Wednesday, February 12, 2014

မြို.လေးဆိက ထမနဲပွဲ ၊ ထမနဲ.ပွဲ ပေါ်ပေါက်လာပုံ နှင်. မီးဖုန်းပွဲ ၊ သြ၀ါဒိပါတိမောက်



မြန်မာလူမျိုးတို.တွင် ၁၂လရာသီ တွင် သက်ဆိုင်ရာ အချိန်အခါလိုက် ပွဲတော်များ ရှိသည်. အနက် အချို.က ရာသီဥတု ကိုအကြောင်းပြု၍ ၊ အချို.က ဘာသာရေးဆိုင်ရာ ယုံကြည်မှုကိုအကြောင်းပြု၍ ၊အချို.က နိုင်ငံတော်၏ ကာကွယ်ရေး ၊ လူမျိုး၏ယဉ်ကျေးမှု စသည်ဖြင်. နယ်ပယ်စုံ ကိုအကြောင်းပြု၍ ပေါ်ပေါက်လာသည်. ပွဲတော်များ အနက် မြန်မာ.ရိုးရာအစားအသောက်အမည်တစ်ခု တပ်လျှက် ပြုလုပ်သည်က တော. တပို.တွဲလ ထမနဲ ပွဲ တစ်ခုသာ ရှိသည် ။



မြန်မာ. ၁၂ လအနက် တပို.တွဲလပြည်.သည် ထူးခြားသော ဂုဏ်ပုဒ်တို.ရှိနေခဲ့သည် ။ ထိုနေ.တွင် *   *           *        အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူသောနေ့ ဖြစ်ခြင်း။
*       အရှင်သာရိပုတ္တရာ နှင့် အရှင်မဟာ မောဂ္ဂလာန် ဧတဒဂ် ရတော်မူသော နေ့ဖြစ်ခြင်း။
*       အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိတ် သတ်တို့ အလိုအလျှောက် စုဝေးမိသော နေ့ဖြစ်ခြင်း။
*       ဘုရားရှင်တိုင်း သြဝါဒပါတိမောက် ပြတော်မူသော  နေ့ဖြစ်ခြင်း (အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို သြဝါဒဟု ခေါ်ပါသည် ထိုသြဝါဒ မိန့်ကြားတော်မူခြင်းကို သြဝါဒပါတိမောက်ပြသည်ဟု ခေါ်ဆိုပါသည် )
ထိုသို. သြ၀ါဒပါတိမောက် ပြ ရာတွင်လည်း ဘုရှားရှင်တိုင်းသည် သြဝါဒပါတိမောက်ကို အင်္ဂါလေးချက်နှင့် ညီသော်အခါမှသာ ပြတော်မူသည်.
*       တပို့တွဲ လပြည့်နေ့ဖြစ်ခြင်း
*       ဧဟိဘိက္ခု ရဟန်းတော်ချည်းသာ စုဝေးမိခြင်း
*       ဆဠဘိညပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းသာ စုဝေးမိခြင်း
*       မည်သူကိုမျှ မပင့်ဖိတ်ဘဲ အလိုလိုသာ စုဝေးမိသော အခါဖြစ်ခြင်း   

ဂေါတမမြတ်စွာဘုရားသည် ပထမဦးဆုံးသော ပါတိမောက်ကို မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ် တပို့တွဲလပြည့်နေ့ တွင် အထက်ပါ အင်္ဂါတို့နှင့် ပြည့်သည်ဖြစ်၍ ကဿပညီနောင် ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် နှင့် တပည့် ၂၅ဝ- စုစုပေါင်း ရဟန္တာ၁၂၅၂-ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြဝါဒပါတိမောက်ကို ပြတော်မူပါသည်။



ထိုတပို.တွဲလပြည်.နေ.တွင် မြန်မာ.ရိုးရာ အစားအစာ တစ်မျိုးဖြစ်သော ၊ အစားအသောက် ဆိုသည်ထက် ညီညွတ်မှု၏ ပြယုဂ် တစ်ခု လည်းဖြစ်သော ထမနဲ (သို.) နှမ်းမနဲ ထိုး၍ ဘုရားရှင်ကို ဆက်ကပ်လှုဒါန်းခြင်း ၊ စတုဒိသာပြုခြင်းများ ကို အစဉ်အဆက်ပြုလုပ်ခဲ့ကြပါသည် ။တစ်ခုတိုက်ဆိုင်နေသည်က ညီညွတ်ခြင်းဖြင်.သာ တင်.တည်အပ်သော ထမနဲပွဲ ရာသီကား ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြိး ခန်.ထည်စွာဖြစ်တည်လာရေးအတွက် အရေးပါသော ပြည်ထောင်စုနေ. နှင်. မနိးမဝေး ရက်တွင် ကပ်လျှက် တည်ရှိနေခြင်းဖြစ်သည် ။

ထမနဲပွဲ ပေါ်ပေါက်လာရပုံ နှင်. ပတ်သက်၍ လေ.လာမိသည်မှာ
တပို့တွဲလသည် မြန်မာလ၏၁၁လမြောက်သောလဖြစ်၏ဆောင်းဥတု၏ကုန်ဆုံးရန်နောက်ဆုံးလထဲလည်းပါ၏ တပိုလ၏နောက်ဆုံးအပတ်သည် အချမ်းဆုံးအချိန်ဟူပင်ဆိုကြသည် ။ ထို့ကြောင့်
တပို့တွဲလ၌ အချမ်းပိုသည် ။ မြတ်စွာဘုရားရှင်၏လက်ထက်၌ တပို့တွဲမှတပေါင်းသို့အကူးအကြား ရှစ်ရက်သည် အလွန်အေးမြသည် ။ ၀ိနည်းတော်အရဘုရားရှင်သည် ရဟန်းတို့ကို မီးမလှူံရန်တားမြစ်ပိတ်ပင်ထားသည် ။ တားမြစ်ရခြင်းအကြောင်းမှာ မိးနှင့် မျက်စိမသင့်ခြင်း ၊ မီးလှုံခြင်း ကြောင့်အဆင်းပျက်ခြင်း ၊
ခွန့်အားဆုတ်ယုတ်ခြင်း ၊မီးလှုံရင်းအပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း၊ ယင်းတို့နှင့်အကျိုးမရှိသောစကားများကို ပြောဆိုခြင်းဟု၍ဖြစ်သည်။ သို့ရာတွင် အဆိုပါ တပို့တွဲလအကုန် တပေါင်းလအကူး ကြားရှစ်ရက်သည် အလွန်အေးမြသောကြောင့် ထိုရက်များ အတွင်း ရဟန်းမီးလှုံရန်ခွင့်ပြုတော်မူရုံမျှမကသေး ၊မိမိကိုယ်တော်တိုင် လည်းမိးလှုံတော်မူလေ့ရှိ၏။ဤသည်ကိုအစွဲပြု၍ တပို့တွဲလ၌ မီးပုံပွဲ သဘင်ကို ဆင်ယင်  ကျင်းပကြသည် ။

မီးပုံဟူသော အသုံးအနှူန်းမှာအရပ် စကားဖြစ်သည်။ စာပေအမှတ်အသားမှာမူ မီးဖုန်းသဘင်ဟုရေးရသည် ။ အလှူရှင်ဒကာ ဒကာမတို့သည် မီးဖုံးပွဲကို ကျင်းပရန်အလို့ငှါတောသို့တက်၍ နံ့သာစသောထင်းများကို လူစုလူဝေး နှင့်ခုတ်ကြသည် ။ထို့နောက်ထိုထင်းများကို စုပုံမီးရှို့၍ ဘုရားကျောင်းတန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်သည် ။ အချို့ကလည်း မီးမယ်ဖျူးခေါ် မီးလင်းဖို၌အမွှေးနံ့သာ ထင်းများကို ထည့်၍ မီးဖိုကာ ပူဇော်ကြသည်။ ယခုခေတ်၌ပင်လင် ရွှေတိဂုံဘုရားပေါ်တွင် တပို့တွဲလဆန်း၁၄ ရက် အဖိတ်နေ့၌ မီးခဲများပေါ်တွင်း နှံ့သားမှုံ့များကျဲဖြန့်၍ ဘုရားရှင်အား အမွှေးနံ့သာ အပူဓာတ်တို့ဖြင့် ပူဇော်ကြသေးသည်ကို တွေ့ရှိုနိုင်ပေသေးသည်

 ဤပွဲသဘင်ကိုစီရင်ကျင်းပရာ၌  ဆောင်ရွက် ရမြဲထုံးစံမှာ လူ ၁၀၀၀။ ယာဂုအိုး၁၀၀၀ ၊ ထန်းစင်၁၀၀၀တို့ကိုစီမံပြီးလျင် ဘုရား၊ ကျောင်း ၊တန်ဆောင်းများ၌ မီးအပူဓာတ်ကိုလှူဒါန်းပူဇော်ကြသည် ။
တပို့တွဲ လပြည့်နေ့မတိုင်မီ လဆန်းရှစ်ရက်နေ့ကစပြီး မီးပူဇောိသူ တို့သည် စင်းလုံးချောသက်ရင်းပင်များကို ခုတ်ယူ ပြီးလျှင်အခွံခွာ၍ နနွင်းဖြင့် လိမ်းကျံကာသုံးဆင့်စည်းနှောင်ထားကြ၏ ။ 
ခြောက်သွေ့သောအခါ မီးပုံပွဲကျင်းပရာသို့ လပြည့်နေ့ မတိုင်မီလာရောက်စုပုံကြ၏ ။
မီးပုံတိုင်များစိုက်ထူရန်မြေကွက်လပ်တွင် အတောင်၃၀ -အရှည်ရှိသော ဥရူတိုင်ကြီးငါးတိုင်စိုက်ထား၏ ။ထိုတွင်ထင်းစည်းမီးပုံစည်းများကိုမှီ၍စိုက်ထူ၏ ။
နံနက်လေးနာရီတွင် ဆရာတော်က ၀တ်ပြုဆုတောင်းရာရဟန်းရှင်လူတို့သည်ရှိခိုးကန်တော့ကြ၏။ထို့နောက်ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးရာမီးပုံတွင် သူ့ထက်ငါဥိးအောင်ရှို့ ကြလေသည်။  ရှေးခေတ်က ကျင်းပသောမီးပုံပွဲတွင် ယာဂုအိုး1000 လှူဒါန်းလေ့ရှိကြောင်း အထက်၌ပြဆို ခဲ့သည်ကို ကျွန်ုပ်တို့အထူးသတိမူကြရန်ရှိသည် ယင်းကိုထောက်ရှု့လျှင်မီးပုံပွဲနှင့်ယာဂုပွဲဆက်စပ်နေသည်ကိုတွေ့ရပေလိမ့်မည်၊မီးပုံပွဲကျင်းပရင်းနှင့် ယာဂုအလှူပွဲဖြစ်ပေါ်လာလေသလော ၊ ယာဂုပွဲကျင်းပရင်းနှင့်မီးပုံပွဲဖြစ်ပေါ်လားလေသလော ။ ဤနှစ်လီကိုမဝေခွဲနိုင်ပါ ။



စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခုဆက်စပ်၍ တပြိုင်းတည်းဖြစ်ပေါ်လာသည်ဟုဆိုနိုင်ရာသည် ။ ယာဂုပူဇော်ပွဲအဆင်အလာကို ၀ိနည်း ပိဋကတ်မဟာဝဂ် ပါဠိတော်၌ပြဆိုထားသည်။တစ်ရံခါသော် မြတ်စွာဘုရားသည်များစွာသော သံဃာတော်တို့နှင့်အတူ အန္ဓ၀ိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာ ဇနပုဒ်၌နေသောသူတို့သည် ဆန်ဆီဆားဆေးစသောလှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီတော်မူရာသို့လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ထိုအခါ ပုဏ္ဏားတစ်ယောက်သည်လည်းအလားတူဆွမ်းကျွေးလိုပါသော်အလှည့် မကျနိုင်သော ကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်ချိုတို့ကို မြတ်စွာဘုရား နှင့်တကွ သံဃာတော်တို့အား ဆက်ကပ် ခွင့်ပြုပါရန်တောင်းပန်လေ၏ ။

ရှင်အာနန္ဒာလည်း    ဤအကြောင်းကိုမြတ်စွာဘုရားအား လျောက်ထားရာမြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့်အတိုင်းကပ်လှူပူစေရန် သည်းခံတော်မူလေသည်။ ဤမှစ၍ယာဂုလှူပွဲအစဉ်အလာပေါ်ပေါက်လာလေသည် ၀ိနည်းတော်အရတပို့တွဲနှင့်တပေါင်းစပ်ကြား၌ ရဟန်းတို့မီးလှုံစေရန်ခွင့်ပြုသောအကြောင်း နှင့်ဆက်စပ်လျှင်ယင်းမီးပုံပွဲနှင့်ယာဂုအလှူပွဲမှာ တဆက်တည်းဖြစ်ပေါ်လာသည်ဟုယူဆနိုင်ပေသည် ၊ယာဂုဟူသည်မှာ ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ် ပင်ဖြစ်သည် ။ သို့သော်လုံးတော်ဆရာတော်၏အာဘော်အရ မြတ်စွာဘုရားသခင်သည်လေအနာနှိပ်စက်ခြင်းခံရလေသော် အရှင်အာနန္ဒာအား ယာဂုဆွမ်းခံခြေဟုမိန့်တော်မူသဖြင့် ဒကာမတဦးထံအလှူခံရာ ထိုဒကာမသည် ချင်းစိမ်း ငြုတ် ကြက်သွန် နှမ်း တို့ဖြင့်စီရင် ထားသောယာဂုဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဆိုသောကြောင့် ယာဂုသည် ငြုတ်ကြက်သွန်နှမ်းတို့ဖြင့်ရောစပ်၍ပြုတ်ထားသောအရာတစ်မျိုးဟုခေါ်ဆို ယူဆနိုင်ပေသည် ။

မင်းတုန်းမင်းလက်ထက်ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်မင်းဆက်မဟာရာဇ၀င်တော်ကြီး၌ဖတ်ရှုနိုင်ပေသည် ။ ယင်းအလှူပွဲအကြောင်း ၌ရွှေမြို့တော်လေးပြင်လေးရပ် လူတိုင်းလူတိုင်း   တိုင်းရင်းသားများမှစ၍ တရုတ်ကုလားမကျန် တိုင်းသူပြည်သားအားလုံးတို့သည် လူတစ်ကိုယ် ဆန်တစလယ်ကျ စုဆောင်း၍ ယာဂုကျိုရာ၊ ယင်းယာဂု ၌ ကောက်ညှင်း ဆန် ဆီ ဆား နှမ်း ချင်းစိမ်း မြေပဲ အုန်းသီး သစ်ကြားသီး  စသည်တို့ကို ထည့်၍ကျိုသည်ဟုဆိုသည် ။
ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဆိုကြောင်း မှတ်သားရသည်။


ထမင်းနဲ (၀ါ) ထမင်းနှဲ ဟူသောစကားသည် (ကောက်ညှင်း)ထမင်းကို နှဲ ခြင်းဟူသောစကား အသုံးအနှုန်းမှ ဖြစ်ပေါ်လာသည် ။ ဤ၌(နှဲ)ဟူသည်မှာ ထိုးကြိတ်၍ မွှေခြင်း နယ်ချင်းကိုပင်ဆိုလိုသည် ။ ရှေ့အရေးအသားအချို့တွင် ထမင်းနှဲဟူ၍ပင်ရေးကြသည် ။အချို့ကလည်း နှမ်းကိုကဲ၍ထည့်ခြင်းကြောင့် နှမ်းမနဲဟူ၍လည်းခေါ်ကြောင်း ဆိုကြသည် ။ ယင်းထမင်းနဲထိုးခြင်းစပ်လျဉ်း၍ လိုသောပစ္စည်းအချိန်အဆကို တေးထပ် စပ်ဆိုရာ အောက်ပါအတိုင်းဖြစ်ပါသည် ။

တေးထပ်
စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာထည့်မြဲ ။
ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့
နှမ်းဆီလည်းထည့်ပြန် ။
မြေပဲဆန်အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသ တိလဗီဇံ ။
အုန်းသီးစိတ် ကျပ်ဝီသံငယ်
လောနတံ ချိန်သတ်နှင့်
ချင်းနုဖတ်သိင်္ဂီမျှင်ရွှေ
သုံးကျပ်မသွေ
ရောထည့်လို့မွှေ

ဟူ၍ သိရပေသည် အဓိပ္ပါယ်မှာ ကောက်ညှင်းဆန်လေးပြည် ၊ နှမ်းဆီတစ်ပိဿာ ၊ မြေပဲဆန် ၈၀-ကျပ်သား ၊နှမ်း၃၂-ကျပ်သား ၊အုန်းသီးစိတ်၂၀ -ကျပ်သား ၊ဆား၇-ကျပ်သာား ချင်းစိမ်းသုံးကျပ်သား တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ နှဲရသည်ဟူ၏ ။
ဤကားယာဂုထမနဲဖြစ်ပေါ်လာပုံတည်း ။ဤသဘောကြောင့် ယာဂုနှင့် ထမနဲအတူတူပင်ဟုဆိုရိုးရှိ၏ ။
 မြို.လေးတွင်လည်း ယခုရာသီတွင် ထမနဲ ပွဲများ ရှိနေပါသည် ။



ယခုလာမည်. ၁၃၇၅ တပို.တွဲလပြည်.နေ.တွင် ၀ါးခယ်မမြို.ရှိ မြသိန်းတန် စေတီတော်မြတ်ကြိး ၏ ဒုတိယ အကြိမ်မြောက် ထမနဲထိုး လှုဒါန်းပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည် ။ ထိုထမနဲ ထိုးပွဲသို. ဘုရားအမှုးပြု မြို.ပေါ် ကျောင်းတိုက်များမှ ဆရာတော် ၊သံဃာတော်များ အား အာရုဏ် ထမနဲ လှုဒါန်းခြင်း ၊ အလှုရှင်များအား ထမနဲ ဝေငှခြင်း ၊ ဧည်.ပရိသတ်များအား ကျွေးမွေး ဧည်.ခံခြင်းတို.ဖြင်. လှုဒါန်းမည်ဟု သိရပါသည် ။( ထိုသတင်းက ဖေဖော်ဝါရီ ၇ ရက်နေ. စံတော်ချိန် သတင်းစာနှင်. ဖေဖော်ဝါရီ ၉ ရက် မြန်မာ.အလင်းသတင်းစာတွင် ဖော်ပြပါရှိခဲ့ပြိးဖြစ်ပါသည် )

ထို.အတူ ၁၅ - ၂- ၂၀၁၄ နေ. နံနက် ၅ နာရိတွင် ၀ါးခယ်မမြို. မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက်တွင်လည်း မြန်မာ.ရိုးရာ နှမ်းမနဲပွဲ ပြုလုပ်မည်ဖြစ်ပါသည် ။ နှမ်းမနဲ ထိုးပွဲကို တပို.တွဲ လပြည်.နေ.ည ထိုကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်ပြိး တပို.တွဲလပြည်.ကျော် တစ်ရက်နေ.တွင် သာံ.ဒါန အာရုဏ်ဆွမ်း လောင်းလှုပြိး စတုဒိသာ ကျွေးမွေးလှုဒါန်းမည်ဖြစ်ကြောင်း သိရှိရပါသည်


ထိုပွဲအတွက် လက်ရှိ ရရှိသောမတည်  အလှုရှင် စာရင်းမှာ
 
ကျထုံးဆရာတော် -ဘဘုန်း ၂၀၀၀၀ကျပ်
က၀ိသိပ်ပန်ကျောင်းဆရာတော် ၁၀၀၀၀ကျပ်
ဝါးကျောင်းဆရာတော် ၂၀၀၀၀ကျပ်
ကွမ်းခြ့ကုန်းကျောင်းဆရာတော် ၂၀၀၀၀ကျပ်
ဦးလှမင်းသူ (ဒု မြိုနယ်အုပ်ချုပ်ရေးမှူး)မိသားစု ၂၀၀၀၀ကျပ်
ဒေါ်က်တာဦးဝင်းရှိန် (မင်းပိုင်း)မိသားစု ၁၅၀၀၀ကျပ်
ဦးမိုးဆွေ (အုပ်ချုပ်ရေးမှူး မင်းပိုင်း)မိသားစု ၅၀၀၀၀ကျပ်
ဦးစိုးတင့်/ဦးကျော်တင့်/ဦးဖိုးတာ ၂၀၀၀၀ကျပ်
ဦးအောင်နိုင် (အုတ်-သဲ-ကျောက် )ရောင်းဝယ်ရေးမိသားစု ၄၀၀၀၀ကျပ်
ဦးအောင်အောင် မိသားစု (မင်းပိုင်း) ၂၀၀၀၀ကျပ်
ဦးချမ်းဝေထိုက် မိသားစု ၂၀၀၀၀ကျပ်
ဦးအေးလွင် (လက်သမား)ဆရာအဖွဲ့ ၂၀၀၀၀ကျပ်
ဦးဝင်းတင့်(ခန့်ညား) မိသားစု ၃၀၀၀၀ကျပ်
ကိုအေးသွင် (အုပ်ချုပ်ရေးမှူး ရေကျော်) ၁၀၀၀၀ကျပ်
ကိုကျော်ထွေး ယူစီ မိသားစု ၃၀၀၀၀ကျပ်
ဦးကောက်ကြီး မိသားစု ၁၀၀၀၀ကျပ်
ဦးဇော်ဝင်း မိသားစု (မင်းပိုင်း) ၅၀၀၀ကျပ်
ကိုကျော်ဇင်လင်းမိသားစု ၅၀၀၀ကျပ်
ဦးဝင်းတင် (မနောပီတိ)့အဖွဲ့ ၂၀၀၀၀ကျပ်  တို.ဖြစ်ပါသည် ။


Ref ; TMBSWA & မောင်ထင် ၊ အရှင်သောဘိတ (စိတ်ပညာ )

Monday, February 10, 2014

သက်မွန်မြင်. မယ်လိုဒီ ၀ိုင်းစုခိုင်သိန်း ချစ်သုဝေ တို.၏ မင်္ဂလာ ဓါတ်ပုံများ






ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ကျင်းပတဲ့ သက်မွန်မြင့်နဲ့ ကိုစစ်နိုင်တို့ရဲ့ စုလျားရစ်ပတ်မင်္ဂလာလက်မှတ်ထိုးပွဲ


ကိုစစ်နိုင် နှင်. မသက်မွန်မြင်. တို.၏ ဧည်.ခံပွဲနှင်. စုလျားရစ်ပတ် လက်ထပ်မင်္ဂလာ



ဖေဖော်ဝါရီလ (၈) ရက်နေ့ Sedona Hotel မှာ ကျင်းပခဲ့တဲ့
သရုပ်ဆောင် မယ်လိုဒီ နှင့် ကိုသာကောင်း တို့ရဲ့ မင်္ဂလာဧည့်ခံပွဲ...

မယ်လိုဒီနဲ့ ကိုသာကောင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ @ Sedona





ကိုသာကောင်း နှင်. မခင်မျိုးအိ ( မယ်လိုဒီ ) တို.၏ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနှင်. မင်္ဂလာဧည်.ခံပွဲ

မောင်ဥက္ကာမြင့်ကြူ နှင့် သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း တို့၏ မင်္ဂလာမောကွန်းတင် လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ ၊ မနက် ၉ နာရီခွဲတွင် Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည်။ မင်္ဂလာအသိသက်သေများအဖြစ် အဆိုတော် R ဇာနည်+ဝမ်း ၊ သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့ကဆောင်ရွက်ခဲ့
ကိုဥက္ကာမြင့်ကြူ နှင့် ဝိုင်းစုခိုင်သိန်းတို့၏ မင်္ဂလာဦးဆွမ်းကျွေးကို ဖေဖော်ဝါရီ (၁၀) ရက်နေ့ မနက်(၁၀) နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ကန်ဖျားကျောင်းတိုက်တွင် ကျင်းပခဲ့






ကိုဥက္ကာမြင်.ကြူ နှင်. ၀ိုင်းစုခိုင်သိန်းတို.၏ မင်္ဂလာ မှတ်တမ်း ဓါတ်ပုံအချို.

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မှော်ဘီမှ ဆွမ်းကပ်






မူရင်း ဓါတ်ပုံရှင်အားလုံး အား အထူးကျေးဇူးပါ

Friday, February 7, 2014

Facebook ဘယ်နေ. အပြီးဖျက် ရမလဲ


Facebook ပျက်တော့မယ် ဆိုတဲ့ ကောလဟာလ သတင်း တွေ ပလူပျံနေအောင်တွေ့ရပါတယ်။ မြန်မာ သတင်းတွေမှာလဲ တက်နေတာ သတိထားမိပါတယ် ဒါပေမဲ့ Source ကို လှန်ကြည့်မိတဲ့အခါမှာ WeeklyWorldNews.com ဆိုတဲ့ Hoax News (သတင်းအတု) တွေပဲ တင်တဲ့ website က ၂၀၁၁ တည်းက စတင်ခဲ့တယ်လို့တွေ့မိပါတယ်။နောက်တစ်ဖြည်းဖြည်း ၂၀၁၄ မတ်လ ၁၅ ထိပါရက်ရွှေ့လာတာပါ။
အကယ်၍ facebook သာ ဖျက်သိမ်းတော့မယ်ဆိုပါက ယခုလို မျိုး ငြိမ်သက်နေမှာမဟုတ်ပါဘူး။ Android, Apple, Blackberry ,Windows Phone စတဲ့ mobile update တွေ မထွက်တော့မဲ့အပြင် ဖျက်သိမ်းမည်ဆိုသောအကြောင်းကို Official Announcement ခေါင်းစီးသတင်း အနေနဲ့ Facebook မှာ ဖော်ပြမှာဖြစ်ပါတယ်။ ပြီးနောက် ကမ္ဘာ့Stock Share ဈေးကွက်မှာလည်း Facebook ရှယ်ယာ တွေ ရောင်းချထားတဲ့အတွက် ဒီလို ဖျက်သိမ်းဖို့ဆိုတာတော်တော်အချိန်ယူရမှာဖြစ်ပါတယ်။

Mark Zuckerberg ရဲ့ တရားဝင် page ဖြစ်တဲ့ www.facebook.com/Zuck မှာ ဖျက်သိမ်းမယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မဟထားတာကို လက်တွေ့သွားရောက် ကြည့်ရှုနိုင်ပါတယ်။ Social Network တွေဖြစ်တဲ့ Twitter, Linkedin, Tumblr,Pinterest, အစရှိတဲ့ Website တွေနဲ့အချိန်ပြည့်ပြိုင်ဆိုင်နေရချိန်မှာ ယခုလိုသတင်းမျိုးကိုFacebook CEO သာကြားမိပါက ဟားတိုက်ရယ်မောမှာဖြစ်ပါတယ်။ Business ပိုင်းအနေနဲ့ပြောရမယ်ဆိုရင်လဲ Market Leader ဖြစ်တဲ့အလျောက် Stable အဆင့်မှာ ရောက်ရှိနေပြီးProduct ကို ကောင်းသထက်ကောင်းအောင် လုပ်ဆောင်နေကြတယ်လို့တွေ့မိပါတယ်။ထို့အပြင် Organization ကြီးတစ်ခုလုံးဟာလဲ Mark Zuckerberg ညွှန်ကြားထားတဲ့ လက်ကိုင်ဖုန်း Mobile Platform ကိုအသားပေးတီထွင်ကြံဆထုတ်လုပ်နေကြပြီး Advertising Campaign တွေကနေ ဒေါ်လာသန်းပေါင်းများစွာ Cash Flow စီးဆင်းနေပါတယ်။

ထို့ကြောင့် ၁၅ မတ်လ ၂၀၁၄ မှာ Facebook ဖျက်သိမ်းမှာလား ဟုမေးလာခဲ့သည်ရှိသော်?
၁၀၀% မဖျက်သိမ်းပါ။

သို့သော် သုတေသီများ ခန့်မှန်းတာတော့ ၂၀၁၇ မှာ သုံးစွဲသူဦးရေ သိသိသာသာလျော့ကျသွားမယ်လို့သာပြောကြခြင်းဖြစ်ပါတယ်

ဒါ့ကြောင့် မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှ သတင်းအမှားကောလဟာလတွေကို ဘေးဖယ်ပြီး သူငယ်ချင်းမိတ်ဆွေများထံသို့ အမှန်ကို သိရှိအောင် ယခု စာကို Share လုပ်၍ စိတ်အေးချမ်းသာစွာအသုံးပြုနိုင်ပါပြီ။


Written by Jay Chan

ဘင်္ဂလားဒေ.ရှ် ဘာလို.စစ်ရေးလေ.ကျင်.နေသလဲ


အမေရိကန် - ဘင်္ဂလားဒေ.ရှ် ပူးပေါင်းလေ.ကျင်.မှု တစ်ခု

ဘင်္ဂလားဒေ.ရှ် တို.အနေနဲ. မြန်မာ.ရေပြင်အနီး စစ်ရေးလေ.ကျင်.မယ်လို. တရားဝင်အကြောင်းကြားလာပါတယ် ။ အွန်လိုင်းသတင်းဟောင်းတချို့မှာ ဖော်ပြထားချက်အရ ဆိုရင် ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖူးတယ်လို့ ဆိုပါတယ်။ 
၂၀၀၈၊ ၂၀၁၂ တို့မှာ အမေရိကန်တပ်နဲ့တွဲပြီး လုပ်ခဲ့တာပါ ။ဘင်္ဂလားဒေ့ရှ် နိုင်ငံက ၎င်းတို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်.အကြောင်းကို ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာသံရုံး၊ မြန်မာစစ်သံမှူးတို့ကို ကြိုတင် အသိပေးထားပြီး ဖြစ်တယ်လို. သိရပါတယ် ။

နိုင်ငံတကာ ဆက်ဆံရေးအရ နိုင်ငံတစ်နိုင်ငံက မိမိနိုင်ငံနှင့် နီးစပ်သည့် နယ်စပ်ဒေသများ၊ ရေပြင်များ၊ ဝေဟင်များတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဆိုပါက သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများကို ကြိုတင်အသိပေး အကြောင်းကြားမှု ပြုလုပ်လေ့ ရှိသည့်မူအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း မြန်မာနိုင်ငံကို ကြိုတင် အသိပေးခဲ့တယ်လို. ဆိုပါတယ် ။

အိန္ဒိယ ရောက် ဘင်္ဂလားဒေ.ရှ် စစ်ရေယာဉ် တစ်စင်း

အကယ်၍ ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါက သက်ဆိုင်ရာ ဒေသတွင်း နယ်နိမိတ်ချင်း၊ ရေပြင်ချင်း ထိစပ်နေသည့် နိုင်ငံများကို စစ်ရေးအရ ခြိမ်းခြောက်မှု ပြုလုပ်သည်ဟု ယူဆနိုင်ပါတယ် ။

ဘင်္ဂလားဒေ့ရှ် ရေတပ်ဟာ ဖေဖော်ဝါရီလ ၈ရက်နေ့ နံနက် ၈နာရီမှ ၆ နာရီအထိ မြန်မာနိုင်ငံပိုင် စိန့်မာတင်ကျွန် အနီးတစ်ဝိုက်တွင် အသစ်ဝယ်ယူထားသော စစ်ရေယာဉ်များဖြင့် စစ်ရေး လေ့ကျင့်မှု တစ်ရပ် ပြုလုပ်သွားမှာဖြစ်တယ်လို.  ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများမှာဖော်ပြထားပါတယ် ။

ဒါနဲ.ပတ်သက်လို. သမ္မတရုံး ညွှန်ကြားရေးမှုးရဲ. Page မှာတော. ● စိန့်မာတင်ကျွန်း စစ်ရေးလေ့ကျင့်မှု သတင်း ဆိုပြီး  ၆ ရက် ဖေဖော်ဝါရီ ၂၀၁၄ မှာ ဒီလိုဖော်ပြထားပါတယ် ။



 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်းနှင့် စိန့်မာတင် (၂)နေရာတွင် ပုံမှန် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် အကြောင်းကို ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာသံရုံး၊ မြန်မာစစ်သံမှူးတို့အား ကြိုတင်အသိပေးထားပြီး ဖြစ်ပါသည်။

● နိုင်ငံတကာဆက်ဆံရေးတွင် ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံနှင့် နီးကပ်သည့် နယ်စပ်များ၊ ရေပြင်များ၊ ဝေဟင်များတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဆိုပါက သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများကို ကြိုတင် အသိပေးအကြောင်းကြားခြင်းအမှုကို ပြုကြရပါသည်။

● အကယ်၍ ကြိုတင်အသိပေးအကြောင်းကြားခြင်း မရှိဘဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါက ခြိမ်းခြောက်ရာ ရောက်ပါသည်။ ယခုကိစ္စမှာ ကြိုတင်အသိပေးထားသည့် ကိစ္စ ဖြစ်ကြောင်း သိရှိရပါသည်။

● မြန်မာ့တပ်မတော်မှ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့အနေဖြင့်လည်း အကြောင်းကြောင်းကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးကိစ္စရပ်များ ပေါ်ပေါက်လာလျှင် ဆောင်ရွက်နိုင်ရန်၊ မမျှော်မှန်းနိုင်သော အခြေအနေများ ဖြစ်ပေါ်လာလျှင် အသင့်ရှိစေရန် ကြိုတင်ပြင်ဆင် တပ်ပြင်ထားပြီး ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရှိရပါသည်။

ဒီ သတင်းကို ဆရာဆောင်က တော. Myanmar Navy မှာ ခုလိုသုံးသပ်ပြ ထားပါတယ် 

ပင်လယ်ပြင် ရှိ ဘင်္ဂလားဒေ.ရှ် ရေတပ်သင်္ဘော ( F 25 ) 

ဘင်္ဂလားရေတပ် စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ .....

- အနီးစပ်ဆုံးဖြစ်စဉ်မှတ်တမ်းတွေအရ အိမ်နီးချင်းနှစ်နိုင်ငံရဲ့ အချေအတင်ဖြစ်ခဲ့ဘူးတဲ့ ဒီလိုနေရာမျိုးမှာ ရေတပ်စစ်ရေးလေ့ကျင့်ခန်းလုပ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ ကြိုတင်အသိပေးသည်ဖြစ်စေ အသိမပေးသည်ဖြစ်စေ စဉ်းစားစရာပါ။

- မည်သည့်စစ်ရေးလေ့ကျင့်ခန်းမဆို ဖြစ်စဉ်ဆိုတာနဲ့ နိဒါန်းဖွင့်ပါတယ်။ သေချာတာကတော့ ဒီဖြစ်စဉ်မှာ ဦးတည်ရန်သူ ဘယ်သူဖြစ်မလဲဆိုတာ စဉ်းစားစရာ မလိုအပ်သလို သူတို့စိတ်ထဲမှာ မိမိတို့ကို အမြဲဦးတည်စဉ်းစားနေတာကို လုံးလုံးလျားလျား သတိချပ်ထားဖို့ လိုပါတယ်။

- ဘယ်လိုပဲပြောပြော နှစ်နိုင်ငံဆက်ဆံရေးမှာ အထိအခိုက်အပွန်းအရှမရှိရင်တောင် စနိုးစနှောင့်တော့ ဖြစ်စေတာ အမှန်ပါပဲ။ ၂၀၀၈ ခုနှစ်ကို ပြန်ကြည့်ရင်လည်း ရှေ့ကာလတလျှောက် တစ်ချိန်လုံး ဂူတွင်းအောင်း ကြိတ်ပုန်းခုတ်အင်အားစုပြီးမှ နားရွက်တံတွေး လာစွတ်တယ်။ ဒီဘက်မှာလည်း နာဂစ်ဒဏ်နဲ့ အလူးအလဲဆိုတော့ အချိန်ကိုက် အခါကိုက်ပေါ့။ အခုလည်းတိုက်ဆိုင်တာလား မသိပေမဲ့ မိမိ အင်အားကြီး စစ်ရေယာဉ်နှစ်စီး Port Blair (MILAN 2014) သွားတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါသေးတယ်။ ဘင်္ဂလားက MILAN သွားတဲ့ စစ်ရေယာဉ်က သာမန်အဆင့် OPV သာ ဖြစ်ပါတယ်။

- ဒီလိုအနေအထား အခြေအနေတွေက သူ့နိုင်ငံအတွင်းမှာ နိုင်ငံရေးအရ စစ်ရေးအရ ထောက်ခံမှုရအောင် လုပ်တယ်၊ သူ့နိုင်ငံသူကာကွယ်ဖို့ လေ့ကျင့်တယ် ဆိုရင်တော့ ပြောရန်အထူးမရှိပေမဲ့ ရည်ရွယ်ချက်ဆိုးရှိရင်တော့ နောက်လာနိုင်မဲ့ခြေလှမ်းများနဲ့ စစ်ရေးတည်ဆောက်ပြင်ဆင်နေမူတွေကို ဂရုပြုဖို့ ခံစစ်အဝန်းအဝိုင်းကောင်းဖို့ အချိန်မဆိုင်းတုန့်ပြန်နိုင်ဖို့ လိုပါမယ်။

- ရေတပ်ကိုပဲ ကွက်ကြည့်ရင်တောင် တည်ဆောက်နေတဲ့အနေအထားတွေက ပေါ့ပေါ့တန်တန်မဟုတ်ပါဘူး။ခြေလှမ်းတိုင်းမှာ Combat Ready ကို သွားပါတယ်။ မြင်လည်းမြင်သာနေပါတယ်။ အိန္ဒိယတောင် ဘင်္ဂလားပင်လယ် မျက်နှာစာမှာ ရေငုပ်သင်္ဘောတန်ပြန်စစ်ဆင်ရေး ASW အတွက် ကြိုတင်ပြင်ဆင်မူတွေ ဆောင်ရွက်နေပါပြီ။ 


ဘင်္ဂလားဒေ.ရှ် ရေတပ်သင်္ဘော ( F 18 ) Osman

- ဒါတွေက ဓါတ်ပြားဟောင်းဆိုပေမဲ့ ဘယ်တော့မှရိုးနိုင်မှာ မဟုတ်ပါဘူး။ တစ်ခုတော့ရှိပါတယ်၊ မိမိတို့ စည်းလုံးညီညွတ်ပြီး စစ်ရေးအင်အား အသာစီးရှိနေတယ်ဆိုရင် ဓါတ်ပြားဟောင်းလည်း ဖွင့်စရာမလိုသလို ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ ဒီလိုစစ်ရေးလေ့ကျင့်ခန်းမျိုး လုပ်ရဲမှာ မဟုတ်ပါဘူး။

Ref ; ဧရာဝတီ ဘလော. ၊ မှုးဇော် ၊ Myanmar Navy ၊ The Voice Weekly and Photos from Wikipedia

Wednesday, February 5, 2014

မိန်းကလေးများ အလှပျက်စေသော အမှတ်မထင် ကိစ္စရပ်များ



နေ့စဉ် ကျွန်မတို့ လုပ်မိကြတဲ့ တ ချို့အပြု အမူတွေကြောင့် အလှအပကို ထိခိုက် စေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ ကြောင့် အဲဒီလို ပြဿနာတွေ မဖြစ်စေ ဖို့ ဘယ်လို ရှောင်ရှားသင့်တယ် ဆိုတာ လေ့လာကြည့်ရအောင်။

ရှလကာရည်ထည့်ထားသော ဟင်းရွက်သုပ် စားခြင်း
“ရှလကာရည်ရဲ့ pH က ၂ ဒသမ ၅ ဖြစ်ပြီး အက်စစ်ဂုဏ် သတ္တိရှိပါတယ်”လို့ ဖလော်ရီဒါမှ သွားဆရာဝန်ဂျက်ဆန်က ဆိုပါတယ်။ အက်စစ်က သွာြးွေကလွှာ တွေကို တိုက်စားစေနိုင်သလို အရောင် ပါတဲ့ ရှလကာရည်ဆိုရင် သွားတွေကို အစွန်းထင်စေပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
အဖြူရောင် ရှလကာရည်ကို ရွေး ချယ်ရင် သွားတွေကို အစွန်းမထင်စေသ လို ဟင်းနုနယ်လို အယ်လ်ကာလီဓာတ် များတဲ့ အရွက်သုပ်ထဲမှာ ထည့်စားရင် အက်စစ်ဓာတ်ကို ဓာတ်ပြယ်စေပါတယ်။ ဒါပေမဲ့ စားပြီးတာနဲ့ ချက်ချင်း သွားမတိုက်ပါနဲ့။ အနည်းဆုံး ၁၀ မိနစ်ကြာမှ သွားတိုက်သင့်ပါတယ်။

နေ့စဉ် ခေါင်းလျှော်ခြင်း
ဘုံပိုင်ရေတချို့မှာ ကလိုရင်းဓာတ် သိသိသာသာ ပါဝင်ပါတယ်။ ကလိုရင်း ပါတဲ့ ဘုံပိုင်ရေနဲ့ ခေါင်းလျှော်ရင် ဆံပင်သားရဲ့ သဘာဝအဆီဓာတ်တွေ ဆုံးရှုံး ပြီး ဆံကေသာကို ထိခိုက်စေနိုင်ပါတယ်။ “နေ့စဉ်ခေါင်းလျှော်တာက ရေကူး ကန်ထဲမှာ ရေကူးတာထက် ပိုဆိုးပါတယ်။ ကလိုရင်းပါတဲ့ ရေနဲ့ တစ်နှစ်ပတ်လုံးထိ တွေ့မှု ရှိနေလို့ပါ”လို့ နယူးယော့ခ်မှ ဆံ ပင်ပညာရှင် ရစ်ဗာက ဆိုပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
ဆံပင်ကို နေ့စဉ် ခေါင်းမလျှော်ဘဲ တစ်ပတ်မှာ ၂-၃ကြိမ်ပဲ လျှော်သင့်ပါ တယ်။ တစ်ပတ်မှာ တစ်ကြိမ် ကလိုရင်း ဖယ်ရှားတဲ့ ဖော်မြူလာပါ ခေါင်းလျှော် ရည်နဲ့ လျှော်ပါ။

မှောက်အိပ်ခြင်းနှင့် ဘေးတစောင်းအိပ်ခြင်း
မှောက်အိပ်တာနဲ့ ဘေးတစောင်း အိပ်တာတွေကြောင့် မျက်နှာပေါ်မှာ အ စင်းကြောင်းထင်စေပြီး မျက်လုံး၊ နှာခေါင်း၊ ပါးပြင်၊ နှုတ်ခမ်းနဲ့ မျက်ခုံးတွေမှာ သေး ငယ်တဲ့ အစင်းရာထင်စေနိုင်ပါတယ်။ “ဒီ လို အစင်းရာထင်နှုန်း ကြာလာပြီး အ သက်ကြီးလာတဲ့အခါမှာ ကော်လာဂျင် ဆုံးရှုံးမှုဖြစ်ကာ အရေးကြောင်း ဖြစ်ပေါ် စေနိုင်ပါတယ်”လို့ နယူးယောက်ရှိ အလှ အပဆိုင်ရာခွဲစိတ်ဆရာဝန် ပက်ထရီရှား က ဆိုပါတယ်။ ဒီအိပ်စက်မှုပုံစံတွေက မျက်နှာမှာ အရည်စုပုံစေပြီး ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
ပက်လက်လှန်အိပ်တဲ့ အနေအထား ကို ပြောင်းပါ။ အနေအထား ပြောင်း အိပ်ဖို့ မလွယ်ရင် ပိုးသားခေါင်းအုံးစွပ် ပေါ်မှာ အိပ်စက်ပေးပါ။ ခေါင်းအုံးပေါ် မျက်နှာမှောက်မိရင်တောင် အသားအ ရေကို ချောမွေ့နေစေပါတယ်။ အိပ်ရာ မဝင်ခင်မှာ ညလိမ်းခရင်မ်လိမ်းပေးပါ။

ပခုံးလွယ်အိတ် လွယ်ခြင်း
လေးလံတဲ့ အိတ်ကို လွယ်တာက ခါးနောက်ကျောအပေါ် ဒဏ်ဖြစ်စေနိုင် ပါတယ်။ လွယ်ကြိုးအောက်မှာ ဆံပင် တွေ ဖိမိတာကြောင့် ဆံပင်သား ပြတ် တောက်မှု ဖြစ်စေနိုင်ကြောင်း နယူး ယောက်ရှိ ဆံပင်ပညာရှင် အေဗားက ဆိုပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
လွယ်ကြိုးတိုတိုပါတဲ့ လွယ်အိတ်ကို ပြောင်းလွယ်ပါ။ ဒါမှမဟုတ် ဆံပင်တွေ ကို စည်းနှောင်ထားပါ။

ကြယ်စင် @ Good Health

အမေကို သတ်ပြီး အစိမ်းလိုက် စားခဲ့ကြတာ လား



ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုသုံးယောက်ဟာ သူတို့ ရဲ့ မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့ ဖိလစ်ပိုင်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ရိုးရာဓလေ့ထုံးတမ်း တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ အမ်ပါတူယန်မြို့ အပိုင် ကျေးရွာတစ်ခုရဲ့ အိမ်မှာ အသက် ၅၆ နှစ်အရွယ်၊ မူဆာလာအမီးလ် ရဲ့ ရုပ်အလောင်းကို ရှာမတွေ့ မီ ရက်အနည်းငယ်က အဲဒီ့မိသားစုအိမ်ကနေ ထူးဆန်းတဲ့ဆူညံသံတစ်ချို့  ကြားခဲ့ရကြောင်း အိမ်နီးချင်းတွေက သတင်းပို့ ခဲ့ပါတယ်။ ရဲတွေ ရှာဖွေတွေ့ ရှိတဲ့အချိန်မှာ အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျောက်ဆုံးနေတဲ့အပြင် သွေးထုတ်ယူခံထားရတယ်လို့ လည်း သိရပါတယ်။

ဒန်တီ ၃၅ နှစ်၊ ပါရွိုင်း ၂၁ နှစ်နဲ့ အီဘရာဟင် ၁၈ နှစ်တို့ ဟာ သူတို့ အမေရဲ့ ကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့  စုံစမ်းရေးအရာရှိတွေက စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့်လည်း ညီအစ်ကိုသုံးယောက်လုံးကတော့ သူတို့ အမေကို မသတ်ခဲ့ဘူးလို့ ငြင်းဆန်နေကြပါတယ်။ သူတို့ ပြောကြားချက်အရ သူတို့ အမေဟာ မကောင်းတဲ့ဝိညာဉ်ကြောင့် ဖျားနာနေတယ်လို့ ယုံကြည်ပြီး နှင်ထုတ်ဖို့ ကြိုးပမ်းခဲ့ယုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတွေဟာ ဒီမိသားစု မှာ စိတ်ဖောက်ပြန်မှုနောက်ကြောင်းရာဇ၀င် ရှိခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒါပေမယ့် ဒီသတ်ဖြတ်မှုမှာ မူးယစ်ဆေးအလွဲသုံးမှုအပိုင်းကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။ အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ရော်နယ်ဒီလီယွန် က သံသယရှိသူသုံးယောက်စလုံးဟာ မူးယစ်ဆေးဝါးစစ်ဆေးမှုတွေကို ခံယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီညီအစ်ကိုသုံးယောက်ဟာ မိုရို တိုင်းရင်းသားမူဆလင်လူမျိုးစုနွယ်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။ သံသယရှိသူသုံးယောက်လုံးဟာ အမ်ပါတူယန်မြို့ နယ်အတွင်း ပူရော့ခ် နာဘဒ်တော့ဂ်ျ ရွာက မိသားစုလယ်မြေ မှာ သူတို့ အမေနဲ့ အတူ အခြေချနေထိုင်နေကြတာပါ။

ဒေသခံလူထုခေါင်းဆောင်တွေကတော့ ဒီလူသုံးယောက်ဟာ သူတို့ အမေကို သတ်ခဲ့ကြပြီး သားရိုင်းတိရိစ္ဆာန်တွေလို သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်ပွဲတော်တည်ခဲ့ကြတယ် လို့  ပြောကြားခဲ့ကြပါတယ်။

ဒီရွာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ရွာတစ်ရွာဖြစ်ပြီး ၂၀၀၉ ခုနှစ်က လူ ၅၈ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။ ညီအစ်ကိုသုံးယောက်ဟာ ဒီအိမ်အတွင်းမှာ သူတို့ အမေကို ဓားကောက်တစ်မျိုးနဲ့ ခုတ်ထစ်သတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို အစိမ်းလိုက်စားသုံးခဲ့ကြတယ်လို့ ယူဆထားပါတယ်။

Source ;Trend Myanmar.

Tuesday, February 4, 2014

မြန်မာ အမျိုးသမီးအဆိုတော်အဖွဲ. အာရှဆန်ခါတင် အဆင်.၀င်နေပြီ



 မြန်မာနိုင်ငံက အမျိုးသမီး ဂီတအဖွဲ့ဖြစ်တဲ့ Me & Ma Girl အဖွဲ့ဟာ VIMA Asia Music Award ဆု ရွေးချယ်တဲ့ အထဲမှာ နောက်ဆုံး ဆန်ခါတင် အဆင့်ထဲ ပါဝင်နေတယ်လို့ သိရပါတယ်။

သူတို့ အဖွဲ့ဟာ အရင်တုန်းက ၃ ဦးပါဝင်ခဲ့ပေမယ့် အခုချိန်မှာ အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ အမွန်းနဲ့ Kimi သာရှိတော့တာပါ။ နောက်ပြီး သူတို့နှစ်ဦးသာ ဒီအဖွဲ့ အနေနဲ့ ဆက်လက်ပြီး အနုပညာအလုပ်တွေ လုပ်သွားမယ်လို့လည်း အမွန်းက ဟြေပါတယ်။

Me & Ma Girl ရဲ့ သီချင်းဖြစ်တဲ့ Girl Strong ဆိုတဲ့သီချင်းဟာ ၂၀၁၃ ဧပြီလောက်မှာ ထွက်ထားခဲ့တာ ဖြစ်ပြီး Music Vedio ကလည်း ၂၀၁၃ ထဲမှာပဲ ထွက်ထားခဲ့တာပါ။ အဲဒီသီချင်းလေးကို VIMA ဆိုတဲ့ အာရှ ဂီတဆုပေးအဖွဲ့က အကောင်းဆုံး Pop သီချင်း၊ အကောင်းဆုံး Music Vedio များအဖြစ် ဆန်ခါတင်အဆင့်ထဲမှာ ထည့်သွင်းလိုက်တာလို့ သိရပါတယ်။

“အဓိကကတော့ LA အခြေစိုက် Power Music INC ကုမ္ပဏီက ညီမတို့ကို သီချင်းရေးတာလည်း ကူပေးခဲ့တယ်၊ ဒီ Girl Strong ဆိုတဲ့ သီချင်းလေးကိုလည်း Joseph ဆိုတဲ့ နာမည်ကြီးဒါရိုက်တာ ကပဲ ရိုက်ထားပေးတာပါ။ ညီမတို့ကတော့ သေချာ လေ့ကျင့်ပြီး ဆိုခဲ့ရတယ်၊ Music Vedio အတွက်လည်း Work Up တွေ၊ Training တွေ ဆင်းခဲ့ရပါတယ်။ နောက်ပြီး နိုင်ငံတကာမှာ နာမည်ကြီးနေတယ်လို့ 

အဟြေခံရတာနဲ့ ညီအောင် ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ ညီမတို့ Me & Ma Girl က မြန်မာနိုင်ငံကနေ Hollywood မှာသွားပြီး ပထမဆုံး အသံသွင်းခွင့်ရတဲ့၊ သီချင်းဖြန့်ခွင့်ရတဲ့ International Girl Band ဖြစ်တာမို့ လူသိများနေတာ ဖြစ်ပါတယ်။ အဲဒါနဲ့ ထိုက်တန်အောင်လည်း ညီမတို့ အရမ်းကြိုးစားနေကြပါတယ်” လို့ အမွန်းက ဧရာဝတီကို ဟြေပါတယ်။

သူတို့ အဖွဲ့ကိုနိုင်ငံတကာက အားပေးနေပေမယ့် မြန်မာနိုင်ငံမှာ သိပ်အားပေးမှု မရှိသေးတာနဲ့ ပတ်သက်လို့ အမွန်းက မြန်မာ ပရိသတ်က သိပ်မသိသေးတာကြောင့်လည်းပါတယ်လို့ ဆိုပါတယ်။

“ပရိသတ်က နာမည်တော့ ကြားဖူးမယ်၊ ညီမတို့က သီချင်းတွေကို အင်္ဂလိပ်လို ဆိုတာတွေပဲ များတယ်၊ ညီမတို့ ပထမ ထွက်ထားတဲ့ မင်္ဂလာပါ ဆိုတဲ့ အယ်လ်ဘမ်လေးက အများကြီး မဖြန့်လိုက်ဖြစ်ဘူး။ အဲဒီတုန်းက Producer လည်း မရှိတော့ ညီမတို့ ကိုယ်တိုင် ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ရတာဆိုတော့ အဲဒီ အားနည်းချက်တွေကြောင့် ညီမတို့ရဲ့ အခွေက အောင်မြင်သင့် သလောက် မအောင်မြင်ခဲ့ဘူး၊ Me & Ma Girl အဖွဲ့လို့ လူတွေသိတာက LA ကို သွားတာကြောင့်ပါ။ အခုလည်း ညီမတို့ကို မြန်မာနိုင်ငံက ပရိသတ်တွေ သိအောင်လို့ သီချင်းလေးတွေ တင်ဆက်နေပါတယ်” လို့ သူက ဆက်ဟြေပါတယ်။

မြန်မာ တေးဂီတ အဖွဲ့အနေနဲ့ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင်၊ အာရှမှာ တန်းဝင်အောင် Me & Ma Girl တစိုက်မတ်မတ် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။



“Commitment ကအရေးကြီးတယ်လို့ ထင်ပါတယ်၊ နိုင်ငံတကာပဲ သွားသွား၊ မြန်မာနိုင်ငံမှာပဲလုပ်လုပ် Commitment က အရေးကြီးပါတယ်၊ International ကိုသွားမယ်ဆိုတော့ ပိုပြီးတော့ အရေးကြီးပါတယ်။ လေ့ကျင့်မှုတွေ၊ သင်ကြားမှုတွေ၊ သင်ယူမှုတွေ အရမ်းများပြီး ကြိုးစားရတော့ ဒီအဖွဲ့အနေနဲ့ ရာနှုန်းပြည့် Commitment ရှိနေမှ အဆင်ပြေမှာပါ” လို့ အမွန်းက ဟြေပါတယ်။

သူတို့အဖွဲ့ စတင်စဉ်က အဖွဲ့ဝင် ငါးဦးရှိခဲ့ပြီး ငါးဦးကနေမှ လေးဦး၊ နောက်ဆုံးမှာ နှစ်ဦးတည်း ကျန်ရှိပါတော့တယ်။ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Girl Strong Single အခွေဟာ Kimi နဲ့ အမွန်း နှစ်ဦးတည်း ကျန်ရှိချိန်မှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ထွက်သွားတဲ့သူတွေနဲ့ ကျန်ရှိသူတွေအကြားမှာ ဘာပြဿနာမှ မဖြစ်ခဲ့ဘဲ ကုမ္ပဏီနဲ့ မပြေလည်မှု အနည်းငယ် ရှိတာကြောင့်လို့ သိရပါတယ်။



“ကုမ္ပဏီကလည်း Commitment ကိုပဲလိုချင်တာပါ၊ သူတို့ကလည်း ရင်းနှီးထားရတော့ ရာနှုန်းပြည့် စိတ်ရော၊ လူရော၊ အင်အားရော အကုန်ပါဝင်တာကို လိုချင်တယ်။ အဲဒါလေးတွေ အားနည်းတော့ သူတို့နဲ့ ကုမ္ပဏီနဲ့ ကတောက်ကဆ ပြဿနာလေးတွေ နည်းနည်း ရှိနေပါတယ်။ အမွန်းနဲ့ Kimi ကလည်း အဲဒါကို အမြန်ဆုံး ပြေလည်သွားဖို့ မျှော်လင့်ပါတယ်၊ အမွန်းတို့နဲ့တော့ Personal Case ပြဿနာ ဘာမှမရှိပါဘူး။ အဓိကကတော့ Commitment နဲ့ Partnership ရယ်၊ တယောက်ကို တယောက် ယုံယုံကြည်ကြည်နဲ့ အချိန်ပြည့် လေးလေးစားစားနဲ့ ဒီအနုပညာကို သေသေချာချာ လုပ်ကိုင်တဲ့ စိတ်ပေါ့၊ အဲဒါက အရေးကြီးဆုံးပါပဲ” လို့ အမွန်းက ရှင်းပြပါတယ်။

Pop သီချင်းအယ်လ်ဘမ်တွေ အများကြီးနဲ့ သီချင်းတွေအများကြီး ရှိတဲ့အထဲကမှ အမွန်းနဲ့ Kimi သီဆိုထားတဲ့ Girl Strong သီချင်းကို ရွေးချယ်ခံထားရတာ ဖြစ်ကြောင်း သိရပါတယ်။ VIMA Asia Music Award ရဲ့ Grand Final ဆုပေးပွဲကိုတော့ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ မလေးရှားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Source ; ဧရာဝတီ &  မြ၀တီ