Monday, November 25, 2019

ေက်ာင္းေတာ္ႀကီး၏ အမွတ္တရ အခန္းဆက္မ်ား - U Zaw Paing



( တကယ္ဆို ကိုယ္ေတြက စာဖတ္သူအျဖစ္ ဝါသနာပါတဲ့သူပါ..စာေရးတာကိုဝါသနာပါေပမဲ့ ..စာရွည္ရွည္ေရးဖို႔ အခ်ိန္မရွိတာ .. ေခ်ာေခ်ာေမြ႕ေမြ႕ မေရးတတ္တာရယ္ေၾကာင့္ ၊..မေရးျဖစ္ခဲ့ပါဘူး..
ဒါေပမဲ့ ကိုယ္ေတြ ေက်ာင္းသားဘဝ ျဖတ္သန္းလာခဲ့ၾကခ်ိန္ေတြကို ကဗ်ာဆရာကိုမ်ိဳးႏိုင္ရဲ႕ ပီျပင္စြာခ်ယ္မႈန္းမႈေၾကာင့္ ငယ္႐ုပ္စဥ္ တသြင္ဆန္းၿပီး သတိရစရာေတြအေတြးေတြက အေတာမသတ္ ၊
ေက်ာင္းတက္စဥ္ကာလေျပာစမွတ္ျဖစ္ခဲ့တာေတြက ရသမ်ိဳးစုံကုန္ႏိုင္ဖြယ္မရွိေလေတာ့ သတိရမိတာေလးေတြခုလို ေရးလိုက္မိတာပါ...
ခ်စ္ခင္ရင္းႏွီးမႈနဲ႔ ဇာတ္ေကာင္သူငယ္ခ်င္းမ်ားရဲ႕ နာမည္ရင္းေတြကိုေဖာ္ျပခဲ့တာကိုေတာ့ ခြင့္လႊတ္ေပးၾကပါ သူငယ္ခ်င္းတို႔ )


ဆရာမေဒၚစန္းၫြန႔္ ဆိုတာ ဆရာမတဦးဆိုတာထက္ကိုယ္ေတြရဲ႕ အေမဆိုလဲဟုတ္...အမဆိုလဲ မမွားပါဘူး။သင္ၾကားေပးခဲ့တဲ့ ဆရာ ဆရာမေတြအမ်ားႀကီးထဲမွာမွ ကိုယ္ေတြသူငယ္ခ်င္းတစုရဲ႕ ဆိုးသမွ် အႏြံအတာအခံရဆုံးပါ။ဆရာမ နဲ႔ စၿပီးသိတာ 9 တန္းႏွစ္...8 တန္းဆိုတဲ့အလယ္တန္းမွာတုန္းက စေကာစက ...အလယ္တန္းကေန အထက္တန္း မေရာက္ခင္ကတဲက 9တန္း 10တန္းက ဆရာမ ေဒၚဝင္းတင့္ ဆရာမ ေဒၚအုန္းၿမိဳင္ ဆရာမ ေဒၚခင္ျမရီ ဆရာမ ေဒၚစမ္းၫြန႔္၊ဆရာဦးထြန္းၿငိမ္း ဆရာဦးလွခင္ ဆရာဦးသိန္းၾကည္ အစရွိသူေတြအပါအဝင္ ဆရာ ဆရာမေတြရဲ႕ စည္းကမ္းႀကီးတဲ့အေၾကာင္း...စာမရရင္ ဘယ္လိုဆုံးမတတ္တယ္ ဆိုတဲ့ အေၾကာင္း‌ေတြၾကားၿပီး ေသြးလန႔္ေနခဲ့ၾကပါတယ္။ေဒၚစမ္းၫြန႔္ကေတာ့ ပိုၾကမ္းတယ္ဆိုလို႔
မေရာက္ခင္ကတဲက သူ႔နာမယ္ကိုၾကားၿပီး လမ္းမွာေတြ႕ရင္ေတာင္ မ်က္ႏွာမေျပာင္ရဲၾကပါဘူး။

ျဖစ္ခ်င္ေတာ့ ကိုယ္ေတြက သူအတန္းပိုင္ ယူတဲ့ အခန္းမွာမွ ၉ တန္းတက္ရတာေလ...အဲဒီမွာ စေတြ႕ေတာ့တာပါပဲ။

ကိုယ္ေတြတက္ရတဲ့အခန္းမွာ နာမည္တူစိုးလြင္က ၃ေယာက္ ၊ျမင့္သိန္းက ၃ ေယာက္၊စန္းစန္းဝင္းက ၃ေယာက္.နာမည္တူ ၂ေယာက္ကလည္း မနဲဘူးရွိတယ္။

သူက သမိုင္းသင္တယ္...ထုံးစံအတိုင္း သမိုင္းဆိုတာ က်က္စာဆိုေတာ့ ေရွ႕က တေယာက္က ေခၚေပးတာကို တတန္းလုံးက လိုက္ေရးရတယ္။
ၿပီးမွ ဆရာမက နားလည္ေအာင္ ျပန္ရွင္းျပတာ...အဲဒီမွာ စာေခၚေပးတဲ့ေကာင္က ေရွ႕ကေန ေပါက္ကရ ထည့္ၿပီးဖတ္သြားရင္ ေနာက္ကလိုက္ေရးတဲ့ တတန္းလုံးက အဟုတ္မွတ္ၿပီးလိုက္ေရးၾကေတာ့ ...သူေခၚေပးတာ မဟုတ္ဘူးလို႔ သိၾကတဲ့အခ်ိန္ ဘာေျပာေကာင္းမလဲ ေမတၱာဝိုင္းပို႔ၾကတာ အုန္းအုန္းကိုထေရာ...မဟုတ္တာေတြေခၚထားသမွ် လိုက္ေရးထားတာေတြ အကုန္ျပန္ဖ်က္ရေပမဲ့ စိတ္ဆိုးတာ စိတ္ေကာက္တာမ်ိဳးမရွိၾကပါဘူး။

တခါမွာေတာ့ ဆရာမ က အေနာက္က ျပဴတြင္းေပါက္ေဘးမွာ ေရာက္ေနတာ မသိပဲ
သမိုင္းစာအုပ္ထဲက မပါေတြကို ေခၚေပးေနတာၾကားသြားၿပီး နားသယ္ေမႊး အဆြဲခံလိုက္ရတာ ေဆာ္ပေလာ္တီးခံလိုက္ရတာ မွတ္ကေရာပဲ..

ကိုယ္ေတြ ေခတ္က ေက်ာင္းသားဘယ္ေလာက္ဆိုးဆိုး ႐ုံးခန္းအပို႔ခံရတယ္ဆိုတာ ထုံးစံမရွိဘူး...ဆရာ ဆရာမရဲ႕ အ႐ိုက္ခံရတာနဲ႔တင္ ေနာက္ဆက္မလုပ္ရဲေအာင္ျဖစ္ရတယ္...႐ုံးခန္းကိုေခၚခံရမယ္ဆို ေနစရာမရွိေတာ့ဘူး ...ေၾကာက္လို႔..ေျပာရင္းနဲ႔ သတိရလာတာက ေဆးလိပ္ခိုးေသာက္ၾကတဲ့အ‌ေၾကာင္း....အဲဒီအခ်ိန္တုန္းက ေက်ာင္းသားတခ်ိဳ႕က ေဆးလိပ္ ခိုးေသာက္တတ္ၾကတယ္...
ဘာရယ္မဟုတ္ဘူး အတုခိုးၿပီး လုပ္ၾကည့္ၾကတာပါ...မ်ားေသာအားျဖင့္ကေတာ့ အိမ္သာထဲမွာပဲ သြားၿပီး ခိုးေသာက္ၾကတာ...



တေန႔မွာေတာ့ စိုးလြင္( ဆင္ႀကီး-ကြယ္လြန္)ရယ္ တ႐ုတ္တန္းက ျမင့္သိန္းရယ္...ပတၱျမားကဘုန္းႂကြယ္ရယ္...သံႀကိဳးတိုင္က က်င္ရီရယ္ အိမ္သာထဲမွာ ေဆးလိပ္သြားၿပီး ခိုးေသာက္ၾကတယ္...ေဆးလိပ္က (မြန္ထရီ)အဲဒီအခ်ိန္က စီးကရက္ဆို ဒူးယား၊ မြန္ထရီ၊‌ခေပါင္း ၊ေဆးေပါ့လိပ္ဆို ေငြေတာင္ ...ေနာက္ထပ္ ေပၚလာတာက စကားဝါေဆးလိပ္။.ေက်ာင္းအုပ္. ဆရာမႀကီး ေဒၚျမစိန္ က ေက်ာင္းေနာက္ဖက္ကို Round လွည့္လာေတာ့ စက္မႈခန္းနားမွာ ဆရာဦးလွႂကြယ္ဦးလွခင္၊ ဦးေက်ာ္ဝင္း ဦးတင္ေဌးတို႔နဲ႔ အတူ ေက်ာင္းသားအိမ္သာထဲမွာ ေက်ာင္းသားေတြစုစု.. စုစု လုပ္ေနတာေတြ႕သြားပါေလေရာ
အဲဒီမွာ ...အတန္းမတက္ပဲ ဒီေကာင္ေတြဘာလုပ္ေနၾကတာလဲဆိုေတာ့ ဟိုေကာင္ေတြမယ္ ေသာက္လက္စေဆးလိပ္ကလဲ မကုန္ေသး...လႊင့္ပစ္ရမွာကလည္း ႏွေျမာေလေတာ့ကမန္းကတမ္း ေဆးလိပ္မီးသတ္ၿပီး ဆင္ႀကီး စိုးလြင္ရဲ႕ ပုဆိုး ခါးပိုက္ေထာင္ထဲထည့္လို႔ ေခါင္းေလးေတြငုံ႔ၿပီးဆရာမႀကီးနဲ႔ဆရာ‌‌ေတြ ရဲ႕ေရွ႕က ျပန္ထြက္လာၾကတယ္...

အဲဒီအခ်ိန္မွာ ဆရာမႀကီးက မင္းတို႔ ဘယ္အခန္းကေက်ာင္းသားေတြလဲလို႔ ေမးပါေလေရာ....တခါထဲ ေျဖလိုက္ၾကတာ တေယာက္တေပါက္ တျခားအခန္းနာမည္ ေတြလႊဲ ေျပာတဲ့သူကေျပာနဲ႔ေပါ့...
သူတို႔သတိမထားမိတာက ဘယ္သူက ဘယ္အခန္းက ဆိုတာ တျခားသူေတြသာမသိရင္ရွိရမယ္...ဆရာဦးလွႂကြယ္တို႔ က ၅တန္းကတည္းက သင္ေပးခဲ့တဲ့ သူ႔တပည့္ေတြ မမွတ္မိပဲရွိပါ့မလား..
ဒါေပမဲ့ ဆရာမႀကီးေရွ႕မွာ ..."သြား..သြား..မင္းတို႔အခန္းေတြျပန္ၾကေတာ့..ေနာက္ဆို စာသင္ခ်ိန္မွာ ဒီလိုမ်ိဳး အမ်ားႀကီး အိမ္သာကို မလာၾကနဲ႔ လို႔ေျပာလိုက္တယ္..‌ေက်ာင္းအုပ္ဆရာမႀကီးကဆရာေတြကို အခုလိုေက်ာင္းသားေတြ စာသင္ခ်ိန္မွာ အတန္းအျပင္‌ေရာက္‌ေနတာမ်ိဳး
မေတြ႕ရေအာင္ စည္းကမ္းရွိဖို႔ဆုံးမၾကဦးဆိုၿပီး က်န္ေနခဲ့တယ္..
‌အဆူခံရတဲ့ .ေက်ာင္းသားေတြမွာေတာ့ ဆရာမႀကီး အခန္းေတြေမးကတဲက ႐ုံးခန္းအေခၚခံရေတာ့မယ္ဆိုၿပီး မ်က္ႏွာငယ္ေလးေတြနဲ႔ ကိုယ့္အခန္းကို ျပန္လာၾကတယ္။

ေဆးလိပ္ေသာက္ခဲ့ၾကတဲ့ ကိုယ့္ေကာင္ေတြရဲ႕ ဇာတ္လမ္းက စၿပီေလ...
ဆင္ႀကီးရဲ႕ ေက်ာင္းစိမ္း ပုဆိုး ခါးပိုက္ေထာင္ထဲက စီးကရက္က မီးမေသတာ ေၾကာက္အားလန႔္အားနဲ႔မို႔ သတိ မထားမိလိုက္ၾကဘူး..ေဆးလိပ္မီး ပုဆိုးကို ေလာင္ၿပီး အကြက္အႀကီးႀကီးေပါက္သြားတယ္..
ပုဆိုးေပါက္တာ လွည့္ဝတ္လိုက္လို႔ရေပမဲ့ အဝတ္ မီးေလာင္လို႔ ေညႇာ္နံ႔က ေဖ်ာက္လို႔မရဘူးျဖစ္ေနတယ္။


အခန္းထဲေရာက္ေတာ့ ေနာက္တခ်ိန္ကဆရာမေဒၚစန္းၫြန႔္အခ်ိန္တဲ့...ပုဆိုးကို မီးေလာင္ထားတဲ့ ေညႇာ္နံ႔က အခန္းထဲမွာ သိသိသာသာႀကီးကိုရေနတယ္...ေသခ်ာတယ္ ေလ ဆရာမ လာရင္ေတာ့ ပြဲေကာင္းၿပီဆိုတာ....ထင္တဲ့အတိုင္းပါပဲ....အတန္းထဲ ဆရာမဝင္လာပါၿပီ....ဝင္လာကတဲက ေက်ာင္းသားေတြကို ေစ့ေစ့ၾကည့္လိုက္တယ္...ပါးစပ္ကလဲ ေမးလိုက္ေသးတယ္ အခန္းထဲမွာ ဘယ္က ေညႇာ္နံ႔ နံေနတာလဲတဲ့.....မသိတဲ့သူေတြက ဘာ‌ျပန္‌‌ေျဖရမွန္းမသိေပမဲ့...ခုနကအိမ္သာက အေၾကာင္းသိၿပီးထားသူေတြကေတာ့ ေနာက္ကို မသိမသာလွည့္ၾကည့္ေနၾကေလရဲ႕....အတန္းေရွ႕က မိန္းခေလးတခ်ိဳ႕ကလဲ သမီးတို႔လဲ အနံ႔ရတယ္တဲ့ဆိုၿပီး တခန္းလုံး လိုက္ၾကည့္ေနၾကတယ္...အဲဒီအခ်ိန္မွာ....ကဗ်ာဆရာျဖစ္လာမဲ့ ေကာင္ေလးက မတ္တပ္ထၿပီး ဆရာမကို ၾကည့္လိုက္တယ္...ၿပီးေတာ့...ေနာက္ကေကာင္ေတြဘက္ကိုလဲလက္ညႇိဳးထိုးလိုက္ေသးတယ္...ေညႇာ္နံ႔ နံေနတဲ့ အေၾကာင္းက.သူတို႔လုပ္တာတဲ့..!!!!!!!!!!!!!

 ေဆးလိပ္ေသာက္တဲ့ေကာင္ေတြရဲ႕မ်က္ႏွာ ျဖစ္သြားလိုက္ပုံမ်ားအခုေတာင္ျပန္ျမင္မိပါတယ္.. ၿဖစ္ပုံကဒီလို!!!စာေရးဆရာကဗ်ာဆရာျဖစ္လာမဲ့...အေလာင္းအလ်ာေလး ကိုမ်ိဳးႏိုင္ကကဗ်ာေလးေတြကိုစာအုပ္ထဲမွာေရးေရးၿပီးသူနဲ႔ဝါသနာတူခ်င္းျခင္းကိုပဲျပတယ္...ဒါကိုသိတဲ့ သူေတြက ခိုးၿပီး ဖတ္တယ္..
ၿပီးရင္လဲ ဒီတိုင္းေနတာမဟုတ္ဘူး...အသံေနအသံထားနဲ႔တျခားလူေတြသိေအာင္အက်ယ္ႀကီးတမင္ဖတ္ျပတယ္...အဲ့ဒါကိုေအာက္ကနားေထာင္တဲ့သူေတြက ေပါက္ကရေတြ လိုက္ေအာ္တယ္ေလ...

မိန္းကေလးေတြ ကလဲရီတဲ့သူကရီ ၿပဳံးတဲ့သူက ၿပဳံးနဲ႔ေပါ့....အတန္းထဲမွာျဖစ္ေနၾကတာမ်ိဳးႏိုင္က ငယ္ငယ္ေလးကတည္းက စိတ္ဆိုးေအာင္စရင္ ငိုေရာ...သူက လူေကာင္ ေသးေသးေလး ဆိုေတာ့ ခ်စ္လို႔စၾကတာကို အၿမဲခံရတယ္..

.ဒီေကာင္ကလဲ စခ်င္စရာအၿမဲလုပ္တယ္..ဆရာမေတြကို အတိုင္အေတာထူတယ္...ဖတ္ခိုင္းထားတဲ့စာေတြ ထၿပီးဖတ္ခိုင္းရင္ စာမရလို႔ေခါင္းငုံ႔ေနရင္ တမင္တကာကို သူက ဆရာမကို "သူ႔ကိုေမး ဆရာမ"ဆိုၿပီးခြၽန္တယ္...အဲဒီအခ်ိန္မွာေတာ့ သူက စင္ေပၚ ေရာက္ေနၿပီေလ...စာရေနတာကိုး...
သူ႔ဒဏ္ ခံရတာ မ်ိဳးဦးတို႔.. အင္ၾကဴတို႔ အပါအဝင္ အတန္းေနာက္ဖက္မွာ ထိုင္ေနက်လူေတြေပါ့။

ခုကိစၥ မွာလည္း ႐ုံးခန္းကို မသြားၾကရေပမဲ့ သူအခြၽန္ေကာင္းလို႔ ဟိုေကာင္ေတြခမ်ာ ဆရာမရဲ႕ ပါးစပ္က ဆူတဲ့ေျပာတဲ့ဒဏ္ ..နား႐ြက္အေပၚက နားသယ္ေမႊးအဆြဲခံရတဲ့ဒဏ္.. ပိုဆိုးတာက အေၾကာင္းတိုက္ဆိုင္တိုင္း ျပန္အစေဖာ္လို႔ မၿပီးပဲ ဆူပူဆုံးမတာက မၿပီးႏိုင္ေအာင္ပါပဲ....



ကိုယ္ေတြတက္တဲ့အခ်ိန္က ေက်ာင္းသားက အ႐ြယ္အမ်ိဳးမ်ိဳး..

.ေရွ႕က အတန္းက်ခဲ့လို႔ အသက္ႀကီးတဲ့ သူေတြ ...ကိုယ္ေတြအ႐ြယ္..ၿပီးေတာ့ မ်ိဳးႏိုင္တို႔ ေနဝင္း တို႔လို အေကာင္ေပါက္ေလးေတြ ...အ႐ြယ္ႀကီးတဲ့သူေတြကအတန္းရဲ႕ေနာက္ဆုံးခုံေတြမွာပဲ‌ ေ႐ြးၿပီးထိုင္ ေလ့ရွိတယ္...ဆရာမကစာေမးလို႔ စာမရရင္ ေရွ႕ဖက္ကခုံ ေတြေျပာင္းထိုင္ခိုင္းလဲ ခဏပဲ...သိပ္မၾကာဘူး ေနာက္ကေနရာဆီ ျပန္ေရာက္လာေရာ...ေနာက္ေတာ့လဲ ဆရာမက
"နင္တို႔ စာႀကိဳးစားၾက ပညာမတတ္ရင္ ႀကီးမွ ဒုကၡေရာက္လိမ့္မယ္"ဆိုၿပီး

ဆူ႐ုံကလြဲၿပီး သိပ္မေျပာေတာ့ပါဘူး...

ဒါနဲ႔ပါတ္သက္ၿပီး ေရးေနတုန္း ေခါင္းထဲေရာက္လာတာက ဆရာမက အဲဒီလို ေျပာတဲ့အခ်ိန္ မ်ိဳးဦးက" စာမတတ္လဲကိစၥမရွိဘူး ဒန္ေပါက္ခ်က္တတ္ရင္ ထမင္းမငတ္ဘူး"လို႔ မၾကားတၾကားျပန္ေျပာတာ ၾကားသြားၿပီးေဒၚစမ္းၫြန႔္ ရဲ႕ ေကာင္းခ်ီးေပးတာ အတန္းေရွ႕ထြက္ၿပီး ခံလိုက္ရေသးတာကို ရီမိေသးတယ္... အမွန္က ဆရာမ ကၾကားတာမဟုတ္ဘူး..ေဘးကေကာင္ေတြက ဒီလို ေျပာေနတယ္ဆိုၿပီး ဝိုင္းပို႔ၾကတာေလ...

မ်ိဳးဦး အေၾကာင္းေျပာမယ္ဆို
" အင္ၾကဴ" အေၾကာင္း မပါလို႔မရဘူး။
(သူ႔အေၾကာင္းကေတာ့ ေရးစရာေတြ ေျပာစရာေတြ အမွတ္တရ အမ်ားႀကီးမို႔ သပ္သပ္ ေရးပါ့မယ္)

ေက်ာင္းတက္ရက္ေတြၾကာလာတာနဲ႔အမွ် အတန္းပိုင္ဆရာမ နဲ႔ေက်ာင္းသားေတြ မိသားစုလိုျဖစ္လာၾကတယ္.... အတန္းထဲမွာလဲ ေက်ာင္းသားေရာ ေက်ာင္းသူေရာ ေမာင္ႏွမေတြလို ေျပာင္ၾက စၾက ေနာက္ၾကနဲ႔ စိတ္ဆိုးတယ္ဆိုတာ မရွိခဲ့ၾကပါဘူး။

လူငယ္ဘာသာဘာဝ စိတ္ကစားတတ္သူေတြကလည္း ကစားတတ္ေနၾကၿပီဆိုေတာ့ အခ်င္းခ်င္း ႀကိတ္ေႂကြတဲ့သူကေႂကြ...ေျပလည္သြားတဲ့သူေတြကလည္း သာသာယာယာေပါ့။ဘယ္သူမွ စာေပးလို႔ ႐ုံးခန္းအထိ အတိုင္ခံရတယ္ဆိုတာမ်ိဳး မၾကားရဘူး။

ဘယ္ေလာက္ပဲ ေႂကြေႂကြ စာေပး႐ုံကလြဲလို႔ တျခားလဲ မလုပ္ဝံ့ၾကပါဘူး...
လမ္းမွာ စကားလိုက္ေျပာတယ္ဆိုတာ ကေတာ့ ေတြးေတာင္ မေတြးရဲတဲ့ကိစၥ...အတူတူတြဲသြားတာနဲ႔ အိမ္ျပန္မေရာက္ေသးဘူး သတင္းကေရာက္ေနၿပီ...ပါတ္ဝန္းက်င္ရဲ႕ ကိုယ္ခ်င္းစာစြာေစာင့္ေရွာက္မႈ ေအာက္မွာ ဘယ္သူမွ ဣ ‌ေျႏၵ မမဲ့ခဲ့ၾကပါဘူး

အတြဲေတြျဖစ္သြားရင္ အရင္ ကလို ရဲရဲဝံ့ဝံ့မေျပာျဖစ္ၾကေတာ့ဘူး..

မိန္းခေလးက အလွျပင္လာတတ္ၾကသလို ေယာက္်ားေလးကေတာ့ အဝတ္အစား သပ္သပ္ရပ္ရပ္ ဝတ္တတ္လာတယ္....

ျမန္မာစာကြၽမ္းက်င္ၿပီး ကဗ်ာေတြဘာေတြ အႏုအ႐ြတတ္တဲ့သူကို ရည္းစားစာေရးခိုင္းၾကတယ္...
သူတို႔ကလည္း ကိုယ္သာ အတြဲမရွိတာ သူတို႔ေရးေပးတဲ့ စာဖတ္ၿပီး ...ခ်က္ခ်င္းပဲ ကမ္းနားလမ္းက ဟိုစိန္ တ႐ုတ္ဘုံေက်ာင္းမွာ မဂၤလာေဆာင္တဲ့ အထိ ကို စိတ္ကူးယဥ္သြားေစတဲ့အထိ ေရးခ်က္က ျပင္းတယ္ေလ..

.နံရံကပ္စာေစာင္ ထုတ္တာကလည္း ဝါသနာရွင္ေတြအတြက္ ေမ်ာ္လင့္ေတာင့္တရတဲ့ အခြင့္အေရးတခုေပါ့...စာေပဝါသနာပါသူေတြအတြက္ ေတာ့ ကေလာင္ေသြးခြင့္ လက္စြမ္းျပခြင့္ ရတဲ့အခ်ိန္လို႔ ေျပာမယ္ဆိုရင္လဲ မမွားပါဘူး..

.နံရံကပ္စာေစာင္မွာ ေဖာ္ျပခံရတဲ့ သူေတြဆိုရင္လဲ ေျမာက္ႂကြေျမာက္ႂကြ နဲ႔ အဲဒီအခ်ိန္မွာ ေျပာလို႔ဆို႔လို႔ မေကာင္းေတာ့ဘူး....

ဒါေပမဲ့သူတို႔လည္း မသက္သာပါဘူး ...
ကဗ်ာ ပဲ ျဖစ္ျဖစ္ စာပဲျဖစ္ျဖစ္ ပါတယ္ဆိုတာနဲ႔ အေၾကာ္ဝယ္ေကြၽးရ မုန႔္ဝယ္ေကြၽးရနဲ႔ ရတဲ့ မုန႔္ဖိုးလဲ သူတို႔ စားရတယ္မရွိဘူး...

အဲဒီအခ်ိန္မွာေတာ့ ပီတိနဲ႔တင္ ရင္ျပည့္ေနၾကတာေပါ့...
နံရံကပ္ စာေစာင္ သ႐ုပ္ေဖာ္ ပုံနဲ႔ ပိုစတာေတြကို သက္ဦးက ဒိုင္ခံေရးတယ္၊

တခါမွာ သူေရးထားတဲ့ပန္းခ်ီပိုစတာကို အခန္းထဲယူလာတယ္..

စာေစာင္ကိစၥလုပ္ေပမဲ့ အတန္းကလည္း တက္ရေသးတာကိုး....

အဲဒီမွာသူေရးထားတဲ့ သ႐ုပ္ေဖာ္ပုံက ေယာက်ၤားေလးတေယာက္ ေရကန္ေဘး ကသစ္ပင္ေအာက္မွာ ထိုင္ၿပီး ေတြးေနတဲ့ပုံ...

အခ်ိန္က ညေနေစာင္း အခ်ိန္ကို သ႐ုပ္ေဖာ္ခ်င္ေတာ့ ေရးထားတဲ့အေရာင္ က အနီေရာင္ ခပ္မ်ားမ်ားထည့္ေရးထားတာ...
ေရကန္ထဲက ေရကလဲ အနီေရာင္ျဖစ္ေနတာေပါ့...

အဲဒါကို ေတြ႕သြားတဲ့ ေဘးကေကာင္ေတြက သက္ဦးအျပင္သြားတုန္း ေရကန္ထဲက ငါးမန္းထြက္လာတာဆို ပိုမိုက္မယ္ဆိုၿပီး ...

ေရကန္ထဲကေန ငါမန္းႀကီးထြက္လာတဲ့ပုံ ထပ္ဆြဲလိုက္တယ္...
႐ုပ္ရွင္ ကလည္း JAW ဆိုတဲ့ ငါးမန္းကားကလည္း ေခတ္စားေနခ်ိန္ဆိုေတာ့ ငါးမန္းပုံမွာ JAW ဆိုၿပီးေရးလိုက္ေသးတယ္...ဘာေျပာေကာင္းမလဲ သက္ဦး‌လဲျပန္လာေရာ သူ႔ပိုစတာဖ်က္ဆီးလို႔ဆိုၿပီး ေဒါသေတြထြက္...စကားေတြကလဲ စိတ္တိုေနေတာ့ ပလုံးပေထြးနဲ႔ ...

အမယ္..သူ‌က ေဒါသထြက္ရင္ ပုံမွန္လို စိတ္ဆိုးၿပီး‌‌ေျပာ‌တာမ်ိဳး မဟုတ္‌ေတာ့ဘူး..စာလိုလို ဘာလိုလိုနဲ႔ ျမတ္ေလးလိုလို ဘီအီးဒီေအာင္သိုက္လိုလို ေလသံနဲ႔ေျပာတာဆိုေတာ့ ျမင္ရတဲ့သူက မရီပဲမေနႏိုင္ဘူး..
"မင္းတို႔ငါေၾကကြဲသလို.. မေၾကကြဲၾကပါေစနဲ႔"
.."အလွတရားဆိုတာ အဖ်က္သမားေတြရဲ႕ရင္ထဲမရွိဘူး"...
"အလွတရားမခ်စ္တတ္ရင္ ေလာကႀကီး ကို ဖ်က္ဆီးတာနဲ႔ အတူတူပဲ" ဘာညာ ..ဘယ္လိုဆိုၿပီး ႀကီးႀကီးက်ယ္က်ယ္ မဆိုင္တာေတြ ေလွ်ာက္ေျပာေတာ့ ပိုရီၾက ပိုစခ်င္ၾကတယ္..

(ကိုယ့္သူငယ္ခ်င္းႀကီး ရဲ႕ အေၾကာင္း အေဝးကေန ၾကားရေတာ့ စိတ္ထဲ မေကာင္းလိုက္တာ...သူ႔ဘဝနဲ႔သူေပါ့...ေတြ႕ၾကတဲ့သူငယ္ခ်င္းမ်ား ေစာင့္ေရွာက္ေပးၾကပါကြာ)



အေပၚမွာေျပာခဲ့တဲ့...အတြဲရတဲ့အေၾကာင္းျပန္ေျပာမယ္...

အတြဲရတဲ့မိန္းကေလးကပိုၿပီးအလွျပင္လာတယ္လို႔ ေရးခဲ့ပါတယ္...
ဟုတ္ပါတယ္အလွျပင္လာတယ္ဆိုတာ အရင္ပါးကြက္ကြက္တာကေန သနပ္ခါးညီညီလိမ္းလာတာကိုေျပာတာ...ဒီထက္မပိုပါဘူး..ႏႈတ္ခမ္းနီဆိုးတယ္ ဆိုတာ ကထိန္က်မွပဲ ျမင္ရတယ္..
.အဲဒီအခ်ိန္
တခ်ိဳ႕ကလည္း လွတပတ..
တခ်ိဳ႕ကလည္း မဆိုးတတ္ဆိုးတတ္နဲ႔ေပါ့..မိတ္ကပ္ဆိုတာကလဲ ဒီအခ်ိန္က်မွ လိမ္းျဖစ္ၾကတာဆိုေတာ့ ေစာေစာပိုင္းၾကည့္ေကာင္းေပမဲ့ ေနပူလာတာနဲ႔အမွ် အသားျဖဴတဲ့သူေတြက ကိစၥမရွိေပမဲ့
အသားနဲနဲညိဳတဲ့သူေတြကေတာ့ မ်က္ႏွာနဲ႔လည္ပင္း က အေရာင္ေလးေတြေျပာင္းၿပီး ကာလာဆန္းေတြျဖစ္သြားၾကတယ္..ဒါေပမဲ့ အဲဒီအခ်ိန္မွာေတာ့ ကိုယ္ Crushတဲ့သူက ၾကည့္လို႔အလွဆုံးျဖစ္ေနတာပါပဲ....
ေရးရင္းနဲ႔ ကထိန္ကို ေရာက္သြားျပန္ၿပီ....

ျပန္ဆက္ရရင္ ကိုယ္ေတြေက်ာင္းတက္စဥ္ မိန္းခေလးေက်ာင္းသူေတြ ရဲ႕ဝတ္စားဆင္ယင္ပုံက အရမ္းကို ႐ိုးစင္းလြန္းပါတယ္။ခုေခတ္လို ေက်ာင္းလုံျခည္ကို စကပ္ပုံစံဝတ္ တာတို႔ ..ေက်ာင္းစိမ္းလုံခ်ည္မွာ ကိုယ္လုံးလွေအာင္ ေဒါက္အမ်ားႀကီးထည့္ဝတ္တာတို႔ မရွိဘူး...ပိုၿပီးျမတ္ႏိုးဖို႔ေကာင္းတာက မိန္းခေလးေက်ာင္းသူအားလုံး ခုေခတ္လို ဘရာစီယာ ခံၿပီးအေပၚ ရင္ခံထပ္ဝတ္တာမ်ိဳး..ကိုယ္ခႏၵာ အလွအပပုံေပၚေစမဲ့ ‌အတြင္းခံ ေဘာ္လီ ဝတ္တာမ်ိဳးလုံးဝမရွိၾကဘူး..အားလုံး ႐ိုး႐ိုးသားသားဝတ္ၿပီးေက်ာင္းတက္ၾကတာပါပဲ..အျပင္အဝတ္အစားထက္ စာကိုပဲ ဂ႐ုစိုက္ သင္ၾကားၾကတာပါ..

ဆရာမေတြကလည္း သူတို႔အတြက္ အာစရိယဂုဏ္နဲ႔အညီ အျမင္မေတာ္တာ ေတြ မိန္းခေလးေတြယဥ္ေက်းမႈနဲ႔အညီ ေနတတ္ထိုင္တတ္ေအာင္ ႀကဳံရင္ ႀကဳံသလို သင္ၾကားဆုံးမ ေပးေနၾကတာဆိုေတာ့ အားလုံးဟာ ေျပာစရာဆိုလို႔ ဘာမွ ႀကီးႀကီးးမားမားမရွိခဲ့ပါဘူး...

ကထိန္ပြဲၿပီးသြားတာနဲ႔ စာေမးပြဲကလာေတာ့မွာဆိုေတာ့ စာကိုပဲ ဂ႐ုစိုက္သင္ၾကားေနၾကရတယ္...

ဘယ္သူမွ ခုေခတ္လို စာေမးပြဲနီးရင္ ေက်ာင္းမလာေတာ့ပဲ က်ဴရွင္ေတြတက္ အိမ္မွာပဲ Guideေခၚသင္တာမ်ိဳးလဲမရွိပါဘူး..

စာေမးပြဲနီးေလ စာဖိသင္ေလ ..အတန္းခ်ိန္မလုံေလာက္ရင္ အခ်ိန္ပိုကလည္း ေခၚသင္ပါေသးတယ္...
အတန္းထဲမွာ စာမလိုက္ႏိုင္တဲ့သူေတြ ႏြမ္းပါးတဲ့သူေတြအတြက္ အဲဒီအခ်ိန္က သင္ၾကားေပး ဆုံးမေပးခဲ့တဲ့ဆရာ ‌ဆရာမေတြရဲ႕ ေစတနာေတြ ေမတၱာေတြဟာ ဘယ္လိုမွ ေရးသား‌ေဖာ္ျပႏိုင္စြမ္းမရွိတဲ့ အရာေတြပါ။

စာေမးပြဲ နီးၿပီဆိုေတာ့ စာေတြ ပိုလုပ္ေနၾကရၿပီ...ကထိန္မွာ ပိုၿပီး နီးစပ္‌သြားခဲ့တဲ့ Crushေတြလဲ စာက အေရးႀကီးေနတဲ့အခ်ိန္ဆိုေတာ့ တေယာက္‌နဲ႔တေယာက္ ၾကည့္ၿပီး မ်က္လုံးျခင္း စကားေျပာခ်ိန္ေတာင္ မရၾကေတာ့ပါဘူး...



စာအုပ္ထဲမွာေရးခ်င္တာေလးေတြေရးၿပီး ၾကားတေယာက္ ကတဆင့္ ေပးခိုင္း ဖတ္ခိုင္းၿပီး အလြမ္းေတြ‌ေျဖေနၾကရတာေပါ့..

 ( စာအုပ္ထဲမွာ စာေရးၿပီးေပးတယ္ဆိုလို႔
ေရးစရာေလးေတြ ေပၚလာျပန္ပါတယ္...
ေနာက္မွဆက္ၾကတာေပါ့.....
သတိရလာသမွ် ေရးျဖစ္တာမွာ အမွားတစုံတရာပါခဲ့ေသာ္ ငယ္သံေယာဇဥ္နဲ႔ ခြင့္လႊတ္နားလည္ေပးပါ သူငယ္ခ်င္းတို႔

UNICODE



( တကယ်ဆို ကိုယ်တွေက စာဖတ်သူအဖြစ် ဝါသနာပါတဲ့သူပါ..စာရေးတာကိုဝါသနာပါပေမဲ့ ..စာရှည်ရှည်ရေးဖို့ အချိန်မရှိတာ .. ချောချောမွေ့မွေ့ မရေးတတ်တာရယ်ကြောင့် ၊..မရေးဖြစ်ခဲ့ပါဘူး..

ဒါပေမဲ့ ကိုယ်တွေ ကျောင်းသားဘဝ ဖြတ်သန်းလာခဲ့ကြချိန်တွေကို ကဗျာဆရာကိုမျိုးနိုင်ရဲ့ ပီပြင်စွာချယ်မှုန်းမှုကြောင့် ငယ်ရုပ်စဉ် တသွင်ဆန်းပြီး သတိရစရာတွေအတွေးတွေက အတောမသတ် ၊

ကျောင်းတက်စဉ်ကာလပြောစမှတ်ဖြစ်ခဲ့တာတွေက ရသမျိုးစုံကုန်နိုင်ဖွယ်မရှိလေတော့ သတိရမိတာလေးတွေခုလို ရေးလိုက်မိတာပါ...

ချစ်ခင်ရင်းနှီးမှုနဲ့ ဇာတ်ကောင်သူငယ်ချင်းများရဲ့ နာမည်ရင်းတွေကိုဖော်ပြခဲ့တာကိုတော့ ခွင့်လွှတ်ပေးကြပါ သူငယ်ချင်းတို့ )

ဆရာမဒေါ်စန်းညွန့် ဆိုတာ ဆရာမတဦးဆိုတာထက်ကိုယ်တွေရဲ့ အမေဆိုလဲဟုတ်...အမဆိုလဲ မမှားပါဘူး။သင်ကြားပေးခဲ့တဲ့ ဆရာ ဆရာမတွေအများကြီးထဲမှာမှ ကိုယ်တွေသူငယ်ချင်းတစုရဲ့ ဆိုးသမျှ အနွံအတာအခံရဆုံးပါ။ဆရာမ နဲ့ စပြီးသိတာ 9 တန်းနှစ်...8 တန်းဆိုတဲ့အလယ်တန်းမှာတုန်းက စကောစက ...အလယ်တန်းကနေ အထက်တန်း မရောက်ခင်ကတဲက 9တန်း 10တန်းက ဆရာမ ဒေါ်ဝင်းတင့် ဆရာမ ဒေါ်အုန်းမြိုင် ဆရာမ ဒေါ်ခင်မြရီ ဆရာမ ဒေါ်စမ်းညွန့်၊ဆရာဦးထွန်းငြိမ်း ဆရာဦးလှခင် ဆရာဦးသိန်းကြည် အစရှိသူတွေအပါအဝင် ဆရာ ဆရာမတွေရဲ့ စည်းကမ်းကြီးတဲ့အကြောင်း...စာမရရင် ဘယ်လိုဆုံးမတတ်တယ် ဆိုတဲ့ အကြောင်း‌တွေကြားပြီး သွေးလန့်နေခဲ့ကြပါတယ်။ဒေါ်စမ်းညွန့်ကတော့ ပိုကြမ်းတယ်ဆိုလို့

မရောက်ခင်ကတဲက သူ့နာမယ်ကိုကြားပြီး လမ်းမှာတွေ့ရင်တောင် မျက်နှာမပြောင်ရဲကြပါဘူး။

ဖြစ်ချင်တော့ ကိုယ်တွေက သူအတန်းပိုင် ယူတဲ့ အခန်းမှာမှ ၉ တန်းတက်ရတာလေ...အဲဒီမှာ စတွေ့တော့တာပါပဲ။

ကိုယ်တွေတက်ရတဲ့အခန်းမှာ နာမည်တူစိုးလွင်က ၃ယောက် ၊မြင့်သိန်းက ၃ ယောက်၊စန်းစန်းဝင်းက ၃ယောက်.နာမည်တူ ၂ယောက်ကလည်း မနဲဘူးရှိတယ်။
သူက သမိုင်းသင်တယ်...ထုံးစံအတိုင်း သမိုင်းဆိုတာ ကျက်စာဆိုတော့ ရှေ့က တယောက်က ခေါ်ပေးတာကို တတန်းလုံးက လိုက်ရေးရတယ်။

ပြီးမှ ဆရာမက နားလည်အောင် ပြန်ရှင်းပြတာ...အဲဒီမှာ စာခေါ်ပေးတဲ့ကောင်က ရှေ့ကနေ ပေါက်ကရ ထည့်ပြီးဖတ်သွားရင် နောက်ကလိုက်ရေးတဲ့ တတန်းလုံးက အဟုတ်မှတ်ပြီးလိုက်ရေးကြတော့ ...သူခေါ်ပေးတာ မဟုတ်ဘူးလို့ သိကြတဲ့အချိန် ဘာပြောကောင်းမလဲ မေတ္တာဝိုင်းပို့ကြတာ အုန်းအုန်းကိုထရော...မဟုတ်တာတွေခေါ်ထားသမျှ လိုက်ရေးထားတာတွေ အကုန်ပြန်ဖျက်ရပေမဲ့ စိတ်ဆိုးတာ စိတ်ကောက်တာမျိုးမရှိကြပါဘူး။

တခါမှာတော့ ဆရာမ က အနောက်က ပြူတွင်းပေါက်ဘေးမှာ ရောက်နေတာ မသိပဲ

သမိုင်းစာအုပ်ထဲက မပါတွေကို ခေါ်ပေးနေတာကြားသွားပြီး နားသယ်မွှေး အဆွဲခံလိုက်ရတာ ဆော်ပလော်တီးခံလိုက်ရတာ မှတ်ကရောပဲ..
ကိုယ်တွေ ခေတ်က ကျောင်းသားဘယ်လောက်ဆိုးဆိုး ရုံးခန်းအပို့ခံရတယ်ဆိုတာ ထုံးစံမရှိဘူး...ဆရာ ဆရာမရဲ့ အရိုက်ခံရတာနဲ့တင် နောက်ဆက်မလုပ်ရဲအောင်ဖြစ်ရတယ်...ရုံးခန်းကိုခေါ်ခံရမယ်ဆို နေစရာမရှိတော့ဘူး ...ကြောက်လို့..ပြောရင်းနဲ့ သတိရလာတာက ဆေးလိပ်ခိုးသောက်ကြတဲ့အ‌ကြောင်း....အဲဒီအချိန်တုန်းက ကျောင်းသားတချို့က ဆေးလိပ် ခိုးသောက်တတ်ကြတယ်...

ဘာရယ်မဟုတ်ဘူး အတုခိုးပြီး လုပ်ကြည့်ကြတာပါ...များသောအားဖြင့်ကတော့ အိမ်သာထဲမှာပဲ သွားပြီး ခိုးသောက်ကြတာ...

တနေ့မှာတော့ စိုးလွင်( ဆင်ကြီး-ကွယ်လွန်)ရယ် တရုတ်တန်းက မြင့်သိန်းရယ်...ပတ္တမြားကဘုန်းကြွယ်ရယ်...သံကြိုးတိုင်က ကျင်ရီရယ် အိမ်သာထဲမှာ ဆေးလိပ်သွားပြီး ခိုးသောက်ကြတယ်...ဆေးလိပ်က (မွန်ထရီ)အဲဒီအချိန်က စီးကရက်ဆို ဒူးယား၊ မွန်ထရီ၊‌ခပေါင်း ၊ဆေးပေါ့လိပ်ဆို ငွေတောင် ...နောက်ထပ် ပေါ်လာတာက စကားဝါဆေးလိပ်။.ကျောင်းအုပ်. ဆရာမကြီး ဒေါ်မြစိန် က ကျောင်းနောက်ဖက်ကို Round လှည့်လာတော့ စက်မှုခန်းနားမှာ ဆရာဦးလှကြွယ်ဦးလှခင်၊ ဦးကျော်ဝင်း ဦးတင်ဌေးတို့နဲ့ အတူ ကျောင်းသားအိမ်သာထဲမှာ ကျောင်းသားတွေစုစု.. စုစု လုပ်နေတာတွေ့သွားပါလေရော

အဲဒီမှာ ...အတန်းမတက်ပဲ ဒီကောင်တွေဘာလုပ်နေကြတာလဲဆိုတော့ ဟိုကောင်တွေမယ် သောက်လက်စဆေးလိပ်ကလဲ မကုန်သေး...လွှင့်ပစ်ရမှာကလည်း နှမြောလေတော့ကမန်းကတမ်း ဆေးလိပ်မီးသတ်ပြီး ဆင်ကြီး စိုးလွင်ရဲ့ ပုဆိုး ခါးပိုက်ထောင်ထဲထည့်လို့ ခေါင်းလေးတွေငုံ့ပြီးဆရာမကြီးနဲ့ဆရာ‌‌တွေ ရဲ့ရှေ့က ပြန်ထွက်လာကြတယ်...

အဲဒီအချိန်မှာ ဆရာမကြီးက မင်းတို့ ဘယ်အခန်းကကျောင်းသားတွေလဲလို့ မေးပါလေရော....တခါထဲ ဖြေလိုက်ကြတာ တယောက်တပေါက် တခြားအခန်းနာမည် တွေလွှဲ ပြောတဲ့သူကပြောနဲ့ပေါ့...

သူတို့သတိမထားမိတာက ဘယ်သူက ဘယ်အခန်းက ဆိုတာ တခြားသူတွေသာမသိရင်ရှိရမယ်...ဆရာဦးလှကြွယ်တို့ က ၅တန်းကတည်းက သင်ပေးခဲ့တဲ့ သူ့တပည့်တွေ မမှတ်မိပဲရှိပါ့မလား..

ဒါပေမဲ့ ဆရာမကြီးရှေ့မှာ ..."သွား..သွား..မင်းတို့အခန်းတွေပြန်ကြတော့..နောက်ဆို စာသင်ချိန်မှာ ဒီလိုမျိုး အများကြီး အိမ်သာကို မလာကြနဲ့ လို့ပြောလိုက်တယ်..‌ကျောင်းအုပ်ဆရာမကြီးကဆရာတွေကို အခုလိုကျောင်းသားတွေ စာသင်ချိန်မှာ အတန်းအပြင်‌ရောက်‌နေတာမျိုး

မတွေ့ရအောင် စည်းကမ်းရှိဖို့ဆုံးမကြဦးဆိုပြီး ကျန်နေခဲ့တယ်..

‌အဆူခံရတဲ့ .ကျောင်းသားတွေမှာတော့ ဆရာမကြီး အခန်းတွေမေးကတဲက ရုံးခန်းအခေါ်ခံရတော့မယ်ဆိုပြီး မျက်နှာငယ်လေးတွေနဲ့ ကိုယ့်အခန်းကို ပြန်လာကြတယ်။

ဆေးလိပ်သောက်ခဲ့ကြတဲ့ ကိုယ့်ကောင်တွေရဲ့ ဇာတ်လမ်းက စပြီလေ...

ဆင်ကြီးရဲ့ ကျောင်းစိမ်း ပုဆိုး ခါးပိုက်ထောင်ထဲက စီးကရက်က မီးမသေတာ ကြောက်အားလန့်အားနဲ့မို့ သတိ မထားမိလိုက်ကြဘူး..ဆေးလိပ်မီး ပုဆိုးကို လောင်ပြီး အကွက်အကြီးကြီးပေါက်သွားတယ်..

ပုဆိုးပေါက်တာ လှည့်ဝတ်လိုက်လို့ရပေမဲ့ အဝတ် မီးလောင်လို့ ညှော်နံ့က ဖျောက်လို့မရဘူးဖြစ်နေတယ်။

အခန်းထဲရောက်တော့ နောက်တချိန်ကဆရာမဒေါ်စန်းညွန့်အချိန်တဲ့...ပုဆိုးကို မီးလောင်ထားတဲ့ ညှော်နံ့က အခန်းထဲမှာ သိသိသာသာကြီးကိုရနေတယ်...သေချာတယ် လေ ဆရာမ လာရင်တော့ ပွဲကောင်းပြီဆိုတာ....ထင်တဲ့အတိုင်းပါပဲ....အတန်းထဲ ဆရာမဝင်လာပါပြီ....ဝင်လာကတဲက ကျောင်းသားတွေကို စေ့စေ့ကြည့်လိုက်တယ်...ပါးစပ်ကလဲ မေးလိုက်သေးတယ် အခန်းထဲမှာ ဘယ်က ညှော်နံ့ နံနေတာလဲတဲ့.....မသိတဲ့သူတွေက ဘာ‌ပြန်‌‌ဖြေရမှန်းမသိပေမဲ့...ခုနကအိမ်သာက အကြောင်းသိပြီးထားသူတွေကတော့ နောက်ကို မသိမသာလှည့်ကြည့်နေကြလေရဲ့....အတန်းရှေ့က မိန်းခလေးတချို့ကလဲ သမီးတို့လဲ အနံ့ရတယ်တဲ့ဆိုပြီး တခန်းလုံး လိုက်ကြည့်နေကြတယ်...အဲဒီအချိန်မှာ....ကဗျာဆရာဖြစ်လာမဲ့ ကောင်လေးက မတ်တပ်ထပြီး ဆရာမကို ကြည့်လိုက်တယ်...ပြီးတော့...နောက်ကကောင်တွေဘက်ကိုလဲလက်ညှိုးထိုးလိုက်သေးတယ်...ညှော်နံ့ နံနေတဲ့ အကြောင်းက.သူတို့လုပ်တာတဲ့..!!!!!!!!!!!!!

 ဆေးလိပ်သောက်တဲ့ကောင်တွေရဲ့မျက်နှာ ဖြစ်သွားလိုက်ပုံများအခုတောင်ပြန်မြင်မိပါတယ်.. ဖြစ်ပုံကဒီလို!!!စာရေးဆရာကဗျာဆရာဖြစ်လာမဲ့...အလောင်းအလျာလေး ကိုမျိုးနိုင်ကကဗျာလေးတွေကိုစာအုပ်ထဲမှာရေးရေးပြီးသူနဲ့ဝါသနာတူချင်းခြင်းကိုပဲပြတယ်...ဒါကိုသိတဲ့ သူတွေက ခိုးပြီး ဖတ်တယ်..

ပြီးရင်လဲ ဒီတိုင်းနေတာမဟုတ်ဘူး...အသံနေအသံထားနဲ့တခြားလူတွေသိအောင်အကျယ်ကြီးတမင်ဖတ်ပြတယ်...အဲ့ဒါကိုအောက်ကနားထောင်တဲ့သူတွေက ပေါက်ကရတွေ လိုက်အော်တယ်လေ...

မိန်းကလေးတွေ ကလဲရီတဲ့သူကရီ ပြုံးတဲ့သူက ပြုံးနဲ့ပေါ့....အတန်းထဲမှာဖြစ်နေကြတာမျိုးနိုင်က ငယ်ငယ်လေးကတည်းက စိတ်ဆိုးအောင်စရင် ငိုရော...သူက လူကောင် သေးသေးလေး ဆိုတော့ ချစ်လို့စကြတာကို အမြဲခံရတယ်..

.ဒီကောင်ကလဲ စချင်စရာအမြဲလုပ်တယ်..ဆရာမတွေကို အတိုင်အတောထူတယ်...ဖတ်ခိုင်းထားတဲ့စာတွေ ထပြီးဖတ်ခိုင်းရင် စာမရလို့ခေါင်းငုံ့နေရင် တမင်တကာကို သူက ဆရာမကို "သူ့ကိုမေး ဆရာမ"ဆိုပြီးချွန်တယ်...အဲဒီအချိန်မှာတော့ သူက စင်ပေါ် ရောက်နေပြီလေ...စာရနေတာကိုး...

သူ့ဒဏ် ခံရတာ မျိုးဦးတို့.. အင်ကြူတို့ အပါအဝင် အတန်းနောက်ဖက်မှာ ထိုင်နေကျလူတွေပေါ့။

ခုကိစ္စ မှာလည်း ရုံးခန်းကို မသွားကြရပေမဲ့ သူအချွန်ကောင်းလို့ ဟိုကောင်တွေခမျာ ဆရာမရဲ့ ပါးစပ်က ဆူတဲ့ပြောတဲ့ဒဏ် ..နားရွက်အပေါ်က နားသယ်မွှေးအဆွဲခံရတဲ့ဒဏ်.. ပိုဆိုးတာက အကြောင်းတိုက်ဆိုင်တိုင်း ပြန်အစဖော်လို့ မပြီးပဲ ဆူပူဆုံးမတာက မပြီးနိုင်အောင်ပါပဲ....

ကိုယ်တွေတက်တဲ့အချိန်က ကျောင်းသားက အရွယ်အမျိုးမျိုး..

.ရှေ့က အတန်းကျခဲ့လို့ အသက်ကြီးတဲ့ သူတွေ ...ကိုယ်တွေအရွယ်..ပြီးတော့ မျိုးနိုင်တို့ နေဝင်း တို့လို အကောင်ပေါက်လေးတွေ ...အရွယ်ကြီးတဲ့သူတွေကအတန်းရဲ့နောက်ဆုံးခုံတွေမှာပဲ‌ ရွေးပြီးထိုင် လေ့ရှိတယ်...ဆရာမကစာမေးလို့ စာမရရင် ရှေ့ဖက်ကခုံ တွေပြောင်းထိုင်ခိုင်းလဲ ခဏပဲ...သိပ်မကြာဘူး နောက်ကနေရာဆီ ပြန်ရောက်လာရော...နောက်တော့လဲ ဆရာမက

"နင်တို့ စာကြိုးစားကြ ပညာမတတ်ရင် ကြီးမှ ဒုက္ခရောက်လိမ့်မယ်"ဆိုပြီး

ဆူရုံကလွဲပြီး သိပ်မပြောတော့ပါဘူး...

ဒါနဲ့ပါတ်သက်ပြီး ရေးနေတုန်း ခေါင်းထဲရောက်လာတာက ဆရာမက အဲဒီလို ပြောတဲ့အချိန် မျိုးဦးက" စာမတတ်လဲကိစ္စမရှိဘူး ဒန်ပေါက်ချက်တတ်ရင် ထမင်းမငတ်ဘူး"လို့ မကြားတကြားပြန်ပြောတာ ကြားသွားပြီးဒေါ်စမ်းညွန့် ရဲ့ ကောင်းချီးပေးတာ အတန်းရှေ့ထွက်ပြီး ခံလိုက်ရသေးတာကို ရီမိသေးတယ်... အမှန်က ဆရာမ ကကြားတာမဟုတ်ဘူး..ဘေးကကောင်တွေက ဒီလို ပြောနေတယ်ဆိုပြီး ဝိုင်းပို့ကြတာလေ...

မျိုးဦး အကြောင်းပြောမယ်ဆို

" အင်ကြူ" အကြောင်း မပါလို့မရဘူး။

(သူ့အကြောင်းကတော့ ရေးစရာတွေ ပြောစရာတွေ အမှတ်တရ အများကြီးမို့ သပ်သပ် ရေးပါ့မယ်)

ကျောင်းတက်ရက်တွေကြာလာတာနဲ့အမျှ အတန်းပိုင်ဆရာမ နဲ့ကျောင်းသားတွေ မိသားစုလိုဖြစ်လာကြတယ်.... အတန်းထဲမှာလဲ ကျောင်းသားရော ကျောင်းသူရော မောင်နှမတွေလို ပြောင်ကြ စကြ နောက်ကြနဲ့ စိတ်ဆိုးတယ်ဆိုတာ မရှိခဲ့ကြပါဘူး။

လူငယ်ဘာသာဘာဝ စိတ်ကစားတတ်သူတွေကလည်း ကစားတတ်နေကြပြီဆိုတော့ အချင်းချင်း ကြိတ်ကြွေတဲ့သူကကြွေ...ပြေလည်သွားတဲ့သူတွေကလည်း သာသာယာယာပေါ့။ဘယ်သူမှ စာပေးလို့ ရုံးခန်းအထိ အတိုင်ခံရတယ်ဆိုတာမျိုး မကြားရဘူး။

ဘယ်လောက်ပဲ ကြွေကြွေ စာပေးရုံကလွဲလို့ တခြားလဲ မလုပ်ဝံ့ကြပါဘူး...

လမ်းမှာ စကားလိုက်ပြောတယ်ဆိုတာ ကတော့ တွေးတောင် မတွေးရဲတဲ့ကိစ္စ...အတူတူတွဲသွားတာနဲ့ အိမ်ပြန်မရောက်သေးဘူး သတင်းကရောက်နေပြီ...ပါတ်ဝန်းကျင်ရဲ့ ကိုယ်ချင်းစာစွာစောင့်ရှောက်မှု အောက်မှာ ဘယ်သူမှ ဣ ‌န္ဒြေ မမဲ့ခဲ့ကြပါဘူ;

အတွဲတွေဖြစ်သွားရင် အရင် ကလို ရဲရဲဝံ့ဝံ့မပြောဖြစ်ကြတော့ဘူး..

မိန်းခလေးက အလှပြင်လာတတ်ကြသလို ယောက်ျားလေးကတော့ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်တတ်လာတယ်....

မြန်မာစာကျွမ်းကျင်ပြီး ကဗျာတွေဘာတွေ အနုအရွတတ်တဲ့သူကို ရည်းစားစာရေးခိုင်းကြတယ်...

သူတို့ကလည်း ကိုယ်သာ အတွဲမရှိတာ သူတို့ရေးပေးတဲ့ စာဖတ်ပြီး ...ချက်ချင်းပဲ ကမ်းနားလမ်းက ဟိုစိန် တရုတ်ဘုံကျောင်းမှာ မင်္ဂလာဆောင်တဲ့ အထိ ကို စိတ်ကူးယဉ်သွားစေတဲ့အထိ ရေးချက်က ပြင်းတယ်လေ..

.နံရံကပ်စာစောင် ထုတ်တာကလည်း ဝါသနာရှင်တွေအတွက် မျော်လင့်တောင့်တရတဲ့ အခွင့်အရေးတခုပေါ့...စာပေဝါသနာပါသူတွေအတွက် တော့ ကလောင်သွေးခွင့် လက်စွမ်းပြခွင့် ရတဲ့အချိန်လို့ ပြောမယ်ဆိုရင်လဲ မမှားပါဘူး..

.နံရံကပ်စာစောင်မှာ ဖော်ပြခံရတဲ့ သူတွေဆိုရင်လဲ မြောက်ကြွမြောက်ကြွ နဲ့ အဲဒီအချိန်မှာ ပြောလို့ဆို့လို့ မကောင်းတော့ဘူး....

ဒါပေမဲ့သူတို့လည်း မသက်သာပါဘူး ...

ကဗျာ ပဲ ဖြစ်ဖြစ် စာပဲဖြစ်ဖြစ် ပါတယ်ဆိုတာနဲ့ အကြော်ဝယ်ကျွေးရ မုန့်ဝယ်ကျွေးရနဲ့ ရတဲ့ မုန့်ဖိုးလဲ သူတို့ စားရတယ်မရှိဘူး...

အဲဒီအချိန်မှာတော့ ပီတိနဲ့တင် ရင်ပြည့်နေကြတာပေါ့...

နံရံကပ် စာစောင် သရုပ်ဖော် ပုံနဲ့ ပိုစတာတွေကို သက်ဦးက ဒိုင်ခံရေးတယ်၊

တခါမှာ သူရေးထားတဲ့ပန်းချီပိုစတာကို အခန်းထဲယူလာတယ်..

စာစောင်ကိစ္စလုပ်ပေမဲ့ အတန်းကလည်း တက်ရသေးတာကိုး....

အဲဒီမှာသူရေးထားတဲ့ သရုပ်ဖော်ပုံက ယောင်္ကျားလေးတယောက် ရေကန်ဘေး ကသစ်ပင်အောက်မှာ ထိုင်ပြီး တွေးနေတဲ့ပုံ...

အချိန်က ညနေစောင်း အချိန်ကို သရုပ်ဖော်ချင်တော့ ရေးထားတဲ့အရောင် က အနီရောင် ခပ်များများထည့်ရေးထားတာ...

ရေကန်ထဲက ရေကလဲ အနီရောင်ဖြစ်နေတာပေါ့...

အဲဒါကို တွေ့သွားတဲ့ ဘေးကကောင်တွေက သက်ဦးအပြင်သွားတုန်း ရေကန်ထဲက ငါးမန်းထွက်လာတာဆို ပိုမိုက်မယ်ဆိုပြီး ...

ရေကန်ထဲကနေ ငါမန်းကြီးထွက်လာတဲ့ပုံ ထပ်ဆွဲလိုက်တယ်...

ရုပ်ရှင် ကလည်း JAW ဆိုတဲ့ ငါးမန်းကားကလည်း ခေတ်စားနေချိန်ဆိုတော့ ငါးမန်းပုံမှာ JAW ဆိုပြီးရေးလိုက်သေးတယ်...ဘာပြောကောင်းမလဲ သက်ဦး‌လဲပြန်လာရော သူ့ပိုစတာဖျက်ဆီးလို့ဆိုပြီး ဒေါသတွေထွက်...စကားတွေကလဲ စိတ်တိုနေတော့ ပလုံးပထွေးနဲ့ ...

အမယ်..သူ‌က ဒေါသထွက်ရင် ပုံမှန်လို စိတ်ဆိုးပြီး‌‌ပြော‌တာမျိုး မဟုတ်‌တော့ဘူး..စာလိုလို ဘာလိုလိုနဲ့ မြတ်လေးလိုလို ဘီအီးဒီအောင်သိုက်လိုလို လေသံနဲ့ပြောတာဆိုတော့ မြင်ရတဲ့သူက မရီပဲမနေနိုင်ဘူး..

"မင်းတို့ငါကြေကွဲသလို.. မကြေကွဲကြပါစေနဲ့"

.."အလှတရားဆိုတာ အဖျက်သမားတွေရဲ့ရင်ထဲမရှိဘူး"...

"အလှတရားမချစ်တတ်ရင် လောကကြီး ကို ဖျက်ဆီးတာနဲ့ အတူတူပဲ" ဘာညာ ..ဘယ်လိုဆိုပြီး ကြီးကြီးကျယ်ကျယ် မဆိုင်တာတွေ လျှောက်ပြောတော့ ပိုရီကြ ပိုစချင်ကြတယ်..

(ကိုယ့်သူငယ်ချင်းကြီး ရဲ့ အကြောင်း အဝေးကနေ ကြားရတော့ စိတ်ထဲ မကောင်းလိုက်တာ...သူ့ဘဝနဲ့သူပေါ့...တွေ့ကြတဲ့သူငယ်ချင်းများ စောင့်ရှောက်ပေးကြပါကွာ)

အပေါ်မှာပြောခဲ့တဲ့...အတွဲရတဲ့အကြောင်းပြန်ပြောမယ်...
အတွဲရတဲ့မိန်းကလေးကပိုပြီးအလှပြင်လာတယ်လို့ ရေးခဲ့ပါတယ်...

ဟုတ်ပါတယ်အလှပြင်လာတယ်ဆိုတာ အရင်ပါးကွက်ကွက်တာကနေ သနပ်ခါးညီညီလိမ်းလာတာကိုပြောတာ...ဒီထက်မပိုပါဘူး..နှုတ်ခမ်းနီဆိုးတယ် ဆိုတာ ကထိန်ကျမှပဲ မြင်ရတယ်..

.အဲဒီအချိန်

တချို့ကလည်း လှတပတ..

တချို့ကလည်း မဆိုးတတ်ဆိုးတတ်နဲ့ပေါ့..မိတ်ကပ်ဆိုတာကလဲ ဒီအချိန်ကျမှ လိမ်းဖြစ်ကြတာဆိုတော့ စောစောပိုင်းကြည့်ကောင်းပေမဲ့ နေပူလာတာနဲ့အမျှ အသားဖြူတဲ့သူတွေက ကိစ္စမရှိပေမဲ့

အသားနဲနဲညိုတဲ့သူတွေကတော့ မျက်နှာနဲ့လည်ပင်း က အရောင်လေးတွေပြောင်းပြီး ကာလာဆန်းတွေဖြစ်သွားကြတယ်..ဒါပေမဲ့ အဲဒီအချိန်မှာတော့ ကိုယ် Crushတဲ့သူက ကြည့်လို့အလှဆုံးဖြစ်နေတာပါပဲ....

ရေးရင်းနဲ့ ကထိန်ကို ရောက်သွားပြန်ပြီ....

ပြန်ဆက်ရရင် ကိုယ်တွေကျောင်းတက်စဉ် မိန်းခလေးကျောင်းသူတွေ ရဲ့ဝတ်စားဆင်ယင်ပုံက အရမ်းကို ရိုးစင်းလွန်းပါတယ်။ခုခေတ်လို ကျောင်းလုံခြည်ကို စကပ်ပုံစံဝတ် တာတို့ ..ကျောင်းစိမ်းလုံချည်မှာ ကိုယ်လုံးလှအောင် ဒေါက်အများကြီးထည့်ဝတ်တာတို့ မရှိဘူး...ပိုပြီးမြတ်နိုးဖို့ကောင်းတာက မိန်းခလေးကျောင်းသူအားလုံး ခုခေတ်လို ဘရာစီယာ ခံပြီးအပေါ် ရင်ခံထပ်ဝတ်တာမျိုး..ကိုယ်ခန္ဒာ အလှအပပုံပေါ်စေမဲ့ ‌အတွင်းခံ ဘော်လီ ဝတ်တာမျိုးလုံးဝမရှိကြဘူး..အားလုံး ရိုးရိုးသားသားဝတ်ပြီးကျောင်းတက်ကြတာပါပဲ..အပြင်အဝတ်အစားထက် စာကိုပဲ ဂရုစိုက် သင်ကြားကြတာပါ..

ဆရာမတွေကလည်း သူတို့အတွက် အာစရိယဂုဏ်နဲ့အညီ အမြင်မတော်တာ တွေ မိန်းခလေးတွေယဉ်ကျေးမှုနဲ့အညီ နေတတ်ထိုင်တတ်အောင် ကြုံရင် ကြုံသလို သင်ကြားဆုံးမ ပေးနေကြတာဆိုတော့ အားလုံးဟာ ပြောစရာဆိုလို့ ဘာမှ ကြီးကြီးးမားမားမရှိခဲ့ပါဘူး...

ကထိန်ပွဲပြီးသွားတာနဲ့ စာမေးပွဲကလာတော့မှာဆိုတော့ စာကိုပဲ ဂရုစိုက်သင်ကြားနေကြရတယ်...

ဘယ်သူမှ ခုခေတ်လို စာမေးပွဲနီးရင် ကျောင်းမလာတော့ပဲ ကျူရှင်တွေတက် အိမ်မှာပဲ Guideခေါ်သင်တာမျိုးလဲမရှိပါဘူး..

စာမေးပွဲနီးလေ စာဖိသင်လေ ..အတန်းချိန်မလုံလောက်ရင် အချိန်ပိုကလည်း ခေါ်သင်ပါသေးတယ်...

အတန်းထဲမှာ စာမလိုက်နိုင်တဲ့သူတွေ နွမ်းပါးတဲ့သူတွေအတွက် အဲဒီအချိန်က သင်ကြားပေး ဆုံးမပေးခဲ့တဲ့ဆရာ ‌ဆရာမတွေရဲ့ စေတနာတွေ မေတ္တာတွေဟာ ဘယ်လိုမှ ရေးသား‌ဖော်ပြနိုင်စွမ်းမရှိတဲ့ အရာတွေပါ။

စာမေးပွဲ နီးပြီဆိုတော့ စာတွေ ပိုလုပ်နေကြရပြီ...ကထိန်မှာ ပိုပြီး နီးစပ်‌သွားခဲ့တဲ့ Crushတွေလဲ စာက အရေးကြီးနေတဲ့အချိန်ဆိုတော့ တယောက်‌နဲ့တယောက် ကြည့်ပြီး မျက်လုံးခြင်း စကားပြောချိန်တောင် မရကြတော့ပါဘူး...

စာအုပ်ထဲမှာရေးချင်တာလေးတွေရေးပြီး ကြားတယောက် ကတဆင့် ပေးခိုင်း ဖတ်ခိုင်းပြီး အလွမ်းတွေ‌ဖြေနေကြရတာပေါ့..



( စာအုပ်ထဲမှာ စာရေးပြီးပေးတယ်ဆိုလို့

ရေးစရာလေးတွေ ပေါ်လာပြန်ပါတယ်...

နောက်မှဆက်ကြတာပေါ့.....

သတိရလာသမျှ ရေးဖြစ်တာမှာ အမှားတစုံတရာပါခဲ့သော် ငယ်သံယောဇဉ်နဲ့ ခွင့်လွှတ်နားလည်ပေးပါ သူငယ်ချင်းတို့




No comments:

Post a Comment