Wednesday, August 19, 2015

၁၂ရက်ည သန်းခေါင်ယံ ဖြစ်ရပ် ရေးသားမှု နှင်. အင်တာဗျုး အချို.



 
Photo by Eleven Media Group

 ဒီလိုနဲ. သြဂုတ်လ ၁၂ ရက်နေ.ည သန်းခေါင်ယံ ဖြစ်ရပ်ပေါ်ပေါက်လာချိန်မှာတော. သတင်းဋ္ဌာန အသီးသီးတို.ဟာ မိမိတို. ရှုထောင်.အမျိုးမျိုး ကနေ ရေးသားလာကြပါတယ် ။ အဲ့ဒီထဲက အချို.ကို သူ.မူရင်းအတိုင်းကောက်နှုတ်ဖော်ပြပါမယ် ။

သြဂုတ် ၁၃၊ ၂ဝ၁၅ ရက်နေ.ထုတ် ဘန်ကောက်ပို့စ် သတင်းစာ မှာ လယ်ရီဂျေဂင် ရေးသားခဲ့တဲ့ မြန်မာသမ္မတရဲ့ နန်းသိမ်းပွဲ ဆိုတဲ့ဆောင်းပါးမှာတော. အခုလိုတွေ ရေးသားလာခဲ့ပါတယ် ။

နေပြည်တော်က ကြံ့ခိုင်ရေးပါတီဌာနချုပ်ကို အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဦးဆောင်ပြီး ရဲတပ်ဖွဲ့အင်အားတွေနဲ့ ညသန်းခေါင်ကြီးမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ပါတီဌာနချုပ်ထဲက သတင်းရပ်ကွက်တစ်ခုအရတော့ ဘယ်သူမှ အပြင်ကိုထွက်လို့မရဘူးဖြစ်ခဲ့ပါတယ်။ ပါတီဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ သူရဦးရွှေမန်း (ဖွဲ့စည်းပုံအရ ဦးသိန်းစိန်ဟာ သမ္မတအဖြစ်တာဝန်ယူနေချိန် ပါတီတာဝန်တွေကို မထမ်းဆောင်ရဘူးလို့ သတ်မှတ်ထားတာမို့)နဲ့ ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ဟာ ပါတီတာဝန်တွေကနေ တရားဝင်ဖယ်ရှားခံလိုက်ရပါတယ်။

ပါတီဒုတိယဥက္ကဌ ဦးဌေးဦးဟာ ပါတီရဲ့ ယာယီဥက္ကဌသစ်အဖြစ် ခန့်အပ်ခံရပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဦးရွှေမန်းအပေါ် ဝေဖန်မှုတွေတိုးလာပြီး ဦးသိန်းစိန်နဲ့ နီးစပ်သူပါ။ သူ့ကိုယ်သူ ဦးသိန်းစိန်နဲ့ဝေးဝေးမှာနေလေ့ရှိပြီး သမ္မတသက် ပထမ၂နှစ်မှာ ဦးသိန်းစိန်ကို ထောက်ခံသူအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ ဦးသိန်းစိန်ရဲ့ဆုံးဖြတ်ချက် မပြတ်သားတဲ့ကိစ္စတွေအပေါ် စိုးရိမ်လာခဲ့ပါတယ်။ "သူ[ဦးဌေးဦး]ဟာ ကြားမှာနေတဲ့သူဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ပါတီထိပ်တန်းအရာရှိတစ်ယောက်က ဆိုပါတယ်။ ဦးဌေးဦးဟာ အခုတော့ ပါတီကို ဦးသိန်းစိန်နဲ့အတူတူ ပူးတွဲဦးဆောင်နေပါပြီ။

Photo by Eleven Media Group

 ဒါပေမယ့် ရှင်းရှင်းလင်းလင်းမရှိသေးတာက သမ္မတဦးသိန်းစိန်နဲ့ သူရဲ့ဒုတိယသက်တမ်း မျှော်မှန်းတဲ့ကိစ္စပါ။ ရှင်းရှင်းလင်းလင်းကတော့ ပါတီရဲ့မဲဆန္ဒနယ်မြေတွေ စာရင်းပြုစုတာနဲ့ တပ်မတော်ဖက်ကနေ အငြိမ်းစားအရာရှိတွေကို ငြင်းပယ်တဲ့အချိန်နဲ့ ကွက်တိဖြစ်ခဲ့ပါတယ်။ သောကြာနေ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပါတီအမတ်လောင်းစာရင်းတွေ နောက်ဆုံးထား ပေးပို့ရမယ့်ရက်လည်းဖြစ်တာကြောင့် အပြောင်းအလဲတွေလုပ်ဖို့ဖြစ်ပါတယ်။
နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ သိသာထင်ရှားတဲ့ သက်ရောက်မှုကတော့ အာဏာသိမ်းမှုပါပဲလို့ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။

ရွေးကောက်ပွဲက ၃လလောက်ပဲရှိတော့တဲ့အချိန်မှာ ပါတီကို ဘယ်သူဦးဆောင်သင့်သလဲဆိုတဲ့အပေါ်နဲ့ ဘယ်မဲဆန္ဒနယ်မှာ ဘယ်သူ့ကိုထားမယ်ဆိုတာကအစ အာဏာလွန်ဆွဲမှုဖြစ်ခဲ့တာပါ။ ဦးမောင်မောင်သိမ်းဟာ အမတ်လောင်းရွေးချယ်ရေး တာဝန်ခံပြီး ဦးရွှေမန်းက ဥက္ကဌအဖြစ် တာဝန်ယူပြီး အပြီးသတ်စာရင်းကို လုပ်ခဲ့တာပါ။ ထင်ရှားတဲ့ဝန်ကြီးတွေ ဖယ်ချန်ထားခံခဲ့ရသလို ဦးသိန်းစိန်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲဝင်ဖို့ကိစ္စ ကျန်းမာရေးကို အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းရဲ့ညွှန်ကြားချက်အောက်မှာ ပါတီဟာ စစ်တပ်အရာရှိဟောင်းတွေ ပါတီထဲဝင်ပြီး လွှတ်တော်ထဲသွားမယ့်ကိစ္စကို ငြင်းပယ်ခဲ့တာက အဓိကကျပါတယ်။

သီတင်းတစ်ပတ်အလိုလောက်တုန်းက ထိပ်တန်းအရာရှိ ၁၄၉ယောက်ဟာ တပ်မတော်ကနေ အနားယူပြီး နိုင်ငံရေးထဲဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က ပါတီညီလာခံမှာတော့ အဲဒီထဲက ၅၉ယောက်ပဲ အမတ်လောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ ဒီနှစ် တပ်မတော်ကနေ အငြိမ်းစားနဲ့ ကြံ့ခိုင်ရေးပါတီထဲရောက်လာပြီး လွှတ်တော်အမတ်လောင်းတွေဖြစ်လာ၊ တစ်ချို့တွေကတော့ ဝန်ကြီးဖြစ်ဖြစ်၊ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်တွေဖြစ်ဖြစ် ခန့်အပ်ခံရဖို့ပဲရှိပါတယ်။ ဒါပေမယ့် သူတို့ထဲက သုံးပုံတစ်ပုံလောက်ပဲ ပါတီထဲကိုရောက်ခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်တွေကဆိုပါတယ်။ ဦးရွှေမန်းဟာ သူ့ရဲ့ပါတီကိုချုပ်နိုင်တဲ့သြဇာ ကျဆင်းမှာကိုစိုးရိမ်ပြီး သူတို့တွေကို ပါတီဝင်တွေမဖြစ်အောင် တားဆီးပြီး ကြံ့ခိုင်ရေးအလံတော်အောက်ကနေ နိုင်ငံရေးထဲဝင်တဲ့လမ်းကို ပိတ်ဆို့ခဲ့ပါတယ်။

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ထဲမှာ ဦးရွှေမန်းကို သစ္စာဖောက်လို့ပဲ ပြောင်ပြောင်တင်းတင်း ခေါ်နေတယ်လို့ တပ်မတော်သတင်းရပ်ကွက်တွေက ဆိုပါတယ်။ "နောက်ဆုံးတစ်ကြိမ်ကတော့ [စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း] ဦးခင်ညွန့်ကို ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချလိုက်ခဲ့တာပါပဲလို့ တပ်မတော်အရာရှိဟောင်းတစ်ယောက်က ဆိုပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌဟာ တပ်မတော်ရဲ့မရေးထားတဲ့ဥပဒေကို ချိုးဖျက်သူအဖြစ် သိသာလာပါတယ်။

ကြံ့ခိုင်ရေးပါတီအမတ် သူရဦးအောင်ကို [မကြာသေးခင်ကမှ နှလုံးဝေဒနာခံစားခဲ့ရသူ]ပြောတာကတော့ ပါတီတွင်းအကွဲအပြဲတွေဟာ ပြန်လည်ရင်ကြားစေ့လို့မရတော့ဘူးဆိုတာပါပဲ။



အဲ့ဒီ ၁၂ ရက်နေ.ည သန်းခေါင်ယံ ကိစ္စနဲ.ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ရဲ. ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်အား 7 Day Dailyသတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာမှာ  တော.

အခုလို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီရာထူး ကနေ ဖယ်ရှားလိုက်တာဟာ ပါတီကိုအာဏာသိမ်းလိုက်တာ လားဆိုတဲ့ ဝေဖန်မှုတွေအပေါ် သမ္မတပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဘယ်လိုများပြောကြားလို ပါသလဲ။ ဘာကြောင့် သူရဦးရွှေ မန်းကို ဥက္ကဋ္ဌရာထူးက ဖယ်ရှား လိုက်တာပါလဲ။

ပထမဆုံးအချက်က ပါတီ တွင်း အာဏာသိမ်းတယ်ဆိုတာ မဟုတ်ပါဘူး။ မှားပါတယ်။ နိုင်ငံ တော်သမ္မတအဖြစ် တာဝန်ယူတဲ့ အချိန်မှာ အခြေခံဥပဒေအရ ပါတီလုပ်ငန်းလုပ်ဆောင်ခွင့်မရှိ တဲ့အတွက် ပါတီဖွဲ့စည်းပုံအခြေ ခံစည်းမျဉ်းအပိုဒ် ၉၉(ခ)အရ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းကို ဥက္ကဋ္ဌတာဝန်ပူးတွဲထမ်းဆောင်ဖို့ လွှဲပေးခဲ့ပါတယ်။ ဒါပေမဲ့ ဦးရွှေမန်းဥက္ကဋ္ဌတာဝန်ပူးတွဲထမ်း ဆောင်စဉ်ကာလမှာ ပါတီတွင်း သဘောထားကွဲလွဲမှုတွေများလာ ခြင်း၊ ပါတီတွင်းဒီမိုကရေစီမရှိဘဲ တစ်ဦးတည်းသဘောနဲ့ ဆောင် ရွက်လာခြင်း၊ ပါတီရန်ပုံငွေသုံးစွဲ မှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုမရှိခြင်း၊ လွှတ်တော်တွင်း လုပ် ငန်းဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာမှုမရှိ ခြင်းတွေဖြစ်လာတာကြောင့် နောက်ပြီး လွှတ်တော်ကိုယ်စား လှယ်များတာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်းနဲ့ပတ်သက်ပြီး လုပ် ဆောင်ချက်များကြောင့် မဲဆန္ဒ ရှင်များရဲ့ ပါတီအပေါ်ယုံကြည်မှု လျော့ပါးလာခြင်းတွေကြောင့် ပါတီခေါင်းဆောင်တချို့က ပါတီ ကိုပြန်လည်ဖွဲ့စည်းဖို့ သမ္မတကြီး ထံ လက်မှတ်ရေးထိုးတောင်းဆို ခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ပါတီညီညွတ်ရေး နဲ့ ပါတီဂုဏ်သိက္ခာမြင့်မားရေး အတွက် နိုင်ငံတော်သမ္မတက သူရဦးရွှေမန်းကို ဥက္ကဋ္ဌပူးတွဲ တာဝန်ပေးထားမှုကို ရပ်ဆိုင်းပြီး အသင်းကြီးအဖြစ်ရှိစဉ်ကတည်း က အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ ဦးဌေးဦးကို ပါတီ ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ထမ်း ဆောင်ဖို့ ပါတီစည်းမျဉ်း ၉၉ (ခ) အရ တာဝန်ပေးခဲ့ပါတယ်။

အဲဒီတာဝန်ပေးချက်အရ မနေ့ညနေမှာ ဦးဌေးဦးနဲ့ ပါတီ ခေါင်းဆောင်များညှိနှိုင်းဆွေးနွေး ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပါတယ်။

လက်ရှိမှာ ဦးရွှေမန်းကို နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းထား တယ်ဆိုတဲ့သတင်းတွေထွက်နေ ပါတယ်။ အဲဒါဟုတ်ပါသလား။

ဘယ်သူ့ကိုမှဖမ်းဆီးထား တယ်လို့မကြားမိပါဘူး။ သို့သော် တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိ ပြားရေးကို ထိခိုက်လာရင်တော့ မည်သူမဆို ဥပဒေနဲ့အညီ အရေး ယူခံရမှာပါ။ ပြည်ခိုင်ဖြိုးစီအီးစီ ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့မဆိုင်ပါဘူး။

လက်ရှိပါတီက ဖယ်လိုက်ရတဲ့သူ တွေအကုန်လုံးကို ပါတီမှာဘယ် လိုပြန်ပြီးနေရာချထားပါမလဲ။ အပြီးထုတ်ပစ်လိုက်တာမျိုးလား။ လွှတ်တော်အစည်းအဝေးက ကော ကြေညာထားတဲ့အတိုင်း သြဂုတ် ၁၈ မှာ ပြန်စနိုင်မလား။

အရင် စီအီးစီထဲက လူ ဟောင်းအတော်များများ ပြန်ပါ သလို လူသစ်တချို့လည်း ထပ် ဖြည့်တယ်လို့သိရပါတယ်။ လာ မယ့်ရွေးကောက်ပွဲအတွက် လွှတ် တော်ကိုယ်စားလှယ်လျာထားမှုမှာလည်း အပြောင်းအလဲအများကြီး မရှိနိုင်ဘူးလို့သိရပါတယ်။ လွှတ်တော်ကိစ္စတွေတော့ ကျွန်တော် မသိပါဘူး။

မနေ့ည(သြဂုတ် ၁၂)က ပါတီ ဌာနချုပ်မှာလုပ်တဲ့ အစည်းအဝေး ကို ဦးသန်းရွှေ လာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေ ပါတယ်။ ပါတီပြန်လည်ဖွဲ့စည်း ရေးနဲ့ ဦးရွှေမန်းကိုဖယ်ရှားရေး အတွက် ဦးသန်းရွှေညွှန်ကြားမှုရှိ ပါသလား။

အဲဒီအစည်းအဝေးကို သမ္မတကြီးတက်ရောက်ခြင်းမရှိ ပါဘူး။ ကောလာဟလထွက်ပေါ် နေသလို ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေတက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ပါတီတွင်းဆွေး နွေးပြီး ဆောင်ရွက်တာပါ။

သမ္မတက အခုပြန်ဖွဲ့လိုက်တဲ့ ပါတီရဲ့ဖွဲ့စည်းပုံမှာ ပါတီဥက္ကဋ္ဌ ရာထူးကို ပြန်ယူထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ်တာဝန်ထမ်းဆောင် စဉ်မှာ တစ်ဖက်မှာအဲဒီလိုပါတီ ဥက္ကဋ္ဌရာထူးကို ယူထားလို့မရဘူး လို့သိရပါတယ်။

သမ္မတက ပါတီဥက္ကဋ္ဌပဲ လေ။ ပါတီလုပ်ငန်းမလုပ်တာပဲ ရှိတယ်။ ဒါကြောင့် ပါတီဖွဲ့စည်း ပုံအခြေခံစည်းမျဉ်း ၉၉(ခ)မှာ ပါတီဥက္ကဋ္ဌသည် ပါတီတာဝန်များ ကို ဆောင်ရွက်နိုင်ခြင်းမရှိသည့် အခါ ဒုဥက္ကဋ္ဌတစ်ဦးဦးကို ဥက္ကဋ္ဌ အဖြစ် ပူးတွဲတာဝန်ထမ်းဆောင် စေရမယ်လို့ ပြဋ္ဌာန်းထားတာပါ။ သူရဦးရွှေမန်းကိုလည်း ၂၀၁၂ မှာအဲဒီအတိုင်းညွှန်းပြီး စာနဲ့လွှဲပေးခဲ့တာပါ။ ဒါပေမဲ့ သူရဦးရွှေမန်း က ပူးတွဲတာဝန်ဆိုတာကိုဖျောက် ပြီး ဥက္ကဋ္ဌအဖြစ်နဲ့ ပါတီဖွဲ့စည်းပုံ ကိုမျက်ကွယ်ပြုပြီး လုပ်ဆောင်ခဲ့ တာကြောင့် ပါတီစည်းရုံးမှုပျက် ပြားကာ အခုလိုလက်မှတ်ရေးထိုး တင်ပြတဲ့အထိ ဖြစ်ခဲ့တာလို့ပဲ ကျွန်တော်အကြမ်းဖျင်းသိရပါ တယ်။ ဒါကြောင့် အခြေခံဥပဒေ ကို ချိုးဖောက်ခြင်းမဟုတ်ပါဘူး။ သမ္မတတာဝန်မထမ်းဆောင် တော့ဘူးဆိုရင် ဥက္ကဋ္ဌအလို အလျောက်ပြန်ဖြစ်မှာပေါ့။ တပ် မတော်မှာ တပ်ရင်းမှူးက နှစ်ရှည် သင်တန်းသွားတက်ရင် ဒုတပ်ရင်းမှူးကို ခေတ္တတပ်ရင်းမှူးလွှဲတဲ့ သဘောပါပဲ။ ပြန်လာရင် တပ်ရင်းမှူးက တပ်ရင်းမှူးပဲပေါ  ..   ..  လို.ဖြေကြားခဲ.ပါတယ် ။



Ref ; Kamayut Media , Bagyithet B/S ၊ 7 Day Daily 


ဆက်စပ်ကြည်.ရှု ရန်




No comments:

Post a Comment