Friday, January 24, 2014

လင်းဇာနည်ဇော် ကားမတော်တဆမှု နှင်. လက်ရှိအခြေအနေ




ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင်၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင်အမှတ် ၆၆/၁ နှင့်၂ အကြား ၀မ်းဘဲအင်းကျေးရွာ အနီးတွင် (၁၉.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ပဲခူးမြို့ နယ် ဗိုလ်တဲလေးကျေးရွာ ဘက်ကနေ ဦးရယ် မောင်းနှင်လာတဲ့ ယာဉ်အမှတ်- ၁ဂ/xxxx၊ဟိုင်းလတ် (SURF )၊အစိမ်း /ဖြူကျားယာဉ်သည် ၀မ်းဘဲအင်းကျေးရွာ အထွက်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မှာလည်ထွက်သွားပြီး တစ်ဘက်ယာဉ်ကြော မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် တို့ စီးလာသည့် ကားနှင့် တိုက်မိခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မှ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် ၊ ဒေါ်စိန် နှင့် ယာဉ်မောင်းတဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် ၄င/xxx၊ လန်ခရူဇာ၊ အစိမ်းရောင်ယာဉ်အား ၀င်တိုက်မိရာ ယာဉ်(၂)စီးလုံးမှာ လွှင့်စင်တိမ်း မှောက်သွား ခဲ့ကြောင်း သိရပါသည်။

ယာဉ်တိုက်မှုကြောင့် ၁ဂ/xxx၊ ဟိုင်းလတ် SURF အစိမ်း/ဖြူနီကျား ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦးမှာ(မစိုးရိမ်ရ)ဖြင့်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ယာဉ်အမှတ်- ၄ဂ/xxx ပေါ်ပါ ဒေါ်စိန်သည်အခင်းဖြစ် နေရာတွင်ပွဲ ချင်းပြီး သေဆုံးခဲ့ပါသည်။ 

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်မှာ ယာပခုံး ဖူးရောင်နာကျင်၊ ခါးဆစ်ရိုးဖူးရောင်နာကျင်၊ အောက်
နှုတ်ခမ်းဒဏ်ရာရခဲ့ပြီး ယာဉ်မောင်းလည်း ဒဏ်ရာများ ရခဲ.ပါသည်း။


ယာဉ်အမှတ်-၁ဂ/xxx ဟိုင်းလတ်SURF ယာဉ်မောင်းဦးရယ် မှာလည်း ၀ဲဘက်ဂျိုစောင်းပေါက်ပြဲ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိသွားပြီး အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေရကြောင်းနှင့် ယာဉ်မောင်းဦးရယ်အား ယာဉ်(ပ) ၂/၂၀၁၄၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄က/၃၃၇ /၃၃၈အရ ဘုရားကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။



ထိုနေ. ညပိုင်းက ပေါ်ပြူလာ ဂျာနယ်မှ သူမ၏အကို ဒါရိုက်တာ မိုက်တီးထံ ဆက်သွယ်ခဲ့ရာ
“ကျွန်တော်
အခုရောက်တော့မယ် သူ့ ကောင်မလေးတော့ ဆုံးသွားရှာတယ် သေဆုံးသူ အတွက်အားလုံး စိတ်မကောင်းဖြစ်နေကြ ရပါတယ်၊ လင်းလင်း ကတော့ အသက် အန္တရာယ် မရှိတော့ ပါဘူး မနက်မှ ရန်ကုန်ဆေးရုံ ရွှေ့ပါမယ် "
ဟု ပြန်လည်ဖြေကြားခဲ့ပြီး ၂၀ ရက်နေ.တွင် ရန်ကုန် SSC ဆေးရုံသို. ရွှေ.ပြောင်းခဲ့ကြောင်း သိရပါသည် ။



ယခုလက်ရှိအခြေအနေနှင်. ပတ်သက်၍ အစ်မဖြစ်သူ မချစ်ချစ်ဇော်က ဇန်နဝါရီ ၂ဝ ရက်နေ့တွင် ပြောပြခဲ့ရာ .... ”အခု သူ့အခြေအနေက ခါးပိုင်းထိမှာပဲ စိုးရိမ်ရတယ်။ ဆရာဝန် ဒေါက်တာ ဦးဇော်ဝေစိုးက နေပြည်တော်ကနေ ပြန်လာမှာ ဆိုတော့ တိတိကျကျ မသိသေးဘူး။ စကားလည်း ပြောနိုင်တယ်။ ကားတိုက်တုန်းက ကိစ္စတွေ သူအကုန် ပြန်ပြောပြတယ် ၊ ”သူတို့ ကားကို ဝင်မတိုက်ခင် အဲဒီကားက လမ်းလယ်မှာ ပတ်ချာလည်ပြီး မှ ဝင်တိုက်ခဲ့တယ်။ ရှောင်စရာ မရှိလို့ ကားကို ရပ်ပစ်လိုက်တယ်။ မဟုတ်ရင် အကြီးအကျယ်ကို ဖြစ်သွားမှာ။ ဟိုဘက်က ကားဒရိုင်ဘာလည်း တအား မူးနေတယ် ဆိုတာပဲ သိတယ် ၊ ကားရိုက်နားရက်မို့ အသိ အလှူသွားရင်း အပြန်လမ်းမှာ ဖြစ်တာပါ ၊ ဒီကိစ္စ မေမေ့ကို ပေးမသိဘူး။ ဖေဖေကတော့ အယ်လ်ဇိုင်းမား ခံစားနေရတာ ဆိုတော့ သူဘာမှ မသိဘူး။ ထူးခြားတာက ညမှာတုန်းက သူအိပ်နေရင်း ”လင်းလင်း” လို့ ထအော်လို့ မချစ်က ထူးတော့ ”လင်းလင်း မအိပ်သေးဘူးလား” လို့ မေးတယ်။ ”အိပ်ပြီ” လို့ ပြန်ပြောမှ ”သူအိပ်ပြီဆို ဖေဖေ စိတ်ချပြီ။ ဖေဖေလည်း အိပ်တော့မယ်” ပြောတယ်။ သားသမီးနဲ့ မိဘဆိုတော့ သွေးက စကားပြောတာ နေမှာ”။

လင်းဇာနည်ဇော် အပါအဝင် တစ်ဖက်ယာဉ် ဟိုင်းလတ်ဆာ့ဖ် ကားပေါ်မှ လူလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ပဲခူးဆေးရုံသို့ တင်ပို့ခဲ့ရာ ယခု လင်းဇာနည်ဇော် က SSC ရွှေဂုံတိုင် အထူးကု ဆေးရုံသို့ ပြောင်းရွှေ့ဆေးကု သနေကြောင်း သိရသည်။လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ ဖူးစုံကလည်း လာရောက် သတင်း မေးခဲ့သလို မိသားစု ညီအစ်ကို မောင်နှမ များ နှင့် အတူ သမီးလေးလည်း အနားမှာ ရှိနေကြောင်း တွေ့ရသည်ဟု Popular Myanmar ကရေးသားထားပါသည် ။


Ref ; popularmyanmar.com & Thithtoolwin
 

Thursday, January 23, 2014

Poke on Facebook - Poke လုပ်တယ်ဆိုတာ ဘာလဲ

Facebook ရဲ့  Timeline ဗားရှင်းအသစ်မှာ  Poke ဆိုတဲ့ Function လေးပါတယ်။ လူတစ်ယောက်ကို Poke လုပ်တယ်၊ Poke လုပ်တယ် ဆိုတာ အစက သေသေချာချာ မသိပါဘူး။
နည်းနည်းလေးတော့ သိပါတယ်။ စစချင်း သိထားတုန်းက Poke တယ်ဆိုတာ စတယ်လို့သိထားခြင်း ဖြစ် ပါတယ်။ စာတွေပြန်ရှာ ဖတ်ကြည့်တော့လည်း Poke တယ်ဆိုတာ စ,တာပါပဲ။
ဇူကာဘတ် အနေနဲ့ Timeline အသစ်မိတ်ဆက်ပွ
ဲတုန်းက Poke အကြောင်းကို ပြောပြခဲ့ပါတယ်။ Poke တယ်ဆိုတာ လူတစ်ယောက်ယောက်ကို ကိုယ့်ကို သတိထားမိအောင် စိတ်ဝင်စားအောင် လက်သွားတို့တဲ့ သဘောဖြစ်ပြီး သူ Poke, ကိုယ် Poke နဲ့ တစ်ဖက်က မရပ်မချင်း Poke War ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် မခင်သေးသူများ၊ ခင်ချင်သူများအတွက် အပျော်တန်း သုံးဖို့ထားထား တာလေးပါ။ ခင်ပြီးသား Friend တွေလည်း အားအားနေ လိုက် Poke နိုင်ပါတယ်။ Friend List ထဲ ရှိပြီးသား သူငယ်ချင်းတွေလည်း တစ်ယောက်တစ်လည့် Poke နိုင်ပါတယ်။

ဒီတော့ ကိုယ်က Friend မဖြစ်သေးတဲ့ သူတစ်ယောက်ယောက်ကို သွား Poke ပြီဆိုရင် အ Poke ခံရသူအနေနဲ့ လာ Poke တဲ့ သူရဲ့  Wall ကို အတားအဆီးမရှိ ဝင်ကြည့်လို့ရပါပြီ။ Friend List ထဲကလူတွေ မြင်ရ သလိုပဲ မြင်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါက ၃ ရက်အတွင်းမှာပါပဲ။ ဒီလိုနဲ့ သူက ကိုယ့်ကို လာ Poke လို့ တို့လည်း ပြန် Poke ပြီဆိုရင် နှစ်ဖက် စလုံးက တစ်ဖက်ဆီကို ၃ ရက် မြင်ခွင့်၊ ကြည့်ခွင့် ရမှာ ဖြစ်ပါတယ်။


ဒီတော့ တစ်ယောက်နဲ တစ်ယောက် ဓာတ်ပုံတွေကြည့်၊ Profile တွေဖတ်ပြီး ခင်ချင်ရင် Add လုပ်နိုင်ပြီး မခင်ချင်လည်း မ Add ပဲ နေလို့ရပါတယ်။ သို့တည်းမဟုတ် အ Poke ပြိုင်ပွဲ (Poke War) စေဆာ့ချင်တယ်ဆိုရင် လည်း ဆော့လို့ရပါတယ်။ ကိုယ်ကချည်း လိုက် Poke နေပြီး ဟိုက ပြန်မPoke ဘာလားဖြစ်နေလည်း ကိစ္စမရှိပါဘူး။ ဟိုက Block တာ ခံရရင်တော့ တစ်မျိုးပေါ့။

Poke မယ်ဆိုရင် Friend ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ် Poke ချင်တဲ့ သူရဲ့  Timeline ကိုဝင် Timeline Cover အောက်က Message ဆိုတဲ့ စာလေးက Setting sign ကို ကလစ်နှိပ်လို့ Poke ဆိုတာလေးကို ရွေး Click နှိပ်ရ မှာ ဖြစ်ပါတယ်။


Written by အောင်ခမ်း (TSJ team)

Sunday, January 19, 2014

မြန်မာနိုင်ငံ၏ ပထမဆုံး သတင်းစာ



မြန်မာနိုင်ငံ၏ ပထမဆုံး သတင်းစာ (မော်လမြိုင် ခရော်နီကယ် သတင်းစာ)ကို  ၁၈၃၆ ခုနှစ် မတ် ၃ ရက်က စတင် ထုတ်ဝေခဲ့သည်။ အင်္ဂလိပ် ဘာသာဖြင့် တစ်ပတ်တစ်ကြိမ် ထုတ်ဝေခဲ့သည်။ စတင် ထုတ်ဝေစဉ်က ဗုဒ္ဓဟူး နေ့တိုင်း ထုတ်ဝေခဲ့ပြီး ၁၈၃၇ ခုနှစ်တွင် စနေနေ့တိုင်း ထုတ်ဝေခဲ့သည်။

မော်လမြိုင် ခရော်နီကယ် သတင်းစာကို တနင်္သာရီတိုင်း ဒေသကြီး ဝန်ရှင်တော် မင်းကြီး ဘလန်ဒယ်က ကိုယ်ပိုင်ငွေဖြင့် ပုံနှိပ်စက်နှင့် ခဲစာလုံးများကို မှာယူ တင်သွင်းကာ မော်လမြိုင်မြို့၌ တည်ထောင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။  ပထမဆုံး အယ်ဒီတာမှာ အမေရိကန် နှစ်ခြင်း သာသနာပြု ဆရာ ဘဲနက် (Rev.Cephas Bennett) ဖြစ်သည်။ ဘဲနက်သည် မော်လမြိုင်မြို့၌ ဖွင့်ခါစ ဖြစ်သော အစိုးရ အခမဲ့ ကျောင်း၏ ကျောင်းအုပ်ကြီးလည်း ဖြစ်သည်။ ရန်ကုန်မြို့နှင့် မော်လမြိုင် မြို့ရှိ သတင်းထောက် များက ကာလကတ္တားနှင့် အခြား အိန္ဒိယ သတင်းစာများသို့ ပေးပို့သော သတင်းများမှာ မှန်ကန်ခြင်း မရှိသောကြောင့် သတင်းမှန် များကို ရေးသား ထုတ်ဝေရန်နှင့်  သတင်းမှား များကို တိုက်ဖျက်ရန် သတင်းစာ တစ်စောင် အထူး လိုအပ်သည်ဟု ယူဆသောကြောင့် ဘလန်ဒယ်က မော်လမြိုင် ခရော်နီကယ် သတင်းစာကို ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

စတင် ထုတ်ဝေစဉ်က လပေးဖတ်သူ ၁ဝ ဦးသာရှိသည်။ သတင်းစာ၏ အရွယ်အစားမှာ ၁၂ လက်မခွဲနှင့် ရှစ်လက်မခွဲ ရှိပြီး ကော်လံကြီး နှစ်ကော်လံ ခွဲထားသော စာမျက်နှာ ရှစ်မျက်နှာ ပါရှိသည်။ ရောင်းဈေးမှာ တစ်စောင်ငါးမူး ဖြစ်သည်။

ကြော်ငြာခမှာ အစ၌ စာတစ်ကြောင်း တစ်ကြိမ်ထည့်လျှင် နှစ်ပဲနှုန်း ဖြစ်သော်လည်း ၁၈၄၄ ခုနှစ် သြဂုတ် ၁ ရက် ကြာသပတေးနေ့မှ စတင်ကာ စာတစ်ကြောင်း တစ်ကြိမ်ထည့် လေးပဲဖြစ်ပြီး ထိုကြော်ငြာစာ တစ်ကြောင်းကို ဒုတိယ အကြိမ် ပြန်ထည့်လျှင် သုံးပဲ၊ တတိယ အကြိမ် ပြန်ထည့်လျှင် နှစ်ပဲဟူ၍ လည်းကောင်း၊ ကော်လံတစ်ဝက်ကို ၁၈ ကျပ်နှင့် ကော်လံပြည့် (စာမျက်နှာ တစ်ဝက်)ကို  ၃၆ ကျပ် ဟူ၍ လည်းကောင်း ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း   သမိုင်း မှတ်တမ်းများ အရ  သိရသည်။

 ကေတု @  Myawady

Saturday, January 18, 2014

မြန်မာ.လက်ရွေးစင် ဘောလုံးအသင်း များ၏ ၂၀၁၄ ပွဲစဉ်များ

အာရှ U 22 ပြိုင်ပွဲဝင် မြန်မာ.လက်ရွေးစင်ဘောလုံးအသင်း ( Photo by MFF )

၂၀၁၄ ဘောလုံးရာသီအတွင်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ၊ သက်တမ်းအလိုက် ပြည်တွင်းပွဲစဉ်များ၊ ရှုံးထွက်ဖလား အပါအ၀င် အခြားသော ပြည်တွင်းဘောလုံး လှုပ်ရှားမှုများက မြန်မာ့ ဘောလုံးပရိသတ်ကို အဆင့်သင့် စောင့်ကြို နေကြသည်။ အလားတူ မြန်မာ့ လက်ရွေးစင် အသင်း၏ နိုင်ငံတကာ ခြေစမ်းပွဲများကလည်း အနှေးနှင့် အမြန်ဆိုသလို ရောက်ရှိလာဦးမည်ဖြစ်သည်။ ကမ္ဘာ့ဘောလုံး ဇာတ်ခုံကို ကြည့်ပြန်တော့ မြန်မာ့ လက်ရွေးစင် အသင်းများ၏ ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတာ ပြိုင်ပွဲများကလည်း အစီစီအရီရီ ရှိနေပြန်သည်။ အစဉ်သဖြင့် ရပ်တန့်နေခြင်း မရှိသည့် ဘောလုံး၏ ကကွက်များက ကျွန်တော်တို့ ပရိသတ်များ၊ ဘောလုံးလောကသားများကို ရင်ခုန် စိတ်လှုပ်ရှားမှုများ ဆက်လက် ပေးစွမ်းနေဦးမည်သာဖြစ်၏။ မြန်မာ့ လက်ရွေးစင် အသင်းကြီးနှင့် သက်တမ်းအလိုက် လက်ရွေးစင် အသင်းများ၊ အမျိုးသမီး လက်ရွေးစင်အသင်းများ၊ ဖူဆယ်အသင်းများ၏ ၂၀၁၄ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတကာ ပြိုင်ပွဲများကို ပရိသတ်များ သိရှိစေရန် အတွက် ရေးသားဖော်ပြလိုက် ရပါသည်။ 

(က) အာဆီယံ ဒေသတွင်း ပြိုင်ပွဲများ
၁။ အာဆီယံ ယူ၁၆ (အမျိုးသား)
အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ (ပြိုင်ပွဲကျင်းပမည့် နေ့/ရက် အချိန်မထုတ်ပြန်သေး)

၂။ အာဆီယံ ယူ၁၉ (အမျိုးသား)
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဟနွိုင်တွင် ကျင်းပမည်ဖြစ်သည်။

၃။ ၂၀၁၄ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်
မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး သြဂုတ်လအတွင်း ကျင်းပသွားမည်ဟု သိရသည်။

၎။ ၂၀၁၄ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

၅။ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား- ခြေစစ်ပွဲ)
လာအိုနိုင်ငံတွင် အောက်တိုဘာ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

၆။ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား နောက်ဆုံးအဆင့်)
အုပ်စုပွဲစဉ်များကို စင်ကာပူနှင့် ဗီယက်နမ်တို့ ပူးတွဲအိမ်ရှင်ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၂ မှ ၂၉ အတွင်းကျင်းပမည်ဖြစ်သည်။ ရှုံးထွက် အဆင့်ပြိုင်ပွဲကို ဒီဇင်ဘာ ၆ မှ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ `

(ခ) အာရှအဆင့် ပြိုင်ပွဲများ
၁။ AFC U-22 Championship 2014 (Omen)
ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အိုမန်နိုင်ငံတွင် ကျင်းပခဲ့ပြီးဖြစ်သည်။

၂။ AFC U16 Championship 2014 (Final Round)
အာရှ ယူ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာ ၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

၃။ AFC U19 Championship 2014 (Final Round)
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပသွားရန် စီစဉ်ထားသည်။

၎။ AFC Women's Championship 2014
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် မေလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် (၈)သင်းအနက် ထိပ်ဆုံး(၅)သင်း ၂၀၁၅ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မည်ဖြစ်ပါသည်။

၅။ AFC U 16 Women's Championship 2015 (ခြေစစ်ပွဲ)
အောက်တိုဘာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ခြေစစ်ပွဲအုပ်စု ပွဲစဉ်များကို သက်ဆိုင်ရာ နိုင်ငံများတွင် ကျင်းပသွားမည် ဖြစ်သည်။

၆။ AFC U 19 Women's Championship 2015 (ခြေစစ်ပွဲ)
နိုဝင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ခြေစစ်ပွဲအုပ်စု ပွဲစဉ်များကို သက်ဆိုင်ရာ နိုင်ငံများတွင် ကျင်းပသွားမည် ဖြစ်သည်။

၇။ AFC Futsal Championship 2014 (Final Round)
ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

၈။ AFC Challenge Cup 2014 (Final Round)
မော်လ်ဒိုက်စ် နိုင်ငံတွင် မေလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

၉။ AFC U22 Championship Qualification
အာရှ ယူ၁၉ ခြေစစ်ပွဲကို ဇူလိုင် ၁၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာ ခြေစစ်ပွဲဝင် နိုင်ငံများတွင် ကျင်းပသွား မည်ဖြစ်သည်။

၁၀။ ဂျပန်-အာဆီယံ ယူ၁၄ ဖိတ်ခေါ်ပြိုင်ပွဲ
ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

Friday, January 17, 2014

Photo Comment Collection ( 1 )

ယခု ၂ နှစ် ၃နှစ်အတွင်း အရှိန်အဟုန်ပြင်းပြင်း လွှမ်းမိုးလာသော Facebook လူမှုရေး ကွန်ယက်တွင် ၂၀၁၃ မှစ၍ Comment များတွင် ဓါတ်ပုံထည်.သွင်းခွင်.ပြုခြင်းမှ စကာ လူသုံးများလာသော Style တစ်ခုက Photo Comment များပင်ဖြစ်သည် ။ တစ်ခါတစ်ရံတွင် အပေါ်မှ တင်လိုက်သော Status & Photo များသည် အောက်မှပေးသော Photo Comment များကြောင်. ပို၍ အသက်ဝင်လာတတ်သလို လုံးလုံးကို ရည်ရွယ်ရင်း ပျက်သွားကြရသည်များလည်း၇ှိသည် ။ သေချာသည်ကတော. Photo Comment အတော်များများသည် တစ်နည်းတစ်ဖုံ နှစ်သက်ဖွယ်ရာများပင် ။ ထို Photo Comment များထဲမှ ပြုံးချင်စရာ အချို. စုဆောင်းတင်ပြပါသည်။ မူရင်း Creator အားလုံးအားလည်း ကျေးဇူးတင်ရှိပါသည် ။
















ခောတ်ကိုပြောသော ကာတွန်းများ

ယနေ.ခောတ်၏ အခြေအနေ ကို ရှုထောင်.စုံမှ ရေးဆွဲကြသော နယ်ပယ်စုံ အကြောင်းအရာစုံ ကာတွန်းအချို. စုစည်းမှုဖြစ်ပါသည် ။ မူရင်းကာတွန်းဆရာ အားလုံးအား ကျေးဇူးတင်ရှိပါသည် ။










Thursday, January 16, 2014

MNL 2014 ရာသီအတွက် Ayeyawady United FC ၏ အ၀င်အထွက်များ


ဧရာဝတီယူနိုက်တက် FC သည် အသင်း၏ စီမံမန်နေဂျာ ဦးဇော်မြင့် အား 
 (၁၀.၁.၂၀၁၃ သောကြာနေ့) တွင် တာဝန်မှ အနားပေးခဲ့သည်။

ဦးဇော်မြင့်သည် ဧရာဝတီယူနိုက်တက် FC တွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ စီမံမန်နေဂျာ တာဝန်အား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ရာသီ၏ ဒုတိယ အကျော့တွင် အသင်းပိုင်ရှင်များ၏ တာဝန်ပေးမှုအရ စီမံမန်နေဂျာ၏ လုပ်ငန်း တာဝန်များအပြင် အသင်းအုပ်ချုပ်သူ ရာထူးကိုပါ ပူးတွဲ တာဝန်ယူခဲ့သူ ဖြစ်သည်။

၎င်းနောက် ဒုတိယအကျော့ပွဲစဉ် (၃) ပွဲ ကျန်ရှိသည့်အချိန်တွင် အသင်းအုပ်ချုပ်သူနေရာတွင် ဦးလင်းရောင်အား ပြောင်းလဲခန့်အပ်ခဲ့သည်။ ဦးဇော်မြင့်သည် ပြီးခဲ့သည့် ၂၀၁၃ MNL Cup မတိုင်ခင်ကပင် အသင်းမှ နှုတ်ထွက်ခွင့် တောင်းခဲ့သော်လည်း အသင်းပိုင်ရှင်များက ဆက်လက်တာဝန်ပေးထားခဲ့ပြီး  (၁၀.၁.၂၀၁၃) နေ့တွင် နှုတ်ထွက်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါသည်။

အသင်းမှ နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ဦးဇော်မြင့်က “Professional လောကမှာတော့ ဘောလုံးအသင်း တစ်သင်းမှာ အလုပ်ခန့်တယ်၊ ထွက်ခွာခွင့်ပြုတယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ အရင်က ထွက်ခွာခွင့်တောင်းခဲ့တယ် ဆိုပေမယ့်လည်း ဘောလုံးပွဲတွေ ရှိနေသေးတာက တစ်ကြောင်း၊ တစ်ခြားလုပ်ဆောင်စရာတွေ ရှိနေသေးတာတွေကြောင့် အရင်က ခွင့်မပြုခဲ့တာ ဖြစ်မှာပါ။ အခုတော့ နောက်ရာသီလည်း စတော့မယ်ဆိုတော့ အသင်းကို ပြန်လည်ဖွဲ့စည်းရမယ့် အချိန်ဆိုတော့ အခုလို ထွက်ခွာခွင့်ပြုလိုက်တာလို့ ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ အလုပ်ရှင်ဖြစ်ခဲ့တဲ့ အသင်းပိုင်ရှင်တွေကို ကျေးဇူးတင်ပါတယ်။ ဧရာဝတီယူနိုက်တက်ရဲ့ နည်းပြ၊ အုပ်ချုပ်အဖွဲ့နဲ့ ကစားသမားတွေကိုလည်း ချစ်ခင်မှု ရှိပါတယ်။ ရှေ့ဆက်ပြီး အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်” ဟု ဖွင့်ဟ ပြောကြားခဲ့သည်။



ဧရာဝတီယူနိုက်တက် FC သည် ဦးဇော်မြင့်၏ နေရာတွင် ယခင် လက်ထောက် စီမံမန်နေဂျာဖြစ်သော ဦးအောင်ချိုအား မန်နေဂျာစီမံရာထူးဖြင့် ပြောင်းလဲတာဝန်ပေးအပ်လိုက်ပါသည်။


ထို.အပြင် ဧရာဝတီယူနိုက်တက် FC သည် အောက်ဖော်ပြပါ စာချုပ် သက်တမ်းကျန်ရှိနေသေးသည့် ကစားသမား (၄) ဦးအား (၁.၁.၂၀၁၄) နေ့မှ စ၍ စာချုပ်ဖျက်သိမ်းခဲ့သည်။

၎င်းတို့မှာ -



၁) ပြည့်ဖြိုးဦး (ဂိုး)
၂) ထူးကျော် (နောက်တန်း)
၃) မျိုးဇော်ဦး (နောက်တန်း) နှင့်
၎) ညီညီမင်း (အလယ်တန်း)
တို့ ဖြစ်ကြသည်။

၎င်းကစားသမား (၄) ဦးတွင် ပြည့်ဖြိုးဦးနှင့် မျိုးဇော်ဦးတို့မှာ စာချုပ်သက်တမ်း (၁) နှစ်စီကျန်ရှိသေးပြီး ထူးကျော်မှာ စာချုပ်သက်တမ်း (၂) နှစ် နှင့် ညီညီမင်းမှာ စာချုပ်သက်တမ်း (၄) နှစ် အသီးသီး ကျန်ရှိနေသည့် ကစားသမားများ ဖြစ်သည်။ ၄င်းကစားသမားများမှာ စာချုပ်ဖျက်သိမ်းလိုက်သည့် (၁.၁.၂၀၁၄) နေ့မှ စတင်၍ အခြား မည်သည့်ကလပ်အသင်းနှင့် မဆို လွတ်လပ်စွာ ပြောင်းရွှေ့ကစားခွင့် ရှိပြီ ဖြစ်ပြီး စာချုပ်ဖျက်သိမ်းသည့် အတွက် လျော်ကြေးငွေအား ကစားသမားနှင့် အသင်း၏ တာဝန်ရှိသူများ ညှိုနှိုင်းဆုံးဖြတ်သွားမည် ဖြစ်ပါသည်။

ဧရာဝတီယူနိုက်တက် FC သည် ယခုစာချုပ်ဖျက်သိမ်းလိုက်သော ကစားသမား (၄) ဦးမတိုင်မီ ၂၀၁၃ ဒီဇင်ဘာလတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည့် ကစားသမား (၄) ဦးအားလည်း (၁၉.၁၂.၂၀၁၃) နေ့တွင် အသင်းမှ ထွက်ခွာခွင့် ပြုခဲ့သည့်အတွက် အသင်းနှင့် လမ်းခွဲသည့် ကစားသမား (၈) ဦးအထိ ရှိပြီ ဖြစ်ပါသည်။
(၃၁.၁၂.၂၀၁၃) နေ့တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည့် ကစားသမား (၄) ဦးအား အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ၄င်းတို့ (၄) ဦးမှာ
၁) ထွန်းလင်းအောင် (နောက်တန်း)
၂) ဖြိုးဝေစံ (နောက်တန်း)
၃) ကျော်ဇေယျာမင်း (နောက်တန်း) နှင့်
၎) စည်သူသန်း (ရှေ့တန်း)
တို့ဖြစ်သည် ။


ထိုသို. ခွဲခွာမှု ၊ ပြောင်းရွှေ.မှုများ ရှိသလို ပူးပေါင်းမှု ၊ ခေါ်ယူမှုများလည်း ပြုလုပ်ခဲ့ပါသည် ။
 ၂၀၁၄ ရာသီအတွက် ပြည်တွင်းနှင့် နိုင်ငံခြား ကစားသမားများအား ခြေစွမ်း စမ်းသပ်ခံနေသူများ အနက်မှ (၇.၁.၂၀၁၄ အင်္ဂါနေ့) တွင် နိုင်ငံခြား ကစားသမား (၃) ဦးအား စာချုပ် ချုပ်ခဲ့သည်။

၎င်းတို့ (၃) ဦးမှာ
နာက်တန်း - ကလစ်ဖို့ (Clarke Clifford) (နိုက်ဂျီးရီးယား)
အလယ်တန်း - ကိုနေး (Lassina Kone) (အိုင်ဗရီကို့စ်) နှင့်
ရှေ့တန်း - ကင်မ် (Kim Sungmin) (ကိုရီးယား) ဖြစ်ကြသည်။


ယခု စာချုပ်ချုပ်ဆိုလိုက်သော နိုင်ငံခြားသား ကစားသမား (၃) ဦးတွင် ကလစ်ဖို့မှာ ယမန်နှစ်က ဟံသာဝတီယူနိုက်တက်တွင်လည်းကောင်း၊ ကိုနေးမှာ ရတနာပုံ FC၊ မကွေး FC နှင့် နေပြည်တော် FC တို့တွင် ကစားခဲ့ဖူးသောကြောင့် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရှိသော ကစားသမားများ ဖြစ်ပြီး ကင်မ် မှာ ယခုနှစ်တွင်မှ မြန်မာနေရှင်နယ်လိဂ်တွင် လာရောက်ကစားသည့် ကစားသမားဖြစ်သည်။ ကင်မ်မှာ အသက် (၂၇) နှစ်အရွယ်ရှိပြီး ၂၀၁၁ ခုနှစ်တွင် ကိုရီးယား K 1 League ၏ Suwon Samsung FC၊ ၂၀၁၂ ခုနှစ်တွင် စင်ကာပူ Home United နှင့် ၂၀၁၃ ခုနှစ်တွင် ကိုရီးယား K 2 League ၏ Kimpo City FC တို့တွင် ကစားခဲ့ဖူး သည့် ကစားသမား တစ်ဦးဖြစ်သည်။

၎င်းကစားသမားများအား စာချုပ်ချုပ်ဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ဧရာဝတီယူနိုက်တက် FC ၏ နည်းပြချုပ် ဦးဆန်းဝင်းက-
“အစကတော့ နိုင်ငံခြား ကစားသမား ခေါ်ယူရင် မြန်မာနေရှင်နယ်လိဂ်မှာ မကစားဘူးသေးတဲ့ ကစားသမားကိုပဲ ခေါ်ဖို့ စဉ်းစားခဲ့တာပေါ့။ အခု နိုင်ငံခြားကစားသမား (၁၂) ယောက်လောက်ကိုလည်း ခေါ်ပြီး အသင်းမှာ ခြေစွမ်းစမ်းသပ် လေ့လာပြီးပြီ။ သိပ်ပြီးအဆင်ပြေတာ မတွေ့ရဘူး။ ကလစ်ဖို့တို့ ကိုနေးတို့ကို ခြေစွမ်းလေ့လာလိုက်တဲ့အခါမှာတော့ အခြားကစားသမားတွေထက် အသင်းနဲ့ ပိုပြီး အံဝင်တာ တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုပဲ စာချုပ်ချုပ်ဖြစ်တာပါ။ ဒီအတိုင်းပဲ ကင်မ်ရဲ့ ခြေစွမ်းကလည်း အသင်းနဲ့ အံဝင်မှု ရှိပါတယ်။ ဒါကလည်း ကျနော်တစ်ယောက်တည်း အကြိုက်ရွေးလိုက်တာတော့ မဟုတ်ပါဘူး။ အသင်းရဲ့ တာဝန်ရှိသူတွေကိုယ်တိုင် သူတို့ကစားတာကို လာရောက် ကြည့်ရှုခဲ့ပြီး နှစ်သက် လက်ခံလို့ စာချုပ် ချုပ်ဖြစ်တာပါ။

ဧရာဝတီယူနိုက်တက် FC သည် ၄င်း နိုင်ငံခြားကစားသမား (၃) ဦးအား ၂၀၁၄ ဇန်န၀ါရီလမှ စက်တင်ဘာလ (၃၀) ရက်အထိ (၉)လ သက်တမ်းရှိ စာချုပ်များ အသီးသီးချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားကစားသမား (၄) ဦး ပြည့်အောင် ခေါ်ယူမည် ဖြစ်သည့်အတွက် ကျန်ရှိနေသည့် ကစားသမားတစ်ဦးအား ဇန်န၀ါရီလ ဒုတိပတ်အတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ရန် စီစဉ်လျှက် ရှိသည်။


ထို.အပြင် ပြည်တွင်း ကစားသမား ခေါ်ယူမှုအနေဖြင်.
၁။ စံမျိုးဦး (နောက်တန်း) - ယခင်အသင်း (မနောမြေ FC)
၂။ ကိုကိုမောင် (အလယ်တန်း)- ယခင်အသင်း (ချင်းယူနိုက်တက် FC)
၃။အေးကိုကိုမောင် (နောက်တန်း)- ယခင်အသင်း (ချင်းယူနိုက်တက် FC)
၎။ပြည့်ဖြိုးကိုကို (နောက်တန်း) - ယခင်အသင်း (ချင်းယူနိုက်တက် FC)
၅။ ဝေဠု (
ရှေ့တန်း) - ယခင်အသင်း (ရတနာပုံ FC)
၆။ နေလှိုင် (ဂိုး) - ယခင်အသင်း (နေပြည်တော် FC)  
တို.အားစာချုပ်ချုပ်ဆိုခေါ်ယူခဲ့သည် ။
၎င်းကစားသမားများထဲမှ စံမျိုးဦး၊ ကိုကိုမောင်၊ အေးကိုကိုမောင်၊ ပြည့်ဖြိုးကိုကို၊ ဝေဠု တို့အား(၁.၁၂.၂၀၁၃) နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်း (၂) စီဖြစ်ကာ နေလှိုင်အား (၁.၁.၂၀၁၄) နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်း (၃) နှစ်ဖြစ်သည်ဟု သိရပါသည် ။

Ref ; Ayeyawady United FC & Fan Page @ Facebook