Friday, July 8, 2016

ဖြိုးဝေ ပြောတဲ့ အဲ့ဒီမြို.



 
Photo by Ko Kyaw Thu ( WKA )

အဲဒီ့မြို့ လေးမှာပေါ့....
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမက မြို့ မကျ
ဒေသလေးမှာပေါ့
မြို့ ဦးအဝင်မြသိန်းတန်စေတီတော်
ထူးခြားအံ့ဖွယ်တန်ခိုးတော်တွေရှိတယ်
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမက မြို့ မကျ
ဒေသလေးမှာပေါ့
ဿကျမဟာသီရိမြတ်စွာဘုရားရဲ့ 
အရိပ်အောက်မှာအေးချမ်းသာယာစွာ
နေထိုင်ကြသူတွေရှိတယ်
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမက မြို့ မကျ
ဒေသလေးမှာပေါ့
အလှုရေစက်လက်နဲ့မကွာ
ဆုတောင်းပြည့်သူတွေရှိတယ်
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမက မြို့ မကျ
ဒေသလေးမှာပါ့
တခေတ်ကလွတ်လပ်ရေးအတွက်
အသက်ပေးစတေးခဲ့သူတွေရှိတယ်
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမကမြို့ မကျ
ဒေသလေးမှာပေါ့
အသိဥာဏ်ပညာတိုးပွားစေနိုင်ဖို့ 
စာရေးဆရာတွေမွေးထုတ်ပေးခဲ့တယ်
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမကမြို့ မကျ
ဒေသလေးမှာပေါ့
အနုပညာလမ်းမှာအလံစိုက်နိုင်ခဲ့တဲ့
ဂီတပညာရှင်တွေရှိတယ်
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမကမြို့ မကျ
ဒေသလေးမှာပေါ့
လက်ရုံးနဲ့နှလုံးရည်
ယှဉ်တွဲလို့ အုပ်ချုပ်နိုင်ခဲ့တဲ့
တာတေစနေသားရဲ့ ပိုင်ရှင်
ဦးနုဆိုတဲ့ဂုဏ်ယူစရာ
လမ်းပြကြယ်တစ်ပွင့်ရှိတယ်
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမကမြို့ မကျ
ဒေသလေးမှာပေါ့
အောင်မြင်မှုတွေနောက်မှာ
မြို့ လေးကိုအမြဲဂုဏ်တင်ပေးတဲ့
ငါတို့ ရဲ့  အဖိုးတွေရှိတယ်
အဲဒီ့ဝါးခယ်မဆိုတဲ့
တောမကမြို့ မကျ
ဒေသလေးမှာပေါ့


ဖြိုးဝေ

No comments:

Post a Comment