Monday, November 28, 2016

ကြခတ်ကုန်း မူလတန်း ကျောင်းဆောင်သစ် ဖွင့်ပွဲ


ဖွင့်လှစ်လိုက်သော ကြခတ်ကုန်း မူလတန်းကျောင်း
 ဝါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ် ကြခတ်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၏ ဆောက်လုပ်ပြီးစီးသော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို အဆိုပါကျောင်း၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရပါသည်။


ကြခတ်ကုန်းကျေးရွာအုပ်စု ကျောင်းစုရွာမ၊ ချွန်းရွှေဝါ၊ အောင်ချမ်းသာ၊ အလယ်စု၊ ချောင်းဖျားကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်စေရေးအတွက် (၈၀ ပေ× ၃၀ ပေ) RC တစ်ထပ် ကျောင်းဆောင်သစ်ကို ၃၅၂ သိန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအိမ်သာ ၊ ခြံစည်းရိုး ၊ အတွင်းအခန်းဖွဲ. နှင်. သင်ထောက်ကူ ပစ္စည်း ၊ ပရိဘောဂမျာ.အပါအ၀င် ၄၁၅ သိန်း ခန်.ကုန်ကျခဲ့ကြောင်း သိရပါသည် ။
ဖွင်.ပွဲအခမ်းအနား အစပိုင်းတွင် ၀ါးခယ်မ ရဲမောင် ဦးစီးသော ဖျော်ဖြေရေး အဖွဲ.မှ မြန်မာသံတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ချောင်းဖျား ၊ မရမ်းချောင် ၊ အောင်ချမ်းသာ ကရင်ဒုံးယိမ်းအဖွဲ.များက ကပြဖော်ျဖြေ ခဲ့ပါသည် ။

ဧည်.သည်တော်များ ရောက်ရှိလာစဉ်
  ထို.နောက်ဖွင့်ပွဲအခမ်းအနား ပထမပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးဝင်းမောင်နှင့် အလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Photo by Hlwan Thiha
ထို.နောက် အခမ်းအနား ဒုတိယပိုင်းကို ကျောင်းအတွင်းကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူ ၁၀ ဦးမှ မေတ္တာဖျန်းမှလန်းဆမ်းမယ် ဟူသော သီချင်းဖြင့် ဖျော်ဖြေခဲ့ပါသည် ။ ထို.နောက် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်းကအဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပညာရေးမှူး ဦးဝင်းမောင် မှပညာ၏ အရေးကြီးပုံ ၊ ပညာသည်သာ ယဉ်ကျေးလိမ်မာခြင်းကို ရစေနိုင်ပုံ ၊ ဆရာ၊ မိဘ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပုံ တို.ကိုပြောကြားခဲ့ပြီးနောက် ဆက်လက်၍ အလှုရှင်ဖြစ်သူ အမေရိကန်နိုင်ငံ ဟာဝိုင်ရီ မှ Mr Phillip က စုပေါင်းအကကိုတွေ.၍ သဘောကျခဲ့ကြောင်း ၊ သူတို.တွေအနေနဲ. လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို. လှုဒါန်းခဲ့ရာမှာ လှုဒါန်းမှုတွေမှာ အခက်အခဲတွေရှိခဲ့ပေမယ်. ခုနောက်ပိုင်းမှာတော. ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း ၊ ခုလိုအေးချမ်းပြီး အရိပ်အာဝါသကောင်းတဲ့ ဒေသလေးကို အထူးနှစ်ခြိုက်တာကြောင့် နောင်ဆိုရင် အခြေချမိကောင်းချမိနိုင်တယ် ဟုပြောကြားခဲ့ပါသည် ။

100 School Project တာဝန်ခံ Mr. John က ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်း လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့်ပင် ကြိုးစားပြီး ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် အလှူရှင်များက ပညာရေးဌာနသို့ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သိန်းငွေက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အလှူရှင်များက အ.မ.က ကြခတ်ကုန်း ကျောင်းအုပ်ဆရာမကြီးထံ ကျောင်းသား၊ ကျောင်းများအတွက် ကျောင်းဝတ်စုံများ၊သင်ထောက်ကူ ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ကို အောင်ဇော်ဇော်ဝင်း- မမိုးမိုး - မပန်းအိခိုင် တို.မှ ဗလာစာအုပ် ဒါဇင် ၇၀ ပေးအပ်လှုဒါန်းပြီး ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည် ။

ထို.နောက်ဝါးခယ်မမြို့နယ်အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းဌေးမှ 100 School Project နှင့် ၀ါးခယ်မမြို.နယ် အသင်း မည်သို.စတင်ချိတ်ဆက်မိခဲ့သည် ၊ ယခုကျောင်းအလှုတို. မည်သို.ဆက်စပ်ဆောင်ရွက်ခဲ့သည်များကိုပြောကြားခဲ့ပြီး ရပ်မိရပ်ဖ တစ်ဦ့းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဧည်.သည်တော်များ ပြန်လည်ထွက်ခွာစဉ်
 ထိုလှုဒါန်းမှု အစီအစဉ်သည် ၀ါးခယ်မမြို.နယ် အသင်း၏ ချိန်ဆက်ဆောင်ရွက်မှု ၊ 100 School Project ၏ စီမံ မှု အလှုရှင်တို.၏ သဒ္ဒါတရားတို.ပေါင်းစပ်ပြီးဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည် ။ယခုကျောင်းသညိ ၀ါးခယ်မမြို.နယ် အတွင်း ဒုတိယမြောက်လှုဒါန်းမှုဖြစ်ပြီး လက်ရှိကျောင်းတွင်မူလတန်းကျောင်းသား ၁၅၇ ဦးတက်ရောက်သင်ကြားလျှက်ရှိကြောင်း သိရပါသည် ။ထိုနေ.အခမ်းအနားသို. ခရိုင်/မြို.နယ်အဆင့်တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများ ၊ ပညာရေးဝန်ထမ်းများ နှင်.ကျောင်းသားမိဘများ ၊ ကျေးရွာသူကျေးရွာသားများ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရပါသည် ။


ထို.နောက် တက်ရောက်လာသော ဧည်.သည်တော်များအားလုံးကို ကျေးရွာ လူထုမှ နေ.လည်စာဖြင့် ပြည်.စုံစွာ ဧည်.ခံခဲ့ကြောင်း သိရပါသည် ။

Data by ၀ါးခယ်မ Page & လွှမ်းသီဟ

ဆက်စပ်ကြည်.ရှုရန်

 100 School Project ဖြစ်ပေါ်လာပုံ (သို.) ကျေးဇူးတရား တို.၏ မှတ်ကျောက် (သို. ) မြို.လေးနှင်. MJS's Educational Supporting Program

Study to 100 Schools Project & Scholarship Program  သော်ကကျောင်း

ဖွင့်ပွဲအခမ်းအနား ဓါတ်ပုံများ 

No comments:

Post a Comment