Thursday, January 12, 2017

ရုတ်တရက် နှလုံး ရောဂါဖောက်လာရင် တစ်မိနစ်အတွင်း အသက်ကယ်နည်း


( ကူးယူဖော်ပြခြင်း ဖြစ်သဖြင့် မှန်ကန်မှုအတွက် သီးခြားအတည်ပြုချက် မရှိပါ )
ရုတ်တရက် နှလုံး ရောဂါ ဖောက်လာခြင်း (Heart Attack) ဟာ များသောအားဖြင့် အဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ အစားအစာတွေကို စားနေပေမယ့်လည်း အဟာရဓါတ် မပြည့်ဝတဲ့ အစားအစာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအတွက် နှလုံးရောဂါ ဖောက်လာတဲ့အခါ နှလုံးပုံမှန် အလုပ်ပြန်လုပ်ဖို့ အတွက် တစ်ကယ့်အစာအဟာရကဲ့သို့ စွမ်းဆောင်နိုင်မယ့်အရာကို ချက်ခြင်း ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။
ဒေါက်တာ ဂျွန်ခရစ္စတိုဖာက သူ့ရဲ့ လုပ်သက် ၃၅ နှစ်လုံးလုံး Heart Attack လူနာတွေကို ဖော်ပြပါနည်းနဲ့ ကယ်တင်ခဲ့ရာမှာ အားလုံးအသက်ရှင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ နည်းလမ်းကတော့ ရေနွေးကြမ်းပူပူ တစ်ခွက်ထဲကို ငရုပ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ရောမွှေပြီး လူနာကို တိုက်လိုက်တာဖြစ်ပါတယ်။ ဒီနည်းနဲ့ လူနာဟာ တစ်မိနစ်အတွင်းမှာ ပုံမှန်ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။
ရေနွေးကြမ်းပူပူက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကိုဖွင့်ပေးတဲ့အချိန်မှာ ငရုတ်သီးအစိမ်းမှုန့်ရဲ့ စွမ်းအားက တွန်းပို့တဲ့အတွက် နှလုံးကို တိုက်ရိုက်ထိရောက်ခြင်းဖြစ်ပါတယ်။ အဆိုပါနည်းလမ်းဟာ သောက်ဆေးတွေ ထက်တောင် တုံ့ပြန်မှုက ပိုမိုမြန်ဆန်ပါတယ်။ ယခုနည်းလမ်းကို သိထားခြင်းဖြင့် Heart Attack လူနာတွေရဲ့အသက်ကို သေချာပေါက် ချက်ချင်းကယ်တင်နိုင်မှာဖြစ်ပါတယ်။

Source: healthylifemaster
Credit: popolay < Lwin Pyin

No comments:

Post a Comment