Saturday, June 24, 2017

အားမာန်သစ် မသန်စွမ်း အဖွဲ.၏ ၄နှစ်မြောက်နှစ်ပတ်လည်ပွဲ

အားမာန်သစ် မသန်စွမ်း အဖွဲ.၏ ၄နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ

အားမာန်သစ် မသန်စွမ်း အဖွဲ.၏ ၄နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား ၊ ၀ါးခယ်မမြို.နယ် အတွင်းရှိ မသန်စွမ်း ကျောင်းသား/သူများအတွက် ပညာရေးထောက်ပံ့မှု ပေးအပ်ခြင်း အခမ်းအနား နှင့် ပညာရေးရန်ပုံငွေ ကံစမ်းမဲ ဖွင့်လှစ်ခြင်း အခမ်းအနားတို.ကို ၂၀၁၇ ဇွန်လ ၄ ရက်နေ.မွန်းလွဲ ၁နာရီက ၀ါးခယ်မမြို.နယ်အသင်းရုံးခွဲတွင် ကျင်းပခဲ့ကြောင်းသိရပါသည် ။


အခမ်းအနားသို. အားမာန်သစ်မသန်စွမ်းအဖွဲ. အမှုဆောင်များနှင့် အဖွဲ.၀င်များ ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ.မှ ကိုယ်စားလှယ်များ ၊ ၀ါးခယ်မမြို.နယ် အသင်းအကျိုးတော်ဆောင် အဖွဲ.၀င်များ ၊ ဖိတ်ကြားထားသော မြို.နယ် အဆင့်တာဝန်ရှိသူအချို. တက်ရောက်ခဲ့ကြကြောင်းသိရပါသည် ။


ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ.( ရုံးချုပ် ) မှ ပေးပို.သော သ၀ဏ်လွှာကို အားမာန်သစ် မသန်စွမ်းအဖွဲ. အတွင်းရေးမှုးဖြစ်သူ ကိုအောင်မင်းထွန်းမှ ဖတ်ကြားခဲ့ပါသည် ။ထို.နောက် ၀ါးခယ်မမြို.နယ် အသင်း အကျိုးတော်ဆောင်အဖွဲ. ဥက္ကဋ္ဌ ဒေါက်တာသက်ရှည် မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) နှင့် အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.ကိုယ်စား ကိုဇော်မင်းလွင်မှ နှုတ်ခွန်းဆက် နှင့် ဂုဏ်ပြုစကား ပြောကြားပြီးနောက် အားမာန်သစ် မသန်စွမ်းအဖွဲ. ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ မှ အသင်း၏ လုပ်ငန်းဆောင်တာ များ ၊ လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပါသည် ။


ဆက်လက်၍ အားမာန်သစ် မသန်စွမ်းအဖွဲ.၏ မှတ်တမ်းရေးမှုး ကိုဇော်ဝင်းထွန်း မှ အခမ်းအနားကျင်းပဖြစ်ပုံ နှင့် မသန်စွမ်းတို.၏ အခက်အခဲများအကြောင်း ရှင်းလင်းတင်ပြပြီးနောက် ဘဏ္ဍာရေးမှုးဖြစ်သူ ကိုသန်းထိုက်အောင် မှ ငွေစာရင်းရှင်းတမ်းဖတ်ကြားခဲ့ပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ်အတွင်း မသန်စွမ်းကျောင်းသား/သူ များအတွက်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း ကိုဆက်လက်ကျင်းပရာ ဒေါက်တာသက်ရှည် ၊ ဒေါ်ကြည်ကြည်မာ ၊ဒေါ်သက်ဖြူဝေ ၊ ကိုဇော်မင်းလွင် ၊ ကိုအောင်မင်းထွန်း ၊ ဒေါက်တာကိုကိုလင်း တို.မှ အားမာန်သစ်မသန်စွမ်းအဖွဲ.ကိုယ်စား ပညာသင်စရိတ်များပေးအပ်ခဲ့ပါသည် ။ ထိုပညာသင်စရိတ် ပေးအပ်ခြင်း အစီအစဉ်တွင် အထက၁ ၊ အထက ၂ ၊ အထက ကျွန်းကုန်း ၊ အထက ခွဲ ၀ဲကြီး တို.မှ အထက်တန်းဆင့် မသန်စွမ်းကျောင်းသား/သူ ၁၅ ဦးတို.အားပေးအပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ထောက်ပံ့ငွေ ၅၃၀,၀၀၀ကျပ်တိတိ ဖြစ်ကြောင်းသိရပါသည်


ထို.နောက် ပညာသင်စရိတ် ပေးအပ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သောဆရာမ ဒေါ်လဲ့လဲ့ မှ ကူညီဆောင်ရွက်ခဲ့ရမှုများ ၊ မသန်စွမ်းကျောင်းသားများဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည် ။
ဆက်လက်၍ အားမာန်သစ်မသန်စွမ်း အဖွဲ.ဒုဥက္ကဋ္ဌ ကို ဇေယျာမင်းမှ အသင်းဖွဲ.တည်ဖြစ်ပုံ ၊ ယနေ.အခမ်းအနားကျင်းပရန် စီစဉ်ခဲ့မှုများ ၊ အသင်း၏ သက်တမ်းတစ်လျှောက် ၀ိုင်းဝန်း ကူညီ ပံ့ပိုးခဲ့သူများ၏ ကျေးဇူးကိုအလေးထား အသိအမှတ်ပြု ပြောကြားခဲ့ပါသည် ။


ထို.နောက် ပညာသင်စရိတ် ရန် ပုံငွေအဖြစ် ရောင်းချခဲ့သော ကံစမ်းမဲ လက်မှတ်များဖွင်.လှစ်ခြင်းအစိအစဉ်ကို ကျင်းပရာ ကံစမ်းမဲအမျိုးအမည် မဲကို ကိုယ်အင်္ဂါ မသန်စွမ်း မိန်းကလေးငယ် တစ်ဦးမှ နှိုက်ပေးခဲ့ပြီး ကံထူးရှင်အမည်စာရင်းကို အမြင်အာရုံ ချို.တဲ့သူ တစ်ဦးမှ နှိုက်ယူပြီး ဆုမဲပေါင်း ၅၁ မဲ ဖွင့်လှစ်ခဲ့ပါသည် ။ဆုမဲများအနက် Tablet ကို မကေသွယ်ဝင်း ( ၀ါးခယ်မ ထွေ/အုပ် ) LCD 17” TV ကို ဦးအောင်မျိုးထွေး ( လက်ပံတောင် ကျေးရွာ ) မှလည်းကောင်း ၊ PSI စလောင်းကို ကိုသူရလင်း ( စာရေးကုန်း ) မှလည်းကောင်း ၊ စက်ဘီးကို မဇာဇာကြည် ( ရန်ကုန် ) မှလည်းကောင်း ဆွတ်ခူးသွားကြောင်း သိရပါသည် ။
မွန်းလွဲ ၃နာရီိခန်.တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည် ။


အခမ်းအနားသို. မြို.နယ် အဆင့်တာဝန်ရှိသူများကို ဖိတ်ကြားခဲ့သော်လည်း အခြားတာဝန်များကြောင့် အချို.သာ တက်ရောက်နိုင်ခဲ့ကြောင်း သိရပါသည် ။



( အားမာန်သစ် မသန်စွမ်း အဖွဲ.အနေဖြင့် စတည်တည်ထောင်ခဲ့သည်မှာ ၄နှစ် ရှိသွားပြီဖြစ်ပြီး တည်ထောင်စဉ်က အားမာန်သစ် မသန်စွမ်းအဖွဲ. အမည်ဖြင့် တည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ. - ၀ါးခယ်မမြို.နယ် ရုံးခွဲအဖြစ် ရပ်တည်လာခဲ့သည်မှာ ၂နှစ်ရှိပြီဖြစ်ကြောင်း သိရပါသည် )


No comments:

Post a Comment