Sunday, December 23, 2018

ဇီးပင်ကြီးစစ်တမ်း ဇီးပင်ကြီးပုံပြင် နဲ. ဇီးပင်ကြီးအမြင်များ


  


ဒီဇာတ်လမ်းတွေရဲ. အစကတော့ ဒေါက်တာစိုးရသူရဇော် ဝေဖန်ဆန်းစစ် လာတဲ့ ဇီးပင်ကြီးစစ်တမ်း ဆိုတာ ပေါ်လာပြီးတဲ့နောက်  ထောက်ခံသူတွေ ၊  ပြန်လည်ချေပသူတွေ ၊ ကိုယ်တွေ.ကြုံသူတွေရဲ. ၀ိုင်းဝန်းရေးသား မှုတွေကနေ အတော်လေး ပွဲစည်လာတယ်လို.ဆိုရပါတယ် ။ ဘယ်အရာပဲဖြစ်ဖြစ် လူကိုယ်တိုင်မှာ ရှိနေတဲ့ နှစ်ဖက်သောနား ၊ နှစ်ခုသောမျက်စိ ၊ နှစ်ခြမ်းသော ဦးနှောက်တွေနဲ. စဉ်းစား ဆင်ခြင် နိုင်ကြဖို. ဖိတ်မိတာလေးတွေ ပြန်မျှဝေပါတယ်

အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း
ရေးသူ - ​ဒေါက်​တာစိုးသူရ​ဇော်
ဇီးပင်ကြီး တနည်းအားဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နဲ့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်မှာ ဘာတွေသင်နေသလဲဆိုတာ အစိုး၇၀န်ထမ်းမဟုတ်တဲ့လူတွေက အင်မတန်မှကို သိချင်ကြပါတယ်။ စကားကြုံတိုင်းလည်း မေးလေ့ရှိကြတယ် ။
ဇီးပင်ကြီးမှာ တွြေ့ကုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်လည်း ဖောက်သည်ချချင်တာကြာလှပြါ့ပီ
အလုပ်စ၀င်ကတည်းက မအားတာနဲ့ မရေးဖြစ်တာပါ ၊
ဒီနေရာမှာ ပထမဆုံး ပြောပြလိုတာက
ဗ၀တရဲ့ နေ့စဉ်လည်ပတ်ပုံ ဇယားပါ
မနက် ငါးနာရီခွဲကို အိပ်ယာကထ၇ပါတယ်။ မနက်ခြောက်နာရီကနေ ခုနစ်နာရီမတ်တင်းထိ ကျန်းမာရေးလေ့ကျင့်ခန်း ဆင်းရပါတယ် ။ပြီးရင် ရေမိုးချိုး မနက်စားစားပြီးတာနဲ့ ၅ ယောက်တတွဲတန်းစီပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်ကနေ စာသင်ခန်းမကို ချီတက်ကြရပါတယ်။
လက်ချာတွေက မနက် ၈ နာရီမှာ စပါတယ်။ နေ့လည် ၁၂ နာရီမှာ သင်တန်း ခဏနားပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင် အဆောင်ဝင်း ထဲမှာ ရှိတဲ့ ထမင်းစားဆောင်မှာ ထမင်းပြန်စားရပါတယ် ။
ထမင်းစာြး့ပီးတာနဲ့ တပြိုင်နက် နေ့လည်တစ်နာရီလက်ချာချိန်အမီကို မနက်ကလိုဘဲသင်တန်းခန်းမဆီ ငါးယောက်တတွဲ ချီတက်ကြရပြန်ပါတယ်။
ညနေခင်းလက်ချာတွေက ညနေလေးနာရီထိသင်ပါတယ်။
လက်ချာပြီးတာနဲ့ မိမ်တို့အိပ်ဆောင်တွေမှာ ညနေခင်း PT ဆင်းရပြန်ပါတယ်
ပြီး၇င်တော့ ညစာကို ည၇နာရီ မတိုင်ခင် စားရပါတယ်။ အိပ်ဆောင်ကကျွေးတဲ့ထမင်းကို စားချင်ရင်စား မစားချင်ရင်တော့ ဈေးတန်းမှာ သွားစားလို့ရပါတယ် ။ ည ၇နာရီ လူစစ်အမီကိုတော့ ပြန်ကိုပြန်လာရပါတယ်။
( အမျိုးသမီး သင်တန်းသူတွေအနေနဲ့ကတော့ တပါတ်ကို နှစ်ရက်သာ ဈေးတန်းထွက်ခွင့်ရပ့ါတယ်)

ဒီဇယားထဲမှာ ပထမဆုံး တွေ့ရတဲ့ ပြသနာကတော့ အိပ်ရာသိမ်း ကြိုးတိုင်း ဖိနပ်စီ ဆိုတဲ့ ကိစ္စပါဘဲ ။
ဒါကို မပြောခင် ကျတော်တို့ရဲ့ အိပ်ဆောင်အနေအထားကို အရင်ရှင်းပြပါရစေ
ချင်းတွင်း သံလွင် အစရှိသဖြင့်နာမည်ပေးထားတဲ့ အဆောင်ဝင်းကြီးတွေထဲမှာ အနည်းဆုံး အိပ်ဆောင် တန်းလျား ရှစ်ဆောင်နဲ့ ထမင်းစားဆောင် တဆောင်ပါပါတယ် ။ အိပ်ဆောင်တဆောင်မှာ အနည်းဆုံး သင်တန်းသား ၂၅ ယောက်က အလယ်စင်္ကြန်ရဲ့ တဖက်တချက်စီမှာ ကုတင်တလုံးစီနဲ့ အိပ်ကြရပါတယ်
မနက်ခင်း ချိန်အပြီး မနက်စာမစားခင်မှာ ကုတင်တလုံးစီရဲ့ ခြေရင်းမှာ သေတ္တာတလုံးနဲ့ PT ဆငိးရင်စီးတဲ့ ကင်းဘတ်ဖိနပ် အဖြူတရံဘဲထားခွင့်ရှိပါသတဲ့လေ ။
ကုတင်ခြေရင်းတွေမှာ ရှိနေတဲ့ သေတ္တာတွေကို အိပ်ဆောင်ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုးနဲ့တန်းပြိး ညီနေအောင်စီရပါသတဲ့
သေတ္တာနဲ့ကပ်ရပ်ထားထားတဲ့ ကင်းဘတ်ဖိနပ် ကိုလည်း တ၇ံနဲ့တရံ ညီနေအောင်ထားရပါတယ်တဲ
ဒီတော့မေးစရာရှိလာတာက မိမိတို့နဲ့ ပါလာတဲ့ အခြားသောအသုံးဆောင်တွေကိုဘယ်လို ထားမလဲပေါ့နော် 🔕🔔

သေချာတာတခုကတော့ ဒ်သင်တန်းကို ရက်ရှည်လများ လာတက်နေရတဲ့ သင်တန်းသားတွေဟာ သူတို့ရဲ့စည်းကမ်းချက်အတိုငိး လူတကိုယ် သေတ္တာတလုံး ဖိနပ်တ၇ံနဲ့လာတဲ့လူ ဘယ်သူမှမရှိပါဘူး
ဒီတော့
မိမိတို့ပါလာသမျှ ပိုင်ဆိုင်မှုအားလုံးကို စုပြုံ့ပီး အိပ်ဆောင်ထဲမှာရှိတဲ့ နှာခေါင်းပေါက်လောက်သာသဲာ့ စတိုခန်းထဲ စုပြုံထည့်ရပါသတဲ့လေ ။
ကိုယ်သုံးနေတဲ့ ခေါင်းအုံး စောင် ခြင်ထောင်တွေက ကုတင်ပေါ်မှာ ထားခွင့်မရှိပါ ။
သင်တန်းစ၀င်တဲ့ နေ့ကစပြိး သူတို့အိပ်ဆောင်ကနေ ပိုက်ဆံပေးငှားထာရတှဲ့လှလှပပလေး ထုပ်ပိုးထားတဲ့ အိပ်ယာလိပ်ကလေးကိုဘဲ ကုတင်ပေါ်မှာ ကျောကျော့လေး ဟန်ပြအဖြစ် တင်ထားရပါတယ် ။ အဆောင်ဝန်းကျင် မှာလည်း အ၀တ်လှန်းထားခဲ့ခွင့်မရှိတဲ့ အတွက်ေ၇လဲပုဆိုးတွေရော လျှော်ထားသမျှအ၀တ်စို ထဘီစို အားလုံး အားလုံးကို စုပြုံပြီး အဆိုပါ စတိုခန်းငယ်ထဲ ဖိသိပ်ထည့်ထားဘဲ။

ကိုယ်တွေအားလုံး သင်တန်းခန်းမမှာ လက်ချာတက်နေချိန်မှာ ကျွန်တော်တို့ရဲ့ အိပ်ဆောင်တာဝန်ခံတွေက တဆောင်ချင်းစီအလိုက် သေတ္တာတွေ ညီမညီ သူတို့ဆီက ပိုက်ဆံပေးငှားထားရတဲ့ အိပ်ရာလိပ်ကလေးတွေ ညီမညီ အလှပျက်မပျက် ကို လိုက်စစ်ပြီး သင်တန်းသား တဦးချင်းစီအလိုက်အမှတိလေးတွေပေးပါသတဲ့လေ 💯💯
စတိုခန်းထဲမှာ ရှိသမျှပစ္စည်းတွေ စုပြုံထည့်ထားသည်ကို အနှီဆရာများမှ သိရှိသော်လည်း အဆိုပါစတိုခန်းလေးသည် အိပ်ဆောင်ထဲတွင် မရှိသကဲ့သို့ပင် သဘောထားကာ ကုတင်လေးများ သေတ္တာလေးများ အိပ်ယာလိပ်ကလေးများ For Show လှမလှ ကိုဘဲ စစ်သွားလေ့ရှိပါသည်
အယ့် …..တခါတရံတော့ စတိုခန်းတံခါးသော့မပိတ်မိထားလျှင်တော့ ``စတိုခန်းတံခါးပိတ်မထား ´´ဆိုသော မှတ်ချက်အား မှင်နီကြီးနှင့် ရေးသွားကာ တဆောင်လုံးအား အမှတ်လျော့လေတော့ သည်။⚠⚠⚠
အင်းပေါ့လေ …..
အားလုံးကြေညက်အောင် တိုက်ထားတဲ့ ပြဇာတ်တပုဒ်မှာ တယောက်ယောက်က ဖောက်လိုက်ရင် ဒါရိုက်တြာ့ကီးတွေမှာ ရွှေစိတ်တော်ကောက်သလိုနေမှာပေါ့……
ညနေခင်း သင်တန်းကပြန်လာတဲ့ အချိန် စတိုခန်းတံခါးဖွင့်လိုက်လို့ကတော့ ရေစိုဝတ်တွေရဲ့ အောက်သိုးသိုး မှိုနံ့တွေ တဦးချင်းစီရဲ့ကိုယ်ပိုင် ကိုယ်သင်းရနံ့တွေ စုပေါင်းကာ လျှံထွက်လာသော ငြီးစ၊ီစီ အနံ့လေးတွေနဲ့ အလွန်တရာမှ စိတ်ချမ်းမြေ့၇တာပါဘဲ😍😙😘😚
ဒီလို အပြုံ့ကီးထဲကနေ မြွေပွေး မြွေဟောက်အစရှိသော မြွေပေါင်းစုံ ကင်းခြေများ ကင်းမြီးကောက် အစရှိသော သတ္တ၀ါတွေတွေ့ရရင်တော့ ပိုလို့တောင်ပျော်စရာ စိတ်ချမ်းမြေ့စရာကောင်းတာပါဘဲ

ဆက်ပါဦးမည်
အရေးကြီးဆုံး ဖြစ်တဲ့ လက်ချာချိန်မှာ ဘာတွေသင်သလဲ ဆိုတာနဲ့ နေ့စဉ် စားသောက်မှု ပုံစံမျာကို ဆက်လက်တင်ပြပါအံုးးမည်

ဇီးပင်ကြီး စစ်တမ်း ( အပိုင်းနှစ်)

``ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း ´´

မှတ်မှတ်ရရ အဲ့ဒီနေ့က Political Science နိုင်ငံရေးသိပ္ပံ ဘာသာရပ် အချိန်ပါ
ပထမဆုံးအနေနဲ့
နိုင်ငံ့ဝန်ထမ်းအနေနဲ့ ပထမဆုံး တာဝန်ထမ်းဆောင်မယ့်လူတွေကို ဇီးပင်ြ့ကီး တက္ကသိုလ်ပြည်ကနေသင်ပေးလိုက်တဲ့ အဌာရသ တဆယ့်ရှစ်ရပ် တွေအကြောင်း အရင်ရှင်းပြပါရစေ ။
လက်ချာတွေက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိပါ
ဌာနာဆိုင်ရာငွေစာရင်းထားသိုနည်း
နိုင်ငံရေးသိပ္ပံ
အင်္ဂလိပ်စာ
ဘောဂဗေဒ
သတင်းအချက်အလတ်နဲ့ နည်းမညာ စတာတွေအပြင် ကျွန်တော်တို့ကတော့ ဆရာဝန်တွေနဲ့ သွားဆရာဝန်တွေချည်းသီးသန့် သင်တန်းဖြစ်တဲ့ အတွက် မိခင် ကမ၀ ရဲ့လက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေကလည်း မိတ်ဆက်အနေနဲ့ လာရောက်သင်ကြားပါတယ် ။

မှတ်မှတ်ရရ အဲ့နေ့က နိုင်ငံရေးသိပ္ပံရဲ့ ပထမဆုံး လက်ချာနေ့ပါ
ဌာနမှူး ပါမောက္ခကိုယ်တိုင် ပထမဆုံးလက်ချာကိုသင်မယ်ဆိုလို့ ကျွန်တော့အနေနဲ့ အတော့ကို စိတ်ဝင်စားနေခဲ့တာပါ ။
ရှေ့ရှေ့ ဘာသာရပ်တွေကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ ဘာသာတွေဖြစ်တာကတြေ့ကာင်း လူပေါင်း ခြောက်ရာကျော်ကို ခန်းမကြီးထဲမှာ စုပြုံထည့်ထားပြီးသင်တာတစ်ကြောင်း ကိုယ်ကိုယ်တိုင်လည်း ပျင်းတာတကြောင်းး😂😂😂 စတဲ့ အကြောင်းကြောင်းတွေကြောင့် ပြီးခဲ့တဲ့ လက်ချာတွေက အတော့ကို စိတ်ဝင်စားမှုမရှိခဲ့ပါ။

PS လက်ချာစသင်သင်ချင်း မကြာခင်မှာဘဲ လာသင်တဲ့ ဌာနမှူးပါးစပ်ကနေ
တပ်မတော်သာ အမိ တပ်မတော်သာ အဖ 🚩🚩
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် 🔫
မျိုးချစ်တပ်မတော် အဖတပ်မတော်
ချောက်ထဲ ကျခံနီး မှ တခုတ်တရ ကယ်တင်ပေးခဲ့ပါသော တပ်မတော် ⚠⚠
ဆိုတဲ့ ဆိုတဲ့ ဆိုတဲ့ Slogan တွေကို ခုနစ်ဆယ်နဲ့ ငါးကြိမ်လောက်ကြားနေရတော့ ……………….😆😆
( စိတ်ထဲတော့ တွေးလိုက်ပါတယ် …..အင်း ဇီးပင်ကြီး ဆိုတာ မေမြို့နဲ့ နီးတော့ ဒီအသံတွေ ပဲ့တင်ရိုက်တာနေမှာပါလေလို့စ်😂😂 )
အဲ့ဒီနေ့က တနေ့လုံး PS လက်ချာဘဲယူပါတယ.် အဆိုပါ ဌာနမှူးကဘဲ နေ့လည်ခင်းမှာဆက်သင်ပါတယ်
နေ့လည်ခင်း လက်ချာမှာ သင်ရင်း သင်ရင်းကနေ ပြည်တွင်းငြိမ်းချမ်ရေးဘက်ရောက်သွားတော့ သူ့ဘက်က ဘာပြောလာသလဲ ဆိုတော့
မှန်တာပြောရရင် အခုပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်နိုင်တာ လက်ရှိ အစိုးရ (NLD )က စေတနာမရှိလို့ မအောင်မြင် ရတာပါတဲ့
ဘု၇ားစူးရစေ့ ……ကြားကြားချင်း မျက်လုံးကို ဇကောလောက် ကျယ်သွာြး့ပီး ပါးစပ်ကို တဆယ့်နှစ်ယူဇနာလောက် ဟ သွားတော့တာပါဘဲ

အစိုးရဟာ စတက်လာကတည်းက ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကိုကိုင်ဆြွဲ့ပီး ငြိမ်းချမ်းရေးရအောင် (ကန်တော့ပါ ရဲ့ )ချီးပြဲ့ အီးပြဲ လုပ်နေရတာကို သိနေမြင်နေပါရက်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နိုင်ငံရေးသိပ္ပံ ဌာနရဲ့ ဌာနမှူးတယောက် ပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာတာက အင်မတန်မှ စဥ်းစားစရာကောင်းပြီး မေးခွန်းထုတ်စရာပါ။

တကယ်လည်း မေးခွန်းဝိုင်းထုတ်ခဲ့ကြပါတယ်
သူ့ စကားဆုံးတာနဲ့တပြိုင်နက် လက်ချာမပြီးသေးခင်မှာ ဘဲ သင်တန်းသားအချို့က မိုက်တောင်းပြီး အတိအလင်း
Counter question တွေ ထုတ်ပါတော့တယ်
ဒီလိုမေးခွန်းတွေ ထုတ်လာတဲ့အခါမှာတော့ ခုနကပြောခဲ့တဲ့ စကားတွေက သူ့ပါးစပ်က မပြောခဲ့သလို လျောချပစ်ပြီး လက်ချာချိန်ကို တန်းဖြုတ်ပစ်လိုက်ပါတော့တယ်။
အင်မတန်မှ ရုပ်ပျက်တဲ့ လက်ချာဖြစ်ခဲ့ပါတယ် ၊

နောက်ရက်မှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်အောက်က ပထ၀ီနိုင်ငံရေး ဘာသာရပ်ကို တခြားဆရာတယောက် လာသင်ပြန်ပါတယ်
ဒီလက်ချာမှာက ပိုဆိုးပါတယ် ..။

ဘာပြောသလဲဆိုတော့
မြန်မာနိုင်ငံဟာ လူမျိုးကြီး နိုင်ငံကြီး နှစ်ခုကြားမှာတည်ရှိတဲ့ အတွက် မိမိတို့ နိုင်ငံကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းပြောရာကနေ
မိမိတို့ အမျိုးမပျောက်ဖို့ အတွက် ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားတာမလုပ်ကြဖို့
ဘာသာခြားတွေရဲ့ ဆိုင်တွေကို အားမပေးကြဖို့
786 ဆိုတဲ့ အဓိပ္ပါယ် ကိုသိကြသလားတို့
သာကီဝင်မျိုး ဗုဒ္ဓဘာသာဘာသာ အ၇ိုးစည်းရိုးထိုး blah blah blah အစရှိသော တရားတွေကို အဆိုပါဆရာမှ အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောပါတော့တယ်.....💣💣
ငါတို့ဟာ နိုင်ငံရေးသိပ္ပံသင်နေရတာလား မဘသ တရားပွဲထဲရောက်နေသလားဆိုတာ ကိုယ့်ကိုကိုယ်မနည်းပြန်စဥ်းစားယူရတယ်💤💤💤💤
တနိင်ငံလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ သင်တန်းသားပေါင်းး ခြောက်ရာကျော်ရှိနေတဲ့ သင်တန်းမှာ ဒီလို ထိလွယ်ရှလွယ်တဲ့ Isssue မျိုးကို ပြောဆိုတဲ့ အဲ့ဒီဆရာဟာ အတော့ကို ဦးနှောက်မရှိတာလျှင်သော်လည်းကောင်း ဖြစ်ရင်ဖြစ်ရမယ် ။ မဟုတ်ဘူးဆိုရင်တော့ ဒါဟာ တမင်ကို ရည်၇ွယ်ချက်ရှိရှိနဲ့ ပြောတာဘဲ။

အစိုးရရဲ့ ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်တော့မယ့် သစ်လွင်ဝန်ထမ်းတွေရဲ့ ဦးနှောက်တွေထဲကို ဒီလို Idealogy အမှားတွေကို ရိုက်သွင်းနေတာဟာ ဂျင်းအြ့ကီးစားဖြစ်သွားပါပြီ
တိုင်းပြည်ကို ငါးပါးမှောက်စေမယ့် ဒုက္ခလှလှ ရောက်စေမယ့် ဂျင်းတွေပါ။
ပြောတော့ သူတို့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်တဲ့
တဖက်ကလှည့်တွေးကြည့်ပြန်ရင်တော့
အောက်ခြေက ၀န်ထမ်းတွေရဲ့ mindset ကို မှိုင်းတိုက်နိုင်ရင်
ဝန်ထမ်းတွေကို ဂျင်းထည့်နိုင်ရင် အပေါ်ကအစိုးရမ၇ှုမလှ ကျဆုံးပါတယ် ။

သူငယ်ချင်း
K pop fan တွေ သူတို့ ဖန်တွေအချင်းချင်းရန်ဖြစ်ရင် ပြောနေကျစကားရှိပါတယ်

Fan သတ်ရင် Idol သေတယ်တဲ့
အဲ့လိုပါဘဲ....ဝန်ထမ်းသတ်ရင် အစိုးရသေပါတယ်
တိုင်းပြည်လည်း မုချနစ်မွန်းပါတယ်

တကယ့်လက်တွေ့မှာတော့ ပြည်သူကို မျက်နှာမမူတဲ့ အတွေးအခေါ်တွေ
ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသွားနေတဲ့လမ်းမှာ ဟပ်ထိုးလဲစေမယ့် ခြေထိုးနေတာတွေနဲ့ဘဲ ဒီတက္ကသိုလ်ဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသလားဆိုတာ နောက်အပိုင်းမှာ တင်ပြပါအုံးမယ်
(အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့ အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း အာမခံပါသည်)

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး )


``ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း´´

အလုပ်တခု အောင်မြင်တယ် မအောင်မြင်ဘူုးဆိုတာ အဆိုပါအလုပ်ကထွက်လာတဲ့ result ပေါ်အခြေခံပါတယ်။ ဘယ်လောက်ဘဲ ပြဲနေအောင်လုပ်လုပ် Result က မကောင်းရင် ပင်ပန်းတာဘဲ အဖက်တင်ပါလိမ့်မယ် ။
#ပြာသာပြာတယ်ဖွဲမထွက်ဘူး ဆိုတဲ့ စကားပုံလိုပေါ့ ။

အခု ဗ၀တ နှစ်ကျောင်းမှာလဲ အဲ့လိုပါဘဲ ၊
(1) မိမိတို့ သင်ကြားပို့ချလိုက်တဲ့ ပို့ချချက်တွေဟာ သင်တန်းသားတွေရဲ့ တဦးချင်းစီဘ၀မှာ ဘယ်လောက်များ အကျိုးရှိသွားလဲ ၊
(2) ၀န်ထမ်းတဦးချင်းစီကနေရော ၀န်ထမ်းလောက ကိုဘယ်လောက်သက်ရောက်မှူ ရှိသွားလဲ

ဒီသက်ရောက်မှု ကရော ပြည်သူကို ဘယ့်လောက် အကျိုးရှိသွားစေလဲ

တဖန် ဒီလို Training ရထားတဲ့ ၀န်ထမ်းတွေကရော ပြည်သူကို ဘယ့်လောက်မျက်နှာမူသလဲ စသဖြင့် စသဖြင့် အားလုံးက တခုနဲ့တခု ဆက်စပ်မှု ရှိနေပါတယ်။

ဒီ ၀န်ထမ်းတက္ကသိုလ် နှစ်ခုကနေ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေတာ မနည်းပါဘူး
ကျွန်တော်တို့ အရာထမ်းလောင်းအခြေံသင်တန်းဆိုရင် သင်တန်းသားတယောက်ရဲ့ အစားအသောက်အတွက် တနေ့စာ နေ့တွက်စားရိတ်က ၇၀၀ ကျပ်ပါ ။
တယောက်ကို ၇၀၀
ဆယ်ယောက်ဆို ၇၀၀၀
အယောက်တရာ ၇၀၀၀၀
ကျွန်တော်တို့သင်တန်းသည် အယောက် ခြောက်ရာနီးပါးရှိတော့ လေးသိန်းနှစ်သောင်း
တရက်ကို ၄၂၀၀၀၀ ကျပ်. တလကို ၁၂၆ သိန်း
သင်တန်းကာလက နှစ်လဆိုတော့ ၂၅၂ သိန်း 😆😆😆

ဒီကုန်ကျစရိတ်သည် အရာထမ်းလောင်းအခြေခံ အထူးသင်တန်း အမှတ်စဉ် (၅) တခုတည်း အတွက် ကုန်ကျစရိတ်ပါ ။
ကျွန်တော်တို့သင်တန်း တက်နေစဉ် အတွင်းမှာ တခြားသော သင်တန်းအမျိုးအစားတွေဟာလည်း တပြိုင်တည်း တနှစ်ပတ်လုံး အဆက်မပြတ်ရှိနေတာပါ ၊

ရာထူးမြင့်သင်တန်းတွေဆိုရင် နေ့တွက်စားရိတ်သတ်မှတ်ချက်က ပိုများပါတယ်၊
ဒီတော့ သင်တန်းသားတွေအတွက် ကုန်ကျစားရိတ်တွေ တက္ကသိုလ် ကြီး တခုလုံးက ၀န်ထမ်းတွေရဲ့လစာတွေ တက္ကသိုလ်ကြီးလည်ပတ်ဖို့အခြားသော အသေးသုံး အကြီးသုံး နဲ့တကွ အထွေထွေအသုံးစရိတ်တွေနဲ့ တွက်ကြည့်ရင် တိုင်းပြည်ဘဏ္ဍာ ကိုမနည်းမနောသုံးစွဲထားတာပါ

ဒီလို နိုင်ငံတော်က အကုန်အကျခံနေလို့သင်တန်းသားတွေဘက်ကလည်း ကုန်ကျစားရိတ်မရှိဘူးလားဆိုတော့ အဲ့လိုလည်း မဟုတ်ပြန်ပါဘူး ။

ဒီသင်တန်းလာတက်ဖို့ ၀ယ်၇ခြမ်းရကုန်ကျစားရိတ်တွေ သင်တန်းတက်နေစဉ်မှာ အမျိုးမျိုးသော ကုန်ကျစားရိတ်တွေ ခရီးသွားလာရစရိတ်တွေ နဲ့ ထိုက်သင့်သလောက်တော့ ကုန်ကျတာပါဘဲ၊ အထူးသဖြင့်တော့ တဦးချင်းစီမှာ ပေးဆပ်လိုက်ရတဲ့ အချိန်တွေက ပိုလို့ တန်ဖိုးရှိတာအမှန်ပါ
ဒီတော့ ဒီလိုတွေအကုန်အကျခံပြီးမှ ထိုက်သင့်တဲ့ အကျိုးရလဒ်ရော ရကြရဲ့လား

``နိုင်ငံတော်ဘက်ကရော ကုန်ကျခံလိုက်ရတာနဲ့ တန်တဲ့ ၀န်ထမ်းတွေ ရလိုက်ရဲ့လား´´

``သင်တန်းသားတွေဘက်ကရော ကိုယ်ပေးလိုက့်် ရတဲ့ အချိန်တွေအတွက် အကျိုးရှိတာကို
မြိုးမြိုးမြတ်မြတ်ရလိုက်ရဲ့လား ´´

ဆိုတာကို ကျွန်တော်တို့ ၀န်ထမ်းတွေ နဖူးပေါ်လက်တင်ပြီး စဉ်းစားချိန်တန်နေပါပြီ

ဒီတက္ကသိုလ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က လက်ရုံးရည် နှလုံးရည် နဲ့ပြည့်စုံတဲ့ ပြည်သူ့ဝန်ထမ်းတွေကို မွေးထုတ်ပေးဖို့်ပါ ။
လက်ရုံးရည် ဆိုတဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်နိုင်မှုကို ဆိုလိုတာပါ ။
အခု ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းသားတွေကို သင်နေရတဲ့ သိုင်းသင်တန်းတွေကို မဆိုလိုပါဘူးနော်😂😂😂
ဤကားစကားချပ်
( အင်းပေါ့လေ ……နိုင်ငံတော်ကြီးကို စစ်လက်နက်အားကိုးနဲ့မှ ကာကွယ်နိုင်မယ်လို့ ထင်နေကြတဲ့ အထုံကလည်း ဖျောက်ဖို့အတော်ခက်တာပါကလား အရပ်ကတို့ရေ😆😆😆)

အရေးကြီးဆုံးက နှလုံးရည်တဖြစ်လဲ Mindset ပါ ။
Mindset သည် အင်မတန့် အင်မတန်မှကို ပြောင်းလဲဖို့ခက်ပါတယ်
လက်ရှိ မြန်မာနိုင်ငံ ၀န်ထမ်းလောကကို လေ့လာကြည့်ရင် သုံးမျိုးသုံးစားတွေ့ရပါလိမ့်မယ်

ပထမ အမျိုးအစားကတော့ ပြီးခဲ့တဲ့ အာဏာရှင်စနစ်မှာ အသားကျပြီးသား ထိုစဉ်ကရွှေရောင်တောက်ပခဲ့သော နေ့ရက်များကိုသာ နှစ်သက်သဘောကျပြီး လက်ရှိ ဒီမိုကရေစီ စနစ်နဲ့ အံချော်နေတတ်သောာ ပြန်လည်တမ်းတ ငယ်ဘ၀ ပိုင်ရှင်များ
( ဒီဝန်ထမ်း အမျိုးအစားကတော့ နည်းပါတယ်)

ဒုတိယအမျိုးအစားကတော့ ခေတ်စနစ်ြ့ကီးကို ပြောင်းလိုက်မဟဲ့ အလုပ်တွေကို ကြိုးစားလုပ်လိုက်မဟဲ့ လို့ကြုံးဝါးကာ ကြိုးစားနေသော ၀န်ထမ်းများ
( ဒီအမျိုးအစားကလည်း ၊ များသောအားဖြင့်ကတော့ ၀န်ထမ်းပါးမ၀သေးတဲ့ သစ်လွင်ဝန်ထမ်းပေါက်စလေးတွေ များပါတယ်)နည်းတော့နည်းသေးပါတယ်

တတိယအမျိုးအစားကတော့ မလုပ် မရှုပ် မပြုတ် ထားရာစေ နေရာသွား ပြန်မပြော ခိုင်းတာမှန်သမျှ ပြန်လှန်မေးခွန်းမထုတ်ဘဲ အကုန်လုပ်ပေးတတ်သော ဘာသိဘာသာ နေတတ်တော်မူပေထသော အကြင် ၀န်ထမ်းအမျိုးအစားသည်ကတော့ အများစုပင်ဖြစ်ချေတော့သည်တကား......

ဝန်ထမ်းလောကမှာအရိုးစွဲနေတဲ့ mindset ကို လက်ရှိသွားနေတဲ့ ဗ၀တမှာသင်ကြားနေတဲ့ ပုံစံနဲ့တော့ ဘယ်လိုမှ အစွဲချွတ်လို့ရမှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောရဲတယ်။

ဘာလို့လဲ........ ရှင်းပြပါရစေ
သင်တန်းသားတွေကို သင့်တင့်လျောက်ပတ်တဲ့ အိပ်ဆောင်မစီစဉ်ပေးနိုင်တော့ ဘားတိုက်တခုထဲမှာ အယောက် အစိတ်လောက်ထည့်ထားရတယ် ။ ဒီအယောက် အစိတ်က တယောက်ချင်းစီရဲ့ ပစ္စည်းတွေနဲ့ဆိုရင် ဘားတိုက်က ကြွက်သိုက်သာသာဖြစ်သွားမှာဆိုတော့ နေ့လည်နေ့ခင်း လြူ့ကီးတွေလာစစ်တဲ့အခါ တခါတရံ သသည်တော်တွေကို လိုက်ြ့ပတဲ့အခါ အရာရာဟာ အစီစဉ်တကျနဲ့ သန့်ရှင်းသပ်ရပ်နေပါတယိလို့ ယူဆသွားအောင် ၇ှိသမျှပစ္စည်း စတိုထဲသိမ်းကြုံးထည့်လို့ အိပ်ရာပေါ်မှာ Kit ခင်းခိုင်းတယ်
#ဒါဟာ For Show ဘဲ

လက်ခုပ်တီးရင် အခမ်းအနားအဖွင့် အပိတ်ဆိုရင် ဘယ်နှစ်ချက် မိန့်ခွန်းပြီးသွားရင် ဘယ်နှစ်ချက်ဘဲတီးရမယ်ဆိုပြီး ကြိုတင်မှာထားတယ်
#ဒါဟာ For Show ဘဲ

လူကြီးတွေနဲ့ သည်တွေလာရင် ဒံပေါက်တို့ ၀က်သားဟင်းတို့ချက်ပြီး ဒီလူကြီးတွေ ည်တွေကိုပါ
သင်တန်းသားတွေနဲ့ ထမင်းအတူစားခိုင်းတယ် ၊
#ဒါဟာလည်း For Show ဘဲ

သင်တန်းဆင်းစုပေါင်း ဓါတ်ပုံရိုက်ဖို့ဆြို့ပီး ရှိသမျှ သင်တန်းသားအကုန်လုံးကို အရပ်တိုင်းပြီး အနိမ့်အမြင့်စီတယ် ။ ၇ီဟာဇယ်လုပ်တယ်
#ဒါတွေဟာလည်း for Show ဘဲ

သင်ခနုးစားတွေပို့ချပြန်တော့ရော မူဝါဒနဲ့ မကိုက်ညီတာတွေကို သင်တဲ့ဆရာတွေက သူတို့ရဲ့ Emotion အရ ထည့်ပြောကြတယ်

သင်တန်းကာလတွေမှာ ဖော်ရှိုးတွေ သင်ရင် သင်တန်းသားတွေက ဖော်ရှိုးတွေဘဲ တတ်မှာဘဲ
ဖော်ရှိုးတွေတတ်ပြီး လုပ်ငန်းခွင်ထဲ ရောက်သွားတော့ဖော်၇ှိုးအလုပ်တွေလုပ်ကြ့ပီး ဖော်ရှိုးသမ္မတမြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်ကြပေရော့ဘဲ

ဒါကိုပြင်ချင်ရင် ရာထူးဝန်အဖွဲ့အနေနဲ့ အမြစ်ကစပြီးဖြတ်မှဘဲရမှာ
သားဖွားဆရာမ တိုက်နယ်ဆရာဝန် လက်ထောက်ဆရာဝန် အငယ်တန်းစာရေး ရုံးအုပ် အထက်တန်းစားရေး စတဲ့ တကယ့်အောက်ခြေက ၀န်ထမ်းတွေရဲ့ အသံကို များများနားထောင်ပေးပါ
တကယ့် On Ground မှာ ဘာတွေဖြစ်နေလဲ ၀န်ထမ်းတွေမှာ ဘာအခက်အခဲတွေကြုံနေကြလဲ
ဒါတွေကို အခြေခံပြီးမှ
ဝန်ထမ်းတွေရှဲ့Quality ကိုတိုးတက်စေဖို တကယ်တမ်းလက်တွေ့ကျတဲ့ သင်တန်းတွေ မွမ်းမံတွေ ဖွင့်လှစ်ကြပါလို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်သူ့ဝန်ထမ်းများ စကားဝိုင်း ဆိုတာမျိုးလည်း မြင်ပါရ ကြားပါရစေ

ခုနစ်ပြည်ထောင်မင်းသားတွေဟာ တက္ကသိုလ်ပြည်ကြီးမယ် အဌာရသ ဆယ့်ရှစ်ရပ်တွေ သင်ကြာြး့ပီး မိမိတို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပြန်ရောက်တဲ့အခါ မှာ ယခုလို ဇီးပင်ကြီးစစ်တမ်းမျိုးတွေလည်း နောက်ထပ်နောက်ထပ်မရေးပါရစေနဲ့လို့ ဆုတောင်းရင်း

Dr. Soe Thuya Zaw

ခုဆက်လက်ဖော်ပြမှာက တစ်ချိန်က နိုင်ငံတော်အဆင့် တာဝန်ယူဖူးသူ တစ်ယောက်ရဲ. အမြင်ပါ


 ဇီးပင်ကြီး ပုံပြင်

လက်ရှိရေပန်းစားနေတဲ့ သတင်းတွေကြောင့် “ ဇီးပင်ကြီး လို့ သုံးလိုက်ပေမယ့် တကယ်ကတော့ “ဗဟိုဝန်ထမ်းတက္ကသိုလ် တွေအကြောင်းပါပဲ။

ဗဟိုဝန်ထမ်းတက္ကသိုလ်တွေ ( ဖောင်ကြီး / ဇီးပင်ကြီး ) နဲ့ပတ်သက်ရင် ကျွန်တော်မှာ သွေးရင်း သားရင်းလိုခံစားချက်ရှိပါတယ်။ ကျွန်တော်ဖခင်က ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ အဲဒီကျောင်းတွေ နဲ့ပတ်သက်ပြီး ပါဝင်ဆောင်ရွက်ခဲ့ရတယ်။ ကျွန်တော်ကလည်း ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုညွှန်ချုပ်ဘ၀ (၂၀၀၇) ကနေ ပြည်ထောင်စုဝန်ကြီးဘ၀ (၂၀၁၅ ) ခုနှစ်အထိ ဗဟို ၀န်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် (ဖောင်ကြီး) နဲ့ အထက်မြန်မာပြည် ( ဇီးပင်ကြီး) မှာ သင် တန်းပို့ချခဲ့ရတယ်။ ဒ့ါကြောင့် ပုဂ္ဂိုလ်ရေးအရ တက္ကသိုလ်က ၀န်ထမ်းတွေနဲ့ ခင်မင်ရင်းနှီးသလို ကျောင်းကိုလည်း သံယောဇဉ်ရှိတယ်။ ကျောင်းနဲ့ ၀န်ထမ်းတွေရဲ့ အကောင်း၊အဆိုး အတော်များ များကိုလည်း သိပါတယ်။

အခု ဒေါက်တာ စိုးသူရဇော်ရဲ့ ဇီးပင်ကြီး စစ်တမ်းက ဗဟိုဝန်ထမ်းတက္ကသိုလ် တွေနဲ့ ပတ်သက် ပြီး ပြုပြင်ပြောင်းလဲသင့်တဲ့အရာတွေကို ထောက်ပြထားတာကို ဖတ်ရတယ်။ သူ ထောက်ပြထား တဲ့ အချက်အလက်တွေ အများစုကို ကျွန်တော် သဘောတူပါတယ်။ တစ်ချို့ အချက်တွေက သမ္မတ ဦးသိန်းစိန်တာဝန်ယူချိန်မှာ ပြုပြင်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့တင်ပြချက်ကို ကျွန်တော့်အတွေ့အကြုံနဲ့ပေါင်းစပ်ပြီးဆွေးနွေးကြည့်ချင်ပါတယ်။

စနစ်

ပထမဆုံး ပြောချင်တာကတော့ ဗဟိုဝန်ထမ်းတက္ကသိုလ် တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ အချက်ပါပဲ။ ၁၉ ၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူလိုက်တယ်။ ပြီး တော့ နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့တည်ဆောက်မယ်လို့ကြေညာတယ်။

အဲဒီလိုကြေညာပြီးတဲ့နောက်မှာ တော်လှန်ရေးကောင်စီက အပေါ်ထပ်အဆောက်အအုံက ဆိုရှယ် လစ် စနစ်ဖြစ်ရင် အောက်ခြေအဆောက်အအုံတွေကလည်း ဆိုရှယ်လစ်စနစ်နဲ့ကိုက်ညီရမယ် လို့ ဆုံးဖြတ်ပြီး ကဏ္ဍတိုင်းမှာ ဆိုရှယ်လစ်စနစ်ကို သွားဖို့လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ် တယ်။

အဲဒီလိုလုပ်ဆောင်တဲ့အထဲမှာနိုင်ငံဝန်ထမ်းတွေလည်းပါတယ်။ဖောင်ကြီး ကျောင်းဟာ နိုင်ငံ့ ၀န် ထမ်း တွေကိုဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအတွက် လေ့ကျင့်ပေးဖို့ ပေါ်လာတဲ့ ကျောင်း ပဲ။ နောက်တစ်ခါ တော်လှန်ရေးကောင်စီက အင်အားကြီးနိုင်ငံတွေကြားမှာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးမဟာဗျူဟာ က နိုင်ငံသားအားလုံးပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒ့ါကြောင့်နိုင်ငံဝန်ထမ်းတွေအပါအ၀င် နိုင်ငံသားအားလုံး အခြေခံစစ်ပညာတတ် ကျွမ်းအောင်လေ့ကျင့်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒီတော့ ဖောင်ကြီးကျောင်းမှာလည်း အခြေခံစစ်ပညာကို ထည့်သွင်းပို့ချဖို့သတ်မှတ်ခဲ့တယ်။

ဒါဟာ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ စစ်ပညာဘာသာရပ်တွေသင်ကြားပို့ချပေးနေတာ၊ သ ဘောတရားရေးရာတွေ ပို့ချနေတာတွေဖြစ်လာရတဲ့ နောက်ခံသမိုင်းပဲ။

တပ်မတော်အစိုးရလက်ထက်မှာ အထက်ဗမာပြည်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် တစ်ခု ( ဇီးပင်ကြီး) ကို ထပ်မံတိုးချဲ့ခဲ့ပေမယ့် သင်ကြားပို့ချနည်းတွေ၊ ဘာသာရပ်တွေမှာ အရင်အခြေခံမူ တွေအတိုင်းပဲ။သိသာတဲ့ ပြောင်းလဲမှုတွေမရှိခဲ့ဘူး။ နောင်တစ်ချိန်ပြောင်းလဲမယ့် ဒီမိုကရေစီအုပ် ချုပ် ရေး စနစ်နဲ့ ကိုက်ညီ မယ့် ပြုပြင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက်မလုပ် နိုင် ခဲ့ဘူး။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်။ ဒါပေမယ့် အဲဒီပြုပြင်ပြောင်းလဲမှုတွေလုပ်ရင်းနဲ့ ဒီပြောင်းလဲမှုတွေကို လက်တွေ့လုပ်နိုင်ဖို့ဆိုရင် အုပ်ချုပ် ရေးကဏ္ဍကိုပါပြုပြင်ပြောင်းလဲမှရမယ်ဆိုတာကိုတွေ့လာတယ်။ ဒါနဲ့ ၂၀၁၂ နှစ်ကုန်ပိုင်းကစပြီး အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေစလုပ်တယ်။ UNDP က ကူညီတယ်။ နောက် ဗြိတိသျှ ၀န် ကြီးချုပ်ဟောင်း တိုနီဘလဲ ဆီကလည်း အကြံဥာဏ်တွေရတယ်။

အဲဒီပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေရဲ့ လေ့ကျင့်သင်ကြားရေးစနစ်တွေ ပြောင်းလဲဖို့လည်းပါတယ်။ အတိုချုပ်ပြောရရင် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ စစ်ဝတ်စုံဝတ်ရ တာတွေ၊ စစ်ပညာသင်ကြားတာတွေကို ဖယ်ရှားမယ်။ ၀န်ထမ်းတွေရဲ့ လုပ်ငန်းခွင်ဘ၀မှာ လက် တွေ့အသုံးချနိုင်မယ့် ဘာသာရပ်တွေသင်မယ်၊ နိုင်ငံတကာစံမှီတဲ့ ဒီပလိုမာဘွဲ့တွေ၊ အောင်လက် မှတ်တွေပေးမယ်ဆိုပြီးလုပ်ခဲ့တာပါပဲ။ အဲဒီလေ့လာမှုတွေကို အဓိကလုပ်ခဲ့တာကတော့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ဦးဆောင်တဲ့အဖွဲ့ပါ။

ဒါပေမယ့် အဲဒီပြုပြင်ပြောင်းလဲရေးအဆိုပြုမှုတွေကို အဓိက ဆန့်ကျင်ခဲ့တာကလည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ပါပဲ။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောရရင်တော့ အများကြီးပဲ။ အတိုပြောရရင်တော့ အဲဒီ ကန့်ကွက်မှုတွေကြောင့် လက်ရှိသင်နေတဲ့ သင်တန်းတွေမှာ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေမလုပ်နိုင်ဘူး။ ဒါပေမယ့် အလယ်အလတ်အဆင့် အရာရှိတွေ၊ အရာရှိကြီးတွေအတွက်နိုင်ငံ တကာမှာကျင့်သုံးနေတဲ့ စီမံခန့်ခွဲမှုစနစ်တွေကို သင်ကြားပေးတဲ့ သင်တန်းတွေတော့ ဖွင့်လှစ်နိုင်ခဲ့ တယ်။ ဒီတော့ သင်တန်းသားအများစုဝေဖန်နေတဲ့ စစ်သင်တန်းတွေ၊ အဆောင်ခင်းကျင်းမှုတွေ ၊ သဘောတရားရေးတွေနဲ့ပတ်သက်တဲ့ လေ့ကျင့်သင်ကြားမှုတွေကဒီနေ့အထိကျန်နေသေး တယ်။

လူ

ဗဟိုဝန်ထမ်းတက္ကသိုလ်တွေကသင်တန်းတွေအကြောင်းပြောရင် သင်တန်းသားအများစုက ဆရာ တွေ၊ နည်းပြတွေကိုပဲ အပြစ်မြင်လေ့ရှိတယ်။ ဒါကလည်း မဆန်းပါဘူး။ သူတို့ သင်တန်းကာလ တစ်လျှောက်လုံးမှာ ဒီဆရာတွေ၊ နည်းပြတွေနဲ့ပဲ ဆက်ဆံနေရတာကိုး။

ဒါပေမယ့် ဒီဆရာတွေ၊ နည်းပြတွေဟာလည်း သူတို့လို ၀န်ထမ်းတွေပဲ၊ ဌာနက ချမှတ်ပေးထားတဲ့ ရည်မှန်းချက်တွေ၊ စည်းကမ်းတွေကို အကောင်အထည်ဖော်ပေးနေရတဲ့သူတွေပဲ ဆိုတာ သင်တန်း သားတွေမေ့နေကြတယ်။

ဗဟိုဝန်ထမ်းတက္ကသိုလ်ကို စတင်တည်ထောင်ချိန်မှာ ဦးဆောင်ခဲ့သူတွေက တပ်မတော်လေ့ကျင့် ရေးကျောင်းတွေ၊ ဗိုလ်သင်တန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ။ ဒါ့ကြောင့်လည်း အဆောင် တွင်းခင်းကျင်းမှုတွေကတပ်မတော်သင်တန်းကျောင်း တွေရဲ့ပုံစံဖြစ်နေတယ်။ ပြဿနာက စစ်သား တွေ၊ ဗိုလ်လောင်းတွေက အပိုပစ္စည်းမများဘူး။ သူ အိပ်တဲ့ ခြင်ထောင်၊ စောင်ကိုပဲခင်းကျင်းရ တယ်။ ဒါပေမယ့် အရပ်ဘက်ဝန်ထမ်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ အိပ်တာက သတ်သတ်၊ ခင်းကျင်းဖို့အတွက် ငှားရတာက သတ်သတ် ဖြစ်လာတယ်။ အပိုပစ္စည်းတွေကို စတိုခန်းထဲမှာ စု ပြုံ ထားရတာတွေဖြစ်လာတယ်။

ဒီလိုပဲ အသင်းအဖွဲ့စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှု၊ ရည်မှန်းချက်တာဝန်ကို မဖြစ်မနေ အကောင် အထည်ဖော်နိုင်မှု စတဲ့ အရည်အချင်းတွေကို ပြုစုပျိုးထောင်ရာမှာ ကျင့်သုံးတဲ့နည်းလမ်းတွေက လည်း တပ်မတော်လေ့ကျင့်ရေးကျောင်းတွေမှာကျင့်သုံးတဲ့နည်းလမ်းတွေဖြစ်တဲ့အတွက် သင်တန်း သားတွေမှာ အခက်အခဲတွေရှိလာခဲ့တယ်။

ဆရာတွေ၊နည်းပြတွေဘက်ကလည်း ဒါတွေကို မသိမဟုတ်၊ သိတယ်။ ဒါပေမယ့်အပေါ်ကမူဝါဒ မပြောင်းသရွေ့သူတို့လည်း မတတ်နိုင်ဘူး။ ဒီတော့ မသိချင်ယောင်ဆောင်ပြီး အမြင်ကောင်း အောင်စီစဉ်ပေးရတယ်။ တစ်ချို့ကိစ္စတွေကို မမြင်ချင်ယောင်ဆောင်နေရတယ်။ ဒီလိုနဲ့ ဒေါက်တာ စိုး သူရ ဇော်ပြောတဲ့ ဖော်ရှိုးကိစ္စတွေဖြစ်လာတာပဲ။

ဒီလိုပြောတော့ ဆရာတွေ၊ နည်းပြတွေ အားလုံးကောင်းသလားလို့ မေးရင် မဟုတ်ပါဘူး။ အခြား အဖွဲ့အစည်းများနည်းတူ ဆိုးတဲ့သူ၊ အားနည်းတဲ့သူ၊ အခွင့်အရေးယူတတ်သူတွေလည်းရှိပါ တယ်။ ဒါပေမယ့် တက်ခဲ့ဖူးတဲ့သင်တန်းသားတွေ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် မိမိသင်ရတဲ့ ဘာ သာရပ် ( စစ်ရေးပြကအစ) သင်တန်းသားတွေ နားလည်အောင်၊ တတ်ကျွမ်းအောင်စေတနာ အပြည့်နဲ့ သင်ကြားပေးခဲ့သူတွေအများကြီးဆိုတာ သိမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း မိမိ ဘာ သာရပ်ကို ပိုကောင်းအောင်ပို့ချနိုင်ဖို့အတွက် လေ့လာဆည်းပူးနေတဲ့ ဆရာတွေ၊နည်းပြတွေကို တွေ့ခဲ့ဖူးသလို နိုင်ငံတကာ စီမံခန့်ခွဲမှုအတတ်ပညာတွေကိုသင်ကြားထားပေမယ့် လက်တွေ့ အသုံးချခွင့်မရလို့ အားလျော့နေတဲ့ ဆရာတွေကိုလည်း မြင်ခဲ့ဖူးပါတယ်။

ပြုပြင်ပြောင်းလဲရေး

၁၉ ၆၀၊ ၇၀ နှစ်များ၊ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးခေတ်ကာလက လေ့ကျင့်ရေးမူဝါဒ တွေဟာ နိုင်ငံရေးစနစ်ပြောင်းလဲလာတဲ့ ခေတ်၊ စီမံခန့်ခွဲခွဲနည်းလမ်းသစ်တွေ ကျင့်သုံးလာ နေတဲ့ ခေတ်နဲ့ ကိုက်ညီမှုမရှိတော့တဲ့အတွက် ပြောင်းလဲဖို့လိုတယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒါပေမယ့် အစိုးရဌာနတွေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အားနည်းချက်တွေပေါ်ပေါက် လာ ရင် များသောအားဖြင့် ဖြစ်လေ့ရှိတာက လူ ( ၀န်ထမ်း) အပေါ် အပြစ်ပုံချလေ့ရှိတာပဲ။ ဥပမာ။ စုံစမ်းစစ်ဆေးရေး လုပ်မယ်။ ပြီးရင် ချမှတ်ထားတဲ့ မူတွေက ကောင်းပါတယ်၊ ဒါပေမယ့် တာဝန်ခံ အကောင်အထည် ဖော် ရတဲ့ မောင်ဖြူ၊ မောင်ပြာက လိုက်နာမှုမရှိတဲ့အတွက် ဒီလိုဖြစ်ရတယ် ဆိုပြီး ကောက်ချက်ချမယ်၊ ဌာန ဆိုင်ရာစည်းကမ်းအရ အရေးယူမယ်။ ဒါမှမဟုတ်ရင် တိုင်ကြားတာ မမှန် ဘူးဆိုပြီး ပစ်ထားမယ်၊ တိုင်ကြားသူက ၀န်ထမ်းဆိုရင် အခန့်မသင့်ရင် အရေးယူခံရမယ်။ ဒါပဲ ။ ဒီလိုလုပ်ရတာကလွယ် တယ်။ အကြောင်းအရင်းကို သိနိုင်ဖို့ စနစ်ကို လေ့လာမယ် ၊ ပြောင်း သင့်တာပြောင်းမယ်ဆိုရင် အလုပ်ရှုပ်တယ်၊ တာဝန်ကြီး တယ်။ အခန့်မသင့်ရင် ကိုယ့်ရှုးကိုယ်ပတ် လာနိုင်တယ်။ ဒါ့ကြောင့်မလုပ်ချင်ကြဘူး။

သို့သော် လုပ်ငန်းဆောင်ရွက်ပုံစနစ်ကိုက လိုအပ်ချက်ရှိနေရင် နောက်တာဝန်ယူတဲ့ ၀န်ထမ်း လက်ထက်မှာလည်း ဒီအဖြစ်မျိုးက ထပ်ဖြစ်ဦးမှာပဲ။ ချဉ်ပတ်အိုးလိုပဲ အလျင်ရှိနေတာ့ နောက်ထပ် ထည့်လည်း ချဉ်ဖတ်ပဲဖြစ်မှာပဲ။

ဒ့ါကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ပြည်ထောင်စု ရာထူး ၀န် အဖွဲ့ရဲ့ ၀န်ထမ်းရွေးချယ်ခန့်ထားမှုစနစ်ကနေ ကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြား မှုနည်းစနစ်တွေအထိ စနစ်တစ်ခုလုံးကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။

အဲ့ဒီလိုလုပ်နိုင်ဖို့အတွက်ဗဟိုဝန်ထမ်းတက္ကသိုလ်တွေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အလုပ်ရုံ ဆွေး နွေး ပွဲတွေ အများ ကြီးလုပ်ထားဖူးပါတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ၀န်ထမ်း ရွေးချယ် ခန့်ထားမှု စနစ်နဲ့ပတ်သက်ပြီးလည်း အလားတူပါပဲ။ ပြီးတော့ ပြည်တွင်း၊ ပြည်ပက လေ့လာ သုံးသပ်ရေးသားထားတဲ့ စာတမ်း တွေလည်း ရှိပါတယ်။

စနစ်ကို မပြင်ဘဲ အကောင် အထည်ဖော်ရတဲ့ ၀န်ထမ်းတွေ၊ဝေဖန်ထောက်ပြသူတွေကိုပဲ အရေးယူ နေ လို့ကတော့ အဖြေ တွေ့မှာ မဟုတ်ပါဘူး။ ဇီးပင်ကြီး ပုံပြင်တွေ တစ်ခုပြီး တစ်ခု ကြားနေရမှာ ပဲ။

Ye Htut

ဒါကတော့ သင်တန်းတက်ခဲ့ဖူးသူတွေရဲ. အမြင်အချို.ပါ



 Thura Naing


ဆရာဝန်တွေ ဒုဦးစီး levelတွေက သင်တန်းကာလတွေမှာ ငါသာသိငါသာတတ် ပြောရအခက်ဆုံးနဲ့ စည်းကမ်းအဖောက်ဆုံးတွေပါပဲ ဒါတောင်သူတို့က အခြားသင်တန်းသားတွေနဲ့ယှဉ်ရင် အစားအသောက်ရော နေထိုင်မှုပုံစံပါ အသာကြီးပါ တက်ခဲ့ဖူးတဲ့လူတိုင်းသိကြပါတယ် တို့ဗလသင်တန်းမှာတော့ Brain Wash လုပ်တာ တစ်ခါမှမသင်ခဲ့ရပါ ကြိုက်တဲ့သူလက်ညှိုးထိုးမေးလို့ရပါတယ်...သူတို့ဇေယျဘာညာမှာ အမှန်တကယ် လုပ်ခံခဲ့ရရင်တော့မပြောတတ်ဘူး...သူတို့နဲ့ ဇီးပင်ကြီးနဲ့က ဟိုကတည်းက လမိုင်းမကပ်ပါ...ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကိုတောင် လိုက်လုပ်စရာမလိုဘူး မာန်တက်ခဲ့ကြတာ မျက်မြင်ပါပဲ..အဲဒီကဆရာတွေ နည်းပြတွေလည်း ထိပ်တိုက်မတွေ့ချင်လို့ သည်းခံပြီးနေကြတာ ယုတ်စွအဆုံး မြွေဖမ်းရန်ရှာချင်တဲ့ စုန်းပြူးဝန်ထမ်းကိုတောင် လွှတ်ပေးထားခဲ့ကြတာပါ .နိုင်ငံရေးမှိုင်းတိုက်တဲ့စာသင်ချိန် တစ်ခါမှမသင်ခဲ့ရဘဲ သင်တန်းတက်ခဲ့တာ အရမ်းပျော်ခဲ့ရတာ ဘာလို့ဒီစာကိုရေးရလဲဆိုတော့ ဒီဇီးပင်ကြီး ဖောင်ကြီးသင်တန်းဆင်းခဲ့ဖူးသမျှ ဝန်ထမ်းတွေသည် Brain wash လုပ်ခံရပြီးသား စောက်ပိန်းတွေလို့ ငါအထင်မခံနိုင်လို့ရေးတာဖြစ်တယ် အဲလိုဝါဒမှိုင်းတိုက်မခံရဘဲ ဒီသင်တန်းကပြန်လာတာနဲ့ ဟာ ဒီကောင် စစ်ခွေး ဝါဒဖြန့်သင်တန်းတက်လာခဲ့တဲ့ကောင်လို့ ဝန်ထမ်းမဟုတ်တဲ့သူတွေ ဝန်ထမ်းဆိုရင် စော်ကားချင်တဲ့ကောင်တွေ ရပ်ကွက်စကားပြောပြီး အစော်ကားမခံနိုင်လို့ မဟုတ်မှန်ကြောင်း ပြန်လည်ဖြေရှင်းချင်လို့ရေးတာဖြစ်တယ်..သူတို့ကျမှ စောက်လုပ်တွေရှုပ်လက်ထာ...မသိရင် ဇီးပင်ကြီးမတက်ဖူးတဲ့ အရပ်သားပြည်သူတွေကတော့ လူသူအရောက်နည်းတဲ့ မြောက်ကိုရီယားရဲ့လျှို့ဝှက်ချက်တွေဖတ်ရသလို သဘောတွေကျလို့ပေါ့...နောက်လာမတက်ကြပါနဲ့လား မြွေဖမ်းဆရာတို့...ဒီလိုရေးရတာ ကိုယ့်ထဲက ဆရာဝန်တွေကိုလည်း အားနာရပါတယ်
ဗလ ၄၅
ကသ ၂၃၂


Su Myat Oo

မြွေဖမ်းဆရာတို့အဖွဲ့သာ စည်းကမ်းမရှိဆုံးသင်တန်းပါအေ ကိုယ်တွေ့တွေပါ
အရာထမ်းလောင်းသင်တန်းမှာလဲ ဘယ်သူမှ brain wash အလုပ်မခံရဘူး ဘယ်သူမှလဲ တပ်မတော်သာအမိ တပ်မတော်သာအဖလို့ သင်မပေးဘူး ပြောသမျှလိုက်ပြီးအထအနကောက်နေရင်တော့ ဆမသာပြန်အပ်ပြီး ဈေးသာရောင်းလှည့်ပတ်သာရန်ဖြစ်ပေတော့ပေါ့
မတစ်ထောင်သားကိုအုပ်ချုပ်ရတဲ့နေရာတွေမှာတော့ စည်းကမ်းဆိုတာ သတ်မှတ်မှရမှာဘဲလေ
စည်းကမ်းဆိုတာမထားဘဲ လွှတ်ပေးလိုက်ကြည့်ပါလား အိပ်ယာမသိမ်း သန့်ရှင်းရေးမလုပ်နဲ့ မြွေကိုက်သေနေကြလို့ သက်တမ်းတောင်စေ့မှာမဟုတ် တွေးပေါ့ကွယ် ငါထင်ရာငါစိုင်းနေရအောင်လဲ ကျပ်မပြည့်တဲ့လူတွေလဲမဟုတ်
ပြောရတာမောတယ် ကိုယ်တွေကတော့ အဲဒီသင်တန်းတက်ရတာ ပျော်တယ် သင်ယူစရာတွေအများကြီးနဲ့ စည်းကမ်းရှိရှိနေခဲ့လို့

ကသ-၁၂၁
ဗလ-၁၃၇ (ဖောင်ကြီး)

ကသ-၁၀၈
အရာထမ်းလောင်းအခြေခံသင်တန်း (CSA-3) ဖောင်ကြီး

No comments:

Post a Comment