Monday, December 5, 2016

မုန်းကိုး ရောက်ဖို. စစ်ကူတွေ ဘာလို.ကြာနေရတာလဲ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

မုန်းကိုးကို ၁၂.ရက်ကြာတဲ့အထိစစ်ကူမရောက်လို့ တပ်မတော်တိုက်စွမ်းရည်ကျပြီလို့ ပြောနေကြတဲ့မိတ်ဆွေများအတွက်သိသင့်သိထိုက်တာလေးတွေကိုရေးသားဖေါ်ပြလိုက်ပါတယ်။

ပထမဆုံးပြောချင်တာက ရန်သူအခြေအနေပါ တပ်မတော်ဟာကချင်ပြည်နယ်ဂီဒွန်မှာ KIAကို KIA,အပါအ၀င် သူပုန်ဟာတပ်ပေါင်းစုဖွဲ့ထားတာကြာခဲ့ပအကြီးအကျယ်တိုက်ပြီးထိမ်းချုပ်နေပါတယ်၊ ထိုအတူ UWSAရဲ့ မိုင်းလားကျူးကျော်မှု့ကြောင့် ပြန်ရုပ်သိမ်းခိုင်းပြီး တပ်ချင်းဆိုင်ထားပါတယ်၊ ထို့အတူလောက်ကိုင်မှာလဲMNDAA တွေထိုးဖောက်ဝင်ရောက်နေမှု့ကိုထိမ်းချုပ်နေရပါတယ်၊ ဒီအကြောင်းအရာတွေအားလုံးဟာဆက်စပ်မှု့ရှိနေသလား၊အားလုံးဟာတကြိတ်ထဲတဥာဏ်ထဲလား၊ဆိုတာစဉ်းစားဖွယ်ပါဘဲ..

မကြာခင်မှာ KIA.TNLA.MNDAA.AA ဟာတရုပ်ဖက်မှာ လျှို့ဝှက်တွေဆုံပြီး မြန်မာအစိုးရနဲ့ တပ်မတော်ကို တိုက်ကွက်ဖေါ်ဖို့လျှို့ဝှက်ညှိနှိုင်းခဲ့ကြပြီးရှမ်းပြည်နယ်ထဲက လာရှိုး မူဆယ်လမ်းတလျှောက်တံတားများမြို့များကို အကြမိးဖက်တိုက်ခိုက်မှု့တွေစတင်လုပ်ဆောင်ပါတယ်၊ 





ရန်သူအမာခံတွေဟာမူဆယ်၁၀၅မိုင်ကိုဝင်တိုက်ပြီးသိန္နီကွတ်ခိုင်၊နမ့်ဖက်၊မိုင်းယု စတဲ့မိမိတို့ရဲ့မဟာဗျူဟာလမ်းကို ထိမ်းချုပ်ဖို့ကြိုးပန်းလာပါတယ် ထို့အတူကြုကုတ်ပန်ဆိုင်း မုန်းကိုးအစရှိတဲ့နယ်စပ်မြို့တွေကိုချိမ်းခြောက်လာပါတယ်၊ လောက်ကိုင် ကုန်ကြမ်းနယ်မြေတွေနဲ့တဆက်တည်းပြောရမှာပါ၊အဖွဲ့တွေပေါင်းထားတာကြောင့်အင်အားလဲများသလို၊ တရုပ်နယ်မြေထဲကနေလွတ်လွတ်လပ်လပ် ကားတွေနဲ့သွားလာခွင့်ရနေပြီး နယ်စပ်မြို့တွေကို တရုပ်ဖက်ကနေ၀င်တိုက်ဖို့အခွင့်အရေးများစွာရနေသလို စစ်မျက်နှာ အများကြီးဖွင့်နိုင်တဲ့ အားသာချက်ရှိပါတယ်၊

ဒီနေရာတွေဟာ ဗကပလက်ထက်ကသွားလာလှူပ်ရှားခဲ့တဲ့နယ်မြေတွေဖြစ်သလို တပ်မတော်စခန်းတွေရှိနေတဲ့ မူဆယ်အနီးကစီစီဝမ်တာပန်တိုက်ပွဲဟာတချိန်ကနာမည်ကျော်ခဲ့ပါတယ်လောက်ကိုင်ကုန်းကြမ်း ချင်းရွှေဟော် ကွမ်းလုံဒေသတွေဟာ ဖုန်ကြားရှင်ရဲ့တပ်တွေကျင်လည်ကျက်စားရာဒေသတွေပါဘဲ။
ရန်သူရဲ့ရည်ရွယ်ချက်ဟာဘာလဲ၊မူဆယ်ကိုသိမ်းပိုက်ချင်တာလား၊ မူဆယ်ကိုအယောင်ပြပြီ်းကြုကုပ်ပန်ဆိုင် ၊မုန်းကိုးလောက်ကိုင်ကိုတိုက်ချင်တာလား။ 

ရန်သူရဲ့ဦးတည်ချက်ကိုတပ်မတော်ကမသိရအောင်ရန်သူကဖြန့်ခွဲပြီးယောင်ပြစစ်ဆင်ရေးတွေအများကြီးလုပ်ခဲ့ပါတယ်။မိန်းဘော်ဒီကဘယ်ကိုဝင်တိုက်မှာလဲ၊တခ်ျိန်ကဖုန်ကြားရှင်ဟာ ထီးရူးတောင်ကိုတိုက်ဟန်ပြပြီး မိုင်းယောင်းကတပ်တွေကိုဆွဲထုတ်ကာ၊မိုင်းယောင်းကဌာနချုပ်စခန်းတွေကိုဝင်သိမ်းခဲ့ဘူးသလို၊ ကျန်ဇီမြင့်ဟာလဲ မိုးမိတ်ကတပ်တွေကိုဆွဲထုတ်ပြီးမိုးမိတ်ကိုဝင်သိမ်းခဲ့ဘူးပါတယ်။ ၊စီစီဝမ်တာပန်မှာတုန်းကလဲမန်ဟီးရိုးဖက် ကနေ နမ့်ခမ်းကိုတိုက်ဟန်ပြပြီး စီစီဝမ်ကိုဝင်ဆောင့်ပြီး မူဆယ်ကိုသိမ်းဖို့ကြံခဲ့တာပါ။

ဒါကြောင့် ရန်သူဦးတည်ချက်ဘယ်ဟာမှန်းမသိခင်မှာတပ်မတော်ဟာ မိမိတို့ရဲ့ L of Cကို အရင်ထိမ်းချုပ်ပြီး၊ မူဆယ်ကို ထိမ်းချုပ်ဖို့ကြိုးပန်းရပါတယ်၊ ရန်သူုက ကုန်ကားတွေကို လမ်းတွေပေါ်မှာ ပစ်ခတ်ဖျက်ဆီးပြီး L of Cကို ပိတ်ဆို့ဖို့ကြိုးပန်းခဲ့ပါတယ်၊




တဖြေးဖြေးနဲ့ရန်သူ မိနိးဘော်ဒီရဲ့ဦးတည်ချက်ဟာ မုန်းကိုး ကိုသိမ်းပိုက်ထိမ်းချုပ်ရေးမှန်းသိလာပါတယ်။
ရန်သူဟာလောက်ကိုင်မှာသင်္ခန်းစာကောင်းကောင်းရခဲ့ပြီမို့ တပ်တွေမုန်းကိုးကိုအလျှင်အမြန်ဝင်ရောက်မလာနိုင်စေဖို့၊ အင်အား၅၀၀ ကျော်စီရှိတဲ့ ဖြတ်တောက်ရေးအဖွဲ့တွေကို မုန်းကိုသို့ဝင်ရောက်နိုင်တဲ့လမ်းမှန်သမျှမှာ ချထားတဲ့အပြင် တံတားတွေချိုးထားခြင်း၊ ဒိုဇာ ၆စီး၇နှစ်စီးလောက်နဲ့ မြောင်းတွေတူးခြင်း၊တောင်တွေကိုဖြိုချပိတ်ဆို့တဲ့နည်းတွေအပြင် တင့်ဖျက်မိုင်းတွေပါချပြီး အပီပိုင်းဖြတ်ပြီးမှ မုန်းကိုးကိုအပိုင်တိုက်တာပါ။

မုန်းကိုးမြို့ဟာအနိမ့်ထဲမှာရှိပြီး တောင်းကုန်းတွေဝိုင်းနေပါတယ်၊ မြို့ဟာ မဟာဗျူဟာအရအချက်အချာနေရာမှာမ:ရှိဘဲ တောင်ကုန်းတွေကသာမဟာဗျူဟာအရ အဓိကကျပြီး စိုးမိုးကုန်းဖြစ်တဲ့ဗျူဟာကုန်းဟာ မဟာဗျူဟာအရအချက်အချာကျတာမို့ တပ်မတော်ရဲ့ မဆုတ်တန်းခံစစ်စခန်းလဲဖြစ်ပြီး
ကာ ကင်းလဲထုတ်ထားပါတယ်။ 

ဒါကြောင့်ရန်သူဟာ မုန်းကိုးကိုဝင်တိုက်တာနဲ့ မိမိတို့ရဲ့လှူပ်ရှားစစ်ကြောင်းတွေနဲ့စတင်တိုက်ပွဲဖြစ်ပါတယ် ကာကင်းကုန်းရောဗျူဟာကုန်းပါ တရုပ်နယ်စပ်နဲ့နီးတာမို့ ရန်သူဟာ တရုပ်ဖက်က၀င်လာပြီး အလွယ်တကူတိုက်ခိုက်နိုင်တာပါ။

ယနေ့
မီဒီယာတချို့က မုန်းကိုးကျပြီ မုန်းကိုးကျပြီလို့အော်နေတာဟာ နားလည်မှု့လွဲနေတာပါ၊ ကျနော်ပြောသလိုဘဲ မုန်းကိုးမြို့ဟာ မဟာဗျူဟာမကျသလို တပ်ကလဲမုန်းကိုးမြို့ကို အမာခံမဆုပ်တန်းခံစစ်ယူထားရင်မုန်းကိုကအရပ်သားတွေအထိနာမှာကြောင့် မုန်းကိုးမြို့ထဲမှာလှူပ်ရှား တပ်ဖွဲ့တွေလောက်သာရှိတာပါ၊ ဗျူဟာကုန်းကိုမရမချင်း
မိုးကိုး ကိုရတယ်လို့ပြောမရပါဘူး၊

နောက်ဆုံးတော့မုန်းကိုကအရပ်သားမှန်သမျှဟာ တရုပ်ဖက်ကိုစစ်ရှောင်ဒုက္ခသည်တွေအဖြစ်ထွက်ပြေးကုန်တာကြောင့် မုန်းကိုးမှာအရပ်သားတွေမရှိတော့ပါဘူး လှူပ်ရှားစစ်ကြောင်းတွေနဲ့. မုန်းကိုးမြို့ထဲဝင်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကတော့ ဖလူဂျာမြို့တွင်းတိုက်ပွဲတွေ လိုဘဲမြို့တွင်းပစ်ခတ်မှု့တွေဖြစ်နေတာပါ။ ဗျူဟာကုန်းကိုမရသမျှ မုန်းကိုးမှာတပ်စွဲနေဖို့မဖြစ်နိုင်ပါဘူး။

တပ်မ၉၉
ခေတ္တနည်းဗျူဟာမှူး
ဒုတိယဗိုလ်မှူးကြီးရဲသွေးအောင်
တပ်မတော်ဟာ မိမိတို့ရဲ့ L of Cကိုထိမ်းချုပ်နိုင်ဖို့တပ်မတွေသွင်းပြီးမူဆယ်လမ်းမကြီးကိုအရင်ဆုံးထိမ်းချုပ်ထားဖို့တိုက်စစ်ဖွင့်နေတဲ့အချိန်မှာ မုန်းကိုးဗျုဟာကုန်းနဲ့ကာကင်းကုန်းကိုကာကွယ်ဖို့ တပ်မတော်(လေ)နဲ့ပူးပေါင်းထိမ်းချုပ်ပြီးရင်ဆိုင်ထားပါတယ်၊ တပ်မတော်လေက A.5မြေပြင်အကူပေးဗုံးကြဲလေယာဉ်တွေ၊K.8 တိုက်ခိုက်ရေးလေယာဉ်တွေ၊ F.7လေယာဉ်တွေ စုစုပေါင်း၁၀စီးဝန်းကျင်ဟာ တနေ့ကိုအနည်းဆုံး ၃ခေါက် အကြိမ်ပေါင်း ၃၀ ၀န်းကျင် ကာကင်းကုန်းကိုသိမ်းပိုက်ဖို့ကြိုးပန်းနေတဲ့ အကြမ်းဖက်သောင်းကျမ်းသူတွေကိုအပြင်းအထန်တိုက်သလို ကာကင်းကုန်းနဲ့ ဗျူဟာကုန်းမှာရှိနေတဲ့တပ်မတော်သားတွေကလဲမဆုတ်တန်းခံစစ်အဖြစ်ကြံ့ကြံ့ခံတိုက်နေပါတယ်၊ ဂျိုကာတွေကတော့ တပ်မတော်(လေ) ရဲ့MI.35တွေပေါ့ဗျာ။

ဂရုစိုက်ရတာကတော့ တရုပ်နယ်စပ်မျဉ်းနဲ့မီတာ၂၅၀လောက်သာကွာဝေးတာမို့ လောက်ကိုင်လို   သူများနယ်ထဲကျည်မကျအောင်ထိမ်းချုပ်နေရခြင်းပါဘဲ၊ ဒါပေမဲ့ဒီတကြိမ်တော့ တပ်မတော်လေဟာ အလွန်ပါးနပ်ပြီး ကျည်မကျအောင်နည်းဗျူဟာတွေနဲ့တိုက်တာမို့ တရုပ်ဖက်ကအော်သံမကြားရခြင်းပါဘဲ။(နည်းဗျူဟာတွေကိုတော့တင်ပြဖို့မသင့်တော်လို့ မတင်တော့ပါဘူး)
တပ်မတော်(လေ)ဟာ မုန်းကိးုမြို့ကိုမထိခိုက်အောင်လဲပထမပိုင်းထိမ်းချုပ်တိုက်နေမှန်းလဲသိသာပါတယ်၊ ရန်သူအများစုကတော့ တရုပ်ဖက်ကလာတိုက်ကြတာပါ၊ တပ်မတော်လေရဲ့ Air Strikeဟာပြင်းထန်လွန်းတာကြောင့် တဖြေးဖြေးနဲ့ဗျူဟာကုန်းနဲ့ကာကင်းကုန်းကို
နေ့ဘက်မတိုက်ရဲဘဲ ညဘက်မှ တက်တိုက်တဲ့ဗျူဟာကိုပြောင်းလွဲသွားပါ
တယ်၊ဒါကဘာကိုပြသလဲဆိုရင် ရန်သူဟာလေကြောင်းတိုက်ခိုက်မှူကြောင့်အထိနာနေပြီဆိုတာပါဘဲ၊ 

အထိအနာဆုံးကတော့ ၂ရက်နေ့ ညနေ၄နာရီဝန်းကျင်မှာကာကင်းကုန်းကို လူလှိုင်းစနစ်နဲ့တက်လုံးဖို့ တရုပ်နယ်စပ်ကနေ ကွင်းပြင်ကိုဖြတ်ပြီးချီတက်လာစဉ်မှာ A.5လေယာဉ်၂စီးနဲ့တန်းတိုးတဲ့ဖြစ်စဉ်ပါဘဲ၊ wing man fighterတစီးက ရော့ကက်တွေ စက်သေနတ်တွေနဲ့ပစ်ခတ်နေစဉ်မှာဘဲ တစီးက 250kgဗုံး.၄လုံးနဲ့ ညနေစာကျွေးလိုက်တာကြောင့် အလောင်းတွေထားရစ်ခဲ့ပြီးတရုပ်နယ်စပ်ချောင်းရိုးဆီဆုတ်ပြေးရပါတယ်၊။
ရန်သူကလဲမြို့ထဲကနေ ပွိုင့်ဖိုက်တွေနဲ့ခုခံပစ်ခတ်ပါတယ်၊ သာမန်လက်နက်ငယ်တွေက မီးပွင့်သေးပြီးမြန်သလိုပွိုင့် .5ကတော့ မီးပွင့်ကြီးပြီးလေးလေးနဲ့မှန်မှန်ပစ်တာမို့ wing manလေယာဉ်က ဗုံးကြဲလေယာဉ်ကို Coverလုပ်ဖို့ ပွိုင့်.5ပစ်တဲ့နေရာတွေကိုရှာဖွေချေမှူန်းရတာမို့ မလွှဲမရှောင်သာဘဲမြို့ထဲကိုပစ်ခတ်ချေမှူန်းရပါတယ်၊ ရန်သူကိုလေကြောင်းကထိမ်းချုပ်နိုင်ပြီဆိုတာနဲ့ ဗျူဟာကုန်း မှာလိုအပ်တဲ့ လူ လက်နက်စားနပ်ရိက္ခာတွေ၊ စနိုက်ပါတပ်ဖွဲ့တွေကို MI.35တွေရဲ့အနီးကပ်အစောင့်လိုက်ပစ်ကူနဲ့ Air drop လုပ်ပေးပါတယ်။

ရှင်းရှင်းပြောရင် မုန်းကိုးကိုချီတက်လာတဲ့ စစ်ကူစစ်ကြောင်းတွေဟာ လောက်ကိုင်မှာလို အထိအခိုက်ခံပြီး အလျှင်အမြန်ချီတက်စရာမလိုဘဲ၊ ဖြတ်တောက်ရေးအဖွဲ့တွေကို ချေမှူန်းဖို့အချိန်ရပါတယ်။
ဒါကြောင့်စနစ်တကျချေမှူန်းပြီး တိုက်ပွဲစတင်တာကနေ ၁၂ရက်လောက်အကြာမှာ ဗျူဟာကုန်းကိုလာရောက်ပူးပေါင်းပြီး စနိုက်ပါတပ်ဖွဲ့တွေနဲ့အတူ မုန်းကိုးမြို့ကိုရှင်းလင်းပါတယ်။ရန်သူတွေဟာအထိအခိုက်များလွန်းတာကြောင့် တရုပ်ဆေးရုံတွေမှာ ပြည့်ကြပ်ညပ်နေသလို သေဆုံးတဲ့အလောင်းတွေကိုတော့ တရုပ်ဖက်မှာဘဲကျင်းကြီးတူးကာ မီးရှို့ပြီးမြှုတ်နှံရတာမို့ အသားကင်အနံတွေက စစ်ဘေးရှောင်တွေတောင်မခံနိုင်ဖြစ်ခဲ့ရပါတယ်၊
ဖုန်ကြားရှင်ကတော့တပ်မတော်အကြောင်းသိနေတာမို့ စစ်မတိုက်ခင် ထမ်းစဉ်တွေကြိုပြီးလုပ်လေ့လုပ်ထရှိတဲ့အပြင်ဒီတခါတော့ တရုပ်ဖက်မှာ လူနာတင်ကားတွေနဲ့အသင့်စောင့်နေပြီးသေဆုံးသူနဲ့ဒဏ်ရာရသူတွေကို သယ်ယူတဲ့အထိ တိုးတက်လာတယ်ပြောရမှာပါ၊ တိုက်ပွဲမှာ တပ်မတော်အမြောက်တပ်ဖွဲ့ရဲ့ တာဝေးပစ်လက်နက်ကြီးပစ်ကူပေးနိုင်တာကိုလဲ မုန်းကိုးတိုက်ပွဲမှာချန်လှပ်ထားလို့မရပါဘူး။

By Ko Thet
ပြည်သူကိုရက်ရက်စက်စက်သတ်ဖြတ်အနိုင်ကျင့်ပြီး အစိုးရနဲ့တပ်မတော်ကို အကဲစမ်းခဲ့တဲ့ KIA.MNDAA. TNLAနဲ့AAတပ်ဖွဲ့ဟာ ဒီတချီကတော့ နိုင်ငံရေးအရပါ ပြည်သူတွေရဲ့ အမုန်းကြီးမုန်းတဲ့ ဆုံးရှူံးမှုအပြင် စစ်ရေးအရပါအရှူံးကြီးရှူံးခဲ့တာမို့..
စစ်ပွဲတွေရပ်ဆိုတဲ့ ဗီနိုင်းကြီးကိုင်ပြီး
မြို့ပေါ်မှာတက်ဆန္ဒပြဖို့ဗျူဟာပြောင်းပြီး ကြိုးပန်းဦးမှာမလွဲပါဘူး။
တိုင်းပြည်နဲ့ တပ်မတော်ကိုချစ်တဲ့ပြည်သူတဦးအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကိုမေတ္တာရပ်ခံချင်တာကတော့..

နိုင်ငံအတွက်အသက်စွန့်ခဲ့ကြတဲ့တပ်မတော်သားတွေ၊ သက်စွန့်ကြိုးပန်းတာဝန်ထမ်းခဲ့ကြတဲ့၊
ခြေလျှင်စစ်သည်တွေ၊ တပ်မတော်(လေ)က လေယာဉ်မှူးတွေကို..
ထိုက်ထိုက်တန်တန် ..ရာထူး၊ဘွဲ့ထူးဂုဏ်ထူးတွေချီးမြှင့်ပေးဖို့ မေတ္တာရပ်ခံပရ စေ...
ထို့အတူ တပ်မတော်ကို အားပေးထောက်ခံခဲ့ကြတဲ့တိုင်းရင်းသားပြည်သူတွေ၊ လှူဒါန်းထောက်ပံ့ကူညီခဲ့သူတွေအားလုံးကို ဒီဆောင်းပါးနဲ့လေးစားစွာဂုဏ်ပြုလိုက်ပရစေ..



ဒီဇင်ဘာ ၄ ရက်နေ.အထိ မုန်းကိုးတွင် သိမ်းဆည်းရမိသော ရန်သူ.လက်နက်ခဲယမ်းများ - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး


တရားသောစစ်ပွဲအောင်ရမည်၊
ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တန့်ရမည်
..
အစဉ်ဦးညွတ်လျှက်..

Written by Star shinester

No comments:

Post a Comment