Tuesday, January 6, 2015

မောင်ချောနွယ် ထုဆစ်တဲ့ ရေထဲမြို. - ၀ါးခယ်မ

ရေထဲမြို.



ဟောဒီမှာ မြို.လေးတစ်မြို.လေ
ကဗျာဆရာ မာလာမေ မြင်မသွားဘူးတဲ့မြို.
မြို.လေးတစ်မြို.လေ …..


 သူ.လယ်ကွင်းရင်ဘတ်ထဲမှာက သော်ကဘုရားရယ်
သူ.နှလုံးသားရင်ဘတ်ထဲ…
ဝင်ဝင်ခွေ.တတ်တဲ့ မြောက်ပြန်လေရယ်
အဲ့ဒီမြောက်ပြန်လေက ပွေ.ပွေ.လာတဲ့
စပါးပင်ပျိုးကလေးရဲ. ကိုယ်နံ.လေးရယ်
လမုပင်အုပ်ကလေးနဲ. ချစ်ကြိုးသွယ်နေသူ
သရွတ်သွပ်ချောင်းကလေးရယ်
အရက်မမူးသူ အရက်ချက်စက်ရုံကလေးရယ်
ဇာတ်ပွဲကသလို ကပြနေသူ ဆန်စက်ကလေးတွေရယ်
ဘ၀၀မ်းစာ ဖွေရှာမောသူ  လှေမျောလေးတွေရယ်
မွှေးရနံ. ကန်ထရိုက်တာ သနပ်ခါးစက်ရုံကလေးရယ်
ဟော… ကြာဆန်စက်ရုံကလေးကလည်း ရပ်ရှိလို.
စပါးရယ် ၊ ရွှေရယ် ၊ ငါးရယ် ၊ ကြာဆန်ရယ်
သနပ်ခါးရယ် ၊ ရေရယ်
မကြေပါစေလင်.လို. ဆုတောင်းရင်း
အတွတ်နဲ.မွှေးရေ
ရေထဲမြို.ကလေးဟာ ရင်ထဲမြို.ဖြစ်ခဲ့ပေါ.

အတွတ်နဲ.မွှေးရေ
ကြည်.ကွယ်…
မြို.ညကောင်းကင်ထဲ
နှစ်သစ်ကြိုတေးတွေ သီကာထွန်းလင်းလို.
ပြီး နှစ်သစ်တေးတွေ ကော်ဖိလာသောက်ကြ
ခရစ္စမတ် အကြိုညလို ဝေဆာလှပလို.
ဘယ်လိုမှ မထင်မှတ်ပဲ
ဗင်းနစ်မြို. အရသာမျိုး ရခဲ့ရ
ရေနဲ. ပဋိသန္ဒေပြုသော မြို.လေး
ချောင်းပေါက်ကလေးက
ချောင်းပေါက်ကလေးထဲဝင်ကာ
မြို.အလှကို မြို.က ချောင်းကြည်.နေရသော ရေထဲမြို.ပါလား

မောင်ချောနွယ်

မြန်မာကျူးးပစ် စာစဉ် - ချစ်တဲ့ကဗျာ ၁ အဖြစ် PDF File ဖြင်. ၂၀၀၈ သြဂုတ်လ တွင် ဖန်တီးတင်ဆက်သော မောင်ချောနွယ် ကဗျာပြပွဲ မှ ကူးယူဖော်ပြပါသည် ။

No comments:

Post a Comment