Saturday, December 22, 2018

စစ်ဆင်ရေး နယ်မြေ များ မှ နာမ်လောကဆိုင်ရာ တွေ.ကြုံမှုများ - Sein Win



  



ဤ စာစုများကို ရေးသားနေသူ Sein Win ဟူသော အကောင့်ပိုင်ရှင် ၏ စာစုများကို မိမိတို.အနေဖြင့် သဘောကျသဖြင့် Credit ပေးကူးယူဖော်ပြပါသည် ။ ဖတ်၍ပို အဆင်ပြေစေရန် အပိုဒ်များ ပြင်ဆင်ခြင်း ၊ ခေါင်းစဉ်ငယ်အချို. တပ်ခြင်းမှလွဲ၍ အခြားပြင်ဆင်မှုများ မပြုလုပ်ပဲ မူရင်းအတိုင်းသာ ဖော်ပြပါသည် ။ မူရင်း ခေါင်းစဉ်မှာ


မမြင်ရသောစွမ်းအားရှင်နှင့်အတွေ့အကြုံများ   ဖြစ်ပါသည် ။




(မိမိရေးသားတင်ပေးခဲ့သောစစ်ဆင်ရေးအတွေ့အကြုံများ၊ကုသိုလ်ကောင်းမှုပြုနိုင်ခဲ့ခြင်းအတွေ့အကြုံများ
၊ပြုချင်ပါလျက်မထိုက်
တန်၍မပြုနိုင်ခဲ့သောကုသိုလ်ကောင်းမှုအတွေ့အကြုံများ၊တရားဓမ္မကျင့်ကြံအားထုတ်ခြင်းအတွေ့အကြုံများ
စသည်တို့တွင်"မမြင်ရသောစွမ်းအားရှင်"များနှင့်ပတ်သက်ပြီးကြိုကြားကြိုကြားရေးတင်ခဲ့ဘူးပါသည်၊
သို့သော်မူလရည်ရွယ်ရေးတင်သောအကြောင်းအရာ၏လွှမ်းမိုးမှုအောက်မထင်မရှားရောပါသွားသဖြင့်
စာရှသူတို့သတိမထားမိမသိလိုက်ပဲမေ့လျော့ပျောက်ကွယ်သွားမည်ဟုယူဆပါသည်၊ထို့ကြောင့်"မမြင်ရသော
စွမ်းအားရှင်"များနှင့်ပတ်သက်သည့်အကြောင်းအရာအတွေ့အကြုံများကိုသီးခြားရေးတင်ပေးလိုက်
ရခြင်းဖြစ်ပါသည် - မူရင်းရေးသားသူ)

မိတ်ဆက်
မိမိသည်မိရိုးဖလာဗုဒ္ဓဘာသာပိုးကရင်တိုင်းရင်းသားဖြစ်ပါသည်၊မအူပင်မြို့နယ်၊ခနောင်ထော်ကျေးရွာ
တွင်မွေးဖွားပြီးအခြေခံပညာ
အလယ်တန်းကျောင်းသားဘဝမှစ၍မအူပင်မြို့ပေါ်သို့ရောက်ရှိပညာသင်ကြားခဲ့ရသည်၊အထက်တန်းကျောင်း
သားဘဝတွင်ရန်ကုန်မင်္ဂလာဒုံရှိ"တပ်မတော်ခလေးများအထက်တန်းကျောင်း"တွင်ပညာသင်ကြားခဲ့ပါသည်၊
အခြေခံပညာအထက်တန်းအောင်မြင်ခဲ့သလိုစစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီးမေမြို့
"စစ်တက္ကသိုလ်"သို့ဆက်လက်တက်ရောက်ပညာသင်ကြားခဲ့ပါသည်၊၁၉၆၉ခုနှစ်အေပြီလ(၂၃)ရက်နေ့တွင်
စစ်တက္ကသိုလ်အမှတ်(၁၁)ဗိုလ်လောင်းသင်တန်းမှအောင်မြင်သင်
တန်းဆင်းပြီးတပ်မတော်(ကြည်း)တပ်တွင်အရာရှိငယ်ဒုတိယဗိုလ်ဘဝမှာစတင်တာထမ်းဆောင်ခဲ့ရာမှတာဝန်
ကျရာမြန်မာနိုင်ငံအနှံ့နေရာဒေသအတော်များများသို့ရောက်ရှိခဲ့ရပါသည်၊သာမန်မိရိုးဖလာ
ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့်ကြီးပြင်းလာခဲ့ပါသည်၊ငယ်စဉ်ဘဝကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်ပြီးသာမန် မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်သာယုံကြည် ကိုးကွယ် နားလည် သိရှိလာခဲ့ပါသည်၊

စစ်ဆင်ရေးထွက်ခြင်း
၁၉၈၃ခုနှစ်မတ်လတွင်ခလရ(၉၁)မှော်ဘီတွင်တပ်ခွဲမှူး(ဗိုလ်ကြီး)အဆင့်ဖြင့်ပဲခူးရိုးမဒေသစစ်ဆင်ရေးတာဝန်
ထမ်းဆောင်နေစဉ် ယာယီတပ်ခွဲမှူး(ဗိုလ်မှူး)အဖြစ်အဆင့်တာဝန်တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ခလရ(၉)လင်းခေးသို့ပြောင်းမိန့်ထွက်လာပါသည်၊

တပ်ရင်းနောက်တန်းဌာနချုပ်သို့မသွားတော့ပဲရှေ့တန်းတပ်ရင်းစစ်ဆင်ရေးလားရှိုးနယ်မြေသို့လိုက်လာပြီး
တာဝန်ထမ်းဆောင်ခဲ့ပါသည်၊
တပ်ရင်းစစ်ဆင်ရေးနယ်မြေမှပြန်လည်ဝင်ရောက်ချိန်တွင်နောက်တန်းတပ်ရင်းဌာနချုပ်မှာလင်းခေးမြို့မှ
လွိုင်လင်မြို့သို့ပြောင်းရွေ့ရောက်ရှိနေနှင့်ပြီဖြစ်ပါသည်၊လွိုင်လင်မြို့ရှိတပ်ရင်းဌာနချုပ်တွင်စုဖွဲ့ပြင်
ဆင်လေ့ကျင့်ချိန်စေ့ပြီးစစ်ဆင်ရေးနယ်မြေသို့ပြန်လည်ထွက်ခွာလာရပြီးနောက်မိမိဦးစီးသောတပ်ခွဲသည်
မူဆယ်မြို့တွင်မြို့လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးတာဝန်ယူရပါသည်၊

ထိုသို့မူဆယ်မြို့ပေါ်တွင်အခြေပြုပြီးမြို့လုံခြုံရေးတာဝန်ယူနေစဉ်၁၉၈၄ခုနှစ်နှစ်ဆန်းရက်တွင်စီစီဝမ်တာ
ပန်ဒေသဘိန်းမုံ့ကုန်းစခန်း
တွင်အခြေပြုတာဝန်ယူနေသောမိမိတို့ရှေ့တန်းခလရ(၉)ဒုတပ်ရင်းမှူးစစ်ကြောင်း(၂)မှူးဗိုလ်မှူးဌေးလွင်သည်
ကျန်းမာရေးပြသနာကြောင့်ရုတ်တရက်ကွယ်လွန်သွားသဖြင့်မိမိကိုစီစီဝမ်တာပန်ဒေသစခန်းများ
လုံခြုံရေးတာဝန်ယူကွပ်ကဲရန်စစ်ကြောင်း(၂)မှူးအဖြစ်တာဝန်ပေးလာသဖြင့်ဗိုလ်မှူးဌေးလွင်ကွယ်လွန်သည့်နေ့
တွင်းချင်းမှာပင် စီစီဝမ်တာပန်ဒေသ ဘိန်းမုံးကုန်းစခန်း(ခလရ ၃တွင်တာဝန်ထမ်းဆောင်ခဲ့စဉ်ကမိမိဦးစီးသောစစ်ကြောင်း ၂ဖြင့် ထိုဘိန်းမုံ့ကုန်းစခန်းကို ဗကပ တို့လက်မှတိုက်သိမ်းခဲ့ဘူးပါသည်)သို့အရောက်သွားပြီးတာဝန်ယူကွပ်ကဲခဲ့ရပါသည်။

ဆရာတော်မိန်.သော တောင်စောင်.နတ်
ဗိုလ်မှူးဌေးလွင်ကွယ်လွန်ပြီး(၇)ရက်မြောက်ရက်လည်သည့်နေ့တွင်စီစီဝမ်တာပန်တောင်ကြောကြီး၏
အနောက်ဘက်တောင်ခြေ
တွင်ရှိသော ဟိုခဲရွာ မှကျောင်းထိုင်ဆရာတော်ကို ဘိန်းမုံ့ကုန်းစခန်း သိုပင့်ဖိတ် ရက်လည်ဆွမ်းကပ်အလှူဒါနပြုတရားနာခဲ့ပါသည်၊ဆရာတော်မှာမြန်မာစကားမတတ်သဖြင့် စကားပြန်ကိုရင်တစ်ပါးနှင့်အတူသွားပင့်သောတပ်နှင့်လိုက်ပါကြွလာခဲ့ပါသည်၊မိမိကစခန်းအဝင်ဝမှကန်တော့
ကြိုခေါ်လာခဲ့ပါသည်၊
ဆရာတော်သည်စခန်းတွင်းသို့ရောက်လာပြီးနောက် ပြင်ဆင်ထားသော သံဃာစင်သို့မရောက်မီ (၁၀)လှမ်းခန့်အကွာတွင်(၅/၆)မိနစ်ခန့်ကြာအောင်ခြေစုံရပ်နေပြီးနှုတ်မှလည်း ရှမ်းဘာသာဖြင့်ရွတ်ဆိုနေသည်ကိုတွေ့ပါသည်၊ပြီးမှသံဃာစင်သို့တက်ပြီးပြင်ဆင်ထားသောနေရာတွင်နေရာ
ယူထိုင်လိုက်ပါသည်၊
မိမိကဦးချကန်တော့ပြီးနောက်စကားပြန်ကိုရင်မှတဆင့်ဘာကြောင့်သံဃာစင်ပေါ်မတက်မှီဆရာတော်ခြေစုံ
ရပ်ပြီးရှမ်းဘာသာဖြင့်ရွတ်ဆိုနေရပါသနည်းဟုမေးလိုက်ပါသည်၊

ဆရာတော်မှပြည့်ပြည့်စုံစုံပင်ရှမ်းဘာသာဖြင့်ပြန်ဖြေကြားပါသည်၊စကားပြန်ကိုရင်မှတဆင့်ဆရာတော်က
ပြန်ဖြေကြားသည်မှာ
"သူခြေစုံရပ်နေခဲ့သည်မှာဤစီစီဝမ်တာပန်တောင်ကြောကြီး၏တောင်စောင့်နတ်ကြီး၃ပါးကကန်တော့
နေသဖြင့်
အကန်တော့ခံပြီးဆုပေးမေးမြန်းပြောဆိုနေခဲ့ခြင်းဖြစ်ကြောင်း၊ထိုတောင်စောင့်နတ်ကြီး၃ပါးမှာဤစီစီ
ဝမ်တာပန်တောင်ကြောမှသည်ကွတ်ခိုင်အရှေ့ခြမ်းမှသိန္နီအနီးရောက်သည်အထိတည်ရှိနေသောတော
င်ကြောများကိုပါအစိုးရသောတောင်စောင့်နတ်ကြီးများဖြစ်ကြောင်း၊
၎င်းတို့သည်ယခင်ဘဝကရှမ်းစစ်ဗိုလ်ကြီးများဖြစ်ခဲ့ကြပါကြောင်း၊တရုပ်မြန်မာစစ်ပွဲများအတွင်းကကျ
ဆုံးခဲ့ကြရပြီးယခုကဲ့သို့တောင်စောင့်
နတ်ကြီးများဖြစ်နေကြပါကြောင်း၊၎င်းတို့ကစခန်းပေါ်ရှိမိမိတပ်များကိုလည်းစောင့်ရှောက်ပေးနေ
ပါကြောင်း၊၎င်းတို့အမြဲနေထိုင်သောသစ်ပင်ကြီးကိုမိမိတပ်များခံစစ်တည်ဆောက်
ရာတွင်ခုတ်ပစ်လိုက်သဖြင့်နေရန်အစားထိုးသစ်ပင်ကြီးတစ်ပင်
လိုအပ်နေပါကြောင်း၊နေရန်သစ်ပင်ကြီးတစ်ပင်သတ်မှတ်ပေးစေလိုကြောင်း၊၎င်းသစ်ပင်အနီးတွင်မိမိစစ်သည်
များအပေါ့သွားခြင်းအပါအဝင်ညစ်ညစ်ပတ်ပတ်မပြုလုပ်စေချင်ကြောင်း၊ယခုကွယ်လွန်သွားရသောတကာ
ဗိုလ်မှူးမှာ
စခန်းတွင်းရှိရုပ်ပွားတော်ကိုမသင့်လျှော်သည့်နေရာသို့ရွေ့ပြောင်းချထားလိုက်သဖြင့်"ခိုက်"၍ကွယ်လွန်သွား
ရခြင်းဖြစ်ကြောင်း၊၎င်းရုပ်ပွါးတော်ကိုဤဘိန်းမုံ့ကုန်းစခန်း၏အမြင့်ဆုံးနေရာတောင်ထိပ်သို့အမြန်ရွေ့ပြောင်း
ပူဇော်ရန်မှာပါကြောင်း"ဆရာတော်မှပြောကြားပါသည်။မိမိမှတ်သားထားလိုက်သကဲ့သို့တောင်စောင့်
နတ်ကြီးများအတွက်နေရန်သစ်ပင်ကိုလည်းဆရာတော်အားချက်ချင်းလက်ညှိုးထိုးပြသတ်မှတ်ပေး
လိုက်ပါသည်။

မိမိနှင့်အရာရှိစစ်သည်များကဆရာတော်ကိုနေ့ဆွမ်းဆက်ကပ်သီလယူတရားနာအမျှဝေခဲ့ကြပါသည်၊
ဆရာတော်ပြန်လည်ကြွခါ
နီးတွင်မိမိအားထပ်ပြောသည်မှာ"ပင့်ဖိတ်ထားသည့်အတိုင်းကွယ်လွန်သွားသူတကာဗိုလ်မှူးလည်းလာ
တရားနာသာဓုခေါ်ပါကြောင်း၊သူတစ်ဦးထည်းမဟုတ်ပဲသူ့နောက်က လက်မောင်းတွင်အရစ်၃ရစ်နှင့်တစ်ယောက်၊အရစ်နှစ်ရစ်နှင့်တစ်ယောက်၊အရစ်မပါသူတစ်ယောက်
တို့ပါပါလာပါသေးကြောင်း၊
ဗိုလ်မှူးကသူ့ကိုဘာတာဝန်များပေးဘို့ရှိပါသေးသလဲဟုမေးပါကြောင်း၊မရှိလျှင်မူဆယ်မြို့ပေါ်ကလည်းတရားနာ
ဖိတ်ထားသဖြင့်သွားခွင့်ပြုဘို့ခွင့်တောင်းနေပါကြောင်း"ပြောပါသည်၊မိမိကချက်ချင်းပင်ဘာတာ
ဝန်မှပေးရန်မရှိတော့ပါကြောင်း၊သွားလိုရာသို့သွားနိုင်ပြီဖြစ်ပါကြောင်း ပြန်ဖြေကြားလိုက်ရပါသည်၊ဆရာတော်ကရှမ်းဘာသာဖြင့်ဆက်ပြောနေသည်ကိုလည်းတွေ့ရပါသည်၊
စခန်းမှပြန်ကြွခါနီးဆရာတော်
ကမိမိအားတောင်စောင့်နတ်ကြီးများအတွက်သတ်မှတ်ပေးထားသောသစ်ပင်ကိုဂရုတစ်စိုက်သန်သန့်ရှင်း
ရှင်းထားရန်မှာကြားသကဲ့သို့အရေးကိစ္စရှိလျှင်လည်းသူ့ထံအကြောင်းကြာရန်မှာကြားခဲ့ပါသည်။

ဆရာတော်ပြန်ကြွသွားသည်နှင့်သူမှာကြားခဲ့သည့်အတိုင်းဗုဒ္ဓရုပ်ပွါးတော်အားစခန်းထိပ်သို့ပြောင်းရွေ့နေ
ရာချထားပူဇော်ရေး၊
ဘုရားကျောင်းဆောင်နေရာကိုဝါးရာဇမတ်ကွက်ယက်ပြီးကာရံထားရေး၊တောင်စောင့်နတ်ကြီးများအတွက်
သတ်မှတ်ပေးထားသောစစ်ကြောင်ရုံးအနီးရှိသစ်ပင်ခြေရင်းတွင်လည်းအကာအကွယ်အတားအဆီးချ
ထားပြီးဤသစ်ပင်ကိုမခုတ်ရန်ညစ်ညစ်ပတ်ပတ်မလုပ်ကြရန်စီစဉ်ညွန်ကြားလိုက်ပါသည်တရား
နာပြန်လာသောဗိုလ်မှူးဌေးလွင်နောက်ကပါလာသည့်စစ်သည်(၃)ယောက်အကြောင်း
ထလရအကြပ်ကြီးအားမေးလိုက်ရာယခင်ဤစီစီဝမ်တာပန်စခန်းများတွင်တာဝန်ယူခဲ့ပြီးနောက်တပ်ရင်းသို့
တာဝန်လွှဲပြောင်းစဉ်မိုင်းသေတ္တာကွဲ၍တပ်ကြပ်ကြီးတစ်ယောက်၊တပ်ကြပ်တစ်ယောက်၊
တပ်သားတစ်ယောက်မိမိတို့တပ်ကကျဆုံးဘူးပါကြောင်း၊ယခုကဲ့သို့ဆွမ်းသွပ်တရားနာအမျှဝေမလုပ်ခဲ့ရ
ပါကြောင်းပြန်ပြောပြပါသည်။

Post တွင်ထည့်သွင်းအသုံးပြုထားသော ပုံများမှာ ယခုဖြစ်ရပ်များနှင့် သက်ဆိုင်ခြင်း မရှိပဲ သင့်တော်ရာ ပုံများသုံးထားခြင်းသာဖြစ်ပါသည် ။

မူရင်းရေးသားသူ 

မူရင်းရေးသားသူ နှင့် ဇနီး

No comments:

Post a Comment