Thursday, August 27, 2015

သူတို.ပြောတဲ့ ဦးရွှေမန်း နဲ. သူ.သားများအကြောင်း - ၂





 ဖိုးသာအောင် ဆိုတဲ့သူ ရေးတဲ့ ဆောင်းပါးမှာတော. ခုလိုဖော်ပြရေးသားထားခဲ့ပြန်ပါတယ် ။

၂၀၁၄အောက်တိုဘာလ ၂၄ ရက်နေ့က လွှတ်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်တုန်း ပြည်ထောင် စုလွှတ်တော်နာယက ဦးရွှေမန်းက သူ့မိသားစုစီးပွားရေးနှင့်ပတ်သက်၍ အချိန်မရွေး အစစ်ခံနိုင်တယ် ဆိုတဲ့ စကားပြောခဲ့တာကို မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြလို့ ဒီစာကိုရေးလိုက်ရတာပါ။ ဦးရွှေမန်း မိသားစုရဲ့ စီးပွားရေးသောင်းကျန်းခဲ့မှုတွေကို လွှတ်တော်နာယကကြီး တကယ်မသိသေး တာလား၊ မသိချင်ဟန်ဆောင်နေတာလားဆိုတာ အရင်ဆုံးမေးချင်ပါတယ်။

လွှတ်တော်နာယကကြီးက “လူကြီးသားသမီးမို့လို့ အခွင့်အရေး ပိုမယူရဘူး။ ဒီလိုသတ်မှတ်ပြီး ဆောင်ရွက်ခိုင်းတယ်။ ဒီနေ့သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီ။ ပြောရဲတယ်။ သေချာ တယ် ကိုယ့်ကို ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့တွေကို တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း တွေမှာ မလျော်သြဇာသုံးပြီး တစ်ခုမှ မခိုင်းခဲ့ဖူးဘူး လို့ ပြောထားတာတွေ့ရပါတယ်။ ဒီစကားကို ဧရာဝတီတိုင်းမှာ လာပြီးပြောစေချင်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဦးရွှေမန်းရဲ့သား အောင်သက်မန်း ပိုင်တဲ့ ဧရာ-ရွှေဝါကုမ္ပဏီကြောင့် ဘဝပျက်ခဲ့ရတဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မိသားစုအပါအဝင်ပါ။ ခံထားရသူအားလုံးက ဘာမှမပြောကြတော့ပေမယ့် လုပ်ထားခဲ့တဲ့ သူက အခုလို အသံကောင်းဟစ်လာလို့ တုန့်ပြန်လိုက်ရတာပါ။

ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းဟာ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး တိုင်းမှူးဘ၀က သူ့သား အောင်သက်မန်း ပိုင်ဆိုင်တဲ့ ဧရာ-ရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တစ်တိုင်းလုံးရဲ့ ဓာတ်မြေသြဇာရောင်းချခွင့်ကို တစ်ဦးတည်း မူပိုင်ရရှိခဲ့ပါတယ်။ မြေသြဇာတွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်သူတွေကို မဝယ်မနေရ ဝယ်ခိုင်းပါတယ်။ ကျွန်တော်တို့ တောင်သူတွေကို မြေသြဇာကြိုပေးပြီး စပါးပေါ်တော့ မတန်တဆဈေးနဲ့ ပြန်တောင်း ပါတယ်။ တိုင်းမှူးအမိန့်ဆိုတော့ ဘယ်လယ်သမားမှ မယူဘဲ၊ မပေးဘဲ မနေရဲပါဘူး။ ဦးရွှေမန်းတို့ တိုင်းမှူးဖြစ်ချိန်က တိုင်းမှူးဆိုတာ တိုင်းတစ်တိုင်းလုံးကို မှောက်ပစ်လို့ရတဲ့ အချိန်မဟုတ်လား။                ဧရာ-ရွှေဝါကြောင့် ဧရာဝတီတိုင်းတွင်းက တောင်သူအများအပြား မြေပေါင်၊ လယ်ပေါင်နဲ့ ဒုက္ခတွေ ရောက်ခဲ့ရပါတယ်။ 



ဧရာဝတီတိုင်းသားတွေက ဘိုးစဉ်ဘောင်ဆက်လယ်လုပ်လာတဲ့ တောင်သူတွေကဘယ်ချိန်မှာ ဘယ်မြေသြဇာသုံးရမယ်ဆိုတာလည်း အားလုံးသိပါတယ်။ ဦးအောင်သက်မန်းရဲ့ ဓာတ်မြေ သြဇာတွေ ရောက်မလာခင်ကတည်းက မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်နေခဲ့တာပါ။ အခုတော့ ဆန်အိုးကြီးထဲမှာနေတဲ့ သူတွေက စားစရာဆန်မရှိတဲ့အဖြစ်တောင် ရောက်တဲ့လူတွေရှိပါတယ်။ ဓာတ်မြေသြဇာကို မြေဧက ပိုင်ဆိုင်မှုပေါ်မူတည်ပြီး စိုက်စိုက် မစိုက်စိုက် မဝယ်မနေရ ဝယ်ရတာပါ။ စပါးပေါ်ချိန်တိုင်းမှူးသားကို အကြွေးပေးရတာနဲ့ တချို့တွေဆိုရင် ကလေးတွေ ကျောင်းစရိတ် မရှိတော့လို့ ကျောင်းထွက်ရပါတယ်။ လယ်သမားမိသားစုတွေက လယ်ကလွဲပြီး တခြားဘာမှ မလုပ်တတ်ကြပါဘူး။ နောက်ဆုံးစီးပွားရေးအဆင်မပြေတော့ ကလေးတွေကိုမြို့ပို့ပြီး လက်ဘက်ရည် ဆိုင်မှာ စားပွဲထိုးလုပ်ခိုင်းရပါတယ်။ တသက်လုံးမိသားစုနဲ့ လယ်ထဲမှာပျော်နေတဲ့သူတွေက တကွဲ တပြားတွေ ဖြစ်ကုန်ပါတယ်။ လယ်သမားမိသားစုတွေ ကျခဲ့တဲ့ မျက်ရည်တွေ၊ ချွေးစက်တွေကိုတော့ ဘယ်သူမှမသိခဲ့ကြရပါဘူး။

ဦးရွှေမန်းမိသားစုကြောင့် ဘဝပျက်ကုန်တာ လယ်သမားတွေတင် မဟုတ်ပါဘူး။ မြေသြဇာ ရောင်းတဲ့ ဆိုင်ရှင်တွေနဲ့ ဆိုင်အလုပ်သမားတွေလည်း ပါပါတယ်။ ဘယ်သူမှ မဝယ်တော့တာကြောင့် ဆိုင်တွေအကုန် ပိတ်လိုက်ရပြီး အလုပ်သမားအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ ဦးရွှေမန်းတို့ မိသားစုက နေ့ချင်းညချင်း သူဌေးဖြစ်သွားချိန်မှာ ဧရာဝတီတိုင်းက လယ်သမားတွေက အကြွေးနဲ့ပိပြီး လယ်ရောင်းဆပ်ရတာကြောင့် နောက်ဆုံး လယ်မဲ့ယာမဲ့ဘဝတွေ ဖြစ်ကုန်ပါတယ်။ လယ်သမားဆိုတာ လယ်မရှိရင် ဘဝအဓိပ္ပါယ်မရှိတော့ပါဘူး၊ မျှော်လင့်ချက်မရှိတော့ပါဘူး။ ကျွန်တော်တို့ ဧရာဝတီတိုင်း သားတွေ မျှော်လင့်ချက်မဲ့အောင် စလုပ်ခဲ့တာ ဦးရွှေမန်းရဲ့ မိသားစုပါ။

နာယကကြီးရဲ့သားကြီး အောင်သက်မန်းဟာ အခုဆိုရင် ဧရာ-ရွှေဝါ ကုမ္ပဏီနာမည်နဲ့ လုပ်ငန်း ပေါင်းစုံကို လုပ်ကိုင်နေပါတယ်။ နာယကကြီးတို့မိသားစု အခုလိုကြွယ်ဝချမ်းသာသွားဖို့ ပထမဆုံး စတေးခံခဲ့ရသူတွေက ဧရာဝတီတိုင်းသားတွေပါ။ မိသားစု စီးပွားရေးနှင့် ပတ်သက်၍ ဦးရွှေမန်း အချိန်မရွေး အစစ်ခံနိုင်တယ်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ စစ်မယ်ဆိုရင် ဝေးဝေး မစစ်ပါနဲ့ ဧရာဝတီတိုင်းက လယ်သမားတွေဆီကို အရင်ဆုံးလာစစ်ပါလို့ တောင်းဆို ရေးသား လိုက်ရပါတယ်။

ဒါ.အပြင် ကိုစောနိုင် ဆိုတဲ့ ဆောင်းပါးရှင် တစ်ဦးက ခရိုနီထက် ကြောက်စရာကောင်းတဲ့ စူပါခရိုနီများ ဆိုတဲ့ ခေါင်းစဉ် နဲ. ရေးသားရာမှာ 



   ဦးတိုးနိုင်မန်းဆိုရင် ဦးခင်ရွှေရဲ့ သားမက်လည်းဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့ ပိုင်ဆိုင်မှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေကတော့ ဦးတေဇ၊ ဦးထွန်းမြင့်နိုင်တို့ နီးပါးလောက်ကို ရှိပါလိမ့်မယ်။ ခမည်း၊ ခမက်လည်း တော်ကြတော့ ဦးရွှေမန်း ပိုင်တဲ့ဟာတွေကလည်း ဦးခင်ရွှေပိုင်သလိုပဲဖြစ်မှာပေါ့။ ပိုင်ဆိုင်မှုတွေက ဘယ်လောက် တောင်ချမ်းသာပြီး ဘယ်ကနေရ လာသလဲဆိုတာကိုတော့ စဉ်းစားကြည့်ဖို့ လိုပါမယ်။ ဦးရွှေမန်းဟာ လူရိုးလူဖြောင့် တစ်ယောက်ဖြစ်တယ်ဆိုရင် ရတဲ့လစာ နဲ့ပိုင်ဆိုင်မှုတွေကို ချိန်ဆကြည့်ရင် သိနိုင်လောက်မယ် ထင်ပါတယ်။

ဧရာဝတီတိုင်းမှူးတုန်းက လယ်ယာမြေတွေ၊ ရေနက်ကွင်းတွေ ရထားတယ်လို့ သိရပါတယ်။ ဒါတွေကလည်း တိုင်းမှူးရဲ့အရှိန်အ၀ါကိုသုံးပြီးတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ရထားလည်းတော့ ကာယကံရှင်တွေက အသိဆုံးပါ။ သူ့သားတွေပိုင်တဲ့ ဧရာရွှေဝါဆိုတဲ့ ကုမ္ပဏီက ဧရာဝတီတိုင်းထဲက ဆန်စပါးလုပ်ငန်းတွေအပြင် အခြား လုပ်ငန်းတွေ ကိုလည်း လက်ဝါးကြီးအုပ် လုပ်တယ်လို့ လယ်သမားတွေ ဆီက သိရပါတယ်။ ပုသိမ်တိုင်းမှူးတုန်းကလည်း ကုမ္ပဏီလုပ်ငန်းကို အကြောင်းပြပြီးတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ ပိုက်ဆံတွေတောင် ချေးငှားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပိုက်ဆံတွေကို ပြန်ဆပ်လား၊ မဆပ်လားဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး၊ ဒီပိုက်ဆံ တွေနဲ့လည်း အခုလို ဆီဆိုင်တွေ၊ လုပ်ငန်းတွေ လုပ်နိုင်လာတာ ဖြစ်နိုင်ပါတယ်။

ဒီလောက်ကတော့ အောင်သက်မန်း၊ တိုးနိုင်မန်းတို့အတွက်လောက်က ပျင်းတောင် ပျင်းပါ သေးတယ်။   တိုးနိုင်မန်းဆိုတဲ့ကောင်က ဂျာနယ်တွေတော်တော်များများကိုတောင် ထိန်းထားနိုင်သူပါ။   အဖေ၊အမေရဲ့ပိုင်ဆိုင်မှု၊ ယောက္ခမရဲ့ပိုင်ဆိုင်မှု တွေပေါင်းပြီး ထင်တိုင်းကျဲနေတာပါ။ သူ့အစ်ကို အောင်သက်မန်းဆိုလည်း ဧရာဝတီတိုင်းထဲမှာ မြေဆီလို့ခေါ်တဲ့ ဓာတ်မြေသြဇာ အညံ့စားတွေကို မယူမနေရ အတင်းရောင်းချပြီးတော့ သူဌေးကြီးဖြစ်လာတာပါ။ မကြာခင်က အပိတ်ခံလိုက်ရတဲ့ E-lite ကားလိုင်း၊ Red link ကုမ္ပဏီကလည်း သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေပါဘဲ။ တိုးနိုင်မန်းနဲ့ နီးစပ်သူတစ်ယောက်ရဲ့ အဆိုအရ Red link ကိုတောင် ထပ်ပြီး တိုးချဲ့ဦးမယ်လို့ သိရပါတယ်။ ဂျပန်က ကုမ္ပဏီကြီးတစ်ခုနဲ့လည်း Internet နဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ ချဲ့ထွင်ဖို့ ညှိနှိုင်းထားပြီးပါပြီ။ ဘယ်ကဘယ်လိုရလာတဲ့ ပိုက်ဆံတွေ၊ ဒေါ်လာတွေနဲ့ချဲ့ထွင်ပြီး ပြည်သူတွေ ဆီက ပိုက်ဆံတွေကို နည်းအမျိုးမျိုးနဲ့ ချူစားဦးမလဲ မသိရပါဘူး။



ဒါ့အပြင် အောင်လံမြို့နယ်ထဲက ပဒဲကျေးရွာမှာလည်း တိုးနိုင်မန်းနဲ့ ယောက္ခမ ဇေကမ္ဘာကြီးတို့ ပိုင်တဲ့ ကျွန်းစိုက်ခင်းတွေလည်းရှိပါသေးတယ်။ တောင်သူတွေ စိုက်ပျိုးစားသောက်တဲ့ မြေနေရာတွေကို ကုမ္ပဏီပိုင်တဲ့ စိုက်ပျိုးမြေဆိုပြီးတော့ သိမ်းခဲ့တာပါ။ မသိနားမလည်တဲ့ တောင်သူလယ်သမား ပြည်သူ တွေကို လိမ်ညာလှည့်ဖြားပြီး လုပ်အားတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ အမြတ်ထုတ်ကာ သူတို့စီးပွားအတွက် မတရားအနိုင်ကျင့်တာပါ။ ပြီးတော့ ပါးစပ်ကတော့ ဒေသဖွံ့ဖြိုးရေး၊ ရွာသားတွေစီးပွား တိုးတက်ဖို့ဆိုပြီး အမြဲမပြတ်ပြောနေပေမယ့် နောက်ဆုံးတော့ ရွာသားတွေကိုယ်တိုင် သည်းမခံကြတော့ပါဘူး။ ILO ကို တိုင်ကြားခဲ့ပေမယ့် သူတို့အရှိန်အ၀ါကြောင့် ဒီကနေ့အထိ ဘာမှ မထူးပါဘူး။ ဆီဆိုင်တွေအပြင် ဦးတိုးနိုင်မန်းပိုင်တဲ့ ကျွန်းစိုက်ခင်းပုံတွေလည်း ရှိပါသေးတယ်။

ဦးရွှေမန်းတို့နဲ့ မိသားစုတွေလို ရင်းရင်းနှီးနှီးနေခဲ့ဖူးတဲ့ သူအချို့ရဲ့ ရင်ဖွင့်သံတွေအရ တပ်ထဲမှာ အရှိန်အ၀ါသုံးပြီးတော့ သားနှစ်ယောက်ပါ စီးပွားရေးသောင်းကျန်းခဲ့လို့ အခုအခါ ကျိကျိတက်ချမ်းသာပြီး အာရှမှာ ထိပ်တန်းအဆင့် ၁၀ အတွင်း မှာရှိနေတယ်လို့ ဆိုကြပါတယ်။ အခုလည်း လွှတ်တော်ဥက္ကဋ္ဌဘ၀နဲ့ မတင်းတိမ်နိုင်သေးပါဘူး။ သမ္မတထိုင်ခုံကိုတောင် မှန်းနေပါသေးတယ်။ အကယ်၍များ သမ္မတဖြစ်ခဲ့ရင် တော့ ပြည်သူလူထုအတွက် အကျိုးစီးပွားထက် သူတို့အကျိုးစီးပွားအတွက်သာ လုံးပန်းနေကြမှာ သေချာ ပါတယ်။

 Ref ; bagyithet.blogspot.com , NSA (RT Democratic Wave)  & mmopenletters.blogspot.com


ဆက်စပ်လေ.လာရန်


 သမ္မတ ဖြစ်နိုင်ခြေ သုံးသပ်မှုများ နှင်. ဖြစ်စဉ်အပေါ် ပါတီခေါင်းဆောင်အချို.၏ အမြင်များ


No comments:

Post a Comment