Wednesday, June 21, 2017

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရျင်များအသင်း မှ လှုဒါန်းသော ၀ါးခယ်မမြို.နယ် ကျုံပေါက်ကျေးရွာ အမက ကျောင်းဆောင် ဖွင့်ပွဲ





မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ လှုဒါန်းသော ၀ါးခယ်မမြို.နယ် ကျုံပေါက် ကျေးရွာ အမက တိုးချဲ့ဆောင် ဖွင့်လှစ်ပွဲကို ၂၀၁၇ ဇွန်လ ၁၈ ရက် မနက် ၁၀နာရီခွဲက အဆိုပါကျေးရွာ တိုးချဲ.ဆောင်ရှေ.တွင် စတင်ကျင်းပပါသည် ။


ထိုအခမ်းအနားသို. မြို့နယ်ပညာရေးမှူး ၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရျင်များအသင်း တာဝန်ရှိသူများ၊ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် )အမှုဆောင်များ ၊ ၀ါးခယ်မမြို.နယ် အသင်း အကျိုးဆောင်များ ၊ ကျေးရွာ တာဝန်ရှိသူများ ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည် 


ရှေးဦးစွာ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်း ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မေမေခင်နှင့် ၀ါးခယ်မမြို.နယ် အသင်း ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ၊
ကျုံပေါက် ၁ ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကျော်ဆွေ တို.မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည် ။ ထို.နောက် ကဗ္မည်းမော်ကွန်းကြေးပြားအား အမွှေးနံ.သာရည်များ ဖြင့် တာဝန်ရှိသူများက ပက်ဖြန်းပေးကြပြီးနောက် စာသင်ခန်းအတွင်းလှည့်လည်ကြည့်ရှုကြပါသည် ။


ထို.နောက် အခမ်းအနားဒုတိယပိုင်းကို မူလကျောင်းဆောင်ဟောင်းအတွင်းဆက်လက်ကျင်းပခဲ့ပါသည် ။

ရှေးဦးစွာအခမ်းအနား ဖွင့်လှစ်ကြောင်းကြောညာပြီးနောက် ကျောင်းသား/သူလေးများက မြန်မာ.ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ဆက်လက်၍ ထိုသိချင်းကိုပင် အင်္ဂလိပ်ဘာသာဖြင့် သီဆိုဖျော်ဖြေခဲ့ပါသည် ။ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားရာတွင် လုံလောက်သော အကျယ်အ၀န်း သပ်ရပ်သော အဆောက်အဦးသည်လည်း ကလေးများ ရွှင်လန်းတက်ကြွစွာ စာသင်ကြားရေးတွင် အရေးပါပုံ နှင့် လှုဒါန်းမှုများအတွက် ကျေးဇူးတင်ကြောင်းပြောကြားသွားခဲ့ပါသည် ။

ထို.နောက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးမှ လျုဒါန်းဖြစ်ပုံများ နှင့် လက်ရှိကျောင်းလေး စဉ်ဆက်မပြတ် ရေရှည် ဖွံ.ဖြိုးတိုးတက် စေရေး နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများ ပေါ်ထွက်လာရေးသက်ဆိုင်သူအားလုံး ၀ိုင်းဝန်းဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါသည် ။



ဆက်လက်၍ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး မှ လှုဒါန်းကြသူများ ၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြသူများ ၊ ပူးပေါင်းပါဝင် ကူညီကြသူများအားလုံး ကျေးဇူးတင်ရှိပါကြောင်းနှင့် ပညာရေးဆိုင်ရာ အတွက် ၀ါးခယ်မမြို.နယ် အသင်း၏ လုပ်ဆောင်ပေးနေမျုများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည် ။


ထို.နောက် အလှုရှင်များကိုယ်စား MGMA တာဝန်ရှိသူတစ်ဦးမှ ကျောင်းဆောင်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးအပ်ပါသည် ။ ဆက်လက်၍ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းမှ MGMA ၏ လှုဒါန်းမှု ဖြစ်သော စာရေးကိရိယာများပေးအပ်လှုဒါန်းခြင်း ၊ GOLDEN MYINT မှလှုဒါန်းသော မိုးတွင်းစီးဖိနပ်များ ကို အလှုရျင်များကိုယ်စား ၀ါးခယ်မမြို.နယ် အသင်း အကျိုးဆောင် ဥက္ကဋ္ဌ ဒေါက်တာသက်ရှည် ၊ ဒေါက်တာအေးအေးမြင့်တို.မှ လှုဒါန်းခြင်း ၊ ချင်းတွင်းတံခွန် မှ လှုဒါန်းသော ကျောပိုးအိတ်များ လှုဒါန်းခြင်း ၊ ဒေါ်ရင်ရင်မိုး ၊ဦးစိုင်းမောင် တို.မှကျောင်းဝတ်စုံများ လှုဒါန်းခြင်း ၊ ဒေါက်တာဒေါ်ခင်ကြည် မှ ကျောင်းရန်ပုံငွေအတွက် ၁သိန်းခွဲ ၊ ဦးစိုင်းမောင်မှ ၁သိန်း လှုဒါန်းခြင်း တို.ဆောင်ရွက်ခဲ့ကြပြီးနောက် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးစိုးနိုင်မှ လက်ရှိကျောင်းဟောင်းပေါ်ပေါက်ရေးအတွက် မြေလှုဒါန်းခဲ့မှုဆိုင်ရာများနှင့် ကျောင်းစတင်ပေါ်ပေါက်ရေးဆောင်ရွက်ခဲ့မှုများ နှင့်အတူ ယခုကျောင်းဆောင်သစ်အတွက် အလှုရျင်များ နှင့် စီမံဆောင်ရွက်ပေးသူအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း တို.ပြောကြားခဲ့ပါသည် ။ ထိုလှုဒါန်းမှုများတွင် ဦးကျော်ဝင်း မိသားစုမှ ဗလာစာအုပ် ၁၀ဒါဇင် ၊ Comt ဗလာစာအုပ်မှ ၂၂ဒါဇင် ၊ ဒေါ်ဋ္ဌေးယုမေမှ KG တန်းအတွက် သင်ထောက်ကူပြု ပစ္စည်းများ ၊ ၀ါးခယ်မရဲမောင် သမီး သီတာရဲမောင် မြေး နိုနိုရဲမောင်တို.၏ သောက်ရေကန်တစ်လုံးတည်ဆောက်လျုဒါန်းမှုများလည်း ပါဝင်ခဲ့ကြောင်း သိရပါသည် ။


ထို.နောက်တွင် ကျောင်းသား/သူလေးများမှ ဇာတိမာန် သီချင်းဖြင့်ဖျော်ဖြေရာ တက်ရောက်လာကြသော ဧည့်သည်တော်များမှ လက်ခုပ်သြဘာများဖြင့် ပံ့ပိုးခဲ့ကြသလို အလှုရှင် တစ်ဦးလည်းဖြစ် ၊ ၀ါးခယ်မမြို.နယ် အသင်း နာယက တစ်ဦးလည်းဖြစ်သော ၀ါးခယ်မရဲမောင် မှ ပါဝင်သီဆိုခဲ့သလို ၀ါးခယ်မမြို.နယ်အသင်းအသင်းအမှုဆောင်များ ၊ MGMA အမှုဆောင်များ၊ ဆရာမများမှလည်း အကဖြင့် ပူးပေါင်းပါဝင်ပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူလေးများမှပါ ပါဝင်သီဆိုခဲ့ကြကြောင်းသိရပါသည် ။ဆက်လက်၍ ၀ါးခယ်မရဲမောင်မှ အောင်ပါစေသိချင်းဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး MGMA အမှုဆောင် တစ်ဦးမှ အကဖြင့် ပါဝင်ဖျော်ဖြေပေးခဲ့ပါသည် ။

ထို.နောက် လှုဒါန်းသူ ၊ တက်ရောက်သူ ၊ ပူးပေါင်းသူ များအပါအ၀င် ကုန်ကျစရိတ်အနည်းဆုံးဖြင့် အရည်အသွေးမှီ စီစဉ်ကြီးကြပ်ပေးခဲ့သော ဒေါက်တာသက်ရှည် ကိုပါ အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်း အခမ်းအနားပြီးဆုံးကြောင်း ကြေညာခဲ့သည်ဟု သိရှိရပါသည် 



ထိုကျောင်းဆောင်အတွက် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ( Myanmar Garment Manufacturer Association ) မှ လှုဒါန်းငွေ သိန်း ၃၀၀ လှုဒါန်းခဲ့ခြင်းဖြစ်ပြီး ပေ ၆၀ × ပေ၃၀ RC တစ်ထပ်ဆောင်အတွက် ကုန်ကျစရိတ် ၂၆၃ သိန်း ၊ စာသင်ခုံများအတွက် ၁၆သိန်း ၊ အဆောင်ဟောင်းပြုပြင်ခြင်း ၁၀သိန်းခန်. နှင့် အိမ်သာ ၂ခန်း ထပ်မံဆောက်လုပ်ခြင်းအပါအ၀င် အပြီးသတ်လုပ်ငန်းအချို. အပါအ၀င်ဖြစ်ကြောင်းသိရပါသည် ။

ဝါးခယ်မမြို့နယ် (၀ါးခယ်မ-ကျုံမငေး ကားလမ်းဘေးမှာ ရှိတဲ့) ကျုံပေါက်ရွာလေးရဲ့ မူလတန်းကျောင်းလေးဟာ ကျောင်းသားဦးရေ ၁၈၀ နဲ့ မလိုက်အောင် ကျဉ်းနေတဲ့အတွက် ရွာစာကြည့်တိုက်လို့ သတ်မှတ်ထားတဲ့ အဆောက်အဦလေးမှာ အတန်းကြီးတချို့ သွားထားပြီး ကျဉ်းကျဉ်းကျပ်ကျပ်သင်ပေးနေရပါတယ်။သင်္ဂဟမေတ္တာအလှူဒါန အစီအစဉ်နဲ့ ဘီပိုး ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်မှာ ပါတာ ၂နှစ်ရှိပါပြီ။ကျုံပေါက်ရွာမှာ ကရင်ခရစ်ယာန်ဘာသာဝင်တွေ နေတာ များပါတယ်။
ရွာလေးက နွမ်းပါးသူများပါတယ်။ ဒါ့ကြောင့် ရွာအနေနဲ့ ကျောင်းအဆောက်အဦ တိုးချဲ့ဖို့ မတတ်နိုင်တာကို ကြားသိရတဲ့အတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အသင်းဝင်များ လူမှုရေးအလှူ အတွက် စုဆောင်းထားငွေ ကျပ်သိန်း ၃၁၀ တိတိကို ကျောင်းဆောက်ဖို့ ၀ါးခယ်မမြို့နယ်အသင်းကတဆင့် လှူဒါန်းကြပါတယ်။အဲ့ဒီလိုဆောင်ရွက်ဖို. အဓိက ကူညီပေးခဲ့ကြတာကတော. မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်ဝင်း ( ဦးအာဝါး၏ သားဖြစ်သူ ၀ါးခယ်မဇာတိဖွား ) နဲ. ဒေါက်တာအေးအေးမြင့်တို.ပဲ ဖြစ်ပါတယ် ။

ပညာရေး ၀န်ကြီးဌာနက ချမှတ်တဲ့ ကျောင်းအင်္ဂါနဲ့ အညီ ခိုင်ခန့်တဲ့ အဆောက်အဦဖြစ်ဖို့နဲ့ လှူဒါန်းငွေများ အကျိုးရှိရှိ အသုံးချဖို့ 2017 ကျောင်းဖွင့်အမီ ဆောက်ပြီးဖို့ ၀ါးခယ်မဖက်က ဒေါက်တာသက်ရှည်(၀ါးခယ်မအသင်း အမှုဆောင် ဥက္ကဋ္ဌ )က ကြီးကြပ်ပေးခဲ့တယ်လို.သိရပါတယ် ။





No comments:

Post a Comment