Friday, July 8, 2016

နောင်ယဉ်ထက် ပြောတဲ့ အဲ့ဒီမြို.




Photo by Ko kYaw Thu ( WKA )

မြို့
အနုပညာနဲ့ သန္ဓေယူတဲ့မြို့
ညည အိပ်မရတိုင်း ကဗျာတွေထရွတ်တတ်တဲ့မြို့
ကြိုးတံတားကြီးကို ဂစ်တာသံတွေနဲ့
စောင့်ရှောက်တဲ့မြို့။

မြို့မဆန်တဲ့မြို့
ရိုးသားမှုတွေထဲ ရိုးအမှုတွေရောရောပါတတ်တဲ့မြို့
တစ်ခါတစ်ခါလည်း လူမိုက်ဆန်ခြင်ခဲ့
မနေ့က ရွှေထီးဆောင်းခဲ့တာ ခုထိလက်မထောင်နေချင်သေး။

သူ့ရဲ့ရင်ဘတ်ကို သုံးခြမ်းခွဲလို့
မျက်နှာလိုက်ချင်တဲ့မြို့
သားသမီးခြင်းတူတူ လေးယောက်ကို
သီးခြားခွဲထားတဲ့မြို့

မအိပ်တတ်တဲ့ သင်္ဘောဆိပ်ကို
အတင်းအိပ်ဆေးတိုက်
အဝေးပြေးကွင်းနဲ့ နောက်မီးလင်းချင်တဲ့မြို့

ရေထဲကန်ချခံရတာတောင်
ပြန်ပေါ်တဲ့နေရာ သူကြီးဖြစ်ချင်သေးတဲ့မြို့
ရေနစ်ခဲ့တဲ့အကြောင်းတော့ ဖုံးဖုံးဖိဖိလေ

အရက်ဆိုင်နဲ့ လ္ဘက်ရည်ဆိုင်တွေသာ
မွေးဖွားပေးနေတဲ့မြို့
တို့ရင်သွေးတွေရဲ့အနာဂါတ် မီးဖြတ်တဲ့မြို့

အဲ့သည်လိုနဲ့
မြို့ဟာ မြို့မဆန်တဲ့အခါ
တောကမြို့ဆန်လာခဲ့တယ်။


(နောင်ယဉ်ထက်)

No comments:

Post a Comment