Tuesday, June 4, 2019

ကျွန်တော်သိခဲ့ရသော ခြံအမှတ်(၅၄/၄၆)(သို့မဟုတ်) ခြံရှေ့ - အပိုင်း ( ခ )




ကျွန်တော် အဘရဲ့သားပါ-
တစ်နေ့သော ရက်တစ်ရက်မှာတော့ တက္ကသိုလ်ရိပါသာလမ်းဟောင်း ဓါတ်ဆီဆိုင်မောင်းတံဂိတ်ကနေ ကုက္ကိုင်း မီးပွိုင့်ဘက်ဖြတ်မဲ့ ပါဂျယိုကားပေါ်ကနေလူတစ်ယောက်ကဖြတ်မယ်ဆိုတာကြီးပဲလုပ်နေတယ် လူရွယ်က ခန့်မှန်းအသက် ၂၀ ပတ်ဝန်းကျင် အရွယ်- သူ့က်ုမေးပြန်တော့လဲ အဘရဲ့သားကြီးပဲဖြေနေတယ် မောင်းတံဂိတ်က တာဝန်ကျအဖွဲ့တွေ ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့အဆုံး ထလရက လူငယ်တစ်ယောက်ဆင်းလာတယ်- ထလရ ကလိုထင်ရတဲ့လူငယ်က မေးတဲ့အသံတော့ကြားရတယ် ညီလေးကဘယ်ကလဲ ဘာကြောင့်ဒီလမ်းကဖြတ်ချင်တာလဲ ဒီလမ်းက လခရ အရ လမ်းပိတ်ထားတယ် အဲ့ဒီတော့ ကျန်တဲ့လမ်းဘက်ကကွေ့သွားဖို့ပြောပြနေတယ် ကားပေါ်ကလူငယ်ကလည်း သူဖြတ်မည်ဖြစ်ကြောင်း အဘသားဖြစ်ကြောင်းတာ ပြောနေတယ် ထလရ က လူငယ်ကလည်း စိတ်တိုလာပုံရတယ် ယာဉ်ပေါ်ကလူရဲ့ ကားလိုင်စင် ကားဝိတက် စတာတွေကိုစစ်ဆေးဖို့တောင်းတဲ့အချိန်ကြမှ ယာဉ်ပေါ်ကလူငယ်က ကဒ်တခုနဲ့ ကားလိုင်စင် ဝိတက်ကိုထုတ်ပေးတယ် ကဒ်မှာဘာရေးထားလဲဆိုတော့ ဒီကားမောင်းတဲ့သူကို အစစအရာရာ တတ်နိုင်သ၍ ကူညီပေးစေလိုပါသည်-( နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချပ်ကြီး ခင်ညွန့်) ဆိုပြီး လက်မှတ်နဲ့ဗျ- 

ဆရာတော့ကျတယ် နိုင်ငံတော်နေ့ထူးနေ့မြတ်တွေမှာ တိုင်း/ပြည်နယ်တွေကို သဝဏ်လွှာပေးရင် ပို့တဲ့ဖိတ်စာက လက်မှတ်ကို ဖြတ်ညှပ်ကပ်လုပ်ပြီးတော့ လုပ်ထားတာဗျ- ဒီကိစ္စလောက်နဲ့တော့ ဝကခ ကမလုပ်ဖူး pso လောက်ဆိုလက်သင့်ခံနိုင်သေးတယ်- အဲ့ဒါနဲ့ပဲ ထလတ ၁၂ က တယောမင်းသားက ဗထူးမှာ ကန့်ဝင်နေတယ်( သင်တန်းတက်နေတယ်) ယာယီ ဗမ တစ်ယောက် ရောက်လာပြီး တော့ဖမ်းကွာဆိုပြီး စစ်လိုက်တော့( အဘသား ဆိုသူက အဘသားတကယ်ဖြစ်နေတယ်ဗျ)-
( တိုင်းတယက ဥက္ကဋ္ဌရဲ့သားဖြစ်နေတယ်- တိုင်းတယက ဥက္ကဋ္ဌ ဗိုလ်မူးကြီး(-) ရဲ့သားဗျ- အဲ့ဒီကနေ ဝန်ကြီးဖြစ် ပေါ့ဗျာ- အဘသားက ရန်ကုန်မြို့မှာ ဆေးကျောင်းတက်နေတယ် တဲ့ဗျ ) ဒီကိစ္စ ကကလှမ်းထိရောက်တယ် သတင်းမကြားတော့လို့ပြန်မေးကြည့်တာ အကိုကြီး/ ညီလေး ရဲ့သားပါဗျ နောင်မဖြစ်အောင်ကျွန်တော်တာဝန်ယူပါတယ်ဆိုပြီး ပြီးသွားတယ်လို့ သိရပါတယ် ခင်ဗျာ)


ဝင်ခွင့်ရသူများ
ခြံထဲကိုတော့ အန်တီ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချိန်အတွင်း ကျမ္မာရေးအတွက်ကတော့ မိသားစုဆရာဝန်လဲဖြစ် ဘားလမ်းကုသိုလ်ဖြစ် မွတ်ဆလင်ဆေးရုံက ခွဲစိတ်အထူးကုဆရာဝန်လဲဖြစ် NLD ပါတီဝင်လည်းဖြစ်တဲ့( ယခု ငြိမ်းချမ်းရေးကော်မရှင်က ဒုဥက္ကဋ္ဌ) ဆရာ ဒေါက်တာ တင်မျိုးဝင်း+ ဒေါက်တာ ပြုံးမိုအိ တိုကိုတော့ ခွင့်တောင်းစရာမလို ဂိတ်သတင်းပို့ပြီးပေးဝင်ပါတယ်-
 
တခါတရံ အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီအမ ဝမ်းကွဲ သခင်သန်းထွန်း၏ သမီး အန်တီ ဒေါ်ခင်မမ- သား အေးနောင်ထွန်း( သခင်သန်းထွန်း၏ မြေး-) တို့ကိုလဲ ဝင်တွေ့ခွင့်ပေးပါတယ်-
အဲဒီအချိန်ထဲကအမှတ်(၅၄/၅၆)အိမ်ခြံနဲ့ပတ်သက်ပြီး အမွေကိစ္စအမှုအတွက် ရှေ့နေကြီး နှစ်ဦး( ဦးထွန်းတင်/ဦးဖေခင်- နံမည်မှားနိုင်) ကိုလည်း ဝင်တွေ့ခွင့်ပေးခဲ့ပါတယ်-

အထူးသဖြင့်ကတော့ ဈေးအဝယ်တော်ကြီး ကိုနီကတော့ ခြံထဲမှာလာနေပြီး တစ်ရက် ၃-၄ ကြိမ်းဝင်ထွက်ပါတယ်- သူ့ရဲ့ရိက္ခါ အရက်ဖြူကို ဝင်ထွက် သောက်ပါတော့တယ်-မတတ်နိုင်တဲ့အဆုံး ဒေါက်တာတင်မျိုးဝင်းနဲ့ချိတ်ဆက်ပြီး မေခဝတီက သူ့ရဲ့နေအိမ်ကိုပို့ပြီး အရက်ဖြတ် အသက်ကယ်ရတဲ့ ထလရ လခရ အဖွဲ့တွေရဲ့ ထိတွေ့ဆက်ဆံမှုတွေ သိရပါတယ်- တခါတရံ အန်ကယ် ဦးဝင်းထိန်ရဲ့ ဇနီး အန်တီတုန်( ဒေါ်သိန်းမြင့်ကြည်) ကိုလည်း ဝင်ခွင့် တွေ့ဆုံခွင့်ပေးပါတယ်-
(ကိုနီကတော့ ဘဝတပါးပြောင်းသွားရှာပါပြီ- သခင်အုန်းမြင့်သား ကိုနီ)

ခြံရှေ ခြံတခါးပေါက်အဝင်မှာ ခမောက်တံဆိပ် NLD အမှတ်အသား ဗီနိုင်းကိုတွေ့ရမှာဖြစ်ပါတယ်-( ၂၀၁၀-ရွေးကောက်ပွဲနောက်ပိုင်းမှ ခမောက်အစား ဒေါင်းအလံဖြစ်လာခဲ့)-
၁၉ ၉ ၀ ရွေးကောက်ပွဲမှာ NLD ခမောက်တွေ မဲနိုင်ခဲ့တယ်- အဲ့ဒီခမောက် တံဆိပ်လိုဂိုက ဘယ်ကဘယ်လိုလာတယ်ဆိုတာ လူတွေတော်တော်များများ မသိကြပါဘူး- စာရေးသူကြားသိရတာကတော့ အဲ့ဒီခမောက်က ခမောက်တောင်ဘုရားကစတာလို့ သိရတယ်ဗျ( မှားချင်လည်းမှားနိုင်ပါတယ်)-

ခမောက်တောင် ဘုရားဘယ်မှာရှိ-



စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်( ကောလင်းခရိုင်) ကောလင်းမြို့နယ် ခမောက်တောင်ရွာမှာရှိပါတယ်-ဒီဘုရားပွဲက ယခင်ကတစ်လလောက်ကျင်းပတယ် မြန်မာပြည်အထက်ပိုင်းက ရှမ်းလူမျိုးတွေ အများဆုံးလာရောက်ဖူးမြော်ကြတယ်- ခမောက်တောင်ရွာက ရှမ်းလူမျိုးများအများစုနေထိုင်တယ် ဒီဘုရားကို ဘိုးတော် ဦးစီကတည်ခဲ့တယ်လို့မှတ်သားရတယ် ယခင်က ဒီခမောက်တောင်ရွာသားတွေက စီးပွားရေးမလုပ်ဖူး ဘုရားအလုပ်တွေပဲလုပ်ကြရတယ်-

ခမောက်တောင်ဘုရားက ထီးတင်လို့မရဘူး ထီးတင်ရင် မိုးကြိုးပစ်တယ် ဒါကြောင့် ထီးမတင်ဘူး- ဘိုးတော်ဦးစီရဲ့ နုတ်ထွက်စကားအရ မင်းကောင်းမင်းမြတ်လက်ထက်ရောက်မှ ထီးတင်ရင်အောင်မြင်မယ် မိန့်ခဲ့တယ်လို့ သိရတယ်-

ခမောက်တောင် ဘုရားတောင်ပုံက NLD ခမောက်ပုံ နဲ့အဝေးကြည့်ရင်အတူတူပါပဲ- ဒါကြောင့်မို့ပဲ ဒီခမောက်ကို NLD လိုဂိုယူပြီး ၁၉ ၉ ၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်- ဒီပဲယင်း အရေးအခင်းမဖြစ်ခင် ကောလင်မြို့ကိုရောက်တော့ အန်တီဒေါ်အောင်ဆန်းစုကြည်က ခမောက်တောင်ဘုရားကို သွားခဲ့တယ်လို့ သိရပါတယ်-

၁၉ ၉ ၀ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပေမဲ့ အာဏာလွဲပြောင်းရယူခွင့်ကို အမျိုးမျိုးသော အကြောင်းအရာများကြောင့် မရရှိပါဘူး- အဲ့ဒီအချိန်က ဗိုလ်ချုပ်မူးကြီးစောမောင် ခောတ်ဆိုတော့ ဒီခမောက်တောင် ဘုရားသမိုင်းကို သိတဲ့ ဦးစောမောင်က ငါတက်တာ မင်းကောင်းမင်းမြတ်ကွာ ငါတို့ ထီးတင်မယ်ဆိုပြီး ၁၉ ၉ ၂/၉ ၃ မှာ အတွင်းရေးမူး ၁ ဖြစ်တဲ့ ဗိုလ်ချုပ် ခင်ညွန့် က ဟတ်စကီး ၃ စီးနဲ့လာပြီး ခမောက်တောင်ဘုရားကို ကိုးပတ်ပတ်ပြီး တိန်ကြား ဦးသန်းလှ ထီတော်တင်အဖွဲ့နဲ့ထီးတော်တင်တယ်- အောင်မြင်စွာပြီးဆုံးပြီး ၁၉ ၉ ၀ ရွေးကောက်ပွဲအောင် NLD ပါတီ လွဲအောင် ခမောက်တောင်စေတီဘုရားအစား လွိုင်မောက်တောင်( လွဲမောက်တောင်) ဘုရားဆိုပြီး တစ်သက်လုံးခေါ်လာတဲ့ ခမောက်တောင်ဘုရားက လွဲမောက်တောင်ဘုရားဆိုပြီး ပြောင်းသွားရပါတော့တယ် ခင်ဗျား-

ထောက်လှမ်းရေးဆိုတာ ကြိုတင်သိမြင်ခြင်း- ဒါကြောင့် ထောက်လှမ်းရေးသမားတစ်ယောက်ဟာ မိမိတာဝန်ယူထားတဲ့ အလုပ်ပန်းတိုင်အောင်မြင်ဖို့အတွက် အခက်အခဲတွေကြားက ကြိုတင်သတင်းရယူဖို့အတွက် လူအား ငွေအား မိမိညဏ်ပညာ ပေါင်းသင်းဆက်ဆံရေး အထောက်အကူနည်းပညာပစ္စည်းတွေနဲ့ ကြိုးစားကြရပါတယ်- အလကားနေရင်းနဲကတော့ ဘာသတင်းမှလည်းရမှာမဟုတ်ပါဘူး- ဒါကြောင့် ခြံထဲမှာနေတဲ့ လူငယ်/လူကြီးတွေနဲ့ ဆက်ဆံရေးကောင်းမွန်စွာနဲ့ပဲ အလုပ်ကိုဖြတ်သန်းပါတယ်-

တစ်ယောက်မကောင်းတော့ အများခံရတယ်-



 ခြံရှေမှာ လခရ တာဝန်ကျနေတဲ့ ရဲတပ်ရင်းက တပ်ခွဲတခွဲက ဘယ်သူက ဒီပစ်စာကိုခြံထဲထည့်လိုက်တယ်မသိပါဘူး- ဒီစာကိုတော့ မပြောအပ်လို့ စာထဲကအကြောင်းအရာကိုမပြောတော့ပါဘူး-လခရ အဖွဲ့နဲ့ ခြံရှေ့ခြံစည်းပဲခြားနေတော့ ဘယ်ကောင်က လက်ဆော့ပြီး ရေးပို့လိုက်တယ်မသိပါဘူး- အဲ့ဒီစာက ကိုယ်တွေဆီရောက်လာတယ်- ဒီစာဘယ်ကရောက်လာလဲမမေးနဲ့ ခြံထဲက လူငယ်တစ်ယောက် ရင်းနှီးတဲ့သူက လာပေးတာ အရမ်းအရေးကြီးတော့ ချက်ချင်း အရေးယူဆောင်ရွက်- ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ဖြုတ်ထုတ်လမ်းစဉ်ပဲလုပ်ကြရတယ်- ဒီကိစ္စ ပြည်ထဲရေးကိုပဲလွဲပေး ရဲချုပ်ကဆက်လုပ်ပေါ့- အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တပ်တို့ ရဲတို့မှာ တစ်ယောက်မကောင်း အများက ခံကြရတာတော့ သဘာဝပါပဲ-( တချို့ ရဲတပ်ဖွဲ့ဝင်ဆို ဘာမှမသိရှာကြဘူး ခံသာခံလိုက်ရတယ်-) ကမ်းနားသစ်ပင်တွေပါ-
 
Facebook ပေါ်တွင် ရေးသားတင်ပြနေသော တပ်မတော်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်း
Page မှ  ကျွန်တော်သိခဲ့ရသောခြံအမှတ်(၅၄/၅၆) ဟူသည့် အခန်းဆက် စာစုများကို စုစည်းဖော်ပြခြင်း ဖြစ်ပါသည် ။

ဆက်စပ်ဖတ်ရှုရန်
  



No comments:

Post a Comment