Friday, July 22, 2016

ကိုကျော်စိုး ပြောတဲ့ အဲ့ဒီမြို.




ကြိုးတံတားကြီးပေါ်က
ခရီးသည်တင်ကားက
အိပ်ငိုက်နေတဲ့
ဗောယာကြီးကိုလှောင်ပြ
အဲဒါ ဝါးခယ်မ။
လဘက်ရည်ဆိုင်ထဲက
TV တွေက
မနိုးထတော့တဲ့
ရုပ်ရှင်ရုံကြီးကိုလှောင်ပြ
အဲဒါ ဝါးခယ်မ။
များပြားလှတဲ့
ရေသန့်ဘူးတွေက
မပြတ်စီးဆင်းနေတဲ့
ရေချိုမြစ်ကြီးကိုလှောင်ပြ
အဲဒါ ဝါးခယ်မ။
သစ်လွင်ခန့်ငြားနေတဲ့
ပုဂ္ဂလိကဘဏ်တွေက
အိုမင်းဟောင်းနွမ်းနေတဲ့
စီးပွါးရေးဘဏ်ကြီးကိုလှောင်ပြ
အဲဒါ ဝါးခယ်မ။
အသစ်တွေကိုလက်ခံ
အဟောင်းတွေကိုရင်ခွင်ပိုက်
ပြောင်းလဲခြင်းကိုအန်တု
လောကဓံ ကိုသူလှောင်ပြ
အဲဒါ ဝါးခယ်မ။

Composed by ကိုကျော်စိုး @ 2014 July
Photo by ကိုကျော်သူ ( ၀ါးခယ်မ )

No comments:

Post a Comment