ကျွန်တော်သိရှိထားသာ ကျောက်ဂူဆရာတော်ကြီး အကြောင်းများစွာထဲ့မှ ကုသိုလ်တိုးရန် အနည်းငယ် ရေးသားတင်ပြအပ်ပါသည် ဘုရား ...
ကျွန်နော်နှင့် ဆရာတော်ကြီး ရင်းနှီကျွမ်းဝင်နေခဲ့သည်မှာ (၂၆) နှစ်ကျော်ရှိခဲ့ပါပြီ ဖားကန့်ကျောက်တွင်းလောပန်းသဌေးကြီး ဘဝမှ အားလုံး စွန့်ကြဲး၍ (၀) ထိ ခဝါချ၍ ရဟန်းတစ်ဝါရသည်မှစ၍ အကျွမ်းတဝင် ရှိခဲ့ကြပါသည်...ကျွန်တော့ဘဝ အချိန်များစွာကို ဆရာတော်ကြီးနှင့် အနီးကပ် ရှိနေခဲ့ပါသည်..
( ၁ ) ကျောက်ဂူဆရာတော်ကြီးသည် အနားယူ လှဲလျှောင်းအိပ်စက်ခြင်း မရှိပါ ဘုရား(ကျွန်တော်သိရှိထားသော ၂၆ နှစ်အတွင်း တစ်ကြိမ်းတစ်ခါမျှ လှဲလျောင်း အိပ်စက် အနားယူဒါ မမြင်ခဲ့ဖူးပါ)
( ၂ ) ကျောက်ဂူဆရာတော်ကြီးတွင် ချွေးနံ့ ကိုယ်နံ့ နံခြင်း မရှိပါ ဘုရား (တစ်ခါသောအချိန်က ဆရာတော်ကြီးသည် ဝိပဿနာတရားများ တရွာလျှင် ၃ ရက်ခန့်ဖြင့် မိုးလင်းမိုးချုပ်သင်ပြ၍ ၁၀ ရွာခန့် တစ်လလောက်ရေမချိုးသင်္ကန်းမလြှဲဖစ်ခဲ့ပါ နေ့တွင်ခန္ဓညဏ်ရောက် ရုပ်နမ်ခွဲးခြားတရားများပြ၍ ညတွင်သုဿံဓုဒင် ဆောက်တည်နေခဲ့ပါသည် ရက်၃၀ခန့်မှ ရေချိုးဖြစ်ပါသည် အဆိုပါသင်္ကန်းအား တပည့်တော် လျှော်ဖွတ်ခဲ့ပါသည် ချွေးနံ့ကိုယ်နံ့ လုံးဝမရှိသည်အပြင် သစ်ခေါက်နံ့ပင်ကြိုင်သင်းနေပါသည်)
( ၃ ) ကျောက်ဂူဆရာတော်ကြီးသည် အချိန်တိုင်း အလုပ်လုပ်နေသောသူ ဖြစ်ပါသည် ဘုရား (၂၄နာရီလုံး တစ်လလုံး တစ်နှစ်လုံး ၂၆နှစ်လုံးလုံး တရားဟောခြင်း စာရေးခြင်း မေတ္တာဘာဝနာပွားခြင်း သမထဘာဝနာပွားခြင်း ဝိပသာနာဘာဝနာပွားခြင်း များတစ်ခုမဟုတ်တစ်ခု ပြုလုပ်နေပါသည် ခန္ဓာကိုယ်စွမ်းအင်ကုန်ဆုံး၍ ခဏတဖြုတ် ငိုက်မြည်းသွားသည်မှအပ ကျန်အချိန်များတွင် သာသနာတော်ကြီးအတွက် အလုပ်လုပ်နေပါသည်)
လွန်ခဲ့သော ၂၅ နှစ်ခန့်က ကျောက်ဂူဆရာတော် စတင်တရားကျင့်ကြံအားထုတ် အောင်မြေ အတွင်း အပြင် မှတ်တမ်းပုံရိပ် - ဦးသောင်းဟန် |
( ၄ ) ကျောက်ဂူဆရာတော်ကြီး မေတ္တာဂရုဏာကြီးစွာဖြင့် အားထဲ့ ပရိတ်ရွတ်ဖတ်တိုင်းတွင် အမြဲတမ်းပင် ပရိတ်ရေများဆူပွက်ပါသည်ဘုရား (ရွာကြီးတရွာတွင် ဆရာတော်အား ပင့်ဖိတ်၍ ဝိပသာနာ တရားစခန်းဖွင့်ရန် ပြင်ဆင်ကြစဉ် ရွာဦးကျောင်းဆရာတော်ကြီးနှင့် ရွာသားတချို့မှ တရားစခန်းမဖွင့်ရန် တရားတစ်ပွဲသာလုပ်၍ ပြန်ကြွရန် ကျောက်ဂူဆရာတော်ကြီးအား လျှောက်ထား အရေးဆိုလာပါသည် ဤသို့ဖြစ်၍ ရွာလယ်တွင် မဏ္ဌပ်ထိုး၍ ပရိတ်တရားပွဲသာပြုလုပ်ကြပါသည် ပရိတ်တရားပွဲစသည်နှင့် တရွာလုံးတွင်ရှိသော ရေတွင်းထဲ့မှရေ ရေကန်ထဲ့မှရေ ရေအိုးထဲ့မှရေ ရေခွက်ထဲ့မှရေ ရေဘူးထဲ့မှရေ များ ဆူပွက်လျံထွတ်နေကြပါတော့သည် အကျိုးအနေနှင့် ဤရွာကြီးတွင် ဝိပသာနာ တရားစခန်းဖွင့်ခွင့် ရရှိခဲ့ပါသည်)
(နောက်တင်ပြမည့်
တချို့သော အဖြစ်အပျက်များသည် တချို့သောလူများ လက်မခံမယုံကြည်နိုင်စရာများ ရှိနိုင်ပါသည် အကုသိုလ်မဖြစ်ကြရန် တောင်းပန်အပ်ပါသည် ကျောက်ဂူဆရာတော်ကြီးလည်း သာသနာအတွက် ပင့်ဖိတ်သောနေရာများကို မည့်သည့်နေရာမဆိုကြွနေဆဲပါ ကျွန်တော်လည်း ယနေ့ထိတော့မသေသေးဘဲ ရှိနေပါသေးသည် ဆရာတော်ကြီးအား ကြည်ညို၍ မေးမြန်မည်ဆိုပါက ရိုရိုသေသေ လေးလေးစားစား ဖြေကြားပေးပါမည်
ကုသိုလ်ပွားရန်ရည်ရွယ်၍တင်ပါသောကြောင့် အကုသိုလ်တော့ မပွားကြစေရန် တောင်းပန်အပ်ပါသည်)
(၅) ကျောက်ဂူဆရာတော်ကြီးသည် သင်္ကန်း၃ထည် သပိတ်တစ်လုံး တစ်ပါးနေ ကျောင်းသင်္ခန်းဖြင့်သာ ရောင့်ရဲနေထိုင်တော်မူပါသည်ဘုရား
(ဆရာတော်ကြီးတွင် ကြီးကျယ် ခန်းနားလှသော ကျောင်းတိုက်ကြီး ၄ တိုက်ရှိပါသည်
(က)ဂန်ဂေါမြို့နယ် ကန်၇ရွာ ဘိုးဘွားရိပ်သာ ကျောက်ဂူကျောင်း(ဧက ၃၀၀ ကျယ်ဝန်းပါသည်)
( ခ)သုံးဆယ်မြို့ဓမ္မသုခ ကျောက်ဂူကျောင်း(ဧက ၃၀ ခန့်ကျယ်ဝန်းပါသည်)
( ဂ)ကလေးမြို့စက်မူဇုံ ကျောက်ဂူကျောင်း(ဧက ၁၀ ကျယ်ဝန်းပါသည်
(ဃ)ပေါင်းလောင်းမြို့ မူလပထမ ကျောက်ဂူကျောင်း(ဧက ၁၀ ကျော်ကျယ်ဝန်းပါသည်)
ထိုကျောင်းတိုက်ကြီးများတွင် အဆောက်အဦးပေါင်းများစွာ သာသနာ့ဝန်ထမ်း သံဃာ သီလရှင်ပောင်းများစွာ ရှိကြပါသည် နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ ဝိပသာနာတရားများ ဟောကြားနားကြား ပွားများအားထုတ်နေကြပါသည်
ရန်ကုန် မန္တလေး ပြင်ဦးလွင် တောင်ကြီး မိုးကုတ် မြို့များတွင်လည်း ကျောက်ဂူ ကျောင်းတိုက်များ ဖော်ဆောင်ရန် ပြင်ဆင်နေကြပသည်
ဆရာတော်ကြီးအတွက် အဆင့်မြင့်ကောင်းမွန်သော ကျောင်းဆောင်များကို ဒကာဒကာမ စေတနာရှင် ကုသိုလ်ရှင်များက ဆောက်လုပ်လှူဒါန်းကြသော်လည်း ကုသိုလ်တိုးကြစေရန် ၃ ရက်ခန့်သာ အသုံးပြု သီတင်းသုံး၍ မူလတစ်ပါးကျောင်း တဲကျောင်းတွင်သာ သီတင်းသုံး နေတော်မူပါသည်)
(၆)ကျောက်ဂူဆရာတော်ကြီးအား နတ်များ နဂါးများ လာရောက်ဖူးမျော် ကြပါသည် ဘုရား (ဆရာတော်ကြီးကိုနတ်များ နဂါးများ လာရောက်ဖူးတွေ့ကြသည်ကို အကြိမ်ကြိမ် ခဏခဏ တွေ့မြင်ဖူးပါသည် တချို့က တရားမေးလျှောက်ကြပါသည် တချို့က ဝိပသာနာတရားမပြရန်တောင်းပန်ကြသောနတ်များလည်းရှိပာသည် တချို့က ဆရာတော်ကြီး ပျံလွန်တော်မူရန် နတ်ရွာစံရန် လျှောက်ထားကြသော နတ်များလည်း တွေ့ရပါသည်)
15-8-2018 လွန်ခဲ့သော ၂၅ နှစ်ခန့်က ကျောက်ဂူဆရာတော် စတင်တရားကျင့်ကြံအားထုတ် အောင်မြေ အတွင်း အပြင် မှတ်တမ်းပုံရိပ် |
(၇) ကျောက်ဂူဆရာတော်ကြီးသည် ဓူတင်(၁၃)ပါးဆောင် ဆရာတော်ကြီးဖြစ်ပါသည်ဘုရား (ဓူတင်များထဲ့မှ ဆရာတော်ကြီး၏ သုဿန်ဓုတင်ဆောင်ပုံအကြောင်းကို အနည်းငယ်တင်ပြပါမည်
ဆရာတော်ကြီး သုဿန်သင်္ချိုင်းတွင် ညဘက် ဓူတင်ဆေါင်ရန်ကြွသောအခါ ကျွန်တော်လိုက်ပါ တတ်ပါသည် ကျွန်တော်လိုက်ပါ၍ အိပ်ခဲ့ဖူးသော သင်္ချိုင်းများပင် တစ်ရာကျော်မည်ထင်ပါသည်
တစ်ခြားနိုင်ငံများနှင့် မြို့ကြီးများတွင် ညဘက်သုဿန်ကြွရန် ခက်ခဲပါ၍ နေ့ခင်းဘက်များတွင်သာ မေတ္တာပို့ ကုသိုလ်အမျှဝေ ကြွရောက်တတ်ပါသည် နယ်မြို့များ ကျေးရွာများတွင် အမြဲတမ်းပင် ညဘက်သုဿန်ဓူတင်ဆောင်ပါသည်
ဆရာတော်ကြီး၏ သုဿန်ဓူတင်ဆောင်ပုံမှာ ည၉နာရီကျော် လူသူလေးပါး အိပ်ပြီးချိန်တွင် သုဿန်သို့ တိတ်ဆိတ်စွာ မေတ္တာပို့ရင်း ဝင်ရပါသည် သင်္ချိုင်းသို့ရောက်လျှင် လူသေကောင် မြေမြုပ်သောနေရာ မီးရှို့သောနေရာ ဂူသွင်းသော နေရာများ၌ တနေရာစီ ကျွန်တော်တို့တရားထိုင်ရပါသည်
တစ်နာရီခန့်တရားထိုင်ပြီးပါက တရားဖြုတ် အမျှဝေပီး အနားယူရန် မနက်၃နာရီကျော် လာပင့်ရန် မိန့်ပါသည် ဤတွင်ဆရာတော်ကြီးနှင့် မျက်တစ်ကွယ် မလှမ်းမကမ်း ပေ၃၀၀ခန့်အကွာ သင်္ချိုင်းဇရပ် အုတ်ဂူပော်တို့တွင် အိပ်ရပါသည် ကျွန်တော်က သုဿန်ဓူတင်ဆောင်ခြင်းမဟုတ်ပါ ဆရာတော်ကြီးအား ပို့ဆောင်ရန် ပင့်ဆောင်ရန် လိုက်ပါ၍သချိင်းတွင်လိုက်အိပ် ခြင်းသာဖြစ်ပါသည်
ဆရာတော်ကြီးမှာ တစ်ညတာလုံး မေတ္တာဘာဝနာ သာမထဘာဝနာ ဝိပသာနာဘာဝနာ
ကုသိုလ်တရားများအားထုတ်ရင်း မြင်အပ် မမြင်အပ်များနှင့်ရင်းနှီးကျွမ်းဝင် စေရန် ညအချိန်ကို ကုန်ဆုံးစေပါသည်
မနက်၃နာရီကျော်တွင် ဆရာတော်ကြီးထံချည်းကပ် ပင့်ံလျှောက်ရပာသည် တစ်ညလုံးပြုပြုသမျှ ဘာဝနာကုသိုလ်များကို မြင်အပ်မမြင်အပ်ရှိရှိသမျှတို့အား ကုသိုလ်အမျှပေးဝေကြရပါသည်
ဆရာတော်ကြီးနှင့် တစ်ညတာအတူနေရ၍ ရင်းနှီးကျွမ်းဝင်ကြ၍ သာဓုခေါ်ဖြစ်ကြမည် ထင်ပါသည် အမျှ ကုသိုလ်တွေရ၍ ကျွတ်လွတ်သွားခြင်း အဆင့်မြင့်သွားခြင်းများ ဖြစ်ကြသည်ဟု သိရှိရပါသည်
မနက်၎နာရီမထိုးခင် လူသူလေးပါးမထခင် သုဿန်မှ မေတ္တာပို့ရင်း တိတ်ဆိတ်စွာထွက်ခွာရပါသည်
တချို့သချိင်္ုင်းများတွင် တစ်ညသာကြွ၍ တချို့သချိင်္ုင်းများကို နှစ်ည သုံးညကြွတတ်ပါသည် ကြွရောက်ရန်ု ကြိုတင်မိန့်ထားလေ့မရှိပါ ည ၉ နာရီကျော် ဆရာတော်ကြီးသင်္ကန်းရုံသည်ကိုကြည့်၍ သာသိရှိရတတ်ပါသည် ကျွန်တော်တို့အမြဲတမ်း အဆင်သင့်ဖြစ်ရန်ကြိုးစားနေရပါသည်
အဆင်သင့်မဖြစ်ပါက ဆရာတော်ကြီး တစ်ပါးတည်းသာကြွ သွားပါတော့သည် နောက်မှအမြန်ပြေးလိုက်ရပါသည်)
(၈) ကျောက်ဂူဆရာတော်ကြီး၏ ဦးခောင်းကို ခေါင်းရိတ်ခြင်း ကိစ္စအား မိ့မိ့ကိုယ်တိုင်လည်း မရိတ် တပည့်များအားလည်းအရိတ် ခိုင်တား မတွေ့ဘူးပါဘုရား (ထို့ကြောင့် ဆရာတော်ကြီး၏ ဆံတော်များအား လိုခြင်သူ ပောများလှသော်လည်း တစ်ယောက်မျှ မရရှိကြပါ)
15-8-2018 လွန်ခဲ့သော ၂၅ နှစ်ခန့်က ကျောက်ဂူဆရာတော် စတင်တရားကျင့်ကြံအားထုတ် အောင်မြေ အတွင်း အပြင် မှတ်တမ်းပုံရိပ် |
(၉) ကျောက်ဂူဆရာတော်ကြီး ညသီတင်းသုံးသော ဝါးရုံပုတ်ကြီးမှ အလင်းရောင်များထွက်ပေါ်လာ၍ တစ်တောလုံးလင်းထိန်သွားခဲ့ပါသည်ဘုရား (လွန်ခဲ့သော ၇ နှစ့်ခန့်က ရွာကြီးတစ်ရွာ၏ သုဿန်သင်္ချိုင်းတွင် ဆရာတော် နှစ်ညတာ ဓူတင်ဆောင်ခဲ့ပါသည် အထက်ပါဖြစ်ရပ်သည် ဒုတိယညတွင် တွေ့မြင်ခဲ့ရပါသည်
၎င်းသင်္ချိုင်းသည် လူအစိမ်းသေများကို မြေမြုတ်သော နေရာဖြစ်ပါသည် ည၉နာရီကျော်ခန့်တွင် ဆရာတော်အား သုဿန်အလယ်လာက် တွင်ရှိသော ဝါးရုံပုတ်ကြီးအောက်တွင် နေရာချ၍ ကျွန်တော်တို့က သင်္ချိုင်းဇရပ်ပေါ်တွင် အိပ်ကြပါသည်
ည၁၂နာရီခန့်တွင် ရွာသား ၁၀ ယောက်ခန့်အပြေးအလွှားရောက်လာ၍ ဆရာတော်ကြီး သီတင်းသုံးသော ဝါးရုံပုတ်ကြီး မီးအကြီးအကျယ်လောင်နေပြီဆိုပြီးအော်ပြီး ပြေးလာကြပါသည်
ထိုအချိန်တွင် ထိုထဲ့မှလူတစ်ယောက်က တောမီးလောင်တာမဟုတ်ဘူး တောမီးလောင်ရင် အသံမြည်တယ် ခုကဘာအသံမှမကြားရဘူးဟု ခပ်ကျယ်ကျယ်အော်လိုက်ရာ အားလုံးတိတ်ဆိတ်ငြိမ်သက် သွားကြသည်
ဆရာတော်ကြီး သီတင်းသုံးသော ဝါးရုံပင်ကြီးမှ အလင်းရောင်သည် တစ်တောလုံးလင်းထိန်သွားခဲ့ပါသည် ၃မိနစ်ခန့်ကြာမည် ထင်ပါသည် ထို့နောက် တဖြည်းဖြည်းမှိန်သွား၍ အမှောင်အတိ ဖုံးလွှမ်းသွားပါတော့သည်
ထို့နောက် ရွာသားများလည်း ပြန်သွားကြ၍ ကျွန်တော်လည်း အဖြေမသိသော အတွေးများဖြင့် သင်္ချိုင်းဇရပ်ပေါ်တွင် ကျန်နေခဲ့ပါတော့သည်။
(၁၀) ကျောက်ဂူဆရာတော်ကြီး၏ မေတ္တာတော်ကြောင့် အကြီးအကျယ် ပစ်ခတ်နေကြသော တိုက်ပွဲကြီး ရပ်သွားခဲ့ပါသည်ဘုရား
(လွန်ခဲ့သော ၆ နှစ်ခန့်ကဖြစ်ပါသည် ဆရာတော်ကြီးအား တရားဟော တရားပြ ပင့်ဖိတ်ကြ၍ နယ်စပ်ဒေသသို့ ကျွန်တော်ကားဖြင့်ပင့်ဆောင်ခွင့်ရခဲ့ပါသည်
တောလမ်း ခရီးတွင် ဆရာတော် ချပေးသော မေတ္တာပို့ စာသားများကို ကျယ်နိုင်သမျှ ကျယ်ကျယ် လိုက်ဆို၍ ကားမှန်တံခါးများ ပိတ်ကာ မောင်းနှင်လာခဲ့ပါသည်
ပတ်ဝန်းကျင်မှ့ အသံများကို မကြားရဘဲ ကားကိုအမြန်
မောင်းလာရာ တောလမ်းတနေရာ တောင်ကုန်းကွေ့ အရောက် တွင် အကြီးအကျယ် တိုက်ပွဲဖြစ်နေကြသော လက်နက်ကိုင် တပ်ဖွဲ့ နှစ်ခုကြားသို့ ဘွားခနဲ့ ရောက်သွားခဲ့ပါသည်
ကားကိုဆက်မမောင်းရဲဘဲ အမြန်ရပ်လိုက်ရပါသည် လက်နက်ကြီး ကျရောက် ပေါက်ကွဲသံများကို ဆက်တိုက်ကြားရပါသည် သေနတ် ဂတ်လိုက်ဆွဲသံများ ကျည်ဆံသံများ တဒိုင်းဒိုင်း တရွီးရွီးအဆတ်မပြတ် ကြားနေရပါ သည်
ကျွန်တော်နှင့် သူရဲကောင်းကြီး ကိုဖိုးအိတို့ လန့်ဖျတ်၍ ကားအောက်သို့ ပြေးဝင်၍ဝပ် နေရန်ကြံကြပါသည် ဆရာတော်အားကြည့်လိုက်ရာ မေတ္တာပို့မပျက် တည်ငြိမ်စွာ ဆက် လက်၍မေတ္တာဘာဝနာပွားနေပါသည်
မည်သည်အချိန်မှ စ၍တိုက်ပွဲဖြစ်နေသည်ကို မသိပါ ဆရာတော်ကားရပ်ပြီး မကြာမှီ တိုက်ပွဲရပ်၍ အားလုံးတိတ်ဆိပ်သွားပါသည်
ကျွန်တော်တို့ကား၏ ညာဖက်တောင်ကုန်းပေါ်မှ လက်နက်ကိုင်တပ်ဖွဲ့များ ဆုတ်ခွာသွားပါသည် ကျွန်တော်တို့ကား၏ဘယ်ဖက် ချောက်ထဲ့မှ လက်နက်ကိုင်တပ်ဖွဲ့ ၃၀ ခန့် လက်နက်ကိုယ်စီကိုင်၍ ကားလမ်းပေါ်တက်လာကြပါသည် နှစ်ဖက်စလုံး အကျအဆုံးမရှိ တပ်ဆုတ်သွားကြသည် ထင်ပါသည်
ကျွန်တော်တို့လည်း တရားပွဲမှီရန် ဆရာတော်ချပေးသော မေတ္တာပို့ကို လိုက်ဆိုရင်း ခရီးဆက်ခဲ့ကြပါသည်)
(၁၁) ကျောက်ဂူဆရာတော်ကြီးသည် တောစောင့်နတ် တောင်စောင့်နတ်များ ဖန်ဆင်းလှူဒါန်းသော ကျောင်းတွင် တစ်ညတာ သီတင်းသုံး ဖြစ်ခဲ့ပါသည်ဘုရား
(လွန်ခဲ့သော ၇ နစ်ခန့်လောက်ကဖြစ်ပါသည် ဆရာတော်ကြီးအား ခန္တီးကျောက်စိမ်းမှော်မှ တရားဟော တရားပြ ပင့်ဖိတ်၍ ကျွန်တော်ကားဖြင့် ပင့်ခွင့်ရရှိခဲ့ပါသည် မဟာမြိုင်တောကြီးကို အလျှားလိုက် ကားဖြင့်ဖြတ်၍ ပင့်ခဲ့ပါ သည်
ထိုအချိန်တုန်းက
ကားလမ်းသည် အင်မတန်ပင်ဆိုးရွား ကြမ်းတမ်းလှပါသည် ယခုလည်းသိပ်မကောင်းသေးပါ အဆိုပါဒေသသည် ရေလမ်းကိုသာ အသုံးများပါသည် တစ်နေ့လုံး တစ်ညလုံး ကားမောင်းခရီးတွင် ကားတစ်စီးမျှ မတွေ့ မရှောင်ရပါ လူနေအိမ် ရွာများလည်း မရှိကြပါ မြစ်ကြောင်းတလျှောက်တွင်သာ နေထိုင်ကြသည်ဟုသိရပါသည်
ပင့်ဖိတ်ထားသောနေရာ ဘုန်ကြီးကျောင်းကိုအရောက်တွင် အဆိုပါကျောင်းထိုင်ဆရာတော်ကြီးမှ ကျောင်းပော်မှ တအံတသြ ဆင်း၍ ကျွန်တော်ကားနှင့် ကျွန်တော်ကို နှစ်ပတ်လောက်ပတ်ကြည့်ကာ ကားလည်းကောင်းလွန်း၍ လူလည်းတော်၍ သာရောက်လာသည် မည်သူမျှ ဤခရီးကို ကားနှင့်မလာကြဖူးဘူးဟု မိန့်ခံရပါသည်
လမ်းခရီးတွင် လမ်းကြမ်းလွန်း၍ ကားအမြန်မောင်း၍မရပါ ဖြေးဖြေးမှန်မှန် မောင်းလာရပါသည်
တနေ့လုံးမောင်းလာပါသည် ညရောက်လာခဲ့ပါသည် လမ်းမှာ ကျဉ်းမြောင်းလှ၍ လှည်းလမ်းသာ ဖြစ်သော်လည်း ကားရှောင်စရာ ကားမတွေ့ ၍ အဆင်ပြေပါသည်
လမ်းဘေး နံရံတိုက်မိ့လိုက် သစ်ပင် တိုက်မိ့လိုက် အောက်က တိုက်လိုက် အပေါ်က တိုက်လိုက် ဖြင့်ပင်နောက်နေ့ တရားပွဲ မှီရန် မှန်မှန်မောင်းလာပာသည်
ည ၁၁ နာရီကျော်လာပါသည် ၁၂ နာရီထိုးရန် ၁၀ မီနစ်ခန့်အလိုတွင် ဆရာတော်ကြီးမှ လမ်းတလျှောက်ပို့လာသော မေတ္တာပို့ကို ခဏရပ်၍ ကျွန်တော်ဘက်ကိုလှည့်၍ တစ်နေ့လုံး တစ်ညလုံး ဆိုတော့ ကားကောလူကော ပင်ပန်းနေလောက်ပီ ရှေ့နားမှာ ကောက်ရိုးပုံ ဖြစ်ဖြစ် သစ်ပင်အောက် ဖြစ်ဖြစ် တွေ့ရင် နား ကြမယ် လို့မိန့်ပါသည်
ခဏခန့်မောင်းလာပီးချိန်တွင် ကားမီရောင်အောက် လမ်းဘေးတွင် ရာဇမတ်ကွက်များကာရံထားသော ခြံကြီးကိုတွေ့ရပါသည် ခြံတံခါး ဖွင့်ထား၍ ကားကိုခြံထဲ့မောင်းဝင်လိုက်ပါသည် ကျွန်တော်လည်းကားပေါ်မှ အမြန်ဆင်း၍လူရှိလား လူရှိလား အော်ခေါ်ရင်း လူလိုက်ရှာပါသည် မည်သူမှ မတွေ့ရပါ ခြံထောင့်တွင် ဝါးဖြင့်သပ်ရပ်စွာ ဆောက်ထားသော တဲ့လေးတစ်လုံး တွေ့ရပါသည် သုံးဖက်ကိုဝါးဖြင့်ကာရံထား၍ အခင်း ကိုလည်း ဝါးကြမ်း လေး တဆင့်ခံ ခင်းထားပါသည် သံဃာစင်ကဲသို့ ဖြစ်ပာသည်
ကျွန်တော်လည်း ကားပေါ်တွင် ပါလာသော ထိုင်ခုံအားအမြန်ချ၍ ဆရာတော်အား ပိုင်ရှင်မတွေ့ကြောင်း တစ်ညတာ ဝါးတဲကျောင်းအသစ်လေးပေါ်တွင် သီတင်းသုံးဖို့ ပင့်လျှောက်ခဲ့ပါသည်
ဆရာတော်အား နေရာချပေးပြီး ကျွန်တော်လည်း ကားထားရှိရာ ခြံထောင့်သို့ပြန်လာပါသည် ကားဘေးမနီးမဝေးကွင်းပြင်တွင် မီးမွေးရန်အသင့်ဖြစ်နေသော မီးဖိုကိုတွေ့ရ၍ မီးမွေး၍ မီးလှုံဖြစ်ပါသေးသည် အသင့်တွေ့ရသော ပန်းသီးတစ်လုံးကိုလည်း ကျွန်တော်၏ညစာအဖြစ် စားခဲ့ပါသေးသည်
ညတစ်နာရီခန့်တွင် ကျွန်တော်ကားထဲ့တွင်ဝင်အိပ်ဖြစ်ပါသည် မနက် ၃ နာရီခန့်တွင် ဆရာတော်မှ ကားတံခါးလာခေါက်နိုး၍ ခရီးဆက်ရန် အချိန်တန်ပြီလို့မိန့်၍ ခရီးဆက်ခဲ့ကြပါသည်
မနက် ၈ နာရီခန့်တွင်ပင့်ဖိတ်ထားသော နေရာသို့ရောက်ခဲ့ပါသည် ဆရာတော်ကြီးမှ တရာဟော တရားပြ နှစ်ရက်ပြုလုပ်ဖြစ်ပါသည်
အပြန်နေ့တွင် အားရုံဆွမ်းကပ် နေ့ဆွမ်းအားသပိတ်အတွင်းလောင်းလှူ ကပ်လိုက်၍ ပင့်ဆောင်လာခဲ့ပါသည် အလာတုံးက ညအိပ်ခဲ့သော ဝါးကျောင်းတဲ့တွင် နေ့ဆွမ်းကပ်မည်ဟု စိတ်ကူးလာခဲ့ပါသည် သို့သော် ထိုခြံတဲနေရာသည်သစ်ကြီးဝါးကြီးအပင်များသာ တွေ့ရပါတော့သည် ထို့နေရာတွင်ပင့် ဆရာတော်ကြီးအား အသင့်ပါလာသော နေ့ဆွမ်းအား ကပ်ဖြစ်ခဲ့ပ်ါသည် )
(၁၂) ကျောက်ဂူဆရာတော်ကြီး၏ တရားတစ်ပွဲ အကြောင်းပြု၍ တစ်ရွာလုံး ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ရပါသည်ဘုရား
(အိမ်ခြေ တစ်ရာကျော်ရှိသော တောင်ပေါ်ရွာလေး တစ်ရွာသည် ဘာသာခြားတစ်ခုမှ စည်းရုံး၍ တစ်ရွာလုံးကျွတ် ဘာသာဝင်ပွဲကြီး စည်ကားစွာကျင်းပရန် ပြင်ဆင်နေသော နေ့ဖြစ်ပါသည်
ထိုနေ့သည် မိုးများလည်း ရွာနေပါသည် တောင်ကျရေများလည်းကျနေပါသည် ချောင်းရေများလည်းလျှံနေပါသည်
တောင်ပေါ်ရွာ ဖြစ်သဖြင့် လမ်းများလည်း ရွှံစေးများဖြင့် သွားလာရန် အင်မတန် ခက်ခဲ့နေပါသည်
ထိုအချိန်တွင် ဆရာတော်ကြီးသည် ရွာလယ်လမ်းမှ တစ်လှမ်းခြင်း တစ်လှမ်းခြင်း လမ်းလျှောက်၍ ရွာထဲသို့ ဝင်လာပါသည်
ထူးခြားမူ့ အနေဖြင့် မိုးရွာနေသော်လည်း သင်္ကန်းများ ရေမစိုပါ လမ်းမှာ ဗွက်ထနေသော်လည်း ခြေထောက်တို့တွင် ရွှံများမပေကျံပါ
ဘာသာခြားသို့ ကူပြောင်းပွဲလုပ်နေသော လူအုပ်ကြီးသည် ဆရာတော် အနီးတွင် ဝိုင်းအုံလာကြပါသည်
ဆရာတော်ကြီးမှ တစ်နာရီခန့် တရားဟောခဲ့ပါသည်
ဘာသာခြားသို့ မဝင်ဖြစ်တော့ဘဲ ဗုဒ္ဓဘာသာသို့သာ တစ်ရွာလုံး ဖြစ်သွား ခဲ့ပါသည်
ထိုရွာလေးသည် ယခုအချိန်ထိ ဆရာတော်ကြီးအား မကြာခဏ ပင့်ဖိတ်၍ ဝိပသာနာ တရားစခန်းများ ပြုလုပ်ဖြစ်ဆဲ ဖြစ်ပါသည်)
(၁၃) ကျောက်ဂူ ဆရာတော်ကြီး၏ အစွမ်းထက်၍ အင်မတန်မှ အသုံးဝင်လှသော ဂါထာ တော်တစ်ပုဒ်အား ကျွန်တော် ရရှိခဲ့ပါသည်ဘုရား
( ထိုဂါထာအား ဆရာတော်ကြီးမှ ရှေ့ကချပေး၍ ကျွန်တော်တို့မှ နောက်ကလိုက်ဆိုရင်း အသဲနှစ်လုံးထဲ့ စွဲနေခဲ့ရပါသည်
ဆရာတော်ကြီးကို အနယ်နယ် အရပ်ရပ်မှ ပင့်ဖိတ်ကြ၍ ဓမ္မ ခရီး သွားလာ နေထိုင်ရင်း အခက်အခဲများရှိလျှင်သော်လည်းကောင်း/ပြဿနာများ/ပင်ပန်းမူ့များ/ဆင်းရဲမူ့များ/အနှောင့်အယှက်များ/ငတ်မွတ်ဆာလောင်မူ့များ/အိပ်ခြင်မူ့များ/ဖျားနာမူ့များ/.....စသဖြင့် စသည်ဖြင့် အဆင်မပြေမူ့များ ကြုံလာတိုင်း
၎င်းဂါထာ တော်ကို ဆရာတော်ကြီးမှ ကျယ်ကျယ်လိုက်ဆိုကြရန် မိန့်ကြား၍ ရှေ့မှ ချပေးပါသည် ကျွန်တော်တို့လည်း လိုက်ဆိုကြရပါသည်
ကျွန်တော့ အတွက်တော မည့်သည့် ပြဿနာ များမဆို ၄င်းဂါထာ အတိုင်း ရွတ်ဆို နှလုံးသွင်း ကျင့်သုံးလိုက်ပါက မပြေလည်စရာ အကြောင်း မရှိ အားလုံး အဆင် ပြေသွားပါသည်
ဆရာတော်ကြီး၏ ဂါထာတော်အား လိုက်နာကျင့်သုံးနိုင်ကြပါစေ
[[[* ဘုရားတပည့်တော်တို့သည် မြတ်စွာဘုရား သာသနာတော်ကြီး အတွက်ဆိုရင်
* နွားကဲ့သို့ ဆွဲပါမည်
* ကျွဲကဲ့သို့ ရုန်းပါမည်
* မြင်းကဲ့သို့
ပြေးပါမည်
* မြည်းကဲ့သို့
ပိုးပါမည်
* ခြင်္သေကဲ့သို့
ရဲရင့်ပါမည်
* သိုးကဲ့သို့ ရိုးသားပါမည်
* ဆင်ကဲ့သို့
အေါင်းပါမည်
* ရေကဲ့သို့
ပေးဆပ်ပါမည်
* လေကဲ့သို့
အကျိုးပြုပါမည်
* မြေကြီးကဲ့သို့
သီးခံ သည်းခံ ပါတော့မည် ဘုရား သာဓု သာဓု သာဓု ]]]
ရွတ်ဆို ကျင့်သုံးနိုင်ကြပါစေ )
(၁၅) ကျောက်ဂူ ဆရာတော်ကြီးသည် တစ်ချိန်တည်း တွင် နှစ်နေရာ၌ တွေ့မြင့် ရောက်ရှိနေတတ်ပါသည်ဘုရား
(ဆရာတော်ကြီး ကိုယ်ပွား နှစ်ပါးစီဖြစ် နေတတ်ပုံများကို မကြာခဏ ဆိုသလိုတွေ့ရတတ်ပါသည်
၎င်းများထဲ့မှ့
လေးငါးခုလောက်ကို ကျွန်တော် တတ်သလောက် ရေးသားတင်ပြပါမည် စာအရေးအသား မကျွမ်းကျင်၍ နားမလည်ပါက သည်းခံ၍ နှစ်ခေါက် သုံးခေါက်ဖတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်
တစ်ခါသောအချိန်က ဆရာတော်ကြီးအား တရားပွဲများပင့်ဖိတ်ကြ၍ ကရင်ပြည်နယ်ဖက်ကို ကျွန်တော့်ကားဖြင့်ပင့်ဆောင်ခွင့်ရခဲ့ပါသည်
ဆရာတော်ကြီးအား ဘေးမှတင်ဆောင်၍ ကားမောင်းနေစဉ် ကလေးမြို့မှ ဖုန်းဝင်လာပါသည်
ကျောက်ဂူဆရာတော်ကြီး ဆွမ်းဆန်စိမ်းလောင်းပွဲပြီးရင်
ကလေးမြို့ထဲ
ကြွအုံးမလားတဲ့
ကျွန်တော်က ဘာဖြစ်လို့လဲလို့ ပြန်မေးမိ့ပါသည်
တမူးဖက်ကရွာ တရွာမှာ
ရွာလုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းနေတယ် အဲဒါပိးရင် ကလေးမြို့ထဲ့ကိုပင့်ခြင်လို့ ဟုပြောပါသည်
ကျွန်တော်လည်း ချက်ခြင်းပင် ကားမောင်းရင်း ကျောက်ဂူ ဆရာတော်အား လျှောက်လိုက်ပါသည်
တမူးဖက်ကရွာတရွာမှာ
ကျောက်ဂူဆရာတော်တစ်ပါး ရောက်နေတယ်တဲ့ဘုရား
ဆရာတော်ကလည်း ချက်ခြင်းပင် ရုက္ခစိုးနတ်တွေက ချစ်ကြလို့ အဲလိုဘဲ ခဏခဏဖြစ်တယ် ဟုမိန့်ပါသည်
(၁၆) တစ်ခုသော ဘုရားထီးတင်ပွဲတွင် တရားပွဲပင့်ဖိတ်၍ ကျောက်ဂူဆရာတော်ကြီး ကြွရောက်ခဲ့ပါသည်
ဘုရားထီးတင်ရာ၌လည်း ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ကုသိုလ်ယူခဲ့ပါသည်
ထီးတင်ရာတွင် အောက်ဖက်ကထီးတော်ကို ရထားပေါ်သို့ တင်ရာနေရာတွင်လည်း ဆရာတော်ကြီးရှိနေ၍
စေတီထိပ်ပေါ်တွင် ထီးတော်အား ရထားပေါ်မှချ၍ စေတီတွင် တပ်ဆင်ပူဇော်သော နေရာတွင်လည်း ဆရာတော်ကြီး ရှိနေ့ခဲ့ပါသည်)
(၁၇) လွန်ခဲ့သော သုံးလေးနှစ်ခန့်က ဆရာတော်ကြီး ပဲခူးတိုင်း သုံးဆယ်မြို့ ကျောက်ဂူကျောင်းတွင် ဝါဆိုဝါကပ် သော အချိန်ကဖြစ်ပါသည်
ကျွန်တော်လည်း ဆရာတော်ကြီးနားတွင် ကျောင်းအိပ်ကျောင်းစားဖြင့် အချိန် တော်တော် များများ ရှိနေဖြစ်ပါသည် ။ တစ်နေ့တွင် ဆရာတော်ကြီးမှ ကျွန်တော့်အား ခေါ်၍ ကန် (၇) ရွာကို တစ်ရွာတစ်စီး နာရေးကူညီမူ့ ကားများလှူဒါန်းလိုသည် စီစဉ် ဆောင်ရွက်ရန် ကုသိုလ် ပေးပါ သည် ။ကားများဝယ်ယူ ပို့ဆောင်ရင်း ကန်(၇)ရွာ ကျောက်ဂူကျောင်းသို့ ရောက်ခဲ့ပါသည် ရန်ကုန်ပြန်ရန် လိုင်းကားစောင့်ရင်း ကျောင်းပေါ်တွင် နှစ်ရက်သုံးရက် နေဖြစ်ခဲ့ပါသည်
ကျောင်းပေါ်တွင်
ဘုရားဖူးဧည့်သည် ဆယ်ယောက်ခန့် အဖွဲ့တစ်ဖွဲံ တွေ့၍ ထမင်းများစားသွားကြရန် အဆင်သင့်ပြင်ထားကြောင်း ညအိပ်နားကြမည်ဆိုပါကလည်း အဆင်ပြေပါကြောင်း ကျောက်ဂူဆရာတော်ကြီးတော့ သုံးဆယ်မြို့ မှာဝါဆို၍ မရှိပါကြောင်းပြောသောအခါ
ဒီကျောင်းကို ခဏ ခဏလာဖူးပါကြောင်း ထမင်းလည်းဆွမ်းတန်းတွင် စားပီးပါကြောင်း ကျောက်ဂူဆရာတော်ကြီးကိုလည်း အခုဘဲတစ်ဖွဲ့လုံး ဖူးခဲ့ပီးပါကြောင်း ဝမ်းသာ ပျော်ရွင်စွာပြော၍ ကားပေါ်တက်ကာထွက်ခွာသွားကြပါသည် ။ ခဏအကြာတွင် နောက်ဘုရားဖူးအဖွဲ့ တစ်ဖွဲ့ တွေ့ပြန်၍ ထမင်းများစားသွားကြရန် ဖိတ်ဖြစ်ပါသည်
ကျောက်ဂူဆရာတော်ကြီးကို ဖူးရင်း သင်္ကန်းလာကပ်တာဖြစ်ကြောင်း သင်္ကန်းလည်းကပ်ခဲ့ပြီးကြောင်း သီလများလည်ပေးလိုက်ကြောင်း များစွာဝမ်းသာပါကြောင်း လှူရန်များကို ရုံးကျောင်း ပို့ဖို့ မှာလိုက်ကြောင်း ပြောပါသည် ။ကျွန်တော်လည်း ဧည်သည်များကို ရုံးကျောင်းပို့ နောက် ဆွမ်းတန်းပိုပြီးဆရာတော်ကြီး သီတင်းသုံးရာ တဲကျောင်းလေးသို့ တိတ်ဆိပ်စွာ တစ်ယောက်တည် သွားချောင်းဖြစ်ပါသည်
အေးငြိမ်းဆိတ်ငြိမ် လှသော တဲ့ကျောင်းလေးထဲတွင် ဆရာတော် ထိုင်နေကြ ထိုင်ခုံပေါ်တွင် အနေကထိုင်လေးခင်းထားတာ တွေ့ရပါသည် ဆရာတော်တော့မမြင်ရ မတွေ့ရပါ မရှိပါ
ကျွန်တော်လည်း ရိုသေစွာ ရှိ့ခိုးဦးချ၍ ဆရာတော်မှ ကားများပို့ခိုင်းသော ကိစ္စ ပြီးစီးပါကြောင်း နောက်ထပ် ကုသိုလ်ပေးအလုပ်ခိုင်းလိုပါက အဆင်သင့် ဖြစ်နေပြီဖြစ်ကြာင်း ၊ သုံးဆယ်မြို့ကိုရောက်လျှင် ဆရာတော်နှင့်တွေသောအခါ လျှောက်ရန်ရှိသည်များကို(ရီဟာ့ဇယ်) လုပ်ရင်း လျှောက်ထားလိုက်ပါသည်
By Ko nyi