Friday, April 1, 2016

ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ တပေါင်းလပြည်. ၀ါးခယ်မ ခရီး



ပညာ ကျန်းမာ သာယာ ဟူသော မူလဆောင်ပုဒ်များဖြင်. ၁၉၄၇ ခုနှစ်ကပင် စတင်တည်ထောင်ခဲ့သော ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အနေဖြင်. မိမိတို.ဇာတိမြို. အတွက်တတ်နိုင်သည်.ဘက်ပေါင်းစုံမှ ကြိုးစား ထမ်းဆောင်လျှက်ရှိကြပါသည် ။


တပေါင်းလပြည်.ခရီးစဉ်အနေဖြင်. ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်) ၏ အမှုဆောင်များ ၊ အသင်းသူ/သားများသည် ၂၀၁၆ မတ်လ ရက်နေ.နေ.လည်က ရန်ကုန်မြို.မှ ထွက်ခွာခဲ့ကြပါသည် ။ ယင်းနေ.ညနေတွင် ၀ါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီးဝင်းအတွင်း မဟာပုညတန်ဆောင်းတွင် ခင်းကျင်းပြသထားသော ဗုဒ၀င် ပြပွဲအား ကြည်.ရှုလေ.လာကြပြီးနောက် ဧည်.သည်တော် မှတ်တမ်းတွင် အမှတ်တရ ရေးသားကြပါသည် ။



ထို.နောက်ညပိုင်းတွင်ဝါးခယ်မမြို. ရှိ မြို.နယ်အသင်း ရုံးခွဲတွင် စည်ပင်တာဝန်ရှိသူများ ၊ မြို.နယ် ဖွံ.ထောက်အဖွဲ.၀င်များ ၊ ပညာရှင်များ နှင်.တွေ.ဆုံလျှက် ၀ါးခယ်မမြို.အလယ် မှ ဖြတ်သန်းစီးဆင်းနေသော ( ယခုအခါ ခန်းခြောက်လုနီးပါးဖြစ်နေသည်. ) ဈေးချောင်း အား မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် နှင်. ဖြစ်နိုင်သမျှပြန်လည် အသုံးပြုနိုင်ရေးအတွက် စည်းဝေးတိုင်ပင်မှု တစ်ခုပြု လုပ်ခဲ့ကြပါသည် ။


ထို.နောက် ၂၀၁၆ မတ်လ ၂၃ရက်နေ. ( တပေါင်းလပြည်.နေ. ) မနက်အာရုဏ်တက်တွင် ၀ါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီး အား မျက်နှာသစ်တော်ရေ ဆက်ကပ်လှုဒါန်းပွဲသို.စုံညီတက်ရောက်ကြပြီး ၀ါးခယ်မဦးရဲမောင် စီစဉ်သော ဇာတိဖွားအနုပညာရှင်များ၏ မင်္ဂလာတေးသံသာများဖြင်. ဖျော်ဖြေခြင်း အစီအစဉ်လည်း ပါဝင်ခဲ့ပါသည် ။ ထို.နောက် အနေကဇာတင်ခြင်း အခမ်းအနားဆက်လက်ပြုလုပ်ခဲ့ပြီး ပင်.သံဃာ ၉၉ ပါးမှ လှုဖွယ်ဝတ္ထုများ ဆက်ကပ်လှုဒါန်းကာ သံတန်ဆောင်းတော်အတွင်း တရားနာ ၊ ရေစက်ချအခမ်းအနားပြုလုပ်ခဲ့ပါသည် ။


ထိုနေ.မနက် ၈နာရီတွင် ၀ါးခယ်မမြို.နယ် ကလကျေးရွာအုပ်စု

ကျေးရွာ မူလတန်းကျောင်းတို.ချဲ့ဆောင် စတင်တည်ဆောက်မှု အခမ်းအနားကို   အဆိုပါကျောင်းမြေနေရာတွင် ကျင်းပခဲ့ပါသည် ။

မည်သည်.အပိုအစီအစဉ်တစ်ခုမှမပါပဲ တက်ရောက်လာသူအားလုံး Foundation Line စတင်တူးဖော်ပြီး ကျောင်းတည်ဆောက်မှုအခမ်းအနား စတင်ခဲ့ခြင်းဖြစ်ပါသည် ။ ထိုအခမ်းအနားသို.၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အမှုဆောင်များ ၊ မြေအလှုရှင် ၊ ကျောင်းတည်ဆောက်မှုအလှုရှင် ၊ ကျေးရွာတာဝန်ရှိသူများ ၊ ကျေးရွာသူ/သားများ ၊ ဆရာမများတက်ရောက်ပြီး သတ်မှတ်အချိန်တွင် ၀ါးခယ်မမြို.နယ်အသင်းဥက္က၏ နှင်.အမှုဆောင်များက Foundation Line များစတင်တူးဖော်ပေးပြီးနောက် ကျေးရွာသူ/သားများက တက်ကြွ ညီညွတ်စွာ မြေပြင်လုပ်ငန်းများစတင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည် ။

ကျောင်းဆောင်အတွက်မြေနေရာ အလှုရှင်

 ထိုကျောင်းဆောင်အတွက်မြေနေရာကို အလှုရှင် ဦးချွတ်ကလိန် ကလှုဒါန်းခဲ့ခြင်းဖြစ်ပြီး မူလရှိပြီးသားကျောင်းမြေနေရာမှာလည်း အဆိုပါအလှုရှင်ကပင် လှုဒါန်းခဲ့ခြင်းဖြစ်ပါသည် ။ ကျောင်းအလှုရှင်မှာ မူလ သော်ကတံတားကြီးကျောင်း အလှုရှင် 100 School Pr0ject မှပင်ဖြစ်ပြီး ယခုတည်ဆောက်လှု ဒါန်းမည်. ပေ ၈၀ × ပေ ၃၀ RC Building ကို စာသင်ခုံများ နှင်.အတွင်းပစ္စည်းများအပါ တည်ဆောက်ချိန် ၂လခန်.အတွင်း သိန်း၃၅၀ ခန်. အသုံးပြုတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည် ။



နေ.လည်ပိုင်းတွင်ဝါးခယ်မမြို.နယ် သာယာကုန်းကျေးရွာ ရှိရှေးဟောင်း သမိုင်းဝင် ဥမ္မာဒန္တီ စေတီ တော်ကြီး၏ အရံစေတီတော်များထီးများတင်လှု ပွဲ နှင်. ရေစက်ချ တရားနာ အလှုကို ၂၀၁၆ မတ်လ ၂၃ ရက် နေ.( တပေါင်းလပြည့်နေ. ) နေ.လည်က အဆိုပါ သာယာကုန်းကျေးရွာလေးတွင်ပြုလုပ်ခဲ့ကြပါသည် ။

ထိုအခမ်းအနားသို. တက်ရောက်ရန်ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အမှုဆောင်များ ၊ မြို.သူ/မြို.သားများ က ထိုနေ.မနက် ၉နာရီအချိန်တွင် နှစ်ထပ်သင်္ဘောဖြင်. သွားရောက်ခဲ့ကြပါသည် ။


သင်္ဂဟမေတ္တာ အဖွဲ.၏ လှုဒါန်းမှုဖြင်. ပြုပြင်တည်ဆောက်ထားသော ဆိပ်ခံတံတားဝယ် ကျေးရွာသူ/သားများ က ၀မ်းပန်းတသာ ကြိုဆိုကြပြီးနောက် စေတီတော်မြတ်ကြီးဆီသွားရောက်ကြပါသည် .။ ရောက်ရှိပြီးသည်နှင်. ၀ါးခယ်မမြို.နယ်အသင်းအမှုဆောင်များမှ အရံစေတီတော်များ၏ ထီးတော်များတင်လျုကြပြီးနောက် သံဃာတော်များမှ ဘုရားအနေကဇာတင်ကြပါသည် ။ ထို.နောက် ၀ါးခယ်မရဲမောင်ဦးစီးသော ဇာတိဖွား ဂိတပညာရှင်များက သိဆိုဖျော်ဖြေကြပြီး ပရိသတ်များကိုနေ.လည်စာလှုဒါန်းကြပါသည် ။ ထို.နောက် ရေစက်ချတရားတော်နာအစီအစဉ်များကိုဆောင်ရွက်ကြပြီး သက်ကြီးသံဃာတော်တစ်ပါးအား အလှုငွေ တစ်သိန်းကျပ် လှုဒါန်းမှု ပြုလုပ်ခဲ့ပြီး ရွှေမိုးငွေမိုးရွာသွန်းဖြိုးကာ အခမ်းအနား အစီအစဉ်များ အပြီးသတ်ခဲ့ပါသည် ။




ယင်းနေ.ညနေပိုင်းတွင် မြို.နယ် အသင်းအမှုဆောင်များ စုပေါင်း၍ ကျုံမငေးမြတ်စွယ်တော်သို.သွားရောက်ဖူးမြှော်ကြရင်း ဈေးကျောင်းဆရာ တော် ထံဝင်ရောက်ဖူးမြှော်ခဲ့ကြပါသည် ။



၂၀၁၆ မတ်လ ၂၄ရက် နေ.မနက်ပိုင်းတွင်မူ အားမာန်သစ် မသန်စွမ်းအဖွဲ.နှင်. တွေ.ဆုံလျှက် အသင်း၏ လက်ရှိအခြေအနေ ၊ ကူညီပံ.ပိုးရန် လိုအပ်သည်များ ၊ လက်ရှိကူညီပေးထားသော ကွန်ပြူတာ သင်းတန်းတွင်တက်ရောက်နေသော အသင်းဝင်များအခြေအနေ ၊ လိုအပ်နေသော မသန်စွမ်းအထောက်အကူပြု ပစ္စည်းများဆိုင်ရာ ကိစ္စ များကို ရင်းနှီးပွင်.လင်းစွာ ဆွေးနွေးပြီးနောက် နေ.လည်ပိုင်းတွင်ရန်ကုန်မြို.သို.ပြန်လည်ထွက်ခွာလာခဲ့ကြပါသည် ။


ဆက်စပ်ကြည်.ရှု ရန်များ









No comments:

Post a Comment