူက
အစိုးရဟာ တကယ့်လက်တွေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိဘူး။ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကလည်း နေပြည်တော်ကိုသာ တိုက်ရိုက်သွားပြီး နိုင်ငံရေးသမားတွေနဲ့တွေ့ပေမယ့် ပြည်သူတွေနဲ့ ထိတွေ့မှု မရှိဘူးလို့ ဆိုပါတယ်။

ကျွန်တော်အကြံပြုလိုတာကတော့
လူမှုရေးအဖွဲ့တွေ၊ NGO တွေနဲ့ အရင်တွေ့ပြီး သတင်းအချက်အလက်တွေရရင် တကယ့်လက်တွေ့ကို သိလာမယ်။ ဒါကိုဝေဖန်ပိုင်းခြားပြီး ညှိနှိုင်းဆွေးနွေးဖို့ အစိုးရနဲ့ တခြားပါတီတွေနဲ့ တွေ့တာကပိုကောင်းပါမယ်။

သူက
အခြားပါတီတွေဟာ သူတို့ရဲ့ ကတိတွေကို သူတို့ကိုယ်ပိုင်အလှူငွေနဲ့ အောင်မြင်အောင်လုပ်ဆောင်သင့်ပြီး သူ့ကို ဘဏ်တိုက်လို သဘောထားမနေသင့်ကြောင်းလည်း ပြောပါတယ်။

ပြန်လည်ပြုပြင်နေသော
တိုင်းပြည်လား

 
 
World Economic Forum ကို ရာနဲ့ချီတဲ့ ကိုယ်စားလှယ်တွေ လာရောက်ခဲ့ကြပြီး အတိတ်ကနာမည်ဆိုးကို ဘယ်လောက်ခါချနိုင်မလဲလို့ နှစ်ရက်ကြာဆွေးနွေးပွဲအတွင်း CNN က ကိုကျော်သူနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အခြေခံလောက်သာ
ဒါမှမဟုတ် လုံးဝနီးပါး လူမှုအထောက်အပံ့တွေမရှိနေတဲ့ တိုင်းပြည်ဟာ မခိုင်ခံ့တဲ့အဆောက်အဦးတွေ၊ ချိုင့်ခွက်တွေပြည့်နေတဲ့လမ်းတွေ၊ ကွက်တိကွက်ကြားဆက်သွယ်ရေးကွန်ယက်တွေအပြင် သန်း ၆၀ ရဲ့ လေးပုံတစ်ပုံကိုသာ ထောက်ပံ့ပေးနိုင်တဲ့ ဒိတ်အောက်နေတဲ့ ဓါတ်အားလိုင်းတွေသာရှိနေပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ
မြန်မာ့စီးပွားရေးဟာ ၁၉၀၀ ပြည့်နှစ်မှတ်တမ်းများအတိုင်း ၁၉၉၀ ခုနှစ်မှာ ထပ်တူရှိနေပါတယ်။ ( နောက်ဆုံးထွက်တဲ့ McKinsey & Company ရဲ့ မှတ်တမ်းအရဖြစ်ပါတယ်။ )

ဒါကို
ပြုပြင်မယ်ဆိုရင် ငွေလိုပါတယ်။

 ကျော်သူနဲ့အဖွဲ့ဟာ အလှူငွေတွေပေါ်မှာ ရပ်တည်နေပြီး လုပ်အားပေး ၅၀၀ လောက်ဟာ နေ့စဉ်နာရေးကူညီမှုအသင်းမှာ လုပ်အားပေးနေကြပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း ဆေးရုံနဲ့ ဆေးပေးခန်းတွေမှာ မျက်စိခွဲစိတ်ခြင်း၊ မိခင်ကလေးစောင့်ရှောက်ခြင်းနဲ့ သွေးလှူဒန်းခြင်းတို့အတွက် ဆောင်ရွက်ပေးနေကြပါတယ်။

သူတို့လုပ်ငန်းအတိမ်အနက်ကို
ရုံးခန်းအ၀င်ဝမှာ ချိတ်ဆွဲထားတဲ့ ရာပေါင်းများစွာသော ဓါတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံမှာတော့ အသစ်စက်စက်ဇနီးမောင်နှံဟာ လက်ထပ်ပွဲဝတ်စုံနဲ့ ခေါင်းတလားကိုသယ်ဆောင်ပေးနေကြပါတယ်။ သူတို့ဟာ လက်ထပ်ပြီးပြီးချင်း လုပ်အားပေးလာခဲ့တာပါလို့ ကိုကျော်သူက ပြောပြပါတယ်။

တခြားပုံတွေမှာတော့
ရေတွင်းတူးနေတာတွေ၊ ဆိုက်ကလုန်းဒုက္ခသည်တွေကို ကူညီပံ့ပိုးနေတာတွေ၊ ကျောင်းသားတွေ စာသင်နေတာတွေ၊ ရုပ်အလောင်းပုံတွေကို တွေ့ရပါတယ်။

မြန်မာပြည်သားတွေ
ညီညွတ်ကြပါ။

 
 
ကျော်သူဟာ မြန်မာပြည်မှာ အလွန်နာမည်ကျော်ကြားနေပါတယ်။ နိုင်ငံအများအပြားမှာ နိုင်ငံရေးသမားတွေက ဆောင်ရွက်ပေးရမယ့် ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ပေးပြီး နာမည်ရနေပေမယ့် နိုင်ငံရေးထဲဝင်ဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောပါတယ်။

သူက
ခေါင်းခါပါတယ်။ နိုင်ငံရေးပါတီထောင်ဖို့ မရည်ရွယ်ပါဘူး။ ပရဟိတလုပ်ဖို့ပဲ စိတ်အားထက်သန်ပါတယ်။ အာဏာလဲမလို၊ ကျော်ကြားဖို့လဲမဟုတ်၊ လူအထင်ကြီးခံရဖို့လဲ မဟုတ်ပါဘူးတဲ့။

ကျွန်တော်တို့
လူတွေကိုကူညီတဲ့အခါမှာ အကျိုးမျှော်၊ အခွင့်မျှော်တာမျိုးမရှိပါဘူး။ ကူညီလိုက်ရင် သူတို့ပျော်တဲ့အခါ ကျွန်တော်လဲပျော်ပါတယ်။

သူက
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်။ သူမရဲ့ ဓါတ်ပုံကို သူ့ရုံးခန်းမှာ ချိတ်ဆွဲထားပါတယ်။ ဒါပေမယ့် လူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီး ဒေါ်စုကြည်ကို အထင်ကြီးလေးစားရုံသက်သက် မနေသင့်တော့ဘူးလို့ ဆိုပါတယ်။

လူတွေက
သူတို့ပြောတာကို လေးစားလိုက်နာခြင်းမရှိပါဘူး။ အရမ်းအထင်ကြီးတယ်။ ချစ်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ရဲ့ မူဝါဒတွေကို မလိုက်နာပါဘူး။ အကောင်အထည်မဖော်ပါဘူး။ ဒါဟာ မြန်မာပြည်သူတွေရဲ့ ပြသနာပါပဲ။

ကျော်သူဟာ
ဗမာဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစုမူဆလင်တွေကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို စိုးရိမ်ပူပန်နေပါတယ်။
သူက
ရိုဟင်ဂျာတွေရှိပြီး လူအခွင့်အရေးအဖွဲ့တွေက မျိုးတုန်းသတ်ဖြတ်မှုလို့ ပြောနေကြတဲ့ ရခိုင်ပြည်နယ်ကို သွားလာခွင့် မရခဲ့ကြပါဘူးလို့ ပြောပါတယ်။

အစိုးရက
အဲဒီနေရာဟာ သိပ်အန္တရာယ်များပြီး သွားရေးလာရေးခက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အဲဒီကို သွားခွင့်မရခဲ့ပါဘူးလို့ ဦးကျော်သူက ဆိုပါတယ်။

သူက
စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီသို့ အကူးအပြောင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုတာ လူတွေပေါ်မှာပဲ မူတည်ပါတယ်လို့ ဆိုပါတယ်။ စစ်အုပ်ချုပ်ရေးကို ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံးခဲ့တာမို့ စိတ်ဓါတ်တွေနိမ့်ကျပျက်စီးနေတယ်လို့လဲ ပြောပါတယ်။

  
တကယ်လို့များ လူတွေရဲ့ စိတ်ဓါတ်တွေ အကောင်းဘက်ကို ပြောင်းလဲသွားမယ်ဆိုရင် ငါးနှစ်အတွင်း ပြောင်းလဲကုန်မှာပဲ။
လူတွေကို
ကျွန်တော်ပြောချင်တာက ညီညွတ်ကြပါ။

( ၁၂.၀၆.၁၃ နေ့ CNN မှာ ဖော်ပြခဲ့တဲ့ ဦးကျော်သူအကြောင်း ဆောင်းပါးပါ )
 

Tuesday, July 9, 2013

ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုနှင်. နောက်ဆက်တွဲ သတင်းများ


 ဇူလိုင်လ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ အရှေ့ဘက် Bihar ပြည်နယ်က ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO ကနေ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာဝင်းအတွင်းမှာ ဗုံးဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗုဒ္ဓဂါယာဝင်း ဖွင့်ခါစအချိန် တနင်္ဂနွေနေ့ မနက်ပိုင်းမှာပဲ ဒီမဟာဗောဓိ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပထမဆုံး ဗုံး ၄ လုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

နောက်ဆက်တွဲ အနီးအနားက ဘုန်းတော်ကြီးကျောင်းဝင်း တခုထဲမှာလည်း ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သလို၊ ဉာဏ်တော်အမြင့်ပေ ၈၀ ရှိတဲ့ မဟာဗောဓိ စေတီတော် အနီးနားမှာလည်း နောက်ထပ် ၁ လုံး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ဒီပေါက်ကွဲမှုတွေအတွင်း အဲ့ဒီ မဟာဗောဓိပင်ရင်းနားမှာ တရားထိုင်နေတဲ့ မြန်မာသံဃာတော်တစ်ပါးနဲ့ တိဘက် ဘုန်းတော်ကြီးတစ်ပါး အပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။



 ဒဏ်ရာရသူတွေအနက် အပြင်းထန်ဆုံး ဒဏ်ရာရခဲ့တဲ့ မြန်မာသံဃာတော်တစ်ပါးရဲ့ အခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်စရာ အနေအထားမှာ မရှိတော့ဘူးလို့ ကူညီစောင့်ရှောက်ပေးနေတဲ့ သံဃာတော်တွေက ဆိုပါတယ်။ ဒါပေမဲ့ ဗုံးပေါက်ကွဲစဉ်က ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့ ဒဏ်ရာတွေအတွက် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရမယ့် အနေအထားမှာ ရှိနေတယ်လို့ မာဂဓတက္ကသိုလ်က စာသင်သား မြန်မာရဟန်းတော် အရှင်နန္ဒာစာရိယ က မိန့်ပါတယ်။

“ဒေါက်တာတွေ ပြောအရကတော့ကွယ် သူ့မှာ ဒဏ်ရာတွေက အများကြီးဖြစ်နေတာ။ ဒဏ်ရာတွေကလေ ညောင်ပင်က အမြစ်တွေ မှန်တာတွေ၊ ဗုံးစတွေ မှန်တာတွေ၊ ဘုရားရှေ့မှာ သစ်သီးဆွမ်းတွေ ကပ်ဖို့အတွက် ခုံတွေဘာတွေ ချထားတာကိုး။ အဲ့ဒီခုံတွေကနေပြီးတော့လည်း တစစီ ကွဲပြီးတော့ မှန်တာတွေ အဲ့ဒီဟာတွေက ခွဲစိတ်ပြီး ကုသရမယ်ပေါ့။ ဗုံးမှန်တဲ့ဟာတွေက အဓိကပဲပေါ့နော်။ ဗုံးစတွေ မှန်တဲ့ဟာတွေက ခွဲစိတ်ပြီးတော့ ကုသရမယ်။ အသားအစားထိုးရမယ့်ပုံစံမှာ ရှိတယ်။"

"ဦးဇင်းတို့ သံဃာ့အဖွဲ့အစည်းအနေနဲ့ လုပ်လို့ကတော့ မရဘူး။ ဒါဘာတုန်းဆိုတော့ နိုင်ငံတော် အချင်းချင်းပဲဆိုင်တယ်။ နိုင်ငံတော် အကြီးအကဲတွေနဲ့ ဆိုင်တာပေါ့နော်။ ဒီရဟန်းတော်ကလည်း တရားဝင် လာနေတာ။ အိန္ဒိယအစိုးရနဲ့လည်း ဆိုင်တယ်။ အိန္ဒိယအစိုးရမှာ လုပ်ပေးရမယ့် တာဝန်လည်းရှိတယ်။ ဗမာအစိုးရနဲ့လည်း ဆိုင်တယ်။”


မပေါက်ကွဲသေးသော ဗုံးတစ်လုံး ရှင်းလင်းစဉ်
ဗုဒ္ဓဂါယာ မာဂဓ သံဃာတက္ကသိုလ် သံဃာ့ဆေးရုံမှာ အခု ဆေးကုသမှု ခံယူနေတဲ့ မြန်မာနိုင်ငံသား ရဟန်းတော်ရဲ့ ဘွဲ့အမည်က အရှင်ဝိလာသက္ခ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံ ဗုဒ္ဓတက္ကသိုလ်ကနေ မဟာဘွဲ့ ရယူခဲ့ပြီးတဲ့နောက် အခု အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ်မှာ ပါရဂူဘွဲ့ ယူဖို့ သင်တန်းတက်နေတဲ့ စာသင်သား ဖြစ်ပါတယ်။

ဇွန်လကုန်မှာပဲ စာမေးပွဲဖြေဆိုဖို့ ရှိနေတဲ့အတွက် သူ့ကျန်းမာရေးကို စိုးရိမ်စရာ အနေအထားမှာ ရှိနေတယ်လို့လည်း အရှင်နန္ဒာစာရိယ က မိန့်ပါတယ်။

“ဒီသံဃာက သီရိလင်္ကာကနေ ပြောင်းလာတာ။ သီရိလင်္ကာမှာ MBA ဘွဲ့ ရထားပြီးပြီ။ MBA ဘွဲ့ရလာပြီးတော့ အိန္ဒိယနိုင်ငံ ဒီ မာဂဓ University မှာ သူက ဒေါက်တာဘွဲ့ လာချိတ်တယ်။ Entrance က ဒီလကုန် နောက်လလောက်ဆိုရင် ဖြေရမယ့် အခြေအနေရှိတယ်။ သူဘွဲ့က ဦးဝိလာသက္ခ သက်တော်က ၂၈ လောက်ရှိမယ်။”


အခင်းဖြစ်ပွားရာသို.ရောက်ရှိလာသော ပြည်နယ် ၀န်ကြီးချုပ်

အခုအချိန်မှာတော့ အိန္ဒိယအစိုးရက ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာနဲ့ ဗုဒ္ဓဘာသာတွေ နေထိုင်ရာနေရာတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ သိရပါတယ်။

ဗုဒ္ဓဂါယာဝင်းအတွင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်အပြီး မာဂဓတက္ကသိုလ်က စာသင်သား ရဟန်းတော်တွေ အရောက်သွားပြီး ကူညီပေးခဲ့တဲ့ အရှင်နန္ဒာစာရိယက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သူမြင်ရသမျှကို အခုလို မိန့်ပါတယ်။

“ဗုံးပေါက်ပြီး ၅ မိနစ်လောက်ဆို ဦးဇင်းတို့ ရောက်လာတယ်။ ဗုံးတွေပေါက်တယ်။ ဗုံးတွေပေါက်တယ်ဆိုတာနဲ့ ဒါပေမဲ့ အထဲကို ၀င်ခွင့်မပေးတော့ဘူး။ လုံခြုံရေးတွေက အကုန် ပိတ်ပစ်လိုက်တာ။ အခု သူတို့ သန့်ရှင်းရေးတွေ လုပ်ကြတယ်ပေါ့နော်။ ဗုံးပေါက်တဲ့နေရာကတော့ အခုထိ ပဲ့သွားတဲ့နေရာလေးတွေကတော့ မပြင်ရသေးဘူး။”

အိန္ဒိယနိုင်ငံတွင်း နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာခဲ့စဉ်အတွင်း ဒီလို ဗုဒ္ဓဘာသာဝင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့လတွေက ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးရလဒ် ဖြစ်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီက ဦးကျော်သန်း က သုံးသပ်ပါတယ်။

“ဒီအိန္ဒိယသတင်းစာတွေကတော့ ဗမာပြည်နဲ့ ဆက်စပ်ပြီးတော့ ဖြစ်တယ်လို့ကို သူက အတိအလင်း ရေးနေတယ်။ ကျနော်လည်း အဲ့လိုပဲ ယူဆပါတယ်။ မှန်ပါတယ်။ ဆိုတော့ ဗမာပြည်ထဲက ဖြစ်တဲ့ဟာဆိုတော့ သူတို့ ဒါ ဗမာပြည်မှာ ဖြစ်တဲ့ ပြဿနာက ဒီဘက်မှာ ရှိတဲ့ သူတွေမှာလည်း သွားသက်ရောက်မှု ရှိတယ်ဆိုတာတော့ အမှန်ပဲ။ အခုတော့ ဒီဟာက ကျနော်တို့ ဗမာပြည်မှာဖြစ်တဲ့ ဗုဒ္ဓဘာသာတွေရယ်နဲ့ သူတို့ မူဆလင်တွေကို နှိမ်နင်းတယ် ဘာညာဆိုတဲ့အပေါ်မှာ ဖိနှိပ်တယ်ဆိုတဲ့အပေါ်မှာ လက်တုံ့ပြန်တာလို့ သူတို့ ပြောတာပဲ။ ဒါ ကျနော် ခုနပြောတဲ့ ဒီဘာလဲ အိန္ဒိယ မူချာဟေဒင်အဖွဲ့ဆိုတာ ရှိတယ်။”



 ဒီကနေ့ တနင်္လာနေ့မှာတော့ ဗုဒ္ဓဂါယာဝင်းအတွင်းမှာရှိတဲ့ မာဂဓတက္ကသိုလ်မှာ ဒီလို အကြမ်းဖက် ဗုံးပေါက်ကွဲမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲဖြစ်ခဲ့ပြီး မဟာဗောဓိပင်ရင်းနားမှာလည်း ငြိမ်းချမ်းရေးအတွက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။


အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ်ကတည်းက အိန္ဒိယ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးကို ထပ်မံဖမ်းဆီး လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင် ၇ ရက်နံနက်ပိုင်းက ဗုဒ္ဓဂယာ ကျောင်းဝန်းအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများ အတွက် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည် စစ်ဆေးခဲ့ရာမှ အိန္ဒိယရဲများက ဇူလိုင် ၈ ရက်တွင် လူတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ဗုံးဖောက်ခွဲမှုများ အတွက် လူနှစ်ဦးက ဖောက်ခွဲရေး ပစ္စည်းများအား နေရာချခဲ့သည့် ပုံများကို လုံခြုံရေး ကင်မရာများ တွင် တွေ့ရှိခဲ့ရာမှ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

''လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကနေ ဗုံးထောင်ခဲ့သူ နှစ်ဦးစလုံးကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်'' ဟု ဂယာမြို့ ရဲအရာရှိ ချန်ဒန်ကူရှဝါဟာက အေအက်ဖ်ပီသို့ ပြောကြားသည်။

''ဖမ်းဆီးထားတဲ့သူရဲ့ အမည်က ဗင်နော့မီစထရီလို့ သိရပါတယ်'' ဟု ရဲအရာရှိ အက်စ်ကေဘာရာဒွာဂျာက ပြောကြား ခဲ့သည်။

မီစထရီကို ဘီဟာပြည်နယ်၊ မြို့တော် ပတ္တနား တောင်ဘက် မိုင် ၈၀ အကွာရှိ မော်သူပုန်များ၏ အဓိက ခြေကုပ်ဒေသဖြစ် သည့် ဘရာချတ်တီ ဧရိယာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


မပေါက်ကွဲသေးသော ဗုံးတစ်လုံး
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာ ၀င်များအကြား ဖြစ်ပွားနေသည့် ပြဿနာများအပေါ် ကလဲ့စားချေရန် အတွက် ဗုဒ္ဓဂယာ ကျောင်းတော်ကို အစ္စလာမ္မစ် စစ်သွေးကြွများက ပစ်မှတ်ထား တိုက်ခိုက်ဖွယ်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များကို ကြိုတင်သတိပေး ထားခဲ့သည်ဟု ဒေလီမြို့တော်ရဲများက ပြောကြားခဲ့သည်။

အိန္ဒိယတွင် ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ခံရမှုမှာ ရှားပါးသော် လည်း မြန်မာ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင် များနှင့် မွတ်စလင်ဘာသာဝင်များအကြား တိုက်ခိုက်မှုများ ဖြစ် ပွားပြီးနောက် ဒေသအများအပြားတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ဗုဒ္ဓဂယာကို တိုက်ခိုက်ရန် သတင်းအချက်အလက်များကို တိတ်တဆိတ် စုဆောင်းနေမှုကြောင့် အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များအား ဖမ်းဆီးခဲ့ပြီးနောက် ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်မှုသည် ဟိုက်ဒရာဘတ်မြို့၏ ဒါစုခန်ဂါအရပ်တွင် ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အချက်အလက် စုဆောင်မှုများ လုပ်ဆောင်နေသည့် အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့ဝင်များကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီးနောက် ဖောက်ခွဲမှု များ ဖြစ်ပေါ်လာခြင်းသည် အဆိုပါ ဖောက်ခွဲမှုများတွင် ၎င်းတို့အဖွဲ့ ပါဝင်နေခြင်းကို ဖော်ပြနေရုံသာမက ဒေလီနှင့် မွမ်ဘိုင်းမြို့များတွင် ၎င်းတို့အဖွဲ့ကပင် တိုက်ခိုက်ဖွယ်ရှိကြောင်း အချက်အလက်များ က ဖော်ပြနေသည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားထားသည်။

နယူးဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့မှ ဆာယက်မက်ဘော၊ အာဆတ်ခန်း၊ လန်ဒီအီရာဖန်နှင့် အီမာရန်ခန်းတို့အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အတွင်းက စစ်ဆေးမေးမြန်းရာတွင် အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဟိုက်ဒရာဘတ်မြို့၏ ဒါစုခန်ဂါအရပ်နှင့် ဗုဒ္ဓဂယာရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းများကို တိုက်ခိုက်ရန် အတွက် အချက်အလက်များအား စုဆောင်းရန် ပါကစ္စတန်အခြေစိုက်၊ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ကို တည်ထောင်သူ ရီယက်ဘတ်တယ်က ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။


ဂျပန်ဘုရားရှိ မပေါက်ကွဲသေးသော ဗုံးတစ်လုံး


ထို့ပြင် Lashkar-e-Taiba ၏ အမေရိကန်-ပါကစ္စတန် အကြမ်းဖက်သမား ဒေးဗစ်ကိုးလ်မန်းဟတ်လေး ကလည်း FBI နှင့် NIA တို့၏ စစ်ဆေးမှုအတွင်း အကြမ်းဖက်ပစ်မှတ် တစ်ခုအဖြစ် ဗုဒ္ဓဂယာကို လျာထားကြောင်း ထွက်ဆိုခဲ့သည်။

ယခုအခါ ယင်းနေရာ နှစ်ခုစလုံး၌ပင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ၎င်းတို့ ထွက်ဆိုချက်များတွင် ပါဝင်သည့် အခြားနေရာများ၌လည်း လုံခြုံရေးများ တင်းကျပ်စွာ ချသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

၎င်းတို့၏ ထွက်ဆိုချက်များအရ နောက်ထပ်ပစ်မှတ်များမှာ ဒေလီမြို့နှင့် မွမ်ဘိုင်းမြို့များဖြစ်ပြီး ဒေလီမြို့ရှိ ဆာဒါဈေးနှင့် ချန်နီအရပ်တို့တွင် ၎င်းတို့လေးဦးက စုံစမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ နေရာများသည် လူထူထပ်သောကြောင့် သေဆုံးသူများ များနိုင်သောကြောင့် ဖောက်ခွဲရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။

ထို့ပြင် မွမ်ဘိုင်းမြို့၊ အန်ဒါရီ ဘူတာရှိ မက်ဒေါ်နယ်ဆိုင်၊ ဆန်တာခရုဇ် ဘူတာအနီးရှိ ဆာရီဆိုင်များနှင့် စားသောက်ဆိုင်များ၊ ဒါဒါဘတ်စ်ကားမှတ်တိုင်၊ စီအက်စ်တီဘူတာနှင့် ပန်ဗယ်ဘူတာတို့အပြင် လူများသည့် နေရာအချို့ကိုလည်း တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့အနေဖြင့် ၎င်းတို့ကို နိုင်ငံတကာက အာရုံစိုက်လာစေရန်အတွက် ဗုဒ္ဓဂယာကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေလီရဲတပ်ဖွဲ့က ပြောကြားသည်။


ထိုဖြစ်စဉ်နှင်. ပတ်သက်၍လည်း ၇န်ကုန်မြို.ရှိ  ရွှေ တိဂုံစေတီတော်တွင် လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်သင့်ကြောင်း ဆရာတော် သံဃာတော် များ နှင့် လူမှုအဖွဲ့ အစည်းများ က ပြောသည်။ 

ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ် အမြတ် ထားရာ အိန္ဒိယ နိုင်ငံ ဗုဒ္ဓ ဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်မှာ တနင်္ဂနွေနေ့ မနက် က ဗုံး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ ပြီး နောက်တနေ့မှာ ဂါယာက ဈေးဆိုင်တွေ အားလုံး ပိတ်ထား ခဲ့ကြ သည်။

အကြမ်းဖက်မှုကို မလိုလားဘူး ဆိုတာ ထုတ်ဖော်ပြသ ကြတဲ့ ဆန္ဒပြမှု တွေကြောင့် ဂါယာမြို့နဲ့ ဗုဒ္ဓ ဂါယာက ဆိုင်ခန်းတွေ အားလုံး ပိတ်ထားတဲ့ အတွက် စားစရာတောင် ဝယ်လို့ မရဘူးလို့ အဲဒီက သံဃာတော် များက ပြော ပါသည်.
ပြီးခဲ.သော သုံးပတ်ခန်.မှစပြီး အကြမ်းဖက်သမား တွေက တိုက်ခိုက်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရခဲ့ပေမဲ့ လုံခြုံရေး အရ ကိုင်တွယ် ဆောင်ရွက်ဖို့ ပျက်ကွက်တယ် ဆိုပြီး ပြည်နယ် ဝန်ကြီးချုပ် ကိုလည်း အော်ဟစ် ကန့်ကွက် ခဲ့ကြ သည်ဟု ဗုဒ္ဓ ဂါယာမှ မြန်မာ သံဃာတော် ဦးပညာ စက္ကက မိန့်ကြား ပါ သည်။

ဒါကြောင့် ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် နေရာကို လုံခြုံရေး အရ အကာအကွယ် ပေးဖို့ သံဃာတော်တွေ တောင်းဆို ဆန္ဒ ပြခဲ့ ကြတာ လို့လည်း သူက ပြော ကြားခဲ့သည်။

တနင်္လာနေ့ ညနေပိုင်း တွင်အထူး ခွင့်ပြုချက် အရ ဗုဒ္ဓ ဂါယာက မဟာ ဗောဓိ စေတီတော်ကြီး အတွင်း ထိုင်း မြန်မာ၊ တိဘက် စတဲ့ အပြည်ပြည် ဆိုင်ရာက ဗုဒ္ဓ ဘာသာ ရဟန်းတော် စုစုပေါင်း ၃၀၀ ခေန်.စုပေါင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။
အထူး ခွင့်ပြုချက်ဖြင်. ရင်ပြင်တော်မှာ ဆန္ဒပြခဲ့ကြ ရာမှာ ကိုယ်တိုင် ပါဝင်ခဲ့သောမာဂဓ သံဃာ့ တက္ကသိုလ် မှ စာသင်သား မြန်မာ သံဃာ တစ်ပါး ဖြစ်သူ ဦးနန္ဒာ စရိယက တနင်္ဂနွေ နေ့ကလို တိုက်ခိုက်မှုမျိုး နောက်ထပ် မဖြစ်အောင် ကိုင်တွယ် ဆောင်ရွက်ပေးဖို့ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရတို့ ဆီကို တောင်းဆို မည်ဟုမိန့်ကြားပါသည် ။

ယခု ဗုံး ပေါက်ကွဲ မှုကြောင့် ဘုရားဖူး များမှခရီးစဉ် ဖျက်သိမ်းဖို့ ပြောဆို ကြတာတွေ ရှိတဲ့ အတွက် ဗုဒ္ဓ ဂါယာ ဘုရားဖူး လုပ်ငန်းကို ထိခိုက် မှာကို ဘုရားဖူး လုပ်ငန်း လုပ်ဆောင်သူ များအတွက် စိုးရိမ် ဖွယ်ဖြစ်ခဲ့သည် ။
ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဗုဒ္ဓ  မြတ်စွာပွင့်တော်မူရာ ဗုဒ္ဓဂယာ တွင် ဗုံးကိုးလုံးပေါက်ကွဲမှုကြောင့် ရဟန်းတော်နှစ်ပါးထိ ခိုက်ဒဏ် ရာရရှိခဲ့ခြင်းကြောင့် ယင်းကဲ့သို့ အကြမ်း ဖက်မှုများ မဖြစ်ပွားလာ စေရန် အတွက် ရွှေတိဂုံစေတီတော် တွင် လုံခြုံရေးများကို တင်းကျပ် စွာဆောင်ရွက်သင့်ကြောင်း ယင်း တို့က သုံးသပ်ပြောသည်။
သာသနာ့ဝံသကျောင်းတိုက် မှ ဆရာတော်ဥူးစရိယက ''လုံခြုံ ရေးကို သေချာလုပ်သင့်တယ်။ ဗုဒ္ဓဂယာမှာ ဗုံးကိုးလုံးကွဲသွားတယ်။ နှစ်လုံးကျန်သေးတယ်။ 


အဲဒီမှာ ရှိတဲ့ ဘုန်းဘုန်းရဲ့အသိ ဆရာတော် ကပြောတယ်။ ဘုရားအရိပ်တရား အရိပ်မှာ အဲဒီလိုမျိုး တွေ မဖြစ် သင့်ဘူး။ အဲဒါကြောင့် အခုရွှေတိဂုံ ဘုရားမှာလဲ နိုင်ငံတော်အစိုးရအ နေနဲ့ လုံခြုံရေးကို တင်းတင်းကျပ် ကျပ်လုပ်ဖို့လိုတယ်''ဟု ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။

ဗုဒ္ဓဂယာတွင် ပေါက်ကွဲ မှု များဖြစ်ပွားခဲ့သော်လည်း အထင် ကရနေရာများတွင် ထိခိုက်မှုများ မရှိကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်၍ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူက ''ဗုဒ္ဓဘာသာဝင် တွေ ဘုရားကျောင်းကန်တွေမှာ အေးအေး ချမ်းချမ်း နေတာကို လုပ် တဲ့အတွက် အကြမ်းဖက်မှုတွေကို တော့ ရှင်းထုတ်ပြစ်ရမယ်။

ရွှေတိဂုံ ဘုရားမှာလဲ လုံခြုံရေးရှိသင့်တယ်။ လုံခြုံရေးကို လုပ်ဆောင်ဖို့လိုသ လို ဘုရားဖူးတွေစိတ်အနှောင့်အ ယှက်မဖြစ်ဖို့လို တယ်'' ဟု သုံးသပ် ပြောသည်။

စည်းကမ်း ထိန်းသိမ်းရေး နှင့် ကူညီစောင့်ရှောက်ရေး ရဟန်းပျို များအသင်း(စစ်တွေ)မှဥက္ကဌ ဥူးဉာဏက ''မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ အထင်ကရ နေရာတိုင်းမှာ အရင်ရှိပြီးသား လုံခြုံရေးထက် ပိုပြီးတိုးမြှင့်ပေး သင့် ပါတယ်။

တစ်ကမ္ဘာလုံးမှာ ဖြစ် သမျှအကြမ်းဖက်ဗုံးဖောက်ကွဲမှု တွေမှာ အစ္စလာမ်ဘာသာဝင်တွေ ပဲဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် တွေရဲ့ အထင်ကရနေရာတွေရဲ့ အနီးအနားနေရာတွေကို မလာဖို့ တားမြစ် သင့် တယ်''ဟု ပြော သည်။

 ဘာသာပေါင်းစုံ ညီညွတ် ရေးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေ ထိုင်ရေးကို လုပ်ဆောင်နေသူ ဦးသန်းအောင်က '' ရန်ကုန်မှာ တော့ မဖြစ်လောက်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ အရပ်ဘက် အဖွဲ့အစည်းတွေက အဆင့်တစ်ခု အနေနဲ့ အားကောင်း နေတယ်။ရွှေတိဂုံဘုရားလိုနေရာမျိုးမှာ လုံ ခြုံရေးတိုးမြှင့်ဖို့တော့ လိုအပ်တယ်။အစိုးရက ပူးပေါင်းပါဝင်ဖို့ တော် တော်ပဲ အရေးကြီးပါတယ်''ဟု ဆို သည်။
ထိုဖြစ်စဉ်တွင်အသုံးပြုခဲ့သော ဗုံးအနေအထားအရ စစ်ဖက်ဆိုင်ရာ ပေါက်ကွဲအားပြင်း လက်နက်များမဟုတ်ပဲ အလွယ်တကူရရှိနိုင်သော ဓါတုဗေဒ ပစ္စည်းများသုံးထားသည်. လက်လုပ်ဗုံး အမျိုးအစားဖြစ်သော်လည်း အချိန်ကိုက်ဖောက်ခွဲသည်.စနစ်အသုံးပြုထားသောကြောင်. ထိုက်သင်.သလောက် အဆင်.မြင်.မားမှု ရှိသည်ဟု ဆိုကြသည်

ထိုဖြစ်ရပ်နှင်. ဆက်နွယ်၍ ယနေ.ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော် တွင် ဤသို.ရေးသားခဲ့သည်

ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများက ပြည်သူများကို အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သည်။ ဘာသာတရား တစ်ခု၏ အထွတ်အမြတ်ထားရာနေရာနှင့် အကြမ်းဖက်မှု၊ လူသတ်လက်နက်တို့သည် လားလားမျှ မသက်ဆိုင်ပေ။ 
ထိုအကျည်းတန်အရုပ်ဆိုးသည့် အကြမ်းဖက်လုပ်ရပ်ကို မဇ္ဈိမက ပြင်းထန်စွာ ရှုတ်ချပါသည်။
နိုင်ငံတကာသတင်းများတွင် ဖော်ပြထားချက်များအရဆိုပါမူ ထောက်လှမ်းရေး သတင်းများအရ အကြမ်းဖက်သမားတို့ ယခုလုပ်ရပ် ဦးတည်နေမှုများကို သတိပြုမူခြင်းနှင့်အတူ တပ်လှန့်နှိုးဆော်မှုများ ပြုလုပ်ပြီးဖြစ်သော်လည်း ဗုံးကွဲမှုများ ဖြစ်ပေါ်လာခြင်းက လုံခြုံရေးအားနည်းချက်များ ရှိနေသည်ကို ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။ ဗုံးခွဲသူ အကြမ်းဖက်တရားခံ
ကို အမြန်ဆုံးဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူရန် လိုအပ်သည်။

အိန္ဒိယနိုင်ငံ၏ သတင်းအေဂျင်စီတချို့က ဖော်ပြရာတွင် ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများသည် မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားသည့် ပဋိပက္ခများနှင့် ဆက်စပ်လျက်ရှိသည်ဟု ဖော်ပြရေးသားကြသည်။ ဗုဒ္ဓဂယာရှိ မဟာဗောဓိ စေတီတော်ကို ဗုံးခွဲရန် စီစဉ်ထားရှိမှုများရှိခဲ့သည်ကို ၂၀၁၂ ခုနှစ်ကတည်းက အိန္ဒိယအစိုးရက သိရှိပြီး လုံခြုံရေးတိုးမြှင့်ကာ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုအတွင်း အခင်းဖြစ်ရာနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံ မှ ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဦးကုမုဒ္ဒက ဗုံးပေါက်ကွဲမှုသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနှင့် ဆက်စပ်မှုမရှိဟု ဆိုထားပြီး၊ လွဲမှားသည့် ကောက်ချက်များကြောင့် မြန်မာနိုင်ငံအတွင်း တင်းမာမှုများအရှိန်မမြင့်စေရန် သတိပေး မိန့်ကြားထားသည်။ အထူးသတိထား ထည့်သွင်းစဉ်းစားစရာပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဗုဒ္ဓဂယာတွင် ဗုံးပေါက်မှုသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူး စိတ်မချမ်းမြေ့ဖွယ်ပင် ဖြစ်သည်။ အလားတူပင် ထိုအဖြစ်အပျက်ပေါ် မူတည်၍ မြန်မာနိုင်ငံနှင့် အခြားဒေသတွင်း နိုင်ငံများတွင် အကြမ်းဖက်မှုများ၊ ပဋိပက္ခများ၊ တင်းမာမှုများ နောက်ဆက်တွဲ ထပ်မံမဖြစ်ပေါ်စေရန် ထိန်းသိမ်းကြဖို့လိုပေမည်။

အကြမ်းဖက်မှုများ ပြုလုပ်နိုင်သည်ဟု သတင်းများ ရရှိထားပါလျက် ဗုံးပေါက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းက လုံခြုံရေးအားနည်းမှုကြောင့် ပင်ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ပြည်သူတို့၏ လုံခြုံရေး အစီအမံများ တိုးမြှင့် လုပ်ဆောင်ရန် သတိပြုသင့်သည်။ သို့မှသာ ယုံမှားသံသယများကို ဖယ်ရှားရန်၊ မလုံခြုံသော အခြေအနေများကို အကာအကွယ်ပေး ရာ ရောက်ပေလိမ့်မည်။
Source ; eleven media , yangon media ,VOA , BBC , သုံးရောင်ခြယ် & မဇ္ဈိမ သတင်းဌာန

ယခုရက်ပိုင်းအတွင်း စိတ်ဝင်စားစရာ MNL သတင်းများ (၉ ဇူလိုင် ၂၀၁၃)


၂၀၁၅ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်ကို အတန်း(၃) တန်းဖြင့်ကျင်းပဖွယ်ရှိ

လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ်ကို MNL-1 နှင့် MNL-2 အစသဖြင့် အတန်းနှစ်တန်းဖြင့် ကျင်းပနေသော်လည်း ၂၀၁၅ ဘောလုံးရာသီတွင် MNL-3 ပြိုင်ပွဲကို ထည့်သွင်းကျင်းပရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သတ်ပြီး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက " ၂၀၁၅ မှာ MNL-3 ဆိုပြီး အတန်းတစ်တန်းထပ်တိုး ကျင်းပနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ ဒီရာသီမစခင်ကတည်းက ပြုလုပ်ခဲ့တဲ့ လိဂ်ကော်မတီအစည်းအဝေးပွဲမှာတည်းက MNL-3 လုပ်ဖို့ကို
သဘောတူခဲ့ကြတာပါ။ " ဟု ပြောကြားခဲ့သည်။
မူလက MNL-3 ကို ဆီမီးပရိုအဖြစ်သာ ကျင်းပရန်ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ပရော်ဖက်ရှင်နယ်လိဂ်အဖြစ်တစ်ခါတည်းကျင်းပနိုင်ရန် စီစဉ်နေကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် MNL-1 တစ်ခုတည်းသာ တန်းတက်တန်းဆင်းစနစ်ကျင်းသုံးနေခဲ့သော်လည်း
MNL-3 သာ ကျင်းပဖြစ်ခဲ့ပါက MNL-1 နှင့် MNL-2 နှစ်ခုစလုံးတွင် တန်းတက်၊ တန်းဆင်းစနစ်ကို ကျင့်သုံးရတော့မည်ဖြစ်သည်။



ဧရာဝတီသို့ပြောင်းရွှေ့ခဲ့သည့် ဟိန်းသီဟဇော် ယနေ့ထိတိုင်လျော်ကြေးငွေ မရရှိသေး



 ၂၀၁၃ ဘောလုံးရာသီဝက်အပြောင်းအရွှေ့တွင် ဧရာဝတီယူနိုက်တက်မှ ရတနာပုံအသင်းသို့ ပြောင်းရွှေ့ခဲ့သည် မြန်မာ့လက်ရွေးစင်ဂိုးသမား သီဟစည်သူ၏ အပြောင်းအရွှေ့တွင် တစ်စိပ်တစ်ဒေသပါဝင်ခဲ့သည့် ဟိန်းသီဟဇော်သည် ယနေ့ထက်တိုင်လျော်ကြေးငွေမရရှိ
သေးကြောင်း သိရှိရသည်။ သီဟစည်သူ၏ အပြောင်းအရွှေ့တွင် ရတနာပုံအသင်းမှ ကစားသမားနှစ်ဦးဖြစ်သည့် ဟိန်းသီဟဇော်နှင့်စိုးကျော်ကျော်တို့သည် ရတနာပုံအသင်းနှင့်စာချုပ်သက်တမ်းရှိနေခဲ့သော်လည်း အသင်းတာဝန်ရှိသူများ၏ စီစဉ်မှုကြောင့် အသင်းပြောင်း
ရွှေ့မှုအပေါ်ကို သဘောတူခဲ့ပြီး ယင်းသဘောတူမှုတွင် ရတနာပုံအသင်းမှပေးချေရမည့် နစ်နာကြေးအဖြစ် သိန်း(၉၀) ကို ဟိန်းသီဟဇော်အနေဖြင့် ယနေ့ထိတိုင်အောင်မရရှိသေးကြောင်း သိရသည်။
" ကျွန်တော် ဧရာဝတီကို ပြောင်းရင် နစ်နာကြေးသိန်း(၉၀)ပေးမယ်လို့ အသင်းအုပ်ချုပ်သူက နှုတ်ကတိပေးခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကျွန်တော်အသင်းမပြောင်းချင်သေးပါဘူး။ စာချုပ်ကလည်း ကျန်နေသေတာကိုး။ ဒါပေမယ့် မဖြစ်မနေပြောင်း
ရမယ့်အခြေအနေရောက်သလို အသင်းအုပ်ချုပ်သူကလည်း အုပ်ချုပ်သူတစ်ယောက်အနေနဲ့ နှုတ်ကတိပြုပြောကြားခဲ့တဲ့အတွက် ကျွန်တော့်မိသားစုနဲ့ တိုင်ပင်ပြီး အသင်းပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမယ့် အခုချိန်ထိ ဒီကိစ္စအတွက် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ် နေ့ရွှေ
ညရွှေဖြစ်နေခဲ့ပါတယ်။ MNL 2013 လည်း ပြီးဆုံးခါနီးပီဖြစ်လို့ ကျွန်တော်လည်းရသင့်ပြီလို့ထင်ပါတယ်။ " ဟု ဧရာဝတီယူနိုက်တက်နောက်ခံလူ ဟိန်းသီယဇော်က လျော်ကြေးမရသေးခြင်းနှင့်ပတ်သတ်ပြီး ဖွင့်ဟပြောကြားသွားခဲ့သည်။
ယင်းကစားသမားသည် ဧရာဝတီယူနိုက်တက်နောက်တန်းတွင် ခြေစွမ်းပြကစားနေခဲ့ပြီး နေပြည်တော်အသင်းနှင့် (၃-၃) ဂိုး သရေကျခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် လိုအပ်နေသော နောက်ဆုံးချေပဂိုးကို အံသြသင့်ဖွယ်အနေအထားကနေ ကန်သွင်းယူနိုင်ခဲ့သူ
ဖြစ်သည်။


 ရခိုင်ယူနိုက်တက် နည်းပြချုပ် အနားပေးခံရ


ပွဲစဉ်(၁၇) ပြီးချိန်အထိ နိုင်ပွဲမရရှိသေးပဲ အမှတ်ပေးဇယား အောက်ဆုံးတွင် ရောက်ရှိနေသည့် ရခိုင်ယူနိုက်တက် အသင်းသည် အသင်း၏ ရလဒ်ဆိုးရွားမှုများကြောင့် နည်းပြချုပ် ဖြစ်သူ ဦးအောင်နိုင်အား တာဝန်မှ အနားပေးလိုက်ကြောင်း သိရသည်။ ဦးအောင်နိုင်အား အနားပေးခဲ့ရခြင်းကို ရခိုင်ယူနိုက်တက် အသင်းက ကျန်းမာရေး အခြေအနေကြောင့် အနားပေးခဲ့ ခြင်းဟု ထုတ်ပြန် ကြေငြာခဲ့သည်။



ရခိုင်ယူနိုက်တက် အသင်းမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် အသင်းတာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့အနေနဲ့ ဦးအောင်နိုင်ကို နည်းပြချုပ်ရာထူးကနေ အနားပေးခဲ့တာပါ။ သူဟာ အသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်လက်ရှိနေမှာ ဖြစ်ပြီး အသင်းရဲ့ အခြားကဏ္ဍတွေမှာ ဆက်လက်ဆောင်ရွက်ခွင့်ပေးထားပါတယ်။ အနားပေးခဲ့ရတာကတော့ တန်းဆင်းဇုန်ထဲရောက်နေတဲ့ အသင်းကို တန်းဆင်းဇုန်ထဲကနေ ရုန်းမထွက် နိုင်တာ၊ ပွဲစဉ် ၁၇ ပွဲကစားပြီးချိန်ထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာအပြင် နည်းဗျူဟာ သုံးသပ်ချက်မှားယွင်းတတ်တာ တွေကြောင့် ကျန်းမာရေးအရ အနား ယူဖို့လိုအပ်တဲ့အတွက် အခုလို အနားပေးဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ ဒီလိုရလဒ်တွေဆိုးရွားနေချိန်မှာ ပရိသတ်တွေရဲ့ တောင်းဆိုမှုကိုလည်း ထည့်သွင်းစဉ်းစားခဲ့တာလည်း အရေး ကြီးတဲ့ အချက်တစ်ချက်ပါဘဲ။ နည်းပြချုပ်ရာထူးကနေ အနားပေးခဲ့ပေမယ့်လည်း ဦးအောင်နိုင်ဟာ အသင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး ရခိုင်အသင်းရဲ့ အခြားကဏ္ဍတွေမှာ ဆက်လက်ပါဝင်ဆောင်ရွက်ခွင့်ရမှာ ဖြစ်ပါတယ်"ဟု ဦးအောင်နိုင်အား နည်းပြချုပ် အဖြစ်မှ အနားပေး ခဲ့ရသည့် အကြောင်းရင်းကို  ပြောကြားခဲ့ကြောင်း ဖော်ပြထားခဲ့သည်။

လက်ရှိတွင် ဦးအောင်နိုင်၏ စာချုပ်သက်တမ်းမှာ နိုဝင်ဘာလအထိ ကျန်ရှိနေသောကြောင့် စာချုပ်သက်တမ်း ကုန်သည်အထိ အသင်းတွင် တာဝန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ရခိုင် ယူနိုက်တက်သည် ဦးအောင်နိုင်ကို အနားပေးခဲ့ပြီးနောက် လက်ရှိတွင် လူငယ်အသင်း နည်းပြချုပ်အဖြစ် ဆောင်ရွက်နေသည့် အသင်းခေါင်းဆောင်ဟောင်း အောင်ဇော်မျိုးကို နည်းပြချုပ် အဖြစ် ယာယီတာဝန်ပေးခဲ့ကြောင်း သိရသည်။ ဦးအောင်နိုင်သည် ပြီးခဲ့သည့် ရာသီက ရခိုင်ယူနိုက်တက်ကို ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည့် နည်းပြချုပ် ဦးဟန်ထွန်း အသင်းပြောင်းသွား ခဲ့ပြီးနောက် နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ 


Source ; Soccermyanmar & Myanmarsportdata