Monday, November 21, 2016

ဒုဝန်ကြီး တာဝန်ရပ်စဲမှု အပေါ် သူတို.အမြင် ( တာဝန်မှ ရပ်စဲခံရသော ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း နှင့်ဆက်စပ်သတင်းများ ( ၅ )







ဒေါက်တာထွန်းဝင်းဒုဝန်ကြီးဘ၀နဲ့ နောက်ဆုံးအင်တာဗျူးလုပ်ခဲ့သတင်းထောက်ဟာ ကျနော်ထင်ပါတယ်။ နိုဝင်ဘာ ၁၈ရက် ညနေ ၅ နာရီထိုးလောက်မှာပဲ သူ့ကိုဖုံးဆက်ပြီး ရခိုင်ပြည်က တံငါသည်တွေရဲ.အခြေအနေတွေမေးမြန်းတော့ သူကအားတက်သရောနဲ့ ကျနော်မေးတာတွေကိုဖြေကြားပါတယ်။ ငါးလုပ်ငန်းမှာ ခြစားမှုတွေရှိကြောင်း၊ ငါးအလွန်အကျွံတရားမ၀င်ဖမ်းနေတာတွေရှိကြောင်း၊ ပင်လယ်ပြင်ထွက်မယ်ဆို အန္တရယ်ရှိကြောင်းလည်း သတိပေးစကားလည်းပြောကြားပါတယ်။
လူချင်းတစ်ခါမှမတွေ.ဖူး၊ ဖုံးနဲ.လည်းတစ်ခါမှ မပြောဖူးတဲ့ သတင်းထောက်တစ်ယောက်ကို ဒုဝန်ကြီးတစ်ယောက်က လိုလိုလားလားနဲ့ ရုံးဆင်းခါနီးအချိန်မှာ မိနစ် ၃၀ ကြာ မြေယာမဲ့ လယ်သမားတွေရဲ.အရေး၊ အသေးစားတနိုင်တပိုင် ကျောမွဲငါးဖမ်းသမားတွေရဲ.အရေးကို ဇောင်းပေးပြောကြားခဲ့ပါတယ်။
ဒီလိုကိုယ့်လုပ်ငန်းကိုယ် အင်မတန်စိတ်ဝင်တစားလည်းရှိတဲ့ ပြည်သူဝန်ထမ်းတစ်ယောက် ဆုံးရှုံးမှုဟာ ပြည်သူတွေရဲ.ဆုံးရှုံးမှုလည်းဖြစ်ပါတယ်။ လူချင်းလုံးဝမသိကျွမ်းဘဲ သတင်းထောက်တစ်ယောက်က ဖုံးနဲ.မေးတာကို စိတ်ရှည်လက်ရှည်ပြန်လည်ပြောကြားပေးတဲ့ ပြည့်သူဝန်ထမ်းအကြီးအကဲတစ်ဦးဆုံးရှုံးတာကလည်း ကျနော်တို့ သတင်းစာသမားတွေရဲ. သတင်းရယူမှုအတွက် ဆုံးရှုံးမှုကြီးလို့ဆိုနိုင်ပါတယ်။ (ဖုံးချခါနီးမှ ညီလေးကဘယ်မီဒီယာကလည်း သူကပြန်မေးသေးပါတယ်။ Myanmar Now လို့ပြောတာသူမသိပါ။ သတင်းထောက်ဘယ်သူလည်းဆိုတာ သူစိတ်မ၀င်စားပါ။ သတင်းထောက်တွေကို ဖြေတာတာဝန်အရထက်ပိုပြီး ကူညီပေးရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိတာကို သိရှိခဲ့ရပါတယ်။)
သူ့ဘယ်လိုဖယ်ရှားခံရတယ်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များနဲ့ မဆိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ. မလျော်သြဇာသုံးမှုခံရတာရှိလား၊ ကျနော်တို့မီဒီယာတွေအတွက် တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ မသမာတာရှိရင်တော့ ဘယ်သူ့မျက်နှာမထောက်စရာမလိုပါဘူး၊ ဆိုရေးရှိကဆိုရမယ်၊ ရေးစရာရှိတာကတော့ ရေးရမှာပါပဲ။
လယ်ဆည်အသိုင်းအ၀ိုင်းကပြောကြားချက်အရ ဦးထွန်းဝင်းရဲ. တစ်ခုတည်းသော "အားနည်းချက်" က ဘယ်သူ့ကိုမှမကြောက်ဘူး၊ မဖားဘူး၊ တစ်ပြားတစ်ချပ်မှ လာဘ်လာဘ ပတ်သက်တာမရှိ၊ ခိုးတာဝှက်တာ အင်မတန်ရွံ.မုန်း၊ မသိတာကို ဆရာလုပ်တာကို လက်မခံ၊ မှန်ရင်ကောင်းကင်ကို ဒူးနဲ.တိုက်မယ်ဆိုတဲ့ လူမျိုးလို့ ဆိုပါတယ်။ သူ့ရဲ.ဒီစရိုက်ဟာ ယခင်အစိုးရဟောင်းများလက်ထက်ကတည်းက ဌာနကလုပ်ဖော်ကိုင်ဖက်တွေကြားမှာ ကျော်ကြားပါတယ်။ မှန်တာကိုချစ်မြတ်နိုးသလောက်၊ ကိုယ့်အလုပ်ကိုလည်း ကျွမ်းကျင်ပြီး အဓိပတိစိတ်နဲ့အလုပ်လုပ်တဲ့သူလို့ဆိုပါတယ်။


Thein KyawFollow
https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
လူမှန်နေရာမှန်ဟုတ်ရဲ့လား လွဲနေသလားဘယ်နေရာမှာစလွဲနေသလည်းဆိုတော့ကား
ဝန်ကြီးဒေါက်တာအောင်သူဆိုတာတက္ကသိုလ်ကပါချုပ်(သချာင်္) အထုတ်ခံလိုက်ရတဲ့ဒေါက်တာ
ထွန်းဝင်းကလုပ်သက်နှစ်(၃၀)လောက်ရှိတဲ့စိုက်ပျိုးရေးပညာရှင် အမေရိကန် ဂျာမဏီနိုင်ငံ
တို့နဲ့နှစ်အနည်းငယ်ဆီ ဖိလစ်ပိုင်မှာအာရှစိုက်ပျိုးရေးသုတေသနဌာနမှာလုပ်ခဲ့တဲ့ပညာရှင်
သချာင်္သမားဝန်ကြီးနဲ့စိုက်ပျိုးရေးပညာရှင်ဒုဝန်ကြီး အဲ့မှာစတွေ့ အဲ့မှာစလွဲ ဆိုတော့ကား
ဘာကိုသဘောပေါက်သွားသလည်းဆိုတော့ဘာမှမလိုဘူး ပညာရှင်တွေလည်းနားထား
ဟိုဒင်း ဟိုဟာ အဲ့ဒါဖြစ်ဖို့ပဲလိုတယ်

https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
စိုက်ပျိုးရေး/မွေးမြူရေး ဒုဝန်ကြီး မှန်သလား မှားသလား က နောက်မှ စစ်ဆေးစရာ ရှိတာစစ်ဆေး..
လုပ်စရာရှိတာ ဆက်လုပ်ရုံပါပဲ..
အခု ပြဿနာက ပါတီကြီး တစ်ခုက ခေါင်းဆောင် တစ်ယောက်က ခြေဥ မှာ ပါတဲ့  အတိုင်း "ပါတီ နဲ့ အစိုးရ ကင်းရှင်းရမယ်၊ အစိုးရ အပေါ် ပါတီ အာဏာသက်ရောက်မှူ မရှိစေရ" ဆိုတဲ့ အချက်နဲ့  ကွက်တိကြီး ညိနေတာကို ဘယ်သူမှ သတိမထားမိတာလား..
အဲ့ဒီလို ညိနေတာဟာ တစ်ခါ လည်းမဟုတ် နှစ်ခါလည်းမဟုတ်တော့ဘူး..
အစိုးရပိုင်းကို ပါတီခေါင်းဆောင်ရဲ့ အာဏာသက်ရောက်နေတာဟာ ခြေဥနဲ့ ညိနေမှန်း သိသာရဲ့သားနဲ့ 
counteract လုပ်မယ့်သူ ဘယ်သူ မှ မရှိဘူးလား..
ဝမ်းနည်းစရာပါပဲ..
ရေများ ရေနိုင် မီးများမီးနိုင် ဖရို ဖရဲ ပြိုလဲနေတဲ့ မြန်မာ့ ဒီမိုကရေစီ အစိုးရ ကို မသေခင် မြင်ဖူးသွားတာပေါ့ ..
အဟေးဟေး

NLD ပါတီက ဦးဝင်းထိန် ရဲ့ အာဏာ အစိုးရ အဖွဲ့ အပေါ်ဘယ်လောက် သက်ရောက်သလဲ အောက်က ဒေါက်တာ ထွန်းဝင်းရဲ့ စကားတွေဟာသက်သေပဲ..
"ဆက်လုပ်တော့ ကျွန်တော်က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှာ သမဝါယမအဖွဲ့အစည်းတွေ ကျေးရွာတိုင်းမှာ လယ်သမားတွေ လိုက်ဖွဲ့စည်းတာပေါ့ဗျာ။ အဲ့ဒီအခါမှာ နောက်တပတ်ကျတော့ ကျွန်တော့ကို ဒေါက်တာမျိုးအောင်က လှမ်းခေါ်တယ်။ ဦးဝင်းထိန်က တွေ့ချင်လို့တဲ့။
သွားတွေ့တဲ့အခါကျတော့ ‘ခင်ဗျား…ကျွန်တော်ထွက်ပါလို့ ပြောနေတာ။ ခင်ဗျား အာရုံနောက်တယ်။ ခင်ဗျား ကွင်းထဲမှာ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဘာတွေ လျှောက်လုပ်နေတာလဲ။ ထွက်ပါဆိုရင် ထွက်ပေါ့ဗျာ’ တဲ့။ ‘အာ ကျွန်တော် ဝန်ကြီးနဲ့အဆင်ပြေပြီ၊ ညှိနှိုင်းလို့ရတယ်။ ဆရာဆီတောင် ဖုန်းဆက်သေးတယ်လေ’ ဆိုတော့ ‘ဟား ကျွန်တော် နားကြားမှားတာ၊ ဒီတော့ ခင်ဗျား ထွက်ဖို့ပြင်။ မထွက်ရင် ကျွန်တော်တို့ ထုတ်ရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ပါတီသည် ဝန်ကြီး၊ ဒုဝန်ကြီးတွေကို လိုသလို ဆွဲခန့်နိုင်တယ်။ ဖြုတ်နိုင်တယ်။ ကျွန်တော်တို့သည် ခင်ဗျား အရင်ပြောနေတဲ့ လူ့အခွင့်အရေးတွေ၊ စဉ်းစားဖို့အချိန်တွေ၊ သတိပေးတဲ့အချိန်တွေ ကျွန်တော်တို့မှာ မရှိဘူး။ လူ့အခွင့်အရေးတွေဘာတွေ မစဉ်းစားဘူးဗျာ။ လာမပြောနဲ့။ အဲ့တော့ ပါတီအမိန့်ပဲ၊ အပေါ်က အမိန့်ပဲ။ ခင်ဗျား ထွက်စာတင်ဖို့သာပြင်’ ဆိုပြီးတော့ သူက ဒီလိုမျိုး အမိန့်ပေးတယ်။
အမိန့်ပေးတဲ့အခါကျတော့ ကျွန်တော်က ပိုပြီးတော့ နေရထိုင်ရ ခက်သွားပါတယ်ဗျ။ ဘာလို့လည်းဆိုတော့ ကျွန်တော်က အခုန ပြောသလို ဒီဟာသည် လေးနက်သွားပြီဆိုပြီးတော့ ကျွန်တော် သမ္မတကို လိပ်မူတပ်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံနှင့်တကွ စီအီးစီ အားလုံးကို ဖြစ်ခဲ့သမျှ ကျွန်တော့မှာ အပြစ်မရှိပါဘူး။ အဲ့တော့ ကျွန်တော့ကို စဉ်းစားပေးဖို့ဆိုတဲ့ စာလေးတစ်စောင်ကို ကျွန်တော်ရေးပါတယ်ဗျ။
ကျွန်တော့စာလေးက ရိုးရိုးရှင်းရှင်းလေးပါ။ ကျွန်တော်အပြစ်မရှိဘူး။ အတင်းထွက်ခိုင်းနေတယ်။ ကျွန်တော်လည်း မထွက်ချင်ဘူး။ တကယ်လို့ အပြစ်မရှိတာကို နားလည်မပေးနိုင်ရင်တောင်မှ ထုတ်စာ၊ တာဝန်ကရပ်စဲစာ ပေးမယ်ဆိုရင်တော့ ကျွန်တော် ဝမ်းသာအားရ ထွက်သွားမယ်။
ကျွန်တော့မှာ အပြစ်မရှိတာကို အပြစ်ရှိသလို ခံဝန်ထိုးရတာသည် ကျွန်တော့ရဲ့ လိပ်ပြာမသန့်ဘူး။ ကျွန်တော့ရဲ့ အမှန်တရားက လက်မခံဘူး။ လက်မခံဘဲ ဒီလိုပဲ အမှန်တရားအတွက် ရပ်တည်သွားမယ်ဆိုပြီးတော့ တနေ့က အထိပေါ့ဗျာ။ တောင့်ခံထားတယ်။ တနေ့ကတော့ နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ စာထွက်ပါတယ်။"

Mizzima



https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
သူရေးတဲ့စာတွေကိုပဲ ရင်းနှီးခဲ့တာပါ။ လူချင်းမသိပါဘူး။
ကျွန်တော်တို့တာဝန်ယူစဉ်ကာလမှာ အစိုးရအဖွဲ့ရဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ မူဝါဒ များနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြလေ့ရှိသူပါ။ သူရေးတာကို သဘောမတူရင်တောင် စာတွေနောက်ကွယ်က စေတနာကို နားလည်ခဲ့ပါတယ်။
အစိုးရအဖွဲ့သစ်မှာ ဒုတိယ၀န်ကြီးအဖြစ်တာဝန်ပေးခံရတော့ လူမှန်နေရာမှန်ရောက်ပြီ လို့ ခံစားရပါတယ်။
ပြီးခဲ့တဲ့ တစ်လလောက်က ဂျာနယ်တစ်ခုမှာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာကြားမှာ သူရင်ဆိုင် နေရတာကို သွယ်ဝိုက်ရေးထားတာ ဖတ်လိုက်ရတယ်။
အရင်က လယ်/ ဆည် လို့အတိုကောက်ခေါ်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့
ဆည်မြောင်း ၊ အခုတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန မှာ စိုက်ပျိုးရေးပညာရှင်တွေနဲ့ ဆည်တည်ဆောက်ရေးပညာရှင်တွေကြား အယူ အဆကွဲပြားမှုတွေရှိတာကို ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။

အဲဒါက ကျွန်တော်ကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်တော့ ဘယ်သူမှန်တယ်၊မှား တယ် မသိပါဘူး။ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဘယ်သူက ဦးစားပေးလဲဆို တာလဲ မပြောတတ်ဘူး။ ဆိုင်းဘုတ်မှာတော့ စိုက်ပျိုးရေးက ရှေ့ကပဲ။
လောလောဆယ်ဆယ်သေချာတာကတော့ ဆည်ရေလွှမ်းလို့ စိုက်ပျိုးပင်လေး တွေ သေသွားတာပဲ။

https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
ဒေါက်တာ ထွန်းဝင်း၊ ဦးဝင်းထိန် နဲ့ သတင်းထုတ်ပြန်ရေးပြဿနာ
ဒေါက်တာထွန်းဝင်းကို တာဝန်က ရပ်စဲတာနဲပတ်သက်ပြီး ဘာ့ကြောင့်ဆောင်ရွက်တယ်ဆိုတာ အစိုးရအဖွဲ့က ရှင်းပြသင့်တယ်ဆိုတဲ့ အယူအဆတွေ ရေးသားဆွေးနွေးနေတာတွေ့ပါတယ်။ တကယ်တော့ ဒီလို ရှင်းပြတာဟာ မလုပ်မနေရသတ်မှတ်ထားတဲ့ကိစ္စမဟုတ်ပါဘူး။ မရှင်းပြပဲ နေလို့လည်း ရပါတယ်။ ဒါပေမယ့် ဦးဝင်းထိန်က ဒေါက်တာထွန်းဝင်းကို ခေါ်ပြီး ညွှန်ကြားတယ် ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ရင်တော့ ရှင်းပြဖို့လိုအပ်မယ်လို့ထင်ပါတယ်။
အခြေခံဥပဒေပြဋ္ဌာန်းချက်များ
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို ပြည်ထောင် စု လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ် တာဝန်ပေးပါတယ်။
ပြည်ထောင်စု ၀န်ကြီးများ က နိုင်ငံတော်သမ္မတကို တာဝန်ခံရပါတယ်။ (ပုဒ်မ ၂၃၂)
ဒုတိယ၀န်ကြီးများကိုတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ယူစရာမလိုပဲ သမ္မတ က တိုက်ရိုက်ခန့်အပ်ပါတယ်။ ဒုတိယ၀န်ကြီးက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးကို လည်း ကောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးထံက တဆင့် နိုင်ငံတော်သမ္မတကိုလည်းကောင်း တာဝန်ခံရပါတယ်။ (ပုဒ်မ ၂၃၄)
သမ္မတက ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခြင်းမရှိဘူးလို့ ထင်ရင် ပြည်ထောင်စုဝန်ကြီး၊ ဒါမှမဟုတ် ဒုတိယ၀န်ကြီးကို ရာထူးမှ နုတ်ထွက်ဖို့ ညွှန်ကြားနိုင်တယ်၊ ညွှန်ကြားတဲ့အတိုင်းလိုက်နာခြင်းမရှိရင် တာဝန်မှရပ်စဲရမယ်။ ၀န်ကြီး၊ဒုဝန်ကြီးဟာ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသူဖြစ်ရင် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နဲ့ ညှိရပါမယ်။ (ပုဒ်မ ၂၃၅)
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများဟာ နိုင်ငံတော်သမ္မတကို တာဝန်ခံရတာဖြစ်တဲ့ အတွက် သူတို့ကို ဆက်ပြီး တာဝန်ပေးခြင်း၊မပေးခြင်းဟာ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲရခြင်းအကြောင်းအရင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ် ရခြင်း အကြောင်းအရင်းကို အများပြည်သူသိအောင်ထုတ်ပြန်ပေးသင့်၊မသင့်ဆိုတာ သမ္မတ ရဲ့ လုပ်ပိုင်ခွင့်ပဲဖြစ်ပါတယ်။ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့တော့ ပြောလို့မရပါဘူး။ ဒါဟာ နိုင်ငံ ရေး၊ ပြည်သူ့ဆက်ဆံရေး ရှုထောင့်များကနေသုံးသပ်ပြီး အစိုးရအဖွဲ့က ဆောင်ရွက်ရမယ့်အချက် ပါ။
အစိုးရအဖွဲ့နဲ့ ပါတီ
ဒီနေရာမှာ တစ်ခုတော့ထောက်ပြချင်ပါတယ်။ ဒေါက်တာထွန်းဝင်းရဲ့ မီဒီယာများကို ရှင်းပြချက်မှာ သူ့ကို နှုတ်ထွက်ဖို့၊ နေပြည်တော်ကောင်စီကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ ဆိုတဲ့ အချက် များကို အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ဦးဝင်းထိန်က သုံးကြိမ်ခေါ်ပြောတယ် လို့ ပါပါတယ်။ အဲဒီအချက်သာမှန်ကန်တယ်ဆိုရင်တော့ ဒါဟာ အခြေခံဥပဒေဆိုင်ရာ ပြဿနာ လို့ ပြောချင်ပါတယ်။
ဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်စဉ်ကလည်း ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ ကို ၀န်ကြီးဌာန တာဝန်ပြောင်းလဲခန့်အပ်တာ၊ အနားယူခွင့်ပြုတာတွေရှိပါတယ်။ ဒါပေမယ့် အဲဒီ လို ဆုံးဖြတ်ချက်ကို သမ္မတ သို့မဟုတ် ဒုတိယသမ္မတ က သက်ဆိုင်ရာပုဂ္ဂိုလ်ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးပြီး အသိပေးတာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိသူတွေက ခေါ်ပြောတာမဟုတ် ပါဘူး။
ဘာ့ကြောင့်လဲ ဆိုတော့ အခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီး၊ဒုတိယ၀န်ကြီးများဟာ နိုင်ငံ တော်သမ္မတကို တာဝန်ခံရတာဖြစ်ပါတယ်။ ပါတီကို တာဝန်ခံတာမဟုတ်ပါဘူး။
ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပါတီနဲ့အစိုးရအဖွဲ့ကို သီးခြားခွဲခြားထားနိုင်ဖို့အတွက် သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီးတွေဟာ ရာထူးလက်ခံပြီးရင် မိမိပါတီရဲ့ လုပ်ငန်းများမှာ ၀င် ရောက်ဆောင်ရွက်ခြင်းမပြုရဘူးလို့တောင်တားမြစ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် ပါတီ ဗဟိုအလုပ် အမှုဆောင်တစ်ယောက်က ဒုဝန်ကြီးတစ်ဦးကို ခေါ်ပြီး ထွက်ဖို့ပြောတာ မှန်တယ်ဆိုရင် ဒါဟာ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို တိုက်ရိုက်စွက်ဖက်ရာရောက်နေပြီဆိုတဲ့ သဘောဖြစ်သွားနိုင်ပါတယ်။
ဒါ့ကြောင့် ဒေါက်တာထွန်းဝင်း ကို တာဝန်က ရပ်စဲတာနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ဘက်က အကြောင်းပြချက်ထုတ်ပြန်ပေးစရာမလိုပေမယ့် ဦးဝင်းထိန်က ဒေါက်တာထွန်းဝင်းကို ခေါ်ပြီး ပြောတယ်ဆိုတဲ့ ကိစ္စမှန်၊ မမှန်ဆိုတာကိုတော့ ရှင်းပြသင့်တယ်လို့ထင်ပါတယ်။





တာဝန်ကနေရပ်စဲခံလိုက်ရသည့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း သည် ယနေ့(နိုဝင်ဘာ ၁၉ ရက်) ညပိုင်းတွင် ရန်ကုန်မြို့သို့ပြန် ရောက်ရှိလာသည်။ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း ရောက်ရှိလာမှုကို စိုက်ပျိုးရေးတက္ကသိုလ်အသင်း(ရန်ကုန်)မှ စိုက်ပျိုးရေးပညာရှင် ၂၀ ကျော်က ရန်ကုန်လေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ကြသည်။ ထုတ်ပယ်ခံရမှုကို မကျေနပ်သောကြောင့် စိုက်ပျိုးရေးပညာရှင်များက "Dear Dr. Tun Win We stand with You" ဟု စာရေးသားထားသည့် ဗီနိုင်းပေါ်တွင် လက်မှတ်များစုပေါင်းထိုးထားသည်။ အဆိုပါဗီနိုင်းကို ဒုဝန်ကြီးထံပေးအပ်ခဲ့သည်။ ဒေါက်တာထွန်းဝင်းသည် စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်ပြီး အရပ်သားအစိုးရသစ်လက်ထက် ပထမဆုံးတာ ဝန်မှ ရပ်စဲခဲ့ရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးဖြစ်သည်။ တာဝန်ကနေရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၁၈ ရက်ရက်စွဲဖြင့် အမိန့်နှင့်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။



https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
ခုပဲ ဒေါက်တာထွန်းဝင်းကို ရာထူးက ရပ်စဲတဲ့ သတင်းတစ်ပုဒ်ဖတ်ကြည့်နေတာ။သူ့ကို ရာထူးက ရပ်စဲရတဲ့ အကြောင်းအရင်းမှာ ဌာနတွင်း မပြေလည်မှုတွေရှိချင်ရှိမယ်။သူဆိုးတာလဲဖြစ်ချင်ဖြစ်မယ်။သူကောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်။ကျွန်တော်
မသိဘူး။စိတ်မ၀င်စားဘူး။ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ခု သွေးနုသားနု ပြည်သူကတင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရဆိုတဲ့လက်ထက်မှာ ပါတီနဲ့ အစိုးရအဖွဲ့ လေနဲ့ဝမ်းမကွဲတဲ့ကိစ္စကိုတော့ ဥာဏ်မီသလောက် နည်းနည်းပြောချင်တယ်။ဒေါက်တာထွန်းဝင်းကို ဦးဝင်းထိန်က “ခင်ဗျားထွက်တော့၊ခင်ဗျား အာရုံနောက်တယ်။ထွက်ဆိုထွက်ပေါ့ဗျာ”လို့ပြောတဲ့စကားတွေကဘောင်ကျော်နေတယ်။အခု လက်ရှိအခြေအနေမှာ ဦးဝင်းထိန်သည် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်သာဖြစ်တယ်။အစိုးရအဖွဲ့မှာ သူသည် ဘာတာဝန်မှမရှိပါ။လွှတ်တော်ကိုယ်စားလှယ်လဲမဟုတ်ပါ။ဒါကြောင့် အစိုးရအဖွဲ့ကို ဘယ်လိုပုံစံနဲ့မှ ၀င်ပြီးစွက်ဖက်လို့မရပါ။ဒါဟာ တော်တော် အရုပ်ဆိုးအကျည်းတန်တဲ့ကိစ္စပါ။အခုလက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ တစ်ဦးရှိမယ်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရှိမယ်။ဒုသမ္မတ နှစ်ဦးရှိမယ်။ဒါပေမယ့် လက်ရှိ အစိုးရမှာ ဘယ်ပုဂ္ဂိုလ်သြဇာအညောင်းဆုံးလဲဆိုတာ အားလုံးသိတယ်။ဒိအတွက် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့အဖွဲ့ဝင်တွေအားလုံးကို ထိန်းကျောင်းဖို့အတွက် သြဇာ အာဏာပေးဖို့အတွက် ဒီလိုတရာဝင် တာဝန်ပေးအပ်ထားတဲ့ သမ္မတနဲ့ ဒုသမ္မတ နှစ်ယောက်ကလွဲပြီး ဘယ်သူမှ မဖြစ်သင့်ပါဘူး။အဲ့ဒီသုံးယေက်လုံက တစ်ဦးတစ်ယောက်ရဲ့ သြဇာအောက်မှာပဲ တည်နေသည် ဖြစ်ပါစေ အဲ့ဒီတစ်ယောက်ရဲ့ ညွှန်ကြားချက်နဲ့ပဲ အစိုးရအဖွဲ့ဝင်တွေ ဖြုတ် ထုတ် သတ် လုပ်လို့ရမှာပါ။အခြားသော ညွှန်ကြားချက်တွေကိုထုတ်ပြန်လို့ရမှာပါ။အစိုးရအဖွဲ့နဲ့ ဘာမှမဆိုင်တဲ့ ဦးဝင်းထိန်က အစိုးရအဖွဲ့ကို ၀င်ရှုပ်နေတာ တော်တော် ရုပ်ဆိုးပါတယ်။ဒါ့အပြင် ပြိုင်ဘက် အတိုက်အခံတွေရဲ့ လက်ညိုးထိုးစရာ ကဲ့ရဲ့စရာလဲဖြစ်နေပါတယ်။နောက်ပြီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ လက်ရှိ အစိုးရသည် ၂၀၀၈ အခြေခံ ဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာပါ။ဒီအခြေခံ ဥပဒေမှာ ပြည်ထောင်စု အစိုးရအဖွဲ့ထဲရောက်သွားရင် လက်ရှိ ပါတီရဲ့ တာဝန်တွေကိုလုပ်လို့မရတော့ပါဘူး။

ပါတီနဲ့ သက်ဆိုင်ခြင်းမရှိတော့ပါဘူးလို့ပြဌာန်းထားပါတယ်။ဒါကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေက ပါတီဝင်ကနေ ကိုယ်စားလှယ်။ကိုယ်စားလှယ်ကမှ ပြည်ထောင်စု အစိုးရအဖွဲ့ထဲရောက်လာတယ်ဆိုရင်တောင်မှ ပါတီက ကင်းလွတ်နေသူတွေပါ။ဒေါက်တာထွန်းဝင်းလို အပြင်က ပညာရှင်လိုမျိုးဆို ပိုဆိုးတာပေါ့။သူသည် ပါတီဝင်မဟုတ်ပါ။လက်ရှိ အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ အစိုးရအဖွဲ့ထဲမှာ ဒုဝန်ကြီးအဖြစ်တာဝန်ယူရသူပါ။ဒါပေမယ့် လက်ရှိ အဖြစ်အပျက်က ပါတီနဲ့ ဘာမှ မဆိုင်တဲ့ အစိုးရအဖွဲ့ထဲက ပါတီဝင်မဟုတ်တဲ့ ဒုဝန်ကြီးတစ်ယောက်ကို ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်က ထုတ်ပြစ်ပြီး သမ္မတက၀င်လက်မှတ်ထိုးပေးရတဲ့ အဖြစ်အပျက်က အင်မတန် ရုပ်ဆိုးနေတယ်။ဒါဆို ကျွန်တော်တို့ကို တကယ်တန်း အုပ်ချုပ်နေတာဘယ်သူလဲ ဘယ်အဖွဲ့အစည်းက တာဝန်ရှိနေတာလဲ။ကျွန်တော်တို့ပြည်သူတွေ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး အဖြစ်ဆိုးမျိုးနဲ့ မတွေ့ပါရစေနဲ့။
 


 Photo from 7 Day News

ဆက်စပ်ဖတ်ရှု ရန်




No comments:

Post a Comment