Friday, August 28, 2015

သူတို.ပြောတဲ့ ဦးရွှေမန်း နဲ. သူ.သားများအကြောင်း - ၃





  ဆောင်းပါး တစ်ပုဒ်ကတော. ခုလိုရေးသားလာပြန်ပါတယ် ။ဒါ့တွေ တကယ်ဟုတ်/ မဟုတ်ကတော. ကျွန်တော်တို.အနေနဲ. သီးခြား ဝေဖန်ရန် မရှိပဲ တွေ.မိတာကိုသာ ကူးယူဖော်ပြခြင်းဖြစ်ပါတယ် ။

 (၁)    BANK  OF  AUSTRALIA  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ   စစ်အုပ်စုဝင် ( ၄၆၄ ) ယောက်ထဲတွင်  အပါအဝင် မိသားစုဝင် ( ၆  ယောက် ) -
-     သူရရွှေမန်း  ( ဗိုလ်ချုပ်ကြီးဟောင်း )
-     ဒေါ်ခင်လေးသက်  ( ဦးရွှေမန်း ရဲ့ ဇနီး )
-     ကိုအောင်သက်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မခင်နှင်းသန္တာ  ( အောင်သက်မန်း ရဲ့ ဇနီး )
-     ကိုတိုးနိုင်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မဇေလင်းလတ်  ( တိုးနိုင်မန်း ရဲ့ ဇနီး )
(၂)     BANK  OF  ENGLAND  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ  စစ်အုပ်စုဝင် ( ၅၁၅ ) ယောက်ထဲတွင်  အပါအဝင် မိသားစုဝင် ( ၆  ယောက် ) -
-     သူရရွှေမန်း  ( ဗိုလ်ချုပ်ကြီးဟောင်း )
-     ဒေါ်ခင်လေးသက်  ( ဦးရွှေမန်း ရဲ့ ဇနီး )
-     ကိုအောင်သက်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မခင်နှင်းသန္တာ  ( အောင်သက်မန်း ရဲ့ ဇနီး )
-     ကိုတိုးနိုင်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မဇေလင်းလတ်  ( တိုးနိုင်မန်း ရဲ့ ဇနီး )
 (၃)    EUROPEAN  UNION  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ   စစ်အုပ်စုဝင် ( ၅၃၈ ) ယောက်ထဲတွင် အပါအဝင် မိသားစုဝင် ( ၆  ယောက် ) -
-     သူရရွှေမန်း  ( ဗိုလ်ချုပ်ကြီးဟောင်း )
-     ဒေါ်ခင်လေးသက်  ( ဦးရွှေမန်း ရဲ့ ဇနီး )
-     ကိုအောင်သက်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မခင်နှင်းသန္တာ  ( အောင်သက်မန်း ရဲ့ ဇနီး )
-     ကိုတိုးနိုင်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မဇေလင်းလတ်  ( တိုးနိုင်မန်း ရဲ့ ဇနီး )
(၄)     BANK  OF  CANADA  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ   စစ်အုပ်စုဝင် ( ၄၀ ) ယောက်ထဲတွင်  မိသားစုဝင် ( ၅  ယောက် ) -
-     သူရရွှေမန်း  ( ဗိုလ်ချုပ်ကြီးဟောင်း )
-     ဒေါ်ခင်လေးသက်  ( ဦးရွှေမန်း ရဲ့ ဇနီး )
-     ကိုအောင်သက်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     ကိုတိုးနိုင်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မဇေလင်းလတ်  ( တိုးနိုင်မန်း ရဲ့ ဇနီး )
 အောက်ပါ ဝက်ဘ်ဆိုဒ်များတွင် အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
1.       Reserve Bank of Australia  ( 2008-10-22 )
2.       Bank of England  ( New Era , 2009-3-23 )
3.       European Union Bank  ( Moemaka , 2009-8-15 )
4.       Bank of Canada  ( www. CANADA BURMA.org ) 
5.       Overseas Chinese Banking Corporation (OCBC) and DBS Group , in Singapore  ( RFA , VOA , DVB , Mizzima , Irrawaddy , 2009-9-10 )


 သူရိယအလင်းဂျာနယ် အတွဲ ၁၊ အမှတ် ၉ မှာ ပါရှိတဲ့ အိမ်ကြီးမောင် ရဲ. မြန်မာပြည်ကို ၀ါးစားနေသော ခရိုနီ ၁၀၀ ထဲက တစ်ယောက်  ဆိုတဲ့ဆောင်းပါးမှာတော. ခုလိုတွေ ရေးသားလာခဲ့ပါတယ် ။



ဧရာဝတီတိုင်းမှာ ဦးရွှေမန်းရဲ့သား အောင်သက်မန်းပိုင်တဲ့ ဧရာ-ရွှေဝါ ကုမ္ပဏီကြောင့် ဘ၀ပျက်ခဲ့ရသူတွေ အများကြီးရှိပါတယ်။ ဦးရွှေမန်းဟာ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး တိုင်းမှူးဘ၀က ဧရာ-ရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တတိုင်းလုံးရဲ့ ဓာတ်မြေသြဇာ ရောင်းချခွင့်ကို တဦးတည်း မူပိုင်ရရှိခဲ့ပါတယ်။ မြေသြဇာတွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်သူတွေကို မ၀ယ်မနေရ ၀ယ်ခိုင်းပါတယ်။ တောင်သူတွေကို မြေသြဇာကြိုပေးပြီး စပါးပေါ်တော့ မတန်တဆဈေးနဲ့  ပြန်တောင်းပါတယ်။ ဓာတ်မြေသြဇာကို မြေဧကပိုင်ဆိုင်မှုပေါ် မူတည်ပြီး စိုက်စိုက်မစိုက်စိုက် မ၀ယ်မနေရ ၀ယ်ရတာပါ။ စပါးပေါ်ချိန်မှာ တိုင်းမှူးသားကို အကြွေးပေးရတာနဲ့ တချို့တွေဆို ကလေးတွေကျောင်းစရိတ် မရှိတော့လို့ ကျောင်းထွက်ရပါတယ်။ နောက်ဆုံး စီးပွားရေးအဆင်မပြေတော့ ကလေးတွေကို မြို့ပို့ပြီး လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ခိုင်းရပါတယ်။ တသက်လုံး မိသားစုနဲ့ လယ်ထဲမှာ ပျော်နေသူတွေက တကွဲတပြားစီ ဖြစ်ကုန်ပါတယ်။ တချိန်ကဆိုပေမယ့် ဒီနေ့အထိ အဲဒီဒဏ်တွေ ပေးဆပ်နေရသူ အများကြီး ရှိနေပါသေးတယ်။

အောင်သက်မန်းဟာ အခုဆိုရင်ဧရာ-ရွှေဝါ ကုမ္ပဏီနာမည်နဲ့ လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေပါတယ်။ သူ အခုလို ကြွယ်ဝချမ်းသာသွားဖို့ ပထမဆုံး စတေးခံခဲ့ရသူတွေက ဧရာဝတီတိုင်းသားတွေပါ။

ထူး ကုမ္ပဏီပိုင်ရှင် တေဇနဲ့ သူရရွှေမန်းသား အောင်သက်မန်းတို့ ဦးစီးပြီး ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းကို ၂၀၁၀ ဇန်န၀ါရီလက ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ စစ်အစိုးရက စက်သုံးဆီ တင်သွင်းရောင်းချတဲ့ လုပ်ငန်းတွေနဲ့ အစိုးရဆီဆိုင် လုပ်ငန်းအားလုံးကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းနိုင်ရန်အတွက် အခုအသင်းကို တည်ထောင်ပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီအသင်းမှာ ဥက္ကဌအဖြစ် ဦးတေဇနဲ့ ဒုတိယဥက္ကဌ (၁) အဖြစ် ဦးအောင်သက်မန်းတို့ကို ရွေးချယ်တင်မြှောက်ပေးခဲ့တယ်လို့ UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဦးအောင်သက်မန်းဟာ UMFCCI မှာ ဒုတိယဥက္ကဌအဖြစ်လည်း တာဝန်ယူထားပါတယ်။ စက်သုံးဆီအသင်းက ပြည်တွင်းသို့ စက်သုံးဆီများ
တင်သွင်းခွင့်ပြုခြင်း၊ စက်သုံးဆီဈေးနှုန်း သတ်မှတ်ခြင်းအပါအ၀င် ပုဂ္ဂလိက
စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းအားလုံးကို တိုက်ရိုက်ကိုင်တွယ်မှာ ဖြစ်ပါတယ်။

၂၀၁၀ မှာကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ကောင်းမှုကြောင့် ရွှေပြည်သာကွေ့ အမှတ် (၄) လမ်းမပေါ်က မြေကွက်တွေကို နေရာချပေးပါတယ်။ ဒါပေမယ့် မြို့ခံပြည်သူတွေထက် ဦးတဲ့သူတွေ ရှိနေပါတယ်။

သူရရွှေမန်းသားက ၆၀ ပတ်လည်မြေကွက် ၅ ကွက်ကို အကောင်းဆုံးနေရာမှာ လက်ဦးမှု ယူထားပါတယ်။ အဲဒီရပ်ကွက်က အငြိမ်းစာဝန်ထမ်းကြီးများ ရပ်ကွက်ပါ။

ဦးရွှေမန်းရဲ့ သားအငယ်ဖြစ်တဲ့ ဦးတိုးနိုင်မန်းဟာလည်း ၂၀၀၁ ခုနှစ် မတ်လ၊ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲက ရှမ်းပြည်တောင်ပိုင်း ဗထူးတပ်မြို့မှာ ကားတိုက်မှုတခုဖြစ်ပွားပြီး လူစားထိုး ထောင်ဒဏ်ကျခံစေခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ တိုးနိုင်မန်းဟာလည်း လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ နိုင်ငံရေးအကြံပေး၊ ဗျူဟာမှူးတဦးဖြစ်တယ်လို့  အစိုးရအဖွဲ့နဲ့ နီးစပ်သူတဦးက စွပ်စွဲပြောဆိုထားပါတယ်။ နိုင်ငံ့ရေးရည်မှန်းချက် ကြီးမားသူ တိုးနိုင်မန်းဟာ သူ့ဖခင်ကို နိုင်ငံရေးအကြံ ပေးနေတယ်လို့ ပါတီ ထိပ်တန်းခေါင်းဆောင်တဦးက မှတ်ချက်ပြုခဲ့ပါတယ်။

တိုးနိုင်မန်းဟာ Red Link ကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး အချက်အလက်များ စုဆောင်းနိုင်သလို လိုင်စင်ရသူဌေးကြီး ဦးခင်ရွှေရဲ့ သမက်တော်စပ်တာကြောင့် ငွေကြေးအင်အား တောင့်တင်းပြီး အိမ်နီးချင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုငွေနဲ့ နိုင်ငံရေးလုပ်သူတဦး ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်တဦးက မှတ်ချက်ပေး ပြောဆိုပါတယ်။ လက်ရှိ Street View ဂျာနယ်ကို ထုတ်ဝေနေသူဖြစ်ပြီး အခြားသော သတင်းစာ၊ ဂျာနယ်များ ထုတ်ဝေရေးနဲ့ ပတ်သက်လို့ သတင်းစာအယ်ဒီတာ တယောက်ကလည်း အခုလို ပြောကြားခဲ့ပါတယ်။

ပြည်ပဘဏ်တွေဖြစ်တဲ့ Bank of Australia, Bank of England, EuropeanUnion, Bank of Canada တို့မှာ သူရဦးရွှေမန်း၊ ဒေါ်ခင်လေးသက် (ဦးရွှေမန်းရဲ့ဇနီး)၊ အောင်သက်မန်း (ဦးရွှေမန်းရဲ့သား)၊ မခင်နှင်းသန္တာ (အောင်သက်မန်းရဲ့ဇနီး)၊ တိုးနိုင်မန်း (ဦးရွှေမန်းရဲ့သား)၊ ဒေါ်ဇေလင်လတ် (တိုးနိုင်မန်းရဲ့ဇနီး) တို့ရဲ့ ငွေစာရင်းအပ်နှံငွေတွေ ရှိနေကြောင်းလည်း စုံစမ်းသိရှိရပါတယ်။ Red Link ဆက်သွယ်ရေးကုမ္ပဏီနဲ့ ချယ်ရီ FM ကလည်း တိုးနိုင်မန်းပိုင်တဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။
တိုးနိုင်မန်းဟာ ယေက္ခမဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကနေပြီး လုပ်ကိုင်ပေးနေသူ တဦးဖြစ်ပါတယ်။ ဦးရွှေမန်းဟာ သူ့သား တိုးနိုင်မန်းကို ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားပြန်ပါတယ်။

သူရဦးရွှေမန်းရဲ့သား အဓိက ရှယ်ယာပါဝင်တဲ့ ဧရာဟင်္သာကုမ္ပဏီဟာ မော်လမြိုင်အမှတ် (၁) ဈေးကြီး ဆောက်လုပ်ရာမှာ အမြတ်ငွေ ကျပ်သိန်းပေါင်း တသိန်းကျော် ရရှိခဲ့တယ်လို့ အဆိုပါဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့သူ အင်ဂျင်နီယာတဦးက ပြောခဲ့ဖူးပါတယ်။

"ကျနော်တို့ ဈေးဆောက်တာ ဆိုင်ခန်းပေါင်း (၁၃၃၆) ခန်း ထွက်ပါတယ်။ မူလပိုင်ရှင်တွေရဲ့ အခန်း (၁၁၂၄) ခန်းကို တခန်းကို ကျပ်သိန်း ၅၀ သွင်းခိုင်းတာက ကျပ်သိန်းပေါင်း (၅၆၂၀၀) ရတယ်။ ကုမ္ပဏီခွဲတမ်းက ပိုတဲ့ အခန်းပေါင်း (၂၁၂) ခန်းကို အနည်းဆုံး ကျပ်သိန်း ၄၀၀ လောက်နဲ့ ဈေးဖွင့်ရောင်းတာ အကြမ်းဖျင်း ကျပ်သိန်းပေါင်း (၈၄၈၀၀) ရတယ်။

စုစုပေါင်းဝင်ငွေ သိန်းပေါင်း ၁သိန်း ၄ သောင်း ကျော်တယ်။ ဈေးဆောက်တာက ကျပ်သိန်းပေါင်း ၄ သောင်း မကုန်ဘူး။ ဒီတော့စုစုပေါင်းကျပ်ငွေ သိန်းပေါင်း တသိန်းကျော်ရတယ်။

အဆိုပါ ဧရာဟင်္သာကုမ္ပဏီဟာ ဦးရွှေမန်းသား အောင်သက်မန်း၊ မော်လမြိုင်မြို့ခံ တိုင်းမှူးနဲ့ရင်းနှီးတဲ့ စီးပွားရေးသမားပါဝင်ပြီး အမှတ် (၁) ဈေး ဆောက်လုပ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ဈေးကြီးမီးလောင်ပြီးနောက်ပိုင်း မော်လမြိုင်အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဈေးသစ်ဆောက်ခွင့်ရဖို့ တိုင်းမှူးထံ တင်ပြကြပေမယ့် ခွင့်ပြုချက်မရဘဲ ဦးရွှေမန်းရဲ့သားနဲ့  ပူးပေါင်းလုပ်ကိုင်ဖို့ ညွှန်ကြားခဲ့တာကြောင့် အဲဒီကုမ္ပဏီ ပေါ်ပေါက်ခဲ့တာပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ ထိပ်တန်းသူဌေး အများအပြားဟာ တိုးနိုင်မန်းတို့ ညီအကိုနှစ်ယောက်နဲ့ မကင်းကြပါဘူး။ ၂၀၁၀ သြဂုတ်လက နေပြည်တော်မှာ စပြီးဖွင့်ခဲ့တဲ့ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် Asia Green Development Bank (ဗွီ) ဆိုတာ အများအမြင်မှာ ဦးတေဇပိုင်လို့ ထင်ရပေမယ့် တေဇက နာမည်ခံရုံသာရှိပြီး ဦးရွှေမန်းသား အောင်သက်မန်းက ၈၀ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ပါတယ်။

ဒါ့အပြင် E-Lite Express, E-Lite Tech Manufacturing, Red Link Communi-
cations Ltd, Red Power နဲ့ တခြားစီးပွားရေးလုပ်ငန်းတွေလည်း ရှိပါသေးတယ်။
ဖခင်ရဲ့ အရှိန်အ၀ါနဲ့ ဒီဘ၀ရောက်လာကြတာပါလို့ ပြောရင် ငြင်းစရာရှိမှာ မဟုတ်ဘူး လို့ ထင်ပါတယ်။



Ref ; moemakha , သူရိယ အလင်း ဂျာနယ် , စည်းလုံးခြင်းရဲ. အင်အား နှင်. စောင်.ကြည်.သတင်းဂျာနယ်


ဆက်စပ်လေ.လာရန်


 သမ္မတ ဖြစ်နိုင်ခြေ သုံးသပ်မှုများ နှင်. ဖြစ်စဉ်အပေါ် ပါတီခေါင်းဆောင်အချို.၏ အမြင်များ

No comments:

Post a Comment