Monday, April 16, 2018

S 400 လေကြောင်းရန် ကာကွယ်ရေးစနစ် ဆိုသည်မှာ





S400လေကြောင်းကာကွယ်​​ရေးဒုံးပျံစနစ်ကိုS300 များနေရာမှာ အစားထိုးရန်ရည်ရွယ်ချက်နဲ့၁၉၈၀ခုနှစ်​​လောက်မှာစီမံကိန်းကို စတင်ခဲ့ပြီး ၁၉၉၀ခုနှစ်မှာတော့ အကြမ်းပိုင်းပုံဖော်နိင်ခဲ့ပါတယ်​ ။ထုတ်လုပ်​​ရေးလုပ်ငန်းစဉ်များစွာ ဖြတ်​​ကျော်အပြီးမှာတော့ ၁၉၉၃ ခုနှစ်မှာ S400 systemအောင်မြင်ပြီးဖြစ်ကြောင်း ရုရှားတပ်တော်ကနေကြေညာခဲ့ပါတယ်

၁၉၉၉ခုနှစ်မှာတော့ ရုရှားတောင်ပိုင်းမှာရှိတဲ့ ကပုစတင်ယာ လို့ခေါ်တဲ့ လက်နက်စမ်းသက်​​ရေးကွင်းမှာ ပထမဆုံးစမ်းသပ်မှု့ကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီဟု စစ်ဘက်မှအစီရင်ခံခဲ့ကာ၂၀၀၁ခုနစ်မှာတပ်ဖြန်.ချထားဖို့ လိုလားခဲ့ပါတယ်​ ။၂၀၀၃ခုနစ်ရဲ့ ရုရှားတပ်တော်ရဲ့စစ်​​ဆေးချက်အရတပ်ဖြန်ဖို့ အဆင်သင့်မဖြစ်​​သေးတဲ့အချက်​​တွေတွေ့ရှိခဲ့ရပါတယ်​ ။အဲ့တာကတော့ S300P ,S400 နှင်ခေတ်မရှိတော့တဲ့ ကြားဖြတ်တိုက်ခိုက်​​ရေးလေယာဉ်တို့ရဲ့ စမ်းသက်ချက်တို့ရဲ့ အမှားများစွာနဲ့ စမ်းသက်ခြင်းဟု….
ကြေညာချက်နှစ်ခု ထုတ်ပြန်ကာ အသုံးပြုဖို့ အဆင်သင့်မဖြစ်​​သေးဟုကောက်ချက်ချခံ ခဲ့ရပါတယ်
၂၀၀၄ခုနစ်မှာတော့ ဒုံးပျံတစ်စီးကိုအောင်မြင်စွာ ကြားဖြတ်တုန့်ပြန်နိုင်ခဲ့ပြီး S400 စီမံကိန်အောင်မြင်စွာပြီးစီးပြီ ဟုကြေညာနိုင်ခဲ့ပါတယ်​ ။၂၀၀၇ခုနှစ်မှာတော့မျော်မှန်းထားသည် ခုနှစ်ထက်
၆နှစ်​​နောက်ကျပြီးမှ တာဝန်ထမ်ဆောင်နိုင်ခဲ့ပါတယ်

S400ဟာ AESA radar (Active Electroically Scanned Array )အသုံးပြုပြီးလေကြောင်းကာကွယ်​​ရေးစနစ်တစ်စုံမှာအမိန်ပေးထိန်းချုပ်စနစ်ပါသောကားတစ်စင်းရေဒါစနစ်တင်ဆောင်ထားသောကားသုံးစင်းနှင့်
ဒုံးပျံပစ်စင်တင်ထားသည် ကားလေးစင်းတို့ပါဝင်ပါသည်

အမိန်ပေးထိန်းချုပ်စနစ်​ ( 55K6E command and control Centre )ကတော့ရေဒါတို့မှ ရရှိလာသော ရှာဖွေခြင်ခြေရာခံခြင် ၊ပစ်ခတ်ခြင် နဲ့ သူ့ရဲ့ အဝန်းပိုင်းပြင်ပမှပေးပို့သော (passive radar အပါအဝင်​ ​) သတင်းအချက်အလက်တို့ကို စီမံခန့်ခွဲနိုင်ပါတယ်

မြင်ကွင်းကျယ်​​ရေဒါထောက်လှမ်ရေးစနှစ်(91N6E Panoramaic radar detection system)ကတော့
၆၀၀ကီလိုမီတာအကွာဝေးအထိ သက်​​ရောက်မှု့ ရှိပြီး Jamming လုပ်ခြင်းများကိုလည် ကာကွယ်နိုင်ပါတယ်​ ။S band system ကို အသုံးပြုထားပြီး ပစ်မှတ်၃၀၀ကိုလည်ခြေရာခံပေးနိုင်ပါတယ်

 

92N6E multi-functional radar system ကတော့၄၀၀ကီလိုမီတာအကွာအဝေးကိုထောက်လှန်ပေးနိုင်ပြီး ပစ်မှတ်စုစုပေါင်း၁၀၀ ကိုခြေရာခံပေးနိုင်ပါတယ်

96L6 Hight altitude Detector ကတော့၃၀၀ကီလိုမီတာ အကွာကအမြင်ပေများစွာ နှင် အနိမ့်ပျံ လာသော အရာအားလုံးကိုခြေရာခံဖို့ပြီးပီး ဒုံးကျည်များအတွက်ပစ်မှတ်၁၀၀ကျော်ကို လမ်းညွှန်​​ပေးဖို့ ဖြစ်ပါတယ်

F22 နဲ့ F35 တို့လို ကိုယ်​​ပျောက်စွမ်းရည်ရှိတဲ့လေယာဉ်​​တွေကို တုန့်ပြန်ဖို့Nebo M 3D radar စနစ်​​တွေကိုလည် S400 နဲ့ အတူ ထားရှိတက်ပါတယ်

ရေဒါရဲ့ဖမ်းယူနိင်မှူ့ကိုထပ်​​ဖော်ပြရရင်91N6E radar နဲ့ 92N6E radar စနစ်ကကိုယ်​​ပျောက်တိုက်​​လေယာဉ်ကို ၁၅၀ကီလိုမီတာမှစပြီး ဖမ်းယူနိုင်ပြီးF22လို RCS ​0.0001အထိသေးငယ်လွန်းတဲ့လေယာဉ်ကို ၂၁ ကီလိုမီတာမှာF35 လို RCS 0.0015 ​သေးတဲ့လေယာဉ်ကို ၃၄ကီလိုမီတာ နဲ့ ကိုယ်​​ပျောက်စွမ်းရည်မရှိတဲ့ F18 လိုလေယာဉ်​​တွေကိုတော့ ၁၇၅ကီလိုမီတာမှာRCS 0.4 ရှိတဲ့ ပစ်မှတ်ကို ၂၃၀ကီလိုမီတာမှာ
RCS 4 ရှိတဲ့ ပစ်မှတ်ကို ၃၉၀ကီလိုမီတာ မှာလေကြောင်းကြိုတင်သတိပေးလေယာဉ်​​တွေ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်​​တွေ နဲ့ ဒုံးပျံတွေကိုတော့ ကီလိုမီတာ ၆၀၀အတွင်းမှာတွေ့ရှိနိုင်ပြီး
 
40N6 missileနဲ့ ၄၀၀ကီလိုမီတာ
48N6 missile နဲ့ ၂၅၀ကီလိုမီတာ
9M96E2 missile နဲ့ ၁၂၀ကီလိုမီတာ
9M96E missile နဲ့ ၄၀ ကီလိုမီတာ အထိအသီးသီးပစ်မှတ်သတ်မှတ်ထားကာကြားဖြတ်တိုက်ခိုက်နိင်ပါတယ်

ဒုံးပျံတင်ယာဉ်တစ်စီးတွင် ဒုံးကျည်ပစ်လွှတ်ရန်ပြွန်၎ခု ပါဝင်ပြီးကားလေးစင်းဆိုလျှင် စုစုပေါင်းပြွန်၁၆ခုပါဝင်ပါတယ်​ ။ပြွန်တစ်ခုချင်းစီတိုင်းက အရွယ်အစားသေးငယ်တဲ့ ဒုံးကျည်နှစ်စင်းထည့်သွင်းနိုင်ပြီး
စုစုပေါင် ကားလေးစင်းဟာ ဒုံးကျည်၃၂စင်းကို အသင် ထည့်သွင်းပြီးသား နေအထားနဲ့ ​​လေ​​ကြောင်းကာကွယ်နိုင်ရှိပါတယ်​ ။၃၂ စင်းပမာဏဟာ 48N6 , 9M9E2 , 9M9E missilesတို့ကို ပဲ အကျုံးဝင်ပြီး
တာဝေးပစ်ဒုံးကျည်များကို ဖျက်စီးနိုင်တဲ့ 40N6 missiles ကတော့အရွယ်အစားကြီးမားမှူ့ကြောင်
ပြွန်တစ်ခုကို တစ်စင်းပဲ ထည့်သွင်းလို့ရပါတယ်



ပစ်လွှတ်သည့်စနစ်ကတော့ ပြွန်ထဲကဒုံးကျည်များကို ဓာတ်ငွေ့တစ်မျိုးအသုံးပြုပြီးလေထဲကိုမီတာ၃၀အထိ ပစ်လွှတ်​​ပေးပြီးနောက်ဒုံးကျည် rocket motor မှ စတင်အလုပ်လုပ်ပါတယ်

၂၀၀၉ခုနှစ်အတွင်းကမြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးပျံစမ်းသက်မှူ့မတိုင်ခင်​ ​ကြေညာချက်ထုပ်ပြန်ချိန်မှာ နယ်စပ်သို့ S400စနစ်တစ်စုံချထားခဲ့ပြီးစမ်းသက်စဉ်အမှားအယွင်းရှိခဲ့၍ လမ်ချော်ဝင်​​ရောက်ခဲ့လျှင်ကာကွယ်နိုင်​​အောင်စီစဉ်တာပဲ ဖြစ်ပါတယ်​ ။
 
၂၀၁၁ခုနှစ်မှာမော်စကိုမြို့အနီးတွင်​ S400 စနစ်နှစ်စုံ ထပ်မံ တပ်ဖြန့်ခဲ့ရုံသာမက ဂျပန်နဲ့ အငြင်းပွားနယ်​​မြေဖြစ်သည် ကူရိုင်းကျွန်ပေါ်မှာ S400စနစ်တစ်စုံ ဆိုက်​​ဗေးရီးယားအခြေစိုက်​​လေတပ်စခန်းသို့ ၆စုံ နှင်ဘော်တစ်​​ဒေသရှိ သူ၏လေတပ်စခန်းကိုလည် ကာကွယ်​​ရေး စနစ်များပေးပို့ခဲ့ပါတယ်

၂၀၁၄ခုနစ်အထိ S400စနစ်များကို တပ်တော်မှ မှာယူမှုဟာ တစ်နစ်ကို သုံးစုံအထိ ရှိလာကာ
စုစုပေါင် ရုရှားတပ်တော်တွင်​ S400စနစ်စုစုပေါင်း၃၉စုံထိရှိလာခဲ့သည်။

၂၀၁၅ခုနှစ်တွင်ဖြစ်ပွားသောဆီးရီးယားစစ်ပွဲအတွင်း ဆီးရီးယားလေတပ်ပိုင်Su-25အား အမေရိကန်ရေတပ်တိုက်လေယာဉ်ဖြစ်သောF/A-18Fအမျိုးအစားတိုက်လေယာဉ်ကနေပစ်ချခဲ့အပြီးမှာပဲ ဆီးရီးယားအခြေစိုက်​ ​မြောက်ပိုင်လေတပ်စခန် Khemim air base သို့ S400စနစ်များ တပ်ဖြန့်ဖို့
ရုရှားအစိုးရက ဆုံးဖြတ်ခဲ့ကြပါတယ်



S400 ​လေကြောင်းကာကွယ်​​ရေးစနစ်တစ်စုံကိုမေရီကန်​ ​ဒေါ်လာ သန်း၄၀၀တန်ဖိုးရှိပြီးပြည်ပကနေ စိတ်​​ဝင်စားမှုများခံရလာပြီး၂၀၀၉ခုနှစ်မှာ တူရကီနိုင်ငံ ၂ဘီလီယံခွဲခန့်ပေးချေကာ၂၀၁၇ခုနစ်မှာ လက်ခံခဲ့ပါတယ်​ ။ဘီလာရုစ်နိုင်ငံကတော့နှစ်စုံဝယ်ယူခဲ့ပြီး ၂၀၁၆မှာ လက်ခံခဲ့ပါတယ်​ ။ဆော်ဒီအာရေဘီးယားနိုင်ငံက ၂ဘီလီယံတန်​​ကြေးရှိသော စာချုပ်နဲ့အတူအပိုပစ္စည်းအပါအဝင်၃ဘီလီယံဖိုးခန် ဝယ်ယူရန် ဘောတူညီမှု ရရှိခဲ့ပါတယ်​ ။ အယ်ဂျီးရီးယားနဲ့အီဂျစ်နိုင်ငံဖက်ကလည် ဝယ်ယူဖို့စိတ်ဝင်စားနေပါတယ်​ ။ တရုတ်ကတော့၂၀၁၄ ခုနှစ်မှာ ၆စုံခဲ့မှာယူခဲ့ပြီး ၂၀၁၈မှာ လက်ခံရရှိမှာဖြစ်ပါတယ်
အိန္ဒိယဖက်ကလည် ၁၁ဘီလီယံတန်​​ကြေးဖိုးဖြစ်သောS-400 (၁၂)စုံကိုမှာယူခဲ့ပါတယ်

အချုပ်အားဖြင့်ဆိုသော်S400 ဟာနေ့အချိန်အထိ ကမ္ဘာအကောင်းဆုံးလေကြောင်းကာကွယ်​​ရေး စနစ်များထဲမှတစ်ခုအနေနဲ့ရပ်တည်နေပါတယ် ။


From ရဲအောင်

No comments:

Post a Comment