Tuesday, November 22, 2016

တာဝန်ရပ်စဲခံရမှု အပေါ် တုန်.ပြန်သံများ ( တာဝန်မှ ရပ်စဲခံရသော ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း နှင့်ဆက်စပ်သတင်းများ ( ၆ )






လေးစားရပါသောအန်ကယ်လ်ဦးဝင်းထိန်ခင်ဗျား...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
အန်တီဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့်လည်းကောင်း၊နိုင်ငံတော်သမ္မတရုံးဝန်ကြီးရာထူးဖြင့်လည်းကောင်း
၊နိုင်ငံခြားရေးဝန်ကြီးရာထူးဖြင့်လည်းကောင်း နိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်နေချိန်တွင် အန်ကယ်လ်ဦးဝင်းထိန်က ပါတီတည်ဆောက်ရေးကိစ္စရပ်များကိုတာဝန်ယူပေးနေသည့်အတွက် ပါတီထောက်ခံသူတဦးအနေဖြင့်ကျေးဇူးတင်မိပါသည်။

သို့သော် ယခုဖြစ်ပေါ်ခဲ့သော ပြည်ထောင်စုဒုဝန်ကြီးတဦးတာဝန်မှရပ်စဲခံရသည့်ကိစ္စတွင် အန်ကယ်လ်ဦးဝင်းထိန်မှ ဒုဝန်ကြီးအား ၃ကြိမ်တိတိနုတ်ထွက်ရန်ပြောကြားခဲ့သည်ဟုသိရပါသည်။

ပါတီခေါင်းဆောင်တဦးမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးကိုနုတ်ထွက်ရန်ဖိအားပေးသည်မှာ အခြေခံဥပဒေအရ လွဲမှားနေသလို ဒီမိုကရေစီကျင့်စဉ်နှင့်လည်းမလျော်ညီပါ။ဒုဝန်ကြီးအားတာဝန်မှရပ်စဲရန် အစိုးရတွင်လုံလောက်သောအကြောင်းတရပ် ရှိကောင်းရှိနိုင်ပါသည်။ သို့သော်အဆိုပါကိစ္စမှာ အစိုးရအဖွဲ့မှလုပ်ဆောင်ရန်သာဖြစ်ပြီး ပါတီခေါင်းဆောင်တဦးနှင့် လုံးဝမသက်ဆိုင်ပါ။

သို့ဖြစ်ပါ၍ အန်ကယ်လ်ဦးဝင်းထိန်အနေဖြင့် အစိုးရကိစ္စရပ်များကိုဆောင်ရွက်လိုပါက အစိုးရအဖွဲ့တွင်သင့်တော်သော အဆင့်မြင့်ရာထူးတခုရယူဆောင်ရွက်သင့်ပြီး၊ သို့မဟုတ်ပါက ပါတီကိစ္စများကိုသာဆောင်ရွက်ရန် နိုင်ငံသားတဦးအနေဖြင်အကြံပြုအပ်ပါသည်။
အကယ်၍ပါတီတာဝန်ရောအစိုးရတာဝန်ပါတပြိုင်တည်းဆောင်ရွက်လိုပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို အန်ကယ်လ်ဦးဝင်းထိန်စိတ်ကြိုက်ပြင်ဆင်ရေးဆွဲပြီးဆောင်ရွက်နိုင်ကြောင်းလည်အကြံပြုလိုပါသည်။
နောင်လာနောက်သားများအနေဖြင့် ဒီမိုကရေစီအလေ့အထများအပေါ်အတုယူမှားမည်ကိုစိုးရိမ်သဖြင့်ရိုးသားစွာအကြံပြုတင်ပြခြင်းဖြစ်ပါသည် 
။ပြောမှားဆိုမှားရှိပါကခွင့်လွှတ်ပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
လေးစားမှုဖြင့်
မိုဃ်းသွေး(ခ)သူရထွန်း
၇/ရတန(နိုင်)၀၉၈၀၄၈
နိုဝင်ဘာလ ၂၀ရက် ၂၀၁၆ခုနှစ်

တိုင်းပြည်အတွက် ပါတီအတွက်သာ အလုပ်လုပ်တယ်၊ အပြစ်လုံးဝ ကင်းစင်တယ်လို့ ထုတ်ပယ်ခံ ဒုဝန်ကြီးပြော



အရပ်သားအစိုးရလက်ထက်တွင် ပထမဆုံး ရာထူးမှ ရပ်စဲခံရသူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းက သူရာထူးမှ ထုတ်ပယ်ခံရသော်ငြား အပြစ်လုံးဝ ကင်းစင်တယ်လို့ မီဒီယာများကို ပြောဆိုလိုက်ပါတယ်။

“ကျနော် ဘာသာတရားလည်း နေ့စဉ်လုပ်ပါတယ် ကျနော် Absolute Truth (ပကတိ အမှန်တရား) ဗုဒ္ဓဟောတဲ့ Universal Truth, Absolute Truth ကို သေတဲ့အထိ လုပ်သွားမှာဖြစ်တဲ့အတွက် ကျနော်သည် ဘာမှ ကျနော့်မှာ အပြစ်မရှိဘူး အပြစ် လုံးဝ ကင်းစင်တယ် တိုင်းပြည်အတွက်သာ ရည်ရွယ်လုပ်တယ်။ ပါတီအတွက်သာ ရည်ရွယ်လုပ်တယ်” လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

ဒေါက်တာထွန်းဝင်းကို နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ်/၂၀၁၆ဖြင့် တာဝန်မှရပ်စဲကြောင်း ဒီကနေ့ အစိုးရ သတင်းစာတွေမှာ ကြေငြာလိုက်တာပါ။ ဒါဟာ အစိုးရသစ်သက်တမ်း(၈)လကျော်အတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် တာဝန်မှ ရပ်စဲလိုက်တာ ဖြစ်ပါတယ်။

မီဒီယာတွေနဲ့ ဒေါက်တာထွန်းဝင်း ဒီနေ့တွေ့ဆုံရာမှာတော့ သူဟာ “ တိုင်းပြည်အတွက် ပါတီအတွက်ကို Emotion (စိတ်ခံစားမှု) ကောင်းကောင်းနဲ့ လုပ်တယ်။ Emotion ကောင်းလို့ Emotion ကြောင့်လို့ ဆိုတဲ့ဟာမျိုးလည်း လူကြီးတွေက သုံးသပ်တယ်။ Emotion များတယ်ပေါ့ Emotion ဆိုတာ အမျိုးမျိုးရှိတယ် ကိုယ့်အမျိုး ကိုယ်ချစ်လို့ Emotion၊ ကိုယ့်တိုင်းပြည်ချစ်လို့ Emotion၊ လယ်သမား ဆင်းရဲတဲ့ဘဝ နစ်မွန်းနေတဲ့ ဘဝတွေအတွက် Emotion၊ ကျနော့် ပညာနဲ့ ပတ်သက်လို့ မဟုတ်က ဟုတ်က လုပ်တဲ့ဟာ မှန်သမျှကို ကျနော် Emotion ရှိတယ်။ အမှန်တရားအတွက် Emotion ဒီ Emotionကို ဘာလို့ အသိအမှတ် မပြုတာလဲဆိုရင်တော့ Question ဖြစ်တယ်။ တစ်ချို့ကပြောတယ် အကြီးအကဲပိုင်းများသည် Emotion မကြိုက်ရင်တော့ နိုင်ငံရေး မလုပ်နဲ့” လို့ ပြောဆိုခဲ့ပါတယ်။





6 hrs ·
https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
ကျွန်တော် ဦးသိန်းစိန်အစိုးရလက်ထက်တစ်လျှောက်လုံး
ကြံ့ဖွတ်အစိုးရကို ဝေဖန်တယ် သရော်တယ်
NLDနဲ့ဒေါ်အောင်ဆန်းစုကြည်ကို တစ်လျှောက်လုံး ဝန်းရံခဲ့တယ်ဆိုတာ
ကျွန်တော့်အကောင့်ထဲက သက်တမ်းကြာမိတ်ဆွေတွေအတော်များများ
သိပါတယ်
စစ်တစ်ပိုင်းအစိုးရလို့ လူပြောများတဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာ
ကျွန်တော်ရေးခဲ့သမျှ သရော်စာတွေဟာ အပုဒ်နှစ်ဆယ်ခန့်ရှိပြီး
ငရဲမကြောက် အကုသိုလ်မကြောက် အမှန်တရားလို့ ကိုယ်ယုံကြည်ရာ တစ်ခုတည်းအတွက် မဘသကိုတောင် သရော်ခဲ့တယ်

ကျွန်တော် NLDနဲ့အမေစုကို အထူးယုံကြည်အားကိုး ခဲ့တယ်
ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ဝန်းရံပေးခဲ့တယ်
ကိုယ်နဲ့သိတဲ့ပညာရှင်တွေ ကိုယ်နဲ့ရင်းနှီးတဲ့အရည်အချင်းရှိသူတွေ အားလုံးကို NLDပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံဖို့အတွက်ပါ တိုက်တွန်းတယ် အကြံပြုခဲ့တယ်

ဒါပေမယ့်ဗျာ
ကျွန်တော်တို့ဝန်းရံခဲ့ မဲပေးခဲ့တဲ့အရပ်သားအစိုးရလက်ထက်
ဒီမိုကရေစီအစိုးရလက်ထက်မှာမှ
အနုပညာနဲ့သရော်ခြင်း အပြုသဘောဝေဖန်ခြင်း
လွတ်လပ်စွာပြောဆိုခွင့်တွေဟာ ဘာကြောင့်များ
စိုးရိမ်စရာကောင်းလာခဲ့ရတာလဲ

အခုဆိုရင် မိတ်ဆွေတစ်ချို့က
မက်ဆေ့ဘောက်ကနေတစ်ဆင့် စိုးရိမ်တကြီး သတိပေးမှုတွေပါ ရှိလာခဲ့ပြီ
မိသားစု ဆွေမျိုး အသိုင်းအဝိုင်းများကလည်း
ပြောမရဆိုမရ ပြန်မပြောနားမထောင်ကောင်မို့သာ လွှတ်ထားရတယ်
သူတို့လည်း ကျွန်တော့်အတွက် အတွင်းကြိတ် ပူပန်နေရပြီ
ဦးသိန်းစိန်လက်ထက်တစ်လျှောက်လုံး မခံစားခဲ့ရဘူးတဲ့ ဖိအားတွေပါပဲ

ကျွန်တော်စိတ်ကတော့ ဒီလိုဖြစ်လေခံပြင်းလေပါပဲ
ကျွန်တော်တို့ ရွေးချယ်ခဲ့တာ တတိယမြောက် အာဏာရှင်တော့
မဟုတ်တန်ကောင်းပါဘူး
ဒါ့အပြင်
တစ်ချို့လွှတ်တော်ကိုယ်စားလှယ်တော်များနဲ့ တစ်ချို့သောNLDဝန်းရံသူများရဲ့ပြောကြားချက်များဟာလည်း
မုသာဝါဒနဲ့လိမ်ညာဝါဒဖြန့်မှုတွေလားဆိုတာ
စဉ်းစားစရာ ဖြစ်လာရပါတယ်

ဒီကနေ့
ကျွန်တော်နဲ့ရင်းနီးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ မရင်းနီးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ NLDလော်ဘီတွေ အမြဲပြောနေတဲ့စကားတစ်ခွန်း
ဆင်သေကိုဆိတ်သရေနဲ့ဖုံးနေတဲ့စကားတစ်ခွန်းဟာ လိမ်ညာဝါဒဖြန့်နေတာ
ထမင်းရည်ပူလျှာလွှဲနေတာ ကိုယ့်ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းအပေါ်
တစ်ဖက်ကို အပြစ်ဖို့နေတာများ ဖြစ်နေမလားဆိုတာ
ကျွန်တော့်အနေနဲ့ စဉ်းစားရပါပြီ

အဲဒီစကားက ဘာလဲဆိုတော့
"NLDအစိုးရလက်အောက်မှာ ပြည်ထဲရေးမရှိဘူး။ ပြည်ထဲရေးဟာ စစ်တပ်လက်အောက်မှာ သူတို့ကိုင်တွယ်လို့ မရဘူး"ဆိုတဲ့စကားပဲ ဖြစ်ပါတယ်

အခြေခံဥပဒေကို လေ့လာကြည့်ပါ
ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးကို အဆိုပြုရွေးချယ်ခွင့်သာ ရှိပြီး တိုက်ရိုက်အမိန့်ပေးလို့မရပါဘူး
ဘာနဲ့ဥပမာတူသလဲဆိုရင်
"ဒီကောင်လေးကို လိုရာခိုင်းပါ။ ခင်ဗျားတို့ လိုအပ်နေတဲ့နေရာအတွက် ဒီကောင်လေးကိုသုံးပါ"လို့ လူတစ်ဦးက တစ်ခြားလူတစ်ဦးစီ သူ့တပည့်သားမြေးကို အပ်နှံပေးတာနဲ့တူပါတယ်
အဲဒီလို အပ်နှံလိုက်တဲ့အခါ ထိုလူကိုခိုင်းဖို့ရာ မိမိလိုသလို ညွှန်ကြားဖို့ဆိုတာ လက်ခံသူမှာသာ တာဝန်ရှိတယ်လို့ မြင်ပါတယ်
ဒီလိုပါပဲ
ကာကွယ်ရေးဦးစီးချုပ်ရွေးချယ်အဆိုပြုတဲ့ ပြည်ထဲရေးဝန်ကြီးကို
မိမိလိုအပ်သလို စီစဉ်ညွှန်ကြား စေခိုင်းဖို့ဆိုတာ သမ္မတလက်ထဲမှာ အာဏာအပြည့်အဝ ရှိပါတယ်
သမ္မတအနေနဲ့ မိမိပေးအပ်တဲ့တာဝန်ကို ပြည်ထဲရေးဝန်ကြီးက ပူးပေါင်းဆောင်ရွက်မှုမရှိဘူး တာဝန်ကြေပွန်အောင် မဆောင်ရွက်ဘူးဆိုရင် ဖြုတ်ချပိုင်ခွင့်လည်း ရှိနေပြန်ပါတယ်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၅) ပုဒ်မခွဲ(၁)နှင့် ပြည်ထောင်စုအစိုးရဥပဒေ ပုဒ်မ(၆၉) ပုဒ်မခွဲ(က)တို့အရ ဖြုတ်ချနိုင်ပါတယ်
ဒုဝန်ကြီးဒေါက်တာထွန်းဝင်းကို ဒီပုဒ်မတွေနဲ့ တာဝန်ကနေရပ်စဲလိုက်တာပါ။
ဒေါက်တာထွန်းဝင်းလို အပြစ်ထင်ရှားမဖော်ပြနိုင်တဲ့ဝန်ကြီးတစ်ပါး
သူ့အလုပ်သူ အကောင်းဆုံးလုပ်ဆောင်နေတဲ့ပညာရှင်တစ်ဦးကိုတောင်
ဖြုတ်ချနိုင်တဲ့ဥပဒေဟာ

(သူတို့ပြောသလို)
ပြည်ထဲရေးဝန်ကြီးသာ လက်ရှိအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် ဘာကြောင့်တာဝန်က ရပ်စဲလို့မရနိုင်ရသလဲ
စဉ်းစားစရာ ဖြစ်လာပါတယ်

ပြည်ထဲရေးကို လက်ရှိအစိုးရနဲ့ဝန်ကြီးချုပ်တွေ ကိုင်တွယ်လို့မရဘူးဆိုတဲ့ NLDလွှတ်တော်ကိုယ်စားလှယ်တစ်ချို့ရဲ့
ဝါဒဖြန့်မှု မှားယွင်းကြောင်းကိုလည်း ဦးဖြိုးမင်းသိန်းနဲ့အလဲဗင်းပြဿနာက အထင်အရှားသက်သေပြသွားပါတယ်

ဒါနဲ့တင် မကြေနပ်သေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာလေ့လာပါ
ပြည်ထဲရေးဟာ သမ္မတနဲ့ဝန်ကြီးချုပ်တွေရဲ့အမိန့်ကို မနာခံပဲ
ကာချုပ်ရဲ့အမိန့်ကိုသာ နာခံရမယ်ဆိုတာ မပါသလို
ပြည်ထဲရေးကို သမ္မတနဲ့ဝန်ကြီးချုပ်တွေက အမိန့်ပေး စီမံခန့်ခွဲခြင်းမပြုရဆိုတာလည်း မပါပါဘူး ခင်ဗျာ

ဒါ့ကြောင့် လက်ရှိဖြစ်ပေါ်နေသမျှ
တရားဥပဒေမစိုးမိုးမှုများ မင်းမဲ့စရိုက်များ
ဒုစရိုက်မှု လူသတ်မှု မုဒိမ်းမှုများ ထူထပ်လာရခြင်းတွေဟာ
လက်ရှိအစိုးရရဲ့စီမံခန့်ခွဲမှု အားနဲချက်များသာဖြစ်ပြီး
လက်ရှိအစိုးရမှာသာ တာဝန်အပြည့်ရှိတယ်လို့
ယူဆရမှာပါပဲ
...
ခက်တော့ခက်တယ်
လက်ရှိအစိုးရကို အပြုသဘောပဲဝေဖန် ဝေဖန်
အနုပညာအရပဲ သရော်သရော်
ဝေဖန်သရော်ရတာ အရမ်းအန္တရာယ်များပါတယ်
ဘာနဲ့တူသလဲဆိုတော့
ကုန်းအတက်မှာပျက်နေတဲ့လမ်းကြိတ်စက်ကို
နောက်ကနေတွန်းနေရသလိုပါပဲ
အခန့်မသင့်ရင် သူမရွေ့ပဲ ကိုယ်တက်ကြိတ် ခံရနိုင်တယ်

ကျွန်တော့်ရဲ့အထက်ပါ ယူဆချက်တွေမှားတယ်လို့ဆိုလာရင်တော့ ကျွန်တော့်မှာ မေးစရာ ရှိလာပြန်ပါတယ်
အဲဒါကတော့...

လက်ရှိကျွန်တော်တို့တိုင်းပြည်ကို ဘယ်သူ စီမံခန့်ခွဲအုပ်ချုပ်နေသလဲ
ဒေါ်အောင်ဆန်းစုကြည်လား
သမ္မတကြီးဦးထင်ကျော်လား
ကာကွယ်ရေးဦးစီးချုပ်လား
ဒါမှမဟုတ်
ဦးဝင်းထိန်လား

ဒီငါးနှစ်အတွင်း ဖြစ်ပေါ်လာမဲ့အကျိုးရလာဒ်အားလုံးကို
ဘယ်သူတာဝန်ယူမလဲဆိုတာ
ကျွန်တော် အရမ်းသိချင်မိပါတယ်...

ဇော်သစ်

အထုတ်ပယ်ခံ လယ်/ဆည် ဒု ဝန်ကြီးနှင့် ဥပဒေနှင့်အညီ ခုခံချေပခွင့်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို နိုင်ငံတော် သမ္မတ လက်မှတ်ဖြင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်လိုက်သည့် သတင်းမှာ ယခု ရက်ပိုင်းအတွင်း လူပြော အများဆုံး အကြောင်းအရာ တစ်ရပ် ဖြစ်သွားခဲ့သည်။
ပုံမှန်အားဖြင့် မည်သည့် အစိုးရလက်ထက်ဖြစ်စေ ရာထူးမှ အထုတ်ပယ်ခံရပါက ထုတ်ပယ်ရသည့် အဓိက အကြောင်းရင်းကို ထုတ်ပြန်ကြောင်း အမိန့်စာတွင် ထည့်သွင်း ဖော်ပြလေ့ ရှိသော်လည်း ဒေါက်တာ ထွန်းဝင်းအား ထုတ်ပယ်သည့် အမိန့်စာတွင်မူ ထိုအချက် ဖော်ပြထားခြင်း မရှိပေ။
ထုတ်ပယ်ခံရသူ ဒေါက်တာ ထွန်းဝင်းနှင့် ထုတ်ပယ်လိုက်သည့် နိုင်ငံတော် သမ္မတရုံးထံတွင် ၎င်းတို့ဘက်က မမှားကြောင်း၊ မှန်ကန်ကြောင်း အသီးသီး ရပ်ခံ ပြောဆိုကြမည် ဖြစ်သော်လည်း ဤနေရာတွင် မည်သည့်ဘက်က မှန်သည်၊ မှားသည် ပြောဆိုရန်ထက် အစိုးရ တစ်ရပ်၏ လုပ်ထုံး လုပ်နည်းကိုသာ ဆန်းစစ် သုံးသပ်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။
အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီး တစ်ဦးအဖြစ် သက်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ လက်စွဲ၊ လမ်းညွှန်များနှင့်အညီ တရားဝင် ခန့်အပ်ခံထားရသူ တစ်ဦးကို ထုတ်ပယ်ရာတွင်လည်း မထုတ်ပယ်မီ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ကာ ထုတ်ပယ်ရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ ဖော်ပြရန် တာဝန် ရှိပေသည်။
တရားဝင်အားဖြင့် ယင်းအမိန့်စာကို နိုင်ငံတော် သမ္မတဖြစ်သူ ဦးထင်ကျော်က လက်မှတ်ရေးထိုး ထားသော်လည်း နောက်ကွယ်တွင် မွေးမြူရေးနှင့် လယ်/ဆည် ဝန်ကြီး သင်္ချာ ပါမောက္ခ ဒေါက်တာ အောင်သူနှင့် ဒုတိယ ဝန်ကြီး စိုက်ပျိုးရေး ပညာရှင် ဒေါက်တာ ထွန်းဝင်းတို့အကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုကို အကြောင်းပြုကာ NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဝင်းထိန်၏ စီမံ ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက် ရှိသည်။
ထိုသို့ သတင်း ထွက်ပေါ်နေသော်ငြား လက်တွေ့တွင်မူ နိုင်ငံတော် သမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသောကြောင့် အစိုးရအဖွဲ့က တရားဝင် ထုတ်ပယ်လိုက်ခြင်းဟု သတ်မှတ်ရမည် ဖြစ်သော်လည်း အစိုးရအဖွဲ့ နောက်ကွယ်တွင် ပါတီက ဝင်ရောက်စွက်ဖက် နေသလောဟု စောကြောစရာ ဖြစ်သွားခဲ့သည်။
အထူးသဖြင့် စိုက်ပျိုးရေး နယ်ပယ်တွင် အတွေ့အကြုံရင့်၊ ဝါရင့် ပညာရှင် တစ်ဦးလည်းဖြစ်၊ လယ်ယာ စိုက်ပျိုးရေး လောကကို ပြုပြင် ပြောင်းလဲလိုသူဟု နာမည် ထွက်သူလည်း ဖြစ်သည့်အပြင် NLD ပါတီဝင် တစ်ဦးလည်း ဖြစ်သည့် ဒေါက်တာ ထွန်းဝင်း ထုတ်ပယ် ခံရခြင်းသည် အစိုးရအဖွဲ့တွင် လက်တွေ့ လုပ်ငန်း ဆောင်ရွက်ကြရမည့် ပညာရှင်များထက် ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် အလွန်းသင့်သူ ဖြစ်ရန် ပို၍ အရေးကြီးလာသလော ဆိုသော မေးခွန်း တစ်ရပ်လည်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
အစိုးရ သက်တမ်း ခြောက်လကျော်ခန့် ရှိနေသော အချိန်သည် ငါးနှစ် သက်တမ်း အစိုးရ တစ်ရပ်အတွက် ဆိုပါက လုပ်ငန်း စတင်ရန် ဟန်ပြင်နေဆဲ အချိန်သာ ဖြစ်သည့်အတွက် ဘောလုံး စကားနှင့် ပြောရပါက မိနစ် ကိုးဆယ်ကြာ ကစားရမည့် ဘောလုံးပွဲ တစ်ပွဲတွင် တိုက်စစ်မှူး တစ်ဦးကို အကြောင်းပြချက် မပေးဘဲ ဆယ်မိနစ်ဖြင့် လူစားလဲလိုက်သည့်သဘော ဖြစ်သည်။
အာဏာရှင် အစိုးရ အဆက်ဆက်တွင်လည်း ထိုသို့ ထုတ်ပယ်မှုများ ရှိခဲ့ရာ အာဏာရှင် အစိုးရများ ဖြစ်သည့်အတွက် အထွေအထူး ပြောစရာ မရှိသော်လည်း ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ ဖြစ်နေသည့်အတွက် လုပ်ကိုင် ဆောင်ရွက်မှုမှန်သမျှ ဒီမိုကရေစီ နည်းကျဖြစ်ရန် အထူး အရေးကြီးလှသည်။
သက်ဆိုင်ရာ လုပ်ငန်းကို လက်တွေ့ ဦးစီး ဆောင်ရွက်မည့် ပညာရှင် ဒုတိယ ဝန်ကြီး တစ်ဦးကို ဥပဒေနှင့်အညီ ပြန်လည် ရှင်းလင်း ထုချေခွင့် မပေးဘဲ ထုတ်ပယ် လိုက်ခြင်းမှာ သက်ဆိုင်ရာ နယ်ပယ်အတွက် ကောင်းသည့် လက္ခဏာ မဟုတ်သည့်အပြင် အာဏာရှင် ဆန်သည်ဟု ဝေဖန်စရာ ဖြစ်သွားခဲ့ပြီး ယင်းလုပ်ရပ်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် အာဏာရ ပါတီတို့ အနေနှင့် အနှောင်အဖွဲ့ ကင်းကင်း၊ အဂတိ ရှင်းရှင်း၊ ဘက်လိုက်မှု မရှိဘဲ ရိုးသား ဖြောင့်မတ်စွာ မိမိတို့ဘာသာ ဆင်ခြင် သုံးသပ်ကြည့်ပါက အမှား၊ အမှန် ပေါ်လာမည်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၂ဝ-၁၁-၂ဝ၁၆)
.....................................
Editorial, The Voice Daily, Vol-4/No-192 (#voiceeditorial)

ဒေါက်တာထွန်းဝင်း ရပ်တည်ချက်ကတော့ ပြတ်သားတယ်လေ။ သူကျွမ်းကျင်ပြီးတော့ သူလုပ်နိုင်တဲ့ဟာကို ပြတ်ပြတ်သားသား လုပ်ဖို့အတွက် သူ ဒီနေရာကို လိုလိုလားလား လက်ခံပြီး ၀င်လုပ်တယ်ဗျာ။ လုပ်တဲ့အခါမှာ တကယ်တမ်း သူလုပ်ချင်တဲ့ဟာ သူသိ မြင်ထားတဲ့ သူတတ် သိထားတဲ့ဟာတွေနဲ့ တိုင်းပြည်အကျိုး လုပ်လို့မရဘူးဆိုရင် သူ အလုပ်မဖြစ်တဲ့နေရာတွေ သူမကျွမ်းကျင်တဲ့ နေရာတွေ ဟိုပို့၊ ဒီပို့လုပ်မယ်ဆိုရင် ဒါထွက်မှာပဲ။ နိုင်ငံတကာမှာလည်း တချို့ဝန်ကြီးတွေ၊ အနောက်တိုင်းနိုင်ငံတွေဆို ပိုပြတ်သားတယ်လေ။ သူတို့သဘောထား အစိုးရအဖွဲ့က သဘောမတူဘူးဆိုရင် သူတို့ဘာသာ နုတ်ထွက်လိုက်တယ်။ အခုဟာက ဒေါက်တာထွန်းဝင်းကတော့ နုတ်မထွက်နိုင်ဘူး။ ဒီနေရာမှာဆိုရင် သူလုပ်မယ်။ ဟိုပြောင်း ဒီပြောင်း လုပ်တာကို သူမလုပ်နိုင်ဘူးပေါ့နော်။ သူမှားတယ်လို့ မယူဆဘူး။ အဲဒီလို ပြတ်ပြတ်သားသား လုပ်တာအတွက် ဒေါက်တာထွန်းဝင်း ကို ချီးကျူးတယ်။ တစ်ဖက်က ဒါမျိုးကို ဒီလို ထုတ်ချင်လို့ ထုတ်လိုက်တာ ဒါသတင်းအရပါ။ သူကျွမ်းကျင်တာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး မပြုနိုင်ဘူး။ ဒါကို သူ့ဘက်က မှန်မှန်ကန်ကန် ရပ်တည်တာကို အလွယ်တကူပေါ့ဗျာ။ သူတို့ သဘောမကျလို့ ဖြုတ်လိုက်တာမျိုးကတော့ လုံးဝမဖြစ်သင့်ဘူးဗျာဟု တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ရန်းက ပြောကြားသည်


 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်းကို တာဝန်က ရပ်စဲခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူကို မီဒီယာတွေက မေးမြန်းခဲ့ရာမှာ “ဘာမှပြောစရာ မရှိပါဘူး“ လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ကျွန်တော်ကတော့ ဒေါက်တာထွန်းဝင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်ရင်တော့လည်း အများကြီး အရင်ဆောင်ရွက်ခဲ့တာတော့ ရှိတယ်လေ။ လက်ရှိ ကျွန်တော်တို့ မြင်တာတော့ ဒုဝန်ကြီးတာဝန် ပေးအပ်တဲ့နေရာနဲ့တော့ သင့်တော်တယ်လို့ မြင်တာပေါ့နော်။ ဖြစ်တဲ့ပြဿနာ အသေးစိတ်တော့ ကျွန်တော်တို့ မသိရသေးဘူးပေါ့နော်။ သို့သော်လည်းပဲ ကျွန်တော်တို့မြင်တာတော့ တချို့ကိစ္စကလည်း သူ့ရဲ့ Personal အရ အဆင်မပြေမှု ရှိကောင်း ရှိနိုင်တာပေါ့နော်။ သို့သော်လည်းပဲ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုရင်တော့ တချို့ကိစ္စတွေကျရင် ပညာရှင်တွေအနေနဲ့လည်း သတိထားပြီး လုပ်ကိုင်ရင်တော့ ပိုပြီးတော့မှ ကောင်းမယ်လို့ မြင်တယ်။ နောက်ပြီးတော့ လူတော်တစ်ယောက် ဆုံးရှုံးတာမို့လို့ ဒါတော့ စိတ်မကောင်းဘူးပေါ့နော်။ ကျွန်တော်မြင်တာတော့ ဒေါက်တာထွန်းဝင်းအနေနဲ့ကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နှစ်ပေါင်း ၃၀၊ ၄၀ လောက် လုပ်ကိုင်တဲ့သူအနေနဲ့ ကျွန်တော်တို့ မြင်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ကတော့ တတ်နိုင်သမျှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးကဏ္ဍကို ဆောင်ရွက်မယ့်အနေနဲ့ ယုံကြည်ပါတယ်။ တခြားကိစ္စကတော့ ကျွန်တော်တို့ မသိဘူးပေါ့နော်။ Personal ကိစ္စဆိုရင်တော့ ဒီဟာတော့ ဘယ်လိုဟာမျိုး ရှိတယ်ဆိုတာ ကျွန်တော်တို့ဆီမှာ သတင်းတော့ မသိဘူးပေါ့နော်။ သို့သော်လည်း လုပ်တာကိုင်တာ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်ရင် သူ့ကို လက်ခံပါတယ်။ ယုံလည်း ယုံကြည်တယ်ပေါ့နော်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ဒေါက်တာထွန်းဝင်းအား ဒုတိယ၀န်ကြီးအဖြစ် ၂၀၁၆ ခုနှစ် မေ ၂ ရက်တွင် စတင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရာထူးသက်တမ်းမှာ ခြောက်လကျော်သာ ရှိသေးသည်။
ဒုတိယတာဝန်မှ ရပ်စဲခံရသည့်အတွက် NLD ပါတီအပေါ် ဒေါက်တာထွန်းဝင်းက “လူထုပါတီဆိုတော့ အခုထိလည်း လူထုကို ကိုယ်စားပြုတဲ့ပါတီဖြစ်တော့ လူထုတွေက လက်သန်းလေးနဲ့ ရွေးထားတယ်ဆိုတော့ တန်ဖိုးထားဆဲပါဗျ။ ပါတီကြီး မပြိုကွဲအောင်တော့ ကျွန်တော်တို့တွေ ထိန်းသိမ်းရမှာပေါ့။ ကျွန်တော့်ကြောင့်ဖြစ်လို့ ဒါကြီး ပြိုကွဲသွားတာတော့ မလိုလားဘူးဗျ။ ကျွန်တော်ကလည်း ကျွန်တော့်ဟာနဲ့ အမှန်ကြိုက်တဲ့ပရိသတ် ရှိတာပေါ့။ ဒီပရိသတ်ရဲ့ဒဏ်၊ ဒီပရိသတ်ရဲ့ တောင်းဆိုမှု၊ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေကို သူတို့ ဖြေဖို့လိုတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို ကျွန်တော် မတင်ပြချင်တော့ပါဘူး။ တင်ပြလိုချင်တဲ့စိတ် မရှိတော့ပါဘူး” ဟု ပြောကြားသည်။
EMG , 7 Day News

ThanThan Sein
 
https://www.facebook.com/rsrc.php/v3/yB/r/-pz5JhcNQ9P.png
အစိမ်းရောင်လက်များ တွဲယှက်ထား
========================

ကျွန်မ ဖေ့စ်ဘုတ် သုံးတာ ၇နှစ်ကျော်ပါပြီ
ပရိုဖိုင်း ကို ပုံပြောင်းတာ ၂ ခါပဲလုပ်ဘူးပါတယ်...။
မနေ့ က ရင်ထဲ နာနာကျင်ကျင် ဖြစ်တာ ကြောင့်....
ပုံပြောင်း လိုက်တယ်..။
တနည်းအားဖြင့်..... ဖြေသာတာက....တရားတော်နဲ့ ပါ.....
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကြီး ကမိန့် ဘူးတယ်...။
ဘုန်းကံ ရှိသူများ သူများလက်အောက်မနေရဘူးတဲ့...။
ဒီတော့ ကိုယ် ယုံကြည်ရာ လမ်းကို ......
I am the master of my fate....
I am the captain of my soul .........ဆိုတဲ့
Willian Earnest Henleyရဲ့ Invictus ကဗျာ
ထဲကလိုပေါ့...။
ဘယ်တော့မှ ဦးမညွတ်စတမ်းပါ..။
ခိုင်မာ တဲ့ ယုံကြည်ချက် နဲ့ အချိန်ပြည့် လုပ်ဆောင် ဘို့ အခွင့်အရေး
အပြည့်ရှိသွားတယ် လို့ ကျွန်မ မြင် တယ်..။
အောက်ခြေ ကတောင်သူတွေ ရဲ့ ရင်တွင်းစကား ကို နှလုံးသား နဲ့ နားထောင်....
နှလုံးသားနဲ့ ထပ်တူပြု ဆောင်ရွက် ပေး ဘို့....... .....
ကျွန်မ တို့ ရဲ့ နည်းပညာ နဲ့ မေတ္တာတရားကို ငံ့လင့်နေတဲ့
ခေတ်အဆက်ဆက် မျက်နှာသာ ပေးခြင်းဘယ်တော့မှ မခံရရှာ တဲ့
ကျွန်မ တို့ ရဲ့ တောင်သူတွေ ဘက်ကို မျက်နှာ မူကြမယ်....။
အယူအဆ မတူ....
ခံယူချက်မတူ....
အတွေးအခေါ်မတူ ရင် လုပ်ဆောင်ချက် မတူ သူများ လည်းရှိကောင်းရှိမှာပေါ့လေ......

သို့သော်.... ကိုယ် ယုံကြည်ရာ...
ရည် ရွယ် ရာ ဆက်လက်လျှေက်လမ်း ဘို့....။
ကျွန်မတို့ အစိမ်းရောင်လက်များ ခိုင်ခိုင် တွဲယှက်ထားပါတယ်....။
ဆက်လျှောက်ကြပါစို့..။
ဒေါက်တာသန်းသန်းစိန် ( ၁၉၈၄)


 ဆက်စပ်ဖတ်ရှု ရန်



ဆက်စပ်ဖတ်ရှု ရန်



  
 

No comments:

Post a Comment