Sunday, June 2, 2019

ကျွန်တော်သိခဲ့ရသော ခြံအမှတ်(၅၄/၄၆)(သို့မဟုတ်) ခြံရှေ့ - အပိုင်း ( က )





ခြံရှေ့လို့ပြောလိုက်တာနဲ့ အဖွဲ့တော်တော်များများကတော့ သိပြီးသားဖြစ်မည်ထင်ပါတယ် ယခု နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့အိမ်ပဲဖြစ်ပါတယ် ယခင်ကတော့ အတိုက်အခံပါတီ NLD ဥက္ကဋ္ဌ ရဲ့နေအိမ်ဆိုရင်လဲအမှန်ပါပဲ-

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတဲ့အိမ်လို့ပြောရင်လဲမမှားပါဘူး။ ခြံထဲမှာ ယခင်က ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့အိမ်ရယ် ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲ ကိုစိုးအောင်နှင့်ဇနှီး မစိန် တို့နေထိုင်တဲ့အိမ် ရှိပြီး ဆောက်လက်စ မပြီးခဲ့သော တိုက်အဆောက်အဦး ဟောင်းရှိပါတယ်- အန်တီစုအိမ်နဲ့ ကိုစိုးအောင် အိမ်မှာ တယ်လီဖုန်း( ကြိုးဖုန်း) တစ်လုံးစီရှိခဲ့ပြီး အန်တီစုအိမ်ကဖုန်းကတော့ အခြေအနေအရ ပိတ်ထားပါတယ်-

အညာစု(အလယ်စု) အရေးအခင်းပြီး အန်တီစုကို အိမ်ကိုပြန်ခေါ်လာပြီး နေအိမ်အကျယ်ချုပ်နဲ့ထားခဲ့တဲ့နောက်ပိုင်း အန်တီစုနဲ့ ကကလှမ်းက တန်ပြန်ထလရ ဌာနကြီးမူး ဗိုလ်မူးချုပ်သန်းထွန်း ကတော့ ပုံမှန် တလ တစ်ကြိမ်/နှစ်ကြိမ် ထိတွေ့ဆက်ဆံဆောင်ရွက်ခဲ့ပါတယ်-


လခရ ဖွဲ့စည်းပုံ
ခြံရှေ့ လခရ ဖွဲ့စည်းပုံကို ကျွန်တော်သိသ၍ ပြောပြပါမယ်- အရင် ခြံထဲမှာ လခရ အဖွဲ့တွေ နေထိုင်ခဲ့တဲ့အခြေအနေကိုတော့မဖော်ပြတော့ပါဘူး- ခြံထဲမှာနေခဲ့ကြစဉ်က ဦးကြည်မောင်က လခရ အဖွဲ့တွေကိုမောင်းထုတ်လို့ လခရအဖွဲ့တွေနေစရာမရှိရာကစလို့ လိုအပ်ချက်အရ ခြံအမှတ်(၄၅/က) ကို တောင်းဆိုတော့ လက်ရှိနေတဲ့ ဗဟိုဘဏ်က အရာရှိကြီးက အခြားတနေရာ ပြောင်းပေးပြီး လခရ အဖွဲ့တွေ အခြေချခဲ့ကြပါတယ်-

ခြံရှေ့ လခရ ရဲ့တည်မြဲမိန့်-
တာဝန်ရှိပါက ဗိုလ်မူးချုပ်အဆင့်ထက်မနိမ့်သော သူသာလျင်(၄၅) ခြံကို တက်ပိုင်ခွင့်/ စစ်ဆေးပိုင်ခွင့်ရှိပါတယ်-( တခါတလေမှာ တည်မြဲမိန့်အတိုင်းမဆောင်ရွက်နိုင်ပါ)- ခြံမှာနေဘူး တာဝန်ထမ်းဆောင်ဘူးတဲ့ အဖွဲ့တွေကပိုသိမှာပါ-

ခြံရှေ့မှာ သူတို့ရှိတယ်
၁/ ထလရ တာဝန်ခံ အရာရှိ( ထလတ ၁၂)
၂/ သတင်းတပ်ဖွဲ့
၃/ တပ် လခရ တစ်ခွဲ
၎/ ရဲတပ်ရင်း လခရ တစ်ခွဲ
၅/ နိုင်ငံခြားရေး
၆/ လဝက
၇/ ယာဉ်ထိမ်း

အပြင်စည်း

၁/ထလက ၁/၂
၂/ ရကတ ထလန


 အညာစု(ခ) အလယ်စု အရေးအခင်ပြီးတော့ ခြံထဲမှာ အန်တီ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတယ်- အကျယ်ချုပ်အချိန်အတွင်း ခြံထဲမှာ လုံခြုံရေးအတွက် NLD က လူငယ်တွေကို ထလရ/လခရ အဖွဲ့တွေရဲ့ခွင့်ပြုချက်- အထူးသဖြင့် ကကလှမ်းက ခွင့်ပြုချက်နဲ့ ဝင်ခွင့်ပြုပေးခဲ့ပါတယ်-

NLD လူငယ် အထက်မြန်မာပြည်တာဝန်ခံ ခင်ထွန်း( မိုးညို)/ အောက်မြန်မာပြည် လူငယ်တာဝန်ခံ ထွန်းဇော်ဇော်( သင်္ဃန်းကျွန်း) တိုးလွင်( ငပုတော)( ယခု- အမေရိကန်- ဒီပဲယင်းကိစ္စ ထွက်ပြေး အဖမ်းမခံ)- ခင်ဦး( မရမ်းကုန်း)( ဒီပဲယင်း- ထွက်ပြေး)- ထွန်းမြင့်( ဗဟန်း- န/၉ ၄၀၆(ယာဉ်မောင်း)- မင်းဆုမွန်/ အောင်မျိုးဟိန်း( အဆိုတော် ထူးအိမ်တင် ညီ)- အောင်သိုက်( အင်းစိန်) ထွန်းလင်းကျော်( အင်းစိန်) စတဲ့ဒီလူငယ်တွေကိုခြံထဲမှာထားပြီး ၃/၇ ရက်တကြိမ် လူချိန်းပြီး လခရ ကကလှမ်းခွင့်ပြုချက်နဲ့ ပေးဝင်ပါတယ်-

အဲ့ဒီအချိန်က ခြံထဲမှာ အန်တီစုစီးတဲ့ ၇က/၂၅၇၂( မတ်တူး) အဖြူရောင်ယာဉ်မောင်း ထွန်းရွှေ အိမ်အကူ ညိုညိုမြ- အန်တီ ဒေါ်ခင်ခင်ဝင်း တို့လဲအတူနေထိုင်ပါတယ်-
ခြံထဲနေ လူအားလုံးရဲ့ အစားအသောက် ဆန် ဆီ ဆားနဲ့လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေက( ကိုနီ- သခင်အုန်းမြင့်သား) ကဈေးဝယ်ပို့ပြီး လိုအပ်တဲ့ငွေကြေးများကို( ဗိုလ်မှူးကြီးမောင်လွင်-၏သမီး ဒေါ်စုစုလွင်( သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး- ၇က/၅၆၆၁( တောင်းအေ့) ယာဉ်မောင်း) မှ စီစဉ်ပေးပါကြောင်း- ယခင်က အန်တီဒေါ်စုစုလွင်မှာ ကုလသမ္မဂလက်အောက်ခံ ဌာနတခုတွင်အလုပ်လုပ်ပါကြောင်း( အကြာင်းအမျိုးမျိုးကြောင့်ဌာနနံမည်ချနိထား)-

၂၀၀၁-ခုနှစ် ၅/၆/၂၀၀၁ ခုနှစ်နေ့လည် ၁၂:၃၀ အချိန်မှာ နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ကိုလွတ်လပ်စွာသွားလာခွင့်ပေးခဲ့ပါကြောင်း-၅/၆/၂၀၀၂ ခုနှစ် နံနက် ၆:၃၀ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်မှ ထပ်မံလွတ်ပေးသည့် တနှစ်မြောက်နေ့မှာ နိုင်ငံတဝန်းစည်းရုံးရေး ခရီးစဉ်စတင်ခဲ့ပါတယ်-
၃၀/၅/၂၀၀၂ ရက်နေ့မှာတော့ ဒီပဲယင်းအရေးအခင်ဖြစ်ပါတော့တယ်- အဲ့ဒီနောက်ပိုင်း ကျမ္မာရေးအရ အာရှတော်ဝန်မှာဆေးကုသခဲ့ရပြီး နေအိမ်မှာ အကျယ်ချုပ်ထပ်မံချထားခံရပါတယ်-

၅/၆/၂၀၀၂ ခရီးစဉ်မှာလိုက်ပါသွားကြတဲ့သူတွေကတော့
ဒေါ်အောင်ဆန်းစုကြည်- ဦးမြင့်သိန်း(ကျိုက်မရော) အပါအဝင် NLD လူငယ် ၁၃ ဦး-
၇က/၂၅၇၂(မတ်တူး)
အ/၅၄၁၅(ဟိုင်းလတ်ဆတ်)
န/၉ ၃၀၆(ဟိုင်းလတ်)
ယာဉ်သုံးစီးနဲ့ ခရီးစဉ်ကစတင်ခဲ့ပါတော့တယ်-

ခြံထဲကိုသံတမန်(သို့) အန်တီ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်တောင်းတဲ့သူတွေကို တွေ့ဆုံလို့ရအောင်ခြံရှေ့ လခရ/ ထလရ အဖွဲ့တွေဟာ ထလတ(၁၂)/ကကလှမ်းရဲ့ခွင့်ပြုချက်နဲ့ ဘယ်နေ့ ဘယ်ချိန်စသဖြင့် ပေးတွေ့ပါတယ်-

ခြံရှေ့က ပူးပေါင်း လခရ အဖွဲ့တွေက သူတို့နဲ့သက်ဆိုင်တဲ့ ဌာနတွေကို အစီရင်ခံတင်ပြကြပါတယ်- ဆိုလိုချင်တာက သတင်းက ဒီတခုထဲကိုပဲ ဌာနပေါင်းစုံကို့ပို့ပြီးသား သိပြီးသား အားလုံးပေါင်းစပ်ညှိနိုင်းထားသလို အသိပေးသင့်တဲ့ဌာနကို အသိပေးတဲ့သဘောကို ပေါ်လွင်စေပါတယ်-
အရမ်းအရေးကြီးတဲ့သတင်းတွေကိုတော့ ထလရ လခရအဖွဲ့မှ ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ရတဲ့သဘောရှိပါတယ်-
NLD ကခြံအတွင်းဝင်ခွင့်တောင်းရင် ဦးတင်ဦးက လက်မှတ်ရေးထိုးပြီး ဘယ်နေ့ ဘယ်ချိန်မှာ ဘယ်သူခြံထဲဝင်မယ်ဆိုတာကို လခရ အဖွဲ့ကိုပို့ပြီး ကကလှမ်း/ ထလတ ၁၂ ရဲ့ခွင့်ပြုချက်နဲ့ တွေ့ဆုံခွင့်ပေးရပါတယ်-တခါတရံ ဦးတင်ဦးမှ လခရ ထလရ ကိုဖုန်းဆက်အကြောင်းကြား ခွင့်တောင်းတယ်လို့လဲ သိရှိရပါတယ်-

အထူးသဖြင့် အမေရိကန်သံရုံးယာယီတာဝန်ခံ မစ္စစ် ပက်စီလာအေကရက် နဲ့ အန်တီစုကိုပေးတွေ့ပြီးဆိုတာနဲ့ တခုမဟုတ်တခု ထပ်မံတောင်းဆိုမှုတွေ တောင်းဆိုလာတယ်ဆိုတာ တွေ့တဲ့အကြိမ်ရေနဲ့ တောင်းဆိုမှုတွေကို သိရပါလိမ်မယ်-
လူသားချင်းစာနာထောက်ထားမှုဆွေးနွေးပွဲဌာနက ဌာနေကိုယ်စားလှယ် မစ်တာ လီယွင်ကတော့ အဲ့ဒီအချိန်က အပတ်တိုင်းနီးပါး တွေ့ဆုံခွင့်ပေးခဲ့ပါတယ် လို့သိရပါတယ်-
နောက်ပိုင်း ILO အရာရှိ မစ်စတာ လီယွင် ရဲ့သား လီယွင်ရိတ်မင်တန်ကိုလည်းတွေ့ဆုံခွင့် အကြိမ်ရေများများပေးခဲ့ကြပါတယ်-
ဒီကြားထဲမှာပဲ ထလရ ကကလှမ်းက ဗိုလ်မှူးချုပ် သန်းထွန်း နဲ့တွေ့ဆုံဆွေးနွေး ထိတွေ့ဆက်ဆံမှုတွေရှိခဲ့ပါတယ်-
မစ်စတာ လီယွင်တို့သားအဖက ဘယ်ကလာတယ် ဘယ်လိုဘယ်အဖွဲ့အစည်းတွေကဘယ်လိုပတ်သက်တယ်ဆိုတာ စာဖတ်သူတွေ စဉ်းစားကြစေလိုတယ်-

ရဲအုပ်ကို ရဲချုပ်က မပြောင်းရွှေ့နိုင်ဆိုတာ ပုံပြင်မှတ်နေတာ အဲ့ဒီခြံရှေ့မှာမှတကယ်ကြီးဗျှ- ခြံရှေ့ဆိုတာ တက္ကသိုလ်ရိပ်သာလမ်းဟောင်းပေါ်က ကုက္ကိုင်း မီးပွိုင့်က ပွိုင့်နေရာကို ယဉ်ထိမ်းရဲအခေါ် မိုးပြာ(၇)- အင်းယားလမ်းပွိုင့်ကို မိုးပြာ(၁၆)လို့ခေါ်တယ်- ခြံရှေ့တက္ကသိုလ်ရိပ်သာလမ်းဟောင်းကို ကုက္ကိုင်းဘက် ထိုင်းစစ်သံမူးနေအိမ်ရှေ့နဲ့ မြဝတီဓါတ်ဆီဆိုင်ကနေစပြီး မောင်းတံဂိတ်နဲ့ပိတ်ပြီး လခရ ဆောင်ရွက်တယ်- မောင်းတံနှစ်ခုဂိတ်ကြားမှာနေတဲ့ သူတွေ ဝင်ထွက်သွားလာခွင့်အပြည့်ရှိပါတယ်- တချို့ကြတော့လဲ အထူးသဖြင့် ဘယ်ဌာနက ဘယ်သူနဲ့ပတ်သက်ဘယ်သူ့ကဒ်နဲ့ လာပြပြီးဖြတ်ကြတယ်- အထူအပါးနားမလည်တော့ ကဒ်လဲအသိမ်းခံရ ယဉ်ထိမ်းဥပဒေနဲ့မဖြတ်သန်းရနေရာဖြတ်မယ်လုပ် ပြောမရ ဒါဏ်ရိုက်ရတာတွေလဲအများကြီးဗျ-

ပြသနာကအဲ့ဒီမှာစဖြစ်-



ဖြစ်ချင်တော့ တစ်ရက် ည(၇) နာရီလောက်မှာ ညတာဝန်ကျတာက ယာဉ်ထိမ်းက တပ်ကြပ် အောင်ကြူး( ထမင်းချက်)( ညပိုင်း ဂျူတီအငှားလိုက်သူ) တာဝန်ကျ တာဝန်ထမ်းဆောင်နေချိန်မှာ အဲ့ဒီအချိန်က တစ်ပတ်မကြာသေးတဲ့ပူပူနွေးနွေး ရဲချုပ်ကြီး ဗိုလ်မူးချုပ် ခင်ရီ ကရုံးဆင်းပြီး တက္ကသိုလ်ရိပ်သာလမ်းကအပြန် ဂိတ်ရောက်တော့ ရဲတပ်ကြပ်အောင်ကြူးကတားတယ် မေးတယ် ဘယ်သွားမှာလဲ ဘာညာပေါ့ဗျာ-( ရဲချုပ်က မပခ ရဲ့ စကခ တပ်မမူးကနေစပြောင်းပြီးတာဝန်ထမ်းဆောင်) သူကိုတားရမလားဆိုပြီး ရဲတပ်ကြပ် ဆရာအောင်ကြူးကို ဗဟန်းအချုပ်ကို နယ်မြေမူးကတဆင့် ထည့်ပစ်လိုက်တယ်- ခြံရှေမှာ တာဝန်ထမ်းဆောင်တဲ့ ထလရ လခရ ကတာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ကကလှမ်းနဲ့ချိတ်ဆက်ဆောင်ရွက်ပြီး အချုပ်ကချက်ချင်းလွတ်ဖို့ တာဝန်ထမ်းဆောင်နေတာ အပြစ်မရှိကြောင်း ပြောပြီး ချက်ချင်းဆောင်ရွက်ခဲ့ကြတယ်-
အဲ့ဒါကိုမကျေနပ်လို့ ထလရ လခရ မှာ ပူတွဲ တာဝန်ထမ်းဆောင်နေတဲ့ သတင်းတပ်ဖွဲ့က ရဲအုပ်တွေကို နေရာပြောင်းတာဝန်ထမ်းဆောင်ဖို့အမိန့်ထွက်လာတယ်လို့ သိရပါကြောင်း-( အခြားမြို့သို့)
အလုပ်ရဲ့လိုအပ်ချက်အရ ကကလှမ်းမှ ဒီလူတွေ ရဲအုပ်တွေကိုမပြောင်းပေးဖို့ မေတ္တာရပ်ခံတယ်- အဲ့ဒီအခါမှာ သူရဲ့ရုံးစားပွဲခုံပေါ်က ရဲအုပ်တွေရဲ့ ပါစင်နယ် မှတ်တမ်းဖိုင်တွေကို လွင့်ပစ်ခဲ့ကြောင်းနဲ့ ငြီးတွားပြီးပြောလိုက်တဲ့စကားကတော့ ရဲအုပ်ကို ရဲချုပ်ကပြောင်းမရတဲ့ ငါ့ဘဝပါလားတဲ့ ခင်ဗျား



Facebook ပေါ်တွင် ရေးသားတင်ပြနေသော တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်း
Page မှ  ကျွန်တော်သိခဲ့ရသောခြံအမှတ်(၅၄/၅၆) ဟူသည့် အခန်းဆက် စာစုများကို စုစည်းဖော်ပြခြင်း ဖြစ်ပါသည် ။

No comments:

Post a Comment