Friday, January 16, 2015

ဦးနု စာကြည်.တိုက် က Mini - E Library ( သို. ) Public Digital Library Service - PDLS






ဝါးခယ်မ မြို. တွင် Digital Communication စနစ်များ အဆင်.မှီသုံးစွဲနိုင်ရေးအတွက် IT Group ( Ygn / WKA ) များမှစီစဉ်လျှက်ရှိရာ Digital E - Library တစ်ခုဖွင်.လှစ်နိုင်ရေးအထိ ရည်ရွယ်ထားပါသည် ။

ထိုစနစ်အတွက် ရှေ.ပြေးအဖြစ် လတ်တလော တပ်ဆင်ရန်လည်း လွယ်ကူပြီး User များ အလွယ်တကူအသုံးပြုနိုင်မည်. Public Digital Library Service ကို တပ်ဆင်ခဲ့ပါသည် ။ ဦးနုစာကြည်.တိုက်အတွင်း ထိုစနစ်တပ်ဆင်ထားပြီး အတားအဆီး မရှိပါက i Pad , Tablet , Android Phone , Net Book , Note Book , Laptop စသည်တို.ဖြင်. မီတာ ၆၅၀ ပတ်လည်အတွင်း ဖမ်းယူဖတ်ရှုနိုင်မည်ဖြစ်ပါသည် ။

ထို PDLS စနစ်အတွင်း စာအုပ်ပေါင်း ၆၁၀၀ ခန်.ထည်.သွင်းထားပြီး ဖတ်ရှုရုံသာ ခွင်.ပြုသော စာအုပ် ၊ Download လုပ်ခွင်.ပါပေးသော စာအုပ်ဟူ၍ပါရှိပြီး အတတ်ပညာ / သုတ / ရသ စာပေပေါင်းစုံ ပါဝင်ကာ ၂၀၀၅ ဒီဇင်ဘာမတိုင်ခင် ထုတ်ဝေသော စာအုပ်များဖြစ်သည်ဟု သိရပါသည် ။ ဦးနုစာကြည်.တိုက်တွင် ထိုစနစ်ကို ၂၀၁၄ အောက်တိုဘာ ပထမပတ်ကပင်လျှင် စတင်တပ်ဆင်ထားခဲ့ပြီးဖြစ်ပါသည် ။ နောက်ပိုင်းတွင် စာကြည်.တိုက်အောက်ထပ် စာဖတ်ရာနေရာတွင်ပါ ကွန်ပြူတာ အချို.တပ်ဆင်ပြီး လာရောက်သူများ ဖတ်ရှုနိုင်ရန် စီစဉ်နေသည်ဟု သိရပါသည် ။ ထို PDLS စနစ်ကိုပြန်ကြားရေးဝန်ကြီးဌာန မှ ပြန် / ဆက် စာကြည်.တိုက်များတွင် တပ်ဆင်ရန် အတွက်အဓိကရည်ရွယ်ပြီး ပြင်ပစာကြည်.တိုက်များ ၊ တက္ကသိုလ်များ ၊ Public Area များအတွက်လည်း စီမံရောင်းချပေးနေခြင်းဖြစ်သည် ။ ၀ါးခယ်မအတွက်ကိုမူ IT Group ၏ Leader ဦးသန်းဌေး ၏ ကြိုးပမ်းစီစဉ်မှုဖြင်. ၂၀၁၄ စက်တင်ဘာ ၁၇ ရက် နေ.တွင် တရားဝင် ၀ယ်ယူခွင်.ရရှိခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန သို. ၂၆၀ ၀၀၀ ကျပ်ပေးသွင်းခဲ့ရသည်ဟု သိရပါသည် ။
 အသုံးပြုပုံအနေဖြင်. မိမိ၏ ( i Pad , Tablet , Android Phone , Net Book , Note Book , Laptop မဆို ) မည်သည်. Divice ဖြစ်စေ Wi- Fi ဖွင်.ပါ ။ ထို Wi – Fi ဖွင်.ပြီး ရလာသော Hotspot များအနက် moi – pdls.net ဟူသော hotspot နှင်. ချိတ်ဆက်ပါ ။ Browser address bar တွင် http://moi-pdls.net/ ကိုရိုက်ပါ ။ Chrome နှင့် firefox browser များပိုမိုသင့်တော်ပြီး Library Pageပွင့်လာပါမည်။ထိုအခါMenuတွင်အလိုရှိသောစာအုပ်ကိုရွေးချယ်ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

ဆက်စပ်ဖတ်ရှု ရန်

 IT Group ( Ygn ) & IT Group ( WKA ) ဖွဲ.တည်ခြင်းနှင်. ရည်ရွယ် လုပ်ဆောင်မှုများ

No comments:

Post a Comment