ရန်ကုန်က မြို.လေးရဲ. အငွေ.အသက်အချို.
စမ်းချောင်းက ၀ါးခယ်မ လမ်း နဲ. ရွှေလောင်းလမ်း
မြို.လေးကို
တကယ်မြတ်နိုးကြသူတွေ...အထူးသဖြင်. အဝေးရောက်နေကြရသူတွေ...ဒီ.ထက်ပိုပြီး
အဝေးလည်းရောက် မပြန်ရတာလည်းကြာ အသက်ကလည်းကြီးလာကြသူတွေအဖို.
သတင်းစာထဲမှာ.. ဂျာနယ်ထဲမှာ ..၀တ္ထု ဇာတ်လမ်းတွေထဲမှာ ..နောက်ဆုံးးရုပ်ပြ
ကာတွန်းတွေထဲမှာ ၀ါးခယ်မ ဆိုတဲ. စာသားလေး မြင်လိုက်ရရင် ...ဒါမှမဟုတ်
မြို.နဲ. ပတ်သက်တာလေးတွေ.လိုက်ရင် ရင်ကို လှိုက်ကနဲ
ဖြစ်သွားတတ်ကြပါတယ်..ဘာအကြောင်းလည်း..ဘာတွေရေးထားတာလည်း ကိုယ်သိတဲ့နေရာ
ကိုယ်သိတဲ့သူ ကိုယ်နဲ.ပတ်သက်တာလေးတွေဆို အနားက လူတွေ ကို
ဆက်စပ်ရာလေးတွေပြောပြရင်း စိတ်ကူးနဲ. မြို.ကို
ခဏပြန်ရောက်သွားတတ်ကြစမြဲပါ.....
တကယ်က ဇာတိမြို.ဆိုတာလေးတွေဟာ များသောအားဖြင်. မိစုံဖစုံ သူငယ်ချင်းစုံ နဲ. ရင်ခုန်တတ်စ အရွယ်တွေအထိ အချိန်တော်တော်များများကို ကျေနပ်..ကြည်နူး ..ပျော်ရွှင်စွာ ဖြတ်သန်းခွင်. ရစေခဲ့တဲ့ အတိတ်က နိဗ္ဗာန်ဘုံ...သုခရပ်ဝန်း အဖြစ် သတိရတမ်းတမိတတ်ကြတာမျိုးပါ..အချို.တွေအတွက်တော.လည်း ခါးသက်တဲ. နာရီတစ်ချို.ရှိကောင်းရှိခဲ့ကြမှာပါ...ဘယ်လိုပဲဖြစ်ဖြစ် အတောင်အလက်စုံလို. တော်ရာဆိုတဲ့ခေါင်းစဉ်အောက် ဘ၀တွေရောက်နေကြရပေမယ်. အနည်းဆုံး ၀ါးခယ်မ ဆိုတဲ.စာလုံးလေးတွေ.ရင် ..မြင်ရင်..ကြားလိုက်ရရင်တော. စိတ်ကူးရထားက ၅နှစ်သား ဘူတာစဉ်လောက်အထိ တစ်ရှိန်ထိုးမောင်းသွားတတ်ကြတာပါပဲ...ကြည်နူးချမ်းမြေ.ဖွယ် ဘူတာများမှာတော. ခေတ္တ မိန်းမော...ခပ်စပ်စပ် ဘူတာတွေကိုတော. မျက်လုံးမှိတ်ကျော်..ပျော်စရာတွေများတဲ. ငယ်ဘ၀ရဲ. အချိန်တွေဆီ ဆိတ်ငြိမ်ချမ်းမြေ.စွာ ပြန်ရောက်သွားမိတတ်ကြတာပါပဲ....တကယ်တော. ဘ၀တွေကြီးရင်.သွားချိန်မှာ မြို.လေးမှာ ကျန်ခဲ့တတ်ကြတာက မိအို..ဖအို..အိမ်အို..တံတားဆွေး..ကိုယ်တွေကတော. ဟိုးးးးးးးးးးးး အဝေးမှာ ပျော်တဲ့အခါလည်းပျော် ကျရှုံးတဲ.အခါလည်း ကျရှုံး ..အမုန်း..အချစ်..ဘ၀အာမခံချက်..အနာဂတ်တစ္ဆေ တွေရဲ. မောင်းနှင်မှုအောက် လမ်းပျောက်တာလား..လမ်းဖောက်တာလားတောင် မသိလောက်အောင်ဖြစ်နေတတ်ပါတယ်.....
ဒီင်္လမ်းလေးနဲ. ပတ်သက်လို.ကတော. ဘာမင်ဂန် ဆရာတော်ကြိး ဒေါက်တာ ရေ၀တဓမ္မ က ..... မိမိတို. ကိုရင် ဘ၀ က ရှမ်းလမ်းပေါ်ရှိ အောင်မင်္ဂလာ သိဒ္ဓိ ကျောင်းတိုက်၌ စာပေသင်ကြားစဉ် ဆွမ်းကွမ်း ရှားပါး၍ ကျောင်းရှိသံဃာ အားလုံး ဆွမ်းခံထွက်ရာ အပါး တစ်ရာကျော်မျှ ရှိသော သံဃာတန်းကြီးကို ကြည်ညိုသဒ္ဓါပေါက်လွန်း၍ ပုသိမ်လမ်း ဖျာပုံလမ်း ညောင်တုန်းလမ်း ၀ါးခယ်မလမ်း ..တို.မှထွက်လောင်းရာ တစ်နေ.ဆွမ်းခံရုံမျှဖြင်. တစ်နှစ်စာပတ်လုံး စားလောက်အောင်ရရှိခဲ့ကြောင်း........မိန်.တော်မူဖူးသည်ကို သိရသောအခါ ထိုလမ်းလေးအတွက် ကြည်နူးပီတိ ဖြစ်ရပါသည်...