Monday, April 17, 2017

၂၀၁၇ ၀ါးခယ်မသင်္ကြန် - မြန်မာသက္ကရာဇ် ၁၃၇၈ - ၁၃၇၉



သင်္ကြန်အကြိုနေ.
မြို.လေးရဲ. သင်္ကြန် အကြိုနေ.ကတော. ကလေးတွေ ဦးဆောင်နေတယ်လို.ပဲပြောရပါမယ် ဗဟိုမဏ္ဍပ်မရှိပဲ အိမ်ရှေ.တွေမှာ မိသားစုပက်တဲ့ အုန်းလက်မဏ္ဍပ်တွေနဲ. ကလေးတွေလောက်သာ ရေပက်ကစားတာတွေ.ရပါတယ် ။ ကလေးတွေကတော.ဒီနှစ်မှာ မနက်အစောပိုင်းထဲကရေစလောင်းနေကြပါတယ် ။ မနှစ်က ဗဟိုမဏ္ဍပ်လုပ်တဲ့နေရာမှာတော. ဘာမှရှိမနေပဲ U-45 ရဲ.ဖြေဖျော်ရေးစင်လုပ်တဲ့နေရာမှာတော. ဒီမနက်ပိုင်းမှ စင်တစ်ခုပြုလုပ်နေဆဲဖြစ်တာကိုတွေ.ရပါတယ် ။ အဲ့ဒီလိုပဲ အချို.မိသားစုမဏ္ဍပ်တွေဟာလည်း ဒီမနက်မှ အုန်းလက်တွေ ခုတ်တုန်း ၊ သယ်တုန်း ပြုလုပ်နေကြတာတွေ.ရပါတယ် ။အနောက်ပိုင်းမှာတော. ဖျော်ဖြေရေး စင်တစ်ခု ( ရွှေအိမ်စည်ရှေ. ) တွေ.ရပါတယ် ။ဒိနေ.မနက်ပိုင်းရေသေချာပက်တာကတော.စာတိုက်ထောင့်မှာ တစ်ဖွဲ.လောက်ပဲတွေ.ရပါတယ် ။ မနက်အစောပိုင်းက ဘုရားကြီးလမ်းမှာ သာသနာ.မာမက ဆွမ်းလောင်းအသင်းက ဦးစီးပြီး အလှုရှင် မိသားတစ်ခု လှုဒါန်းတဲ့ အာရုဏ်ဆွမ်းလောင်းလှု မှု တစ်ခုရှိခဲ့ပြီး မနက်ပိုင်းမှာ ဖောင်ဆိပ်အနီး ကမ်းနားလမ်းမှာ စတုဒိသာ မုန်.လက်ဆောင်း လှုဒါန်းမှု တစ်ခုရှိခဲ့တယ်လို.သိရပါတယ် ။ ညပိုင်းတံတားအောက် ရွာလည်ရပ်ကွက် မြူရုံးလမ်းမမှာတော. ဖျော်ဖြေရေးစင်တစ်ခုကဖျော်ဖြေနေတာတွေ.ရပါတယ် ။ ထိခိုက်မှု အနေနဲ.တော. မနက်ပိုင်းက ဆိုက်ကားသမားတစ်ဦးနဲ. လူတစ်ယောက် ခိုက်ရန်ဖြစ်ပွားမှု ကြောင်.ဆေးရုံရောက်လာခဲ့ပြီး တစ်ဦးအနည်းငယ်ချုပ်ရပါတယ် ။ နောက်ဆိုင်ကယ်မှောက်တဲ့တစ်ယောက် မျက်နှာထိပြီးဆေးရုံရောက်တယ်လို.သိရပါတယ် ။ စိတ်ဝင်စားစရာတစ်ခုကတော. မနေ.က Skynet Up to Date News ကလာသွားတဲ့သတင်းတစ်ခုမှာ ဧရာဝတီတိုင်းမှ ယာဉ်လိုင်းများ ယာဉ်စီးခပိုတောင်းပါက နှစ်ဆပြန်လျှော်ပြီးဒါဏ်ကြေးဆောင်ရမယ်ဆိုတဲ့ သတင်းပါ 

သင်္ကြန်အကျနေ.

မြို.လေးရဲ. မနက် အစောပိုင်းတွေကတော. ဒုလ္လဘ ရဟန်းတွေ တန်းဆွမ်းကြွနေကြတာတွေ.ရသလို သံလျှက်စွန်းရိပ်သာက ရဟန်း အပါး ၅၀ ကလည်း မြို.ထဲကို ဆွမ်းဆန်စိမ်း အလှုခံ ကြွတာကိုတွေ.ရပါတယ် ။
အရင် U-45 မဏ္ဍပ်နေရာကျောက်တိုင်ရှေ.မှာတော.ဒီနေ. ရွှေအိမ်စည် ဖျော်ဖြေရေး မဏ္ဍပ်ကိုတွေ.ရပြီး မြို.လေးမှာတော. အစည်ကားဆုံးနေရာ တစ်ခုဖြစ်ခဲ့ပါတယ် ။ ဆေးရုံရှေ.လမ်းမှာ ရေပက်မဏ္ဍပ် ငယ်တစ်ခုရှိပြီး ပတ္တမြား ကမ်းနားလမ်း ၊ မင်းပိုင်းကျောင်းရှေ. နဲ. မင်းပိုင်း ကမ်းနားလမ်း တစ်လျှောက် မှာတော. စည်ကားစွာ ရေပက်ကစားကြတာကိုတွေ.ရပါတယ် 
သံကြိုးတိုင် ရွှေအိမ်စည်ရှေ. ကဖျော်ဖြေရေးစင်မြင့်ကလည်း သူ.ဘာသာတော. ထိုက်သင့်သလို စည်ကားခဲ့ပါတယ် ။
မွန်းတည့်ချိန်လောက်ကစပြီး တစ်ဖြေးဖြေး အုံ.လာလိုက် ၊ နေပြန်ပွင့်လိုက်နဲ. ရာသီဥတုဟာ ၃နာ၇ီခန်.မှာတော. ရွာသွန်းခဲ့ပြီး ရာသီဥတုဟာနေလို.ကောင်းတဲ့အထိအေးမြသွားခဲ့ပါတယ် ။
ညပိုင်းမှာတော. တံတားအောက်မှာ ရွှေဇင်မင်းမဏ္ဍပ်က ၀ါသနာရှင်များကို သီဆိုခွင့်ပြုခဲ့သလို မုံရွာ ၃ လမ်းမှာလည်း ရပ်ကွက်မိသားစုများရဲ.ဖျော်ဖြေရေး စင်မြင့်တစ်ခုရှိခဲ့တယ်လို.သိရပါတယ် ။
မြို.မှာ ပြန်လာတဲ့သူတွေရော ဧည့်သည်တွေပါ ရျိနေတာကြောင့် မုန်. ( ဥပမာ ကင်းပဲမုန်.ဆို ) အချို. ပြတ်သွားသလို သင်္ကြန်တွင်းလည်းဖြစ် - DEMAND ကလည်းများတာမို. ဥပမာ အရင်ရက်က ၅၀၀/၆၀၀ လောက်ရှိတဲ့ ငါးခူက ၁၀၀၀ လောက်အထိတော.ဈေးဖြစ်သွားပါတယ် ။
ဒီနေ.မှာတော. ဆိုင်ကယ်နဲ.စက်ဘီးတိုက်တာ ၊ ဆိုင်ကယ်မှောက်တာ တွေဖြစ်ခဲ့ပြီးစိုးရိမ်ရလောက်တာမျိုးအထိတော.မဖြစ်ခဲ့ပါဘူး ။ထူးခြားတာတစ်ခုကတော.ဒီနေ. အမျိုးသမီးငယ်တစ်ယောက်ရေပက်ခံရတာကနေ ရေမွန်းလို.ဆေးရုံရောက်လာပေမယ့် ခဏပဲကုသမှုခံယူပြီးကောင်းမွန်သွားတယ်လို.သိရပါတယ် ။ ရန်ဖြစ်တာအချို.ရှိခဲ့ပေမယ့် ပြောရလောက်အောင်ထိမိခိုက်မိတော. မရှိခဲ့ဖူးလို.သိရပါတယ် ။

သင်္ကြန်အကြတ်နေ.
Photo by Ashin Javana

မြို.လေးတွင်တော. မုန်တိုင်းအရှိန်ကြောင့် မနက်ကပင် မိုးအုံ.နေခဲ့ပြီး မိုးစက်အနည်းငယ် ကျခဲ့ပြီး ထိုကြားထဲမှပင် ရေပက်ကစားကြသူများ ဖျော်ဖြေရေးများ ရှိနေခဲ့ပါသည် ။ ကမ်းနားလမ်းတွင် သူငယ်ချင်းများစုပြီး ပက်သောရိုးရာ အုန်းလက်မဏ္ဍပ် ငယ်များ ( ကျောက်တိုင်ရှေ. မှ ရဲစခန်းရှေ.ထိ ကမ်းနားလမ်းတစ်လျှောက်ဆိုလျှင် ) ၁၀ခုခန်.ရှိပြီး အချို.ဆိုလျှင် တူညီအကျီများဖြင့် ရေပက်ကစားခဲ့ကြောင်းသိရပါသည် ။
နေ.လည်ပိုင်းတွင်မူ မိုးရွာသွန်းခဲ့ပြီး တစ်နေ.လုံးတွင်နေထွက်ချိန်မိနစ် အနည်းငယ်ခန်.သာရှိခဲ့ပြီး ညနေပိုင်းတွင်လည်း မိုးစက်ငယ်များကျနေသည့်ကြားမှ ရေပက်ကစားခဲ့ကြကြောင်းသိရပြီး ညဦးပိုင်းတွင်မူ မိုးဆက်လက်ရွာခဲ့သောကြောင့် ညပိုင်းဖျော်ဖြေရေး အစီအစဉ်များ မရှိကြောင်းနှင့် အရှေ.ပိုင်းတံတားအောက်ရှိ လဘက်ရည်ဆိုင်တွင်သာ တီးခတ်သီဆိုခဲ့ကြကြောင်းသိရပါသည် ။
နေ.လည်ပိုင်းကတံတားအောက်ဘက်တွင် အုပ်စုလိုက်ရန်ပွဲတစ်ခုရှိခဲ့ပြီး ပြင်းထန်ဒါဏ်ရာမျိုးမရှိခဲ့ပဲ သက်ဆိုင်ရာမှ ခေါ်ယူထိမ်းသိမ်းခဲ့ကြောင်းသိရပါသည် ။ ရဲတပ်ဖွဲ.၀င်များအနေဖြင့် သင်္ကြန်ကာလ မြို.တွင်း ကင်းလှည်.ခြင်း ၊ ဖျော်ဖြေရေး စင်မြင့်များအနီး လုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းလည်းသိရပါသည် ။ ထို.အပြင် အများရေချိုး ၊ ရေကစားလေ့ရှိသည့် (ယခင်တရားရုံးဆိပ် ) ရေဆိပ်ကိုမူ ယခုနှစ်ပိတ်မထားပဲ ရဲတပ်ဖွဲ.၀င်အချို.သာ စောင့်ကြည့်ပေးနေခဲ့ကြောင်းသိရပါသည်
ယခုနှစ်ထူးခြားမှု အနေဖြင့် ဒုလ္လဘ ၀တ်ကြသူများအထူးများပြားပြီး အချို.ကျောင်းများဆိုလျှင် ဒုလ္လဘ ရာဂဏန်းအထိလက်ခံထားရပြီး နောက်ထပ်ရောက်ရှိလာသော ဒုလ္လဘများလက်ခံရန် ၃ရက်ခန်.သာ တာဝန်ယူပေးနိုင်သည်အထိ များပြားခဲ့ကြောင်းလည်း သိရပါသည် ။ဟံသာဝတီ ရိပ်သာကမူ ၁၁ရက်နေ.မှစ၍ တရားစခန်းဖွင့်လှစ်ခဲ့ပြီး သာသနာ.ရိပ်သာနှင့် သံလျှက်စွန်းတို.တွင်လည်း တရားစခန်းဖွင့်လှစ်ခဲ့ကြောင်း သိရပါသည် 

သင်္ကြန်အတက်နေ.
Photo by Theint Theint Aung
မနက်ပိုင်းကပင် မိုးအနည်းငယ်စီ စ ရွာသွန်းနေသော်လည်း ရေပက်ကစားသူအချို.ရှိနေခဲ့ပါသည် ။ နေလည်ပိုင်း နေခေတ္တပွင့်ချိန်တွင်လည်း ရေပက်နေသူတို.ရှိနေပြီး ယနေ.တစ်နေ.လုံးနီးပါး မိုးရွာသွန်းနေခဲ့ကြောင်း သိရပါသည် ။ ညနေပိုင်းနေပွင့်ချိန်တွင် ရေပက်သူများ ၊ ရေပက်ခံထွက်သူများထိုက်သင့်သလောက်ရှိနေပြီး ကလေးအများစုက လမ်းလျှောက် ( သို.) စက်ဘီးဖြင့်ရေပက်ခံထွက်ကြပြီး မိန်းကလေးပျို များနှင့် ယောက်င်္ကျားပျိုလေးများမှာ ဆိုင်ကယ်ဖြင့်ရေပက်ခံထွက်သူများပါသည် ။ မိုးစက်များကြား နောက်ဆုံးနေ.မို. ကားဖြင့် အဖွဲ.လိုက်ရေပက်ခံသူအချို.တွေ.ရပြီး တုတ်တူတ် နှင့်ရေပက်ခံထွက်သူများလည်း ရှိသည်ဟုဆိုပါသည် ။လူလတ်ပိုင်းများ နှင့်အထက် သူငယ်ချင်းများကမူ အိမ်တစ်အိမ်တွင်သာစု၍ ချက်ပြုတ်စားသောက်ခြင်းပိုများကြောင်းသိရပါသည် ။
ယနေ.တွင် စာရေးကုန်းရပ်ကွက်ရန်အောင်မြင်
ကပ်ကာစေတီတော်မြတ်ကြီးနှင့်ရင်ပြင်တော်အားမဟာဗောဓိမြိုင်ကျောင်းတိုက်ပဓာန
ဆရာတော်၊သံဃာတော်၊သီလရှင်နှင့်
ယောဂီများစုပေါင်း၍ရေသပ္ပာယ်ကုသိုလ်ယူခဲ့ကြကြောင်းလည်း သိရပါသည် ။
မနက်ဖြန်မနက်ပိုင်းတွင် U-45 Group မှ ၀က်သာူးနှင့်ထမင်းစတုဒီသာကို ဘုရားကြီးအတွင်းပြုလုပ်မည်ဖြစ်ကြောင်းကြေညာထားပါသည် ။ မနက်ဖြန်ဘုရားကြီးရေသပ္ပါယ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းပွဲတွင် မိုးများခဲ့လျှင် စည်ကားမှုနည်းနိုင်ပြီး မိုးအံ.ရုံသာဆိုလျှင်တော. ပိုစည်ကားနိုင်မည်ဖြစ်ပါသည် ။
ယနေ.ညနေအစောပိုင်းက မြသိန်းတန် ၃လမ်းထိပ်နားတွင် ဒါးခုတ်မှု တစ်ခုဖြစ်ကြောင်းနှင့် အသက်အန္တရာယ်မထိခိုက်နိုင်လောက်ကြောင်းသိရပါသည်

သင်္ကြန် အကြိုနေ.မှ အကြတ်နေ.အထိ မူးယစ်ရမ်းကား ၊ မုဒိမ်း ၊ ခါးပိုက်နှိုက် ၊ ယာဉ်တိုက် ၊ ခိုက်ရန်ဖြစ်ပွားမှု ၊ သေမှုသေခင်း အပါအ၀င်မြန်မာနိုင်ငံတွင်း အမှု ၁၄၇ မှု ၊ သေဆုံးသူ ၁၄ ဦး ၊ ဒါဏ်ရာရရှိသူ ၁၅၂ ရှိကြောင်းသိရပါသည် ။

ဓါတ်ပုံများကြည်.ရှု လိုပါလျှင်
သင်္ကြန် အကြတ်နေ.

No comments:

Post a Comment