Wednesday, January 14, 2015

ထူးအယ်လင်း ရဲ. နောက်ဆုံးချစ်သူ



ရင်ခုန်မှုဖြင့် အချစ်များ စွာရှိနေသည့် အဆိုတော် ထူးအယ်လင်းက အွန်လိုင်းပေါ်တွင် ပရိသတ်များ စိတ်ဝင် စားနေသည့် အချစ်ရေးနှင့် ပတ်သက်ပြီးဖြေ ကြားခဲ့ရာ၌ ၎င်းသည် နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၇ ရက်က မဇ္ဈိမကို ပွင့်လင်းစွာပြောသည်။

ကျွန်တော် အခုနောက် ဆုံးအချစ်ကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ ကျွန်တော့်ကောင် မလေးက ဘုရားကျောင်းမှာ သူ့မိသားစုနဲ့ အတူနေ ပါတယ်။ အရမ်းအေးဆေး  ပြီးဘာသာတရား ကိုင်းရှိုင်းတဲ့ မိန်းကလေးပါ။ သူ့လိုမျိုး မိန်းကလေးက ကျွန်တော့်လို လူမျိုး နဲ့တွေ့တာ အရမ်းကံဆိုး တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် အတွက်  ကတော့နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။

ထူးအယ်လင်း၏ လက်ရှိချစ်သူသည် ချင်းတိုင်းရင်းသူ နူးနူးမန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော် အချစ်စစ်ကိုရှာဖွေ မတွေ့ရှိသေးလို့ အချစ်ကိုတစ် ကနေပြန်ပြန်စနေ တာပါ။ အခုတော့ တစ်ကနေ ဂဏန်း ဆုံးအောင် ရေတွက်နိုင်တော့ မယ်ထင် ပါတယ်။ ကျွန်တော် တို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာ တစ်နှစ်ကျော် ပါပြီ”ဟု ၎င်း ကပြောသည်။

ထူးအယ်လင်းသည် မီးမီးခဲနှင့် သမီးတစ်ဦး ထွန်းကားခဲ့ပြီးနောက်တွင် စိတ်သဘောထားချင်း မတိုက်ဆိုင် ခြင်းကြောင့် ကွာရှင်းခဲ့ကြပြီး အဆိုတော်မော်ဒယ် လ် အဖြစ်ရပ် တည်နေသည့် ကယားတိုင်း ရင်းသူ ကယ်ရို လိုင်းနှင့် ချစ်ကြိုက် ခဲ့ကြသည်။ ယင်းနောက်တွင် ၂၀၁၄ ခုနှစ် အတွင်း၌ အဆင် မပြေဖြစ် ခဲ့ကြ ပြီးနောက် လက်တွဲဖြုတ်ခဲ့ကာ ချင်းတိုင်းရင်းသူ နူးနူးမန်နှင့် ချစ်ကြိုက်ခဲ့သည်ဟု ထူးအယ်လင်းက ဆိုသည်။

ထူးအယ်လင်းသည် အိန်ဂျယ်တယော တစ်ကိုယ်တော်စီးရီးကို ၂၀၀၃ ခုနှစ်က ထုတ်ဝေဖြန့်ချိရာတွင် ပရိ သတ်အားပေးမှုရရှိပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ လအတွင်း၌  Myanmar Music Store မှ ၎င်း၏ညီ ကိုယ်တိုင်ရေးသားထားသည့် “မညာနဲ့” သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖြန့် ချိခဲ့သည်။

ယင်းအပြင် တေးရေး ဖိုးတုရေးသားသည့် “အချစ်လို့ခေါ်သလား” သီချင်းသည်လည်း အောင်မြင်ခဲ့ကာ ယနေ့အချိန်ထိ ပရိသတ်များ အားပေးဆဲဖြစ်သည်။

Written by  မြင့်မြင့်စိုး  @ Mizzima Daily
Original Link ; http://www.mizzimaburmese.com/2013-10-20-16-16-07/celebrity/item/36569-2015-01-08-06-41-28

ဆက်စပ်ဖတ်ရှု ရန်

 *  မီးမီးခဲ ထူးအယ်လင်း ကယ်ရိုလင်း တို.ရဲ.သုံးပွင်.ဆိုင် 

No comments:

Post a Comment