Monday, December 7, 2015

MWRN ၏ Training for Trainer ( 5/6 December 2015 )







Migrant Worker Right Network ( MWRN ) ၏ မြန်မာပြည် ရုံးခွဲ မှ စီစဉ်သော Training for Trainer အစီအစဉ်ကို ၂၀၁၅ ဒီဇင်ဘာ ၅ ရက် နှင်. ၆ ရက်နေ.က ရန်ကုန်မြို.တွင်ပြုလုပ်ခဲ့ပါသည် ။ ထိုသို.ပြုလုပ်ခဲ့ရာတွင် ရွှေ.ပြောင်းသွားလာမှု အများဆုံး ဖြစ်လေ.ရှိသော မွန်ပြည်နယ် ၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီ တိုင်း တို. မှ စေတနာ.၀န်ထမ်း ၃၀ ခန်.တက်ရောက်ခဲ့ကြပါသည် ။



သင်တန်း ပထမနေ.တွင် ရွှေ.ပြောင်းသွားလာခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ရှင်းလင်းပြောကြားခြင်း ၊ MWRN အသင်းစတည်ဖြစ်ပေါ်လာပုံ တို.ကို အသင်းဥက္ကဋ္ဌ ကိုစိန်ဋ္ဌေး ၊ ရန်ကုန်ရုံးခွဲ ပညာရေး တာဝန်ခံ ကို ထွန်းထွန်းလွင် တို.မှ ရှင်းလင်းပြောကြားခဲ့ပြီး ယခင်သင်တန်းတက်ရောက်ပြီး သက်ဆိုင်ရာဒေသအလိုက်ဟောပြောရာတွင် ကြုံတွေ.ရသော အခြေအနေများကို အဖွဲ.ငယ် ၄ခုခွဲ ပြုစုစေပြီး ရှင်းလင်းတင်ပြစေပါသည် ။




ထို.နောက် မြန်မာနိုင်ငံ ပြည်ပလုပ်သားစေလွှတ်ရေး အေဂျင်စီ အသင်းချုပ် ( MOEAF ) ၏ ဗဟို အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးကိုလေး မှ အသင်းချုပ်အကြောင်း ၊ မြန်မာနိုင်ငံ မှ တရားဝင် လုပ်သားစေလွှတ်ခွင်. ရရှိထားသော နိုင်ငံများ ၊ စင်္ကာပူ/ မလေး / ယိုးဒယား တို.သို. လုပ်သားစေလွှတ်မှု အနေအထား ၊ လုပ်ငန်း ၊ နှုံးထားများအကြောင်း ၊ ၀န်ဆောင်ခပိုယူခြင်း /တရားမ၀င်စေလွှတ်ခြင်းအတွက် တိုင်ကြားရန် ဖုန်းနံပါတ် ၊ တရားဝင်လုပ်သားစေလွှတ်ခွင်.ရ အေဂျင်စီ အမည်များ စစ်ဆေးရန် Website လိပ်စာ စသည်တို.ကိုရှင်းလင်းပြောကြားပြီး သင်တန်းတက်ရောက်သူများ သိလို၍ မေးမြန်းသည်များကို ပြည်.စုံစွာ ဖြေကြားပေးခဲ့ပါသည် ။ဆက်လက်၍ မိမိတို.သွားရောက်ဟောပြောရာတွင် မည်သည်.အချက်အလက်များပါဝင်သင်.သည်များကို အဖွဲ.ငယ် ၄ခု မှ သီးခြားစီပြုစုစေပြီး ကျန်အဖွဲ.များအား ရှင်းလင်းတင်ပြစေပါသည် ။ သင်တန်းပထမနေ.အပြီးတွင် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကြပြီးနောက်  MWRN ၏ အစီအစဉ်ဖြင်. သင်တန်းသားများကို ရွှေတိဂုံ ဘုရားသို. ပို.ဆောင်ပေးခဲ့ပါသည် ။


သင်တန်းဒုတိယနေ.တွင်ပထမနေ. ပြောဆိုရှင်းလင်းခဲ့မှုများအား ပြန်လည်မေးမြန်းပြီး ကိုစိန်ဋ္ဌေး မှ အများရှေ.ဟောပြောရာတွင် သိထားရန်လိုအပ်သော ရှိနေရမည်. လေသံ / ဟန်ပန် / အမူအရာ နှင်. ကြိုတင်ပြင်ဆင်ထားရမည်.အချက်အလက်များ ၊ ကြုံ တွေ.လာရနိုင်သော အခြေအနေများကို ရှင်းလင်းပြောကြားခြင်း  ၊ Brilliant Future of Myanmar ( BFM ) မှ သင်တန်းနည်းပြ ကိုမျိုးမင်း နှင်. မယုယုမွန်တို. မှ သင်တန်းဇယားစီစဉ်ရေးဆွဲပုံ ၊ အများစိတ်ဝင်စားအောင်ပြောကြားရန်လိုအပ်သော / သိသင်.သော အချက်အလက်များအကြောင်းကို အသိပညာပေး ရှင်းလင်းပါသည် ။ 






ထို.နောက် သင်တန်းသားများအား အဖွဲ.ငယ် ၄ ခုခွဲပြီး မိမိတို.ရရှိသော ခေါင်းစဉ်အလိုက် အချက်အလက်ပြုစုစေပြီး တစ်ဖွဲ.ချင်းစီ ရှင်းလင်းတင်ပြစေပါသည် ။ ထိုတင်ပြမှုများအား ကျန်အဖွဲ.များကို လေ.လာစေပြီး အားနည်းချက် / အားသာချက် / လိုအပ်မှု များကို ဆန်းစစ်ဝေဖန်စေပြီး အဖွဲ.အတွင်းတွင်လည်း တစ်ဦးချင်းစီကို ဝေဖန်ဆန်းစစ်စေပါသည် ။ထို.နောက် တက်ရောက်သင်တန်းသားအားလုံးအား ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် သွားရောက်မည်. မြန်မာရွှေ.ပြောင်း လုပ်သားများအတွက် ပြည်ပမထွက်ခွာမှီ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ သင်ရိုးညွှန်းတမ်း စာအုပ် ၊ IOM မှ ထုတ်ဝေသည်. လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု လမ်းညွှန် စာအုပ် ၊ အများပြည်သူရှေ. စကားပြောဆိုခြင်းဆိုင်ရာ နည်းလမ်းများစာအုပ် ၊ MOEAF မှပြုစုထားသော အချက်အလက်စာရွက်စာတမ်းများ ဝေငှပေးပါသည် ။ 



အသင်းဥက္ကဋ္ဌ ကိုစိန်ဋ္ဌေး မှ တက်ရောက်လေ.လာပေးခဲ.မှုများအတွက် ကျေးဇူးတင်ကြောင်း ၊ နောင်တွင်လည်း ပိုမိုပြည်.စုံသော သင်တန်းများထပ်မံ စီစဉ်မည်ဖြစ်ပါကြောင်း ၊ မိမိတို.ဒေသများသို. ပြန်လည်ရောက်ရှိပါကလည်း အချက်အလက်ဖြန်.ဝေခြင်း ၊ Migrant ဆိုင်ရာ အသိပညာပေးဟောပြောခြင်း / ဖြန်.ဝေခြင်းဆိုင်ရာများ လုပ်ဆောင်ပေးရန်မေတ္တာရပ်ခံပြီး သက်ဆိုင်ရာဒေသအသီးသီးသို.လုံခြုံအေးချမ်းစွာ ရောက်ရှိပါစေကြောင်း မေတ္တာပို.သဆုတောင်းကာ သင်တန်း အခမ်းအနား ပိတ်သိမ်းခဲ့ပါသည် ။

No comments:

Post a Comment