Sitagu Sayadaw & Daw Aung San Suu Kyi |
သီတဂူဆရာေတာ္ဘုရားႀကီးကို (၁၉၃၆ခုႏွစ္) ျမန္မာသကၠရာဇ္ ၁၂၉၈
- ခု၊ တပါင္းလျပည္႕ေန႕၌ အဖ ဦးေမာင္ညိဳ၊ အမိ ေဒၚသန္းတင္တို႕က ပဲခူးတိုင္း၊ ျပည္ ျမိဳ႕နယ္
စီရင္စု၊ သဲကုန္းျမိဳ႕နယ္ ပုတီးကုန္းျမိဳ႕တြင္ ဖြားျမင္ခဲ့ပါတယ္ ..
အသက္(၇)ႏွစ္အရြယ္တြင္ သဲကုန္းျမိဳ႕တပ္ အလယ္တန္းေက်ာင္းတြင္
စတင္ ပညာ သင္ၾကားခဲ့ၿပီး အသက္(၁၅)ႏွစ္ အရြယ္တြင္ ရွင္သာမေဏ ျပဳခဲ့ပါတယ္ ..
သကၠရာဇ္ ၁၃၁၈ - (သာသနာႏွစ္-၂၅၀၀ ျပည္႕ႏွစ္) နယုန္လဆန္း(၄)ရက္ေန႔
အသက္(၁၉)ႏွစ္ အရြယ္တြင္ သဲကုန္းျမိဳ႕၌ ရဟန္းျပဳခဲ့ျပီး ရွင္သာမေဏျပဳခ်ိန္မွ စ၍ ပိဋကတ္
အေျခခံ က်မ္းစာမ်ားကုိ သဲကုန္းျမိဳ႕တပ္ အလယ္တန္းေက်ာင္း ဆရာေတာ္ထံ၌ ျပည့္စံုေအာင္ သင္ၾကားခဲ့ပါတယ္
..
၁၃၂၂ - ဓမၼာစရိယတန္းေအာင္ၿပီး ရန္ကုန္ျမဳိ႕၊ တာေမြ သိမ္ကုန္းတိုက္၊
မႏၱေလးျမိဳ႕ အေနာက္ ခင္မကန္တိုက္၊ စကု တိုက္၊ ေတာင္သမန္တိုက္၊ မုိးေကာင္းတိုက္၊ ေ၀ယံဘံုသာတိုက္၊
ဘုရားၾကီးတိုက္၊ ေရႊေရးေဆာင္တိုက္မ်ားတြင္ အဆင့္ျမင္႕ ပိဋကတ္ က်မ္းစာမ်ားကို သင္ၾကား
ခဲ့ပါတယ္ ..
၁၃၂၃-၂၆ - ရန္ကုန္ျမိဳ႕၊ ကမၻာေအး သံဃာ့တကၠသိုလ္တြင္ သာသနာျပဳ
ပညာရပ္မ်ား သင္ၾကား ခဲ့ပါၿပီး ၁၃၂၆-၂၇ - ဧရာ၀တီတိုင္း၊ ေလးမ်က္ႏွာျမိဳ႕ -ဘီ၊ ဘီအမ္ေအ
ေကာလိပ္ (ျမန္မာ ဗုဒၶဘာသာ၊ သာသနာျပဳ ေက်ာင္း)တြင္ ပရဟိတ လုပ္ငန္းမ်ား၌ ပါ၀င္ ေဆာင္ရြက္
ခဲ့ပါတယ္ ..
၁၃၂၉ - ၁၃၃၃ - စစ္ကုိင္းေတာင္ အနီးစခန္း ဆရာေတာ္ထံ၌ ပိဋကတ္
က်မ္းစာမ်ားကုိ (၅)ႏွစ္တိုင္တိုင္ အဂၤလိပ္ဘာသာျဖင့္ သင္ၾကား ခဲ့ပါတယ္ ..
၁၃၃၄ - ၃၇ - (၄)ႏွစ္တိုင္တိုင္ မြန္ျပည္နယ္၊ ေပါင္ျမိဳ႕နယ္
သပိတ္အုိင္ေတာရ စခန္း၌ ဧကစာက်င္႕သံုးကာ ဓုရ ႏွစ္ပါးမျပတ္ အားထုတ္ခဲ့ၿပီး ၁၃၃၈ - စစ္ကိုင္းေတာင္၊
သဒၶမၼသီတဂူေခ်ာင္ကုိ စတင္ တည္ေဆာက္ခဲ့ပါတယ္
၁၃၄၂ - ၄၇ - စစ္ကုိင္းေတာင္ ေခ်ာင္ေပါင္း (၉၀၀)ခန္႔အတြက္-သီတဂူ
ေရအလွဴေတာ္ စီမံကိန္းကုိ ေဆာင္ရြက္ခဲ့ပါတယ္ (တစ္ေန႕လွ်င္ ေရဂါလံ ၅-သိန္းခန္႕ေပးေ၀လွ်က္ရွိျပီး
ဧရာ၀တီျမစ္ အတြင္းမွ ေရမ်ားကုိ စစ္ကုိင္းေတာင္ရိုးေပၚ အေရာက္ ေဆာင္ရြက္ရျခင္း ျဖစ္ပါတယ္)
၁၃၄၇ - ၀ါေခါင္လျပည္႕ေန႕မွစ၍ သီတဂူ အာယုဒါနေဆးရံုကုိ တည္ေဆာက္ခဲ့ပါၿပီး
(တစ္လလွ်င္ ပ်မ္းမွ်ကုန္က် စရိတ္ က်ပ္သိန္း (၂၀)ခန္႔ျဖင္႕
ေဆး၀ါး ကုသ ဒါနျပဳလွ်က္ ရွိပါတယ္) ၁၃၅၁ - ေဆးရံုျပီးေျမာက္ (ကုတင္-၁၀၀ဆန္႕ က်ပ္သိန္း
၅၀၀ေက်ာ္ ကုန္က်ပါတယ္)
ဆရာေတာ္ဘုရားၾကီးသည္ ေရအလွဴေတာ္၊ အာယုဒါန အလွဴေတာ္ သာမက
ပညာေရး၊ လူမွဳေရး၊ မိဘမဲ့ ကေလးငယ္မ်ား ေစာင့္ေရွာက္ႏိုင္ေရး အတြက္ပါ သိန္းေပါင္းမ်ားစြာ
လွဴဒါန္းလ်က္ရွိပါတယ္ ..
သီတဂူဆရာေတာ္ႀကီးဟာ ..
သီတဂူကမၻာ့ဗုဒၶတကၠသိုလ္ႀကီး ၃ ခု၊
ျမန္မာျပည့္အႏွံ႔ သီတဂူေဆးရုံေပါင္း ၃၀ နီးပါးခန္႔၊
ကမၻာအႏွ႔ံ ႏွင့္ အေမရိကန္၊ ႐ု႐ွား သီတဂူေက်ာင္းခြဲမ်ား၊စစ္ကိုင္း
သီတဂူ၀ိပႆနာအကယ္ဒမီႀကီးတစ္ခု စသည္တိုကိုတည္ေထာင္ေတာ္မူခဲ့ပါတယ္၊
ျမန္မာမွာသာမက ကမၻာအႏွံ႔မွာပါ ဘုရားေစတီပုထိုးေပါင္းမ်ားစြာကို
အသစ္တည္ထား၊ ျပန္လည္ျပဳျပင္ျခင္း၊ တရားဓမၼမ်ားေဟာၾကားျခင္း၊ကမၻာ့ဗုဒၶဘာသာညီလာခံႀကီးမ်ား၊အစည္းအေ၀းေပါင္းမ်ားစြာတို႔ကိုတက္ေရာက္ေတာ္မူခဲ့ျခင္း၊
စသည့္စသည့္ သာသနာျပဳလုပ္ငန္းေပါင္းမ်ားစြာကို တစ္ဘ၀မွာ ဆယ္ဘ၀စာ သာသနာျပဳေတာ္မူခဲ့ပါတယ္
..
ထို.အၿပင္ ခုႏွစ္အလိုက္ ၿပဳစုထားေသာ အတဳၳပၸတၱိ တစ္ခုကိုလည္း
ပူးတြဲေဖာ္ၿပအပ္ပါသည္ ။
ခမည္းေတာ္ ဦးေမာင္ညိဳ + မယ္ေတာ္ ေဒၚသန္းတင္ တို႕ က ျမန္မာသကၠရာဇ္
၁၂၉၈ ခုႏွစ္ ၊ ခရစ္ႏွစ္အားျဖင့္ ၂၃-၂-၁၉၃၇ တေပါင္းလျပည့္ ၊ အဂၤါေန႕တြင္ ဖြားျမင္ ခ့ဲ
သည္ ။
အဂၤါေန႕သားျဖစ္၍ ဆရာေတာ္ေလာင္းလ်ာ ကို ေမာင္စံသိန္းဟု အမည္ေပးသည္
။ ေမာင္စံသိန္းသည္ သာသမီး ( ၅ ) ေယာက္ အနက္ အၾကီးဆုံးျဖစ္သည္။
၁၉၃၇ – ပဲခူးတိုင္း သဲကုန္းျမိဳ႕နယ္တြင္ ဖြားျမင္သည္။
၁၉၄၄ – သဲကုန္းျမိဳ႕၊ တပ္ရြာဘုန္းေတာ္ၾကီးသင္ အလယ္တန္းေက်ာင္းတြင္
ပညာ စတင္ ဆည္းပူးသည္။
၁၉၅၂ – ရွင္သာမေဏျပဳသည္။
၁၉၅၅-၅၇ – အငယ္တန္း၊ အလတ္တန္း၊ အၾကီးတန္း ပရိယတိၱစာေမးပြဲမ်ားေအာင္ျမင္သည္။
၁၉၅၈ – သက္ေတာ္ (၂၀)အရြယ္တြင္ သဲကုန္းျမိဳ႕၊ အလယ္ေက်ာင္း
ခ႑သိမ္၌ ရဟန္းအျဖစ္သို႕ ေရာက္ရွိသည္။
၁၉၅၈ – မႏၲေလးျမိဳ႕ ခင္မကန္ပါဠိတကၠသိုလ္မွ ဓမၼာစရိယ စာေမးပြဲေအာင္ျမင္သည္။
၁၉၆၁ – အစိုးရ ပထမျပန္စာေမးပြဲတြင္ ဓမၼာစရိယတန္းေအာင္ျမင္၍
သာသနဓဇ ဓမၼာစရိယဘြဲ႕ ရရွိခ့ဲသည္။
၁၉၆၄ – ရန္ကုန္ျမိဳ႕ ကမ႓ာေအးသံဃာ့တကၠသိုလ္တြင္ သာသနာျပဳ
ပညာရပ္မ်ားကို သင္ၾကား၍ ဗုဒၶေဒသနာဆရာျဖစ္ သင္တန္းကို ေအာင္ျမင္ခ့ဲသည္။
၁၉၆၅ – ဧရာဝတီတိုင္း၊ ေလးမ်က္ႏွာျမိဳ႕ ဘီ.ဘီ.အမ္.ေအေခၚ
ျမန္မာဗုဒၶသာသနာျပဳေက်ာင္းတြင္ ေက်ာင္းအုပ္တာဝန္ႏွင့္ အုပ္ခ်ဳပ္ေရးမွဴးတာဝန္တို႕ကို
ထမ္းေဆာင္လ်က္ ပရဟိတလုပ္ငန္းမ်ား၌ ပါဝင္ေဆာင္ရြက္ခ့ဲသည္။
၁၉၆၈ – စစ္ကိုင္းေတာင္႐ိုး၊ ဟံသာဂီရိေခ်ာင္သို႕ေျပာင္းေရြ႕၍
သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ားကို ပရိယတိၱစာေပမ်ား သင္ၾကားေပး၍ စာခ်ဆရာေတာ္အျဖစ္ ေဆာင္ရြက္သည္။
တစ္ဖက္ကလည္း အနီးစခန္းဆရာေတာ္ၾကီး (အဂၢမဟာပ႑ိတ) ထံတြင္ အဂၤလိပ္စာႏွင့္ ပိဋကတ္က်မ္းစာမ်ားကို
အဂၤလိပ္ဘာသာျဖင့္ သင္ယူခ့ဲသည္။
၁၉၇၂-၁၉၇၅ – မြန္ျပည္နယ္၊ ေပါင္ျမိဳ႕နယ္ သပိတ္အိုင္ေတာရ၌
ေတာရေဆာက္တည္၍ ဝိပႆနာတရား အားထုတ္ခ့ဲသည္။
၁၉၇၅ – မႏၲေလးမလြန္ဆန္လွဴအသင္း တရားပြဲမွစ၍ ျမန္မာျပည္တစ္ဝန္းလုံးသို႕
ေန႕ညမအား တရားဓမၼမ်ား ေဟာၾကားခ့ဲသည္။
၁၉၇၇ – စစ္ကိုင္းေတာင္႐ိုးတြင္ သဒၶမၼသီတဂူေခ်ာင္ကို တည္ေထာင္ခ့ဲသည္။
သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ားကို စာခ်၍ တစ္ဖက္ကလည္း နိုင္ငံအႏွံ႕တရားမ်ားေဟာၾကားသည္။
၁၉၇၈ – သီတဂူသာသနာျပဳအဖြဲ႕ကို စတင္ဖြဲ႕စည္း တည္ေထာင္သည္။
၁၉၈၀ – သီတဂူ ေရအလွဴေတာ္စီမံကိန္းကို စတင္ေဆာင္ရြက္သည္။
၁၉၈၅ – သီတဂူအာယုဒါနေဆး႐ုံကို စတင္ တည္ေဆာက္သည္။
၁၉၉၀ – သီတဂူအာယုဒါနေဆး႐ုံကို စတင္ဖြင့္လွစ္၍ လူနာမ်ားကို
ေဆးဝါးကုသေပးသည္။
၁၉၉၄ – အေမရိကန္နိုင္ငံ၊ တကၠဆက္ျပည္နယ္၊ ေအာ္စတင္ျမိဳ႕တြင္
ေထရဝါဒဓမၼအသင္းကို တည္ေထာင္သည္။
၁၉၉၆ – စစ္ကိုင္းေတာင္႐ိုးတြင္ အျပည္ျပည္ဆိုင္ရာ သီတဂူ
ကမ႓ာ့ဗုဒၶတကၠသိုလ္ၾကီးကို စတင္ တည္ေထာင္ ဖြင့္လွစ္သည္။
သီတဂူဆရာေတာ္ လင္ဂ်ဳး ေတာင္ေပၚ ဘုရားေက်ာင္း ေရာက္ ရွိ ခိုက္ |
၁၉၉၇ – နိုင္ငံေတာ္အစိုးရက အဂၢမဟာပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ကို
ဆက္ကပ္ပူေဇာ္သည္။
၂၀၀၄ – ရန္ကုန္တကၠသိုလ္က ဂုဏ္ထူးေဆာင္ စာေပပါရဂူ
(D.Litt) ဘြဲ႕ ဆက္ကပ္လွဴဒါန္းသည္။
၂၀၀၄ – ရန္ကုန္ျမိဳ႕တြင္ ကမ႓ာ့ဗုဒၶဘာသာ ထိပ္သီးညီလာခံၾကီးကို
ဦးေဆာင္က်င္းပ ခ့ဲသည္။
၂၀၀၅ – ထိုင္းနိုင္ငံ၊ ဘန္ေကာက္ျမိဳ႕ မဟာခ်ဴလာေလာင္ကြန္းတကၠသိုလ္က
ဂုဏ္ထူးေဆာင္ ပါရဂူ (Ph.D) ဘြဲ႕ ဆက္ကပ္လွဴဒါန္းသည္။
၂၀၀၈ – အိႏၵိယနိုင္ငံ နဝနာလႏၵတကၠသိုလ္က ပါရဂူ (Ph.D) ဘြဲ႕
ဆက္ကပ္လွဴဒါန္းသည္။
၂-၃-၂၀၀၈တြင္ နာဂစ္မုန္တိုင္းဒဏ္ခံရေသာ ဧရာဝတီတိုင္းရွိ
ေလေဘးသင့္ ျပည္သူမ်ားအတြက္ ျပည္တြင္းျပည္ပမွ အလွဴေငြမ်ားေကာက္ခံ၍ ေဒၚလာ သန္းေပါင္း
(၈၀) လွဴဒါန္းခ့ဲသည္။
သီတဂူဆရာေတာ္ ႏွင့္ ယူဂန္ဒါ သမၼတ |
၂၀၀၉ – ေရႊက်င္နိကာယဂိုဏ္းၾကီးက ဝိသိ႒ပုဂၢလသကလရ႒ သာသေနာပကာရက
ဘြဲ႕တံဆိပ္ေတာ္ ခ်ီးျမွင့္သည္။
အျပည္ျပည္ဆိုင္ရာ သီတဂူကမ႓ာ့ဗုဒၶတကၠသိုလ္တြင္ ဒုတိယအၾကိမ္
အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶတကၠသိုလ္မ်ား ညီလာခံကို ဦးေဆာင္က်င္းပခ့ဲသည္။
ထိုင္းနိုင္ငံ မဟာကုတ္တကၠသိုလ္က ဂုဏ္ထူးေဆာင္ ပါရဂူ
(Ph.D) ဘြဲ႕ ဆက္ကပ္လွဴဒါန္းခ့ဲသည္။
ဝိုင္အမ္ဘီေအအသင္းၾကီးက အဂၢမဟာ မဂၤလဓမၼေဇာတိကဓဇဘြဲ႕တံဆိပ္
ဆက္ကပ္လွဴဒါန္းသည္။ မႏၲေလးျမိဳ႕တြင္ သီတဂူဗုဒၶတကၠသိုလ္ကို တည္ေထာင္ဖြင့္လွစ္သည္။
၂၀၁၀ – ၂၀၁၀ျပည့္ႏွစ္အထိ ဆရာေတာ္သည္ အဂၤလိပ္ဘာသာျဖင့္လည္းေကာင္း၊
ျမန္မာဘာသာျဖင့္လည္းေကာင္း က်မ္းမ်ား၊စာအုပ္မ်ား (၂၀၀)ေက်ာ္ ေရးသားျပဳစုထုတ္ေဝခ့ဲသည္။
Unicode Version
သီတဂူဆရာတော်ဘုရားကြီးကို (၁၉၃၆ခုနှစ်)
မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊
ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်ခဲ့ပါတယ် ..
အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ်
အလယ်တန်းကျောင်းတွင် စတင် ပညာ သင်ကြားခဲ့ပြီး အသက်(၁၅)နှစ်
အရွယ်တွင် ရှင်သာမဏေ ပြုခဲ့ပါတယ် ..
သက္ကရာဇ် ၁၃၁၈ - (သာသနာနှစ်-၂၅၀၀
ပြည့်နှစ်)
နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး
ရှင်သာမဏေပြုချိန်မှ
စ၍ ပိဋကတ် အခြေခံ ကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်းကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင်
သင်ကြားခဲ့ပါတယ် ..
၁၃၂၂ - ဓမ္မာစရိယတန်းအောင်ပြီး ရန်ကုန်မြို့၊ တာမွေ သိမ်ကုန်းတိုက်၊
မန္တလေးမြို့ အနောက် ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊
ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ်
ကျမ်းစာများကို သင်ကြား ခဲ့ပါတယ် ..
၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု
ပညာရပ်များ သင်ကြား ခဲ့ပါပြီး ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့
-ဘီ၊ ဘီအမ်အေ ကောလိပ် (မြန်မာ ဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌
ပါဝင် ဆောင်ရွက် ခဲ့ပါတယ် ..
၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်း ဆရာတော်ထံ၌ ပိဋကတ်
ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ပါတယ်
..
၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊
ပေါင်မြို့နယ် သပိတ်အိုင်တောရ စခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ်
အားထုတ်ခဲ့ပြီး ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင် တည်ဆောက်ခဲ့ပါတယ်
၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက်-သီတဂူ
ရေအလှူတော်
စီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ် (တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး
ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက်
ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်)
၁၃၄၇ - ဝါခေါင်လပြည့်နေ့မှစ၍
သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်ခဲ့ပါပြီး
(တစ်လလျှင် ပျမ်းမျှကုန်ကျ
စရိတ် ကျပ်သိန်း (၂၀)ခန့်ဖြင့် ဆေးဝါး ကုသ ဒါနပြုလျှက် ရှိပါတယ်)
၁၃၅၁ - ဆေးရုံပြီးမြောက် (ကုတင်-၁၀၀ဆန့် ကျပ်သိန်း ၅၀၀ကျော် ကုန်ကျပါတယ်)
ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊
အာယုဒါန အလှူတော် သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ်များ
စောင့်ရှောက်နိုင်ရေး
အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါတယ်
သီတဂူဆရာတော်ကြီးဟာ ..
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး ၃ ခု၊
မြန်မာပြည့်အနှံ့ သီတဂူဆေးရုံပေါင်း ၃၀
နီးပါးခန့်၊
ကမ္ဘာအနှံ့ နှင့်
အမေရိကန်၊ ရုရှား သီတဂူကျောင်းခွဲများ၊စစ်ကိုင်း သီတဂူဝိပဿနာအကယ်ဒမီကြီးတစ်ခု
စသည်တိုကိုတည်ထောင်တော်မူခဲ့ပါတယ်၊
မြန်မာမှာသာမက ကမ္ဘာအနှံ့မှာပါ
ဘုရားစေတီပုထိုးပေါင်းများစွာကို အသစ်တည်ထား၊ ပြန်လည်ပြုပြင်ခြင်း၊ တရားဓမ္မများဟောကြားခြင်း၊ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးများ၊အစည်းအဝေးပေါင်းများစွာတို့ကိုတက်ရောက်တော်မူခဲ့ခြင်း၊
စသည့်စသည့် သာသနာပြုလုပ်ငန်းပေါင်းများစွာကို တစ်ဘဝမှာ
ဆယ်ဘဝစာ သာသနာပြုတော်မူခဲ့ပါတယ် ..
ထို.အပြင် ခုနှစ်အလိုက် ပြုစုထားသော အတု္ထပ္ပတ္တိ
တစ်ခုကိုလည်း ပူးတွဲဖော်ပြအပ်ပါသည် ။
ခမည်းတော် ဦးမောင်ညို + မယ်တော် ဒေါ်သန်းတင် တို့ က မြန်မာသက္ကရာဇ်
၁၂၉၈ ခုနှစ်
၊ ခရစ်နှစ်အားဖြင့်
၂၃-၂-၁၉၃၇ တပေါင်းလပြည့် ၊ အင်္ဂါနေ့တွင် ဖွားမြင် ခဲ့ သည် ။
အင်္ဂါနေ့သားဖြစ်၍
ဆရာတော်လောင်းလျာ ကို မောင်စံသိန်းဟု အမည်ပေးသည် ။ မောင်စံသိန်းသည် သာသမီး ( ၅ ) ယောက်
အနက် အကြီးဆုံးဖြစ်သည်။
၁၉၃၇ – ပဲခူးတိုင်း
သဲကုန်းမြို့နယ်တွင် ဖွားမြင်သည်။
၁၉၄၄ – သဲကုန်းမြို့၊
တပ်ရွာဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းတွင် ပညာ စတင် ဆည်းပူးသည်။
၁၉၅၂ – ရှင်သာမဏေပြုသည်။
၁၉၅၅-၅၇ – အငယ်တန်း၊
အလတ်တန်း၊ အကြီးတန်း ပရိယတ္တိစာမေးပွဲများအောင်မြင်သည်။
၁၉၅၈ – သက်တော်
(၂၀)အရွယ်တွင် သဲကုန်းမြို့၊ အလယ်ကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။
၁၉၅၈ – မန္တလေးမြို့
ခင်မကန်ပါဠိတက္ကသိုလ်မှ ဓမ္မာစရိယ စာမေးပွဲအောင်မြင်သည်။
၁၉၆၁ – အစိုးရ
ပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။
၁၉၆၄ – ရန်ကုန်မြို့
ကမ္ဘာအေးသံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များကို သင်ကြား၍ ဗုဒ္ဓဒေသနာဆရာဖြစ် သင်တန်းကို
အောင်မြင်ခဲ့သည်။
၁၉၆၅ – ဧရာဝတီတိုင်း၊
လေးမျက်နှာမြို့
ဘီ.ဘီ.အမ်.အေခေါ် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတွင် ကျောင်းအုပ်တာဝန်နှင့်
အုပ်ချုပ်ရေးမှူးတာဝန်တို့ကို ထမ်းဆောင်လျက် ပရဟိတလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၆၈ – စစ်ကိုင်းတောင်ရိုး၊
ဟံသာဂီရိချောင်သို့ပြောင်းရွေ့၍ သံဃာတော်များနှင့် သီလရှင်များကို
ပရိယတ္တိစာပေများ သင်ကြားပေး၍ စာချဆရာတော်အဖြစ် ဆောင်ရွက်သည်။ တစ်ဖက်ကလည်း အနီးစခန်းဆရာတော်ကြီး
(အဂ္ဂမဟာပဏ္ဍိတ) ထံတွင် အင်္ဂလိပ်စာနှင့် ပိဋကတ်ကျမ်းစာများကို
အင်္ဂလိပ်ဘာသာဖြင့် သင်ယူခဲ့သည်။
၁၉၇၂-၁၉၇၅ – မွန်ပြည်နယ်၊
ပေါင်မြို့နယ် သပိတ်အိုင်တောရ၌ တောရဆောက်တည်၍ ဝိပဿနာတရား အားထုတ်ခဲ့သည်။
၁၉၇၅ – မန္တလေးမလွန်ဆန်လှူအသင်း
တရားပွဲမှစ၍
မြန်မာပြည်တစ်ဝန်းလုံးသို့ နေ့ညမအား တရားဓမ္မများ ဟောကြားခဲ့သည်။
၁၉၇၇ – စစ်ကိုင်းတောင်ရိုးတွင်
သဒ္ဓမ္မသီတဂူချောင်ကို တည်ထောင်ခဲ့သည်။ သံဃာတော်များနှင့်
သီလရှင်များကို
စာချ၍ တစ်ဖက်ကလည်း နိုင်ငံအနှံ့တရားများဟောကြားသည်။
၁၉၇၈ – သီတဂူသာသနာပြုအဖွဲ့ကို
စတင်ဖွဲ့စည်း တည်ထောင်သည်။
၁၉၈၀ – သီတဂူ ရေအလှူတော်စီမံကိန်းကို
စတင်ဆောင်ရွက်သည်။
၁၉၈၅ – သီတဂူအာယုဒါနဆေးရုံကို
စတင် တည်ဆောက်သည်။
၁၉၉၀ – သီတဂူအာယုဒါနဆေးရုံကို
စတင်ဖွင့်လှစ်၍ လူနာများကို ဆေးဝါးကုသပေးသည်။
၁၉၉၄ – အမေရိကန်နိုင်ငံ၊
တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့တွင် ထေရဝါဒဓမ္မအသင်းကို တည်ထောင်သည်။
၁၉၉၆ – စစ်ကိုင်းတောင်ရိုးတွင်
အပြည်ပြည်ဆိုင်ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို စတင် တည်ထောင် ဖွင့်လှစ်သည်။
၁၉၉၇ – နိုင်ငံတော်အစိုးရက
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်သည်။
၂၀၀၄ – ရန်ကုန်တက္ကသိုလ်က
ဂုဏ်ထူးဆောင် စာပေပါရဂူ (D.Litt) ဘွဲ့ ဆက်ကပ်လှူဒါန်းသည်။
၂၀၀၄ – ရန်ကုန်မြို့တွင်
ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကြီးကို ဦးဆောင်ကျင်းပ ခဲ့သည်။
၂၀၀၅ – ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်းတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူ (Ph.D) ဘွဲ့ ဆက်ကပ်လှူဒါန်းသည်။
၂၀၀၈ – အိန္ဒိယနိုင်ငံ
နဝနာလန္ဒတက္ကသိုလ်က ပါရဂူ (Ph.D) ဘွဲ့ ဆက်ကပ်လှူဒါန်းသည်။
၂-၃-၂၀၀၈တွင် နာဂစ်မုန်တိုင်းဒဏ်ခံရသော
ဧရာဝတီတိုင်းရှိ လေဘေးသင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ
အလှူငွေများကောက်ခံ၍
ဒေါ်လာ သန်းပေါင်း (၈၀) လှူဒါန်းခဲ့သည်။
၂၀၀၉ – ရွှေကျင်နိကာယဂိုဏ်းကြီးက
ဝိသိဋ္ဌပုဂ္ဂလသကလရဋ္ဌ သာသနောပကာရက ဘွဲ့တံဆိပ်တော် ချီးမြှင့်သည်။
အပြည်ပြည်ဆိုင်ရာ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ
ညီလာခံကို ဦးဆောင်ကျင်းပခဲ့သည်။
ထိုင်းနိုင်ငံ
မဟာကုတ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူ (Ph.D) ဘွဲ့ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဝိုင်အမ်ဘီအေအသင်းကြီးက
အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းသည်။ မန္တလေးမြို့တွင်
သီတဂူဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်သည်။
၂၀၁၀ – ၂၀၁၀ပြည့်နှစ်အထိ
ဆရာတော်သည် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း ကျမ်းများ၊စာအုပ်များ
(၂၀၀)ကျော် ရေးသားပြုစုထုတ်ဝေခဲ့သည်။
မူရင္းေရးသားသူမ်ား -ဆရာ မင္းယုေဝ Min Yu Wai - ေအးခ်မ္းမင္း Aye Chan Min ၊