Tuesday, April 24, 2018

ဝါးခယ်မရဲ. လမ်းလျှောက်သင်္ကြန် နဲ. နှစ်ဆန်းတစ်ရက်နေ.





မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် ၏ နှစ်ဆန်းတစ်ရက်နေ.၏ အာရုဏ်တက် ကို ၀ါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီး၏ မျက်နှာသစ်တော်ရေ ဆက်ကပ်ပွဲ ( ရေကြည်တော်ကပ် ) ဖြင့် မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပါသည် ။ထို.နောက်နေ.လည်ပိုင်းတွင် ၁၀၃ ကြိမ်မြောက် ဘုရားရေသပ္ပါယ်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် ဘုန်းတော်ကြီး ကျောင်းပေါင်း ၇၅ကျောင်းမှ သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှုခဲ့ပါသည် ။

မြို.လေးရှိ မဟာစည် ၊ ဟံသာဝတီ ၊ သံလျှက်စွန်းစသော တရားစခန်းများ နှင့် ဘုန်းတော်ကြီးကျောင်းများ ၊ အိမ်များတွင် ဆွမ်း ဆက်ကပ်လှုဒါန်းမှု အများအပြား ရှိခဲ့ပါသည် ။

စတုဒိသာ လှုဒါန်းမှုများလည်းရှိခဲ့ပြီး မနက်ပိုင်းတွင် မြို.အရှေ.ပိုင်းလှေကျင်းအဖျားဘက်တွင် မုန်.ဟင်းခါးစတုဒိသာအပါအ၀င် အဖြူ ရောင် သူငယ်ချင်းများ ပရဟိတအဖွဲ့၏ တစ်နှစ်ပြည့် နှင့် နှစ်ဦးအလှူအဖြစ် ဝါးခယ်မမြို့ နယ်ပြည်သူ့ဆေးရုံမှ လူနာများအား ဆပ်ပြာမွှေး သွားတိုက်​​ဆေး သွားပွတ်တံ မျက်နှာသုတ်ပုဝါ ရေသန်ကွေကာအုတ်သော တစ်ကိုယ်ရည်သုံး ပစ္စည်း လှုဒါန်းခြင်း နှင့်ပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်းများ ၊ ၀ါးခယ်မ အထက ၁ ၏ နှစ်ဆန်း(၁)ရက်နေ့
ပရိတ်တရားနာမေတ္တာပို့အမျှပေးဝေခြင်းအလှု ၊ ၂၀၀၃-၂၀၀၄ ပညာသင်နှစ် အ.ထ.က(၁)
တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူဟောင်းများ၏ သကျမဟာသိရိဘုရားကြီးအရုဏ်ခံဆွမ်းဆန်စိမ်းပဒေသာပင်၊ ပရဟိတဘုန်းတော်ကြီးကျောင်းနှင့်
ဒေါ်ပိုက်မိဘိုးဘွားရိပ်သာတို့သို့
ဆွန်းဆန်စိမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆပ်ကပ်ခြင်း၊ အာဟာရဒါနလှူဒါန်းခြင်း၊ ဆေးပဒေသာပင်စိုက်ထူခြင်း၊ အလှူငွေလှူဒါန်းခြင်း အလှု များလည်း ပြု လုပ်၍ နှစ်သစ်ကို ကောင်းမှု ကုသိုလ်များဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်းသိရပါသည် ။



ထို.အပြင် မြို.နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာန၏ သက်ကြီး ပူဇော်ပွဲ ၊ မြသိန်းတန် ၆လမ်း မိသားစုများ၏ နှစ်ဦး အလှုတော် တို.အပြင် မြို.နယ်အတွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်းများကို မြို.နယ်တာဝန်ရှိသူများမှ ကြီးမှုး ကျင်းပခြင်း ၊ မြို.နယ်အတွင်း လမ်းများကို ကားဖြင့် ၊ မြစ်အတွင်း တွင် ပဲ့ထောင်ဖြင့် ရဟန်း သံဃာတော်များမှ ပြုလုပ်ခဲ့ကြသလို လမ်းအလိုက် ပရိတ်ရွတ်ဖတ်ခြင်းများလည်း ရှိခဲ့ပါသည် ။

မြို.နယ် အတွင်း မြန်မာ.နှစ်သစ်ကို ဒါန ၊ သီလ ၊ ဘာဝနာ ကောင်းမှု ကုသိုလ်များဖြင့် မင်္ဂလာရှိစွာ ကြိုဆိုခဲ့ကြပါသည် ။

ထို.အတူ မြန်မာ.နှစ်သစ်ကူး ကြိုဆို နှုတ်ဆက် မိန်.ခွန်းတွင် နိုင်ငံတော်သမ္မတ သစ်က ၀န်ထမ်းများအတွက် ၀မ်းသာစရာ သတင်းကောင်းပါးခဲ့သလို အကျဉ်းကျခံ များအတွက်လည်း ၀မ်းသားစေခဲ့ပါသည် ။ သို.သော် ကျောင်းသားအချင်းချင်းရက်ရက်စက်စက် စွပ်စွဲ သတ်ဖြတ်ခဲ့သူ တစ်ဦး ပြန်လည်လွတ်မြောက်လာမှုနှင့် ARSA ဆက်စပ် တရားခံများ ပြန်လည်လွတ်မြောက်လာမှု အပေါ် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်ခဲ့ပါသည် ။

မည်သို.ပင်ဆိုစေ ယခုမြန်မာ့သက္ကရာဇ် ၁၃၈၀ သည် မိမိတို. ၀ါးခယ်မမြို.နယ်သူ / မြို.နယ်သားအားလုံး ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ၁၃၅ မျိုးလုံး နှင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး တို.သည် အစားအသောက် ရှားပါးခြင်း ဒုက္ခဘေး ၊ ရောဂါအန္တရာယ်များ ကျရောက်နှိပ်စက်ခြင်းဘေး ၊ လက်နက်အန္တရာယ် ခံစားရခြင်းဘေး တို.မှ အမှန်တကယ် ကင်းဝေးပြီးလျှင် အထူးအားဖြင့် မိမိတို.နိုင်ငံ၏ နိုင်ငံသားအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သည် အခြားအခြားသော ဘာသာများ မိမိတို.သက်ဆိုင်ရာ နိုင်ငံတွင် ၀င့်ထည်ခံညားစွာ ရပ်တည်နိုင်သကဲ့သို. မိမိတို.နိုင်ငံတွင်လည်း ရပ်တည်နိုင်ပါစေကြောင်းနှင့် ဘုရားကို ဘုရားမှန်းသိသော ၊ တရားကို တရားမှန်းသိသော ၊ သံဃာကို သံဃာမှန်းသိသော ၊ ဘာသာတရားကို ကိုးကွယ် ကိုင်းရှိုင်း လိုက်နာရကောင်းမှန်းသိသော အမျိုးကောင်းသား/အမျိုးကောင်းသမီးများ များပြားစွာ ပေါ်ထွက်လာနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ။

မြို.လေးရဲ..ရက်တိုးသင်္ကြန် (သို.) လမ်းလျှောက်သင်္ကြန် (သို. ) ဘုရားကြီး ရေသပ္ပါယ်ပွဲ



မြို.လေး၏ ထူးခြား၍ မြတ်နိုးဖွယ်ကောင်းသော ဓလေ့များအနက် တစ်ခုဖြစ်သော နှစ်ဆန်းတစ်ရက် နေ. ဘုရားရေသပ္ပါယ် ပွဲကို ယနေ. နေ.လည်က ဘုရားကြီးတွင် ၁၀၃ ကြိမ်မြောက် ဘုရားရေသွန်းပွဲတော် အဖြစ် ပြုလုပ်ခဲ့ကြပါသည် ။

ယခင်နှစ်များကဲ့သို.ပင် မီးသတ်တပ်ဖွဲ.က မင်္ဂလာဝင်းထောင့်အထိ ရေတင်ပေးခဲ့ပြီး ရေသယ်ကုသိုလ်ယူ လိုသူများက ထိုနေရာမှ ဘုရားကြီးအထိ စည်ကားစွာ သယ်ဆောင်ကြပါသည် ။

သို.သော် အချို.အဖွဲ.များအနေဖြင့်မူ မြစ်ဆိပ်အထိဆင်း၍ ကိုယ်တိုင်သယ်ယူကြသည်များလည်းတွေ.ရပါသည် ။ယခင်ဓလေ့များအတိုင်း ဘုရားကြီးသို.ရေသယ်ကုသိုလ်ယူရာတွင် ၃ခေါက် ၊ ၅ခေါက် ၊ ၉ခေါက် ၊ ၁၁ခေါက် ၊ သက်စေ့ စသည်ဖြင့် ကုသိုလ်ယူသယ်ဆောင်ကြသူများ ရှိသကဲ့သို. ရေသယ်လာသူများကို ရေလောင်းဆော့ကစားသူများကလည်း သင်္ကြန်အဆစ်တစ်ရက်အနေဖြင့် ဆင်နွဲကြပါသည် ။ အားလုံးက လမ်းလျှောက် ၊ ခွက်ဖြင့်သာလောင်း ရသော ထပ်တိုး သင်္ကြန်တစ်ရက်မို. ယခုခောတ်စားလာသော အသုံးအနှုံးဖြင့်ပြောရလျှင် ၀ါးခယ်မ လမ်းလျှောက်သင်္ကြန်ရက် ဖြစ်ပါသည် ။

လမ်းတစ်လျှောက်တွင် အချိုရည် ၊ ရေခဲ ထုပ် လှုးဒါန်းမှုများက အနည်းဆုံး ၅နေရာခန်. ရှိခဲ့ပါသည် ။

မိမိတို.၏ ထုံးတမ်းအစဉ်အလာအတိုင်း စောင်းတန်းအတွင်းမှနေ၍ ရေသယ်လာသူများသို. ရေမွှေး / နံ.သာမွှေး လှုဒါန်းကြသူများလည်း ယခင်ထက်ပိုမိုများပြားခဲ့ပြီး စောင်းတန်းတွင် လာရောက်ကြည့်ရှုကြသော သက်ကြီူးရွယ်အိုများ နှင့် မြို.သူ/မြို.သား များမှာမူ ယခင်နှစ်များအတိုင်း ရှိခဲ့ပါသည် ။

စောင်းတန်းအတွင်း တီးမှုတ်ကုသိုလ်ယူသောအဖွဲ.တစ်ခုရှိပြီး အချို.မှာ ယခင်အချိန်များအတိုင်း ငွေဖလားများဖြင့် ရေသယ်ကုသိုလ်ယူကြဆဲ တွေ.ရပါသည် ။ ထို.အပြင် ရေသယ်ကုသိုလ်ယူရန် လာကြသူများသည် မိမိတို.၏ ကောင်းသော အလေ့အထများ အမွေပေးသည့်အနေဖြင့် ကလေးငယ်များကိုပါခေါ်ဆောင်လာပြီး ရေသယ်ကုသိုလ်ယူစေခဲ့ကြသည်ကို ၀မ်းမြောက်ဖွယ်ရာတွေ.မြင်ရပါသည် ။



သင်္ကြန်တွင်းတစ်ခုလုံး လုံခြုံရေးတာဝန်ယူခဲ့ကြသော ရဲတပ်ဖွဲ.၀င်များလည်း ယနေ.တိုင် တာဝန်ယူထားနေကြရဆဲဖြစ်ပြီး ဘုရားကြီးအတွင်းအထိုင်ချတာဝန်ယူထားသည်ကိုလည်းတွေ.မြင်ရပါသည် ။

ယခင်က ရေသပ္ပါယ်ရာတွင် သကျမဟာသီရိဘုရားကြီးအား သပ္ပါယ် ကုသိုလ်ယူကြသော်လည်း နောက်ပိုင်း သက်တမ်းရာကျော်ဆင်းတုတော်ကြီး ရေရှည်တည်တံ့ရေးအတွက် သီးခြားဆင်းတုတော် တစ်ဆူဖြင့် အပူဇော်ခံခဲ့ခြင်းဖြစ်ကြောင်း သိရပါသည် ။

ဓါတ်ပုံ Album များကြည့်ရှုလိုပါလျှင်




ဆက်စပ်ဖတ်ရှုရန်
  



No comments:

Post a Comment