Tuesday, December 18, 2018

လင်္ကာဒီပ ချစ်သူ ပြဇာတ် ဂယက် - ၂






ဇာတ်တော်ကြီး မဟုတ်ပေမယ့် ဇာတ်တော်ကြီးထဲက ဇာတ်ကောင်တွေကိုပဲ အခြေခံထားတာပဲလေ... အဲ့တော့ ဇာတ်တော်ကြီးကျောရိုးအတိုင်းပဲ အသွားအလာအတိုင်း အခြေခံထားရမှာပဲလေ.. အခုက ရာမ၊ လက္ခဏာ၊ မယ်သီတာ.. အားလုံးက တရုတ်လိုလို၊ ၀ူခုန်းလိုလို၊ ဘာလိုလိုနဲ့.. အစကတည်းကမှ မန္တလေးက တရုတ်ပြည်တစ်ခြမ်းဖြစ်နေပါတယ်ဆို... နောင်လာနောက်သားတွေက မယ်သီတာက ပေကျင်းကပါ၊ လက္ခဏာဆိုတာ စွန်းဝူခုန်းရဲ့ ညီတော်လို့ ထင်ရအောင်လုပ်နေကြတာလေ...

အဲ့လိုပြောကြေးဆို ဗိုလ်ချုပ်အောင်ဆန်းပြဇာတ်ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ စိတ်ကူးယဉ်ဆန်ဆန်နဲ့ အခြောက်ထည့်ရိုက်ရင် ရမလား ပြော...

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း Biography ဇာတ်လမ်းကို ရိုက်တာမဟုတ်သလို၊ ပိုက်ဆံအများကြီးအကုန်ခံပြီးတော့ အစိုးရက ဦးစီးရိုက်တာမဟုတ်လို့ သူ့ဘာသာသူ ရိုက်ချင်သလိုရိုက်ပစေ.. ဘာမှမပြောဘူး ရိုက်ချင်စိတ်ရှိတာကိုပဲ ကျေးဇူးတင်ရမယ်ဆိုပြီး ပြောဦးမှာလား...

ဗိုလ်ချုပ်အောင်ဆန်းလို့ နာမည်ပါတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အနီးစပ်ဆုံးတူရမယ့် အပြင်အဆင် အမူအရာရှိရမှာပဲ.. သူ့ဘာသာ စိတ်ကူးပဲယဉ်ယဉ် (ရူးပဲရူးနေဦးတော့) ဗိုလ်ချုပ်ရဲ့ပုံစံကို ယူပြီးသရုပ်ဆောင်ရမှာပဲ...

 

အခုလည်း ရာမ၊ လက္ခဏာ၊ မယ်သီတာ၊ လေးတင်ခန်း၊ ရာဝဏ၊ ရွှေသမင်.. ဒါတွေအားလုံးပါနေတာပဲလေ

ဝတ္ထုရေးတဲ့သူက စိတ်ကူးဥာဏ်ကွန့်မြူးပြီးတော့ ကြားမှာ ဇာတ်လမ်းလေးဆင်လိုက်တာဖြစ်ပေမယ့် အဓိကကတော့ ရာမ၊ လက္ခဏာဇာတ်ကို အခြေခံထားတားပဲ ကျောရိုးယူထားတာပဲလေ...
ဘာမှမရှိတဲ့ စိတ်ကူးယဉ်ထဲက လူသားတွေကို အပြင်မှာ ပုံဖော်ရိုက်တာမှမဟုတ်တာ...
အပြင်မှာ တကယ်မရှိတဲ့ ပင့်ကူလူသားတို့၊ avengers တို့လို့မျိုး ရိုက်နိုင်တယ်ဆိုရင်တော့လည်း အတွင်းခံပဲဝတ်ရိုက်ရိုက်၊ ဘာမှမ၀တ်ဘဲရိုက်ရိုက် ကြိုက်သလိုရိုက်ရ ဘာမှဝင်မပြောဘူး...

အခုကတော့ ရာမ၊ လက္ခဏာဇာတ်တော်ကို တရုတ်ရာဇ၀င်လိုလိုလုပ်ပြီးတော့၊ သူ့ဖာသာသူ ကောင်းလွန်းနေပြီးသား၊ ပြည့်စုံနေပြီးသားဖြစ်နေတဲ့ လင်္ကာဒီပချစ်သူကို မြောင်းထဲရောက်အောင်လုပ်နေလို့ ဘေလ်အကုန်ခံပြီးတော့ ၀င်ဆဲနေရတာ..

အလကား ပိုက်ဆံရှာရင် ရှာတယ်ပေါ့
ဘာလူငယ် ဘာညာတွေ လျှေက်ပြောနေသေးလဲ
ပရိသတ်ကို မလေးစားပဲ၊ ငါတို့ဖြစ်သလိုပြတာတောင် လူဒီလောက်ဝင်နေတာဆိုပြီးတော့ ဂုဏ်ဝင်ယူနေသေးတယ်..

 

ဒါနဲ့... စကားမစပ်
အန်ကယ်လေးဟာကို ဒီလိုဝင်မပေးတာ အကျိုးကျေးဇူးတစ်စုံတစ်ရာ ရထားတယ်ထင်ပ

သုံးသပ်သူ 


 

စာရေးဆရာ ချစ်ဦးညိုရဲ့ နာမည်ကြီးဝတ္ထု “လင်္ကာဒီပချစ်သူ” ကို ဇာတ်ညွှန်း လင်္ကာညိုမှ ရေးသားထားပြီး ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူတို့နဲ့ ပြဇာတ်ကရန် ပြောဆိုထားပြီးကာမှ Mandalay Entertainment မှ အဆိုပါ ဝတ္ထုကို ဝယ်ယူထားကာ ပြဇာတ်ကရန် ဒါရိုက်တာ မောင်သီ၊ လူမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ ခါရာ၊ တိုင်ရွန်၊ ဝတ်မှုံရွှေရည် စတဲ့ သရုပ်ဆောင်များနဲ့ ကပြဖျော်ဖြေသွားမယ့်အပေါ် ဆရာ ချစ်ဦးညိုရဲ့ ပရိသတ်အချို့က ဝေဖန်လျက်ရှိနေပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး စာရေးဆရာ ချစ်ဦးညိုရဲ့ သားဖြစ်သူ လင်္ကာညိုကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ အဲဒီ ပြဇာတ်ကို စီစဉ်တဲ့ Mandalay Entertainment ကို တရားစွဲဆိုသွားဖို့ မရှိသလို စိတ်မကောင်းစွာဖြင့် နားလည် ခွင့်လွှတ်ပေးလိုက်တယ်လို့ ကိုလင်္ကာညိုက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့ နှစ်က ‘လင်္ကာဒီပချစ်သူ’ကို စာချုပ်ချုပ်ခဲ့ကြတယ်။ ဒါရိုက်တာက ဇာနည်ဌေး၊ ဇာတ်ညွှန်းက ကျနော် လင်္ကာညိုပါ။ ပြီးတော့ ကကြမယ်ဆိုပြီး ကိုကျော်သူတို့နဲ့ ဇာတ်တွေ တိုက်ကြတယ်။ ဒီ Mandalay Entertainment ပါပဲ။ အခက်အခဲလေး တခုကြောင့် ပြဇာတ် ကမယ့်ရက် အကန့်အသတ် မရှိ ရွေ့သွားတယ်။ အဲ့လို ဖြစ်သွားတဲ့အချိန်မှာပဲ ကျနော်တို့ မူလ ကပြနေတဲ့သူတွေ မဟုတ်ဘဲ ကမယ်ဆိုပြီး ပိုစတာကြီး တွေ့တယ်။ ဇာတ်ညွှန်းလည်း ကျနော် မဟုတ်တော့ဘူး” လို့ လင်္ကာညိုက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး “အခု ရိုက်မယ့် သူတွေဆီမှာ ရောက်နေတာက ကျနော့် ဇာတ်ညွှန်း။ အခု ကပြမယ့် သူတွေကလည်း ပထမ ကပြမယ့် သူတွေ မဟုတ်တော့ဘူး။ အဲဒီလို လုပ်မယ်ဆိုတာကို ကြိုတင် အသိပေးခြင်းလည်း မရှိဘူး။ တိုင်ပင် ဆွေးနွေးခြင်းလည်း မရှိဘူး။ အဲဒီအတွက် ကန့်ကွက် လိုက်တာပါ။ အဲဒီအတွက် သူကလည်း တောင်းပန်တယ်။ ကပြဖို့ ငွေတွေလည်း လက်လွန်နေပြီ ဆိုတာနဲ့ သဘောတော့ မတူဘူး။ ဒါပေမယ့် ခွင့်ပေးလိုက်တယ်” လို့ လင်္ကာညိုက ဧရာဝတီကို ပြောပါတယ်။
“သူတို့ ကချင်ရင် က၊ ကျနော်တို့က သားအဖတွေကတော့ ဝင်ရောက် စွက်ဖက်ခြင်း မပြုပါဘူး။ ကျနော်တို့ကို အသိမပေး၊ အကြောင်းမကြားလို့ လင်္ကာဒီပချစ်သူ မိသားစုတွေက စိတ်မကောင်းလို့ တင်လိုက်ရတာပါ။ တရားစွဲဖို့လည်း မရှိပါဘူး။ ဘာမှမလုပ်ပါဘူး”လို့ လင်္ကာညိုက ဆိုပါတယ်။
အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး စာရေးဆရာ ချစ်ဦးညိုရဲ့ စာဖတ် ပရိသတ်အချို့ကလည်း ဝေဖန်နေကြသလို အနုပညာရှင် အချို့ကိုလည်း ဝေဖန်နေကြပါတယ်။ အဲဒီပြဇာတ်မှာ ပါဝင်မယ့် သရုပ်ဆောင် လူမင်းတို့ကလည်း “ဒီကိစ္စကို သေချာ မသိဘူး”လို့ လင်္ကာညိုထံ ဖုန်းဆက်တယ်လို့ ဆိုပါတယ်။
လင်္ကာညိုနဲ့ သရုပ်ဆောင် လူမင်း (ဓာတ်ပုံ – လင်္ကာညို Facebook)
“ပရိသတ်တွေကလည်း တော်တော်များများက ကန့်ကွက်နေပါတယ်။ ပထမက ကျနော်တို့ အစီအစဉ် ဆွဲထားတဲ့ ပုံစံ မဟုတ်ဘဲ အခု ပုံစံတမျိုး ထွက်လာလို့ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ ကျနော်တို့ သူတို့နဲ့ ၃ နှစ် စာချုပ် ချုပ်ထားတဲ့ အတွင်းမှာ သူတို့ ကလို့ ရပါတယ်။ အဲဒီ အတွက်လည်း ငွေကြေး ပိုတောင်းတာတွေ ဘာတွေ မရှိပါဘူး။ သို့သော် လူပုဂ္ဂိုလ်ချင်း စာချုပ်ချုပ်စဉ်က ပြောထားတာ ဘာလဲဆိုရင် ပြဇာတ်ကမယ်ဆိုရင် အဖေ ဆရာ ချစ်ဦးညိုကို တိုင်ပင်ကြမယ်။ ကျနော်တို့ ဘာလုပ်ကြမယ်ဆိုတဲ့ ထားခဲ့တဲ့ စကားလေးတွေ ရှိတယ်”
“အဲ့စကားတွေကို ဖောက်ဖျက် ပြီးတော့ လုံးဝ အသိမပေးဘဲ ပိုစတာ ထွက်လာတော့မှ ပြဿနာတွေ တက်တော့မှ တောင်းပန်တယ်။ ကိုလူမင်းတို့လည်း ကပြဖို့ ပိုစတာတွေ တက်လာတော့ အဆဲခံနေရတယ်။ ကိုလူမင်းလည်း ကဖို့ကို သေချာ မသိတာကြောင့် ကျနော့်ကို ညကမှ ဖုန်းဆက် ပြောပါတယ်။ အခုလို ပြဿနာတွေ ဖြစ်တော့ ကိုလူမင်းတို့လည်း မကတော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့ “လင်္ကာဒီပချစ်သူ”ကို ပြဇာတ်ကခွင့် ရရင်တော့ ပရိသတ် အားရကျေနပ်အောင် အကောင်းဆုံး ကပြသွားမှာပါ”လို့ လင်္ကာညိုက ပြောပါတယ်။
အဆိုပါ “လင်္ကာဒီပချစ်သူ” ပြဇာတ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ရန်ပုံငွေပွဲတော်မှာ ကပြ ဖျော်ဖြေသွားမယ်လို့ ကြေညာထားပြီး Mandalay Entertainment မှ စီစဉ်သည့် အဆိုပါပွဲကို လက်မှတ်ခများအနေဖြင့် ဈေးနှုန်း ၁ သောင်းခွဲ၊ ၃ သောင်း၊ ၅ သောင်းကျပ် အသီးသီး ရှိတယ်လို့ ကြော်ငြာပိုစတာမှာ ပါရှိပါတယ်။



 By ခ်စ္ပိုး @ ဧရာ၀တီ
 Original Link - https://burma.irrawaddy.com/lifestyle/entertainment/2018/09/16/169940.html



မန္တလေးမြို့တွင် ကပြ သည့် လင်္ကာဒီပချစ်သူ ပြဇာတ် ကို ဝေဖန်မှုများရှိသော်လည်း ယင်းပြဇာတ် မကြည့်ရသေး သောကြောင့် ကောင်းခြင်း၊ ဆိုး ခြင်းနှင့် ပတ်သက်၍မပြောလို သေးကြောင်း စာရေးဆရာ ချစ် ဦးညိုက ပြောကြားသည်။
‘‘အဲဒီပြဇာတ်ကို လုံးဝမ ကြည့်ရသေးဘူး။ ပြဇာတ်တစ်ခု  လုံးက ဆက်တင်နဲ့ အ၀တ်အစား နဲ့တင်ချွတ်ယွင်းချက်ရှိတယ်၊ မရှိ တယ်ဝေဖန်လို့တော့မသင့်ဘူး။ မှတ်တမ်းတော့ယူလာခဲ့မှာပဲ။ အဲ ဒါကြည့်ရဦးမယ်။ အဲဒါကြည့်ပြီး  တော့မှ အဲဒီအပေါ်မှာ ဘယ်နေ ရာတွေကအားသာတယ်။ ဘယ် နေရာတွေက အားနည်းတယ်ဆို တာကို စာရေးဆရာတစ်ယောက်  အနေနဲ့ပြောချင်တယ်။ အခုနေ တော့ မကောင်းဘူး၊ ကောင်း တယ်၊ မှားတယ်၊ မှန်တယ် မဆုံး ဖြတ်ချင်ပါဘူး’’ ဟု ဆရာချစ်ဦးညိုက ပြောသည်။
လင်္ကာဒီပချစ်သူပြဇာတ်ကို    ဒါရိုက်တာအဖြစ် မောင်သီက ဆောင်ရွက်ကာ လူမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ ခါရာ၊ တိုင်ရွန်နှင့် ၀တ်မှုံရွှေရည်တို့က အဓိကပါဝင်  ပြီး ဒီဇင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် မန္တလေးမြို့အမျိုးသားကဇာတ်ရုံ ၌ ကပြခဲ့သည်။
အဆိုပါ ပြဇာတ်တွင် ပါဝင် သည့် သရုပ်ဆောင်များ၏ ၀တ် စားဆင်ယင်မှုနှင့် ဆက်တင်အ ပြင်အဆင်များကို ပရိသတ်က ဝေဖန်ခဲ့ပြီး သရုပ်ဆောင်အချို့ ၀တ်ဆင်သည့် ဖိနပ်များနှင့်ပတ် သက်၍ ဝေဖန်ခဲ့သည်။
‘‘ကိုယ်ကကားအက်ဆီးဒင့် ကြောင့် အိပ်ရာပေါ်မှာ ရှိသေး တယ်။ ကိုယ်ဆေးရုံတက်ရတဲ့အ ချိန်တုန်းက ဇာတ်တောင်မတိုက်ရ သေးဘူး။ အဲဒီတော့ ဘာမှမသိ ဘူးဖြစ်နေတယ်။ အွန်လိုင်းပေါ် တက်လာတဲ့ပုံတွေအရ တရုတ် ဆန်တယ်တို့ တရုတ်အ၀တ်အ စားတွေဝတ်ထားတယ်။ နောက် က ဆက်တင်တွေကလည်း ဘာဖြစ်တယ်ဆိုတာတွေကိုတော့ တွေ့တော့တွေ့တယ်’’ ဟု ချစ် ဦးညိုက ပြောသည်။
လင်္ကာဒီပချစ်သူ ၀တ္ထုကို အားပေးသည့် ပရိသတ်များအ နေဖြင့် ၀တ္ထုအပေါ်၎င်းတို့ခံစား ထားသည့် ပုံစံနှင့် ပြဇာတ်တွင် ကပြသည့် ပုံများကွဲပြားသည့် အပေါ် ဒေါသဖြစ်၍ ဝေဖန်မှုများ ကိုလည်း နားလည်ကြောင်း  ၎င်း ကဆိုသည်။
ယင်းပြဇာတ်အတွက် ၀တ် စုံအပြင်အဆင်များနှင့် ပတ်သက် ၍ နိုဝင်ဘာ ၁၇ ရက်ကပြုလုပ် သော FM Bagan ၏အင်တာဗျူး တွင် ဒါရိုက်တာမောင်သီက ‘‘Costume ကိုအဓိကစဉ်းစား တယ်။ မြန်မာဒီဇိုင်းတွေနဲ့ဘုရင် ဆိုရင် လေးတင်ခန်းတို့မရဘူး လေ။ လုပ်လို့မဖြစ်ဘူးဆိုတော့ စိတ်ကူးယဉ်ဆန်တဲ့ Fantacy ပေါ့။ မည်သည့်တိုင်းပြည်၊ မည် သည့် လူမျိုးရယ်လို့မဟုတ်သော အဲဒီလိုစဉ်းစားထားတယ်’’ ဟု  ဖြေကြားထားသည်။
‘‘အားနည်းချက်တွေအများ ကြီးရှိနေမှာပါ ၀န်ခံပါတယ်။ ဓာတ်ပုံလေးတွေကို ကြည့်ပြီးအား မလိုအားမရ စေတနာဒေါသော ဖြစ်နေသူတွေကို ရှင်းပြခွင့်မရပေ မယ့် နှစ် ရက်လုံးရုံပြည့်လာအား  ပေးတဲ့ ရွှေမန်းပရိသတ်ကြီးကို တော့ ကျွန်တော်တို့တစ်ဖွဲ့သား လုံးမခိုမကပ်၊ ဘယ်လောက်အထိ ကြိုးစားအားထုတ်တယ်ဆိုတာ ကို တင်ပြခွင့်ရလိုက်တာနဲ့ပဲဖြေ သိမ့်လိုက်ရပါတယ်။ အားလုံး ကိုကျေးဇူးတင်ပါတယ်’’ ဟု ယင်း ပြဇာတ်တွင် ရာဝဏအဖြစ် ပါဝင် သရုပ်ဆောင်ထားသည့် လူမင်း က၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဒီဇင်ဘာ ၁၆ ရက်ကရေး သားထားသည်။

By ဇွဲဥာဏ် @ 7 Day Daily
http://7daydaily.com/story/144972


 ဆက်စပ်ကြည့်ရှုရန်များ



No comments:

Post a Comment