Friday, August 28, 2015

သူတို.ပြောတဲ့ ဦးရွှေမန်း နဲ. သူ.သားများအကြောင်း - ၎


FROM koerber-stiftung


 ဖိုးတရုတ် ရဲ. ၀က်ဆိုဒ်ဖြစ်တဲ့ စည်းလုံးခြင်းရဲ. အင်အား ၀က်ဆိုဒ်မှာတော. ဓူဝံကြယ် ဆိုသူရေးသားပေးပို.လာတဲ့ ဗိုလ် တိုးနိုင်မန်းအကြောင်း ခုလိုဖော်ပြထားဖူးပါတယ် ။

၂၀၀၀ ခုနှစ် စစ်တက္ကသိုလ် အပါတ်စဉ် (၄၁) ဆင်း၊ ဗိုလ်တိုးနိုင်မန်း  ၂၀၀၀သည် ၎င်းနှင့် အပါတ်စဉ်တူဗိုလ်အောင်စောလှိုင်နှင့် စစ်တက္ကသိုလ်၌ အလွန်ခင်မင်ခဲ့ကြသောသူငယ်ချင်းများ ဖြစ်ခဲ့ကြပါသည်။ မကွေးတိုင်း၊ ဆီမီးခုံ (ဇာတိ)ဗိုလ်အောင်စောလှိုင်သည် ဗိုလ်တိုးနိုင်မန်းနှင့်အတူ ရန်ကုန်မြို့တွင် ၂၀၀၁ခုနှစ်များအတွင်း အထူး အခွင့်အရေး ရရှိပြီး အလုပ်အကိုင် (ဋ္ဌာနလက်ကိုင်)မယ်မယ်ရရ မရှိသေးပဲ ပျော်ပါးနေရင်း တစ်ရက်တွင် ဗိုလ်အောင်စောလှိုင်သည်ဘုရင့်နောင်ဈေး၊ ခရေပွဲရုံလမ်းနေ သူ၏ တနယ်တည်းနေ ချစ်သူ (ဒုတိယ-နှစ်၊ဥပဒေ ကျောင်းသူ) ထံသို့ ဗိုလ်တိုးနိုင်မန်းကို အဖော်အဖြစ်ခေါ်ဆောင်သွားရင်း မိတ်ဆက်ပေးမိခဲ့သည်။ဤသို့ မိတ်ဆက်ပေးပြီး နောက်ပိုင်းတွင် ဗိုလ်တိုးနိုင်မန်းသည်  သူငယ်ချင်းချစ်သူအား သဘောကျပြီး စည်းမထားနိုင်ပဲ နောက်ပိုးရာမှမိန်းကလေးက အလိုမတူသဖြင့် ဗိုလ်အောင်စောလှိုင် ပြန်သိပြီး အချေအစောင်ဖြစ်ပွားခဲ့ပါသည်။ တိုးတိုးမှ ကျယ်ကျယ် ဖြစ်လာရာ အခြားအရာရှိသူငယ်ချင်းများမှ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ကံ့ကော်ရိပ်ဘီယာဆိုင်သို့ခေါ်ပြီး သူငယ်ချင်းနှစ်ဦးကို ညှိနှိုင်းပေး၍ ခေတ္တခဏပြေငြိမ်းသွားခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်းမှ ငမန်းဆိုတာ ဘာကောင်လဲမင်းတို့ သိပါတယ်။ ငမန်း လိုချင်ရင် မရတာ မရှိဘူး။ ငမန်း အဖေ ဘာလဲဆိုတာ
မင်းတို့ သိပါတယ်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။နောက်တစ်လခန့်ကြာသော် DSA အပတ်စဉ် (၄၁)၊ တပ်စုမှူး သင်တန်း တက်ရောက်ရသည့်ဗထူးတပ်နယ် ရပ်စောက်မြို့ တပ်မတော် တိုက်ခိုက်ရေးကျောင်း သင်တန်းတွင်ဗိုလ်တိုးနိုင်မန်းနှင့် နောက်သူငယ်ချင်းဖြစ်သူ ဗိုလ်သီဟသူရတင်အောင်မြင့်ဦးရဲ့ သားတို့မှ အကွက်ကျစီစဉ်၍ ဗိုလ်စောလှိုင်အားအသေသတ်ဖို့ စီစဉ်ခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်းအနားမှ ဖော်လန်ဖားအရာရှိတစ်ချို့က သူရရွှေမန်း အာဏာနှင့် မသေမချင်း ရှေ့ တန်းစစ်မြေပြင်သို့စေလွှတ်ရန် အကြံပေးသော်လည်း “မ စိတ်မွန်၍ ရမ္မက်ထန်နေသောဗိုလ်တိုးနိုင်မန်းမှ သူ့ကောင်မကို ငါပြောထားတယ် “နင့်အကောင်ကို ငါကိုယ်တိုင် သတ်ပြမယ်၊ နင့်အကောင်ဟာ ဘယ်တော့မှ ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ နောင်တရစေရမယ် ဟု ကြိမ်းဝါး ပြောဆိုခဲ့ပါသည်။

ဗိုလ်တိုးနိုင်မန်း၏ ဒေါသ (ဖခင်အရှိန်အ၀ါ) ကို ကြောက်၍ဗိုလ်အောင်စောလှိုင်မှလည်း အတတ်နိုင်ဆုံး လွတ်အောင် ရှောင်နေခဲ့ပါသည်။တပ်စုမှုး သင်တန်း ရောက်စဉ် သင်တန်းသား မည်သူတစ်ဦး တစ်ယောက်မှ ကိုယ်တိုင် ကားမောင်းနှင်ခွင့် မရှိသော်လည်း အဖေ့အရှိန်အ၀ါကို မှီကာဗိုလ်တိုးနိုင်မန်းနှင့် ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး၏သား တို့သည် ISUZUDouble-cub” တစ်ယောက်တစ်စီးနှင့် ညမထွက်ရသော သင်တန်းသားများ၏ရပ်စောက်မြို့ပေါ်ရှိ အရက်ဆိုင်တကာတွင် သင်တန်းသား ဖော်လန်ဖားအရာရှိများနှင့် တရုန်းရုန်း ပျော်ပါးနေကြသည်မှာ ရပ်စောက်မြို့ပေါ်တွင်ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသကဲ့သို့ ပင် ဖြစ်ပါသည်။တစ်ရက်တွင် ဖော်လံဖား အရာရှိများ အကူအညီဖြင့် ဗိုလ်အောင်စောလှိုင်အားတိုးနိုင်မန်းမှ အရက်တိုက်မည်ဟု အတင်း အပြင်ကို ခေါ်ထုတ်ကာ အရက်အနည်းငယ် သောက်ပြီးချိန်တွင် ဗိုလ်တိုးနိုင်မန်းနှင့် သူငယ်ချင်းအရာရှိတို့သည် ကားပြိုင်မောင်းရန် ယှဉ်ပြိုင် ပြောဆိုကြသည်။

တိုင်ပင်ထားသည့်အလား ဗိုလ်တိုးနိုင်မန်း သူငယ်ချင်း ဗိုလ်တင်အောင်မြင့်ဦးသားက မိမိတစ်ဦးတည်း ကားမောင်း၍ ဗိုလ်တိုးနိုင်မန်းက အဖော်အဖြစ် ဗိုလ်အောင်စောလှိုင်အား သူ့ကားပေါ် လိုက်ခဲ့ပါရန် အတင်းခေါ်ရာ မရိုးသားသော အခြေအနေကို ရိပ်မိသဖြင့်ဗိုလ်အောင်စောလှိုင်သည် ငြင်းဆိုခဲ့သော်လည်း မရသဖြင့်အခြားဗိုလ်တစ်ဦးကိုပါ ထပ်မံခေါ်ယူရန် ပြောဆိုခဲ့သည်။ ဤသို့ဖြင့်တိုးနိုင်မန်းသည် သူ၏ “Double cup” နောက်ခန်းတွင်ဗိုလ်အောင်စောလှိုင်နှင့် အခြားသောအရာရှိ အဖော်တစ်ဦးအား ထိုင်စေ၍ရှေ့ခန်းတွင် တစ်ဦးတည်းထိုင်ကာ ကားမောင်းပြိုင်ခဲ့ကြသည်။
ရပ်စောက်မြို့ ဈေးအနီးရှိ အရက်ဆိုင်မှ စတင်၍ တပ်မတော် (ကြည်း)တိုက်ခိုက်ရေးကျောင်း ထိပ်ကို ပန်းတိုင် သတ်မှတ်ကာ ယှဉ်ပြိုင်ခဲ့ကြပါသည်။ရပ်စောက်မြို့ စစ်ဆေးရုံအကျော် လူရှင်းသော နေရာသို့ ရောက်လျှင်ဗိုလ်တိုးနိုင်မန်းသည် ကားရပ်၍ အောင်စောလှိုင်အား မိမိကိုယ်ပိုင် သေနတ်(တပ်မတော်မှ ထုတ်ပေးထားသော သေနတ် မဟုတ်) နှင့်ရင်ဘတ်ကို တစ်ချက်တည်း အသေ ပစ်သတ်ခဲ့သည်။ အဖော်ပါလာသော အခြားအရာရှိ တစ်ဦးကိုလည်း မျက်မြင်ဖြစ်နေသဖြင့် အကယ်၍ နှုတ်မလုံဘဲ ပြဿနာပေါ်ပါက မိမိတို့နှစ်ဦး ဒုက္ခဖြစ်နိုင်သည်ဟု ဗိုလ်တိုးနိုင်မန်းအား ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး၏သားမှ ပြောဆိုရာ ဗိုလ်တိုးနိုင်မန်းမှ အဖေါ်လိုက်ခဲ့သူ အခြားအရာရှိကိုပါ ထပ်မံပစ်သတ်ခဲ့ပါသည်။ ထို့နောက် လမ်းဘေး (၁၂) ပေခန့် နက်သော ချောက်ကလေးထဲတွင် ကားနှင့်အတူ အက်ဆီးဒင့်ဖြစ်သလို ထားခဲ့ပါသည်။ အခြေအနေမှန်ကို စစ်ဆေးသော အရာရှိ ဆိုသူများမှလည်း ကားအက်ဆီးဒင့်ကြောင့် သေရတာပါဟု ဆင်သေကို ဆိတ်သားရေဖုံးသော စာထုတ်ပေးကြရပါသည်။ အရာရှိနှစ်ဦး၏ ဆွေမျိုးမိဘများမှာ မကျေနပ်သော်လည်း မည်သို့မျှမပြောရဲ ကြပေ။ ဤသတင်းအားမည်သူမှ မပြောဆိုရန် ပိတ်ပင်၍ ခံဝန်ထိုးကာ ပြန်လွှတ်ခဲ့ပါသည်။

လူသတ်သမား ဗိုလ်တိုးနိုင်မန်းမှာ ဖခင်အရှိန်အ၀ါနှင့် မည်သို့မျှ ခေါ်ယူစစ်ဆေးခြင်းပင် မခံခဲ့ရပေ။ ဤအကြောင်းအား မိမိ မိသားစုအားထုတ်ဖော်ပြောဆိုသူ ဗိုလ်ထက်အောင် (DSA - ၄၀) မှာ ထိုစဉ်က တပ်မတော်ထောက်လှမ်းရေး အကူ (၁) မှ ခေါ်ယူ၍ ပြင်းထန်စွာ သတိပေးခြင်း ခံခဲ့ရပြီးလုပ်သက် (၂) နှစ်လျော့ ပြစ်ဒါဏ်ခံခဲ့ရပါသည်။ အခြားသိရှိသောအရာရှိများမှာလည်း ထိပ်တန်းလျှို့ဝှက် အနေနှင့် နှုတ်ပိတ်နေခဲ့ရပါသည်။ဗိုလ်သူရရွှေမန်းသည် မိမိသား   အား နောက်ထပ် အမှားမလုပ်မိစေရန် ဇေကမ္ဘာဦးခင်ရွှေအား မင်္ဂလာဒုံ ဥယျာဉ်မြို့တော်သစ် တိုးချဲ့ လုပ်ကိုင်ခွင့် စီမံကိန်းကို ထပ်မံပေး၍ သမီးဖြစ်သူ ဇေဇေလတ်နှင့် ကြောင်းလမ်းခဲ့ပါသည်။  

ဒါနဲ.ဆက်စပ်ဟန်ရှိတဲ့ သတင်းတစ်ပုဒ်ကိုတော. စောင်.ကြည်.သတင်းဂျာနယ် မှာ ခုလိုရေးသားဖော်ပြထားပါတယ် ။



ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သားအငယ် ဦးတိုးနိုင်မန်းသည် ၂၀၀၁ ခုနှစ် မတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဗထူးတပ်မြို့၌ ကားတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး လူစားထိုး ထောင်ဒဏ်ကျ ခံစေခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ဇန်န၀ါရီ ပထမပတ်အတွင်း ဦးရွှေမန်းကို ယခင်စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ရန်ကုန်ဟိုတယ်တွင် တိတ်တဆိတ်တွေ့ ဆုံရန် ဦးတိုးနိုင်မန်းက စီစဉ်ပေးခဲ့သည့် သတင်းနှင့်အတူ လာမည့် ၁၆၊ ၁၇ နှင့် ၁၈ ရက်နေ့များတွင် ပြုလုပ်မည့် ကြံ့ခိုင်ရေး ဗဟိုညီလာခံ ကျင်းပချိန်နှင့် အချိန်ကိုက် ယခုသတင်းက ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံရေးရည်မှန်းချက်ကြီးမားသည့် ဦးတိုးနိုင်မန်းသည် လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းကို နိုင်ငံရေးအကြံပေးဖြစ်သည်ဟု ပြည်ထောင်စုကြံခိုင်ရေးပါတီမှ ထိပ်တန်းခေါင်းဆောင်းတဦးက မှတ်ချက် ပြုပြောဆိုသည်။ပါးနပ်သော၍ ကိုယ်ရည်ကိုယ်သွေးရှိသူ ဦးတိုးနိုင်မန်းသည် လွှတ်တော်နာယက သူရဦးရွှေမန်း၏နိုင်ငံ ရေးအကြံပေး၊ ဗျူဟာမှူးတဦးဖြစ်သည်ဟု အစိုးရအဖွဲ့နှင့်နီးစပ်သူတဦးကလည်း စွပ်စွဲပြောဆိုသည်။

Red Link ကုမ္ပဏီကို ပိုင်ဆိုင်၍ အချက်အလက်များစုဆောင်းနိုင်သကဲ့သို့ လိုင်စင်ရသူဌေးကြီး ဦးခင်ရွှေ၏ သမက်တော်စပ်သောကြောင့် ငွေကြေးအင်အားတောင့်တင်းကာ အိမ်နီးချင်းထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ကဲ့သို့ ငွေနှင့် နိုင်ငံရေးလုပ်သူတဦးဖြစ်ကြောင်း မြန်မာနိုင်ငံရေးအကဲခတ်တဦး က မှတ်ချက်ပြုပြောဆိုသည်။

ဇန်န၀ါရီ ၁၅ ရက် ညပိုင်းအချိန်အထိ ဦးတိုးနိုင်မန်း၏ ဖုန်း ၀၉ ၅၀၂၀၀၀၇၊ ၀၉ ၄၉၃၁ ၇၇၇၇ သို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပါ။


Ref ; moemakha , သူရိယ အလင်း ဂျာနယ် , စည်းလုံးခြင်းရဲ. အင်အား နှင်. စောင်.ကြည်.သတင်းဂျာနယ်




ဆက်စပ်လေ.လာရန်


 သမ္မတ ဖြစ်နိုင်ခြေ သုံးသပ်မှုများ နှင်. ဖြစ်စဉ်အပေါ် ပါတီခေါင်းဆောင်အချို.၏ အမြင်များ


No comments:

Post a Comment