Wednesday, April 24, 2019

ဝါးခယ်မ ရဲ. ၁၃၈၁ နှစ်ဦးရက် နှင့် သကျမဟာသီရိဘုရားကြီး ရေသွန်းပွဲ


ဘုရားကြီး ၁၀၄ ကြိမ်မြောက်ရေသွန်းလောင်းပူဇော်ပွဲ
 
ဝါးခယ်မမြို.နယ် သကျမဟာသီ၇ိဘုရားကြီး အာရုဏ်တော်ခံ ၀တ်အသင်း၏ ၁၀၄ကြိမ်မြောက် ရေသွန်းပွဲတော် ကို ယနေ. ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ.မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ မြို.သူ/မြို.သားများ ၊ နယ်သူ/နယ်သားများ ပါဝင်ကုသိုလ်ယူဆင်နွဲခဲ့ကြပါသည် ။
 
ယခင်နှစ်များကဲ့သို.ပင် မီးသတ်တပ်ဖွဲ.က မင်္ဂလာဝင်းထောင့်အထိ ရေတင်ပေးခဲ့ပြီး ရေသယ်ကုသိုလ်ယူ လိုသူများက ထိုနေရာမှ ဘုရားကြီးအထိ စည်ကားစွာ သယ်ဆောင်ကြပါသည် ။ ယခုနှစ်တွင် မြို.ပေါ်ရှိ လူငယ်များ ပိုမိုပါဝင်လာခဲ့ပြီး အထူးသဖြင့် စတုဒီသာလှုဒါန်းမှုများတွင် ပါဝင်ခဲ့ကြောင်းတွေ.ရပါသည် ။ အဓိကအားဖြင့်အချိုရည် ဒါနပြုလုပ်ခဲ့ကြပါသည် ။
 
ယခင်ဓလေ့များအတိုင်းပင် ရေသယ်သူများစောင်းတန်းအတွင်းရောက်ရှိချိန်တွင် အမွှေးနံ.သာ လှုဒါန်းသူများက ရေသယ်ဆောင်လာသူများ၏ ရေများထဲသို. အမွှေ။.နံ.သာများ ထည့်သွင်းလှုဒါန်းပေးခဲ့ကြပါသည် ။
 
ရာသီဥတုပူပြင်းသော်လည်း လူအများအပြား ယခင်အတိုင်းပါဝင်ဆင်နွဲခဲ့ကြပါသည် ။ ရှေးကာလကမူ သကျမဟာသီရိဆင်းတုတော်ကြီးကို ရေသွန်းလောင်းပူဇော်ခြင်းဖြစ်ပြီးနောက်ပိုင်းကာလများတွင် ဆင်းတုတော်ကြီးရေရှည်ကြံ့ခိုင်မှုအတွက် ခွင့်မပြုတော့ပဲ သီးခြားဆင်းတုတော် တစ်ဆူကိုသာ ရေသွန်းလောင်းပူဇော်ခွင့်ပေးထားခြင်းဖြစ်ပါသည် ။
 
ဤဘုရားရေသပါယ်ပွဲသည် လမ်းလျှောက်သင်္ကြန်အားလုံး၏ အဦးအစဟုပြောလျှင်ရသလို အပျော်သက်သက်သာမဟုတ်ပဲ ကုသိုလ်ရေးပါ ပူးတွဲပါဝင်သော အဘိုးတန် ပွဲတော်တစ်ခု ၊ အစဉ်အလာကြီးသော ပွဲတော် တစ်ခု ဖြစ်ပါသည် ။
နှစ်ဆန်းတစ်ရက်နေ.ကုသိုလ်များ
 
မြို.လေးရဲ. မြန်မာ့နှစ်သစ်ဦး ရက်များကတော့ ကောင်းမှုကုသိုလ်တွေနဲ. ပြည့်နှက်နေခဲ့ပါတယ်
 
ကျေးရွာအလိုက် ၊ ရပ်ကွက်အလိုက် ၊ ဌာနအလိုက် ၊ လမ်းအလိုက် ပြုလုပ်တဲ့ ပရိတ် ၊ ပဋ္ဌာန်းရွတ်ဖတ်ပွဲတွေ ၊ မြို.ပတ်လည် ကို ကုန်လမ်း ၊ ရေလမ်းကနေ ဆရာတော်ကြီးများက အန္တရာယ်ကင်း ရွတ်ဖတ်မှုတွေ နဲ. တစ်မြို.လုံး ဖုံးလွှမ်းနေပါတယ် ။
 
နှစ်ဆန်းတစ်ရက်နေ.မနက်ကလည်း သာသနာ.မာမကဆွမ်းလောင်းအသင်းစီစဉ်ပေးမှုနဲ. အလှုရှင်တွေရဲ. အာရုဏ်ဆွမ်းလောင်းပွဲကျင်းပခဲ့သလို နှစ်ဆန်းတစ်ရက်နေ. ထုံးစံအတိုင်း ရေသွန်းပွဲတော်ကျင်းပခဲ့သလို မြို.ပေါ်ကျောင်း ၇၅ကျောငိးကသံဃာကုန်ကို ဆွမ်းဆန်စိမ်းလောင်းခဲ့ကြပါတယ် ။ ကျုံမေငးမြို.မှာလည်းပဲ အဲ့ဒီနေ.က ဆွမ်းဆန်စိမ်းလောင်းပွဲကျင်းပခဲ့ပါတယ် ။
 
ဒါ့အပြင် ငါးလွှတ်ပွဲ ၊ မြို.နယ်အဆင့်သက်ကြီး ပူဇော်ပွဲများလည်း ပြုလုပ်ခဲ့ပါတယ် ။
 
မြို.ကနေပြန်မယ့်သူတွေ ပြန်လည်ထွက်ခွာကြပြီမို. ဇက်ဆိပ် ၊ ကားဂိတ်တွေမှာလည်း လူတွေနဲ.ပြန်လည်စည်ကားနေခဲ့ပြီဖြစ်ပါတယ် ။
 ဓါတ်ပုံများကြည့်ရှုရန်
နှစ်ဆန်းတစ်ရက်နေ. ဘုရားကြီး ရေသွန်းပွဲ ပုံများ
မျြိ.လေး၏ ၁၃၈၁ မြန်မာ.နှစ်သစ်ဦး ရက်များ
ဆက်စပ်ဖတ်ရှုရန်
ရွှခယ်သင်္ကြန်ကိုတစ်ရက်တိုးစေခဲ့ကြသူများ - မြင့်သန်းဦး ( ၀ါးခယ်မ ) 

No comments:

Post a Comment