Sunday, February 2, 2014
ဧရာဝတီ ယူနိုက်တက် ရဲ.၂၀၁၄ ဘောလုံးရာသီ ပထမဆုံး ပွဲ
By Ayeyawady United FC Fan's Page
ဧရာဝတီ ၏ ပထမဆုံးပွဲနှင်.ပတ်သက်၍ မြန်မာ.အလင်းသတင်းစာက သုံးသပ်ထားသော ဧရာဝတီ အသင်းကို နည်းပြဟောင်း ဦးဆန်းဝင်း တစ်ကျော.ပြန် ကိုင်တွယ် နေသလို ချန်ပီယံ ဆုရရှိရေးအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည် ။ MNL အတွေ.အကြုံရှိသည် . ဆာဆာ ၊ကိုနေး နှင်. ကလစ်ဖို.ဒ် တို.သုံးဦးအပါအ၀င် နိုင်ငံခြားသား လေးဦးအထိ ခေါ်ယူထားသလို မိုးဝင်း ၊ ရွှေလှိုင်ဝင်း ၊ ကျော်မင်းဦး ၊ နေလှိုင်စသည်. ပြည်တွင်းကစားသမား ၁၀ ဦးအထိ ခေါ်ယူထားသည် ။ မကွေးအသင်းမှာ ပြင်ဆင်မှု ကြီးကြီးမားမား မရှိသော်လည်း ဦးကြည်လွင် လက်ထက် ပုံစံကောင်း ရရှိနေသည်. အလျှောက် ထိပ်သီးအသင်းများတွင် ထည်.သွင်းထား၇မည်ဖြစ်သည် ။ မကွေးအသင်း၏ ကစားပုံကြောင်. ဧရာဝတီ အသင်း ခက်ခက်ခဲခဲ ကစားရမည်ဖြစ်ပြီး ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်ဟု ရေးခဲ့သည်.အတိုင်းပင်ဖြစ်ခဲ့ပြီး 
 ပွဲမကန်ခင် နည်းပြချုပ်ပြောခဲ့သော ဒီနှစ်အတွက် သေချာပြင်ဆင်ထားပါတယ် ။ ကစားသမားအသစ်တွေလည်း အများကြီးခေါ်ထားတယ် ။ မကွေးအသင်းနဲ.အဖွင်.ပွဲကစားရတာ အရမ်းခက်ခဲပါတယ် ။ အဖွင်.ပွဲမှာ ရလဒ်ကောင်းဖို.လိုတယ် ။ အစွမ်းကုန် ကြိုးစားမှာပါ  ဟူသောစကားကတော. တစ်ဝက်မှန် တစ်ဝက်မှားခဲ့သည်ဟု ပြောရပါမည် ။
ပွဲအပြီးတွေ.ရသော ဂိုးနည်းပြ ဦးအောင်ကျော်ကျော် ( ဘောင်းဘီတို အပြာ ) နှင်. နည်းပြချုပ် ဦးဆန်းဝင်း ( ဘောင်းဘီနက်ရှည် )
 ပထမပိုင်းတွင်တော. ဧရာဝတီ၏ ထိုးဖောက်မှု ပိုမိုများပြားခဲ့ပြီး အဆုံးသတ် အားနည်းမှုများကြောင်.သာ ဂိုးမရခဲ့ခြင်းဖြစ်သည် ။ဒုတိယ ပိုင်းတွင်တော. မကွေးထိုးဖောက်မှုများ ပိုများလာခဲ့သည် ။ ဧရာဝတီ ဂိုးသမား အနေဖြင်. သေချာပေါက်ဂိုးများ ကာကွယ်နိုင်ခဲ့သည်ဟုပြောရမည်ဖြစ်သော်လည်း နောက်တန်း ကစားပုံ လိုအပ်ချက်များ ရှိနေသည်ကတော. အသေအချာပင် ။ ၇၅ မိနစ်တွင် မကွေးတို.ရသွားသော ပထမဂိုးသည်  မိမိလူများရှင်းထုတ်ပုံ မသေသပ်ရာမှ မကွေးကစားသမား အပြင်းကန်သွင်းသွားခြင်းဖြစ်ပြီး ဂိုးသမား ချမ်းငြိမ်းကျော်ဘယ်လိုမှမတတ်နိုင်သော ဂိုးမျိုးဖြစ်သည် ။
ဝင်ရောက်ကစားခွင်.မရသေးသော ကိုရီးယားကစားသမားနှင်. သူ၏ပရိသတ်
 ၈၅မိနစ်တွင် ဧရာဝတီတို.ရသော ပင်နတီကို ကိုနေး ကန်သွင်းရာ ဘားထိ မြေထောက်ပြန်ထွက်လာပြီး ထိုအလုံးကို ဆာဆာ က သွင်းယူပေးခဲ့သဖြင်. ၁-၁ ဖြစ်လာခဲ့သည် ။၂ မိနစ်အကြာမှာပင် မကွေးတို.ရသောထောင်.ကန်ဘောမှတစ်ဆင်. မျိုးဇော်ဦး ခေါင်းတိုက်သွင်းယူသွားခဲ့သည် ။ အချိန်ပို ၄မိနစ်တွင်လည်း အပြောင်းအလဲမရှိခဲ့ပဲ ဧရာဝတီ ၏ အဖွင်. ၂-၁ ဖြင်. မလှ ဖြစ်ခဲ့ရသည် ။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီ နည်းပြချုပ်က တစ်ဖက်အသင်းကောင်းပါကြောင်း ၊ မိမိတို.ကစားသမားများ အခွင်.အရေးကို အသုံးမချနိုင်ခဲ့ကြောင်း ၊ မိမိတို.အမှားကိုမူ တစ်ဆက်အသင်းက အသုံးချသွားနိုင်ကြောင်း ၊ ခေါ်ယူထားသော နိုင်ငံခြားသား ၄ဦးအနက် ၃ ဦးသာ ထုတ်သုံးပြီး ကိုရီးယား ကစားသမားချန်ထားခဲ့မှုကို မေးမြန်းရာတွင်မူ Fit  မဖြစ်သေးသဖြင်. မသုံးသေးခြင်းဟု ပြောကြားခဲ့သည် ။
ယနေ.ပွဲသို. ဧရာဝတီ ပရိသတ် ထိုက်သင်.သလောက်လာရောက်ခဲ့ပြီး မကွေးပ၇ိသတ်ထက် ပိုမိုများပြားခဲ့ပါသည် ။ မကွေးကစားသမားများ ခဏခဏ ကွင်းအတွင် လဲကျနေတတ်ပြီး ပွဲပြီးကာနီး အချိန်တွင် မကွေးကစားသမား ၃ ယောက် ၊ ဧရာဝတီ ကစားသမား ၂ယောက် ၅ယောက်အထိ လဲကျနေခဲ့သည်မျိုး ရှိခဲ့သည် ။
ဖေဖော်ဝါရီ ၃ ရက်နေ. မြန်မာ.အလင်းသတင်းစာတွင် မူ ဤသို.ရေးသားဖော်ပြခဲ့ပါသည် ။
ပြည်တွင်းပြည်ပ ကစားသမားသစ် များစွာခေါ်ယူပြီး ချန်ပီယံ ဆုအတွက် ရည်မှန်းပြင်ဆင်နေသည်. ဧရာဝတီ အသင်း၏ အဖွင်.ပွဲရလဒ်မှာ ရှုံးပွဲဖြင်. စတင်ခဲ့သည် ။ ဧရာဝတီ အသင်းမှာ မကွေးအသင်းကို အပြန်အလှန် ကစားနိုင်ခဲ့သော်လည်း  အဆုံးသတ်ဂိုးသွင်း အားနည်းခဲ့၍ ရှုံးနိမ်.ခဲ့ရခြင်းဖြစ်သည် ။ မကွေးအသင်းမှာ နိုင်ငံခြားသား ကစားသမား ၄ ဦး ကို အခြေခံပြီး ပြည်တွင်းကစားသမားများဖြင်. ယှဉ်ပြိုင်ခဲ့သော်လည်း အကောင်းဆုံးပုံစံဖြင်. ယှဉ်ပြိုင်နိုင်ခဲ့သည် ။မကွေးအသင်းအတွက် ဂိုးများကို ၇၂ မိနစ်တွင် ဘိုအာ.စ် ၊၈၇ မိနစ်တွင် မျိုးဇော်ဦး တို.က သွင်းယူပေးခဲ့သည် ။ ဧရာဝတီ အသင်းအတွက် ချေပဂိုးကို ၈၄မိနစ်တွင်ဆာဆာက ချေပဂိုး သွင်းပေးခဲ့ပြီး ၈၂မိနစ်တွင် ရရှိသည်. ပင်နတီကို ကိုနေးက ၀င်အောင် မသွင်းနိုင်ခဲ့ပေ ။
Hack ခံထားရသော Facebook Account ပြန်ရယူနည်း
မိမိ Facebook Account အဟက်ခံရတာ သေချာပြီဆိုတာ နဲအောက်က လင့်ကို ကလစ်လိုက်ပါ
https://www.facebook.com/hacked
ခုပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ
Report Compromised Account ဆိုတဲ့ ဖိုင့် ပေါ်လာပါလိမ့်မယ်
အဲ့ဒီဖိုင့်ထဲမှ
My account is compromised ဆိုတာကို နှိပ်လိုက်ပါ
Find Your Account ဆိုတဲ့ ဖိုင့် တတ်လာပါလိမ့်မယ်
အဲ့ဒီထဲမှ Email, Phone, Username or Full Name ဆိုတဲ့ အောက်က အကွက်ထဲမှာ
မိမိ Gtalk အကောင့်ကို ထည့်ပေးလိုက်ပါ
ပြီးနောက် Search ကို နှိပ်လိုက်ပါ နှိပ်လိုက်တာနဲ့ 
Identify Your Account ဆိုတဲ့ ဖိုင့်ပေါ်လာပါလိမ့်မယ်
မိမိ ဓါတ်ပုံနဲ့  facebook အသုံးပြုသော နာမည် ပေါ် လာပါလိမ့်မယ်
This Is My Account ဆိုတာကို ကလစ်ပေးလိုက်ပါ
Reset Your Password ဆိုတဲ့ ဖိုင့် တတ်လာပါပြီး
Email me a link to reset my password ဆိုတာကို ကလစ်ပေးလိုက်ပါ
အဲ့ဒီနောက် Continue ကိုနှိပ်လိုက်ပါ
Check Your Email ဆိုတဲ့ ဖိုင့်ပေါ်လာပြီး မိမိ Gtalk အကောင့် ဆီသို့ 
We sent your code to: ပို့ ပေးပါလိမ့်မယ် facebook မှ ပို့ ပေးသော Code ကို
ပေးထားသော အကွက်ထဲကိုထည့်ပေးလိုက်ပါ
facebook မှ သင့်ကို 
 Hi ,
Somebody recently asked to reset your Facebook password.
Click here to change your password.
Alternatively, you can enter the following password reset code:
589eee7437 ဒီ ဂဏန်းများကိုယူပြီး ခုနက အကွက်ထဲကို ထည့်ပေးလိုက်ပါ
Didn't request this change?
If you didn't request a new password, let us know immediately.
အကွက်ထဲကို Code ထည့်ပြီးပြီး ဆိုရင်တော့
Choose a new password ဆိုတဲ့ ဖိုင့် ပေါ်လာပါလိမ့်မယ်
New Password ဆိုတဲ့ နေရာမှာ မိမိ နှစ်သက်ရာ Password ကိုထည့်ပေးလိုက်ပါ
Confirm Password မှာတော့ New Password ပေးထားသော Password ကို ပြန်ထည့်ပေးပါ
ပြီးရင်တော့ Continue ကိုနှိပ်လိုက်ပါ
မိမိ facebook အကောင့် ပြန်ရပါပြီးပါခင်ဗျာ
facebook အကောင့် ဟက်ခံရပါက အခုနည်းအတိုင်း ပြန်လည်း လုပ်ဆောင်ရပါတယ် ဗဟုသုတဘဏ်မှ ညီကိုမောင်နှမများ အားလုံး အဆင်ပြေကြပါစေ
ကူးယူဖော်ပြချင်တဲ့ သူငယ်ချင်းများ ရှိရင်လည်း ဗဟုသုတဘဏ်ဆိုတာလေ
ထည့်ပေးပါဦးနော် သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်
K2 @
Friday, January 31, 2014
မီးအိမ်ရှင် ၊ အိမ်မက်ဆုံရာ ၊ ၀ါးခယ်မ ပရဟိတ ဂေဟာ
Created by မိုးစက်
၂၀၁၀ ၀န်းကျင်မှစ၍ လူငယ်ထုကြား ပျံ.နှံ.လာသော ဓလေ.ကောင်း တို.အနက် ပရဟိတ လုပ်ငန်းများ ကား ထင်ရှားသော ခေါင်းစဉ်တစ်ခုဖြစ်ခဲ့သည် ။ ဝေးလံခေါင်သီသော တိုင်းရင်းသားဒေသများမှ မိဘမဲ့ ၊ ချို.တဲ့ ကလေးငယ်များအား သွားရောက်စုဆောင်း ခေါ်ယူ ကျွေးမွေး သင်ကြား စောင်.ရှောက်ပေးနေသော  မြို.လေးရှိ လူငယ်ဖွံ.ဖြိုးရေး ပရဟိတ ဂေဟာ သို. လူငယ်လေးများ ဖြင်. ဖွဲ.စည်းတည်ထောင် လုပ်ကိုင်နေသော တောင်ဒဂုံ အခြေပြု မီးအိမ်ရှင် ပရဟိတ  အသင်း၏ ဒါန လုပ်ငန်းတစ်ခု ယခုနှစ်ဦးက ပြုလုပ်ခဲ့ပါသည် ။ 
၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ.တွင် စတင်ဖွဲ.တည်ခဲ့သော ထိုအဖွဲ.လေးသည် ကျောင်းပြီးကာစလူငယ်လေး ၁၁ ဦး ဖြင်. စတင်တည်ထောင်ခဲ့ပြီး . တောင်ဒဂုံ ၂၀ ရပ်ကွက် တွင်ရှိသော အောင်ဗောဓိ ဆုတောင်းပြည်.စေတီတော်မြတ် ၀င်းအတွင်း တည်ရှိနေခဲ့ခြင်းဖြစ်ပါသည် ။ မူလက ဒေသတွင်း အခြေပြု လုပ်ငန်းများသာ လုပ်ကိုင်ခဲ့ပြီး လူငယ်များစုကာ ဘုရားတွင် စနေနေ.တိုင်း သန်.ရှင်းရေး လုပ်ခြင်း သီတင်းကျွတ် ၊ တန်ဆောင်တိုင် ကာလများတွင် ဆီမီး  ၁၁၁၁ ခွက်ဖြင်.ဘုရားရှင်ကို ပူဇော်ခြင်း စသည်. လုပ်ငန်းများဖြင်. စတင်ခဲ့ခြင်းဖြစ်သည် ။ပထမဆုံးအနေဖြင်. မွန်မြတ်မေတ္တာ သွေးလှုရှင်  အဖွဲ. နှင်. ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ အကြိမ်အဖြစ် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံတွင် သွားရောက်လှုဒါန်းခဲ့ခြင်းဖြစ်သည် ။ ယခု  တတိယ မြောက် အစီအစဉ် အဖြစ် ၇ နှစ်မြောက်  ကာလတွင် ပရဟိတ ဒါန အစီအစဉ်များရေးဆွဲရင်း ၀ါးခယ်မ ပရဟိတ ကျောင်း ၊ပဲခူးမှခရစ်စယာန် ကျောင်းတစ်ကျောင်း ၊ လှည်းကူးရှိ ခရစ်စယာန် မိဘမဲ့ကျောင်း တို.ရွေးချယ်ဖြစ်ခဲ့ကြောင်း  သိရသည် ။
ဒီခရီးစဉ် ဖြစ်တာကတော. နေရာရွေးတဲ့အခါမှာ On Line ပေါ်မှာ ကျွန်တော်နဲ. ရင်းနှီးတဲ့  ဒီကဒေသခံ အေးချမ်းဆိုတာ တစ်ယောက်ရှိတယ် ။ ကျွန်တော်က ဒီအကြောင်းပြောဖြစ်တယ် ။သူက ဒီကျောင်းလေးအကြောင်း နဲ. ပုံတွေ ပြတယ် ။ ကျွန်တော်တို.ကလည်း စိတ်ဝင်စားတယ် ။ ၂၀၁၃ ဒီဇင်ဘာ လ၀က်လောက်မှာ ၀ါးခယ်မကို ကျွန်တော်လာပြီး  ဆရာတော်နဲ. တွေ.တယ် ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးနဲ.တွေ.တယ် ။ အဲ့ဒီလိုတွေ.တဲ့အခါမှာ ခံစားချက် အရမ်းကောင်းတယ် ။တအားလှိုက်လှိုက်လှဲလှဲ ရှိတယ် ။ ကျွန်တော်တို.ကေ၇ှ.ပြေးရောက်နှင်. လုပ်နှင်. တဲ့အခါ နောက်ကလိုက်လာမယ်.သူတွေအတွက် အဆင်ပြေပြေ မ ဖြစ်ရင်မကောင်းဘူး ၊ ခုကတော.အရမ်းအဆင်ပြေတယ် ။ဒါကြောင်.ေ၇ွးလိုက်တာ ၊ပြီးတော. ဒီကျောင်းက ကျောင်းသားအင်အားလည်း ပိုများတယ် ဟုပြောကြားခဲ့သည် ။
 သူ.အနေဖြင်. ဇန်န၀ါရီ လဆန်းတွင် ဒုတိယအကြိမ်ထပ်မံလာရောက်ကာ ချက်ပြုတ်လှုဒါန်းမှုတို.အတွက် အသေးစိပ် ညှိုနှိုင်းပြီး အလှုခရီးစဉ်အတွက်ကိုမူ သူနှင်. အဖွဲ.၀င် ၄ ဦး ဇန်န၀ါရီ ၁၀ ရက်နေ.တွင် ကြိုတင် ရောက်ရှိပြီး လိုအပ်သည်များထပ်မံစီမံကာ မီးအိမ်ရှင် အဖွဲ.၀င် ၂၀ ဦး ဇန်န၀ါရီ ၁၁ ရက်နေ.မနက် စောစော ရောက်ရှိပြီးချိန်တွင်တော.ဆရာတော်ထံ အားဆေး ၊ ဓါတ်ဆားထုပ်များ ၊ ချောင်းဆိုးပျောက်ဆေးတို.ကို လှုဒါန်းပြီး ဆရာတော်အား နေ.ဆွမ်းဆက်ကပ်လှုဒါန်းပါသည် ။ ထို.နောက် ကျောင်းသား ကလေးငယ်တို. အတွက် ကြက်သားဟင်း ၊ ပဲဟင်း ၊ သီးစုံကြော်တို.ဖြင်. မနက်စာ ၊ ညစာ ကျွေးမွေး လှုဒါန်းကြပါသည် ။
ထို.နောက်.နေ.ပိုင်းတွင်ရောက်ရှိလာသော  အိမ်မက်ဆုံရာ Season 4 အဖွဲ.သားများ ရောက်ရှိလာချိန်တွင်တော. မီးအိမ်ရှင် အဖွဲ.သားများ ၊ အိမ်မက်ဆုံရာ အဖွဲ.သားများ ၊ ကလေးငယ်များတက်ရောက်ကြသော ရေစက်ချ အလှုပွဲကို ပရဟိတကျောင်းဖွင်.လှစ်ထားသော မဟာဓမ္မိကာရုံ ကျောင်းတွင်း ကျင်းပခဲ့ပါသည် ။ ထိုအခမ်းအနားတွင် အခြားလှုဖွယ်များအပြင် ငွေသား ၅သိန်းခွဲ လည်း လှုဒါန်းခဲ့ကြပါသည် ။ကလေးငယ်တို.အတွက် အဟာရအလှု ၊ ကျန်ဆေးဝါးပစ္စည်း အလှုတန်ဘိုးမှာလည်း ၅ သိန်းခန်. ရှိပါသည် ။
သူတို.မီးအိမ်ရှင် အဖွဲ.နှင်. အိမ်မက်ဆုံရာ ဆက်စပ်မိမှု နှင်.ငွေကြေး စုဆောင်းလုပ်ကိုင်မှုများ ကို ကိုအောင်အာင်ကပင် ဆက်လက်ပြောပြရာ
အိမ်မက်ဆုံရာ က Admin တစ်ယောက်နဲ. ကျွန်တော်တို.Admin တစ်ယောက် (သူတို.က အလုပ်အတူတူလုပ်ကြတာဆိုတော. ) တိုင်ပင်ဖြစ်ကြရာက အိမ်မက်ဆုံရာ Season  4 ကို ဟန်ထူးဈာန် နဲ. သူ.အိမ်မှာတွေ.ဆုံအစည်းအဝေးလေးလုပ်ပြီး စီစဉ်ဖြစ်တာပါ ။ သူတို.အတွက်  သွားလာစားသောက်မှု ပဲ တာဝန်ယူပေးရပြီး သူတို.က စေတနာသက်သက် နဲ. ပူးပေါင်း ကူညီတာပါ ။ကျွန်တော်တို.က  အမြဲတစ်စေ အဖွဲ.တစ်ခုတည်းနဲ. လက်တွဲနေမှာ မျိုးတော. မဟုတ်ပဲ ကျွန်တော်တို.ကို လာပူးပေါင်းတဲ့ ဘယ်အဖွဲ.မဆို ကျွန်တော်တို. Style နဲ. ပူးပေါင်းသွားမှာ မျိုးပါ ။ ကျွန်တော်တို.   စလုပ်တော. Fund မရှာပါဘူး ၊ ရှိတာလေးတွေ နဲ.ပဲ လုပ်ကြတာပါ ။နောက်ပိုင်းကျတော. Fund မရှာရင် ၊ ၀င်ငွေ မရှိရင် ဘယ်လိုမှကို ရပ်တည်လို.မရဘူး။ကျွန်တော်တို. စတည်ထောင်တော. Member ၁၁ ယောက်ရှိပါတယ် ။ တစ်ယောက်ကတော. မနှစ်ကပဲ ဆုံးသွားပါတယ် ။ ၆လတစ်ကြိမ် ၅၀၀၀ ထည်.ပါတယ် ။ဥပမာ ဆီမီးတစ်ကြိမ်ထွန်းတယ်ဆိုရင်
 ၃၀၀ , ၀၀၀ လောက်ကုန်ပါတယ် ။ အဲဒါကို ကျွန်တော်တို. ၁၁ ယောက် ဝေပုံကျ ။တတ်နိုင်လို.မဟုတ်ပေမယ်. ကျွန်တော်တို. အားလုံး အလုပ်လုပ်ကြတယ်လေ ။    တစ်ခုခုလုပ်ဖို.လိုပြီဆို ကျွန်တော်တို. ဘောင်ချာစာအုပ်လုပ်တယ် ။ ဘုရားမှာဆိုလည်းခွင်.ပြုချက်တောင်းတယ် ။ ပြီးရင် On Line တင်တယ် ။ အရင်က ကျွန်တော်တို. Fan Page လုပ်မထားဘူး။ လုပ်ထားတာတော. သိပ်မကြာသေးဘူး ၊ ခုနောက်ပိုင်းတော. ပုံစံပြောင်းလိုက်တယ် ။ အဓိက Member တွေ က တစ်လကိုတစ်ယောက် ၃၀၀၀ ထည်. ။ကျွန်တော်တို.မှာ ၃၀ ကျော်ရှိတယ် အဓိက Member ။ပြီးတော. သူတို.အနေနဲ. ရိုးရိုး Member ရှာပေး ။ အဲ့ဒီ ရိုးရိုး Member တွေကတော. တစ်လ တစ်ထောင်ထည်.။ ခုလိုခ၇ီး   ထွက်ရတာမျိုးဆို အဲ့ဒီရိုးရိုး Member တွေက ထပ်ထည်.ရပါတယ်။  
 ထိုနေ.ညက အိမ်မက်ဆုံရာ အဖွဲ.သားတို.က နှလုံးသားနဲ.ရေးတဲ့ သမိုင်း ဟူသောဖျော်ဖြေပွဲကို ၀ါးခယ်မ လွတ်လပ်ရေး ကျောက်တိုင်ရှေ.တွင် ကျင်းပခဲ့ပါသည် ။ အခမဲ့ ပွဲဖြစ်ပြီး ပရဟိတ ကျောင်းအတွက် အလှုငွေသာ လက်ခံခဲ့သော ပွဲလည်းဖြစ်သည် ။ ဟန်ထူးဈာန် ၊ ဂျုဂျုးစံ ၊ ထန်ခေး ၊ ဈာန်ဝေယံထူး စသည်တို.အပြင် Dancer များလည်း ပါဝင်ခဲ့ကာ ပရိသတ်လည်း အတော်များခဲ့သည်.ပွဲဖြစ်ပြီး အလှုငွေ ၁၀ သိန်းကျော် ရရှိခဲ့သည် ။ ထိုငွေအားလုံးအား ပရဟိတ ကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအတွက် လှုဒါန်းခဲ့ကြသည် ။
ကိုအောင်အောင် က ယခုခရီးစဉ် နှင်. ပတ်သက်၍ သူ၏ ပီတိ ကိုပြောကြားရာတွင်
  " ကျွန်တော်တို. လူငယ်အဖွဲ. လေးဟာ ကိုယ်.ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှအလင်းရောင်လေးတွေ ရပါစေဆိုပြီး ပရဟိတ လုပ်ငန်းလေးတွေ လုပ်ဆောင်နေတာပါ ။ ခုက နယ်ကျော်လုပ်တာဖြစ်ပြီး အချို.တွေရဲ. အမြင်တစ်မျိုးဖြစ်မှာ စိုးပေမယ်.  ဒေသခံတွေရဲ. နွေးထွေးမှု ကြောင်. အထူးကျေနပ်မိပါတယ် ။ ဒီပွဲလေးဟာ ကျွန်တော်တို. အဖွဲ. နယ်ဝေးထွက်ပြီး ပထမဆုံး လုပ်တဲ့ အလှုဖြစ်သလို  ပမာဏ လည်း ထိုက်သင်.သလောက်လုပ်နိုင်ခဲ့တဲ့ ပွဲမို. အမှတ်တရပါ ။ခုခရီးစဉ်အတွက် လိုလေသေးမရှိ စီစဉ်ပေးခဲ့တဲ့ ပရဟိတ ကျောင်းဆရာတော် ဘုရား နဲ.၀ါးခယ်မ ဘက်က ကူညီပေးကြသူတွေ ၊ လှုဒါန်းပေးကြသူတွေ နဲ. မြို.သူ/သားတွေ ၊ ဟန်ထူးဈာန်နဲ. အိမ်မက်ဆုံရာ အဖွဲ.သားတွေ အားလုံးကို မီးအိမ်ရှင် ပရဟိတ အဖွဲ. ကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ် " ဟုပြောကြားခဲ့သည် ။
ဆက်စပ်ဖတ်ရှု၇န်