Friday, May 11, 2018

အရိပ်တကြည့်ကြည့်နေ့များ - နှောင်းသစ်


အရိပ်တကြည့်ကြည့်နေ့များ




ခေါင်းမွှေးစုတ်ဖွှား
ဘီးရှာမတွေ့တော့ခေါင်းမွှေးစုတ်ဖွား
လက်ချောင်းတွေနဲ့ဖီးသင်လိုက်တယ်။
ဝါးခယ်မမြို့လေးကိုရေလောင်းကြပါစို့
မြို့ကလေးကအေးအေးဆေးဆေး
ဟေ့ ငါ့ကို
ဆေးလည်းမပေးနဲ့
ငါ့ရင်ထဲမီးလည်းလာမမွှေးပါနဲ့
လက်ဖက်ရည်ဈေးကလည်း
လှေကားထစ်ပေါ်ခုန်ခုန်တက်
စားသတိသွားသတိ
ကုန်ဈေးနှုန်းကလာညှိတဲ့ဆူးခက်ပဲ။
ဒီခေတ်ကြီးကိုဆွဲဖြဲလိုက်
ဒီခေတ်ကြီးကစက္ကူတစ်ရွက်ဆွဲဖြဲလိုက်
လမ်းတွေကငါ့အပေါ်လှမ်းသွားပြီ
ရေနစ်သူလှမ်းဆွဲလိုက်တဲ့
ကောက်ရိုးမျှင်လေးလည်းရေနစ်သွားပြီ
အတိတ်ဟာမီးပုံထဲခုန်ဆင်းသွားတဲ့ယုန်တစ်ကောင်
မွှေးမှာပေါ့
ခင်ဗျားကိုယ်တိုင်
အဲဒီယုန်တစ်ကောင်မဖြစ်ဖို့
အရေးကြီးပါတယ်။
မီးမလောင်ခင်တော့စုတ်ဖွားလေးပဲ
ငါ့ဦးခေါင်းကို
ယောင်ရမ်းကိုင်ကြည့်လိုက်
ဝါးခယ်မမြို့လေးဟာအလွန်မောဟိုက်နေပုံပဲ
ရေအေးအေးလေးတစ်ခွက်တိုက်လိုက်ပါ
နှစ်သစ်စပြီ
နှောင်းသစ်လည်း
အဲဒီမြို့ကလေးကိုအရိပ်တစ်ကြည့်ကြည့်ပဲ
အသက်ကြီးသွားတာလည်းရောဂါတစ်ခုဖြစ်တယ်
ကဗျာရွတ်တဲ့အခါ
ငါ့အရှေ့ကမြင်ကွင်းတွေကိုယ်ယောင်ဖျောက်ပစ်လိုက်တယ်
ငါရွတ်တဲ့အသံငါ့ရင်ဆတ်ဆတ်နာနေရဲ့။
တစ်ခုတစ်လုံးတစ်ကောင်တစ်ယောက်
မူးသွပ်နေပါလိမ့်မယ်။
စကားနည်းသွားရတဲ့အကြောင်းရင်း
ကဗျာတွေအသက်ပြင်းပါစေ။ ။


နှောင်းသစ်

No comments:

Post a Comment