Tuesday, April 24, 2018

မြို.လေးရဲ. သင်္ကြန်ရက်များ ( ၁၃၇၉ / ၁၃၈၀ )


အကြိုနေ.



မြို.လေးရဲ. ဒီနှစ်သင်္ကြန်ကတော. ယခင်နှစ်များထက် စည်ကားတယ်လို.ပြောရပါမယ် ။ ၁၉၉၀ ၀န်းကျင် ကမ်းနားလမ်း ရဲစခန်းဝင်းထဲ ဗဟိုမဏ္ဍပ်ဆောက် ၊ ရေပိုက်တွေနဲ. ကမ်းနားလမ်းတစ်လျှောက် ပက်ကြတဲ့ ကာလတွေနောက်ပိုင်းမှာ သာမာန်လောက်ပဲ ကျင်းပဖြစ်နေကြပေမယ့် ဒီနှစ်မှာတော. လူလတ်ပိုင်း နဲ. လူငယ်ပိုင်းတွေ ရဲ. လှုံ.ဆော် မှုတွေ နဲ. စည်ကားတဲ့ နှစ်လို.ပြောရပါမယ် ။

ဗဟို မဏ္ဍပ် က ဖွင့်ပွဲ အခမ်းအနားကိုတော့ မြို.နယ် အဆင့် တာဝန်ရှိသူတွေ ၊ ဌာနဆိုင်ရာတွေနဲ. ယိမ်းအကအဖွဲ.တွေ တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ် ။

မနက်ပိုင်းတည်းက ရေပက်သူတွေနဲ. စည်ကားပြီး ညပိုင်းမှာလည်း မင်းပိုင်းကျောင်းရှေ. ၊ ကျောက်တိုင်ရှေ. ၊ ဆေးရုံရှေ. နဲ. တံတားအောက်တွေမှာ ဖျော်ဖြေရေး စင်မြင့်တွေ ရှိပြီး ဖော်ျဖြေမှုကို သူ.သက်ဆိုင်ရာ ရပ်ကွက်အလိုက် အားပေးမှုတွေ ရှိနေပါတယ် ။

စိတ်မကောင်းစရာ တစ်ခုကတော.့ ဒီနှစ်ကျောင်းဖွင့်ရင် ၈တန်းတက်မယ့် ကလေး ၂ယောက် ဒီညနေ ( ၅ ) နာရီခန်. မှာ မယက တံတား ( ယခင်တရားရုံးသောင်ပြင် ) ဆိပ်မှာ ရေဆင်းချိုးရင်းကပျောက်ဆုံးသွားတယ်လို.သိရပါတယ် ။ စက်ဘီး ၊ ဖိနပ် နဲ.ဦးထုပ်တွေတော. ကုန်းပေါ်မှာကျန်နေခဲ့တယ်လို.ပြောပါတယ် ။ ဒီည ၁၀နာ၇ီလောက်အထိတော. ပွဲပေးပြီး မြစ်ထဲ မှာ ပိုက်ကွန်နဲ.ပါ ဆွဲ ရှာနေပေမယ့် မတွေ.ရသေးဘူးလို.သိရပါတယ် ။ အဲ့ဒီဆိပ်က သင်္ကြန်ဆိုရင် အကုန်ရေဆင်းစိမ်ကြတာမို. အချို.နှစ်တွေမှာတော့ ဆင်းခွင့်မပေးပဲ ပိတ်ထားတာမျိုးတွေ ရှိခဲ့ဖူးပါတယ် ။


အကျနေ. 



သင်္ကြန် အကျနေ. မြို.လေးမှာလည်း စည်စည်ကားကား ပျော်ပျော် ရွှင်ရွှင် နဲ. သင်္ကြန် ကို ဆင်နွဲခဲ့ကြပါတယ် ။ အထူးသဖြင့် ကမ်းနားလမ်း မနောသုခ ရှေ.ကနေ ကျောက်တိုင်ထိပ်အထိ ကတော့ အတော်လေးစည်ကားခဲ့တာတွေ.ရပြီး ဆေးရုံရှေ. မဏ္ဍပ်မှာလည်း စည်ကားခဲ့ပါတယ် ။ ခုနောက်ပိုင်း သင်္ကြန်တွေမှာ ရေပက် နဲ.ဖျော်ဖြေရေး တွဲထားတဲ့ မဏ္ဍပ်မျိုးကို ၂ခုလောက်သာ လုပ်လေ့ရှိပြီး ကျန်တာတွေက ရေပက်မဏ္ဍပ်လေးတွေ ချည်းပဲမို. ရှိတဲ့နေရာမှာ လူတွေက စုပြုံ နောက်ထပ်သွားစရာ မရှိ ဖြစ်နေခဲ့ပေမယ့် ဒီနှစ်မှာတော့ ရေပက်နဲ.ဖျော်ဖြေရေး တွဲထားတဲ့ မဏ္ဍပ်တွေတိုးလာတာကြောင့် လူတွေကမျှသွားပြီး တစ်နေရာထဲ စုပြုံ မနေတာကြောင့် ရန်ဖြစ်တာမျိုးကအစ ပိုမိုထိမ်းသိမ်းလို. လွယ်သွားတာမျိုး ရှိသွားပါတယ် ။

ဒီနှစ်သင်္ကြန်မှာ ထူးခြားတာကတော. ဖျော်ဖြေရေး သံချပ်ကားတစ်စီး လာရောက်ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ် ။
ဒါ့အပြင် ဒီနေ. မှာ အ.ထ.က (၁) ဝါးခယ်မ - ၂၀၀၄-၂၀၀၅ ပညာသင်နှစ် သူငယ်ချင်းများ ရဲ.စုပေါင်းအလှူ ကို ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာမှာ ပြုလုပ်ခဲ့ကြောင်းသိရပါတယ် ။
ညဘက်မှာလည်း ဖျော်ဖြေရေး မဏ္ဍပ်တွေရဲ.ဖျော်ဖြေမှုများ ရှိခဲ့ပါတယ် ။
စိတ်မကောင်းစရာကတော့ ယမန်နေ.ညနေက ကမ်းနားမှာ စက်ဘီး နဲ . ဖိနပ်တွေပဲ ကျန်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ဒီနှစ်မှ ၈တန်းတက်မယ့် ကလေး ၂ယောက် ( ပရဆေး ဦးကျော်ရ ရဲ.မြေး - မသိတာရဲ. သား နဲ. စစ်မှုထမ်းဟောင်းက ဗိုလ်ကြီးစိုးပိုင်သား ဟုသိရ ) ကို မြစ်ရိုးတစ်လျှောက် လိုက်ရှာနေတာ မတွေ.ရသေးဘူးလို.ကြားသိရပြီး ရေထဲမှာ မပျောက်ပဲတစ်နေရာရာရောက်သွားတာဆိုရင်လည်း အမြန် ပြန်တွေ.ကြဖို.မျှော်လင့်နေကြပါတယ် ။ သူတို.ရေဆင်းချိုးတဲ့ - သင်္ကြန်တိုင်းလည်း အတော်များများ ရေဆင်းစိမ်ကြလေ့ရှိတဲ့ အဲ့ဒီမနောသုခသောင် - တရားရုံးဟောင်းဆိပ် ကိုတော.ဒီနေ.မှာဆင်းကစားခွင့်ရေချိုးခွင့်ပိတ်လိုက်ပြီး လုံခြုံရေး ချထားတာလည်းတွေ.ရပါတယ် ။

ခုဖြစ်စဉ်လိုပဲ ဒီနေ. စစ်ကိုင်းမှာလည်း မဏ္ဍပ်နောက် ရေဆင်းဆော.တဲ့ကလေးတစ်ယောက်အလောင်းကိုတော. ရေစပ်ကနေ ပေ ၅၀ခန်.အကွာ ရေအနက် ၈ပေ မှာ တွေ.ရတယ်လို.သိရပြီး ဖြူးဆည်မှာတော့ လူ၅ယောက်ရေနစ်တာ ၁ယောက် ပဲ ရှင်တယ်လို.သိရပါတယ် ။

ဒါ့အပြင် ပြည်တွင်းထူးခြားဖြစ်စဉ် အနေ နဲ. Myanmar National Airlines - UB 313 လေယာဉ် ဟာ ဒီနေ. ရန်ကုန် - ဘိတ် - ဘုတ်ပြင်း ခရီးစဉ် မှာ အင်ဂျင်တစ်ဘက် အင်ဂျင်ဝိုင်ယို စိမ့်တာကို လေယာဉ်မှုးက သိလိုက်တာကြောင့် ထားဝယ်လေဆိပ်ကို ၁နာရီ ၂၅ မိနစ် မှာ အန္တရာယ်ကင်းစွာ ပြန်ဆင်းသက်ခဲ့ပြီး လေယာဉ်အစားထိုးစီစဉ်ပေးခဲ့ကြောင်း ၊ လေကြောင်းလိုင်း အနေနဲ.လည်း နောင်မှာ ခုလိုပဲ Safety First ကိုဦးစားပေးဆောင်ရွက်မှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်လာခဲ့တာပါ ။

ဒီသင်္ကြန်မှာ သင်္ကြန်စာထဲ ဘီလူးဆင်းတာဟာ ဘာတွေဖြစ်လာမယ် မသိပေမယ့်လို. ဆီရီးယား အစိုးရဟာ သူ.ကိုတော်လှန်တိုက်ခိုက်နေတဲ့ သူတွေကို ဓါတုဗေဒ လက်နက်သုံးတယ်ဆိုတဲ့ ခေါင်းစဉ် နဲ. ဒီနေ.မှာအမေရိကန်က ဆီး၇ီးယားကို အင်္ဂလန် ၊ ပြင်သစ်တို.ရဲ. အကူအညီပါ ယူပြီး ဒုံးကျည်တွေနဲ. စတင်တိုက်ခိုက်ခဲ့ပါတယ် ။အီရတ်တုန်းကလည်း ဖျက်အားပြင်း လက်နက်ခေါင်းစဉ်နဲ.၀င်တိုက်ပြီး ဘာမှမတွေ့ခဲ့ပါဘူး ။ အချို.ကတော.တတိယ ကမ္ဘာစစ် ရဲ. အစလားဆိုတာမျိုးတွေအထိတွက်ခဲ့ပါတယ် ။ အမေရိကန် ၊ အင်္ဂလိပ် ၊ ပြင်သစ် အပါအ၀င်နေတိုး နိုင်ငံတွေနဲ. ရုရှ ၊ တရုတ် ၊ အီရန် ၊ တူရကိ ၊ မြောက်ကိုရီးယား တို.ရဲ.. အားပြိုင်ပွဲ အစလို.လည်း တွက်ကြပါတယ် ။ လုံးဝ ကြားဖြတ် ပစ်ချလို.မရဘူးလို. ပြောတဲ့ အမေရိကန်ရဲ. Tomahawkဒုံးကျည်နဲ.ဘာလာလာပစ်ချလို.ရတယ်ဆိုတဲ့ ရုရှ ရဲ. S-400 ဒုံးခွင်းဒုံးတို.ရဲ. စမ်းသပ်ပွဲ ဖြစ်သလို နှစ်ဘက်သံတမန်တွေ နှင်ထုတ်ခဲ့ကြတဲ့ သံတမန်ရေး တင်းမာမှုရဲ. နောက်ဆက်တွဲ တစ်ခုလည်း ဖြစ်နိုင်ပါတယ် ။

အမေရိကန်ကဒုံးပျံ(၁၀၃)လုံးအနက်(၇၁)လုံးကိုရုရှားကြားဖြတ်ဒုံးများကပစ်ချနှိုင်ခဲ့တယ်လို.ပြောပြီး အမေရိကန်ကတော့ သူ.ဒုံးပျံတွေအားလုံးပစ်မှတ်ကိုရောက်တယ်လို.ဆိုပါတယ် ။ ရုရှဘက်က လက်ရှိ ဆီးရီးယား အစိုးရကိုထောက်ခံထားတာမို.လက်တုန်.ပြန်မယ့်အကြောင်းလည်း ပြောလာပါတယ် ။အမေရိကန်အနေနဲ.က နိုင်ငံ့ခေါင်းဆောင် ခုံနည်းနည်းလှုပ်လာတိုင်း စစ်ပွဲတစ်ပွဲ ဖန်တီးပြီး လူထုထောက်ခံမှု မြင့်တက်လာအောင်လုပ်လေ့ရှိတဲ့ ပုံစံဟောင်းအတိုင်း လုပ်လာတာလား ဒါမှမဟုတ် ဒီကန်.သတ်စစ်ပွဲဟာ အဓိကအားဖြင့် ရုရှ နဲ. တရုတ်ကို မိတ္တုပေးချင်တာလားကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါကြောင်း


အကြတ်နေ.





မြို.လေးရဲ. သင်္ကြန် အကြတ် နေ. ဟာလည်း စည်ကားခဲ့ပါတယ် ။

မနက်ပိုင်းရော ၊ ညနေပိုင်းပါ စည်ကားစွာ ရေပက်ကစားခဲ့ကြပြီး အနီးအနား ကျေးရွာတွေကနေ သုံးဘီး ၊ ဒိန်းဒေါင်း ၊ ဆိုင်ကယ် စတာတွေနဲ. လာရောက်ရေပက်ခံရေကစားကြသူတွေကြောင့်လည်း လမ်းပေါ်မှာ ပိုမိုစည်ကားနေခဲ့ပါတယ် ။ မြို.လေးရဲ. အနောက်ပိုင်းကတော့ အရှေ.ပိုင်းထက် ပိုစည်ကားခဲ့ပါတယ် ။ ဒါ့အပြင် မုန်. ၊ အအေး လှုဒါန်းကြသူတွေ ရှိသလို မဏ္ဍပ်တစ်ခုမှာတော့ တီရှပ် နဲ. ဘီယာဘူးတွေ ကြဲချခဲ့တယ်လို.သိရပါတယ်။တစ်ခုပိုမိုထူးခြားတာကတော့ ဒီနှစ် လုံခြုံရေး ယူကြတဲ့ ရဲတပ်ဖွဲ.၀င်တွေထဲမှာ အမျိုးသားတွေသာမက ၊ အမျိုးသမီးတပ်ဖွဲ.၀င်တွေပါ တာဝန်ယူနေကြတာကိုတွေ.ရပါတယ် ။

စိတ်မကောင်းစရာ သတင်းကတော. အကြိုနေ. ညနေက စက်ဘီးနဲ. ဖိနပ်တွေတင် ကုန်းပေါ်မှာ ကျန်ခဲ့ပြီး မနောသုခသောင် မှာ ရေဆင်းကစားရင်းပျောက်သွားတဲ့ ကလေး ၂ယောက်ရဲ. Body တွေကို ဒီနေ.တွေ. ရှိရခြင်းပဲဖြစ်ပါတယ် ။ အခင်းဖြစ်ပွားတဲ့ညတည်းက မီးသတ်တွေအပါအ၀င် မြစ်ထဲ ကူညီရှာဖွေကြသလို နောက်တစ်နေ.မနက်ကစလို. ကြက်ခြေနီ တပ်ဖွဲ.၀င်တွေ ပါ မြစ်ရိုးတစ်လျှောက် ရှာဖွေခဲ့ပြီး ဒီနေ.မနက် ၇နာရီ မထိုးခင်မှာတော. ပျောက်ဆုံးသွားတဲ့ ကလေးတစ်ဦးဖြစ်တဲ့ စာရေးကုန်းရပ်ကွက်နေ အဘ ဦးစိုးပိုင်ရဲ.သား မောင်ထွဋ်သက်ပိုင်ထူး(၁၄နှစ်)ရဲ. Body ကို ထောက်ကနွတ်ရေတံခါးချောင်းဝ ဘုရားသုံးဆူအနီးမှာရယ် ၊ နေ.လည် ၁၁နာရီမထိုင်းခင်မှာတော. ဥိးကျော်ရရဲ.မြေး ၊ ဒေါ်သီတာရဲ.သား မောင်ခန့်ဇေ (၁၄နှစ်)ရဲ. Body ကို သံကြိုးတိုင် အောင်ဇေယျဈေးအနီးမှာ တွေ.ရှိခဲ့ရပါတယ် ။ ပထမ Body ကိုတော. နေလည်၁နာရီ နဲ. ဒုတိယ Body ကိုတော့ နေ့လည်၃နာရီအချိန်မှာ ၀ါးခယ်မသုသာန် မှာ သဂြိုဟ်ခဲ့တယ်လို.သိရပါတယ် ။

ဘုရားကြီးထဲမှာတော့ နှစ်ဆန်းတစ်ရက်နေ. ဆွမ်းဆန်စိမ်း လောင်းပွဲအတွက် အရုဏ်တော်ခံဝတ်အသင်းတန်ဆောင်းတော်ကြီးအတွင်းမှာငွေပဒေသာပင် ၇၅ ပင်ပြည့်မှီရေးအတွက် အမှုဆောင်များအလှူခံနေကြပြီး
ပဒေသာပင်အပင်၂၀ ကျော်လိုအပ်နေသေးကြောင်းလည်း သိရပါတယ် ။

ယမန်နေ.မနက် ၉နာရိ ကတော့ မောင်းဒီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ရဲ. ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲ ကျင်းပခဲ့ပြီး ဆရာတစ်ယောက်ကို ( သူတို.ရေးတာအမှန်ဆိုရင် ) ၁၁၈၀၀၀၀ ကျပ် ကန့်တော့နိုင် ခဲ့တယ်လို.ဆိုပါတယ်

ပြည်တွင်းမှာတော့ ဈေးမတက်စေရပါဘူးဆိုတဲ့ YBS တွေ ၅၀၀ ကနေ ၁၀၀၀ အထိပေးစီးရတာတွေ ၊ တစ်နေ.တည်းမှာ ခါးပိုက်နှိုက် ၅ဦး ဖမ်းမိတာတွေ ၊ ဆေးရုံရှေ.မှာမဏ္ဍပ်ဖွင့်ခွင့်ပြုလို.လူနာတွေအဆင်မပြေတာတွေ စတဲ့ ရန်ကုန်သတင်းအချို.တွေ.ရပြီး မန္တလေးသတင်းအနေနဲ.ကတော့ လူသေမှု ၆၇ မှု ၊ ဒါးထိုးမှု ၇ မှု ၊ ဆိုင်ကယ်မတော်တဆ ၅၇ မှု ( သီးခြားအတည်ပြုချက်မရ ) ဖြစ်ခဲ့တယ်လို.သိရပါတယ် ။

တကမ္ဘာလုံးမှာတော့ နိုင်ငံတကာသတင်းဋ္ဌာနတိုင်းက Breaking News တွေ ၊ သုံးသပ်ချက်တွေ ၊ အင်တာဗျုးတွေ နဲ. တောက်လျှောက် ထုတ်လွှင့်နေတဲ့ ဆီးရီးယား သတင်းကပဲ လွှမ်းမိုးနေပါတယ် ။ UN မှာတော့ ရုရှားသံအမတ်က ပြင်းပြင်းထန်ထန်ဝေဖန်နေပြီး နိုင်ငံတကာဥပဒေတွေမလေးစားပဲ လုပ်ချင်ရာ လုပ်နေသူတွေကို လုံခြုံရေးကောင်စီကနေ ထုတ်ပစ်ဖို.အထိတွေ ပြောနေပေမယ့် တစ်ဘက်က မဟာမိတ်အင်အားတောင့်တင်းခိုင်မာပြီး ဒီဘက်မှာက တရုတ် ၊ အီရန် စတဲ့နိုင်ငံတွေနဲ. ရုရှကြားမှာက ခိုင်မာတဲ့ မဟာမိတ်တွေ မဖြစ်သေးတာကြောင့်ရော ၊ ရုရှ ပြည်တွင်းစီးပွားရေးအထိပါထိခိုက်လာနိုင်တာမို. ရော ၊ အမေရိကန်မဟာမိတ်တွေကိုယ်တိုင်က ဆီးရီးယားထဲမှာ ရှိတဲ့ ရုရှတပ်တွေကို မထိခိုက်အောင်ရှောင်တိုက်ခဲ့တာကြောင့်ရော လက်တုန်.ပြန်ဖို.တော့ သိပ်မလွယ်လောက်ဖူးလို.ယူဆရပါတယ် ။ အမေရိကန်အနေနဲ.ကလည်း သတ်မှတ်ပစ်မှတ်တွေကိုသာချေမှုန်းခဲ့တာသာဖြစ် တယ်လို.ဆိုပါတယ် ။ ဒီဖြစ်ရပ်ရဲ. နောက်ပိုင်းမှာ ခောတ်စားလာတဲ့ Political Terms တစ်ခုကတော့ Bomb First , Diplomacy Later ဆိုတာပဲ ဖြစ်ပါတယ် 

 အတက်နေ.



သင်္ကြန် အတက်နေ.ကတော့ နောက်ဆုံးနေ. ဖြစ်တဲ့အလျှောက် အစည်ကားဆုံး ဖြစ်ခဲ့ပါတယ် ။ ညနေပိုင်းဆိုလျှင် မင်းပိုင်းကျောင်းရှေ. မဏ္ဍပ်ဖျော်ဖြေမှုများကြောင့် ရှစ်မျက်နှာ ဘုရားရှေ. မှ ကွမ်းခြံကုန်းကျောင်းရှေ.အထိ လူနှင့်ဆိုင်ကယ်များ အတန်းလိုက်ထွက်မရအောင်ပိတ်ဆို.သွားခဲ့ရသည်အထိဖြစ်ခဲ့သည် ။ ထိုမျှလောက် စည်ကားခဲ့သော်လည်း ခိုက်ရန် ဖြစ်ပွားမှု အနည်းငယ် ရှိခဲ့သော်လည်း ပြောရလောက်သည်အထိ စိုးရိမ်ဖွယ်ရာ ထိခိုက် ဒါဏ်ရာ ရရှိမှုများ မရှိခဲ့ကြောင်း သိရပါသည် ။ အများပျော်ရွှင်နေချိန်တာဝန်ထမ်းဆောင်နေခဲ့ကြရသော ရဲတပ်ဖွဲ.၀င်များနှင့် အခြားအဖွဲ.အစည်းများ ၊ လူမှုရေး အသိစိတ်အပြည့် ကူညီခဲ့ကြသော နိုင်ငံသားများ၏ ကြိုးစားမှုကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သည်

မနက်ပိုင်း တွင် မြူရုံးလမ်း ရွာလည်ရပ်ကွက် ရေပက် မဏ္ဍပ် ၂ခုမှ ရေပက်ခံသူများအား စားသောက်ဖွယ်ရာ ဒါနပြုခဲ့ကြပြီး ဈေးတွင်လည်း ထမင်းနှင့် ၀က်သား စတုဒီသာပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့်မိသာစုဝင်များမှ ကြက်ပဲထမင်း စတုဒီသာ လှုဒါန်းခဲ့ကြောင်းသိရပါသည်

ရေပက်ကြရာတွင် မနက်ပိုင်း သံကြိုးတိုင် ရှိ သော်က ကူးတို.ဆိပ် ထိပ်နားရှိ မိသားစုမဏ္ဍပ် တစ်ခုက ရေပက်ခံလာသူများအား မျက်နှာကို သနပ်ခါးတစ်ချက် လိမ်းတို.ပေးခြင်းက လည်း ထူးခြားနှစ်လိုဖွယ် ပုံစံတစ်ခုဖြစ်ခဲ့သည် ။

ထို.အပြင် ယနေ.မနက် ၇း၀၀ နာ၇ီအချိန်မှစ၍ ရန်အောင်မြင်ကပ်ကာ စေတီတော်မြတ် ( ဘိုးမင်းခေါင် ဘုရား ) ကြီးအား မဟာဗောဓိမြိုင် ကျောင်း ဆရာတော် ဘဒ္ဒန္တ ခေမာစာရ ဦးဆောင်၍ သံဃာတော်များ တပည့် ဒါယကာ / ဒါယကာမများက စုပေါင်းရေသပ္ပါယ် ကုသိုလ်ယူကြပြီူး မုန်.လုံးရေပေါ် ဒါနပြုခဲ့ကြကြောင်း သိရပါသည် ။

ယခုနှစ်သင်္ကြန်သည် ရေဘေးတော့သင့်ခဲ့သည်ဟုဆိုရမည်ဖြစ်သည် ။ မိမိတို.မြို.လေးတွင် အကြိုနေ.က ကလေး ၂ဦး ရေနစ်သေဆုံးခဲ့သကဲ့သို. အကျနေ.က ဖြူး ဆည်တွင် လူ ၅ယောက်ရေနစ်ခဲ့ပြီး အကြတ်နေ.တွင် ချင်းတွင်းသင်္ကြန်မှာ လူ ၇ယောက် ရေနစ်ခဲ့ကြောင်းကြားသိရသည် ။

ရန်ကုန်သင်္ကြန်တွင်တော့ လွှင့်ထုတ်သော အင်တာဗျုးများအရ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို.တွင် သွားလာလည်ပတ်ရေကစားသူမရှိသလောက်ဖြစ်ခဲ့ပြီး ယမန်နှစ်က အထူးစည်ကားခဲ့သော ထောက်ကြံ့လမ်းဆုံတစ်ဝိုက်တွင် မည်သည့် မဏ္ဍပ်တစ်ခုမှမရှိကြောင်းဆိုကြသည် ။. ထို.အပြင် ယခုနှစ် ပြည်လမ်း မဏ္ဍပ်ကြီးများသည် ဖျော်ဖြေရေး မပါသဖြင့် ကြည့်စရာ ဘာမှမရှိကြောင်း ပြောဆိုကြသည်ကိုတွေ.ရသည် ။.ဖျော်ဖြေရေး အနေဖြင့် ဗဟိုမဏ္ဍပ် နှင့် ၁၉လမ်း My Tel - Sky Net မဏ္ဍပ်တို.သာဖျော်ဖြေမှုများ စည်ကားခဲ့ပြီး အင်းယားသင်္ကြန် ၊ လမ်းလျှောက်သင်္ကြန်စသည်တို. ပြုလုပ်ခဲ့သော်လည်း တစ်နှစ်ထက် တစ်နှစ် စည်ကား ဆန်းသစ် ပြည့်စုံလာသော မန္တလေး သင်္ကြန်ကိုမူ ယှဉ်နှိုင်ခြင်း မရှိသေးဟု ဆိုကြပါသည် ။မည်သို.ပင်ဆိုစော ပြီးခဲ့သော ၂နှစ် ကန်.သတ်ခံ သင်္ကြန်ကာလထက်တော့ စည်ကားခဲ့သည်ဟုဆိုကြပါသည် ။

ယနေ. နှစ်ဟောင်းကိုနှုတ်ဆက်သောနေ.တွင်ထွက်ပေါ်လာသော ကားအရောင်းကုမ္ပဏီ ၅၉ ခု ထပ်မံ ဒေ၀ါလီ ခံသွားကြောင်း သတင်းသည် နှစ်သစ်အတွက် ကြုံလာရနိုင်သော မြန်မာ.စီးပွားရေးအတွက် သတိပေး ခေါင်းလောင်းသံ မဖြစ်ပါစေနှင့် ဟုဆုတောင်းရင်းး

နေရစ်ခဲ့တော့ မြန်မာသက္ကရာဇ် ၁၃၇၉ ရေ.........

Source ; ၀ါးခယ်မ Page @ Facebook

ဓါတ်ပုံ Album များကြည့်ရှုလိုပါလျှင် 




No comments:

Post a Comment