Thursday, March 19, 2015

ပြည်ပဆရာဝန်ကြီးများ၏ ၀ါးခယ်မ ကုသိုလ်ဖြစ်ဆေးကုသမှု





ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) သည် သူ၏ မူလ ဦးတည်ချက်များဖြစ်သော ပညာ / ကျန်းမာ / သာယာ ဟူသော လုပ်ငန်းစဉ်များအနက် ယခုနောက်ပိုင်းတွင် မြို.နယ် ဖွံ.ဖြိုးရေး လုပ်ငန်းများက ခပ်စိပ်စိပ် တွေ.မြင်လာရသလို ပညာရေးဆိုင်ရာ ထောက်ပံ.မှု ကလည်း ပိုမိုကျယ်ပြန်.လာသည်ကိုတွေ.နေရသည် ။ ထို.အပြင် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ကလည်း တစ်နှစ်လျှင် အနည်းဆုံး ၃ကြိမ်ခန်. ကုသိုလ်ဖြစ် အခမဲ့ ကုသမှု လုပ်ငန်းများ ပြုလုပ်နိုင်ခဲ့သည်ကိုတွေ.ရသည် ။ 

ထူးခြားချက် အနေဖြင်. ၂၀၁၄ - ၂၀၁၅ နှစ် ပိုင်းများမှ စ၍ ပညာရေးဆိုင်ရာ / ကျန်းမာရေးဆိုင်ရာ / မြို.နယ် ဖွံ.ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အသင်းအနေဖြင်. NGO များ INGO များ နှင်.ပါ ပူးပေါင်းဆောင်ရွက်လာသည်ကိုတွေ.ရပါသည် ။ထို လုပ်ငန်းစဉ်များအနက် ၂၀၁၅ မတ်လ ၁၄ ရက်နေ.ကလည်း မြို.နယ် အသင်း၏ ချိတ်ဆက် စီစဉ်မှု ဖြင်. အမေရိကန် အထူးကုဆရာဝန်များအဖွဲ.၏ အထွေထွေ ၊ နှလုံး နှင်. ကလေးအထူးကု ဆိုင်ရာ အခမဲ့ စမ်းသပ် ၊ ကုသမှု လုပ်ငန်း တစ်ရပ်ကို ၀ါးခယ်မပြည်သူ.ဆေးရုံကြီးတွင် ပြု လုပ်ခဲ့ကြောင်းသိရပါသည် ။

ထို ကုသိုလ်ဖြစ် Medical Combine Team တွင် Rotary International မှတာဝန်ရှိသူ ၂ ဦး ၊  Cardiologist MD ( Adult ) ၂ ဦးဖြစ်သော Wolfram  Koehler နှင်. Jerold Hawn တို.ဦးဆောင်သော အမေရိကန် - ကနေဒါ - ဂျာမဏီ တို.မှ အထူးကုဆရာဝန် - သူနာပြု နှင်. ဆေးဘက်ဆိုင်ရာ ပညာရှင် ၁၂ ဦး ပါဝင်သည်. Cardiostart International Group  ၊ ပင်လုံဆေးရုံ အုပ်စုမှ Director ဒေါက်တာဝမ်းမောင် ဦးစီးသော GM တစ်ဦး - ဆရာဝန် ၃ဦး - ဆေးဘက်ပညာရှင်နှင်. အထောက်အကူပြု ၉ ဦး   နှင်. SSC မှ ဆရာဝန် ၂ဦး - သူနာပြု နှင်. အထောက်အကူပြု ၃ ဦး ပါဝင်သောအဖွဲ. ၊ KBZ Group မှ Director ၁ ဦး - GM တစ်ဦး တို. ပါဝင်ခဲ့ကြပါသည်

RI တာဝန်ရှိသူ တစ်ဦး၏ အသိအမှတ်ပြုမှု
 Medical Team အနေဖြင်. မနက် ၈း၀၀ နာရီသာသာခန်.တွင် ရန်ကုန်မှ ရောက်ရှိလာခဲ့ပြီး ကြိုတင်စောင်.ဆိုင်းနေသော ဝေဒနာရှင်များကို စမ်းသပ် ကုသခဲ့ကြပါသည် ။ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) တာဝန်ရှိသူများ ၊ ဆေးရုံ အုပ်ကြီးနှင်. ဆရာဝန် /သူနာပြု နှင်. ၀န်ထမ်းများ ၊ မြို.ခံ ဆရာဝန်များ နှင်. အကျိုးဆောင် လူငယ်များ ၊ အဖွဲ.များ မှ အဆင်ပြေချောမွေ.စွာ စမ်းသပ် ကုသနိုင်ရေး ၀ိုင်းဝန်း ပံ.ပိုး ကူညီပေးခဲ့ကြပါသည် ။ လူနာမှတ်ပုံတင်စာရင်းသွင်းခြင်း ကို ၀ါးခယ်မ GTI မှဆရာမများ နှင်. မြို.ခံများ ၊ လူနာများ တွဲကူ /ခေါ်ယူ ခြင်း / ကုသရေးဆိုင်ရာ ကူညီစီမံခြင်းများအတွက် ၀ါးခယ်မ GTI မှကျောင်းသားများ - ကြက်ခြေနီအချို. - ၀ါးခယ်မမြို.နယ်အသင်း အလုပ်အမှုဆောင်နှင်. အကျိုးဆောင်များ ၊လူနာနှင်. လူနာစောင်.တို.အတွက်နေ.လည်စာချက်ပြုတ်ခြင်းနှင်.ဝေငှကျွေးမွေးခြင်းကိုမြို.မကျောင်းဆရာတော် ၏ သြ၀ါဒခံ စိတ်ထားဖြူစင် လူငယ်များ -  မြို.ခံအကျိုးဆောင် လူငယ်များ - အရံမီးသတ် များ ၊ ကုသရေးအဖွဲ.အား ကူညီလုပ်ဆောင်ခြင်းအတွက် မြို.ခံ လူငယ်ဆရာဝန်များ ၊ အစီအစဉ် တစ်ရပ်လုံးအတွက် အောက်ခြေသိမ်း လုပ်ငန်းများမှအစ အားလုံးကို ၀ါးခယ်မမြို.နယ်အသင်း အကျိုးဆောင်များ ၊ လူနာတင်ကားစောင်.ရှောက်ထိမ်းသိမ်းရေး ကော်မတီဝင်များ နှင်. မြို.ခံလူမှုရေး တက်ကြွသူလူငယ်များက တက်ကြွစွာ ကူညီပေးခဲ့ကြပါသည် ။

လာရောက်ဆေးကုသခဲ့ကြသော ဝေဒနာရှင်များအား တစ်ဦးလျှင် ထမင်း ၂ထုပ်စီ ( ဝေဒနာရှင် ၁ + အကူ ၁ ) ကို ဝေငှပေးခဲ့ပါသည် ။ ထိုကုန်ကျစရိတ် ၅၇၂ , ၀၀၀ ကျပ်ကို ဒေါက်တာဇော်ထွန်း မိသားစု ( SSC ) မှ ကုသိုလ်ပြု လှုဒါန်းခဲ့ပါသည် ။Medical Combine Team တစ်ခုလုံးနှင်. ဧည်.သည်တော် အားလုံးအတွက် ကျွေးမွေး ဧည်.ခံ စရိတ်ကို မြို.နယ်ကျန်းမာရေးကော်မတီမှ တာဝန်ယူလှုဒါန်းခဲ့ပါသည် ။  ကုသ မှု များကို ညနေ ၄း၀၀ နာရီ ခန်.တွင် အဆုံးသတ်ခဲ့ပြီး ဝေဒနာရှင်စုစုပေါင်း ၃၀၀ ကျော် စမ်းသပ် ကုသနိုင်ခဲ့ပါသည် ။ Echo Cardiogram ရိုက်ရန် ကျန်သော ဝေဒနာရှင် ၁၅ ဦးခန်.ကိုမူ ရန်ကုန်သို. နောက်ရက်တွင် လာရောက်ပြီး စမ်းသပ်နိုင်ရန် ဝေဒနာရှင် တစ်ဦးလျှင် အကူ တစ်ဦး နှုံး ဖြင်. စရိတ်ငြိမ်း လာရောက် စမ်းသပ်နိုင်ရန် အပြင် ရွှေတိဂုံ ဘုရားဖူးမျှော်ရန်အတွက်ပါ စီစဉ်ပေးရာ ၈ ဦး မှ လာရောက်ရန် သဘောတူခဲ့ကြပြီး ၁၆ ရက်နေ.မနက်က ၇ဦး လာရောက်ခဲ့ပါသည် ။ထို ၇ ဦးအနက် ၃ ဦးမှာ ဆေးရုံတက် ကုသရန်လိုအပ်သဖြင်. လိုအပ်သည်များစီစဉ်ပြီးနောက် တက်ရောက်မည်ဖြစ်ပါသည် ။ ခရီးစဉ်တွင်ပါလာသော ၂ ဦး ယခု ၃ ဦးပေါင်း ၅ ဦးအား ပင်လုံဆေးရုံတွင် စရိတ်ငြိမ်းတာဝန်ယူကုသပေးမည်ဖြစ်ပြီး ထိုစရိတ်အားလုံးကို ပင်လုံဆေးရုံအုပ်စုမှ ကျခံလှုဒါန်းမည်ဖြစ်ပါသည် ။

စမ်းသပ် ကုသမှုများ အပြီး တွင် ပင်လုံ ဆေးရုံ လုပ်ငန်းစု ဒေါက်တာဇော်ထွန်း - ဇနီး ဒေါ်ဌေးဌေးကြည် - သားမောင်ကောင်းမြတ် - သမီး စိမ်းလဲ့ရည် မိသားစု မှ ၀ါးခယ်မပြည်သူ.ဆေးရုံအတွက် လှုဒါန်းသော သိန်း ၂၀ကို GM ဒေါ်အေမာမောင် မှ ဆေးရုံအုပ်ကြီးသို.လည်းကောင်း  CardioStart  Group မှ ၅သိန်းကျပ် ကို Jerold Hawn မှဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်အေးရ အား လည်းကောင်းလှုဒါန်းခဲ့ကြပြီး ပင်လုံဆေးရုံ အုပ်စုမှ ကုသပြီးပိုလျှံသောဆေးဝါးအားလုံးအား ဆေးရုံကြီးသို. လှုဒါန်းခဲ့ကြပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ် အသင်း မှ Team တွင်ပါဝင်သူများအား အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ တစ်ဦးချင်းစီပေးအပ်ပြီး အသင်းရင်ထိုးတံဆိပ်များအား အမှတ်တရ တပ်ဆင်ပေးခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြကာ ညနေ ၄နာရီခန်.တွင် Medical Combine Team ပြန်လည်ထွက်ခွာသွားခဲ့ပါသည် ။

ကုသရေးအဖွဲ.၀င်များ ၊ မြို.နယ်အသင်း အမှုဆောင်များ ၊ အကျိုးဆောင်များ ၊ ကူညီကြသူများ
 ယခုလာရောက်သော CardioStart International Group သည် Rotary International ၏ ဘဏ္ဍာရေး တာဝန်ယူမှုဖြင်. ကုသိုလ်ဖြစ် ဆေးကုသမှုကို မြန်မာနိုင်ငံသို. လာရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး Rotary International ၏ မြန်မာပြည်ပထမဆုံးခရီးစဉ်လည်းဖြစ်ပါသည် ။RI အဖွဲ.မှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် အခြေစိုက်ပြီး ကလပ်ပေါင်း ၂၅၀၀၀ ကျော် ၊ အဖွဲ.၀င်အင်အား ၁၃သိန်းကျော်ဖြင်. လူမှုရေး အကူအညီပေးနေသော ပရဟိတအဖွဲ.ဖြစ်သည်ဟု သိရသည် ။ ကုသိုလ်ဖြစ် ဆေးကုသမှု ခရီးစဉ်၏ အစမြို. အဖြစ် ၁၃ ရက်နေ.တွင် ဖောင်ကြီးသို.သွားရောက်ခဲ့ပြီး ၀ါးခယ်မ မှာ ဒုတိယမြို. ဖြစ်ပါသည် ။ရန်ကုန်မြို.တွင်မူ ပင်လုံဆေးရုံအုပ်စု ၊ ရန်ကင်းကလေးဆေးရုံ တို.နှင်. ပူးပေါင်း လုပ်ကိုင်နေသည်ဟု သိရပါသည် ။ယခု ခရီးစဉ်အတွက် CardioStart မှ ကုသမှုဆိုင်ရာ စက်ပစ္စည်းများ ၊ ပင်လုံ နှင်. SSC မှ ဆေးဝါးများ ထောက်ပံ.ကူညီခဲ့ပါသည် ။ CardioStart အနေဖြင်. အမေရိကန် ဖလော်ရီဒါတွင် အခြေစိုက်ပြီး ယခုခရီးစဉ်များတွင် ကုသိုလ်ဖြစ် ကုသမှုများသာမက ခွဲစိတ်ခြင်း နှင်. ကုသမှု အတတ်ပညာများကိုပါ ဖြန်.ဝေသင်ကြား ပေးခြင်းဖြစ်ပါသည် ။ 

ကုသရေးအဖွဲ.၀င်တစ်ဦးဖြစ်သော မစ္စတာ ဘရွတ်က စာရေးဆရာ မောင်ကောင်းမြင်.အား “ သည်ခရီးကိုကြိုက်ပါတယ် ၊ ကျွေးတဲ့အစားအစာတွေကိုလည်း ကြိုက်ပါတယ် ။ မြန်မာပြည်ကို ပထမဆုံးအကြိမ်ရောက်တာပါ ။ နောင်လည်း လာချင်ပါတယ် ။ ဇာတိက အမေရိကန် - အော်ရီဂွန်ပြည်နယ်ကပါ ”ဟု ပြောဆိုခဲ့ကြောင်းလည်း သိရသည် ။

Rotary International အနေဖြင်.မူ နှစ်စဉ်လာရောက်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး လိုလိုလားလားကြိုဆိုမှုများသာရှိပါက နောင်ကိုလည်း ဖြစ်အောင်လာရောက်မည်ဖြစ်ကြောင်း RI တာဝန်ရှိသူတစ်ဦးဖြစ်သော Sophie Stone မှ wakhama.blog သို.ပြောကြားခဲ့ပါသည် ။


ဆက်စပ်ကြည်.ရှု ရန် ဓါတ်ပုံ Album များ
 





 

No comments:

Post a Comment