Thursday, May 31, 2018

Cluster Munition - ဗုံးဗဒေသာ ဆိုသည်မှာ




ဗုံးပဒေသာဟုခေါ်ဆိုကြသည့် Cluster Munition များသည် စစ်မြေပြင်တွင်ရန်သူအားစိတ်ဓါတ်ခြောက်ခြားစေသည့်ခဲယမ်းများအဖြစ်ထင်ရှားပါသည်။အခြားခဲယမ်းများ
အနေဖြင့်ပစ်မှတ်ဧရိယာအတွင်းမှပစ်မှတ်တစ်ခုကို
သာဖျက်ဆီးနိုင်ချိန်တွင်ဗုံးပဒေသာများသည်ပစ်မှတ်ဧရိယာအတွင်းရှိပစ်
မှတ်အမြောက်အမြားအားဖျက်ဆီးနိုင်သည့်စွမ်းရည်ရှိ၍ဧရိယာအလိုက်ပိတ်ဆို့ချေမှုန်းလိုသည့်စစ်ရေးရည်မှန်း
ချက်များတွင်အများဆုံးအသုံးပြုကြလေ့ရှိပါသည်။ဗုံးပဒေသာများအနေဖြင့်အဖျက်စွမ်းရည်ကောင်းမွန်သော်
လည်းစစ်ရေးရည်မှန်းချက်များနှင့်မသက်ဆိုင်သည့်အရပ်ဖက်လူအဖွဲ့အစည်းများသို့ဘေးအန္တရာယ်ရောက်
ရှိစေနိုင်သဖြင့်နိုင်ငံတကာတပ်မတော်များအနေဖြင့်အသုံးမပြုရန်ပိတ်ပင်ထားကြပါသည်။သို့ရာတွင်ကန့်သတ်
ချက်များ၌အချို့ဗုံးပဒေသာအမျိုးအစားများကိုခွင့်ပြုထားရာအင်အားကြီးတပ်မတော်အချို့မှအဆိုပါစည်းဘောင်
များအတွင်းမှပင်ဗုံးပဒေသာများအားတွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိပါသည်။ယခု Post တွင် ဗုံးပဒေသာများအကြောင်း၊အသုံးပြုခဲ့သည့်သမိုင်းကြောင်း၊အမျိုးအစားများ၊ပိတ်ပင်ရခြင်းအကြောင်းရင်းနှင့်အ
သုံးပြုခွင့်ရှိသည့်ဗုံးပဒေသာများအကြောင်းအားအကြမ်းဖျင်းမျှချဉ်းကပ်ဆွေးနွေးလိုပါသည်။

ဗုံးပဒေသာဆိုသည်မှာ

Cluster Munition (သို့)ဗုံးပဒေသာဆိုသည်မှာပစ်မှတ်ဧရိယာအတွင်း Submunition (သို့) Bomblet ဟုခေါ်သည့်ဗုံးသားပေါက်များ ကိုဖြန့်ကြဲပေးနိုင်သည့်ခဲယမ်းတစ်မျိုးဟု
အကြမ်းဖျင်းအဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်ပါသည်။ဗုံးပဒေသာခဲယမ်းများအားမော်တာ၊
အမြောက်ကျည်နှင့်ဒုံးကျည်ကဲ့သို့သောခြေလျင်တပ်သုံးလက်နက်များတွင်ထည့်သွင်းအသုံးပြုနိုင်သကဲ့သို့ဗုံးနှင့်
ပဲ့ထိန်းဒုံးကဲ့သို့သောလေတပ်သုံးခဲယမ်းများတွင်လည်းထည့်သွင်းအသုံးပြုကြပါသည်။အကြမ်းဖျင်းသတ်မှတ်
ချက်များအရအလေးချိန်အများဆုံးကီလို၂၀(ပေါင်၄၀ဝန်းကျင်)ရှိသောဗုံးသားပေါက်များထည့်သွင်းထားသည့်
ခဲယမ်းမျိုးကိုဗုံးပဒေသာဟုခေါ်ဆိုကြောင်းတွေ့ရှိရပါသည်။သမားရိုးကျခြေလျင်တပ်သုံးအမြောက်လက်နက်နှင့်
ဒုံးလက်နက်များ၊လေယာဉ်မှကြဲချသည့်သမားရိုးကျဗုံးများအနေဖြင့်ပစ်မှတ်သို့ထိတွေ့ချိန်တွင်ထည့်သွင်း
ထားသည့်ပေါက်ကွဲယမ်းအားအလိုက်ပေါက်ကွဲကာပတ်ဝန်းကျင်အားထိခိုက်ပျက်စီးစေမည်ဖြစ်ပါသည်။အဆို
ပါပေါက်ကွဲမှုများအနေဖြင့်ပေါက်ကွဲရာဗဟိုတွင်ထိရောက်မှုအားကောင်းမည်ဖြစ်သော်လည်း
ပစ်မှတ်ဧရိယာတစ်ဝိုက်အားခြုံငုံသက်ရောက်မှုရှိစေရန်မူမဖြစ်နိုင်ကြောင်းတွေ့ရှိရပါသည်။
မာကျောမှုအဆင့်အတန်းအလယ်အလတ်

ခန့်ရှိသောပစ်မှတ်တစ်ခုအားဖျက်ဆီးရန်ပေါက်ကွဲယမ်း၁ကီလို
ခန့်သာလိုအပ်မည်ဖြစ်ရာအဆိုပါပစ်မှတ်အ
များအပြားရှိသည့်ပစ်မှတ်ဧရိယာတစ်ဝိုက်အားအလေး
ချိန်များပြားသောဗုံးတစ်လုံးအသုံးပြုခြင်းထက်
အလေးချိန်အသင့်အတင့်ရှိသောဗုံးအများအပြားအသုံးပြုကာ
ဧရိယာအတွင်းရှိနေရာအနှံ့ကိုထိခိုက်စေခြင်း
သည်ထိရောက်မှုပိုမိုအားကောင်းမည်ဖြစ်ပါသည်
ခြေလျင်တပ်သုံးလက်နက်များတွင်အဆိုပါလိုအပ်ချက်အားတရစပ်ပစ်ခတ်ခြင်း Salvo Fire ဖြင့်ရရှိနိုင်သည်ဟုထင်မြင်နိုင်သော်လည်းတစ်ချိန်တည်း အကျိုးသက်ရောက်မှုရှိစေရန်ခက်ခဲမည်ဖြစ်ပါသည်။
အဆိုပါလိုအပ်ချက်များအားဖြည့်ဆည်းရန်အတွက် Cluster Munition များအား တိုးတက်တီထွင်အသုံးပြုလာခဲ့ကြပါသည်။

Cluster များအားအကြမ်းဖျင်းအားဖြင့်အသုံးပြုပစ်လွှတ်ပုံပေါ် မူတည်ကာပစ်ခတ်အသုံးပြုသော Tube Launched Type လေယာဉ်ဖြင့်ဗုံးကြဲချသည့် Air Dropped Container Type လေယာဉ်မှဗုံးသားပေါက်များအားတိုက်ရိုက်လွှတ်ချသည့် Aircraft Dispenser Type နှင့်ဒုံး/ပဲ့ထိန်းဒုံးအသုံးပြုပစ်ခတ်သည့် Rocket/Missile Type ဟူ၍()မျိုးခွဲခြားနိုင်ပါသည်။အစောဆုံး အသုံးပြုခဲ့သည့် Aircraft Dispenser Type တွင်ခြေလျင်တပ်သုံး အမြောက်လက်နက်ခဲယမ်းများနှင့်ဆင်တူသည့်ဗုံးသားပေါက်များအားလေယာဉ်တောင်ပံ(သို့)ကိုယ်ထည် Fuselage တွင်အတွဲလိုက်ချိတ်ဆွဲ အသုံးပြုခြင်းဖြစ်ပါသည်။အဆိုပါဗုံးအတွဲလိုက်ဖွဲ့စည်းပုံအားစနက်အစိတ်အပိုင်းတစ်ခုဖြင့်ထိန်းချုပ်ထားပြီးလေ
ယာဉ်မှူးအခန်း Cockpit မှတိုက်ရိုက်ချိတ်ဆက်အလုပ်လုပ်စေခြင်းဖြစ်ပါသည်။
အလုပ်လုပ်ပုံအနေဖြင့်ရိုးရှင်းပြီးလေသူရဲမှခလုတ်နှိပ်သည်နှင့်ကိုယ်ထည်
တွင်ချိတ်ဆွဲထားသောဗုံးသားပေါက်များပြုတ်ကျသွားမည်ဖြစ်ပြီးမြေပြင်သို့သတ်မှတ် Ballistic Trajectory အတိုင်းပစ်မှတ်သို့ကျဆင်း သွားမည်ဖြစ်ပါသည်။အဆိုပါစနစ်မှာရိုးရှင်းပြီးဒုတိယကမ္ဘာစစ်ကာလများတွင်အသုံးပြုခဲ့သောပုံစံဖြစ်ကာ
လက်ရှိတွင်လည်းအချို့ဆိုဗီယက် Cluster ခဲယမ်းများတွင်အသုံးပြုနေဆဲဖြစ်ပါသည်။၎င်းစနစ်တွင် အသုံးပြုသောဗုံးသားပေါက်များမှာအရွယ်အစားအတန်ငယ်ကြီးမားပြီးထည့်သွင်းသည့်အရေအတွက်နည်း
ပါးပါသည်။

ကျန်စနစ်သုံးမျိုးမှာအသုံးပြုပုံပေါ်မူတည်ကာအမျိုးအစားများကွဲပြားသော်လည်းအဓိကအစိတ်အပိုင်းဖြစ်သည့်
ကိုယ်ထည်ပိုင်း
ဖွဲ့စည်းပုံတွင်မူဆင်တူကြပါသည်။ပင်မဗုံးကိုယ်ထည်ဖြစ်သည့် Cargo Round တွင်ဗုံးသားပေါက်များ Bomblet ထည့်သွင်းရန်အကန့်ငယ်များ ဖန်တီးတည်ဆောက်ထားကြပြီးစနက်ပိုင်းအလုပ်လုပ်ချိန်တွင်
ပင်မဗုံးကိုယ်ထည်အားခွဲထုတ်ရန်နှင့်ဗုံးသားပေါက်များအား
သတ်မှတ်အလျင်နှုန်းများအတိုင်းဖြန့်ကြဲချနိုင်ရန်/တွန်းထုတ်နိုင်ရန်တွန်းယမ်းအစိတ်အပိုင်းများတပ်ဆင်ထား
ကြပါသည်။စနက်အုံပိုင်းတွင်အသုံးပြုသည့်ခဲယမ်းအလိုက်ပုံသဏ္ဍာန်များကွဲပြားကြသော်လည်းပစ်လွှတ်ချိန်
 /ကြဲချချိန် စနက်စတင်အသက်ဝင်ခြင်း၊
ပျံသန်းစဉ်အလုပ်လုပ်ခြင်း၊ပစ်မှတ်အထက်အမြင့်ပေတစ်ခုတွင်အလုပ်လုပ်ကာဗုံးကိုယ်ထည်အား
ခွဲထွက်စေခြင်းနှင့်ဗုံးသားပေါက်များအားဖြန့်ချခြင်းစသည့်စနက်အခြေခံသဘောတရားများတူညီကြပါသည်။
ဤစနစ်သည်အီလက်ထရောနစ်နည်းပညာတိုးတက်မှု၏အသီးအပွင့်ဖြစ်ပြီးစနက်အုံအားလိုအပ်သည့်အ
ချိန်တွင်အလုပ်လုပ်စေရန်ဖန်တီးနိုင်၍သမားရိုးကျအမြောက်ခဲယမ်းများတွင်ထည့်သွင်းအသုံးပြုလာနိုင်သကဲ့
သို့လေယာဉ်အသုံးပြုကြဲချခြင်းနည်းလမ်းများတွင်လည်းပစ်မှတ်အနီးထိပျံသန်းရန်မလိုဘဲ Stand Off Bombing ဖြင့် ကြဲချနိုင်လာခဲ့ပါသည်။



Cluster Munition များအားဧရိယာပစ်မှတ်များအတွက် အဓိကအသုံးပြုသည်ဟုဆိုသော်လည်းပင်မှတ်အပေါ်ထိရောက်မှုအပိုင်းတွင်တိကျမှုမှာလိုအပ်ဆဲဖြစ်ပါသည်။
အချိန်မတိုင်မီ
 (သို့မဟုတ်)နောက်ကျကာအလုပ်လုပ်သောပင်မဗုံးကိုယ်ထည်တစ်ခုသည်ပစ်မှတ်ဧရိယာအပေါ်ထိရောက်
စွာဖျက်ဆီးနိုင်မည်မဟုတ်သကဲ့သို့အခြားမသက်ဆိုင်သည့်လူသတ္တဝါတို့ကိုလည်းထိခိုက်စေမည်ဖြစ်ပါသည်။
အစောပိုင်းဗုံးပဒေသာများ၏ပစ်မှတ်အပေါ်တိကျမှု Accuracy မှာမကောင်းမွန်သော် လည်းနောက်ပိုင်းအသုံးပြုလာကြသည့်ခဲယမ်းများမှာနည်းပညာအကူအညီကိုယူ၍တိကျမှုကိုမြှင့်တင်လာ
ကြပြီဖြစ်ပါသည်။ Cluster Munition များ၏တိကျမှုကိုတိုင်းတာရာတွင်သမားရိုးကျဗုံးများကဲ့သို့ဗဟိုလွဲချက် CEP (Circular Error Probable) ဖြင့်ပင်တိုင်းတာကြပြီး အမေရိကန်ထုတ် BLU-103A/B WCMD ဗုံးပဒေသာသည် CEP 26m အတွင်းရရှိအောင်စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။သို့ရာတွင်အဆိုပါသတ်မှတ်ချက်မှာပင်မဗုံးကိုယ်ထည်၏
လုပ်ဆောင်မှုကိုသာတိုင်းတာခြင်းဖြစ်ပြီးကိုယ်ထည်အတွင်းထည့်သွင်းသည့် Bomblet ဗုံးသားပေါက်များ၏ အကျိုးသက်ရောက်မှုကိုတိုင်းတာရန်အတွက်မူ EEP (Elliptical Error Probable) ဆိုသောသတ်မှတ်ချက်အားအသုံးပြုကြပါသည်။



ဗုံးကိုယ်ထည်များ၏ဖွဲ့စည်းပုံအရဗုံးသားပေါက်များသည်သတ်မှတ်အမြင့်တစ်ခုတွင်ဖြန့်ကြဲခံရမည်ဖြစ်ပြီး
အဆိုပါဖြန့်ကြဲမှု Pattern များအတိုင်း ကျဆင်းမည်ဖြစ်ပါသည်။ဖြန့်ကြဲသည့်အမြင့်မြင့်မားလျှင်ဗုံးသားပေါက်များပြန့်ကြဲသည့်ဧရိယာကျယ်ပြန့်မည်
ဖြစ်သော်လည်းပစ်မှတ်
အပေါ်ထိရောက်မည့်သိပ်သည်းဆမှာနည်းပါးသွားမည်ဖြစ်ပါသည်။ဖြန့်ကျဲသည့်အမြင့်ပေနိမ့်ပါကလည်း
ပစ်မှတ်အပေါ်ထိရောက်မှုသိပ်သည်းဆများပြားမည်ဖြစ်သော်လည်းပြန့်ကျဲသည့်ဧရိယာကျဉ်းမြောင်းမည်
ဖြစ်ရာအဆိုပါပြောင်းပြန်အချိုးကျနေသည့်အဓိကလိုအပ်ချက်နှစ်ခုစလုံးအားသင့်တော်သည့်သတ်မှတ်ချက်
အတွင်းရရှိစေမည့်ပေါက်ကွဲမှုအမြင့် Height of Burst သည်အထူးအရေးပါမည်ဖြစ်ပါသည်။ဗုံးသားပေါက်များသည်ဗုံးကိုယ်ထည်အပြင်ရောက်သည်နှင့်ဖန်တီးထား
သည့်ဒီဇိုင်းအတိုင်းလေ
ထီးများဖြင့်သော်လည်းကောင်း၊လေထီးမပါရှိသည့်အနေအထားဖြင့်လည်းကောင်းပစ်မှတ်ဧရိယာသို့
ကျဆင်းကြမည်ဖြစ်ပါသည်။ရေပြင်ညီပျံသန်းကာအလုပ်လုပ်သည့်လေယာဉ်ဗုံးအမျိုးအစားတွင်ဗုံးသားပေါက်
များမြေပြင်သို့ကျဆင်းမည့်ဧရိယာပုံစံသည်ဘဲဥပုံ Ellip Shape ပုံစံဖြစ်ပေါ်မည်ဖြစ်ပြီးဒေါင်လိုက် ကျဆင်းကာအလုပ်လုပ်သည့်အမြောက်ကျည်အမျိုးအစားများတွင်ဗုံးသားပေါက်များမြေပြင်သို့ကျဆင်းမည့်
ဧရိယာပုံစံသည်မုန့်လက်ကောက်ပုံ Donut Shape ဖြင့်ကျဆင်းမည်ဖြစ်ပါသည်။ဗုံးပဒေသာတစ်လုံး၏ ထိရောက်မှုအတိုင်းအတာမှာဗုံး၏အရွယ်အစား၊ဗုံးသားပေါက်ပါဝင်မှုအပေါ်မူတည်ကာပြောင်းလဲနိုင်ပါသည်။
၂၅၀ကီလိုအတန်းအစားဗုံးပဒေသာတစ်လုံး၏
ထိရောက်မှုအတိုင်းအတာဧရိယာမှာအနည်းဆုံး 4000 Square Meter ခန့်ရှိနိုင်ပြီး၁၂၂မီလီမီတာဗုံးပဒေသာ အမြောက်ကျည်တစ်လုံး၏ထိရောက်မှုမှာအနည်းဆုံး 500 Square Meter ခန့်ရှိနိုင်ပါသည်။

အသုံးပြုခဲ့သည့်သမိုင်းကြောင်း



Cluster Munition များအားဒုတိယကမ္ဘာစစ်တွင်ဝင်ရိုးစွန်းနိုင်ငံ များဖြစ်သည့်အီတလီနှင့်ဂျာမန်တို့မှစတင်အသုံးပြုခဲ့ကြခြင်းဖြစ်ပြီး SD-2 Butterfly Bomb ဟုခေါ်သည့်လိပ်ပြာတောင်ဗုံးများကိုစတင် အသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။ဗီယက်နမ်စစ်ပွဲသည်ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင်ဗုံးပဒေသာခဲယမ်းအား
အများဆုံးအသုံးပြုသည့်စစ်ပွဲအဖြစ်ဖော်ပြရမည်ဖြစ်ပါသည်။ဗီယက်နမ်စစ်ပွဲတွင်ဗုံးသားပေါက် Bomblet ထုတ်လုပ်မှုနည်းပညာတိုးတက်လာခဲ့ပြီးတင့်ဖျက်/ခွင်းစွမ်းရည်နှစ်မျိုးလုံးရရှိအောင်ဖန်တီးလာကြပါသည်။၎င်း
စစ်ပွဲနောက်ပိုင်း
တွင်ဖြစ်ပွားခဲ့သည့်အင်ဒိုချိုင်းနားစစ်ပွဲတွင်မူဗုံးပဒေသာများအားဖောဖောသီသီအသုံးပြုခဲ့ကြပြီးစစ်ဖြစ်ပွား
ရာလာအိုနိုင်ငံသည်အဆိုပါအကျိုးသက်ရောက်မှုအားယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။မှတ်တမ်းများအရ
အဆိုပါစစ်ပွဲအတွင်းဗုံးသားပေါက်အရေအတွက်သန်း၂၆၀ခန့်အသုံးပြုခဲ့ကြပါသည်။

အဆိုပါစစ်ပွဲများနောက်ပိုင်းတွင်၁၉၈၂ခုနှစ်တွင်ဖြစ်ပွားခဲ့သောဖောက်ကလန်စစ်ပွဲတွင်လည်းကောင်း၊
၁၉၉၁ခုနှစ်တွင်ဖြစ်ပွားခဲ့သောပင်လယ်ကွေ့စစ်ပွဲတွင်လည်းကောင်း၊
၁၉၉၉ခုနှစ်တွင်ဖြစ်ပွားခဲ့သောချေချင်းညှာစစ်ပွဲနှင့်ကိုဆိုဗိုစစ်ပွဲ၊၁၉၉၈ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်
အီသီယိုးပီးယားအရေးအခင်း၊၂၀၀၀ခုနှစ်အာဖဂန်စစ်ပွဲ၊၂၀၀၃ခုနှစ်အီရတ်
စစ်ပွဲနှင့်၂၀၀၆ခုနှစ်တောင်လက်ဘနွန်စစ်ပွဲများတွင်ဗုံးပဒေသာများအားပုံစံအမျိုးမျိုးဖြင့်အသုံးပြုခဲ့ကြပါသည်။
အကြမ်းဖျင်းသုံးသပ်မှုများအရအာဖဂန်နိုင်ငံ၊အဇာဘိုင်ဂျန်၊ဘော့စနီးယား၊ကမ္ဘောဒီးယား၊ချက်၊ချီလီ၊ခရိုအေး
ရှား၊ကွန်ဂို၊ဂျာမနီ၊အီရတ်၊လာအို၊လက်ဘနွန်၊လစ်ဗျား၊မွန်တီနီဂရိုး၊မိုဇင်ဘတ်၊ဆားဘီးယား၊ဆိုမာလီယာ
၊တောင်ဆူဒန်၊ဆီးရီးယား၊ယူကရိန်း၊ဗီယက်နမ်၊ယီမင်နှင့်ကိုဆိုဗိုနိုင်ငံများတွင်ဗုံးပဒေသာအသုံးပြုမှုများ
၏နောက်ဆက်တွဲဖြစ်သည့်အချိန်မရွေးပေါက်ကွဲနိုင်သည့်သက်တမ်းလွန်ဗုံးသားပေါက်များရှိနိုင်သည်ဟု
သုံးသပ်ကြပါသည်။

အမျိုးအစားများ



ဗုံးပဒေသာများအားအမျိုးအစားခွဲခြားမည်ဆိုပါကထည့်သွင်းအသုံးပြုသည့်ဗုံးသားပေါက်အမျိုးအစားများနှင့်
ခွဲခြားရမည်ဖြစ်ပါသည်။
အသုံးပြုပုံပေါ်မူတည်ကာခြေလျင်သုံးနှင့်လေတပ်သုံးဟူ၍ထပ်မံခွဲခြားနိုင်သေးသော်လည်းဗုံးသားပေါက်
များ၏စွမ်းဆောင်ရည်မှာပိုမိုအရေးပါ၍အဆိုပါသတ်မှတ်မှုပုံစံဖြင့်ခွဲခြားမှသာပိုမိုသင့်တော်မည်ဖြစ်ပါသည်။
ဗုံးသားပေါက်များအားဒုတိယကမ္ဘာစစ်ကာလများတွင်အစထွက်ပေါက်ကွဲမှုဖြင့်သက်ရှိသတ္တဝါတို့အားထိခိုက်
ပျက်စီးစေရန်ဖန်တီးထုတ်လုပ်ခဲ့ကြပြီးစနက်ပိုင်းအသုံးပြုမှုတွင်ထိကွဲစနစ်အသုံးပြုသည့်စနက်များကိုအများ
ဆုံးအသုံးပြုခဲ့ကြပါသည်။ပုံသဏ္ဍာန်ပိုင်းတွင်သမားရိုးကျအမြောက်ဆန်များနှင့်ဆင်တူပြီးမြေပြင်သို့ကျဆင်း
ပုံမှန်ကန်စေရန်ဒလက်အသေများတပ်ဆင်ထားကာ Fin Stabilized Fragmentation Submunition ဟုခေါ်ဝေါ်ကြပါသည်။ အခြားပုံစံတစ်မျိုးမှာဗုံးသားပေါက်ကျဆင်းချိန်ရရှိသည့်လေတိုးအားကိုအသုံးပြုကာစနက်ပိုင်းအားအ
သက်သွင်းပေးသည့် Spin Armed Submunition အမျိုးအစားဖြစ်ပါသည်။



စစ်ဖက်နည်းပညာနှင့်စစ်ရေးအယူအဆများတိုးတက်ပြောင်းလဲလာသည့်နောက်ပိုင်းကာလများတွင်
ဗုံးသားပေါက်များ၏ပုံစံနှင့်
အသုံးပြုပုံရည်ရွယ်ချက်များမှာပြောင်းလဲလာခဲ့ပါသည်။တင့်နှင့်သံချပ်ကာယာဉ်များအသုံးပြုမှုများပြားလာ
သည့်စစ်မြေပြင်အတွက်တင့်ဖျက်စွမ်းရည်ရှိသည့်ဗုံးသားပေါက်များ၊တင့်ဖျက်/ခွင်းစွမ်းရည်နှစ်မျိုးလုံးရရှိနိုင်
သည့်ဗုံးသားပေါက်များအပြင် DPICM (Dual Purpose Improved Conventional Munition) ဟူသည့်စွမ်းရည်မြင့်ဗုံးသားပေါက်များကိုပါဖန်တီး ထုတ်လုပ်လာကြပါသည်။ရှေးဦးပိုင်းပုံစံများတွင်ဗုံး
ကျဆင်းမှုတည်ငြိမ်စေရန်ဒလက်များတပ်ဆင်သည့်ပုံစံကိုအသုံးပြုခဲ့ကြပါသည်။
သို့ရာတွင်တင့်ဖျက်ခဲယမ်းတစ်မျိုးအတွက်မဖြစ်မနေလိုအပ်သော Stand Off Distance နှင့်ဒလက်များတပ်ဆင်ရန်အတွက်အကွာအဝေးတစ်ခုလိုအပ်မည်ဖြစ်ရာယခင်ဗုံးသားပေါက်ဒီဇိုင်းများအတိုင်း


ထုတ်လုပ်ရန်
မဖြစ်နိုင်ကြောင်းတွေ့ရှိလာရပါသည်။အလားတူပင်ဗုံးသားပေါက်၏အရွယ်အစားအကြီးအသေးသည်ပင်မဗုံး
ကိုယ်ထည်အတွင်းဝင်ဆံ့သည့်အရေအတွက်အနည်းအများအပေါ်အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။
အဆိုပါကန့်သတ်ချက်များအားကျော်လွှားရန်တီထွင်ဖန်တီးမှုများမှတဆင့်ဗုံးသားပေါက်ထုတ်လုပ်မှုနည်းပညာ
တစ်ခေတ်ပြောင်းလဲခဲ့ပါသည်။အများဆုံးအသုံးပြုခဲ့ကြသည့်ပုံစံမှာနောက်မြီးပိုင်းနှင့်စနက်ထိပ်ဖူးပိုင်းအား
စပရိန်များအသုံးပြုကာဗုံးသားပေါက်၏အလျားအားလျော့ကျစေခြင်းဖြစ်ပါသည်။ဗုံးသားပေါက်များအနေဖြင့်ပင်
မဗုံးကိုယ်ထည်မှထွက်ခွာသည့်အခါစပရိန်အားဖြင့်ကန်ထွက်ပြီးပေါက်ကွဲရန်အသင့်အနေအထားသို့ရောက်
ရှိစေသည့်ပုံစံဖြစ်ပါသည်။

အဆိုပါဒီဇိုင်းများ၏နောက်ပိုင်းတွင်ဗုံးသားပေါက်၏ကျဆင်းမှုပုံစံအားထိန်းကျောင်းရန်အတွက်ဒလက်များအ
သုံးပြုမှုမှသည်လေ
ထီးပြောင်းလဲအသုံးပြုသည့်ပုံစံကိုအသုံးများလာကြပါသည်။လေထီးများအသုံးပြုမှုသည်ပင်မဗုံးကိုယ်ထည်
အတွင်းထည့်သွင်းရာတွင်ပိုမိုဝင်ဆံ့စေပြီးကျဆင်းမှုမှန်ကန်စေရန်လည်းအထောက်အပံ့ဖြစ်စေသည့်အပြင်
စနက်ပိုင်းအလုပ်လုပ်မှုအားလည်းပိုမိုတိကျမှန်ကန်စေပါသည်။နောက်ပိုင်းတွင်အဆိုပါလေထီးအသုံးပြုသည့်
ပုံစံသည်အသုံးများသောပုံစံဖြစ်လာခဲ့ပါသည်။အမေရိကန်အနေဖြင့် WCMD (Wind Corrected Munition Dispenser) ဟူသည်ဗုံးသားပေါက်အမျိုးအစားအား CBU-97 ဗုံးပဒေသာစနစ်တွင် ထည့်သွင်းအသုံးပြုလျက်ရှိရာဗုံးပဒေသာစနစ်များအနက်နည်းပညာမြင့်မားသည့်ခဲယမ်းစနစ်ဖြစ်ပါသည်။
အဆိုပါစနစ်တွင်ဗုံး
သားပေါက်များသည်အတွဲလိုက်စနစ်ဖြင့်လေထီးဖြင့်ဆင်းလာကာသတ်မှတ်အမြင့်တွင်ထပ်မံခွဲထွက်၍ပစ်
မှတ်၏အပူထွက်ရှိရာနေရာအားရှာဖွေပြီးထိခိုက်ပျက်စီးစေသည့်စနစ်ကိုအသုံးပြုကြပါသည်။

ဗုံးသားပေါက်အသုံးပြုမှုနေဖြင့်အမျိုးအမည်ခွဲခြားပါကများပြားမည်ဖြစ်သော်လည်းပစ်မှတ်အလိုက်အ
သုံးပြုမှုနှင့်စစ်ရေးရည်မှန်း
ချက်အလိုက်အသုံးပြုမှုဟူ၍ထပ်မံခွဲခြားပါကပိုမိုရှင်းလင်းမည်ဖြစ်ပါသည်။ပစ်မှတ်အလိုက်အသုံးပြုမှုအပိုင်း
တွင်ရိုးရှင်းစွာပင်ခွင်းဗုံး (Anti Personnel) နှင့်တင့်ဖျက်ဗုံး (Anti Armour) ဟူ၍ခွဲခြားနိုင်ပါသည်။ မျိုးကွဲများရှိနိုင်သော်လည်းအခြေခံတည်ဆောက်ပုံအနေဖြင့်အဆိုပါအမျိုးအစားနှစ်မျိုးပေါ်တွင်သာအခြေပြု
တည်ဆောက်ကြသည်
ကိုတွေ့မြင်နိုင်ပါသည်။စစ်ရေးရည်မှန်းချက်အလိုက်အသုံးပြုမှုအားရှင်းလင်းရပါကပစ်မှတ်ဧရိယာအားချေ
မှုန်းခြင်းနှင့်ပစ်မှတ်ဧရိယာအားပိတ်ဆို့ခြင်းဟူ၍ခွဲခြားနိုင်ပါသည်။တိုက်စစ်သေဘောဆောင်သည့်
ပစ်မှတ်ဧရိယာအားချေမှုန်းခြင်းအပိုင်းသည်ထိကွဲစနစ်သုံးစနက်များတပ်ဆင်ထားသည့်ဗုံးသားပေါက်များ
အသုံးပြုခြင်းဖြစ်ပြီးခံစစ်သဘောဆောင်သည့်ပစ်မှတ်ဧရိယာအားပိတ်ဆို့ခြင်း
အပိုင်းသည်မိုင်းဆန်သောအချိန်ဆိုင်းစနစ်များပါရှိသည့်ဗုံးသားပေါက်များအသုံးပြုခြင်းဖြစ်ပါသည်။

ပိတ်ရခြင်းအကြောင်းအရင်း



ဗုံးပဒေသာများအနေဖြင့်အသုံးပြုရာတွင်ထိရောက်မှုရှိသည့်တိုင်အရပ်ဖက်အဖွဲ့အစည်းများအပေါ်ဘေး
ထွက်ဆိုးကျိုးများရှိ၍အသုံးပြုခွင့်ပိတ်ပင်ထားပါသည်။
ဗုံးပဒေသာစနစ်၏အလုပ်လုပ်ဆောင်ပုံအဆင့်ဆင့်အားပြန်လည်လေ့လာပါက
ဤခဲယမ်းအမျိုးအစားအားအဘယ်ကြောင့်ပိတ်ပင်ရသည်ကိုအောက်ပါအတိုင်းမြင်တွေ့ရမည်ဖြစ်ပါသည်-
()ကြဲချခြင်း/ပစ်လွှတ်ခြင်း-အခြားခဲယမ်းများနှင့်ကွဲပြားသောခြားနားချက်မရှိပါ။
()ပစ်မှတ်ဧရိယာအထက်တွင်ဗုံးသားပေါက်များခွဲထုတ်ခြင်း-လေကွဲကျည်များသည်လည်းပစ်မှတ်ဧရိယာအထက်တွင်ပေါက်ကွဲကြခြင်းဖြစ်ရာသဘောသဘာဝတူညီပါသည်
()ပစ်မှတ်ဧရိယာအားပျက်စီးစေခြင်း-ဗုံးပဒေသာစနစ်တစ်ခု၏ဖျက်ဆီးနိုင်စွမ်းမှာကြီးမားသော်လည်းယာဉ်တင်ဒုံးစနစ်တစ်ခု၏အတွဲလိုက်ပစ်အားမှ
ဖျက်ဆီးနိုင်စွမ်းအားဖြင့်ယှဉ်ပါကနည်းပါးမည်သာဖြစ်ပါသည်။
()တိုက်ခိုက်မှုပြီးဆုံးချိန်-အခြားခြေလျင်တပ်သုံးခဲယမ်းများအနေဖြင့်ချို့ယွင်းချက်တစ်ခုခုကြောင့်ပေါက်ကွဲခြင်းမရှိပါကအရွယ်အစား
အတိုင်းအတာအရမြင်
သာထင်သာရှိနိုင်သော်လည်းဗုံးပဒေသာများအနေဖြင့်မူအရွယ်အစားအရရှင်းလင်းရန်ခက်ခဲသည့်
အပြင်အရေအတွက်လည်းများပြားပါသည်။



အထက်ပါသုံးသပ်ချက်များအရဗုံးပဒေသာများအားအသုံးပြုခွင့်ပိတ်ပင်ရသည်မှာအသုံးပြုပြီးချိန်မပေါက်
ကွဲဘဲကျန်ရှိသောဗုံးသားပေါက်
များ၏အရပ်ဖက်အဖွဲ့အစည်းအပေါ်ကျရောက်လာနိုင်သည့်အန္တရာယ်ကြောင့်ဖြစ်သည်ဟုသုံး
သပ်နိုင်မည်ဖြစ်ပါသည်။ယခင်ကစစ်မြေပြင်သည်လူနေထူထပ်သည့်ရပ်ရွာမြို့များအနီးတွင်ဖြစ်ပွားမှု
နည်းသော်
လည်းနောက်ပိုင်းစစ်ပွဲပုံစံများသည်မြို့ရွာများအနိးတွင်ပိုမိုဖြစ်ပွားလာသည်ကိုတွေ့မြင်နိုင်မည်ဖြစ်ပါသည်။
စစ်မက်ဖြစ်ပွားချိန်နှစ်ဖက်တပ်တို့အပြိုင်အဆိုင်တိုက်ခိုက်ကြသည့်စစ်မြေပြင်သည်စစ်မက်ပြီးဆုံးချိန်တွင်
အရပ်ဖက်လူနေဧရိယာအဖြစ်ပြန်လည်အသုံးပြုကြမည်ဖြစ်ရာမပေါက်ကွဲဘဲကျန်ရှိမည့်ခဲယမ်းများသည်
အပြစ်မဲ့သူများအတွက်အန္တရာယ်အဖြစ်ရုပ်လုံးပေါ်လာမည်ဖြစ်ပါသည်။
အရွယ်အစားကြီးမားသည့်ခဲယမ်းများအနေဖြင့်
မျက်မြင်တွေ့ရှိရှင်းလင်းနိုင်သော်လည်းအရွယ်အစားသေးငယ်ပြီးအရေအတွက်များပြားသည့်ဗုံးပဒေသာစ
နစ်များမှာမူရှင်းလင်းရန်လွယ်ကူမည်မဟုတ်ချေ။
တဖန်အသုံးပြုသည့်စနက်အမျိုးအစားနှင့်ကျည်ပျံသန်းရာလမ်းကြောင်း
များကိုနှိုင်းယှဉ်ပါကသမားရိုးကျခဲယမ်းများအနေဖြင့်ပစ်မှတ်နှင့်ထိတွေ့မှုကောင်းမွန်စေရန်တည်ဆောက်
ထားကြပြီးထိတွေ့ချိန်
မပေါက်ကွဲပါကနောင်ပေါက်ကွဲရန်ခဲယဉ်းသည့်အနေအထားဖြစ်သော်လည်းဗုံးပဒေသာ
စနစ်များမှာမူပစ်မှတ်နှင့်ထိတွေ့မှုအားမှန်းဆရန်ခက်ခဲသကဲ့သို့ထိတွေ့ချိန်ပုံမမှန်မှုကြောင့်စနက်စနစ်များ
မှာအသင့်အနေအထား၌ပင်ရှိနေနိုင်ပြီး
ကိုယ်တွယ်ထိတွေ့သူအားအန္တရာယ်ပေးရန်အသင့်အနေအထားဖြင့်ရှိနေနိုင်ကြပါသည်။
အများအားဖြင့်ဗုံးပဒေသာများကြောင့်ထိခိုက်ဒဏ်ရာရသူများမှာ
ဗဟုသုတနည်းပါးသူများနှင့်ကလေးငယ်များဖြစ်တတ်ကြကာမပေါက်ကွဲသေးသည့်
ဗုံးသားပေါက်များအားကိုင်တွယ်နေရာရွှေ့ပြောင်းခြင်း
၊ဆော့ကစားခြင်းတို့ဖြင့်အသက်အန္တရာယ်ဖြင့်ကြုံတွေ့ကြရပါသည်။
ပစ်မှတ်ဧရိယာတစ်ခုအားပိတ်ဆို့ရန်ရည်ရွယ်သည့်မိုင်းအသုံးပြုမှုတွင်လည်းစွန့်
လွှတ်မိုင်းအယူအဆသည်အရပ်ဖက်အဖွဲ့အစည်းအားထိခိုက်စေနိုင်သည်ဖြစ်ရာနိုင်ငံတကာ
သဘောတူညီချက်အနေဖြင့်ဗုံးပဒေသာစနစ်များ၊နင်းမိုင်းနှင့်အခြားသော
စွန့်လွှတ်မိုင်းစနစ်များအသုံးမပြုရန်ပိတ်ပင်ထားကြပါသည်။

အသုံးပြုခွင့်ရှိသောဗုံးပဒေသာများ



ဗုံးပဒေသာများအားအထက်ပါအကြောင်းခြင်းရာများကြောင့်အသုံးပြုခွင့်ပိတ်ပင်ထားသော်လည်း
စစ်မြေပြင်တွင်အကျိုးသက်ရောက်
မှုကောင်းမွန်သောကြောင့်ဝိနည်းလွတ်ဖန်တီးအသုံးပြုမှုများပေါ်ပေါက်လာခဲ့ပါသည်။အသုံးပြု
ခွင့်ပိတ်ပင်ရခြင်းကန့်သတ်ချက်မှာတိုက်ပွဲပြီးဆုံးချိန်တွင်အသက်ဝင်ကာအန္တရာယ်ရှိစေနိုင်ခြင်းကြောင့်ဖြစ်ရာ
တိုက်ပွဲပြီးဆုံးချိန်တွင်ဗုံးသည်အသက်မဲ့သွားပါက(သို့မဟုတ်)အလိုအလျောက်ပျက်စီးသွားပါက
အသုံးပြုနိုင်သည့်အဓိပ္ပါယ်သက်ရောက်မည်ဖြစ်ပါသည်။ထို့အတွက်ပင်အဆိုပါစည်းမျဉ်းဘောင်များအတွင်းမှ
ပင်ကန့်သတ်ချက်
များနှင့်ကိုက်ညီသောဗုံးပဒေသာအမျိုးအစားများအားဖန်တီးထုတ်လုပ်အသုံးပြုလျက်ရှိကြပါသည်။ဗုံးပဒေသာ
အသုံးပြုမှုနှင့်မိုင်းအသုံးပြုမှုကန့်သတ်ထိန်းချုပ်ရေးဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းဖြစ်သော GICHD (Geneva International Centre fof Humanitarian Demining) အဖွဲ့အစည်း၏ ၂၀၁၆ခုနှစ်မေလတွင်ထုတ်ဝေသော A Guide to Cluster Munition(Third Edition) တွင်လည်းအသုံးပြုခွင့်မရှိသည့် Cluster Munition ဗုံးပဒေသာနှင့်အသုံးပြုနိုင်သည့်ခဲယမ်းများအားအောက်ပါ အတိုင်းခွဲခြားသတ်မှတ်ဖော်ပြခဲ့ပါသည်-

“Cluster Munition” means a conventional munition that is designed to disperse or release explosive submunitions each weighing less than 20 kilograms,and which includes those explosive submunitions.
It does not mean the following:
(a)a munition or submunition designed to dispense flares,smoke,pyrotechnics or chaff;or a munition designed exclusively for an air defence role;
(b)a munition or submunition designed to produce electrical or electronic effects;
(c)a munition that’in order to avoid indiscriminate area effects and the risks posed by unexploded submunitions,has all of the following characteristics:
(1)each munition contains fewer than ten explosive submunitions;
(2)each explosive submunition weighs more than four kilograms;
(3)each explosive submunition is designed to detect and engage a single target object;
(4)each explosive submunition is equipped with an electronic self-destruction mechanism;and
(5)each explosive submunition is equipped with an electronic self-deactivating feature.

အထက်ပါသတ်မှတ်ချက်များအရလေကြောင်းရန်ကာကွယ်ရေးရည်ရွယ်ချက်များအတွက်အသုံးပြုသော၊
အီလက်ထရောနစ်စစ်
ဆင်ရေးရည်ရွယ်ချက်များအတွက်အသုံးပြုသော၊အလေးချိန်လေးကီလိုဂရမ်ထက်ပိုမိုသော၊ပစ်
မှတ်တစ်ခုကိုသာရည်ရွယ်သော၊သတ်မှတ်ချိန်ရောက်ပါကအလိုအလျောက်ပျက်စီးစေနိုင်သည့်စနက်
စနစ်များပါဝင်သော၊အလိုအလျောက်အသက်မဲ့စေသည့်စနက်စနစ်များပါဝင်သောခဲယမ်းများအား 
 Cluster Munition ဗုံးပဒေသာဟုမသတ်မှတ်ဘဲအသုံးပြုရန်ခွင့်ပြုထားသည် ကိုတွေ့မြင်နိုင်ပါသည်။

ခဲယမ်းထုတ်လုပ်သူများအနေဖြင့်အဆိုပါကန့်သတ်ချက်ဘောင်များအတွင်းမှထုတ်လုပ်နိုင်ရေးကြံဆခဲ့ကြပြီး
သတ်မှတ်ချက်များနှင့်
ကိုက်ညီသည့် Bomblet ဗုံးသားပေါက်များအားဖန်တီးထုတ်လုပ်လာခဲ့ကြပါသည်။


  ကန့်သတ်ချက်များအရပစ်မှတ်ဧရိယာသည်တိုက်ခိုက်မှုများ
အပြီးတွင်မကွဲဗုံးများရှင်းလင်းသော၊မရှိသော
ဧရိယာဖြစ်ရန်ဦးစားပေး
လိုအပ်ရင်းဖြစ်ရာဗုံးသားပေါက်များအားပစ်မှတ်သို့ထိတွေ့ချိန်တွင်ပေါက်
ကွဲစေရန်နှင့်ထိတွေ့
မှုမရရှိပါကလည်းသတ်မှတ်ချိန်တွင်အလိုအလျောက်ပေါက်ကွဲစေရန် Self Destruction စနစ်များတပ်ဆင်အသုံးပြုလာကြပါသည်။ အစောပိုင်းအသုံးပြုမှုများတွင်အလိုအလျောက်ပေါက်ကွဲစေရန်
ဓါတုဗေဒနည်းလမ်းဖြစ်သည့်အချိန်
ဆိုင်းယမ်းများအသုံးပြုခဲ့ကြပြီး
အီလက်ထရောနစ်နည်းပညာများတိုးတက်ထွန်းကားလာသည့်အခါ
၎င်းစနစ်များကိုအစားထိုး
သုံးစွဲလာကြပါသည်။ခေတ်သစ်ဗုံးသားပေါက်များ
အားပစ်မှတ်မြေပြင်သို့ရောက်ရှိချိန်တွင်ဖန်တီး
ထားသည့်ဒီဇိုင်း
အလိုက် Anti Personnel Effect Anti Armour Effect များအတိုင်းပေါက်ကွဲစေရန်(သို့မဟုတ်) သတ်မှတ်အချိန်အတိုင်းအတာတစ်ခုအတွင်းပေါက်
ကွဲရန်အသင့်အနေအထားအတိုင်းစောင့်ဆိုင်းရန်၊
သတ်မှတ်အချိန်ကျော်လွန်ပါကအသက်မဲ့စေရန်၊အလိုအလောက်ပျက်စီးစေရန်အီလက်ထရော
နစ်နည်းပညာအကူအညီရယူထုတ်လုပ်လာကြပြီဖြစ်ပါသည်။

ယနေ့အချိန်တွင်အင်အားကြီးနိုင်ငံများအနေဖြင့်ကန့်သတ်ချက်ဘောင်များအတွင်းမှပင်ထုတ်လုပ်ခြင်း၊
ထားသိုခြင်း၊အသုံးပြုခြင်း
များဆောင်ရွက်လျက်ရှိပါသည်။နိုင်ငံအလိုက်မျိုးကွဲအမျိုးမျိုးရှိသည့်အနက်အင်အားကြီးနှစ်နိုင်ငံဖြစ်သော
အမေရိကန်နှင့်ရုရှတို့၏ဗုံးပဒေသာမျိုးကွဲများကိုဖော်ပြရပါကအမေရိကန်အနေဖြင့်ဗုံးပဒေသာများအား CBU Series (Cluster Bomb Unit) ဖြင့်သတ်မှတ်ပြီးရုရှအနေဖြင့် RBK Series ဖြင့် ထုတ်လုပ်ကြပါသည်။နိုင်ငံအလိုက်အသုံးပြုကြသည့်ဗုံးသားပေါက်များအနက်မှထူးခြားသည့်စနစ်များ
ကိုရွေးချယ်
တင်ပြရပါကအမေရိကန်၏ BLU-108 (Bomb Live Unit) နှင့် ADAM (Area Denial Artillery Munition) နှစ်မျိုးအားရွေးချယ်တင်ပြလိုပါသည်။ BLU-108 ဗုံးသားပေါက်များအား CBU-97 Sensor Fuze Wepon ဟု အမည်ရသည့်လေတပ်သုံးဗုံးပဒေသာတွင်ထည့်သွင်းအသုံးပြုခြင်းဖြစ်ပြီးတင့်ဖျက်ရည်ရွယ်ချက်များ
အတွက်အဓိကအသုံးပြုသည့်
ဗုံးသားပေါက်အမျိုးအစားဖြစ်ပါသည်။အဆိုပါဗုံးသားပေါက်များအနေဖြင့်မြေပြင်သို့ကျဆင်းချိန်
တွင်အပူအာရုံခံစနစ်များဖြင့်ပစ်မှတ်အားရှာဖွေနိုင်သည့်စွမ်းရည်ပါရှိပြီးတိကျစွာတိုက်ခိုက်နိုင်ရန်ဖန်တီးထုတ်
လုပ်ထားသကဲ့သို့ပစ်မှတ်မတွေ့ရှိပါကလည်း SD(Self Destruction) စနစ်ဖြင့်အလိုအလျောက် ပျက်စီးစေကာစစ်မြေပြင်အား Clean Field တစ်ခုအဖြစ် ကျန်ရစ်စေမည်ဖြစ်ပါသည်။အခြားတစ်မျိုးဖြစ်သည့် ADAM ခဲယမ်းအားမူခြေလျင်တပ်သုံး 155mm Howitzer အသုံးပြုပစ်ခတ် ရမည်ဖြစ်ပြီးပစ်မှတ်ဧရိယာအားပိတ်ဆို့ရန်အသုံးပြုသည့်မိုင်းအမျိုးအစားဖြစ်ပါသည်။ဗုံးသားပေါက်များ
အနေဖြင့်မြေပြင်သို့ကျရောက်
သည်နှင့်အသက်ဝင်ကာမိုင်းများအဖြစ်ဧရိယာအားပိတ်ဆို့ထားမည်ဖြစ်ပါသည်။အလုပ်လုပ်ဆောင်
ပုံအနေဖြင့်မိုင်းကိုယ်ထည်ရှိအာရုံခံကြိုးမျှင်များအားထိမိသည်နှင့်ပေါက်ကွဲစေရန်ဖန်တီးထားပါသည်။
မိုင်းများအားအချိန်အတိုင်းအတာတစ်ခုအထိအသက်ဝင်နေစေရန်ဖန်တီးသတ်မှတ်နိုင်ပြီးအနည်းဆုံးလေး
နာရီမှအများဆုံးတစ်ရက်အထိအသက်ဝင်အောင်ဖန်တီးနိုင်ပါသည်။အဆိုပါသတ်မှတ်ချိန်ကျော်လွန်
သည်နှင့်မိုင်းများမှာအလိုအလျောက်အသက်မဲ့သွားခြင်း၊ပေါက်ကွဲခြင်းများဖြစ်ပေါ်ကာစွန့်လွှတ်မိုင်းကင်း
ရှင်းသည့် Clean Field တစ်ခုဖြစ်သွားစေမည်ဖြစ်ပါသည်။

နိဂုံး



Cluster Munition ဗုံးပဒေသာများအနေဖြင့်အသုံးပြုရာတွင် ထိရောက်သောအကျိုးရလာဒ်များရရှိနိုင်၍နိုင်ငံတကာတပ်မတော်များအနေဖြင့်ကန့်သတ်ချက်များ၏
စည်းဘောင်များအတွင်းမှပင်
ဖန်တီးထုတ်လုပ်အသုံးပြုလျက်ရှိပါသည်။ယခု Post တွင် Cluster Munition များ၏သဘောသဘာဝများ၊အသုံးပြုရန်ကန့်သတ်ရခြင်းကြောင်းအချက်များနှင့်အဆိုပါကန့်သတ်ချက်များအား
မည်သို့ကျော်လွှားကာဖန်တီးထုတ်လုပ်အသုံးပြုကြသည်ကိုအယူအ
ဆပိုင်းဦးစားပေးဖော်ပြလိုရင်းဖြစ်ရာအမျိုးအစားများ၊အသုံးပြုမှုများနှင့်လုပ်ဆောင်ပုံများကျန်ရှိမည်ဖြစ်ပါသည်
။ရေးသားဖော်ပြမှုတွင်အချက်အလက်မပြည့်စုံမှု၊မှားယွင်းမှုပါရှိပါကနားလည်နိုင်ပေးနိုင်ပါရန်ဖော်ပြ
အပ်ပါသည်။


No comments:

Post a Comment