Tuesday, November 20, 2012

နံပါတ်၁ လူ နံပါတ်၁ လေယာဉ် နံပါတ်၁ ကား




OBAMA

မစ္စတာ ဘား၇က်အိုဘားမားကို ၁၉၆၁ ခုနှစ် သြဂုတ်လ ၄ ရက်နေ.တွင် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူ မြို.တွင်မွေးဖွားခဲ့သည်။

    ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ. ရရှိခဲ့သည်၊၁၉၉၁ခုနှစ်တွင် ဟားဗတ်ဥပဒေ ကျောင်းမှ ဥပဒေ ပညာဖြင်. ဒေါက်တာဘွဲ. ရရှိခဲ့ပြီး ဟားဗတ် ဥပဒေစာစောင်တွင် ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။
     ၁၉၈၅ မှ ၁၉၈၈ ထိ အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို.တွင် Community Organizer အဖြစ်ဆောင်ရွက်ခဲ့သည်၊ထို.နောက် ယင်းမြို.တွင်ပင် Civil Right Attorney အဖြစ် သက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ၁၉၉၂ မှ ၂၀၀၄ အထိ ချီကာဂို တက္ကသိုလ် ဥပဒေကျောင်းတွင် ဖွဲ.စည်းပုံ အခြေခံဥပဒေ နှင်.ပတ်သက်၍ သင်ကြားပို.ချခဲ့သည်။
    ၁၉၉၆ တွင် အီလီနွိုက် ပြည်နယ် ဆီးနိတ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ၂၀၀၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပါသည်၊၂၀၀၀ပြည်.နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု 

ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်သောကြောင်. ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် အထက်လွှတ်တော်၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါသည်၊၂၀၀၅ ခုနှစ်ဇန်န၀ါရီ ၃ ရက်နေ. တွင်  ကွန်ဂရက်၌အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆို ခဲ့ပါသည်။
     ၂၀၀၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်ရာတွင် မစ္စဟီလာရီ ကလင်တန် နှင်. အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိလာခဲ့သည်၊၂၀၀၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင်ပြိုင်ဘက်ဖြစ်သည်. ရီပတ်ဘလစ်ကန် သမ္မတ လောင်း  ဂျွန်မက်ကိန်း ကို အနိုင်ရရှိခဲ့ပြီး ၂၀-၁-၂၀၀၉ တွင် အမေရိကန် နိုင်ငံ၏ ၄၄ ဦးမြောက် သမ္မတ အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။

      ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင်.ခြင်း ခံခဲ့ရသည်။
      အမေရိကန်နိုင်ငံစီးပွားရေးအတွက် အထောက်အပံ.ဖြစ်စေရန် အမေရိကန်နိုင်ငံ ပြန်လည်ထူထောင်ရေး နှင်. ပြန်လည်ရင်းနှီးမြှပ်နှံခြင်းဆိုင်ရာ ဥပဒေ ( American Recovery and Reinvestment Act )ကို ၂၀၀၉ ခုနှစ် ဖေဖ၀ါရီလတွင် လက်မှတ်ရေးထိုးခဲ့သည်၊ထို.အပြင် အခါန်လျှော.ပေါ.ရေး ..အလုပ်လက်မဲ့အာမခံများ ပြန်လည်ခွင်.ပြုခြင်း နှင်. အလုပ်အကိုင်ဖန်တီးရေး ဥပဒေ  (Tax Relief,Unemployment Insurance Reauthorization ,and Job Creation Act ) တို.ကို ၂၀၁၀ ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့သည်။

     သမ္မတ အိုဘားမားသည် အခြားပြည်တွင်း မူဝါဒများဖြစ်သည်. Patient Protection and Dodd-Frank Wall Street Reform and Consumer Protection Act , Don't Ask,Don't Tell Repeal Act နှင်. Budget Control Act of 2011 တို.ကိုလည်း အစပြုခဲ့သည်၊နိုင်ငံခြားရေး မူဝါဒတွင် အီရတ်မှ အမေရိကန် တပ်များ ပြန်လည်ဆုတ်ခွာရေး ၊အာဖဂန် နစ္စတန် နိုင်ငံသို. တပ်ဖွဲ.၀င်အင်အားတိုးမြှင်. ချထားရေး ၊ရုရှားနိုင်ငံနှင်. START လက်နက် ထိန်းချုပ်ရေး စာချုပ်အသစ် လက်မှတ်ရေးထိုးခြင်း ၊လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်း ရ ဇုံ (No Fly zone on Libya) သတ်မှတ်ရေး နှင်. ပါကစ္စတန် နိုင်ငံ ရှိ အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆင်ရေး စသည်တို.ကို ဆောင်ရွက်စေခဲ့သည်။

      ၂၀၁၂ ခုနှစ်တွင် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ်ကင် ပါတီ မှ မစ္စတာ မစ်ရွမ်နီ အပေါ် သမ္မတ ရွေးချယ်ရေးကိုယ်စားလှယ်မဲ (၃၀၃-၂၀၆) ဖြင်. အနိုင်ရခဲ့ပြီး အမေရိကန် သမ္မတ အဖြစ် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ခွင်.ရခဲ့သည်။

      သမ္မတ အိုဘားမားသည် ၁၉၉၂ တွင် မီရှယ်လ် ရော်ဘင်ဆင် နှင်. လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈) ဆာရှာ (၂၀၀၁) တို.မွေးဖွားခဲ့သည်။ 

Air Force One


အမျိုးအစား အတိအကျကတော့ Boeing VC-25 ဖြစ်ပါတယ်။ သူက နယ်နယ်ရရ လေယာဉ် တော့ မဟုတ်ပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၅ သန်း အကုန်ကျခံလို့ တည်ဆောက်ထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ပုံတူ နှစ်စီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။



အမှန်တော့ အမေရိကန် Boeing လေယာဉ် ကုမ္မဏီက သ
မ္မတစီးဖို့ပါဆိုပြီး လေယာဉ်ပျံ သပ်သပ် ထုတ်မထားပါဘူး။ Boeing 747 လေယာဉ်ကို အခြေခံပြီး ပြန်လည် Modify လုပ်ထားခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်က အဆပေါင်းများစွာ တက်သွားပါတယ်။
သုံးထပ်လေယာဉ် ဖြစ်ပြီး အပေါ်ဆုံးထပ် (Main Deck) က ခရီးသည်များအတွက် ဖြစ်ပါတယ်။ စုစုပေါင်း ၇၆ ဦး ဆံ့တဲ့ လေယာဉ် ဖြစ် ပါတယ်။ သမ္မတအတွက် ရုံးခန်း၊ အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ အခြား အရာရှိ ဧည့်သည်များအတွက် အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ နားနေခန်း၊ အစည်းအဝေးခန်းမ အစုံအလင် ပါရှိပါတယ်။ သမ္မတအခန်းရှေ့ က ကော်ရီဒါမှာလည်း လုံခြုံရေး သုံးယောက်လောက် ထားရှိနိုင်ပါတယ်။


အင်ဂျင် လေးလုံး တပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မိုင်ပေါင် ၇၈၀၀ ကျော်ကို မနားတန်း မောင်းနှင်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီအတွကလည်း ဆီအလုံအလောက် ပါပါတယ်။ ယင်းခရီးအကွာအဝေးက ကမ္ဘာရဲ့ သုံးပုံတစ်ပုံမျှ ခရီးနှင်နိုင်မှု ဖြစ်ပါတယ်။ အထဲမှာလည်း အစားအသောက် အပြည့်အဝပါရှိပြီး လူ အယောက် ၁၀၀ တစ်ထိုင်တည်း စားလို့လောက်ရအောင် မီးဖိုချောင် ၂ ခုနဲ့ သိုလောင်ထားပါတယ်။


၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ အမေရိကန် သမ္မတများအတွက် တရားဝင် အသုံးပြုစေခဲ့ပါတယ်။ အိမ်ဖြူတော် ပိုင် လေယာဉ် ဖြစ်ပါတယ်။ သမ္မတ တစ်ဦးချင်းစီ ပိုင်တဲ့ လေယာဉ် မဟုတ်ပဲ အမေရိကန် သမ္မတ ဖြစ်လာသူတိုင်း စီးဖို့အတွက် ဖြစ်ပါတယ်။


Boeing VC-25 က အတော်လေးကြာမြင့်နေပါပြီ။ လေယာဉ်ကနေ တိုက်ရိုက် မိန့်ခွန်းပြောလို့ရအောင် သမ္မတ ဘွတ်ရှ်ခေတ်ကတည်းက ပြုလုပ်ခဲ့ပေမယ့် Boeing VC-25 ကို အစားထိုးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်နောင်းပိုင်းဆိုရင် ယင်း လေယာဉ် နှစ်စီးအား အသုံးပြုမှု ရပ်နားပြီး နှစ်တိုစီမံကိန်းနဲ့ သမ္မတသုံး လေးယာဉ် အသစ် လေးစီးနဲ့ အစားထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။


General characteristics

လေယာဉ် အရှည် - ၂၃၁ပေ ၅ လက်
တောင်ပံအပါ ဗျက်အကျယ် - ၁၉၅ ပေ ၅ လက်မ
အမြင့် - ၆၃.၅ ပေ
အများဆုံး ခံနိုင်ဝန် - ပေါင် ၈သိန်း ၃သောင်း ၃ထောင် (၈၃၃၀၀၀ ပေါင်)
အင်ဂျင် - အထွေထွေ လျှပ်စစ်တာဘို ပန်ကာ ၄ လုံး
အမြန်ဆုံး မောင်းနှင်နိုင်မှု - တစ်နာရီ မိုင် ၆၃၀ ( လေအမြင့်ပေ ၃သောင်းခွဲတွင်)
--

The Beast

 

အမေရိကန် သမ္မတ အတွက် အထူးစီစဉ်ပေးထားတဲ.'The Beast' ရဲ့ အရှည်ဟာ 18 ft ရှိပါတယ်..။ အမြင့်ကတော့ 5ft 10 inch ရှိပြီး အင်ဂျင်ကတော့ 6.5 litre diesel en gine ဖြစ်ပါတယ်..။ အမြန်ဆုံးမောင်းနှင်နိုင်တဲ့ မြန်နှုန်းကတော့ 60MPH and 0-6mph – 15secs ဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ ၈ မိုင် ကို တစ်ဂါလံဖြစ်ပါသတဲ့..။ ထုတ်လုပ်ပေးတဲ့ ကုပ္မဏီကတော့ GM ဖြစ်ပါတယ်..။ သမ္မတ အပါအ၀င် ၇ ယောက်စီးနင်းလိုက်ပါ နိုင်ပါတယ်..။ ကားရဲ့တန်ဖိုးကိုတော့ £ 300,000 လို့ရေးထားပါတယ်..။


 ကားကိုမောင်းနှင်တဲ့ ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အထူး လေ့ကျင့်ပေးထားပါတယ်..။ ၅ လက်မ အထူရှိတဲ့ တိုက်တေနီယမ် ဘော်ဒီ နဲ့ ကျည်ကာမှန်တွေဟာ သေနတ် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိတဲ့ အပြင် စီးနင်းလိုက်ပါလာသူတွေကို ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စတဲ့ စစ်သုံးအသေးစား လ က်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်ပေးနိုင်ပါတယ်..။ ဒါ့အပြင် ကားထဲက စီးနင်းသူများကို လက်ပစ်ဗုံးဆန်များ လောင်ချာများ ထိမှန်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်..။ ကားတာယာများဟာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရတဲ့ တာယာတွေဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတဲ့ နေရာကနေ ကားကို အမြန်မောင်းထွက်နိုင်ပါသတဲ့...။ ကားတွင်းမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးအချက်အလက်တွေ ကွန်ပြူတာပိုင်းဆိုင်ရာ တွေအနေနဲ့တော့ အထူးပြောစရာမလိုလောက်အောင် ကို ပြည့်စုံပြီးဖြစ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာမို့ မပြောတော့ပါဘူး..။ အထူးကိရိယာ တွေထဲမှာ အရေးပေါ် လေသန့်ထုတ်ပေးတဲ့စနစ် ပါဝင်ပါတယ်..။

 ဓာတုလက်နက် နဲ့ တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်ထုတ်ပေးနိုင်တဲ့ စနစ်ပါဝင် ပါတယ်..။ အပြင်ကနေ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေ့ စတာတွေကို ကားတွင်းမှာတပ်ဆင်ထားတဲ့ ဆင်ဆာက အာရုံခံမိတာနဲ့ ကားထဲရှိ လေအေးပေး စနစ်ဟာ ပြင်ပက လေ၀င်ရောက်မှုကို အလိုအလျောက် ပိတ်လိုက်မှာဖြစ်ပါတယ်..။ အရေးပေါ်အခြေအနေမှာ ကားတွင်းက ပုဂ္ဂိုလ်များ ကားနောက်ဘက် (အံဖုံးနောက်တံခါး)က ထွက်လိုပါက ကားတွင်းရှိ ခလုတ်တစ်ခုကို ဆွဲလိုက်တာနဲ့ ထွက်နိုင်အောင်လည်း စီမံထားပါတယ်..။ ကားရဲ့ ဆီတိုင်ကီဟာလည်း တစ်စုံတစ်ရာကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်တဲ့အထိ စီမံထားပါတယ်..။ ကားနောက်မှာတပ်ထားတဲ့ ကင်မရာက ကားနောက်ပိုင်း အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်..။ ညပိုင်းမောင်းနှင်တဲ့ အခါ ထိခိုက်မှုနည်းပါးစေဖို့ ရှေ့မြင်ကွင်းကို 'အင်ဖရာရက်' ရောင်ခြည်သုံး မီးလုံးများနဲ့ ထိုးထားပါတယ်..။ ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားတဲ့ 'အင်ဖရာရက် ကင်မရာ' က လမ်းပေါ်မှ ထင်လာတဲ့ ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်ကို ပို့ပေးပါတယ်..။ 


ကားရဲ့ ဘရိတ်စနစ်ဟာ ရေဒါသုံး ဘရိတ်စနစ် နဲ့ ဖွဲ့စည်းထားပါတယ်..။ ရှေ့ကား နဲ့ နီးလာပြီဆိုရင် အလိုအလျောက် သတိပေးတယ်.. ကားချင်းတိုက်တော့မယ့် အခြေအနေရောက်ပြီဆိုရင် ဘရိတ်ကို ဘယ်လောက်အတိုင်းအတာ ထိ အုပ်ရမယ်ဆိုတာကို အလိုအလျောက်တွက်ချက် ထိန်းပေးနိုင်တဲ့အတွက် ကားမောင်းသူက လိုသလောက် ဘရိတ် မအုပ်မိ ခဲ့ရင်လည်း ဒီရေဒါသုံး ဘရိတ်စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်...။

 

Saturday, November 17, 2012

ဆီးချိုအတွက် ဆေးနှစ်ခွက်


    ဒါက တစ်နည်း
                           

                           ၁။ သင်္ဘောသီးတစ်လုံးရဲ့ ထိပ်ပိုင်းကို လှီးဖြတ်လိုက်ပါ၊
                           ၂။ လက္ဘက်ခြောက်ကို အပေါက်ထဲကို ဆန့်သလောက် ထည့်လိုက်ပါ။
                           ၃။ ရေနွေးကို ဖြည့်လိုက်ပြီး လှီးဖြတ်ထားသော ထိပ်ပိုင်းကို ပြန်ပိတ်လိုက်ပါ။
                               နာရီဝက်လောက်ကြာရင်တော့ သောက်သုံးနိုင်ပါပြီ.....

                              သင်္ဘောသီး နှစ်လုံးထက်မပိုပါ ပျောက်သွားပါလိမ့်မည်.....

                  Facebook မှ ရရှိသော နည်းဖြစ်ပါသည်...မှန်သည်..မမှန်သည်ကတော. ...


နောက်တစ်နည်းကတော.
ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။  


ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီး မှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
--
Ref: medic-facts @
http://www.innewsmyanmar.com/

နဂါးနှင့် တူသော သင်းခွေချပ်

                           

 



 မြန်မာခေါ် သင်းခွေချပ် ( Golden Armadillo Lizard ) ကို တောင်အာဖရိက မှာပဲ အတွေ့များတယ်လို့ နိုင်ငံတကာက ဖော်ပြကြပါတယ်။

အမှန်တော့ သင်းခွေချပ်ဟာ မြန်မာပြည်ရဲ့ ရေမြေတောတောင်မှာ လည်း နေထိုင်ကျက်စားနေသေးတဲ့ သတ္တဝါ ဖြစ်ပါတယ်။ ၆.၅ ကနေ ၈.၅ လက်မ အထိ အရှည်ရှိနိုင်တယ်ဆိုပေမယ့် အရှည်ဆုံး ၁၂ လက်မ အထိလည်း တွေ့မြင်ရတတ်ပါတယ်။

တောထဲသွားရင် နာမည်မခေါ်ရ ဆိုပြီး မြန်မာဓလေ့ထဲမှာ ရှိခဲ့ဖူးပါတယ်။ နာမည်ခေါ်ရင် သင်းခွေချပ်က လိုက်လံ တုယောင်တတ်ပြီး အန္တရယ်ပေး တတ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အခုထိလည်း အချို့ တောရွာတွေထဲ မှာ ယုံကြည်နေပါသေးတယ်။

တောင်းထဲမှာ အဖုံးပိတ်ထည့်ထားပေမယ့် နောက်နေ့မနက် ဖွင့်ကြည့်တဲ့အခါ ရှိမနေတတ်ပဲ အပြင်ထွက်နေတတ်တယ်လို့ လည်း ရှေးလူကြီးများက ဆိုပါတယ်။ ပုံမှာမြင်တွေ့ရတဲ့ အခွံမာများ ပါရှိပြီး တစ်နေရာမှ တစ်နေရာ ပြေးလွှားတဲ့အခါ အခုလို လုံးထွေးပြီး ပြေးတတ်တယ်လို့ သိရပါတယ်။

သင်းခွေချပ်ဟာ မြန်မာပြည်မှာတင်မကပဲ ကမ္ဘာ့ပေါ်မှာလည်း ရှားပါး တိရစ္ဆာန် တစ်မျိုး ဖြစ်ပါတယ်။ အံ့မခန်း ဆေးစွမ်းရှိတယ်လို့ သိထားကြတဲ့ အတွက် တောလိုက်ဖမ်းဆီး သတ်ဖြတ်ကြပါတယ်။ ဒါကြောင့် Golden Armadillo အကောင်အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာပြီး ထိန်းသိမ်းရမယ့် တိရစ္ဆာန် စာရင်းထဲမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
----
Ref:wikipedia
http://innewsmyanmar.blogspot.com/2012/10/blog-post_1355.html

မြို.လေးရဲ. သီတင်းကျွတ်

မြို.လေးရဲ. သီတင်းကျွတ် ရက်တွေကတော. အေးအေးချမ်းချမ်း (တိတ်တိတ်ဆိတ်ဆိတ် တော.မဟုတ်) စည်စည်ကားကားလေး ပြီးဆုံးသွားခဲ့ပါပြီ.......

                                                       ရွာသစ်ဘက်ကမ်းက ဘုရားလှည်.ပွဲ
သီတင်းကျွတ်လပြည်.မတိုင်ခင် တစ်ရက်..သီတင်းကျွတ်လဆန်း ၁၄ ရက်ရဲ. မနက်ခင်းကတော. ပြော့ရလောက်အောင် ဘာမှ ထူးထူးခြားခြား ရှိမနေခဲ့ပါဘူး....ဒီလိုပဲ ညနေဘက် ညဘက်တွေမှာလည်း သိပ်ပြောရလောက်တဲ. စည်ကားမှု...လှုပ်ရှားမှုတွေ သိပ်မရှိလှပဲ ရွာသစ် ဘက်ကမ်းက ဘုရားလာလှည်
.တာ တစ်ခုတော. ရှိခဲ့ပါတယ်....သိပ်အစည်ကားကြီး မဟုတ်လှပေမယ်. ထိုက်သင်.သလိုတော.လည်း စုစုစည်းစည်းလေးရှိခဲ့ပါတယ်....လမ်းပေါ်သွားနေကြသူအချို. ....တံတားပေါ် မှာ စုနေကြတဲ. လူငယ်တွေ...ဗျောက်အိုးဖောက်သံ...မီးရှုးမီးပန်း လွှတ်တာအချို. စတာလောက်နဲ.ပဲ အဲဒီညကပြီးဆုံးသွားခဲ့ပါတယ်.....

သီတင်းကျွတ်လပြည်.နေ.မှာတော. မနက်တည်းက ဘုန်းတော်ကြိးကျောင်းတွေမှာ သီလယူဖို...မိသားစုဝင်အချို. ..သူငယ်ချင်းအစု...အဘိုးအဘွားနဲ. မြေး တွေတွဲလျှက် သွားနေကြသူတွေ တွေ.နေရပြီး များသောအားဖြင်.တော. မိန်းကလေးနဲ. အမျိုးသမီးတွေ ဖြစ်နေပါတယ်....(ဒါကြောင်.လည်း နတ်ပြည်မှာ နတ်သမီးများတာလားတော. မသိပါဘူး)...အမျိုးသားတွေထဲမှာတော. သက်ကြီးပိုင်းတွေသာ အဓိက ပါပြီး သက်လတ်ပိုင်းအချို.လည်းတွေ.ရပါတယ်....မြို.ထဲလမ်းတွေပေါ်မှာတော. အနားက ကျေးရွာလေးတွေက လာသူအချို.ရှိနေပါတယ်....အရင်ကတော. ဒီလိုနေ.မျိုးဆို အစည်ကားဆုံးက ဈေးထဲ..တောသင်္ဘောဆိပ်..ပတ္တမြားရုံနဲ. ရွှေပြည်အေးရုံ စတာတွေမှာ သိသိသာသာ ထူးထူးခြားခြား ကို စည်ကားနေတတ်တာမျိုးပါ....အနားက ရွာတွေကနေ ကုန်းကြောင်း..သင်္ဘော..လှေ စတာတွေနဲ. လာကြပြီး ဈေးဝယ်ကြ..ဘုရားဖူးကြ..ရုပ်ရှင်ကြည်.ကြ နဲ. မြို.ထဲမှာ..စေတနာ..ရွှေခယ်မြိုင်..အကင်စု ဆိုတဲ.ဆိုင်တွေမှာ ..မေပုလဲ..ဗန်တို..ရှိုင်း စတဲ.ဆိုင်တွေမှာ လူတွေပြည်.နေတတ်တာမျိုးပါ..(.ခုတော. အဲ.ဒီယဉ်ကျေးမှု က ပါရာဒိုင်း အသစ် ပြောင်းသွားပါပြီ...) .နေ.လည်ပိုင်းလောက်မှာတော. တရားရိပ်သာတွေဆီသွားနေကြတဲ. သူတွေအစုလိုက်အစုလိုက် တွေ.နေရပါတယ်...ဒီလိုနဲ. ညနေ မှာတော. ရိပ်သာကပြန်လာသူတွေ ဘုရားကြီးထဲ ၀င်ကြ...ဘုရားဖူးကြ နဲ. ပထမဆုံး စစည်ကားတာက ဘုရားကြီးမှာပါ...
..မြို.နဲ. အတော်လေးကင်းကွာနေတဲ. ကာတွန်းပြပွဲ လေးကိုလည်း ဘုရားကြီးအတွင်း သံတန်ဆောင်းထဲမှာ ခင်းကျင်းထားတာမို. ဘုရားဖူးပြီးအပြန် ၀င်ကြည်.ကြသူတွေ စည်ကားလာပါတယ်....ဒီညက ဘုရားလှည်.မယ်.ညမို. ပြင်ကြ..ဆင်ကြနဲ. လည်း စည်ကားနေပါတယ်..
                                                 အာရုဏ်ခံဝတ်အသင်း ဘုရားလှည်.ပွဲ
.ဘုရား လှည်.ပွဲကတော. ထိုက်သင်.တဲ. စည်ကားမှုရှိခဲ့ပါတယ်....အရင်ကတော.ဘုရားလှည်.ပြီဆိုရင် မြို.မှာ ရှိတဲ. လူစီးကားနဲ. တူတာဆိုလို. တစ်စီးတည်းရှိတဲ. ပုဂံလုံး ဦးအေးမောင်လှုထားတဲ. ကားလေးနဲ. တင်လှည်.တာပါ (၁၉၈၀ ပြည်.လွန်နှစ်တွေထိပါ)...အဲဒီတုန်းကဆို ဒီကားလေးကထွက်လာတဲ. ဓါတ်ဆီနံ.ကိုကလေးတွေက အရမ်းသဘောကျကြတာပါ.
                                              အာရုဏ်ခံဝတ်အသင်း ဘုရားလှည်.ပွဲ
 နောက်ပိုင်းတော. အဲ.ဒီကားလေးလည်း မောင်းကား ဘ၀ကနေ တွန်းကား ဘ၀ရောက်သွားပြီး ၁၉၉၉ ခုနှစ်မှာတော. ၁၅၀,၀၀၀ နဲ.ရောင်းလိုက် တယ်လို.သိရပါတယ်...အဲ့ဒီငွေနဲ.မီးစက်အပါအ၀င် ဘုရားအတွက်လိုအပ်တာတွေ သုံးစွဲ. ခဲ့တယ်လို.သိရပါတယ်.. တစ်နှစ်ထက် တစ်နှစ် သိသာလာတာကတော. ဘုရားလှည်.ရင်းဗြောက်အိုးဖောက်တာ...မီးရှုးမီးပန်း လွှတ်တာတွေ သိသိသာသာ ပိုများလာတာပါပဲ....အရင်တုန်းက သိတာက တရုပ်ဘုရားလှည်.ရင် ဒီလိုတဖောင်းဖောင်း တဒိုင်းဒိုင်း သံတွေတညံညံ နဲ.လှည်.လေ.ရှိတာပါပဲ. ..
..ဘုရားကြီးထဲမှာလည်း လူတွေ ပြည်.နေပါတယ်...အ၀င်နားက ကျောက်ပြားအလှုခံနေတဲ. အဖွဲ. ..အာရုဏ်ခံ အသင်း အလှုခံ စတာတို.ရှိနေပြီး ဘုရားကြီးရှေ.မှာတော. ၀တ်ရွတ်တာတွေရှိနေပါတယ်..တစ်ခုထူးခြားတာကတော. .ဘုန်းတော်ကြီးတွေ..ပ၇ိတ်..ပဌာန်း ရွတ်တာ.....ယောဂီဝတ် အမျိုးသား..အမျိုးသမီး ၀တ်ရွတ်အသင်းတွေ စုပေါင်းရွတ်ဖတ်တာ တွေ သာပြုလုပ်လေ.ရှိကြပေမယ်. ခုလို မယ်သီလရှင်တွေ ရွတ်ဆိုနေတာလေး မြင်ရတော.လည်း တစ်မျိုးထူးခြားရပါတယ်...
ဘုရားကြီးဝမှာတော. ကလေးကစားစရာရောင်းတဲ. ဈေးသည်လေးတွေ ...စားစရာ မုန်.ဆိုင်လေးတွေ (ရွှေကြည်တို. ..မုန်.လေပွေတို. )..ရှိနေပါတယ်....မြို.ထဲလမ်းတွေပေါ်မှာတော. အုပ်စုလိုက်..အဖွဲ.လိုက် သွားလာနေကြသူတွေ....အအေးဆိုင်တွေမှာလည်း လူတွေ များနေပြီး လဘက်ရည်ဆိုင်တွေမှာလည်း ခုံတွေပြည်.လို. ...တံတားအောက်က ကျုံမငေး ကလာဖွင်.တဲ. လဘက်ရည်ဆိုင်လေးမှာဆို သီတင်းကျွတ်ရက် တောက်လျှောက် လူတွေပြည်.နေပါတယ်.....တံတားပေါ်မှာကတော. ညနေဘက် မိသားစုလိုက် လာပြီး အနားယူ..လေညှင်းခံကြသူတွေရှိပေမယ်. ..အမှောင်သန်းလာချိန်က စပြီး စုံတွဲတွေ...သူငယ်ချင်းအုပ်စုလိုက်တွေ..လူငယ်တွေ...ကလေးတွေ...လောက်သာရှိပြီး မီးပုံးပျံတွေ...မီးရှုးမီးပန်းတွေလွှတ်ကြ....ဂစ်တာတီးကြ. ... .... ကြ နဲ.ပဲ ဒီဘက်ခောတ်ရဲ. သဘာဝအတိုင်းပါပဲ....ဒီဘက်နှစ်တွေမှာမှ ကြားလာရတဲ. ၀ါးပိုးအမြှောက် ဖောက်သံကလည်း မကြုံ ဘူးသူတွေအဖို.တော. မထိတ်သာ မလန်.သာပါပဲ.....ဒါပေမယ်.လည်း ဟိုးးးးးး ရှေးခောက်ကတောင်ဖောက်ခဲ့တာဆိုတော. ကောင်းပါသည်ပေါ. 
                                                   မြသိန်းတန် ဘုရားလှည်.ပွဲ

လပြည်.ကျော် တစ်ရက်နေ. ညမှာတော.ကိုယ်အိမ်တွေ..ကိုယ.်လမ်းတွေ ကိုမီးထွန်းကြတဲ. ညမို. ဖယောင်းတိုင် မီးရောင်လေးတွေနဲ.မြို.လေးရဲ. Candle Dancing Night ပေါ...ဒီညမှာက မြသိန်းတန် ဘုရားလှည်.ပွဲ ရှိပါတယ်..လက်ရှိမြို.လေးရဲ. ဘုရားလှည်.ပွဲတွေမှာ အစည်ကားဆုံးလို.ပြောလို.ရပါတယ်..ရှေ.ဆုံးက ဆင်းတုတော်ကြိးနောက်မှာ ၇ဟန္တာ ၉ ပါး အစဉ်လိုက် လိုက်ပါ ဒေသစာရီ ကြွချီတော်မူတာပါ...
                                                မြသိန်းတန် ဘုရားလှည်.ပွဲ
 .လမ်းတစ်လျှောက် အအေးတိုက်သူတွေ..အချိုရည်ဗူး ကမ်းသူတွေဟာ ဆယ်ဂဏန်း ၀န်းကျင်ထိရှိပါတယ်..
.ဒါ.အပြင် အဲ.ဒီ ရဟန္တာ များအပါအ၀င် လှည်.လည်ကြသူ အစုလိုက်တွေကို အလှုရှင်တွေက အဖွဲ.လိုက်သီးခြားစီလှုဒါန်းပေးခဲ့ပြီး ဘုရားလှည်.ပွဲအပြီးမှာ အဲ့ဒီအဖွဲ့တွေဟာ ကိုယ်.လမ်းအလိုက်..ကိုယ်.အစုအလိုက် ထမင်းချက်စားကြပြီး ဒီနှစ်သီတင်းကျွတ်ကို နှုတ်ဆက်ကြပါတယ်...

ဒီနှစ်သီတင်းကျွတ်ကလည်း မနှစ်ကလိုပဲ ဘာပွဲမှ မရှိ..ဘာ Stage Show မှမရှိပဲ စည်ကားခဲ့ပါတယ်....မီးပုံပျံလွှတ်တာတွေကတော. တံတားပေါ်ရယ်..ရွာလည်ရပ်ကွက် မြူရုံးလမ်းပေါ်ရယ်မှာ များခဲ့ပါတယ်...ဗျောက်အိုးဖောက်တာကတော. တစ်နှစ်ထက်တစ်နှစ် ပိုများလာသလိုပါပဲ...ဒါကိုတော. တစ်ဦးချင်း၇ဲ. လွတ်လပ်ခွင်.အရ မဝေဖန်လိုပေမယ်.လည်း သွားလာနေတဲ. လူတွေကြားထဲပစ်ထည်.တာမျိုး...မိန်းကလေးတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အတင်းပစ်ဖောက်တာမျိုး...တစ်ဖက်သားထိခိုက်စေတာမျိုး  တွေကတော. မဖြစ်သင်.ပါဘူး..တစ်ဦးချင်းစိရဲ. အသိတရား၇ှိမှုဟာ လွတ်လပ်ခွင်ရဲ.အသက်နဲ. အဆင်.အတန်းကို သတ်မှတ်ပေးပါတယ်....ဗျောက်အိုးရောင်းတဲ. ဆိုင်တစ်ဆိုင်တော. ပစ္စည်းတွေ အသိမ်းခံရတယ်လို.သိရပေမယ်.လည်း တစ်မြို.လုံးကတော. .......

Tuesday, November 6, 2012

ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်ရာ

ဗုဒ္ဓဘာသာဆိုင်ရာ စိတ်ဝင်စားစရာ မေးခွန်းအချို.နဲ. အဖြေ တစ်ချို.ကို Facebook က မြန်မာချစ်သူများဆိုတဲ့ Page လေးတစ်ခုက ရတာနဲ.ဖော်ပြ ပေးလိုက်ပါတယ်

မေးခွန်းလေးတွေကို အရင်ဖတ်ကြည်.လိုက်တာနဲ. စစိတ်ဝင်စားသွားမှာပါ

(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။




ဒီမှာတော. တွဲလျှက်အဖြေလေးတွေနဲ. အတူ လေ.လာနိုင်ပါတယ်....
(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။
“ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။
ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာတည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင်
ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။

(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။
အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။
"sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။
ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။

ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။
ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက်
အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။
ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား
တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။
မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။




 

(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရားမယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။

ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ
လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။

ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ်
စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။

အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့
အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။

သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း
ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။

သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ်
အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။

အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့
တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။
ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။)

ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာတပည့်သာဝကအဖြစ် ခံယူကြပါတယ်။

သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက်ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။)


 

(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။
သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို
ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့
ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။

ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။
ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို
အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။



 

(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။
သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။
ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။
သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။

ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။
သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ
သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ
ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။
သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။
ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။
သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။
ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်
ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။

ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊
ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။
ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။

ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း
မိန့်ကြားတော် မူပါတယ်။


 

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေကရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။
တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။
ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။
အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။

ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။
တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ်
တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ဂုဏ်ကျက်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။
အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။
ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။
လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။

ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။
တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့
မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။
အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။

ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။
ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။
ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက်
ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။


                          

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။
အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့
ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့
ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။

ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။
သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။

ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို
အသုံးပြုကြပါတယ်။

ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ
ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။

ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။
ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။

ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကိုဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ်
အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို
ကျွန်ုပ်တို့အား သတိရစေပါတယ်။

ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ
ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊
အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။


 

(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက်
ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ
အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊

တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ
အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ
တွေ့ရတတ်ပါတယ်။

ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။
ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။

အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။
ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့
“ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့
ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။

ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့
တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။”

ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း
ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။


 

(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။
သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို
ဝါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက
ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး
ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။

အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက်
မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။

၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့
အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက်
{ နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။

အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက်
ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ
၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ
တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။

ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ
သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။
သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့
ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာဖြစ်ပါလိမ့်မယ်။


 

(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။
သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။
သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။
မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက
သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။

ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ၊
ဈင် ဗုဒ္ဓဘာသာ၊
အမိတာဘာ ဗုဒ္ဓဘာသာ၊
ယောဂါစာရ ဗုဒ္ဓဘာသာ၊
ဝဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။

အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။

ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။
အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီးအဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲအားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။

ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။
သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။
သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို
တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။
တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို
တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း
ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။

ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ
အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့
လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။

လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။

ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ္တရားများ ဆောင်ရွက်ခြင်း
စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ
ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို
ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။

အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ
သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။

စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။

အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။
တရုတ်က Pei ၊
အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။
အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီးအကြောက်အကန်ငြင်းခုံးနေကြပါရော။

အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး
မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။
ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှအမောပြေပြီး လန်းဆန်းလာမှာပေါ့၊
အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။

"သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ်
အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့
သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။

ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။
သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။

ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။
သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။

ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။
ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။
အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။
ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။
ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။

တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။
ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။
ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။
ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။

စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။
သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။
ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။

သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။
ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။
ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။

ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို
အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ
အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။

ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်
အစဉ်အဆက် ယုံကြည်လက်ခံလာတာဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။
သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်
စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်

သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊
လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲအဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့
သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။
ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ဒီလိုပြောပါတယ်။

နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။
အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံးကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။
တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခုရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။

Sunday, November 4, 2012

သက်တမ်း ၈၀ ကျော် ဘုရားကြီး နာရီစင်




ဝါးခယ်မမြို. လေး၏ ဘုရားကြီးဟု ခေါ်ကြသော သကျမဟာသီရိ မြတ်စွာဘုရားကြီး ကို အဝေးမှ လှမ်းဖူးမျှော်လျှင် အရင်ဆုံးမြင်ရမည်က ခြင်္သေ. ၂ကောင်...နာရီစင် နှင်. စောင်းတန်း..ဂန္ဓကုဋီ တိုက်အထွဋ် နှင်.
ထီးတော်တို.ဖြစ်သည်.....

ထိုအရာတို.အနက် ဆွဲဆောင်မှု အရှိဆုံးက ဘုရားကြီး၏ နာရီစင်တော်ကြီးဖြစ်သည်....ဟိုးးးးးးးးး အရင်ကဆိုလျှင် ညနက်နက် အချိန်တွင် ပျံ.လွင်လာတတ်သော ထိုနာရီကြီး၏ ခေါင်းလောင်းသံများက အိပ်မပျော်သော ညပိုင်ရှင်တို.အတွက် အဖော်ဖြစ်နေတတ်သည်.....


ထိုနာရီ နှင်. နာရီစင်ကြီးကို မြန်မာသက္ကရာဇ် ၁၂၉၂ ခုနှစ် (၁၉၃၀ ..မေလ..၁ ရက်နေ.)ကအငြိမ်းစား ရာဇ၀တ် ၀န်ထောက် ဦးခင် ဒေါ်ယု မိသားစုက သံထည်များဖြင်. အခိုင်အမာ တည်ဆောက် လှုဒါန်းထားခဲ .ခြင်းဖြစ်ပြီး နာရီမှာ Germany Made ဟုသိရပါသည်....ယခင်ကတော. မနက်ပိုင်းဆိုလျှင် ထိုနာရီကြီးကို သံပါတ်တက်ပေးရသူ တစ်ဦး အမြဲရှိပါသည်...ထိုနာရီသံက ထိုစဉ်က တစ်မြို.လုံးကို လွှမ်းခြုံထားနိုင် (အထူးသဖြင်. ညဘက်များ)သောကြောင်. မမှားစေရန် တော. သတိပြုကြရသည်....
ထိုနာရီကြီးကို ၂၀၁၁ အောက်တိုဘာ လက တစ်ကြိမ် အောက်သို.ချ၍ လိုအပ်သည်များကို အသေးစိပ်ပြုပြင်၍ ရေရှည်တည်တံ.စေ၇န် မွမ်းမံခန်.ပါသည်....


ထိုနာရီစင်ကြီး၏ အောက်ခြေ ပတ်လည် (စောင်းတန်းအတွင်း) တွင်တော. မန္တလေးမြို.မှ ပန်းချီဆရာကြီး ဦးခင်မောင်ရေးဆွဲသော တေလပ္ပတ ဇာတ်တော် သရုပ်ဖော် ပန်းချီကား ၈ ချပ်ရှိပါသည်....ယခုလိုအချိန်မျိုးတွင်တော. ထိုပန်းချီကားများသည်..တန်ဖိုးကြီးသော ရှေးဟောင်းပန်ချီကားများ ဖြစ်နေပါပြီ.....
 
ထိုမျှကြာအောင် ခိုင်ခန်.ကောင်းမွန်သော နာရီကြီး၏ အစိတ်အပိုင်းများနှင်. ထိုသို.ကောင်းမွန်နေစေရန် ပြုပြင်ထိမ်းသိမ်းကြသူတို.အားလည်း ချီးကျုးဂုဏ်ပြု ရမည်ဖြစ်သည်။

မီးတောက်ရစ်သမ်...တာရာမင်းဝေ

တာရာ မင်းဝေ ရဲ. မီးတောက်ရစ်သမ် ဆိုတဲ. ကဗျာလေး ထဲက အရမ်းကြိုက်တဲ. စာသား အပိုင်းအစလေး တစ်ချို.ကို  ပြန် ဆက်စပ်ထားတာပါ...ဆရာ တာရာ မင်းဝေ အမှတ်တရ ပါ




                                                          အခုလို

လှပ အေးစက်တဲ. ညမှာပဲ

ငါပျိုးထားတဲ့ မြနှင်းဆီဟာ

ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်.......

လောကဓံ ဦးတုန်းက

အလွန်အကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်

ခုမှ စံပယ်ရွက်ပေါ်မူးလဲ


အသည်းကွဲတယ် .......ဆိုတာ





   သီချင်းလေးတွေ တိုးတိုး ညည်းရင်းက

ထိရှခဲ့တဲ့ သွေးမဲ. ဒါဏ်ရာ တစ်ချက်ပါ

အိမ်အပြန် ညများစွာမှာ

ဘယ်သူမှ မပြောချင်တဲ. စကားတွေပွေ.ပိုက်

ကိုယ်.ကိုကိုယ် လူမိုက်လို.ပြန်ခေါ်ခဲ့ရတယ်

ထိပ်ထားရယ်.... ဖြစ်နိုင်မယ်ဆိုရင်

ဂန္တ၀င် ပန်းပုရပိုက်မှာ

နန်းသုံးအက္ခရာနဲ.ခြယ်မှုန်း

နင်.နာမည် လေး **** ကို

စီရီသီကုန်းပေးချင်တယ်....................

ချစ်သူကိုတောင်

ချစ်တယ်လို.မပြောရဲတဲ.ကောင်

ရာစုတစ်ထောင်နေရစ်ခဲ. ထိုသို.ဖြင်.စကားမဲ့စေသတည်း......

မြယာပင်ကြီးရဲ.

ညည်းတွားသံသဲ့သဲ့ သန်းခေါင်ယံ

ငှက်ဆိုးအုပ်နဲ. အတူ ရုတ်တရက် လန်.ပျံသွားတယ်....





                                               
ဟေးးးးးးးးးးးး ငါပြောမယ်

အက်စစ်တိမ်ခိုးတို. မုတ်သုန်ကိုနှိုးပါ

ဒီလူဆိုးအတွက်လည်း မိုးကြမ်းတို. တစ်စက်စက် ရွာပါစေ

မထိုက်တန်သူဆိုတာ လွင်.မျောရမှာပါပဲ

လေညင်းကလေးရေ

ငါချစ်မြတ်နိုး ရတဲ. ကမ္ဘာရဲ. ထိပ်ထားကို

သူဆံနွယ် ခက်ကလေးတွေ ဖွားကနဲ လွင်.သွားရုံ

တစ်ချက်လောက် အုန်.သည်း တိုက်ခတ်ပေးပါ
                                  

                          လေစီးထဲမှာ ဖွာ ကြဲလှပ နေရှာမယ်. သူ.ရဲ. ကေသာဆံမြကို

အဝေးကနေ ရှိုက်မွှေး လွမ်းဆွတ် ပါရစေအုံးနော်

မြက်ရိုင်းက မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး

နေနဲ.လ က တစ်ယောက်ကို တစ်ယောက် မပိုင်ဆိုင်ကြသလိုမျိုး

ရိုးသားစွာ တို.ဝေးလိုက်ကြပါစို.

ချစ်သူကို မြတ်နိုးရုံနဲ.

အရာရာကို လက်ဖြန်.မိုး စောင်.ရှောက်ချင်တဲ.လူငယ်

ခု.......ခြွင်းချက်နဲ. လက်နက်ချလိုက်ပါတယ်


                                          

ပန်းခူးရင်း...

သူငယ်ချင်းတွေနဲ.နေရင်း.......

စကားလေးတွေပြောရင်း.............

သီချင်းလေးတွေဆိုရင်း.......................

မင်း...ငါ.ကို

မေ. သွား မှာ ပါ.........

ငါ.မှာသာ...................................................................................