Saturday, September 7, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၆ ) - ရဲမိုး




၁၉၈၉ခု ဇူလိုင်(၂၀) ရက်နေ့နံနက်မှာ ရန်ကုန်မြို့မှာရှိတဲ့.အဓိကအတိုက်အခံ ပါတီခေါင်းဆောင်ရဲ့

နေအိမ်ခြံဝင်းကိုတပ်မတော်ထောက်လှမ်းရေးကဦးစီးတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များက၀င်ရောက်စီးနင်းခဲ့ပါတယ်……



.ဒီစီးနင်းမှုဟာ .၁၉၈၈ စက်တင်ဘာ ၂၈ ရက်နေ့ စစ်ကိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဗကပ ယူဂျီတစ်ချို့ရဲ့

အစည်းအဝေးဆုံးဖြတ်ချက်နဲ့ဆက်စပ်နေပြီး……တလစပ်ဖြစ်လာတဲ့စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကလဲ

ဒီစီးနင်းမှုကို အချိန်စောစောဖြစ်ပေါ်စေခဲ့ပါတယ်။ အရေးအခင်းပြီးကာစကာလ ဗကပ ဗဟိုကော်မတီဟာ

စစ်ကိုင်းမြို့ကပေးပို့လာတဲ့…..နောက်ထပ်နိုင်ငံရေးအုံကြွမှုဖြစ်ချိန်နဲ့အချိန်ကိုက်…….မြို့တွေပေါ်မှာလက်နက်

ကိုင် တော်လှန်ရေးဆင်နွှဲဖို့ .DPA (Democratic Patriotic Army) ဒီမိုကရေစီမျိုးချစ်တပ်မတော်

..တည်ထောင်ရမယ်တပ်ဖွဲ့ဝင်တွေကို ယူဂျီတွေကတစ်ဆင့်စုဆောင်းပြီး ဗဟိုမှာသင်တန်းပေးမယ်……

တစ်ချိန်တည်းမှာ….မြေပေါ်နိုင်ငံရေးပါတီများအတွင်းမှာလဲ…….အမာခံတွေကိုစနစ်တကျမြုပ်နှံထားပြီးအချိန်ကျ

တာနဲ့ တစ်ပြိုင်တည်း ဟန်ချက်ညီ ဖောက်ခွဲ တိုက်ခိုက်ရမယ်ဆိုတဲ့…၃၂၈ မုန်တိုင်းစစ်ဆင်ရေးနဲ ၁၁၁

စစ်ရေးစီမံကိန်းစီမံချက်များကို ချက်ချင်းပဲ အတည်ပြု ပေးခဲ့ပါတယ်။ အဒဲီစီမံချက်အရ ၁၂.၂.၈၉ ရက်နေ့ မှာ…….မန္တလေးတက္ကသိုလ်က ယူဂျီ ဆရာတစ်ဦး ခေါင်းဆောင် တဲ့……ကျောင်းသားလူငယ် ၄၆ ဦးဟာ ....ဗကပဗဟိုမှာဖောက်ခွဲရေးနဲ့ စစ်ပညာသင်တန်းကို စတင်တက်ရောက်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဇွန်လ(၂၀)ရက်မှာ…….မိမိတိုနေရပ်ဒေသအသီးသီးကို. ပြန်လည်ရောက်ရှိစိမ့်ဝင်ခဲ့ပါတယ်…….။





၁၉၈၉မတ်လရဲ့နောက်ပိုင်းရက်တွေမှာ…ဒီမိုကရေစီကိုချေမှုန်းဖို့ တပ်မတော်ကအာဏာသိမ်းခဲ့တယ်

လို့ ယူဆသူ ကျောင်းသားလူငယ်တွေနဲ့……ဆူပူမှုတွေဖြစ်ပွားအောင်လုပ်ပြီး …….တိုင်းပြည်ကို မတည်ငြိမ်

အောင်လုပ်နေတယ်လို့ ယူဆသူတပ်မတော်အကြား. ထိပ်တိုက်ရင်ဆိုင်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်

၁၃-၃-၈၉ နေ. စက်မှုတက္ကသိုလ် အတွင်း ကျင်းပသော ဘုန်းမော် နှစ်ပတ်လည်နေ. ( Photo by Myanmmarij)
အဲဒီထဲက .ဘုန်းမော် နှစ်ပတ်လည်နေ့နဲ့…တံတားဖြူနှစ်ပတ်လည်နေ့အရေးအခင်းတွေကိုတပ်မတော်က

ဖြိုခွဲပြီးခဲ့ချိန်မှာတော့ ပါတီဝင် လူငယ် အတော်များများထိန်းသိမ်းခံခဲ့ရတဲ့အတွက်.တပ်မတော်နဲ့အဓိက အတိုက်အခံပါတီကြားယုံကြည်မှုဟာအတော်ကိုဆိုးဆိုးရွားရွားပျက်ယွင်းခဲ့ရပါပြီ…….။



တပ်မတော်အနေနဲ့……ဆူပူမှုတွေမဖြစ်ပွားဖို့ရည်ရွယ်ပြီးထုတ်ပြန်ခ့ဲ တဲ့အမိန့်ကြေငြာချက်

တွေဟာ ဒီမိုကရေစီမကျတဲ့အတွက် လိုက်နာစရာမလိုဘူးဆိုတဲ့အယူအဆတစ်ရပ်ဟာ .ပြည်သူလူထုကြား

အတော်ကို ရေပန်းစား လာခဲ့ပြီး……..၂၁.၆.၈၉ ရက်နေ့မှာတော့ အဓိက အတိုက်အခံပါတီကြီးက ထုတ်ဝေတဲ့ စာရွက်စာတမ်းတိုင်းမှာ အများသဘောမတူတဲ့အမိန့်အာဏာဟူသမျှ .တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ ဆောင်ပိုဒ်ဟာ…အမြဲလိုလိုနေရာယူလာခဲ့ပါပြီဒါဟာလက်ခုပ်သံတစ်ဖြောင်းဖြောင်းဆူညံသွားစေခဲ့ပြီးပါတီအပေါ်

လူထုထောက်ခံမှုအမြောက်အများ ရရှိခဲ့ပေမယ့် …….တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ခဲ့တာ တစ်နှစ်ပဲရှိသေးပြီး .အခြေအနေကိုတည်ငြိမ်အောင် မနည်းထိန်းသိမ်းနေရတဲ့ အစိုးရတစ်ရပ်အဖို့တော့ အတော့်ကိုစိတ်ပျက်ဖို့ကောင်းတဲ့အယူအဆတစ်ခုလည်းဖြစ်ပါတယ်၊အဲဒီနောက်ပိုင်းမှာတော့… တပ်မတော်အနေနဲ့ ဒီအတိုက်အခံပါတီဟာသူတို့ကို. ...ထိပ်တိုက် ရင်ဆိုင်ရေး (Confrontation)နည်းလမ်း တွေပဲသုံးပြီး.အမြဲဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်နေတယ်လို့ယူဆစပြုလာပါပြီ…........။



တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဟာ….၂၀.၇.၈၉ ရက်နေ့ စီးနင်းမှုအပြီးမှာ….ခြံဝင်းတွင်း

နေထိုင်သူ(၄၀)ကိုခေတ္တထိန်းသိမ်းခဲ့ပြီး….သိမ်းဆည်းရမိသမျှစာရွက်စာတမ်းအမြောက်အများကိုလဲ….သူတို့မှာ

နဂိုရရှိထားတဲ့ သတင်းအချက် အလက်တွေနဲ့…တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်……အဲဒီထဲကမှ ....ကေအန်ယူ

ဗဟိုဥက္ကဌဗိုလ်ချုပ်မြက....အတိုက်အခံခေါင်းဆောင်တွေထံ လိပ်မူရေးသားထားတဲ့ စာနဲ့ .....ဗကပ ဗဟို

ကော်မတီရဲ့ကြေငြာချက်စာတမ်းအတော်များများကိုတွေ့ရှိရခြင်းဟာတပ်မတော်ကိုတော့အတော့်ကိုယမ်းပုံမီးကျ

ဖြစ်စေခဲ့ပါတယ်….....။

Photo by mgkyautkhae.blogspot.com

ဒီမိုကရေစီအရေးအတွက် .....စစ်အစိုးရနဲ့ဆန့်ကျင်ဖက်ဘယ်အဖွဲ့အစည်းနဲ့မဆို .....မိတ်ဆွေအဖြစ်

ဆက်သွယ်ရမယ်ဆိုတဲ့အယူအဆဟာအပြင်အရပ်သားတစ်ယောက်အနေနဲ့တော့ဘာမှသိပ်မထူးခြားလှပေမယ့်

စစ်သားတစ်ယောက်အတွက်တော့၁၉၄၈ကတည်းကတဂျိမ်းဂျိမ်းတိုက်ခဲ့ရတဲ့စစ်ပွဲတွေမှာ.....သူတို့စစ်သည်တွေ

ရဲ့ အသက်အမြောက်အများကိုချွေယူခဲ့တဲ့ရန်သူတွေနဲအဆက်အသွယ်လုပ်နေတယ်ဆိုတ့အဲ ဖြစ်ဟာခါးသီးဖို့ 

ကောင်းလှတဲ့ ဧရာမနာကျည်းစရာကိစ္စကြီးတစ်ခုဖြစ်နေခဲ့ပါတယ်….ပြသနာကိုပိုမိုဆိုးရွားစေခဲ့တာကတော့

.ထိန်းသိမ်းခဲ့သူ (၄၀) ထဲက တစ်ဦးဟာ….တောတွင်းကရောက်ရှိနေပြီး .....နိုင်ငံခြားသံရုံးများနဲ့ အဆက်

အသွယ်ယူဖို့စောင့်ဆိုင်းနေတဲ့ ….ABSDF က တာဝန်ခံ စိုးမြတ်သူ ဆိုသူ ဖြစ်နေတာပါပဲ……..။



 

တပ်မတော် ဘာလဲ ဘယ်လဲ ( ၅ ) - ရဲမိုး

မာနယ်ပလောဒေသမှ လက်နက်ကိုင်တစ်ဖွဲ.


မျက်မှောက်ခေတ် နိုင်ငံရေးသမားအတော်များများဟာ ၈၈ အရေးအခင်းကြီးကို ဒီမိုကရေစီ အတွက်

ICON တစ်ခု အဖြစ် သတ်မှတ် ဂုဏ်ယူခဲ့ ကြပြီး အရေးအခင်းတစ်ခုတည်းကိုသာ ကွက်ပြီးစဉ်းစားလေ့ရှိပေမယ့်တပ်မတော် အနေနဲ့ ကတော့ ၈၈ အရေးအခင်းလို့ ဆိုလိုက်တာနဲ့  မြေပေါ်ဗကပ လှုပ်ရှားမှူတွေ
တိုက်ခိုက်ရေးတပ်မတွေကို မြို့ ကြီးတွေမှာ လုံခြုံရေးတာဝန် ထမ်းဆောင်ဖို့ စေလွှတ်လိုက်ချိန်မှာ အချိန်ကိုက်ဝင်တိုက်ခံရတဲ့ မိုင်းယန်း ၊ မဲသဝေါ တိုက်ပွဲစဉ်တွေ၊ မိုးညှင်းမြို့ ကိုဝင်တိုက်ခဲ့ တဲ့ ကေအိုင်အေ အင်အား ၄၀၀၊ဒေါ့ဖုန်းယန် တိုက်ပွဲက ကေအိုင်အေ အင်အား ၉၀၀ကျော် ဒါတွေကိုပဲ တစ်စုတစ်စည်း တည်းပြေးမြင်လေ့ရှိပြီးတပ်မတော်ကို ချေမှူန်းဖို့  အချိန်ကိုက် ဟန်ချက်ညီ ဆောင်ရွက်ခဲ့ တဲ့ စစ်ရေး နိုင်ငံရေး ဖြစ်စဉ်ကြီးလို့ ပဲယူဆလေ့ရှိပါတယ်…....။


ဒါဟာ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ တပ်မတော် ကြားက အမြင်မတူညီမှူတွေရဲ့  အဓိက

ကွဲလွဲချက် လဲ ဖြစ်နိုင်ပြီး ၁၉၉၀ ရွေးကောက်ပွဲ အပြီး အာဏာကို ချက်ချင်းပြန်မလွှဲတော့ပဲ တပ်မတော်ရဲ့ စစ်ရေးအင်အားကို ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားခဲ့ တဲ့ဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တဲ့ အတွေးအခေါ် တစ်ခုလို့ လဲမလွဲမသွေ ဆိုနိုင်ပါတယ်….....။



၁၉၈၈ခုနှစ် အောက်တိုဘာလဆန်းပိုင်းရဲ့သာမန်နေ့တစ်နေ့မှာတပ်မတော်(လေ) တိုက်လေယာဉ်

တစ်စီး ဟာ ထိုင်း-မြန်မာ နယ်စပ် တောတွင်းစခန်း တစ်ခုပေါ်ကို တစ်ပတ်ပျံဝဲရင်း စာရွက်အတော် များများ ကိုပလူပျံအောင်ကျဲချသွားပါတယ်……..စာရွက်ထဲ မှာဖော်ပြထားတာကတော့ ထွက်ပြေးသွားတဲ့ ကျောင်းသားတွေအိမ်ပြန်လာဖို့ နဲ့ အရေးယူခြင်း တစ်စုံတစ်ရာပြုလုပ်မှာမဟုတ်ဘူးဆိုတဲ့ အကြောင်းပါ ကြိုဆိုရေးစခန်း ဖွင့်ထားတဲ့  နယ်စပ်မြို့ (၂၇) မြို့ ရဲ့ အမည်တွေကိုပါ ဖော်ပြထားပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ ထိ ဖွင့်လှစ်ထားမယ်ဆိုတဲ့ အကြောင်း ထိုင်းနိုင်ငံ တပ်ခ်မြို့ မှာ ဖွင့်ထားတဲ့ စခန်းကို ၀င်လာမယ်ဆိုရင်တော့ တပ်မတော်(လေ) အထူးလေယာဉ် နဲ့ လာရောက် ခေါ်ယူပေးမှာဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်……။

 



ဒီကြေငြာချက်ကြောင့် နယ်စပ်ဒေသက ကျောင်းသားကျောင်းသူ အမြောက်အများ ပြန်လာခဲ့ သလို

တစ်ချို့ ကျတော့ လဲ တောတွင်းလက်နက်ကိုင် ဘ၀ကိုပဲ အပြီးခံယူခဲ့ ပါတယ်။ ကျန်ခဲ့တဲ့ အင်အားစုတွေထဲကတစ် ချို့ ဟာတောတွင်းမှာပဲ အသက်ဆုံးရှုံးခဲ့ ရပြီး တစ်ချို့ ကျတော့လဲ တတိယ နိုင်ငံ တစ်ခုခုကို ကူးပြောင်းရောက် ရှိသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော် အတွက်ကတော့ စစ်ရေးစမွ်းရည် ဖြစ်ဖြစ်မြောက်မြောက်
မရှိလှပေမယ့်သူတို့ ကို နောင်နှစ်ပေါင်းများစွာထိ ဆန့် ကျင် အတိုက်အခံလုပ်နေမယ့် အင်အားစု တစ်ခု ကို
မယူချင်ပဲ လက်ခံယူလိုက်ရပါပြီ……..။



၈၈ခုနှစ်ရဲ့ အပြီးသတ် ကာလတွေဟာ တပ်မတော်အတွက် များပြားလှတဲ့ ဘေးကျပ် နံကျပ် တာဝန်

တွေနဲ့ လုံးချာ လိုက်နေခဲ့ပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကိုဖွဲ့ စည်းပြီး နိုင်ငံအနှံ့ အပြားမှာ ကျန်ရှိနေတဲ့ ဆူပူမှု အကြွင်းအကျန်တွေကို ဆက်လက်နှိမ်နှင်းနေရင်းပဲ တစ်ဖက်ကလဲ ရွေးကောက်ပွဲ ကျင်းပပေးဖို့  ၂၃.၉.၈၈ နေ့ မှာ စတင်ပြီး နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပြုခဲ့ တဲ့ အတွက် နိုင်ငံရေးပါတီပေါင်း (၂၃၈) ပါတီ မှတ်ပုံတင်ခဲ့ ပြီးရွေးကောက်ပွဲကိုတော့ (၉၃) ပါတီ တိတိဝင်ပြိုင်ခဲ့ ပါ တယ်…….ဗကပတို့ အသွင်ယူဖွဲ့ စည်းထားတဲ့ (၃) ပါတီ ကိုတော့နိုင်ငံရေးပါတီ အဖြစ်က ဖျက်သိမ်းပြစ်ခဲ့ပြီး အနိုင်ရ ပါတီ ကိုအာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ အကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က တိုင်းပြည် ကိုကတိပေးခဲ့ ပါတယ်……..။

တိုကျို မြန်မာသံရုံး
 



နိုင်ငံခြား အရန်ငွေ မရှိသလောက် ဖြစ်နေပြီးအရာရာ ပြိုလဲကျနေတဲ့ စီးပွားရေးကို အမွေဆက်ခံ

လိုက်ရတဲ့  ပူပူနွေးနွေး စစ်အစိုးရဟာ အစိုးရယန္တရား လည်ပတ်နိုင်ဖို့ အတွက်အရေးတကြီး လိုအပ်နေတဲ့

စက်သုံးဆီနဲ့အခြားပစ္စည်းများဝယ်ယူဖို့ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးရဲ့ မြေကွက်ကို တစ်ခြမ်းဖဲ့ရောင်းခဲ့

ရတဲ့ထိဘေးကျပ် နံကျပ်ဖြစ်ခဲ့ ပါတယ်။ တစ်ဖက်မှာလဲ တပ်မတော်ရဲ့  ဒုတိယမျိုးဆက် ခေါင်းဆောင်များ

အနေနဲ့  အနှစ်လေးဆယ် လုံးလုံး ဘယ်သူမှ ညှိနိုင်းဖို့ မစွမ်းဆောင်နိုင်ပဲ ဘယ်သူ အစိုးရဖြစ်ဖြစ် သူတို့ ပဲ

တစ်ချိန်လုံး တိုက်နေရတဲ့ ရန်သူတွေကိုသူတို့ အာဏာ ပြန်မလွှဲခင် အချိန် အတွင်းရသလောက် ဦးနှိမ်ချေမှုန်းဖို့ ပြင်ဆင် ပါတော့ တယ်……….။



 ၁၉၈၉ ခုနှစ်ရဲ့ နှစ်ဦးမှာ တပ်မတော်ရဲ့ နာမည်ကျော် တိုက်ခိုက်ရေးတပ်မ နှစ်ခုဟာကေအန်ယူတို့ ရဲ့ 

အခိုင်အမာ စခန်းများဆီကိုမြှားပစ်သလို တရှိန်ထိုး ၀င်ရောက်လာခဲ့ပါတယ် ၁၃.၁.၈၉ ရက်နေ့မှာ စတင် ခဲ့တဲ့ထိုးစစ်ဟာ ကေအန်ယူ ရင်း(၂၁) ဌာနချုပ်ဖြစ်တဲ့ မဲထရီ နဲ့ ခလယ်ဒေး စခန်းတွေကို (၇) ရက်အတွင်း ကျဆုံးသွားစေခဲ့ ပြီး ၂၆.၃.၈၉ မှာတော့ တပ်မ (၄၄) ရဲ့ အင်မတန်မာကြောလှတဲ့ တပ်ရင်းတစ်ချို့ ဟာ နာမည်ကျော်မော်ဖိုးကေ စခန်းကို ၀င်ရောက်စီးနင်းနေပါပြီ………မဲလစခန်းဟာလဲ ၁၈.၄.၈၉ ရက်နေ့ မှာ တပ်မ (၃၃)ရဲ့လှံစွပ်ထိုး ၀င်ရောက်စီးနင်းမူကြောင့် ကျဆုံးခဲ့ပါတယ်။ ၁၆.၅.၈၉ ရက်နေ့ မှာ ၀ါးခဟောင်းစခန်းပါ ကျဆုံးသွားပြီး ဖလူး စခန်း ၊ ဝေါလေ နဲ့ သေဘောဘိုး စခန်း များပါ ၁၉၉၀ ဇန်န၀ါရီလ အတွင်း ဆက်တိုက်သိမ်းပိုက်ခံခဲ့ရပါတယ်…..။ဒီထိုးစစ်အတွင်းမှာ နယ်စပ် တစ်လျောက် က ကေအန်ယူရဲ့  အမာခံစခန်း အားလုံးနီးပါးကျဆုံးခဲ့ပြီး ကေအန်ယူ အတွက်တော့ မာနယ်ပလော တိုက်ပွဲ မတိုင်ခင် ကြုံတွေ့ ခဲ့ရသမျှ ဆုံးရှုံးမှုတွေထဲမှာ အဆိုးဝါး ဆုံးလဲ ဖြစ်ခဲ့ပါတယ်…….။




စီစီဝမ်တာပန် နဲ့ မိုင်းယန်းတိုက်ပွဲ တို့ အပြီးမှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၈၉ခု မတ်လ (၁၂)

ရက်နေ့ မှာ သူ့ ရဲ့ သမိုင်းတစ်လျောက် အဆိုးရွားဆုံးကံကြမာတစ်ခုနဲ့ ရင်ဆိုင်ရပါတယ် အဲဒါကတော့ ကိုးကန့် လူမျိုး များခေါင်းဆောင်တဲ့  လက်အောက်ခံ တပ်မဟာတစ်ခုက ခွဲထွက်ပြီး ဗကပမြောက်ပိုင်းဗဟိုခွဲ (မုန်းကိုး)ကို သိမ်းပိုက် လိုက်ခြင်းပါပဲ ဒီ…သိမ်းပိုက်မှုဟာ နောက်တစ်လအကြာမှာ ထပ်ရင်ဆိုင်ရမယ့် ၀ လူမျိုးများ ဦးစီးတဲ့ အဖွဲ့က ပုန်ကန်ပြီး ဗကပ ဗဟို ဌာနချုပ် (ပန်ဆန်း) ကို သိမ်းပိုက်မယ့် ဖြစ်ရပ်ရဲ့ ရှေ့ ပြေးလည်း ဖြစ်ပါ

တယ်……။ပန်ဆန်းကျဆုံးပြီးတဲ့ နောက် ရှမ်းအရှေ့ ဒေသက ဗကပ တပ်မဟာ (၇၆၈) နဲ (့၈၁၅) စစ်ဒေသကတပ်တွေပါ ထပ် မံ ခွဲထွက်တဲ့အတွက် ဗကပ ဟာ အစိတ်စိတ် အမွှာမွှာပြိုကွဲ သွားခဲ့ပါတယ်……..။



ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ ခက်ခဲခဲ့ ပေမယ့်

ခွဲထွက်ပြီး တစ်ပတ် အကြာလောက်မှာ စတင်ခဲ့တဲ့ တောတွင်းက လျှို့ဝှက်ဆွေးနွေးပွဲတွေမှာ တပ်မတော်

ထောက်လှမ်းရေး က ဗိုလ်မှူးချုပ်ခင်ညွန့်  ဦးစီးတဲ့ အဖွဲ့ ဟာ ဗကပ က ခွဲထွက်လာတဲ့ စစ်ခေါင်းဆောင်

အားလုံးနဲ့ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆို ပြီး ဗကပနဲ့ အနှစ် ၄၀ကျော် တိုက်ခဲ့တဲ့ စစ်ပွဲကို အနိုင်ယူခဲ့ပါတယ်…..။



တပ်မတော် ဘာလဲ ဘယ်လဲ ( ၄ ) - ရဲမိုး




အိပ်မက်ဆိုးကြီး အပြီးမှာ တစ်နိုင်ငံလုံး သေဆုံးသူ (၆၉၁) ယောက် ဒဏ်ရာရသူ (၆၄၃) ယောက်
ရှိကြောင်း အကြိမ်ကြိမ် ရှင်းပြခဲ့ ပေမယ့် ပြည်သူတွေကတော့ မယုံကြည်ကြတော့ပါဘူး။ ဒီ မယုံကြည်မူဟာ
နောက် ထပ် (၂၂ )နှစ်တိတိ တပ်မတော်အပေါ် ဆက်လက်ကူးစက်ခံရတော့မှာလဲ ဖြစ်ပါတယ်။ တပ်တွေ အရွေအပြောင်း လုပ်နေတဲ့ ကာလ မှာ ကေအန်ယူ အဖွဲ့ က စစ်ရေးအရ တိုက်ကွက် ဖော်ထုတ်ခဲ့ တဲ့အတွက် သမိုင်းဝင် မဲသဝေါ ဒေသ တိုက်ပွဲကြီး ပေါ်ပေါက်ခဲ့ ရပါတယ်။ တကယ်တော့ အဲဒီတပ်ရွေ့ ပြောင်းမှုဟတပ်မတော်
အတွက်တော့ မိအေး နှစ်ခါနာ ဖြစ်ခဲ့ ရတဲ့ သမိုင်းဝင် တပ် ရွေ့ ပြောင်းမှု ပါ ပဲ……။




(၁၅.၉.၈၈) ရက်နေ့  နံနက် ၄ နာရီ ၄၅ မိနစ်မှာ တပ်မတော်ရဲ့ ရှေ့ တန်းခံစစ်စခန်း ဖြစ်တဲ့ ကစို
စခန်းပေါ် က ဘန်ကာ တစ်လုံးဟာ ရန်သူ့ လက်နက်ကြီးကျည်ထိမှန်ပြီး မွမွကြေ သွားခဲ့ ပါတယ်။ ဒါဟာ
မဲသဝေါ ဒေသ တိုက်ပွဲစဉ်ကြီးရဲ့ အချက်ပေး ခရာသံလို့ ဆိုနိုင်သလို တပ်မတော် ရဲ့ သမိုင်းတစ်လျောက် ခါးသီးလှတဲ့ စာမျက်နှာ တစ်ခုကို ထပ်ဖွင့်လိုက်ရတယ်ဆိုလဲ မမှားပါဘူး.။ကေအန်ယူ တပ်မဟာ ( ၇ ) တစ်ခုလုံး ဟာမဒတ (အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု) ရဲ့ အစီအစဉ်နဲ့  မဲသဝေါ ဒေသ တစ်ခုလုံးကို အင်အား (၂၀၀၀)
ကျော်နဲ့  ထိုးစစ်ဆင်နွှဲ ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ (၂၆) ရက်နေ့  မှာတော့ တပ်မတော် ကမဲသဝေါဒေသရဲ့  ကာကင်းကုန်းတစ်ခုဖြစ်တဲ့ အံ့ကျော်ကုန်းစခန်း ၊ပွိုင့် ၁၇၇၈ စခန်း တို့ ကို လက်လွှတ်ခဲ့ ရပြီး မရှေးမနှောင်းမှာပဲ ကဆာနလီတောင်ကြောနဲ့  မဲသဝေါပင်မ စခန်း တို့ ကပါ ဆုတ်ခွာရ ပါတော့တယ်…….။

၁၉၈၈ ခုနှစ်ထိ ခြေမြန်တပ်မ (၈) မပဲရှိသေးတဲ့ တပ်မတော်အဖို့ ကတော့ တစ်ခြား တိုက်ခိုက်ရေး
တပ် မတွေကို အဲဒီဒေသကို စစ်ကူလွှတ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တပ်မတွေဟာနယ်မြေ ခံ မြို့စောင့် တပ်တွေနဲ့ မနိုင်တော့ပဲ ဆူပူမှူတွေ အပြင်းအထန်ဖြစ်နေတဲ့ မြို့ ကြီး အတော်များများ ကိုဝင်ရောက် တာဝန်ယူနေရပြီး အရှေ့ မြောက် မိုင်းယန်း ဒေသ နဲ့  ကချင်ပြည်နယ် ဒေါ့ဖုန်းယန် တို့ မှာလဲ ဗကပ
နဲ့  ကေအိုင်အေတို့ က တစ်ပြိုင် တည်း ထိုးစစ်ဆင်နွှဲတာကို အပြင်းအထန် ခုခံနေရ ပြီဖြစ်ပါတယ်…။

၁၉၈၈ခု စက်တင်ဘာ (၂၃) ရက်မှာ ဗကပ ပန်ဆန်းဗဟို ရဲ့ တိုက်ရိုက်ကွပ်ကဲမူနဲ့  ချီတက်လာတဲ့ 
လက်ရွေးစင် တပ်ရင်း ၁၃ ရင်းဟာ မိုင်းယန်းဒေသမှာ တပ်စွဲထားတဲ့  တစ်ခုတည်းသော တပ်မတော် ခြေလျင်တပ်ရင်း တစ်ရင်းကို စတင် တိုက်ခိုက်ခဲ့ပါတယ်။ နယ်မြေတွင်းက စစ်ကူ စစ်ကြောင်းတွေ မလာနိုင်အောင်
အဖက်ဖက်က ပိတ်ဆို့ ဖြတ်တောက်ပြီးမှ အပိုင် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ တိုက်ပွဲ ကြီး၁၄ ကြိမ် တိုက်ပွဲငယ် ၂၃ ကြိမ် အနီးကပ် လှံစွပ်ထိုးတိုက်ပွဲ အကြိမ် ၃၀ ထိ တိုက်ခိုက်ခဲ့ပေမယ့် အဲဒီ တပ်မတော် ခြေလျင်တပ်ရင်းဟာ စစ်ကူ စစ်ကြောင်းတွေကို စောင့်ဆိုင်းရင်း (၈) ရက်လုံးလုံး မဆုတ်ခွာပဲ အသေခံခုခံနေတာကြောင့် ဗကပ တို့ ရဲ့ မိုင်းယန်း ကနေ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် ထိ သိမ်းပိုက်မယ့် စစ်ရေးစီမံချက်ဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်……..။

စစ်ကူ စစ်ကြောင်းတွေ ရောက်လာချိန် မှာတော့ အဲဒီ တပ်ရင်းဟာ တပ်ရင်းမှူး နဲ့ အရာရှိ လေးဦး
အပါအ၀င် စစ်သည် (၄၇) ဦး ရဲ့  အလောင်းတွေ ပြန့် ကျဲနေပြီး (၁၂၄) ဦး ကိုတော့ ဒဏ်ရာအပြင်းအထန်နဲ့ သူတို့ ကတုတ် ကျင်းတွေထဲမှာ တွေ့ ခဲ့ရပါတယ်။ သူတို့ စခန်းပေါ်က မြန်မာနိုင်ငံ အလံကတော့ တစ်လူလူလွှင့်လျက်ပါပဲ…..။ မိုင်းယန်းတိုက်ပွဲကို အနိုင်တိုက်လိုက်နိုင်တဲ့  တပ်မတော်ဟာ မဲသဝေါဒေသ တိုက်ပွဲတွေရဲ့ အစ မှာတော့ အ ကြီးအကျယ် အထိနာခဲ့ ပါတယ်။ တိုက်ပွဲကာလ သုံးလကျော် ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာ (၂၂)
ရက်နေ့ မှာတော့ ဆုံးရှုံးခဲ့ရတဲ့ မဲသဝေါ ပင်မစခန်းကြီးကို ပြန်သိမ်းပိုက်နိုင်ခဲ့ပေမယ့် တိုက်ပွဲစဉ်တစ်ခုလုံး
တိုက်ပွဲကြီး ၈၅ ကြိမ် တိုက်ပွဲငယ် ၁၄၅ ကြိမ် နဲ့  အနီးကပ် လှံစွပ်ထိုးတိုက်ပွဲ ၄၇ ကြိမ် ဆင်နွှဲခဲ့ရပြီး
တပ်မတော်ဘက်က အရာရှိ (၁၂) ဦး အပါအ၀င် (၂၄၂) ဦးကျဆုံး ခဲ့ရပါတယ်။ အရာရှိ (၄၉) ဦး အပါအ၀င်
(၉၂၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ တပ်မတော် အတွက်တော့ အမြဲတန်း သတိရနေတော့မယ့် ကိန်းဂဏန်းအရေအတွက် တစ်ခု လည်း ဖြစ်ပါတယ်……..။