Friday, July 22, 2016
Free Artism of WKA @ ကိုသက်ဦး
သက္ဦး 
ကောင်းကင်ကပြိုမလိုမောင်မဲ့မဲ့ ၊ မြစ်ရေကလည်းနောက်ကျိ စွာစီးဆင်းလျက် ၊
ဟိုမာဖက်ကမ်းလမ်းအကြည့်သရွတ်သွပ်ချောင်းကအနည်အမုံတွေပါသောချောင်းရေကိုမြစ်မထဲမသိမသာမျေ ာချနေသည် ။သရွတ်သွပ်ချေ ာင်းဘေး ရွာသစ်ရပ်ကွက်သူ့ဟိုဖက်တစ်ဆက်ထဲမာသော်က ။
သော်ကဟုတွေးမိတိုင်းအပြေးမြင်မိသည်ကအတွတ်နဲ့မွေး ၊ သူတို့အတိတ်သူတို့အရိပ် ၊ဆွတ်ပျံ့လွမ်းမောဖွယ် ရင်ခုန်တိမ်းမူးဖွယ် ၊ မရိုးနိုင်အောင်လပမွေးမြခဲ့သော ပုံရိပ်ဟောင်းမျ ားစွာ ယခုတိုင်အောင်မြို့ကိုလွမ်းခြုံ ထားဆဲ။
အတွေးကလွင့်သွားသည် ။ သော်ကဟုမြင်မိတိုင်းထပ်ပေါ်လာတတ်သည်က ဖြူဖြူဖျေ ာ့ဖျေ ာ့ပိန်ပိန်ပါးပါးအနုပညာသမားရုပ်ထွက်နေသော၊ကဗျာရူးခဲ့သော၊ပန်းချီပညာတွင်မော်အောင်ခဲ့သောမွေးနေခဲ့သောအိမ်နင့်ခဲတစ်ပြစ်သာသာတွင်နေသော ၊ ဆင်းရဲခြင်းနင့် လည်ပင်းဖက်ကြီးခဲ့သော ၊ ကုက္ကို ပင်လိုဏ်ခေါင်းလမ်းကလေးမာအတွတ်နဲ့မွေးခြေရာကိုသွားသွားရာတတ်သော ၊ သော်ကဘုရားပေါ်တွင်ကြိမ်ဖန်မျ ားစွာပန်းချီသွားသွးရေးတတ်သော သက်ဦး ။
သူ့အိမ်ရေ့မာမရပ်မနားစီးဆင်းနေသောဧရာဝတီမြစ် ၊  သူ့အိမ်အနောက်မာယ္ခု အချိ န်စိမ်းမြနေသောစပါးပင်ပျို များ၊ဟိုးအိမ်အနောက်တစ်ထောင်စစ်ကွေ့သာသာတွင်လွမ်းစေတီသော်က ၊ ဟိုမာဖက်ကမ်းတွင်ဝါးခယ်မမြို့ကလေး ၊ ဒီလိုအခင်းအကျ င်းကြားကြီးပြင်းလာသောသူ အနုပညာသွေးနောသည်မာထူးဆန်းဖွယ်ရာမဟုတ် ။.
မြစ်ကိုအလျ ားလိုက်ကူးပြီးမြို့ကလေးမာသူကျေ ာင်းလာလာတက်သည် ။ အလယ်တန်းကျေ ာင်းသားဘဝအ.ထ.က၁မာကျောင်းတက်ရင်းအ.ထ.က၁မဆရာနစ်ပါးနင့်သူရင်းနီးခင်မင်ခွင့်ရခဲ့သည်။ထိုခေတ်ကဆရာများသည်တပည့်မျ ားအပေါ်ရင်ဝယ်သားလိုချစ်ခင်သည် ။
တပည့်မျ ားကလည်းမိဘသဖွယ်ချစ်ကြောက်ရိုသေသည် ။အလွန်ကြည်နူးဖွယ်ကောင်းလသောပြန်မတွေ့ရတော့သောဆက်ဆံရေးမျ ားပင် ။
ပန်းချီပညာတော်သောဆရာနစ်ပါးထံတွင်သူတပည့်ခံခွင့်ရခဲ့သည်။
ဆရာတစ်ပါးကဆရာဦးကိုရီ
ဆရာတစ်ပါးကဆရာဦးစိန်လျ
ဆရာနစ်ပါးနင့်သူ့ပါရမီကသူ့ကိုပန်းချီဆရာတစ်ဦးအဖြစ်ဖြတ်စေခဲ့ပြီ။အထက်တန်းကျေ ာင်းသားဘဝဧရာဝတီတိုင်း၂၆ မြို့နယ်ပန်းချီ ပြိုင်ပွဲတွင်တစ်ဦးတည်းဆုမျ ားစွာရရိခဲ့သည်။
ထိုအချိ န်က သက်ဦး ရွေခေတ်ပင် ။ ဆေးစက်ကျ ရာအရုပ်ထင်သလို အားကိုးသူအကူအညီတောင်းသူ အားကျ သူ ပွဲလမ်းသဘင်ပေါင်းစုံ ၊ အလု မင်္ဂလာပေါင်းစုံ ၊ နံမည်ပေးကင်ပွန်းတပ်ကအစ ပန်းးချီ ပုံတူအထိသူမပါလျင်ပွဲမစည်သူ ။
၂၆ မြို့နယ် သီးနံစုံပြပွဲ ဝါးခယ်မမြို့မဲပေါက်စဉ်ပြခန်းပေါင်းမျ ားစွာ မုဒ်ဦးပေါင်းမျ ားစွာသက်ဦးလက်ရာတွေ ။နိုင်ငံတော်အလံဖြတ်သန်းသယ်ဆောင်စဉ်မုခ်ဦးမျ ားစွာ မြို့နယ်အတွက်သူပေးဆပ်ဘူးသည်။ကဗျာစာအုပ်လေးတွေပန်းဖလက်တွေမာသူမပါခဲ့တာမရိသလောက် ။
မြို့ဟောင်းရစ်ပုဒ် ကဗျ ာအုပ်မာသူ့လက်ရာအပြည့် ။
ကောင်းကင်ကပြိုမလိုမှောင်မဲ့မဲ့
ဟိုမှာဖက်ကမ်းလှမ်းအကြည့်သရွတ်သွပ်
ချောင်းကအနည်အမှုံတွေပါသောချောင်းရေ
သူ့ဟိုဖက်တစ်ဆက်ထဲမှာသော်က ။
အတွတ်နဲ့မွှေး သူတို့အတိတ်သူတို့အရိပ်
မရိုးနိုင်အောင်လှပမွှေးမြခဲ့သော ပုံရိပ်ဟောင်း
များစွာ ယခုတိုင်အောင်မြို့ကိုလွှမ်းခြုံ ထားဆဲ
ပန်းချီပညာတွင်မှော်အောင်ခဲ့သော
မွှေးနေခဲ့သောအိမ်နှင့်ခဲတစ်ပြစ်သာသာတွင်
နေသော ဆင်းရဲခြင်းနှင့် လည်ပင်းဖက်ကြီး
ခဲ့သော ကုက္ကို ပင်လှိုဏ်ခေါင်းလမ်းကလေး
မှာအတွတ်နဲ့မွှေးခြေရာကိုသွားသွားရှာတတ်
သူ့အိမ်ရှေ့မှာမရပ်မနားစီးဆင်းနေသော
ဧရာဝတီမြစ် သူ့အိမ်အနောက်မှာယ္ခု အချိ န်
လွမ်းစေတီသော်က ဟိုမှာဖက်ကမ်းတွင်
ကြီးပြင်းလာသောသူ အနုပညာသွေးနှော
သည်မှာထူးဆန်းဖွယ်ရာမဟုတ် ။.
မြစ်ကိုအလျားလိုက်ကူးပြီးမြို့ကလေးမှာ
သူကျောင်းလာလာတက်သည် ။
မှာကျောင်းတက်ရင်း အ.ထ.က ၁ မှ
ဆရာနှစ်ပါးနှင့်သူရင်းနှီးခင်မင်ခွင့်ရခဲ့သည်။
လှသောပြန်မတွေ့ရတော့သောဆက်ဆံရေး
များပင် ။
ပန်းချီပညာတော်သောဆရာနှစ်ပါးထံတွင်သူတပည့်ခံခွင့်ရခဲ့သည်။
ဆရာတစ်ပါးကဆရာဦးစိန်လျှံ
ဆရာနှစ်ပါးနှင့်သူ့ပါရမီက
ဆုများစွာရရှိခဲ့သည်။
ထိုအချိ န်က သက်ဦး ရွှေခေတ်ပင် ။
သဘင်ပေါင်းစုံ အလျူ မင်္ဂလာပေါင်းစုံ
အထိသူမပါလျှင်ပွဲမစည်သူ ။
၂၆ မြို့နယ် သီးနှံစုံပြပွဲ ဝါးခယ်မမြို့မဲပေါက်စဉ်
သက်ဦးလက်ရာတွေ ။
မုဒ်ဦးများစွာ မြို့နယ်အတွက်သူပေးဆပ်
တွေမှာသူမပါခဲ့တာမရှိသလောက်
မြို့ဟောင်းရှစ်ပုဒ် ကဗျာအုပ်မှာသူ့လက်ရာ
အပြည့် ။
သော်ကကမ်းနဘေးမာ သက်ဦးနေခဲ့သည်။ ဓနိအိမ်ကလေးမာယခုလဲသက်ဦးနေသည် ။ဓနိအိမ်ကလေးမာပါပဲယခင်အတင်းနုတ်ဆက်ခံခဲ့ရသောသက်ဦးအကူအညီအတောင်းအခံရဆုံးသက်ဦး ၊ စိတ်ကျ မ္မာရေးထိခိုက်ခံရပြီးနောက်သူ့မြင်လျင်မမြင်သလိုပြုလာကြသည်။လုျစ်လျူ ရု လာသည် ။လမ်းတွေ့လျင်ရောင်သွားကြသည် ။ကလေးတွေကစကြသည် ။စိတ်မကျန်းမာသူကိုဝိုင်းနောက်ကြသည်။
မိုးကအသံမပြုပဲရွာလာသည် ။ တစ်ပေါက်ပေါက်ရွာနေရာကရိုက်ကြီးတငင်မိုးရည်မိုးပေါက်မျ ားကြားမာတစ်ရွေ့ရွေ့လူတစ်ယောက်မျေ ာပါလာသည်။ဝါးနေရာနီးလာချိန်တွင်ဖြူ ဖျေ ာ့ဖျေ ာ့ပါးလျသောကိုယ်လုံးတွင်ငွေရောင်တွေစွန်းထင်းကောက်ကွေ့နေသောဆံနွယ်မသပ်မယပ်ကလည်းကုတ်ပေါ်တွင်ဝဲကျလျက်နုတ်ဖျ ားမလည်းတလုပ်လုပ်ရေရွတ်လျက်ဖျပ်ကနည်းမြင်သွားပုံရသည် ။
အပြေးဝင်လာသည် ။  နောင်းသစ် ခေါ်ပြီးသူတွေသွားသည် ။  ခေါင်းကုတ်ပြီး လူမျိုးလွင်။မဟုတ်ပါဘူး မောင်သက်ငြိမ် ။ မျိုးရဲ မျို းရဲ တတွတ်တွတ်ကလောင်အမည်တွေရွတ်ရင်းလက်ညို းတစ်ချောင်းထောင်ပြီးစုတ်တံဘိုးပေးဟုပြောသည်။မတ်ညဏ်တွေလျော့ကျနေသော်ငြားအနုပညာဓာတ်ခံသူ့မာကျန်နေသေးသည်။
မိုးရေထဲဆော့ပြေးနေသောကလေးတွေသူ့ကိုတွေ့သွားပြီး လက်ညို းဝိုင်းထိုးလျက်သက်ဦးအရူး
အရူးသက်ဦး ပြိုင်တူအော်ပြေး ကြသည် ။
စိတ်မာဆို့နင့်သွားသည် ။
မျ က်ဝန်းတွင်မျ က်ရည်စတို့ဝေ့သီလာပြီ။တစ်ချိန်ကရွန်းလက်တောက်ပခဲ့သောမျ က်ဝန်းအစုံက မိန်ဖျေ ာ့ဝါမု န်စွာ ။
အနာဂတ်ပျေ ာက်ဆုံးနေသောလူသားတစ်ဦး
မနက်ဖန်မျ ားစွာသည်သူ့အတွက်ဗလာမျ ား
ပါးလျသောမျေ ာ်လင့်ခြင်းပင်မရိတော့ပေ ။
သော်ကကမ်းနဘေးမှာ သက်ဦးနေခဲ့သည်။
ဓနိအိမ်ကလေးမှာ
ယခုလဲသက်ဦးနေသည်
ဓနိအိမ်ကလေးမှာပါပဲ
ယခင်အတင်းနှုတ်ဆက်ခံခဲ့ရသောသက်ဦး
သူ့မြင်လျှင်မမြင်သလိုပြုလာကြသည်။
လျှုစ်လျူ ရှု လာသည် ။
လမ်းတွေ့လျှင်ရှောင်သွားကြသည် ။
ကလေးတွေကစကြသည် ။
စိတ်မကျ မ်းမာသူကိုဝိုင်းနှောက်ကြသည်။
တစ်ပေါက်ပေါက်ရွာနေရာကရှိုက်ကြီးတငင်
မိုးရည်မိုးပေါက်များကြားမှာတစ်ရွေ့ရွေ့လူ
တစ်ယောက်မျောပါလာသည်။
နှုတ်ဖျားမှလည်းတလှုပ်လှုပ်ရေရွတ်လျက်
အပြေးဝင်လာသည်
နှောင်းသစ် ခေါ်ပြီးသူတွေသွားသည်
တွေရွတ်ရင်းလက်ညှိုးတစ်ချောင်းထောင်
မှတ်ညဏ်တွေလျော့ကျနေသော်ငြား
အနုပညာဓာတ်ခံသူ့မှာကျန်နေသေးသည်။
သူ့ကိုတွေ့သွားပြီး လက်ညှိုးဝိုင်းထိုးလျက်
သက်ဦးအရူး
အရူးသက်ဦး
ပြိုင်တူအော်ပြေး
ကြသည် ။
စိတ်မှာဆို့နင့်သွားသည် ။
ီတစ်ချိန်ကရွှန်းလက်တောက်ပခဲ့သော
မျ က်ဝန်းအစုံက မှိန်ဖျော့ဝါမှု န်စွာ ။
မနက္ဖန္မ် ားစြာသည္သူ႕အတြက္ဗလာမ် ား
ပါးလျသောမျော်လင့်ခြင်းပင်မရှိတော့ပေ ။
မြစ်မကိုငေးရီမိပြန်သည် ။
ရွာသစ်ကိုလမ်းမြင်ရပြန်သည် ။
သူ့ဘေးမာလွမ်းစေတီသော်ကရိမန်းအလိုလိုသိနေသည် ယ္ခု အချိ န်စိမ်းစိုနုပျို သောစပါးပင်မျ ားလဲ
ိသည် ။ ပြီးတော့စိတ်ကျ မ္မာရေးချို့တဲ့နေသူသက်ဦးနေသည် ။
လွမ်းစေတီသော်ကသည် လေအဝေ့တွင်ဆည်းလည်းသံတလွင်လွင်နင့်ရွေရောင်ဝင်းနေသည် ။
စိမ်းစိုသောစပါးပင်ပျို မျ ားသည် မကြာမီရွေရောင်ဝင်းနေသောစပါးခင်းဖြစ်လာတော့ပေမည် ။
သက်ဦးတစ်ယောက်ခမျ ာမာသာ.,..
အဓိပ္ပါယ်ရိသောအနာဂတ်တစ်ခုကို  သူပြန်ရခဲ့လျင်-------
ရည်ရွယ်ချ က်ပါသောမနက်ဖန်ကိုပြန်လည် တူးဖော်နိုင်ခဲ့ပါလျင်--------။
မိုးကငိုကြွေးမုကိုလျေ့ာမချသေး  ၊ ညိုညစ်နေသောမြစ်ရေကလည်း အရောင်ပြောင်းမလာသေး ၊
ကျေးလက်ဆန်နေသေးသောမြို့ကလေးမျက်တောင်စင်းလို့ဟိုးဝေးဝေးကဖြတ်မောင်းသွားသောစက်လေပေါ်မာ သက်ဦးတစ်ယောက်ရယ် ကောင်းကင်ကိုလက်ညိုးလမ်းထိုးလို့ကမ္ဘ ာကြီးနဲ့သူ ဘာမသက်ဆိုင်မ
မရိသူတစ်ယောက်လို ။
ရွာသစ်ကိုလှမ်းမြင်ရပြန်သည် ။
သူ့ဘေးမှာ
လွမ်းစေတီသော်ကရှိမှန်းအလိုလိုသိနေသည် ယ္ခု အချိ န်စိမ်းစိုနုပျို သောစပါးပင်များလဲ
သက်ဦးနေသည် ။
လွမ်းစေတီသော်ကသည် လေအဝှေ့တွင်
ဆည်းလည်းသံတလွင်လွင်နှင့်ရွှေရောင်
ဝင်းနေသည် ။
ရွှေရောင်ဝင်းနေသောစပါးခင်းဖြစ်လာတော့
ပေမည် ။
သက်ဦးတစ်ယောက်ခမျာမှာသာ.,..
အဓိပ္ပါယ်ရှိသောအနာဂတ်တစ်ခုကို
သူပြန်ရခဲ့လျင်-------
မိုးကငိုကြွေးမှုကိုလျှော့မချသေး
အရောင်ပြောင်းမလာသေး
မျက်တောင်စင်းလို့
ဟိုးဝေးဝေးကဖြတ်မောင်းသွားသောစက်လှေ
ပေါ်မှာ သက်ဦးတစ်ယောက်ရယ်
ကောင်းကင်ကိုလက်ညှိုးလှမ်းထိုးလို့
ကမ္ဘာကြီးနဲ့သူ ဘာမှသက်ဆိုင်မှု
မရှိသူတစ်ယောက်လို ။ ။
Composed by Myonaing
Photo by Ko Kyaw Thu ( WKA ) , Ko Myo Naing & Ba Ba Kyaw 
ဆက်စပ်လေ.လာရန် 
ကိုကျော်စိုး ပြောတဲ့ အဲ့ဒီမြို.
ကြိုးတံတားကြီးပေါ်က
ခရီးသည်တင်ကားက
အိပ်ငိုက်နေတဲ့
ဗောယာကြီးကိုလှောင်ပြ
အဲဒါ ဝါးခယ်မ။
လဘက်ရည်ဆိုင်ထဲက
TV တွေက
မနိုးထတော့တဲ့
ရုပ်ရှင်ရုံကြီးကိုလှောင်ပြ
အဲဒါ ဝါးခယ်မ။
များပြားလှတဲ့
ရေသန့်ဘူးတွေက
မပြတ်စီးဆင်းနေတဲ့
ရေချိုမြစ်ကြီးကိုလှောင်ပြ
အဲဒါ ဝါးခယ်မ။
သစ်လွင်ခန့်ငြားနေတဲ့
ပုဂ္ဂလိကဘဏ်တွေက
အိုမင်းဟောင်းနွမ်းနေတဲ့
စီးပွါးရေးဘဏ်ကြီးကိုလှောင်ပြ
အဲဒါ ဝါးခယ်မ။
အသစ်တွေကိုလက်ခံ
အဟောင်းတွေကိုရင်ခွင်ပိုက်
ပြောင်းလဲခြင်းကိုအန်တု
လောကဓံ ကိုသူလှောင်ပြ
အဲဒါ ဝါးခယ်မ။
Composed by ကိုကျော်စိုး @ 2014 July
Photo by ကိုကျော်သူ ( ၀ါးခယ်မ )
Friday, July 8, 2016
သခင်သိန်းဖေ ( ဝါးခယ်မ )၏ ဘဝဖြစ်စဉ်အကျဉ်းချုပ်
၁။ သခင်သိန်းဖေကို ခရစ်နှစ် ၁၉၁၆ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်၊ နယုန် လဆန်း (၉) ရက်နေ့တွင် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြို့မလမ်း၊ ယခု အိမ်အမှတ် (၃၉)၌ မြေပိုင်လယ်ပိုင်ရှင်များဖြစ်သော ဦးပန်းဘူး + ဒေါ်သုန်တို့မှ မွေးဖွားခဲ့ပါသည်၊ မွေးချင်းနှစ်ဦးရှိ၍ အမဖြစ်သူ၏ အမည်မှာ ဒေါ်ခင်သန်းဖြစ်ပါသည်။
၂။ ငယ်စဉ်က ဝါးခယ်မမြို့ အစိုးရအလယ်တန်းကျောင်း၌လည်းကောင်း၊ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းနှင့် ရန်ကုန်အစိုးရအထက်တန်းကျောင်းတို့တွင် တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် အထက်တန်းကျောင်း၌ သပိတ်မှောက်မှုဖြစ်ပွားရာ ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သဖြင့် ကျောင်းထုတ်ခံရသည်၊ ကျာင်းသားဘဝကပင် နိုင်ငံရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ် ပြင်းပြခဲ့သူဖြစ်ခဲ့သည်။
၃။ အစိုးရအထက်တန်းကျောင်းသားဘဝတွင် နယ်ချဲ့အစိုးရလက်အောက်၌ ၈-စတုံတန်း လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့သည်၊ အင်္ဂလိပ်လူမျိုးလက်ဝှေ့သမားများ၊ မြန်မာလက်ဝှေ့သမားများကို အလဲထိုးပွဲများဖြင့် အနိုင်ရခဲ့သူဖြစ်သည်။
၎။ ၁၉၃၅ ခုနှစ်တွင် ဝါးခယ်မမြို့ တို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ ထို့နောက် မြောင်းမြခရိုင် တို့ဗမာအစည်းအရုံး အတွင်းရေးမှုး၊ ထိုမှတစ်ဖန် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေးတိုက်ပွဲများတွင် ရှေ့တန်းကတက်ကြွစွာပါဝင်သော သခင်သိန်းဖေ ဖြစ်လာခဲ့သည်။
၅။ ၁၉၃၆ ခုနှစ် ကုလား-ဗမာ အဓိကရုဏ်းတွင်သခင်အဖြစ် ခေါင်းဆောင်ပါဝင်လှုပ်ရှားခဲ့၍ မြောင်းမြထောင်၌ (၉)လကျော်နေရသည်၊ ၁၉၃၇ ခုနှစ်တွင် ကျောင်းသားများအတွက် တော်လှန်ရေးပြဇာတ်ရေးသားပေးမှုအတွက် ထောင်ဒဏ်တစ်နှစ် အပြစ်ပေးခံရသည်၊ ထိုနှစ်မှာပင် မြောင်းမြတစ်ခရိုင်လုံးရှိ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် (၁၇) ဦးကို အစိုးရအပေါ်အကြည်ညိုပျက်စေမှုကြောင့်ဆိုကာ ထောင် (၆) လ ထပ်အပြစ်ပေးခံရသည်၊ ၁၉၃၈ ခုနှစ်တွင် လယ်သီးစားများကို လက်ငုတ်လယ်ယာမြေပေါ်မှ မြေပိုင်ရှင်ချစ်တီးများကနှင်သောကြောင့် လယ်သမားများကိုခေါင်းဆောင်ကာတိုက်ပွဲဝင်ခဲ့သဖြင့် (၁) နှစ်အတွင်းကောင်းမွန်စွာနေထိုင်ရန်အာမခံဖြင့် အပြစ်ပေးခံရသည်။။ ထိုနှစ်၌ပင် (၁၃၀၀) ပြည့် ရေနံမြေသပိတ်စောင့်ရှောက်ရေးကော်မတီဝင်အဖြစ် ဆောင်ရွက်သည်။
၆။ ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့တွင် ရွှေတိဂုံစေတီ အလယ်ပစ္စယံကွက်လပ်ကြီး၌ ပထမဦးဆုံးသော ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားအစည်းအဝေးကြီးကို ကျင်းပ၍ ယင်းအစည်းအဝေးကဖွဲ့စည်းလိုက်သည့် ပထမဆုံးသော တောင်သူလယ်သမားအစည်းအရုံးကြီးတွင် ဥက္ကဋ္ဌ သခင်မြ၊ အတွင်းရေးမှူး သခင်ခင်အောင်၊ သခင်သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်လှဘော်၊ သခင်တင်(သုံးဆယ်)၊ သခင်စိုးမင်း(ကြို့ပင်ကောက်)၊ သခင်ဗသော်(ကညွှတ်ကွင်း)၊ သခင်ကျော်သူကလေး(သံလျင်)၊ သခင်လှထွန်း၊ သခင်ငြိမ်း(မအူပင်)စသည်တို့နှင့် ဗဟိုအလုပ်အမှုဆောင်အဖြစ် ပါဝင်တာဝန်ထမ်းဆောင်ခဲ့သည်။
၇။ တို့ဗမာအစည်းအရုံးညီလာခံကို မော်လမြိုင်မြို့၌ကျင်းပစဉ် နိုင်ငံရေးသင်တန်းများတက်ခဲ့သည်၊ သာယာဝတီညီလာခံ၌ သခင်နုတင်သွင်းသော နယ်ချဲ့ဆန့်ကျင်ရေးအဆိုကို သခင်သန်းထွန်းက အဆိုတင်သွင်း၍ သခင်သိန်းဖေက ထောက်ခံသူဖြစ်သဖြင့် အင်းစိန်ထောင်တွင် (၁) နှစ်ကျခံရသည်။ ၁၉၄၁ ခုနှစ်တွင် မြေအောက်တော်လှန်ရေးတာဝန်ခံ သခင်မြက သခင်သိန်းဖေကို မြစ်ဝကျွန်းပေါ် မြေအောက်တော်လှန်ရေးတာဝန်ခံအဖြစ်ခန့်အပ်တာဝန်ပေးခဲ့သည်။
၈။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး မြန်မာနိုင်ငံသို့မချီတက်မီ သူပုန်အဖွဲ့ဖြစ်သည့် ဗိုလ်နေဝင်း(ရဲဘော်သုံးကျိပ်)၊ ဗိုလ်မိုးညိုတို့ထံတွင် လက်နက်ကိုင်တိုက်ပွဲဝင်နည်းစနစ်များကို ပဲခူးမြို့အနီး စည်တီးကျေးရွာ၌ လျှို့ဝှက်သင်ယူခဲ့သည်။
၉။ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး မြန်မာနိုင်ငံသို့ချီတက်လာစဉ် ဗိုလ်သိန်းဖေအဖြစ်ခံယူပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့်အတူ မြောင်းမြ၊ ဝါးခယ်မနှင့် ကျုံမငေးမြို့များကို သိမ်းယူနိုင်ခဲ့သည်။
၁၀။ ၁၉၄၂ ခုနှစ် မတ်လတွင် ရွှေတောင်ကြားလမ်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ပြီး ဗိုလ်ချုပ်က ဂျပန်ကိုလက်နက်နှင့်တော်လှန်ရန် ဆွေးနွေးခဲ့သဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ပြင်ဆင်ခဲ့သည်၊ ၁၉၄၂ ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့တွင် မြောင်းမြစီရင်စုတာဝန်ခံ ဗိုလ်မြင့်၊ မြစ်ဝကျွန်းပေါ် ငြိမ်ဝပ်ပိ ပြားရေးတာဝန်ခံ ဗိုလ်ကြင်၊ မြစ်ဝကျွန်းပေါ်နယ်များအုပ်ချုပ်ရေးမှူး သခင်သိန်းဖေတို့သည် မြောင်းမြအုပ်ချုပ်ရေးအဖွဲ့သစ်ကို အဖွဲ့ဝင်(၁၃)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြပြီး သခင်သိန်းဖေကို မြောင်းမြစီရင်စုအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ 
၁၁။ ၁၉၄၃ ခုနှစ်တွင် ဂျပန်ကိုတော်လှန်ရန် စာရွက်စာတမ်းရိုက်နှိပ်ဖြန့်ဝေသဖြင့် ပုလိပ်ရုံးကြီး၌ (၁၂) ရက်မျှ ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရသည်၊ ၁၉၄၃-၄၄ ခုနှစ်များတွင် ဂျပန်စစ်တပ်သို့ အုန်းဆံကြိုးနှင့် အုန်းဆံပိုက်ကွန်များသွင်း၍ ဂျပန်ကိုတော်လှန်ရန် နည်းလမ်းရှာခဲ့သည်။ 
၁၂။ ၁၉၄၅ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်တော်လှန်ရေးကြီးတွင် မြစ်ဝကျွန်းပေါ်တိုင်း တော်လှန်ရေးတပ်နှင့်အတူ ပါဝင်လက်တွဲတော်လှန်ခဲ့သည်။ ထိုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ပေးသဖြင့် မအူပင်ခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်တို့၏ နိုင်ငံရေးတာဝန်ခံအဖြစ်ထမ်းဆောင်ရသည်။ ၁၉၄၆ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်ကို ပြန်တိုက်ရန် လက်နက်စုဆောင်းစဉ် အိမ်ပေါ်၌ လက်နက်အချို့တွေ့၍ ဖမ်းဆီးခံရသည်။
၁၃။ ဗမာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် တိုင်းပြည်အတွင်း ဆိုရှယ်လစ်၊ ကွန်မြူနစ်နှင့် အခြားနိုင်ငံရေးအကွဲအပြဲများပေါ်ပေါက်လာမှုကြောင့် နိုင်ငံရေးမှအနားယူကာ " ပျော်ဘွယ်လေးကြိုးစက် "ကိုတည်ထောင်၍ စီးပွားရေးဇောက်ချလုပ်ဆောင်ခဲ့ပြီး နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ တော်လှန်ရေးရဲဘော်ဟောင်းများအား
 ငွေကြေးထောက်ပံ့ကူညီခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဖက်စပ်ကော်ပိုရေးရှင်းအမှတ် (၇) ၏ ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဗမာ့စက်မှုလက်မှုကောင်စီ၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
၁၄။ ၁၉၆၂ ခုနှစ်၊ ဝန်ကြီးချုပ်ဦးနုလက်ထက်တွင် " နိုင်ငံခြားသား စီးပွားရေးလွှမ်းမိုးမှု ကာကွယ်ရေးအဖွဲ့ " ကို ဂိုးလ်ဖလိပ် ဦးဝင်းရှိန်၊ မောင်ဗမာ စွပ်ကြယ်စက်ပိုင်ရှင် ဦးဘရှိန်တို့နှင့်အတူ ဦး
ဆောင်ဖွဲ့စည်းကာ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များထက် လွတ်လပ်ရေးကြိုးပန်းရာတွင်ပါဝင်ခဲ့သည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအခွင့်အလမ်းများနှင့် လုပ်ကိုင်ခွင့်များ ပိုရရှိရေး တောင်းဆိုခဲ့ကြသည်။
၁၅။ ၁၉၆၄ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် တို့ဗမာအစည်းအရုံး သမိုင်းပြုစုရေးအတွက် ဆော်သြသူအဖြစ် တာဝန်ပေးသဖြင့် ပထမတွဲ၊ ဒုတိယတွဲထုတ်ဝေပြီးသည်အထိ တာဝန်ယူခဲ့သည်။ တော်လှန်ရေးကောင်စီလက်ထက်တွင် ( ၃ နှစ် ၄ လ ) မျှ အထိန်းသိမ်းခံရသည်။
၁၆။ အမျိုးသားနေ့(၁၉၂၀) မပျောက်ကွယ်စေရန်အလို့ငှာ ၁၉၆၅ ခုနှစ်မှအစပြု၍ ဗဟန်းမြို့နယ်၊
တိုင်တစ်ရာကျောင်းတိုက်တွင် နှစ်စဉ်ပါဝင်ကျင်းပခဲ့သည်၊ ၁၉၈၀ ပြည့်နှစ်တွင် အမျိုးသားအောင်ပွဲဝင်နှစ် (၆၀) မြောက် ပုလဲရတု ကျင်းပရေးဗဟိုကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ယင်းကိစ္စအတွက် "မဆလ"အစိုးရက တာဝန်ယူခဲ့သဖြင့် အမျိုးသားနေ့သည် နိုင်ငံတော်၏ တရားဝင် ( Gazetted )နေ့တစ်နေ့ဖြစ်လာခဲ့သည်။
၁၇။ ၁၉၇၉-၈၀ ခုနှစ်များတွင် ဂိုးလ်ဖလိပ် ဦးဝင်းရှိန်နှင့် တွဲဖက်ကာ ဇီဝိတဒါနသံဃာဆေးရုံ အလုပ်အမှုဆောင်အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။
၁၈။ ၁၉၈၀ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်) ချီးမြှင့်ခံရသည်။ ချီးမြှင့်ခံရငွေ (၃၀,၀၀၀) ကျပ်ကို မိမိဖြည့်စွက်ငွေ(၂၀,၀၀၀)ပေါင်း (၅၀,၀၀၀)ကျပ် ဝါးခယ်မမြို့နယ်အသင်း(ရန်ကုန်)သို့ ပညာရေးမတည်ရန်ပုံငွေအဖြစ် လှူဒါန်းခဲ့ပါသည်။ 
၁၉။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီပြည်သူ့အရေးတော်ပုံကြီး၌ သခင်သိန်းဖေသည် (၉-၉-၈၈)နေ့တွင်
ဝန်ကြီးချုပ်ဟောင်းဦးနု ဖွဲ့စည်းသောစင်ပြိုင်အစိုးရ၏ စီးပွားရေးဝန်ကြီးအဖြစ်ပါဝင်ခဲ့သည်။ ထို့နောက် ဦးနုဖွဲ့စည်းသော " ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ် "တွင် တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းခြင်းကို ခံခဲ့ရပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင် လူငယ် အဖွဲ့ဝင်များမှ၂၀၁၀ သြဂုတ် ၂၉ ရက် (တနင်္ဂနွေနေ့) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်  သခင်သိန်းဖေ နေအိမ်သို.သွားရောက်ကာ ဂါရ၀ပြု နှုတ်ဆက်စဉ်
၂၀။ သခင်သိန်းဖေသည် ဒီ/ငြိမ်းအဖွဲ့ချုပ် ဖျက်သိမ်းပြီးသည့်နောက် ဗိုလ်မှူးအောင်နှင့် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များဖြစ်သည့် သခင်ခင်အောင်၊ သခင်ချစ်မောင်၊ ဗိုလ်အောင်နိုင်၊ ဗိုလ်ညို၊
ဦးမောင်မောင်ကျော်(ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း)၊ ဦးအောင်မြင့်၊ ဦးမင်းလွင် စသည်တို့နှင့်ပူးပေါင်းကာ နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
၂၁။ ၁၉၉၆ ခုနှစ်တွင် ဂျပန်ခေတ်ကမြောင်းမြမြို့၌ ဖက်ဆစ်တို့၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသော တော်လှန်ရေးအာဇာနည်ရဲဘော်များအတွက် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူနိုင်ရေးကို နဝတအစိုးရထံ တင်ပြတောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
၂၂။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ကြံတောသင်္ချိုင်းရွှေ့ပြောင်းမည်ဖြစ်သောကြောင့် လွတ်လပ်ရေးကြိုးပန်းစဉ်ကာလက သက်စွန့်ကြိုးပန်းပါဝင်ဆောင်ရွက်ခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်များ၏ သင်္ချိုင်းဂူများကို ဂျပန်သင်္ချိုင်း၊ အင်္ဂလိပ်သင်္ချိုင်း၊ တရုပ်သင်္ချိုင်း၊ ကုလားသင်္ချိုင်းများနည်းတူ တစ်စုတစ်ဝေးထည်းထားနိုင်ရန်အတွက် နဝတအစိုးရထံ နှစ်ကြိမ်တိုင်တိုင်တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။
၂၃။ ၁၉၉၈ ခုနှစ်တွင် ဝိုင်အမ်ဘီအေ ဒုတိယဥက္ကဋ္ဌ သခင်ချန်ထွန်းကတဆင့် အခြေခံပညာအထက်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး မြန်မာစာဘာသာ အမှတ်အများဆုံးရခဲ့သည့်ကျောင်းသားအား
နှစ်စဉ်ဂုဏ်ပြုဆုပေးနိုင်ရန်အတွက် သခင်သိန်းဖေ(ဝါးခယ်မ)နာမည်ဖြင့် ငွေပဒေသာပင်စိုက်ထူပေးခဲ့ပါသည်။
၂၄။ သခင်သိန်းဖေသည် လွတ်လပ်ရေးကြိုးပန်းစဉ်ကာလ နယ်ချဲ့လက်အောက်မှစ၍ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေး၊ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲအဆက်ဆက်အတွင်း စုစုပေါင်းထောင် ( ၁၁ )ကြိမ် ကျခံခဲ့ရသည်။
၂၅။ လွတ်လပ်ရေးကို လေးစားတန်ဘိုးထားသူဖြစ်သည့်အပြင် လူ့အခွင့်အရေးကိုလည်း တန်ဘိုးထားလေးစားသူဖြစ်သည့်အလျောက် စစ်အာဏာရှင်များအဆက်ဆက်အောက်တွင် တင်းကြပ်သောတားဆီးပိတ်ပင်မှုများကြားမှ နိုင်ငံရေးလှုပ်ရှားမှုများကို အဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်အားလည်းကောင်း၊ ယုံကြည်ချက်ကြောင့် ဂုဏ်သိက္ခာရှိစွာ အကျဉ်းကျခံခဲ့ကြရသည့် ၈၈ မျိုးဆက်ကျောင်းသားများအားလည်းကောင်း အကျဉ်းထောင်အသီးသီးမှပြန်လည်လွတ်မြောက်လာချိန်တွင်..... ယခင် နယ်ချဲ့တော်လှန်ရေးကာလများတွင်အသုံးပြုခဲ့သော ဝါ စိမ်း နီ ဒေါင်းအလံနှင့် တော်လှန်ရေးအလံတို့ကို လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဝင်းတင်နှင့် အလုပ်အမှုဆောင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေဝင်းမြင့်တို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း ငွေကျပ်(၃)သိန်းနှင့် ပါတီဝတ်စုံတစ်စုံစီ ထောက်ပံ့ဂုဏ်ပြုခဲ့ပါသည်။ ထိုစဉ်က အမျိုးသားဒီမိုကရေစီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ထောင်မှပြန်လည်လွတ်မြောက်လာချိန်တွင်လည်း UNA တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဂုဏ်ပြုထမင်းစားပွဲ တည်ခင်းဧည့်ခံပေးနိုင်ခဲ့သည်။
၂၆။ ၂၄-၁၀-၂၀၁၄ ရက်နေ့တွင် ဒုတိယပင်လုံညီလာခံကျင်းပဖေါ်ဆောင်နိုင်ရေးအား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပေးပါရန် သခင်သိန်းဖေ၏ နေအိမ်မှာကျင်းပသော နိုင်ငံရေးသက်ကြီးဝါရင့်များပူဇော်ပွဲတွင် နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များက တောင်းဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံဟုခေါ်မည့်အစား ၂၁ ရာစုပင်လုံဟုအမည်ပြောင်းလဲခေါ်ဆိုပါရန် ပြောကြားခဲ့ပါသည်။
၂၀၁၂ မတ်လ ၂၇ ရက် သခင်သိန်းဖေ နေအိမ်တွင်ကျင်းပသော ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ တော်လှန်ရေးနေ့ မိတ်ဆုံစားပွဲ
၂၇။ နှစ်စဉ်နှစ်တိုင်းလည်း လွတ်လပ်ရေးနေ့၊ တော်လှန်ရေးနေ့နှင့် အမျိုးသားအောင်ပွဲနေ့တို့ကို စစ်အာဏာရှင်အစိုးရများ၏ တားဆီးပိတ်ဆို့မှုများကြားမှပင် နိုင်ငံရေးပွဲဆက် ပြတ်နေခြင်းကို ပြင်ပနိုင်ငံရေးသမားများ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များအား အခြေပြုဖိတ်ခေါ်နိုင်ခဲ့ပြီး သတ္တိရှိရှိ ချိတ်ဆက်ပေးနိုင်ခဲ့သည်။ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီစသည့် နိုင်ငံခြားသတင်းဌာနများနှင့်လည်း အပါတ်စဉ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအစိုးရဖေါ်ဆောင်ရေး၊ နိုင်ငံရေ။အကျင်းသားများလွှတ်ပေးရေးစသည့် ကိစ္စရပ်များကို ရဲရင့်ပြောင်မြောက်စွာ စစ်အစိုးရအား တောင်းဆိုခဲ့သည်။
၂၈။ လွတ်လပ်ရေးကြိုးပန်းစဉ်ကာလဖြစ်သော နယ်ချဲ့တော်လှန်ရေး၊ ဖက်စစ်ဆန့်ကျင်ရေးကာလများတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တွဲဖက်တိုက်ပွဲဝင်ခဲ့သည့် သခင်သိန်းဖေသည် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲအဆက်ဆက်တွင်လည်း ရှေ့တန်းမှပါဝင်ခဲ့သည်။ ဆက်လက်၍ ၁၉၉၅ ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်း၏သမီး၊ လူထုခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအစိုးရပေါ်ပေါက်ရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတို့ကို အားသွန်ခွန်စိုက်ကြိုးပန်းဆောင်ရွက်ခဲ့သူဖြစ်သည်။
၂၉။ သခင်သိန်းဖေသည် လွတ်လပ်ရေးကြိုးပန်းစဉ်ကာလ နယ်ချဲ့လက်အောက်မှစ၍ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေး၊ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ အဆက်ဆက်အတွင်း စုစုပေါင်း ထောင် ( ၁၁ )ကြိမ် ကျခံ ခဲ့ရသူဖြစ်ပါတယ်၊ တစ်ကယ်တော့ သူဟာ လယ်ပိုင်ရှင်သား၊ ပြောရရင် တောသူဋ္ဌေးသား ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံကိုချစ်တဲ့စိတ်၊ နိုင်ငံရေးအသိအမြင်နဲ့ ဝံသာနုရက္ခိတစိတ်ဓါတ် မြင့်မားလာတာနဲ့အမျှ၊ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေးတိုက်ပွဲများတွင် ရှေ့တန်းက တက်ကြွစွာပါဝင်လာသူဖြစ်ပါတယ်၊ ငယ်စဉ်က သူပြောခဲ့တာတွေ ယခုတိုင် မှတ်မိနေပါသေးသည်-
" သခင်ပေါက်စ ထောင် ( ၆ ) လ၊ အမေကမွေး ထောင်ကကျွေး " တဲ့၊နောက်ပြီး ငယ်စဉ် မိဘဆီမှာနေတော့၊ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဘဝကနေ နိုင်ငံရေးလုပ်တော့မယ်ဆိုတော့ ထောင်ထဲရောက်ရင်နေတတ်အောင်ဆိုပြီး ကြမ်းပြင်ပေါ်ဒီအတိုင်း အုတ်ခဲခေါင်းအုံးပြီး အအိပ်လေ့ကျင့်ခဲ့တယ် " ပြောဘူးပါသည်။
( ၂၀.၁၁.၂၀၁၀ ) နံနက် ( ၉း၀၀ ) မှာ ၀ါရင့် နိုင်ငံရေး သမားများက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ခြင်း အတွက် ဂုဏ်ပြုပွဲတွင် နိုင်ငံရေးသမားကြီးများအား ဂါရ၀ပြုစဉ်
၃၀။ အင်္ဂလိပ်နယ်ချဲ့အစိုးရရဲ့သွေးထိုးလှုံ့ဆော်မှုကြောင့် ကရင်-ဗမာအဓိကရုဏ်းဖြစ်ပွားရာမှာ ဧရာဝတီတိုင်းအတွင်း ကရင်ဗမာ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်နစ်နာ သေကြေမှုတွေ ကြီးမားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညွှန်ကြားမှုဖြင့် အမြင်ကျယ်တဲ့ ကရင်လူငယ်အချို့ကို စည်းရုံးပြီး ပြဿနာဖြစ်ပွားရာရွာများအထိ ကွင်းဆင်းဖြေရှင်းပေးခဲ့တဲ့အပြင် နိုင်ငံရေးအမြင်ကျယ်သော ကရင်တိုင်းရင်းသား စောစံဖိုးသင်ကို ဗိုလ်ချုပ်နှင့် တွေ့ဆုံပေးနိုင်ခဲ့ပါသည်။
၃၁။ ရန်ကုန်မြို့ ဒဂုန်မြို့နယ် အလံပြဘုရားလမ်း ယခင်နယ်ချဲ့အစိုးရလက်ထက်က ဒိုင်အိုစီဇင် မိန်းကလေးကျောင်း ( နောင် လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ရုံးချုပ်အဖြစ် အသုံးပြုခဲ့သည် ) အဆောက်အဦကို ဗိုလ်ချုပ်တို့ BIA တပ်ပြန်ဝင်လာပြီး ( ၁၉၄၂ ) ခုနှစ်မှာ ဂျပန်ခေတ်ဆေးရုံကြီးအဖြစ် တည်ထောင်တော့ ဆေးရုံအုပ်ကြီးဒေါက်တာဘသန်းက သူနာပြုဆရာမတွေ လိုတယ် ရှာပေးပါ ဆိုလို့ ဘဘက မြောင်းမြသွားပြီး သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးညီအမကို ခေါ်လာပေးပါတယ်၊ နောင်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ဖူးစာဖက်သွားလို့ ဘဘက " သူဟာ ဗိုလ်ချုပ်တို့ရဲ့ ဖူးစာရေးနတ်လို့ ဆိုနိုင်ကြောင်း " ပြောခဲ့ဖူးပါသည်။ ( " ထိန်ကြည် ( ကိုထိန်လင်း + မခင်ကြည် ) လရောင်ဆန်းတော့ အလွမ်းပိုပါသည် " ဆိုတဲ့ သီချင်းကို ရေးဖွဲ့သီဆိုခြင်းဖြင့် မင်္ဂလာဆောင်မှာလက်ဖွဲ့ခဲ့သူကတော့ Music Production ဘာသာရပ်နဲ့ US မှာ ဘွဲ့ယူခဲ့တဲ့ စောစံဖိုးသင် ပါတဲ့၊
စာရေးဆရာ တက္ကသိုလ်စိန်တင်ရဲ့ ၉/၆/၁၆ နေ့ပြောကြားချက် )
၃၂။ နောက်တစ်ချက်ကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးနေကြတဲ့ BBC VOA RFA DVB တို့နဲ့ မကြာခဏ နိုင်ငံရေးဆွးနွေးတာတွေ ပြုလုပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအစိုးရဖေါ်ဆောင်ရေး၊ နိုင်ငံရေ။အကျဉ်းသားများ လွှတ်ပေးရေး စတဲ့ ကိစ္စရပ်များကို ရဲရင့်ပြောင်မြောက်စွာ စစ်အစိုးရကို ရေဒီယိုအသံလှိုင်းများမှတဆင့် တောင်းဆိုခဲ့သည်။ အဆိုပါအချိန်တုံးက သူ့တွင်ထရန်စ္စတာရေဒီယို ( ၃ )လုံးရှိပြီး အသံလွှင့်လိုင်းများကို အသေချိန်ထားလေ့ရှိကာ မပြတ်နားထောင်လေ့ရှိပါတယ်၊ ကက်ဆက်နဲ့လည်း အသံဖမ်းထားခြင်း၊ ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအနေအထားနဲ့ နိုင်ငံတကာကဘယ်လိုဖိအားတွေပေးနေပြီ ဆိုတာတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဖေါ်ကိုင်ဖက်များအား သတင်းပြန် ဖေါက်သည်ချခြင်း ရှေ့ဖြစ်နိုင်ခြေကိုခန့်မှန်းပြခြင်းများကို ( ၁၉၉၀ - ၂၀၀၆ )ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါသည်၊ သူ့မှာ အသံဖမ်းပြီးသား ကက်ဆက်ခွေ ၃၀၀ ကျော်ရှိပါတယ်၊ အင်တာဗျူးများလုပ်ခြင်းအတွက် မကြခဏတားဆီးသတိပေးခံရပြီး နောက်ဆုံးလိုင်းဖုန်းအပိတ်ခံရသည်အထိဖြစ်ခဲ့ရပါသည်။
၃၃။ ယခု အသက် ( ၁၀၀ ) ပြည့်ချိန်တွင် ၎င်းမျှော်မှန်းကြိုးပန်းခဲ့သည့် ဒီမိုကရေစီအစိုးရကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းနိုင်ခဲ့ပြီး လုပ်ငန်းများစတင်လည်ပတ်ဆောင်ရွက်နေပြီဖြစ်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံညီလာခံ ကြီး ကျင်းပရေးအတွက် အကြိုညှိနှိုင်းမှုများဆောင်ရွက်နေသည့်အချိန်နှင့်လည်းတိုက်ဆိုင်နေပေရာ အလွန်ပင် မင်္ဂလာရှိသောအချိန်အခါဖြစ်ပေသည်။
၃၄။ တို့ဗမာအစည်းအရုံးကြီး၏ လေးစားတန်ဘိုးထားအပ်သော " နောင်လာနောက်သားကောင်းစားဖို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ " ဆိုသည့် မြန်မာ့နိုင်ငံရေးသမားတိုင်း လိုက်နာကျင့်သုံးသင့်သည့် ဆောင်ပုဒ်နှင့် " လွတ်လပ်ရေးသည် ငါတို့၏ မွေးရာပါ အမွေအနှစ်တည်း " Freedom Is Our Birth Right " ဟူသော အခြေခံလူ့အခွင့်အရေး ခံစားခွင့်များကို လူငယ်မျိုးဆက်သစ်များအား ပေးဝေနိုင်ခဲ့သည့်အပြင် လူမှုရေး၊ ကျန်းမာရေးနှင့် အခက်အခဲများကြုံတွေ့နေကြသည့် ဘဝတူနိုင်ငံရေးသမားများကိုလည်း အမြဲတမ်းကူညီထောက်ပံ့ပေးခဲ့သည့် သခင်သိန်းဖေသည် နိုင်ငံရေးသမားတို့၏ဂုဏ်သိက္ခာ၊ မြန်မာလူမျိုးတို့၏ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏ဂုဏ်
သိက္ခာတို့ကို မြှင့်တင်ပေးနိုင်ခဲ့သော ရှားပါးလှသည့် စံပြနိုင်ငံရေးသမားကြီးတစ်ဦးပင်ဖြစ်ပါသည်။ ။
Written by U Than Htay 
ဆက်စပ်လေ.လာရန်များ
သခင်သိန်းဖေ (၀ါးခယ်မ)
ဝါးခယ်မ သခင်သိန်းဖေ ပညာသင်ဆု
ဝါးခယ်မမြို.၊ ဝါးခယ်မမြို့နယ်အသင်းနှင့် သခင်သိန်းဖေ